ရက်စက်သောနတ်ဘုရားမ
By nixie_thePisces
554K 63.7K 547
This story is not my own. All credit to original author and english translator. Original novel: The reincarna... More
ပထမ ဘ၀၌ ပြန်လည်မွေးဖွားခြင်း
ရင်းနှီးသောသူနှင့် ဝင်တိုးခြင်း
အသက်ကယ်ခြင်း
ကျွန်မအလုပ်ထွက်တော့မယ်
ရဲခေါ်ချင်တယ်
တာဝန်ယူမှု မရှိတဲ့ မိဘ
ငွေလိုချင်တယ်
သရဲဝင်ပူးနေတာဖြစ်ရမယ်
အချစ်တွေကုန်ဆုံးသွားပြီ
လမ်းခွဲလိုက်ပြီ
ဘယ်အချိန်ပြန်ပေးမှာလဲ
နင်တို့နှစ်ယောက် ပြတ်သွားတာလား?
တော်တော်ကြီးတဲ့ သတင်းဘဲ
အကြွေးပေးဖို့ ငြင်းနေတာဘဲ
အကြွေးရှင်
တော်တော် အကြံကြီးတာဘဲ
စုန့်ကျားရန်
ပထမဆုံး ကာစတမ်မာ
ငါနင့်ကို ယုံတယ်
ငါမအားဘူး
ချောင်ရန်ကျွယ်ကို တစ်ဖန်ပြန်တွေ့ခြင်း
ဒီနေ့က အပြင်ထွက်လို့ မကောင်းဘူး
လတစ်လရဲ့ အဲ့အချိန်
မင်း single ဖြစ်တာနဲ့ဘဲ တန်တယ်
တစ်ဗူးလုံး ဝယ်ခြင်း
ဒါကြီးက ဘယ်ကရောက်လာတာလဲ?
တစ်ကြိမ်အကြွေးတင်ခြင်း
ဟယ်လို မစ္စတာ ချောင်
ဆေးလိပ်မသောက်နဲ့
ယန်ရွှမ်ရဲ့ မိဘများ ရောက်လာခြင်း
သမီး သူ့ကို လုံးဝမရိုက်ဘူး
သူ ပြန်မပေးဘူး
သက်သေရှိတယ်
ရွံရှာခြင်း
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
အပိုင်း ၇၃
အပိုင်း ၇၄
အပိုင်း ၇၅
အပိုင်း ၇၆
အပိုင်း ၇၇
အပိုင်း ၇၈
အပိုင်း ၇၉
အပိုင်း ၈၀
အပိုင်း ၈၁
အပိုင်း ၈၂
အပိုင်း ၈၃
အပိုင်း ၈၄
အပိုင်း ၈၅
အပိုင်း ၈၆
အပိုင်း ၈၇
အပိုင်း ၈၈
အပိုင်း ၈၉
အပိုင်း ၉၀
အပိုင်း ၉၁
အပိုင်း ၉၂
အပိုင်း ၉၃
အပိုင်း ၉၄
အပိုင်း ၉၅
အပိုင်း ၉၆
အပိုင်း ၉၇
အပိုင်း ၉၈
အပိုင်း ၉၉
အပိုင်း ၁၀၀
အပိုင်း ၁၀၁
အပိုင်း ၁၀၂
အပိုင်း ၁၀၃
အပိုင်း ၁၀၄
အပိုင်း ၁၀၅
အပိုင်း ၁၀၆
အပိုင်း ၁၀၇
အပိုင်း ၁၀၈
အပိုင်း ၁၀၉
အပိုင်း ၁၁၀
အပိုင်း ၁၁၁
အပိုင်း ၁၁၂
အပိုင်း ၁၁၃
