သူ မသိသောအခြားတစ်ဖက်၌ ( Part - 32 )
〰〰〰〰〰
ဖွေးခွင့်ယူထားတာ ၂ရက်ရှိပြီမို့ ဖေဖေဟုနောက်မှသိရသည့် ဦးရော၊ အစ်ကိုဟုနောက်မှသိရသည့် ကိုကိုကပါ ဖုန်းတွေခေါ်ထားကြ၍ ဖွေးဝမ်းနည်းနေမိသည်။
Missed callရဲရဲလေးတွေကိုကြည့်ရင်း တစ်ယောက်တည်းကြိတ်ငိုနေမိချိန် မက်ဆေ့ဝင်လာ၍ ဖွင့်ကြည့်မိတော့ ကိုကို့ဆီက...
"အိမ်ရှေ့ရောက်နေတယ် ခဏထွက်ခဲ့"
ဖွေး ရင်ထဲနွေးခနဲဖြစ်သွားပြီိး မျက်ရည်တွေသုတ်ပစ်ကာ တွေ့ရမလား၊ မတွေ့ရဘူးလားဟု ချီတုံချတုံဖြစ်မိသေးပေမယ့် တွေ့ချင်စိတ်ကအနိုင်ယူသွားခဲ့သည်။
လွမ်းနေခဲ့သော ကိုကို့မျက်နှာကိုမြင်ချင်သေးသောကြောင့် အိမ်ထဲကထွက်ခဲ့တော့ သူကကားကိုမှီကာ ဖွေးကိုလှမ်းကြည့်နေသည်။
ဒီလူကြီးကိုလည်း ဖွေးချစ်မိပေမယ့် သူက ဖွေးရဲ့အစ်ကို...
"ငိုထားတာလား ခလေးလေး"
"ဟုတ်"
"ဘာဖြစ်လို့လဲ"
"ဖွေး အိမ်နဲ့အဆင်မပြေလို့ပါ ဘာလို့လာတာလဲဟင် ခွင့်ယူထားတာကို"
ဖွေး သူ့ကိုမော့ကြည့်တော့ ကိုကိုက ဖွေးဆံပင်တွေကိုတစ်ချက်ဆွဲဖွပြီး လက်ထဲကိုင်ထားသည့် ဘူးလေးကိုလှမ်းပေး၏။
ကိုကို့ပုံစံက ဖွေးဖြစ်နေသမျှကိုသိချင်ဟန်ရှိပေမယ့် မေးလည်းမမေးရက်သည့်ပုံစံမျိုး…
"ဘာလဲဟင်"
"ဖေဖေကဝယ်ပေးလိုက်တာ မင်းစားဖို့မုန့်တွေနဲ့ ဂါဝန်တစ်ထည်တဲ့ ပွဲတက်ဖို့အတွက်"
"ဘာပွဲရှိလို့လဲ ခွင့်ယူထားတာနဲ့ ဖွေးလည်းမသိရဘူး"
"ဖေဖေ တရုတ်ကမိတ်ဆွေတစ်ယောက်နဲ့ ညစာစားဖို့ချိန်းထားတယ် မင်းရောလိုက်ရမယ် စကားပြန်လိုတယ်လေ မင်းအဆင်ပြေရဲ့လား တကယ်လို့မပြေရင်လည်း.."
ဖွေး စိတ်ထဲတစ်မျိုးဖြစ်သွားကာ တစ်ခါလောက်တော့ ဖေဖေနဲ့အနီးကပ်ရှိချင်သေးသောကြောင့် ခေါင်းလေးညိတ်ပြလိုက်သည်။
ဖေဖေရယ်၊ ကိုကိုရယ်ဟာ ဖွေးကိုဘယ်သူဘယ်ဝါဟုမသိသေးဘဲနဲ့တောင် ခုလိုတွေခင်တွယ်နေတာ။
မြူနှင်းလွှာရဲ့သမီးပါလို့သိသွားတဲ့အခါဆို...
"ကိုကိုရော လိုက်ရမှာလား"
မှောင်စပြုနေသည့်အချိန်မှာတောင် ချောမွေ့သန့်ပြန့်နေသော ကိုကို့ကို ဖွေးစိုက်ကြည့်နေမိရင်း ကိုကို့အပြုံးဟာ ဖေဖေနဲ့လည်းမတူသလို မေမေနဲ့လည်းမတူ။
ဖွေးက မေမေနဲ့ဆင်သည်မို့ ဘယ်သူနဲ့မှမတူဘဲကွဲထွက်နေသည့် ဒီလူကြီးကရော...
သျှင့်မှာတော့ မျက်ရည်ရောင်မပြယ်သေးသည့်မျက်လုံးလေးတွေဖြင့် သူမ စိုက်ကြည့်နေတော့ ရင်ခုန်သွားမိသလို မနေတတ်၊ မထိုင်တတ်ဖြစ်သွားသည်အထိ။
ဒီကောင်မလေး ဘာဖြစ်နေတာလဲ...
