အပိုင်း ၃၂

264 16 1
                                    

ခင်းကျင်းထားသောညစာသည် ထိတွေ့မည့်သူမရှိဘဲ အေးစက်၍နေပြီ။ မျက်နှာချင်းဆိုင် ထိုင်နေကြသူ နှစ်ဦးစလုံး မည်သူမှ စကားမစ, ဘဲ ငြိမ်သက်နေသည်။ သည်းခံချင်စိတ် တဖြည်းဖြည်းကုန်လာသလို မင်းရိပ် မျက်နှာညိုလာသည်။ ရောက်လာချိန်ကတည်းက အသိအမှတ်မပြုဘဲ မမြင်ချင်ယောင်ဆောင်နေသည့် ကောင်လေးကို စိတ်မရှည်နိုင်တော့။

"မင်း ဘာဖြစ်နေလဲ"

ရှိန်းမာန်ရာ မဖြေ။ မျက်လုံးလှများတွင် တင်းမာမှုမရှိသော်လည်း အေးစက်သည်။ ဒီအကြည့်မျိုးကို သူ အမုန်းဆုံးဖြစ်သည်။ ငယ်စဉ်အချိန်ကတည်းက သူ့ကို အကြိမ်ပေါင်းများစွာ ယခုလိုပင် လျစ်လျူရှု ဆက်ဆံခဲ့ဖူးသည်။

"ရှိန်း.."

"........."

"မင်းရဲ့ဒီပုံစံက ငါ ကြည့်မရဆုံးထဲပါတယ်.."

"........."

"ဟာ.. တောက်.. ဟေ့ကောင်.. မင်းတစ်ယောက်ထဲ စိတ်မကြည်တာမဟုတ်ဘူးနော်.. ငါ လည်း စိတ်မကြည်ဘူး.. ပြောစရာရှိရင် မြန်မြန်ပြော.. ဘာဖြစ်လဲ.. ငါ မင်းကို ဘာလုပ်မိလို့လဲ"

မသိမသာမှေးစင်းသွားသော မျက်လုံးများမှ ဒေါသကို မြင်ရသည်။ တွန့်ချိုးထားသော မျက်ခုံးများသည် ထိစပ်လုလု။

"မင်းလုပ်ခဲ့တာ မင်းသိတယ် ရိပ်"

"ရှားထက် ကိစ္စလား"

မဖြေ။ ဒီကတည်းက ဒါ့ကြောင့်ဆိုတာ မင်းရိပ် နားလည်သည်။ သူ့ ဒေါသကို ထိန်းမရချင်တော့။

"အဲ့ဒါ ဘာဖြစ်လဲ.. ငါ မှားလို့လား.."

"မင်းကို သူ မငြင်းနိုင်ဘူးဆိုတာ မင်းသိတယ်.."

"သူက အရွယ်ရောက်ပြီးသားလူတစ်ယောက်.. ငါခိုင်းတိုင်း လုပ်ရအောင် ဥာဏ်မရှိတဲ့လူလား.."

"သူ့ရဲ့ ခံစားချက်တွေကို မင်းသိတယ်.."

"အဲ့ဒီ့တော့.."

"မင်းအတွက်ဆိုရင် သူဘာပဲဖြစ်ဖြစ် ရအောင် လုပ်မှာပဲ.. "

မင်းရိပ် ဟက်ခနဲ လှောင်ရယ်ဖြစ်သည်။ ယခုချိန်ထိ ရှိန်းမာန်ရာ တွေးသမျှသည် သူ့ဦးလေးတစ်ယောက်အတွက်သာ။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now