အပိုင်း ၁၁၄
အပိုင်း ၁၁၅
အပိုင်း ၁၁၆
အပိုင်း ၁၁၇
အပိုင်း ၁၁၈
အပိုင်း ၁၁၉
အပိုင်း ၁၂၀
အပိုင်း ၁၂၁
အပိုင်း ၁၂၂
အပိုင်း ၁၂၃
အပိုင်း ၁၂၄
အပိုင်း ၁၂၅
အပိုင်း ၁၂၆
အပိုင်း ၁၂၇
အပိုင်း ၁၂၈
အပိုင်း ၁၂၉
အပိုင်း ၁၃၀
အပိုင်း ၁၃၁
အပိုင်း ၁၃၂
အပိုင်း ၁၃၃
အပိုင်း ၁၃၄
အပိုင်း ၁၃၅
အပိုင်း ၁၃၆
အပိုင်း ၁၃၇
အပိုင်း ၁၃၈
အပိုင်း ၁၃၉
အပိုင်း ၁၄၀
အပိုင်း ၁၄၁
အပိုင်း ၁၄၂
အပိုင်း ၁၄၃
အပိုင်း ၁၄၄
အပိုင်း ၁၄၅
အပိုင်း ၁၄၆
အပိုင်း ၁၄၇
အပိုင်း ၁၄၈
အပိုင်း ၁၄၉
အပိုင်း ၁၅၀
အပိုင်း ၁၅၁
အပိုင်း ၁၅၂
အပိုင်း ၁၅၃
အပိုင်း ၁၅၄
အပိုင်း ၁၅၅
အပိုင်း ၁၅၆
အပိုင်း ၁၅၇
အပိုင်း ၁၅၈
အပိုင်း ၁၅၉
အပိုင်း ၁၆၀
အပိုင်း ၁၆၁
အပိုင်း ၁၆၂
အပိုင်း ၁၆၃
အပိုင်း ၁၆၄
အပိုင်း ၁၆၅
အပိုင်း ၁၆၆
အပိုင်း ၁၆၇
အပိုင်း ၁၆၈
အပိုင်း ၁၆၉
အပိုင်း ၁၇၀
အပိုင်း ၁၇၁
အပိုင်း ၁၇၂
အပိုင်း ၁၇၃
အပိုင်း ၁၇၄
အပိုင်း ၁၇၅
အပိုင်း ၁၇၆
အပိုင်း ၁၇၇
အပိုင်း ၁၇၈
အပိုင်း ၁၇၉
အပိုင်း ၁၈၀
အပိုင်း ၁၈၁
အပိုင်း ၁၈၂
အပိုင်း ၁၈၃
အပိုင်း ၁၈၅
အပိုင်း ၁၈၄
အပိုင်း ၁၈၆
အပိုင်း ၁၈၇
အပိုင်း ၁၈၈
အပိုင်း ၁၈၉
အပိုင်း ၁၉၀
အပိုင်း ၁၉၁
အပိုင်း ၁၉၂
အပိုင်း ၁၉၃
အပိုင်း ၁၉၅
အပိုင်း ၁၉၆
အပိုင်း ၁၉၇
အပိုင်း ၁၉၈
အပိုင်း ၁၉၉
အပိုင်း ၂၀၀
အပိုင်း ၁၉၄
364 46 0
By nixie_thePisces
လျိုမန်ဟုန် ရှရှီပေကို ကြည့်ပြီး ရယ်ရင်း ချီးမွမ်းသည့်ပုံစံဖြင့် လက်ခုပ်တီးလိုက်သည်။ "ဟုတ်ပြီ! ရည်မှန်းချက်ကြီးတာပဲ! အစ်မ နင့်ကို  ထောက်ပံ့မယ်!"
သူမ အပျော်လွန်နေပေမယ့် ပြောစရာစကားပျောက်ဆုံးနေသော ဖန်းယန်ကိုကြည့်ပြီး စပ်ဖြဲဖြဲဖြင့် ပြောလိုက်သည်။ "နင့်အတွက် တော်တော်ကောင်းတယ်"
ရှရှီပေ၏ အရည်အချင်းနှင့်ဆိုရင် ဘယ်ကုမ္ပဏီကိုဝင်ဝင် လွယ်လွယ်လေးပင်!