"မနက်ဖြန် မလိုက်ရဘူးလားလို့"
"အင်း အလုပ်ရှိသေးတယ် လိုက်လို့မရဘူး"
ဒါဆို ကိုကိုနဲ့တော့ မရှိရတော့ဘူးပေါ့…
ဆိုးဝါးသည့်အခြေအနေတွေအကြောင်း ဘာမှမသိခင်က ဖွေးတို့မောင်နှမနှစ်ယောက်လုံး ဒီအဖြစ်တွေကို ဘယ်လိုလက်ခံခဲ့ကြသလဲမသိ။
မောင်နှမမှန်းမသိဘဲ လွန်ခဲ့သည့်ကိစ္စတွေကိုလည်း ဖွေး ယူကျုံးမရသလို ဆယ်ကျော်သက်ဘဝမှာ ရူးရူးမူးမူးချစ်ရသည့်သူ့ကို ဖွေးလက်လွှတ်ရမှာလား...
"မင်း ဘာလို့ငိုပဲငိုနေတာလဲ ဖွေးရယ် ဘာကအဆင်မပြေတာလဲ ကိုယ့်ကိုပြော"
"ဖွေး ဒီအတိုင်းပဲငိုချင်လာလို့ပါ"
ခလေးမက အမှန်တကယ်ငိုချပစ်လိုက်တော့ သူ ပိုပြီးစိုးထိတ်သွားရပြီး ဖွေးပခုံးကိုဖက်ကာ ဘေးလူတွေမမြင်အောင် ခြံထဲပြန်ဝင်လာခဲ့သည်။
အိမ်ရှင်မိသားစုဟုထင်ရသည့် လင်မယားတစ်စုံကလည်း ဖွေးကိုလှမ်းကြည့်နေတာမို့ ထိုလူတွေကိုလည်း အားနာပြုံး ပြုံးပြလိုက်မိသည်။
ဖွေးတို့ခြံထဲက ကားဂိုထောင်နားမှာ ထိုင်ခုံလေးရှိကာ ထိုနေရာအထိဆွဲခေါ်ခဲ့ပြီး ဖွေးမျက်နှာလေးကိုမော့ယူလိုက်သည်။
မျက်ရည်တွေပြည့်လာသည့်မျက်လုံးလေးက ရဲတွတ်နေကာ သူ့ကိုလည်းတည့်တည့်မကြည့်…
"ဖွေး ဘာဖြစ်လို့လဲ"
"ဟင့်အင်း"
ဘာမှမေးမရသလို ခေါင်းလေးသာခါနေပြီး တအီးအီးငိုနေသည့်သူမမျက်နှာလေးက ကလေးလေးလို အပြစ်ကင်းစင်လှ၏။
နှာတံထိပ်ဖျားလေးနှင့် နားရွက်ကလေးတွေ ရဲတွတ်လာပုံ မီးသီးအနီလေးတွေ တပြိုင်တည်းလင်းလာသလို…
"ဘာမှမဖြစ်နဲ့တော့ ကိုယ်ရှိတယ်ကြားလား"
"ဟုတ်"
ဆံပင်လေးတွေကို ဖွဖွလေးသပ်ပေးရင်း ဖြေသိမ့်ပေးလိုက်တော့ သူမကမျက်ရည်တွေသုတ်ရင်း ခေါင်းညိတ်ပြသည်။
သူ့ရင်ထဲမှာလည်း ထိုမျက်ရည်တွေကြောင့် စိတ်မကောင်းမှုတွေ စီးဆင်းခဲ့ကာ သူမကိုယ်လေးကိုဖက်ထားလိုက်တော့ သူ့ရင်ခွင်မှာ တသိမ့်သိမ့်တုန်အောင်ငိုတော့၏။
"မငိုပါနဲ့ ဖွေးရယ် ခေါင်းတွေကိုက်မယ်"
ဘာမှမဆိုင်မှန်းသိပေမယ့် ဖွေးနှုတ်ခမ်းလေးကို ထိရုံလေးနမ်းလိုက်ကာ ပါးချင်းကပ်ပြီး မျက်ရည်တွေသုတ်ပေးလိုက်တော့မှ ဖွေးအငိုတိတ်၏။
သို့သော် ဖွေးနှုတ်ခမ်းလေးတွေကိုတော့ လွမ်းနေခဲ့မိ၍ ပြန်မလွှတ်ချင်သေးဘဲ ခါးလေးကိုဖက်တော့ ဖွေးကခေါင်းလေးခါပြီး ပြန်ရုန်းသည်။
"မနမ်းနဲ့"
ဟု ငြင်းဆန်လညတော့ သူမ စိတ်ညစ်နေသည်ပဲဟုတွေးကာ ပြန်လွှတ်လိုက်သည့်အခါ ဖွေးက သူ့ခါးကိုဖက်ထားပြီး ငြိမ်နေခဲ့သည်။
သူမကိုယ်လုံးသေးသေးလေးကို မြတ်မြတ်နိုးနိုး သိမ်းကျုံးဖက်ထားလိုက်ပြီး ဆံပင်တွေထဲမျက်နှာနှစ်ပြီး ကြိတ်ပြုံးလိုက်သည်။
ဘာလို့ငိုနေတာလဲ ကိုယ်သိတယ်..
