အပိုင်း ၃၁

2.6K 349 20
                                    

နေ့လယ်ခင်းနေရောင်ခြည်သည် လင်းလင်းထိန်စွာ တောက်ပလျက်။ ပန်းပွင့်များဝေဆာနေသော ဥယျာဥ်ကြီးထဲတွင် လမ်းလျှောက်လာသော မင်းရိပ်သည် တစ်စုံတရာကို စိုးရိမ်ဟန် မျက်နှာပျက်နေသည်။​ သူ့နားတွင်မူ ယုံကြည်ရသည့် အမတ်အိုသည် စကားများကို အဆက်မပြတ် တီးတိုးပြောနေဆဲ။ ဘီလူးသည် သူတို့နှစ်ဦးနောက်မှ ခပ်ခွာခွာလိုက်ပါလာသော်လည်း စကားသံများကို တစ်စွန်းတစ ကြားနေရသည်။

တစ်ဖက်တိုင်းပြည်၏ အခြေအနေသည် ဟိုးယခင်သိမ်းပိုက်ပြီးကတည်းက တည်ငြိမ်ခဲ့သည်မဟုတ်။ မိမိတို့ကိုယ်ပိုင်ယဥ်ကျေးမှု၊ မြေရာဒေသ၊ ဘာသာစကားများဖြင့် လွတ်လပ်စွာ နေထိုင်ခဲ့ကြ၍လည်း လက်အောက်ခံနယ်မြေတစ်ခုသဖွယ် အုပ်ချုပ်ခံဘဝ ရောက်နေသည်ကို မကျေနပ်နိုင်ခဲ့ကြ။ ရှိန်းမာန်ရာ၏မိခင်နှင့် ဇနီးလောင်းမိသားစုများ စစ်ရှုံးသွားသည့်တိုင် အခြားအရေးပါသော မိသားစုများသည် တဖန်ပြန်လည်အင်အားစုစည်းမိနေကြပြီ။

"အရှင်.. ဘယ်လို လုပ်ချင်လဲ.."

"ကျွန်တော်တို့အချိန်ဆွဲလို့ မဖြစ်ဘူး"

"ဟုတ်တယ်.. နောက်စစ်ပွဲတစ်ခုကို ရှောင်မရလောက်တော့ဘူး."

"အင်း..အခြေအနေက အဲ့လိုဖြစ်နေပြီ"

"ကျုပ် အားလုံးကို အသင့်ပြင်ခိုင်းထားတယ်.. အရှင် ဘာမှစိတ်မပူနဲ့.. အရှင်ကိုယ်တိုင်ကွပ်ကဲခဲ့ရင် ဘယ်တပ်ကိုပဲဖြစ်ဖြစ် ဘယ်တိုင်းပြည်ကိုပဲဖြစ်ဖြစ် မနိုင်စရာမရှိဘူး.. တပ်သားတွေအားလုံးလည်း အလေ့အကျင့်မှာရော အတွေ့အကြုံမှာပါ အများကြီးသာတယ်.. ဒီတစ်ခါတော့ အဲ့ကောင်တွေ ဘယ်တော့မှ ခေါင်းမထောင်နိုင်တော့အောင် ချေမှုန်းမှရမယ်.."

မင်းရိပ်သည် မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေသည်။ အမတ်အိုပြောသည်မှာ မှန်ကန်သည်။ သူတို့တပ်သားများသည် စစ်ပွဲအတွေ့အကြုံများပြီး အရှုံးဆိုတာ မရှိသလောက်ရှားသည်။ ထို့အပြင် တိုက်ခိုက်ရာတွင်လည်းကောင်း၊ ချီတက်ရာတွင်လည်းကောင်း လျှင်မြန်မှုနှင့် တိကျမှုကို ဦးစားပေးလေ့ကျင့်ထားသည့် စံပြတပ်သားများဖြင့်သာ ဖွဲ့စည်းထားခြင်းမျိုး။ တစ်ဖက်တိုင်းပြည်သည် ယှဥ်နိုင်မည်မဟုတ်။

~  မှိုင်းမြူရစ်နွယ် ~Dove le storie prendono vita. Scoprilo ora