သူတို့အကုန်လုံး ဆွေးနွေးပြီးတော့ ဖန်းယန် တစ်ကိုယ်လုံး ချွေးရွှဲလဲဖြစ်နေပြီ။
စာချုပ်တွင် မပြည့်စုံတာတွေရှိပေမယ့် စာချုပ်တစ်ခုလုံးအပေါ်ကိုတော့ သက်ရောက်မှုမရှိ။
သူ မသိလိုက်သည်က ရှရှီပေ ထိုပြဿနာသေးသေးလေးတွေကို ရှာနိုင်သည်ကိုပင်။
"မင်း...မင်းတကယ်ပဲ ၁၁တန်းလား? ဥပဒေကျောင်းသူမဟုတ်ဘူးလား?" သူမနေနိုင် မေးလိုက်မိသည်။
"ဒါပေါ့" ရှရှီပေ ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မ နောက် တစ်ဖြတ်မှာ အထက်တန်းနောက်ဆုံးနှစ်တက်ရမှာ! ကျွန်မပြောဖူးတယ်မလား? အဲ့အချိန်ကျရင် ကျွန်မစာကိုပဲ အာရုံစိုက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲမှာ ပြဿနာမရှိအောင် လုပ်ရမယ်"
သူမ စာလေ့လာရာမှာ စိတ်ပူစရာပေမယ့် စိတ်လျှော့ထား၍လည်းမရ။
"ကျွန်တော် စဉ်းစားနေတာပါ...အထက်တန်းတုန်းက ကျွန်တော် ဘယ်လောက်တောင် တုန်းခဲ့လဲလို့?!" ဖန်းယန်ခေါင်းယမ်းပြီး စိတ်ထိခိုက်စွာ သက်ပြင်းချလိုက်သည်။
အခု အထက်တန်းကျောင်းသားတွေက အရမ်းတော်နေကြပြီလား?!
ကျွမ်းကျင်ရှေ့နေ့တစ်ယောက်တောင်မှ ဤကဲ့သို့ ကျွမ်းကျင် စွမ်းရည်တွေရှိမည်မဟုတ်။
"ပြဿနာမရှိရင် ကျွန်မတို့ စာချုပ်ကို print ပြန်ထုတ်ပြီး လက်မှတ်ထိုးရအောင်" ရှရှီပေ အပြုံးလေးနှင့် ပြောလိုက်သည်။
"ဟုတ်ပြီ!"
ရှရှီပေ၏ ခွန်အားကိုကြည့်ပြီး ဖန်းယန် သူမအပေါ် ပိုပြီး ယုံကြည်ချက်ရှိလာတော့သည်။
သူမက အလှသာရှိပြီး ဦးနှောက်မရှိရင်တော့ သူစိတ်ပူရလိမ့်မည်။ ပြောရရင် ဤလောကတွင် အရှေ့ပိုရောက်ဖို့က IQ လိုအပ်ပေသည်။
သူ အနုပညာရှင်တော်တော်များများ သူတို့ အလုပ်ကို ဖျက်ဆီးခဲ့ပြပုံကို တွေ့ဖူးသည်။
ဖန်းယန် ရှရှီပေကဲ့သို့ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းတွေကို ရွတ်ဆိုနိုင်ပြီး အမှားနည်းသည့် IQ ပိုင်ရှင်မျိုးကို စိတ်ပူစရာမလိုပေ။
သူမကို သူ စာချုပ် ချုပ်ကိုချုပ်ရလိမ့်မည်။
ဖန်းယန် သူ၏ intuition ကို ယုံသည်။
သူမကဲ့သို့ စွမ်းရည်မျိုးကို သူ လက်မလွတ်သင့်။
မကြာမှီပင် ဖန်းယန် စာချုပ်ကို print ထုတ်ဖို့ နေရာ ရှာတွေ့သွားသည်။
ရှရှီပေ စာချုပ်ကို ပြန်စစ်ဆေးလိုက်ပြီး နောက်ဆုံးမှာတော့ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်တော့သည်။
သူမ၏ ရပိုင်ခွင့်နှင့် စည်းကမ်းချက်များကို ရှင်းလင်းစွာ ဖော်ပြထားပြီး ကုမ္ပဏီအတွက်လည်း ရပိုင်ခွင့်နှင့် စည်းမျည်းတို့ လျော့နည်းမနေပေ။ သေသေချာချာရေးသားထားပြီး ကုမ္ပဏီဆီက အလိမ်ခံရဖို့ ကြောက်စရာမလိုတော့ပေ။