မင်း ဘယ်မှမသွားရဘူး ခလေးလေး...
ပြန်မလွှတ်နိုင်ဘူး…
〰〰📑📑📑〰〰
သူရွေးချယ်ဝယ်လာခဲ့သည့် ဂါဝန်လိမ္မော်ရောင်လေးဖြင့် ဖွေးက သိပ်လှနေသလို ညှိုးငယ်နေသည့်မျက်နှာလေးက လန်းဆန်းမှုသိပ်မရှိ။
ဖေဖေကိုယ်တိုင်လာရောက်သည့် ညစာစားပွဲမို့ ဒါကိုအသုံးချပြီး အိမ်ထဲအောင်းနေသောဖွေးကို မရမကခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။
"ဒါက မစ္စဟန်တဲ့ ဟောင်ကောင်မှာအခြေချတဲ့ ဦးတို့နဲ့စီးပွားရေးပါတနာပေါ့"
"ဟုတ်ကဲ့"
"နောက်ရက်မှ ကုမ္ပဏီကိုသူလာလိမ့်မယ် အခုလောလောဆည်ကတော့ မိသားစုချင်းရင်းနှီးနေလို့ ညစာစားပွဲလုပ်ပေးတဲ့သဘောပေါ့"
"ဟုတ်"
"သမီးနေမကောင်းသေးဘူးလား အလုပ်ကိစ္စအရေးကြီးနေတာလဲ ခွင့်ယူထားတာကို ဦး အတင်းခေါ်လိုက်သလိုဖြစ်သွားလား"
"မဖြစ်ပါဘူး ဦး ဖွေးကခေါင်းကိုက်ရင် နည်းနည်းရက်ကြာတတ်လို့ပါ"
"နောက်ဆို နေမကောင်းဖြစ်ရင် တစ်ယောက်တည်းမနေရဘူးနော် ဦးကိုပြောလို့လည်းရတယ် သားကိုပြောလို့လည်းရတယ်"
"ဟုတ် ဖွေးတောင်းပန်ပါတယ်"
ဖေဖေက ခေါင်းညိတ်ပြပြီး မစ္စဟန်တို့နှင့်ရယ်မောစကားပြောရင်း သူတို့ကိုရှောင်ပေးသွား၍ သူ ဖွေးမျက်နှာလေးကိုကြည့်မိသည်။
ဖွေးက ဖေဖေ့ကိုလည်း အလိုက်သင့်စကားပြန်ပြောရင်း တစ်ချက်တစ်ချက် ဖေဖေ့ကိုငေးကြည့်ပြီး မျက်ရည်ဝဲသွားတတ်သည်။
ဒီရက်တွေထဲ မအိပ်နိုင်မစားနိုင်ဘဲ ဘယ်လောက်များကြိတ်ခံစားနေသလဲမသိဘဲ၊ သူမ ပိန်သွားလိုက်တာ...
"ညဆို အိပ်မပျော်ဘူးလား ဖွေး မျက်တွင်းတွေတောင်ကျနေတယ်"
"သိပ်အိပ်မပျော်ဘူး"
"စိတ်ညစ်စရာရှိရင် ကိုယ့်ကိုပြောလေ ကိုယ်ကမင်းအတွက်ဘာမှမဟုတ်ဘူးလား ဖွေး"
"ပြီးရင် ဖွေးပြောပြပါ့မယ်"
သူ ဖွေးဆံပင်လေးတွေကို သပ်ပေးလိုက်တော့ ဖေဖေ့အကြည့်တစ်ချက်ရောက်လာ၍ ဖေဖေ့အနားကို သူရောက်လာခဲ့သည်။
မစ္စဟန်က ဟောင်ကောင်မြို့အကြောင်းပြောပြတော့ ဖွေးမျက်နှာမှာ အလွမ်းရိပ်တချို့ဖြတ်ပြေးသွားသည်ကိုလည်း သတိထားမိလိုက်သည်။
သူမ အိမ်ကိုလွမ်းနေပြီပဲ...
