Off တစ်ယောက်
ဒီနေ့ကျောင်းစောစောသွားကာ
Gun ရဲ့ထီးတစ်ချောင်းကိုလက်တွင်ကိုင်လျက်။
Gun ရဲ့အလာကိုစောင့်နေလိုက်သည်။
"ဂျပုအထင်လွဲနေတာတွေအကုန်ရှင်းပြမယ်။
ပြီးရင်ဂျပုစိတ်ဆိုးပြေအောင်ချော့မယ်။
ဂျပုစိတ်ချမ်းသာအောင်ဘဲထားမယ်။
ဂျပုစိတ်ပြေသွားပြီဆိုမှ propose လုပ်မယ်။"
ဟောပြောရင်းဆိုရင်း အကောင်ပေါက်လေးက
သုတ်သုတ်သုတ်သုတ်နဲ့ပြေးလာပါပြီ။
ကျွန်တော့်အနားရောက်တော့
ခေါင်းလေးငုံ့ကာမသိချင်ယောင်ဆောင်ပြီး
ပြေးသွားပေမယ့် သူ့လက်နုနုလေးတွေကိုတော့
အမှီဆွဲလိုက်နိုင်ခဲ့တယ်။
"ခဏလေး Gun ကို ပြော..."
စကားပင်မဆုံးသေး
"အော် ထီးပေးမလို့လား
ကျေးဇူးဘဲနော်"
ဟုဆိုကာ ထီးကိုလုပြီးပြေးထွက်သွားတော့သည်။
"ခဏ....."
သူကျွန်တော့်ကိုအမြဲရှောင်နေတယ်။
မေဂျာရဲ့ပထမနှစ်အဆောင်ရှေ့မှာ
တတိယနှစ်က Moon တစ်ယောက်ကတော့
အသဲတွေ ဟက်တက်ကွဲ လျက်ပေါ့။
"သူပြန်လာမယ့်အချိန်ထိ
ဒီနားလေးမှာထိုင်ပြီးစောင့်မယ်။"
ကိုယ့်ဖာသာကိုယ်ရေရွတ်လိုက်ပြီး
ထိုင်စောင့်နေလိုက်တော့သည်။
Break time ရောက်တော့
ထင်တဲ့အတိုင်း ဂျပုလေးက ထွက်လာပါပြီ။
"Gun"
သူနဲ့မျက်နှာချင်းဆိုင်ရပ်ကာ ခေါ်လိုက်တော့
အရယ်အပြုံးမရှိဘဲ ကျွန်တော့်မျက်လုံးများကိုဘဲ
စိုက်ကြည့်နေတော့သည်။
"အကို မင်းနဲ့စကားခဏပြောလို့ရမလား"
ကျွန်တော့်စကားလည်းကြားတော့
Gun ကခေါင်းကိုခါလျက်
"အဲတာဆို ညီမ ဟိုနားသွားလိုက်ဦးမယ်နော်"
ရှောင်ထွက်သွားသောသူငယ်ချင်းလက်ကို
လှမ်းဆွဲလိုက်ပေမယ့် မမှီလိုက်ပေ။
"အကို နဲ့ ခဏလောက်ဘဲစကားပြောပေးလို့ရမလား"
ကျွန်တော်တောင်းဆိုနေပေမယ့်
ကောင်ငယ်လေးကတော့ တုတ်တုတ်မျှမလှုပ်။
"ဘာပြောစရာရှိလို့လဲဗျ။
အကိုနဲ့ကျွန်တော်ကြားမှာ
ဘာမှမရှိဘူးလို့တော့ထင်ပါတယ်"
စကားလုံးတွေကရိုးရိုးရှင်းရှင်းလေးနဲ့
ရစ်သီးလွန်းပါတယ် ။
ဘယ်ဖက်ရင်ဖတ်ထဲတိုက်ရိုက်ဝင်သွားပြီး
စူးသလိုလို အောင့်သလိုလိုမျိုးကြီးခံစားရတယ်။
"အင်းပါ အကိုတောင်းပန်စရာလေးရှိလို့"
သူ့လက်ကိုကိုင်လိုက်တော့
ကျန်လက်တစ်ဖက်နဲ့ ပုတ်ချလိုက်သည်။
"မထိနဲ့"
ဟင် ကျွန်တော့်မှာပြောစရာစကားပင်မရှိတော့ဘူး။
အသားတောင်အထိမခံနိုင်တော့ဘူးတဲ့လား။
သူနဲ့ ပထမဆုံးတွေ့ခဲ့ဖူးတဲ့အချိန်တွေဆီ
ပြန်သွားလိုက်ချင်တယ်။
အဲတုန်းကသူ့ထီးထဲခိုဝင်မိတဲ
ကိုယ်ကိုယ်ကိုဘဲအပြစ်တွေ
တင်ပစ်လိုက်ချင်တယ်။
ဘာကြောင့်များသူစိတ်ဆင်းရဲရဖို့
အကြောင်းတွေဖန်တီးလိုက်တာလဲဆိုပြီး
အပြစ်တင်ပြီးမေးပစ်လိုက်ချင်တယ်။
"အင်းပါ မထိပါဘူး အကိုတောင်းပန်ပါတယ်နော်"
"အင်း ရတယ်"
ခုနကစိုက်ကြည့်နေတဲ့မျက်လုံးများက
အဝေးကိုရောက်လျက်။
သူ့အကြည့်တွေကကျွန်တော့်ဆီမှာရှိမနေ။
ရင်ထဲအောင့်သက်သက်နဲ့ မျက်ရည်မကျမိအောင်တော့ဒီလူကြီးကထိန်းထားနိုင်ပါတယ်လေ။
"အကို နဲ့ အကိုသူငယ်ချင်း Gulf က
First year ကတည်းက ........."