အရေးကြီးဆုံးက ဤစာချုပ်က နောက်သုံးနှစ်အတွင်းသာ အသုံးဝင်သည်။
ယေဘုယျအားဖြင့် ပြောရရင် တခြား အနုပညာရှင်တွေက အနည်းဆုံး ငါးနှစ် စာချုပ်ချုပ်ရပြီး တစ်ချို့ဆိုလျှင် ဆယ်နှစ်ကျော်လောက် ချုပ်ဆိုရသည်။ ပြောရရင် ကုမ္ပဏီက အနုပညာရှင်တွေ ငွေမရှာနိုင်သေးခင် ပြုစုပျိုးထောင်ရဦးပေမည်။
သူတို့အေဂျင်စီပြောင်းတော့မလို လျိုမန်ဟုန်၏ အဆိုးမြင်ဝါဒနှင့် အပြုအမူကြောင့်သာမဟုတ်ရင် ဖန်းယန် သူမကို အချိန်တိုတိုလေး စာချုပ်ချုပ်မည်မဟုတ်ပေ။
ရှရှီပေ လက်မှတ်ထိုးသည်ကို မြင်လိုက်တော့မှ ဖန်းယန် သက်ပြင်းချနိုင်တော့သည်။ သို့ပေမယ့် သူ ပိုပြီးလည်း ဖိအားတွေကို ခံစားရသည်။
သူ ရှရှီပေကို အချိန်တိုတိုအတွင်းမှာ ကျော်ကြားအောင် ကူညီေပးဖို့ ကြိုးစားရတော့မည်။
"ပူပေါင်းဆောင်ရွက်တာ အောင်မြင်ပါစေ!"
သူမတ်တပ်ရပ်လိုက်ပြီး ရှရှီပေကို လက်ကမ်းလိုက်သည်။
"ပူပေါင်းဆောင်ရွက်တာ အောင်မြင်ပါစေ!"
ရှရှီပေလည်း သူ့လက်ကို ရှိတ်လိုက်သည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် ပြုံးပြလိုက်ကြသည်။
သူတို့တွေက အခု ပါတနာတွေ ဖြစ်သွားပြီဆိုတော့ အနာဂတ်မှာ ဘေးချင်းကပ်ရပ် တူတူတိုက်ရတော့မည် ဖြစ်တာကြောင့် ဖန်းယ်လည်း ရှရှီပေ၏ အခြေအနေကို ပိုသိထားဖို့ လိုအပ်ပေသည်။
အရေးအကြီးဆုံးက ရှရှီပေ၏ အဘက်ဘက်က စွမ်းရည်တွေပင်။ သူတို့က တကယ့်စကေးတွေပင်။
"မင်း တီးတတ်တဲ့ တူရိယာရှိလား?"
"နည်းနည်းပါ"
"ဘာတီးတတ်လဲ"
"စန္ဒရား၊ တယော ဒရမ် ဂီတာ ကုချင် တရုတ်ဗျတ်စောင်း...."
ရှရှီပေ အသက်တစ်ရှိုက်တည်းမှာပင် တူရိယာတော်တော်များများကို ပြောသွားပြီး နောက်ဆုံးမှာတော့ "ကျွန်မ အကုန်လုံးကို နည်းနည်းစီသိတယ်"
ဖန်းယန် ရေအန်ထွက်တော့မလိုပင်။
Seeing her confident look, he thought she သူမ၏ ယုံကြည်မှုရှိသော အကြည့်ကြောင့် သူမ အကုန်လုံးကို ကျွမ်းဝင်တတ်ကျွမ်းနေသည်ဟုတောင် ထင်မိလိုက်သည်။
အင်း သူမက အခုမှ ၁၇နှစ်ပဲရှိသေးတာပဲ။ ဘယ်လိုလုပ် အကုန်လုံး သိနေမှာလဲ? သူမ နည်းနည်းချင်းစီသိတာတောင် ကောင်းလှနေပြီ။
ပြီးတော့ သူမရဲ့ အရင်ဘဝကလည်း ခက်ခဲခဲ့တာလေ။ ထို့ကြောင့် ဤအရာတွေအပေါ်မှာ အချိန်ဖြုန်းဖို့ အချိန်ရှိမည်မဟုတ်။
"အကနဲ့အဆိုကရော?"
"မဆိုးပါဘူး ကျွန်မ နည်းနည်းလောက် လေ့ကျင့်လိုက်တာနဲ့ စင်ပေါ်တက်လို့ရတယ်" ရှရှီပေ ယုံကြည်ချက်ဖြင့် ပြောလိုက်သည်။
ဖန်းယန် မျက်ခုံးပင့်လိုက်သည်။ သူမကိုယ်သူမတော့ ဟုတ်နေတာပဲ!
သူမ တကယ် လုပ်နိုင်လား မလုပ်နိုင်လားဆိုတာကတော့ သူမကိုယ်တိုင် သက်သေပြရပေလိမ့်မည်။
.........