"Thank you for Dinner my partner"
"You're welcome"
ညစာစားအပြီးမှာ ဖေဖေက မစ္စက်ဟန်ကိုနှုတ်ဆက်ကာ နာရီကြည့်ပြီးဖွေးခေါင်းလေးကို ဖွဖွလေးပုတ်သည်။
ထိုအခါ ဖွေးက မျက်နှာလေးမဲ့ခနဲဖြစ်သွားပြီး ဖေဖေ့လက်မောင်းကိုဖက်ကာ ပါးလေးကပ်ပြီး ဘာတွေပြောနေသလဲမသိ။
"ပြန်မယ်ဆိုလည်း ဂရုစိုက်နော် သမီး တရုတ်ပြည်က ဒီမှာထက်အေးတယ်မလား ကျန်းမာရေးကိုဂရုစိုက်"
"ဟုတ်"
"သမီးကိုပြန်လိုက်ပို့လိုက်တော့"
ဟု သူ့ကိုခိုင်းလာသည့်အခါ ဖွေးသည် သူ့အနောက်က ကပ်ပါလာရင်းနှုတ်ဆိတ်နေ၏။
Hotelကားပါကင်ကိုရောက်တော့မှ သူသိချင်နေသည့်ကိစ္စကိုမေးချင်၍ စကားစဖို့ပြင်တော့ ဖွေးကအရင်စပြီး...
"ဖွေး အိမ်ကိုခဏပြန်မလို့"
ကြိုသိထားပြီးသားမို့ သူဘာမှမဖြစ်သလို ဖွေးကိုကြည့်မိတော့ သူ မအံ့သြသည့်အတွက် ဖွေးမျက်နှာတစ်မျိုးလေးဖြစ်သွားသည်။
သို့သော် သူ ဖွေးလက်ကလေးကို ဖိဆုပ်ကိုင်လိုက်သည့်အခါ ဖွေးက နှုတ်ခမ်းလေးကိုက်ကာ မျက်နှာလွှဲပစ်၏။
"ခဏပဲမလား"
ဖွေး ပြန်မဖြေဘဲ Hotelရှေ့မှာ စကားပြောနေသေးသည့်ဖေဖေ့ကိုလှမ်းကြည့်ရင်း သက်ပြင်းလေးခိုးချသည်ကို အသေးစိပ်စောင့်ကြည့်နေ၍ သူသိလိုက်သည်။
ခဏတော့တိတ်ဆိတ်သွား၍ ထိုတိတ်ဆိတ်မှုကိုသည်းမခံနိုင်ဘဲ ဖွေးမျက်နှာလေးကိုပင့်ယူလိုက်တော့ ဖွေးအကြည့်တွေ သူ့ဆီပြန်ရောက်လာသည်။
"ဖွေး လူတစ်ယောက်ကိုရှာချင်လို့ ဒီရောက်လာတာ"
"ခုတွေ့ပြီလား"
"တွေ့ပြီဆိုပါတော့ ဖွေးအရမ်းတွေ့ချင်ခဲ့တဲ့လူလေ ဒါပေမယ့် အမှန်တရားကို ဖွေး ရင်မဆိုင်ရဲဘူး"
သူ နားလည်သွားပြီမို့ နဖူးပေါ်ကျနေသည့်ဖွေးဆံပင်လေးတွေကို သပ်တင်ပေးလိုက်တော့ ဖွေးမျက်နှာလေး မဲ့ခနဲဖြစ်သွားပြီး သူ့ရင်ခွင်ထဲတိုးဝင်လာ၏။
သူမ ဖေဖေ့ကိုရင်မဆိုင်ရဲတာလား၊ မုန်းနေတာလား။
ဒါမှမဟုတ် ဖေဖေ့ကိုမြင်ဖူးချင်ရုံသပ်သပ်ဖြင့် လာရှာသလား။
"ဖွေးတို့ လမ်းခွဲရအောင်နော်"
"ဘာ!!"
မျှော်လင့်မထားသည့်စကားမို့ သူ ဖွေးကိုရင်ခွင်ထဲကဆွဲထုတ်ဖို့ပြင်ပေမယ့် ဖွေးက သူ့ခါးကိုတင်းနေအောင်ဖက်ထားကာ အဖယ်မခံဘဲ မျက်နှာလေးဖွက်ထား၏။
သူမ ဘာလို့ဒီလိုပြောတာလဲ...
