အပိုင်း ၃၄

2.3K 345 25
                                    

အချိန်နှောင်းကာ နေ့လယ်စာစားချိန်ပင် ကျော်လွန်ခဲ့ပြီဖြစ်သည်။ မင်းရိပ်ကိုယ်တိုင် ခွင့်ပေးပြီးဖြစ်၍ ခန်းမကြီးထဲ ရှိနေသူများအားလုံး အရိုအသေပြုကာ ထွက်ခွာသွားကြပြီ။ ယနေ့တွင်လည်း ရန်သူတိုင်းပြည်၏ နယ်ချဲ့ကျူးကျော်လာနိုင်ခြင်း အကြောင်းအရာများကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။ အိပ်ခန်းတွင်းမှာသာ လက်ခံတွေ့ဆုံသည့် အင်ပါယာရှင်ကိုယ်တိုင် ထုံးတမ်းစဥ်လာနှင့် အညီ ခန်းမကြီးထဲ နေ့စဥ်ရက်ဆက် လက်ခံတွေ့ဆုံ၍ အရေးကြီးကိစ္စဖြစ်သည်ကို အားလုံးနားလည်ကြသည်။ သို့သော် ရှင်းလင်းသောဆုံးဖြတ်ချက် မချနိုင်ကြသေး။

စစ်ရေးစရိတ်သည် ဝန်လေးလွန်းလှသဖြင့် ယခုလို ခြိမ်းခြောက်မည့်ရန်သူပင် အကောင်အထည်မမြင်ရပါဘဲ စစ်ရေးပြင်ထားဖို့ကို အတော်များများက လက်မခံနိုင်ကြ။ မင်းရိပ် စိတ်မရှည်နိုင်သော်လည်း ယခုကိစ္စတွင် သူ၏အမိန့်အာဏာတစ်ခုတည်းဖြင့် စိတ်ထင်တိုင်းလုပ်၍မရ။ အများလက်ခံမှသာ အောင်မြင်နိုင်မည်ဖြစ်၍ နေ့ရက်များစွာ စိတ်ပင်ပန်းခံနေရသည်။ ကမ်းခြေဒေသများသို့ ကင်းထောက်တပ်သားများ ကြိုတင် စေလွှတ်ထားနိုင်သည်ကပင် တော်သေးသည်ဟု ဆိုရမလို။

"ကျွန်တော်မျိုးစကားပြောခွင့်ရှိမလား အရှင်"

အနားသို့ရောက်လာသော အမတ်အိုသည် အသံနှိမ့်၍မေးသည်။ မင်းရိပ် ခေါင်းညိတ်ပြကာ အနားမှာရှိနေသော ကောင်လေးကို လှမ်းကြည့်သည်။

"မိုးပွင့်"

"ခင်ဗျာ.."

"အပြင်မှာ ခဏစောင့်.."

"ဟုတ်ကဲ့ခင်ဗျ"

"ဆာနေပြီလား.."

"မဆာဘူး ခင်ဗျ.."

"ခဏပဲ.. မကြာစေရဘူး"

အပြုံးနှင့် ပြောသည်။ အမြဲလိုလို မာထန်သူသည် ထိုကောင်လေးကိုတော့ နူးနူးညံ့ညံ့ဆက်ဆံတတ်တာ အားလုံးသိပြီးဖြစ်၍ မထူးဆန်းတော့။ မိုးပွင့်သည် သပ်ရပ်စွာ ပြင်ဆင်ဝတ်ဆင်ထား၍ နဂိုနုရွယ်သောအလှကို ထင်ရှားစွာ ပေါ်လွင်သည်။ သူသည် နူးညံ့သိမ်မွေ့စွာ ချစ်စရာကောင်းသည့် လူငယ်လေးဖြစ်သည်။ နီညိုရောင်ဆံလိပ်များ ကပိုကရို ဝဲကျနေပုံကအစ ကြည့်မဝနိုင်စရာ။ ထို့အပြင် စကားသံကအစ တီးတိုးနူးညံ့သည်။ တိုင်းပြည်ရေးရာ ကိစ္စများနှင့်သာ အချိန်ကုန်နေသော မင်းရိပ်ဘေးတွင် ပထမဆုံးတွေ့ရသည့် ကောင်လေးတစ်ဦးဖြစ်၍ အများ သတိထားမိကြသည်။ အရိုသေပြုကာ ထိုကောင်လေးထွက်သွားမှ မင်းရိပ် အမတ်အိုကို မျက်နှာချင်းဆိုင်သည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now