သူမ ခေါင်းကို လှည့်ပြီး ရှရှီပေကို ပြောလိုက်သည်။ "စိတ်မပူနဲ့ အစ်မနဲ့သာဆိုရင် အဲ့မယားငယ်မ ညီမလေးကို ဘာမှမလုပ်ရဲဘူး"
အမှန်အတိုင်းပြောရရင် သူမမှာ ပိုင်မေရွှယ်၏ မကောင်းတဲ့ကိစ္စလုပ်ထားတဲ့ သက်သေတွေရှိသည်။
ပိုင်မေရွှယ် လွန်ခဲ့တဲ့နှစ်တွေမှာ ပြဿနာမရှာခဲ့လို့သာ သူမ ဘာမှပြန်မလုပ်ခဲ့ချင်းပင်ဖြစ်သည်။
သို‌့ပေမယ့် သူမသာ ရန်စခံရရင် ညှာတာမှာတော့မဟုတ်။
လျိုမန်ဟုန်၏ မာန်တက်နေသော ပုံစံကိုကြည့်ပြီး ဖန်းယန် ချွေးတောင်သုတ်မိသွားသည်။
ဤအမျိုးသမီးပေါ်လာသည်နှင့် သူမ၏ အရောင်အဝါက ကွာခြားနေသည်။
သူ့အပေါ် ဖိအားပေးချင်နေသည်မှ သိသာနေသည်။
သို့ပေမယ့် သူ့မှာ ယုံကြည်ချက်မရှိ။
ပြောရရင် သူက ရှရှီပေကို စာချုပ်လက်မှတ်ထိုးခိုင်းတာဖြစ်ပြီး ရှရှီပေဘက်က တောင်းဆိုနေသည်မဟုတ်။
"စိတ်မပူပါနဲ့ ကျွန်တော်တို့ ကုမ္ပဏီက မျှတပါတယ် ဗရုတ်မကျပါဘူး" သူ မြန်မြန်ရှင်းပြလိုက်သည်။
"ဟ!"
လျိုမန်ဟုန် နှုတ်ခမ်းကို ဖိထားလိုက်ပြီး မယုံသည့်ပုံပင်။
ကုမ္ပဏီတိုင်းက တကယ်ပဲ ကျင့်ဝတ်လိုက်နာလို့လား? အနုပညာကုမ္ပဏီတွေက အဆိုးဆုံးပဲ သူတို့ဆီမှာ ဝှက်ဖဲတွေအများကြီး အုပ်ထားတာ။
သို့ပေမယ့် လျိုမန်ဟုန် ရှရှီပေကို နောက်ဆုတ်ဖို့ မတိုက်တွန်း။ ပြောရရင် ဤအရာက ရှရှီပေ၏ ဆုံးဖြတ်ချက်ပင်။
ရှရှီပေက လူကြီးမ‌ဖြစ်သေးပေမယ့် လျိုမန်ဟုန်အမြင်တွင် သူမ၏ လုပ်ပုံကိုင်ပုံတို့ကြောင့် အကုန်အဆင်ပြေမည်ဟု ထင်မှတ်ထားသည်။
ထပ်ဆောင်းပြီးတော့ ရှရှီပေ ဤကုမ္ပဏီကို ဝင်ချင်ရသည့်ရည်ရွယ်ချက်မှာ မရိုးရှင်းဘူးဟု ခံစားမိနေသည်။
ရှရှီပေအတွက် သူမလုပ်ပေးနိုင်သည့် အကောင်းဆုံးအရာက ထိုမကောင်းတဲ့လူတွေကို တိုက်ထုတ်ပေးရုံပင်။
သူမသာ သူတို့ကို နိုင်အောင်မတိုက်နိုင်ရင် ချောင်ရန်ကျွယ်ဆီသွားလို့ရသည်။
အခု သူက သူမ၏ အစ်ကိုကြီးပင် သူ တခြားသူနောက် ပုန်းလို့မရနိုင်ပေ။
"ကျွန်မ ရှင်နဲ့ စာချုပ်ချုပ်မယ် ဒါပေမယ့် စာချုပ်ကိုတော့ သေသေချာချာရှင်းရှင်းလင်းလင်းလုပ်ရလိမ့်မယ်" ရှရှီပေ ဖန်းယန်ကို ပြောလိုက်သည်။
ဖန်းယန်ခေါင်းငြိမ့်လိုက်ပြီး သူ ယူလာခဲ့သည့် စာချုပ်ကို ထုတ်လိုက်သည်။ "မဆီလျော်တာရှိရင် ပြော ကျွန်တော်တို့ ဆွေးနွေးလို့ရတယ်"
ရှရှီပေ စာချုပ်ကို ယူပြီး တစ်လုံးချင်းဆီဖတ်နေသည်။