"ဖွေး မင်းဘာလို့အဲ့လိုပြောထွက်ရက်တာလဲ မင်းငါ့ကိုမချစ်ဘူးလား"
"ဟင့်အင်း အဲ့ဒါတွေမမေးပါနဲ့လား ဖွေးကိုချစ်တယ်ဆို ဖွေးဆန္ဒကိုလိုက်လျောပေးလေ နော်"
"အဲ့ဒီဆန္ဒကိုလိုက်လျောရအောင် ငါကရူးနေလို့လား ဖွေး မရဘူး ဘယ်တော့မှမရဘူး"
ပြောနေရင်း စိတ်တိုလာသည့်သူသည် ဖွေးကိုယ်လေးကိုစွေ့ခနဲပွေ့ယူကာ ကားပေါ်တက်ဖို့ကြိုးစားတော့ သူမက ဖက်ထားသည့်လက်တွေကိုထုနှက်နေရင်း ရုန်းကန်လာ၏။
ဖွေးက မျက်ရည်တွေရွှဲနေအောင်ငိုယိုပြီး ကလေးဆိုးလေးလိုရုန်းထွက်နေသော ဖွေးကြောင့် ပိုပြီးစိတ်တိုသွားမိကာ ဖွေးလည်ပင်းလေးကို ခပ်ဆတ်ဆတ်ရိုက်ပစ်လိုက်သည်။
ရှုံ့မဲ့သွားသောမျက်နှာလေးဖြင့် ဖွေး သူ့ရင်ခွင်မှာတဖြည်းဖြည်းခွေကျလာ၍ ကျေကျေနပ်နပ်ပြုံးလိုက်မိသည်။
"ကိုကို"
ညည်းသံတိုးတိုးလေးဖြင့် ပျော့ခွေသွားသည့်သူမကိုယ်လေးကို ပွေ့ယူလိုက်ပြီး ကားပေါ်တင်လိုက်ကာ ခါးပတ်ကိုသေချာပတ်ပေးရင်း နဖူးလေးကိုငုံ့နမ်းလိုက်သည်။
အစကတည်းက လက်ထပ်ဖို့စဥ်းစားပြီးသားဖြစ်ပေမယ့် မင်းကိုရဖို့ ဘာမဆိုပြင်ဆင်ထားတဲ့အချိန်မှာမှ ဖွေးရယ်...
〰〰📑📑📑〰〰
အိပ်ခါနီးအထိ သမီးဖုန်းမဆက်သေးတာမို့ စိတ်ထဲပူပန်နေမိရင်း မြူ သမီးဆီကိုဖုန်းခေါ်လိုက်သည်။
ခါတိုင်းဆို ၂ခါလောက်ဝင်ရုံနဲ့ကိုင်တတ်ပေမယ့် ဒီတစ်ခါတော့ အတော်ကြာသည်အထိဖုန်းမကိုင်၍ ရင်ထဲပိုပြီးပူလာမိသည်။
သမီးဘာဖြစ်နေလို့ပါလိမ့်...
အတန်ကြာမှဖုန်းကိုင်လာပြီး ဖုန်းဖြေသံက ယောကျာ်းသံဖြစ်နေသည့်အပြင် မြူရင်းနှီးခဲ့သည့်အသံ…
"နေကောင်းရဲ့လား မိန်းမ"
မြူ့ရင်ထဲ ဒိန်းခနဲဖြစ်သွားပြီး ခြေဖျားလက်ဖျားတွေပါအေးစက်သွားသလို ခံစားလိုက်ရသည်။
ဒီအသံကို မြူ ဘယ်လိုမေ့နိုင်မှာတဲ့လဲ..
ခမ်း......
〰〰📑📑📑〰〰
Part 33 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
သူ မသိေသာအျခားတစ္ဖက္၌ ( Part - 32 )
〰〰〰〰〰
ေဖြးခြင့္ယူထားတာ ၂ရက္ရိွၿပီမို႔ ေဖေဖဟုေနာက္မွသိရသၫ့္ ဦးေရာ၊ အစ္ကိုဟုေနာက္မွသိရသၫ့္ ကိုကိုကပါ ဖုန္းေတြေခၚထားၾက၍ ေဖြးဝမ္းနည္းေနမိသည္။
Missed callရဲရဲေလးေတြကိုၾကၫ့္ရင္း တစ္ေယာက္တည္းႀကိတ္ငိုေနမိခ်ိန္ မက္ေဆ့ဝင္လာ၍ ဖြင့္ၾကၫ့္မိေတာ့ ကိုကို႔ဆီက...
"အိမ္ေရ႔ွေရာက္ေနတယ္ ခဏထြက္ခဲ့"
ေဖြး ရင္ထဲေနြးခနဲျဖစ္သြားၿပီိး မ်က္ရည္ေတြသုတ္ပစ္ကာ ေတြ့ရမလား၊ မေတြ့ရဘူးလားဟု ခ်ီတံုခ်တံုျဖစ္မိေသးေပမယ့္ ေတြ့ခ်င္စိတ္ကအႏိုင္ယူသြားခဲ့သည္။
လြမ္းေနခဲ့ေသာ ကိုကို႔မ်က္ႏွာကိုျမင္ခ်င္ေသးေသာေၾကာင့္ အိမ္ထဲကထြက္ခဲ့ေတာ့ သူကကားကိုမွီကာ ေဖြးကိုလွမ္းၾကၫ့္ေနသည္။
ဒီလူႀကီးကိုလည္း ေဖြးခ်စ္မိေပမယ့္ သူက ေဖြးရဲ့အစ္ကို...