ဟော့ပေါ့ နဲ့ ဆူရှီ ချဲလန့်အကြောင်းရှင်းပြလိုက်ပြီး
Pineare ကိုတကယ်ချစ်တာမဟုတ်ကြောင်းပါ
ထပ်ပြောလိုက်တော့
"အဲတာတွေဘာလို့လာရှင်းပြနေတာလဲ"
"မဟုတ်ပါဘူး Gun တစ်မျိုးထင်နေမှာစိုးလို့ပါ"
"ထင်ချင်ရာထင်မယ်လေ
အဲတာကျွန်တော့်အပိုင်း"
"အင်းပါ ဟုတ်ပါပြီ
အကို့ကိုလေ မရှောင်ဘဲနဲ့
ဒီတိုင်းလေး အဆင်ပြေပြလေး
စကားပြန်ပြောပေးပါလားဟင်"
"အကိုပြောချင်တာက ကျွန်တော်က
ဘုကလန့်ပြောနေတယ်လို့ ပြောချင်တာလား"
ဟောဗျာ ဘယ်လိုပြောပြော
စကားတွေက သူ့စက်ကွင်းထဲကကိုမလွတ်။
ဘက်ကို ခါယမ်း ခေါင်းကိုခါယမ်း ပြီး
မဟုတ်ဘူးအတင်းငြင်းနေမိတော့သည်။
"မဟုတ်ပါဘူး အကိုက Gunနဲ့
ဒီတိုင်းလေးဘဲစကားပြောချင်လို့ပါ"
"ဘာလို့လဲ"
ဟူး ဘယ်လိုမှပြောပြလို့မရဘူး။
"အကို မင်းကိုချစ်တယ်။
ဘယ်အချိန်ထဲကချစ်မှန်းမသိဘူး။
ဘာကြောင့်မင်းကိုချစ်နေမှန်းမသိဘူး။
မင်းကိုဘဲတွေ့ချင်နေမိတယ်။
မင်းကိုဘဲအကုန်ရှင်းပြချင်တယ်။
မင်းအနားမှာဘဲတစ်ချိန်လုံးရှိနေချင်တယ်။
မင်းကိုချစ်တယ်ချစ်တယ်ဆိုပြီ
တဖွဖွပြောနေချင်တယ်။
မင်း တခုခုဖြစ်သွားမှာကို
သေမလောက်ကြောက်ပြီးစိုးရိမ်နေခဲ့တယ်"
ကျွန်တော် မနားတမ်း ဆက်တိုက်ပြောနေလိုက်တော့
ကောင်လေးက မျက်လုံးအဝိုင်းသားဖြင့်
ကြောင်ကြည့်လျက်။
ဘေးကလူတွေပင်ကြားကုန်သဖြင့်
အကုန်လုံးကဝိုင်းကြည့်နေကြသည်။
Gun က ကျွန်တော်တို့ကျောင်းရဲ့
Cute Boy page profile ထားဖို့အတွက်
Vote အများဆုံးရတဲ့ first yearကျောင်းသား။
တစ်နှစ်ကိုတစ်ခါ page ရဲ့
profile change တော့ ဒီနှစ်မှာ
vote အများဆုံးရတာက Gun .
"သူများတွေကြားကုန်ပြီ"
စိုးရိမ်နေတဲ့မျက်လုံးနဲ့ ပြောလာသဖြင့်
"ကြားပါစေ အကိုမင်းကိုချစ်တယ်"
သူကတော့လာမြှပန်မပြော။
"Gun အကိုတောင်းပန်ပါတယ်
စိတ်မဆိုးပါနဲ့တော့"
ပြုံးရုံလေးပြုံးလိုက်တော့
ပါးနှစ်ဖက်ကပါးချိုင့်လေးက
အထင်းသားပေါ်လျက်။
ခါတိုင်းလို အဲပါးချိုင့်လေးထဲ
လက်ညှိုးထိုးထည့်လိုက်တော့
"အာ့ ဘာလုပ်တာလဲ"
"အသဲယားလို့ စိတ်ဆိုးနေသေးလား"
ထပ်မေးလိုက်တော့ ပြုံးလျက် ခေါင်းခါပြသည်။
"အဲတာဆို စိတ်မဆိုးတော့ဘူးပေါ့နော်"။
ခေါင်းလေးငြိမ့်ကာ
"အင်း.."
ဘယ်လိုပျော်လို့ပျော်မှန်းမသိ။
ဒီဂျပုလေးကို အကောင်လိုက်မျိုချချင်နေမိတယ်။
"Pineare က အကုန်ပြောပြပြီးပြီ
အကို့ကိုစိတ်မဆိုးတော့ဘူး"
"အဲတာဆို ခုနက ဘာလို့ရုပ်ကြီးက
ဆူပုတ်နေတာလဲ"
"အမြင်ကပ်လို့"
"ဟင် အရူးလေး
နောက်တစ်ခါရှောင်မပြေးနဲ့။
ကလေးကိုထွက်သွားခွင့်မပေးဘူး"
ဒီလိုပြောလိုက်တော့
ကောင်လေးကရှက်ပြီး
ဂုတ်လေးကိုလက်နဲ့ကိုင်ကာ
"ဘာတွေပြောနေမှန်းမသိဘူး"
ဟုဆိုပြီး ဆောင့်ဆောင့်ဆောင့်ဆောင့်နဲ့
ပြေးထွက်သွားပြန်သည်။
ကျွန်တော်ကဘဲအနောက်ကလိုက်ဆွဲရမှာပေါ့။
end.