လျိုမန်ဟုန် တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကျုံ့လိုက်သည်။ ထိုအရာတွေက သူမကို ခေါင်းမူးစေသည်။
"အစ်မ ရှေ့နေကို ကြည့်ခိုင်းလိုက်မယ်လေ?" ကျွမ်းကျင်သူတွေက ကျွမ်းကျင်တဲ့ အသိပညာကို ပေးစွမ်းနိုင်သကိုး။
လျိုမန်ဟုန်တွင် ကုမ္ပဏီအများကြီးရှိပေမယ့် အကုန်လုံးကို သူမတစ်ယောက်တည်း မခန့်ခွဲနိုင်။ ထို့ကြောင့် သူမကို ကူညီဖို့ အဖွဲ့တစ်ခုဖွဲ့ထားသည်။ ရှေ့နေတွေသည်လည်း ထိုအဖွဲ့၏ မရှိမဖြစ် အဖွဲ့ဝင်တွေပင်ဖြစ်သည်။
"ရတယ် ကျွန်မဘာသာလုပ်နိုင်တယ်" ရှရှီပေပြုံးပြီး ခေါင်းရမ်းလိုက်သည်။
လျိုမန်ဟုန် သူမစကားတွေအောက် လက်လျှော့လိုက်သည်။ "နားမလည်ရင် ရှေ့နေကို မေးလို့ရတယ်နော်"
ရှရှီပေ ခေါင်းငြိမ့်ပြီး ဆက်ဖတ်နေလိုက်သည်။
ဖန်ယန် သူတို့ ရှေ့နေကို ရှာဖို့ ပြောနေသည်ကိုကြားတော့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
စာချုပ်က မကောင်းလို့တော့မဟုတ်ပေမယ့် ရှေ့နေတွေနှင့်သာဆိုရင် အမှားတွေရှာတွေ့မှာပင်။
ရှရှီပေ စာချုပ်ကို ကိုယ်တိုင်ဖတ်ဖို့ လုပ်သည်ကိုတွေ့လိုက်တော့ သူ စိတ်လျှော့သွားသည်။
သို့ပေမယ့် သူ စိတ်လျှော့တာ စောလွန်းသွားသည်။
ရှေ့နေမရှိပေမယ့် ရှရှီပေ၏ အတွေးနှင့် ခွဲခြမ်းစိတ်ဖြာမှုတို့က ရှေ့နေနှင့် မထူးမခြားနား။
"ဒါကိုကြည့်ပါဦး" ရှရှီပေ အချက်အလက်တစ်ခုကို ထောက်ပြရင်းပြောလိုက်သည်။ "ဒီမှာ ကျွန်မရဲ့ တာဝန်ယူရမယ့်အပိုင်းကို ပြောထားပေမယ့် ရှင်ဘာလုပ်သင့်တယ်ဆိုတဲ့အကြောင်းမပါဘူး"
"ပြီးတော့ ဒါရော အချိန်က အရမ်းကြာလွန်းမနေဘူးလား"
"ဒီဟာက သိပ်မသင့်တော်သလိုပဲ ဒီစကားလုံးကလည်း ဒွိဟဖြစ်စရာပဲ နောက်ကျ ပြဿနာတက်လာရင် ကျွန်မတို့ ထပ်ပြီး ရန်ဖြစ်မနေရဘူးလား?"
"ဒီဟာ..."
"ဒီမှာ..."
"ပြီးတော့ ဒီတစ်ခု..."
ရှရှီပေ စာချုပ်ကို ထောက်ပြရင်း ဖန်းယန်၏ မျက်နှာအမူအရာက တဖြည်းဖြည်း တောင့်လာသည်။
တစ်ဖက်တွင် လျိုမန်ဟုန် ရယ်သွမ်းနေတော့သည်။
ရှရှီပေ ရှေ့နေမလိုဘူးထင်တာက ပြော‌နေစရာမလိုပင် သူမကိုယ်တိုင်ကပင် ပရော်ဖက်ရှင်နယ်ရှေ့နေတစ်ယောက်ရဲ့ စွမ်းရည်ရှိနေသောကြောင့်ပင်!
.........
Continue Reading
You'll Also Like
1.7M 94.2K 49
638K 58.8K 200
Poster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေ...
256K 24.8K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...