"ငိုထားတာလား ခေလးေလး"
"ဟုတ္"
"ဘာျဖစ္လို႔လဲ"
"ေဖြး အိမ္နဲ႔အဆင္မေျပလို႔ပါ ဘာလို႔လာတာလဲဟင္ ခြင့္ယူထားတာကို"
ေဖြး သူ႔ကိုေမာ့ၾကၫ့္ေတာ့ ကိုကိုက ေဖြးဆံပင္ေတြကိုတစ္ခ်က္ဆဲြဖြၿပီး လက္ထဲကိုင္ထားသၫ့္ ဘူးေလးကိုလွမ္းေပး၏။
ကိုကို႔ပံုစံက ေဖြးျဖစ္ေနသမ်ွကိုသိခ်င္ဟန္ရိွေပမယ့္ ေမးလည္းမေမးရက္သၫ့္ပံုစံမ်ိဳး…
"ဘာလဲဟင္"
"ေဖေဖကဝယ္ေပးလိုက္တာ မင္းစားဖို႔မုန႔္ေတြနဲ႔ ဂါဝန္တစ္ထည္တဲ့ ပဲြတက္ဖို႔အတြက္"
"ဘာပဲြရိွလို႔လဲ ခြင့္ယူထားတာနဲ႔ ေဖြးလည္းမသိရဘူး"
"ေဖေဖ တရုတ္ကမိတ္ေဆြတစ္ေယာက္နဲ႔ ညစာစားဖို႔ခ်ိန္းထားတယ္ မင္းေရာလိုက္ရမယ္ စကားျပန္လိုတယ္ေလ မင္းအဆင္ေျပရဲ့လား တကယ္လို႔မေျပရင္လည္း.."
ေဖြး စိတ္ထဲတစ္မ်ိဳးျဖစ္သြားကာ တစ္ခါေလာက္ေတာ့ ေဖေဖနဲ႔အနီးကပ္ရိွခ်င္ေသးေသာေၾကာင့္ ေခါင္းေလးညိတ္ျပလိုက္သည္။
ေဖေဖရယ္၊ ကိုကိုရယ္ဟာ ေဖြးကိုဘယ္သူဘယ္ဝါဟုမသိေသးဘဲနဲ႔ေတာင္ ခုလိုေတြခင္တြယ္ေနတာ။
ျမဴႏွင္းလႊာရဲ့သမီးပါလို႔သိသြားတဲ့အခါဆို...
"ကိုကိုေရာ လိုက္ရမွာလား"
ေမွာင္စျပဳေနသၫ့္အခ်ိန္မွာေတာင္ ေခ်ာေမြ့သန႔္ျပန႔္ေနေသာ ကိုကို႔ကို ေဖြးစိုက္ၾကၫ့္ေနမိရင္း ကိုကို႔အႃပံုးဟာ ေဖေဖနဲ႔လည္းမတူသလို ေမေမနဲ႔လည္းမတူ။
ေဖြးက ေမေမနဲ႔ဆင္သည္မို႔ ဘယ္သူနဲ႔မွမတူဘဲကဲြထြက္ေနသည့္ ဒီလူႀကီးကေရာ...
သ်ွင့္မွာေတာ့ မ်က္ရည္ေရာင္မျပယ္ေသးသၫ့္မ်က္လံုးေလးေတျြဖင့္ သူမ စိုက္ၾကၫ့္ေနေတာ့ ရင္ခုန္သြားမိသလို မေနတတ္၊ မထိုင္တတ္ျဖစ္သြားသည္အထိ။
ဒီေကာင္မေလး ဘာျဖစ္ေနတာလဲ...
"မနက္ျဖန္ မလိုက္ရဘူးလားလို႔"
"အင္း အလုပ္ရိွေသးတယ္ လိုက္လို႔မရဘူး"
ဒါဆို ကိုကိုနဲ႔ေတာ့ မရိွရေတာ့ဘူးေပါ့…
ဆိုးဝါးသၫ့္အေျခအေနေတြအေၾကာင္း ဘာမွမသိခင္က ေဖြးတို႔ေမာင္ႏွမႏွစ္ေယာက္လံုး ဒီအျဖစ္ေတြကို ဘယ္လိုလက္ခံခဲ့ၾကသလဲမသိ။
ေမာင္ႏွမမွန္းမသိဘဲ လြန္ခဲ့သၫ့္ကိစၥေတြကိုလည္း ေဖြး ယူက်ဳံးမရသလို ဆယ္ေက်ာ္သက္ဘဝမွာ ရူးရူးမူးမူးခ်စ္ရသၫ့္သူ႔ကို ေဖြးလက္လႊတ္ရမွာလား...
"မင္း ဘာလို႔ငိုပဲငိုေနတာလဲ ေဖြးရယ္ ဘာကအဆင္မေျပတာလဲ ကိုယ့္ကိုေျပာ"
"ေဖြး ဒီအတိုင္းပဲငိုခ်င္လာလို႔ပါ"
ခေလးမက အမွန္တကယ္ငိုခ်ပစ္လိုက္ေတာ့ သူ ပိုၿပီးစိုးထိတ္သြားရၿပီး ေဖြးပခံုးကိုဖက္ကာ ေဘးလူေတြမျမင္ေအာင္ ၿခံထဲျပန္ဝင္လာခဲ့သည္။
အိမ္ရွင္မိသားစုဟုထင္ရသၫ့္ လင္မယားတစ္စံုကလည္း ေဖြးကိုလွမ္းၾကၫ့္ေနတာမို႔ ထိုလူေတြကိုလည္း အားနာႃပံုး ႃပံုးျပလိုက္မိသည္။
ေဖြးတို႔ၿခံထဲက ကားဂိုေထာင္နားမွာ ထိုင္ခံုေလးရိွကာ ထိုေနရာအထိဆဲြေခၚခဲ့ၿပီး ေဖြးမ်က္ႏွာေလးကိုေမာ့ယူလိုက္သည္။
မ်က္ရည္ေတျြပၫ့္လာသၫ့္မ်က္လံုးေလးက ရဲတြတ္ေနကာ သူ႔ကိုလည္းတၫ့္တၫ့္မၾကၫ့္…
"ေဖြး ဘာျဖစ္လို႔လဲ"
"ဟင့္အင္း"
ဘာမွေမးမရသလို ေခါင္းေလးသာခါေနၿပီး တအီးအီးငိုေနသၫ့္သူမမ်က္ႏွာေလးက ကေလးေလးလို အျပစ္ကင္းစင္လွ၏။
ႏွာတံထိပ္ဖ်ားေလးႏွင့္ နားရြက္ကေလးေတြ ရဲတြတ္လာပံု မီးသီးအနီေလးေတြ တၿပိဳင္တည္းလင္းလာသလို…
"ဘာမွမျဖစ္နဲ႔ေတာ့ ကိုယ္ရိွတယ္ၾကားလား"
"ဟုတ္"
ဆံပင္ေလးေတြကို ဖြဖြေလးသပ္ေပးရင္း ေျဖသိမ့္ေပးလိုက္ေတာ့ သူမကမ်က္ရည္ေတြသုတ္ရင္း ေခါင္းညိတ္ျပသည္။
သူ႔ရင္ထဲမွာလည္း ထိုမ်က္ရည္ေတြေၾကာင့္ စိတ္မေကာင္းမႈေတြ စီးဆင္းခဲ့ကာ သူမကိုယ္ေလးကိုဖက္ထားလိုက္ေတာ့ သူ႔ရင္ခြင္မွာ တသိမ့္သိမ့္တုန္ေအာင္ငိုေတာ့၏။
"မငိုပါနဲ႔ ေဖြးရယ္ ေခါင္းေတြကိုက္မယ္"
ဘာမွမဆိုင္မွန္းသိေပမယ့္ ေဖြးႏႈတ္ခမ္းေလးကို ထိရံုေလးနမ္းလိုက္ကာ ပါးခ်င္းကပ္ၿပီး မ်က္ရည္ေတြသုတ္ေပးလိုက္ေတာ့မွ ေဖြးအငိုတိတ္၏။
သို႔ေသာ္ ေဖြးႏႈတ္ခမ္းေလးေတြကိုေတာ့ လြမ္းေနခဲ့မိ၍ ျပန္မလႊတ္ခ်င္ေသးဘဲ ခါးေလးကိုဖက္ေတာ့ ေဖြးကေခါင္းေလးခါၿပီး ျပန္ရုန္းသည္။
"မနမ္းနဲ႔"
ဟု ျငင္းဆန္လညေတာ့ သူမ စိတ္ညစ္ေနသည္ပဲဟုေတြးကာ ျပန္လႊတ္လိုက္သၫ့္အခါ ေဖြးက သူ႔ခါးကိုဖက္ထားၿပီး ၿငိမ္ေနခဲ့သည္။
သူမကိုယ္လံုးေသးေသးေလးကို ျမတ္ျမတ္ႏိုးႏိုး သိမ္းက်ဳံးဖက္ထားလိုက္ၿပီး ဆံပင္ေတြထဲမ်က္ႏွာႏွစ္ၿပီး ႀကိတ္ႃပံုးလိုက္သည္။
ဘာလို႔ငိုေနတာလဲ ကိုယ္သိတယ္..
မင္း ဘယ္မွမသြားရဘူး ခေလးေလး...
ျပန္မလႊတ္ႏိုင္ဘူး…
〰〰📑📑📑〰〰
သူေရြးခ်ယ္ဝယ္လာခဲ့သၫ့္ ဂါဝန္လိမၼော္ေရာင္ေလးျဖင့္ ေဖြးက သိပ္လွေနသလို ၫွိုးငယ္ေနသၫ့္မ်က္ႏွာေလးက လန္းဆန္းမႈသိပ္မရိွ။
ေဖေဖကိုယ္တိုင္လာေရာက္သၫ့္ ညစာစားပဲြမို႔ ဒါကိုအသံုးခ်ၿပီး အိမ္ထဲေအာင္းေနေသာေဖြးကို မရမကေခၚထုတ္လာခဲ့ျခင္းျဖစ္သည္။
"ဒါက မစၥဟန္တဲ့ ေဟာင္ေကာင္မွာအေျခခ်တဲ့ ဦးတို႔နဲ႔စီးပြားေရးပါတနာေပါ့"
"ဟုတ္ကဲ့"
"ေနာက္ရက္မွ ကုမၸဏီကိုသူလာလိမ့္မယ္ အခုေလာေလာဆည္ကေတာ့ မိသားစုခ်င္းရင္းႏွီးေနလို႔ ညစာစားပဲြလုပ္ေပးတဲ့သေဘာေပါ့"
"ဟုတ္"
"သမီးေနမေကာင္းေသးဘူးလား အလုပ္ကိစၥအေရးႀကီးေနတာလဲ ခြင့္ယူထားတာကို ဦး အတင္းေခၚလိုက္သလိုျဖစ္သြားလား"
"မျဖစ္ပါဘူး ဦး ေဖြးကေခါင္းကိုက္ရင္ နည္းနည္းရက္ၾကာတတ္လို႔ပါ"
"ေနာက္ဆို ေနမေကာင္းျဖစ္ရင္ တစ္ေယာက္တည္းမေနရဘူးေနာ္ ဦးကိုေျပာလို႔လည္းရတယ္ သားကိုေျပာလို႔လည္းရတယ္"
"ဟုတ္ ေဖြးေတာင္းပန္ပါတယ္"
ေဖေဖက ေခါင္းညိတ္ျပၿပီး မစၥဟန္တို႔ႏွင့္ရယ္ေမာစကားေျပာရင္း သူတို႔ကိုေရွာင္ေပးသြား၍ သူ ေဖြးမ်က္ႏွာေလးကိုၾကၫ့္မိသည္။
ေဖြးက ေဖေဖ့ကိုလည္း အလိုက္သင့္စကားျပန္ေျပာရင္း တစ္ခ်က္တစ္ခ်က္ ေဖေဖ့ကိုေငးၾကၫ့္ၿပီး မ်က္ရည္ဝဲသြားတတ္သည္။
ဒီရက္ေတြထဲ မအိပ္ႏိုင္မစားႏိုင္ဘဲ ဘယ္ေလာက္မ်ားႀကိတ္ခံစားေနသလဲမသိဘဲ၊ သူမ ပိန္သြားလိုက္တာ...
"ညဆို အိပ္မေပ်ာ္ဘူးလား ေဖြး မ်က္တြင္းေတြေတာင္က်ေနတယ္"
"သိပ္အိပ္မေပ်ာ္ဘူး"
"စိတ္ညစ္စရာရိွရင္ ကိုယ့္ကိုေျပာေလ ကိုယ္ကမင္းအတြက္ဘာမွမဟုတ္ဘူးလား ေဖြး"
"ၿပီးရင္ ေဖြးေျပာျပပါ့မယ္"
သူ ေဖြးဆံပင္ေလးေတြကို သပ္ေပးလိုက္ေတာ့ ေဖေဖ့အၾကၫ့္တစ္ခ်က္ေရာက္လာ၍ ေဖေဖ့အနားကို သူေရာက္လာခဲ့သည္။
မစၥဟန္က ေဟာင္ေကာင္ၿမိဳ႔အေၾကာင္းေျပာျပေတာ့ ေဖြးမ်က္ႏွာမွာ အလြမ္းရိပ္တခ်ိဳ႕ျဖတ္ေျပးသြားသည္ကိုလည္း သတိထားမိလိုက္သည္။
သူမ အိမ္ကိုလြမ္းေနၿပီပဲ...
"Thank you for Dinner my partner"
"You're welcome"
ညစာစားအၿပီးမွာ ေဖေဖက မစၥက္ဟန္ကိုႏႈတ္ဆက္ကာ နာရီၾကၫ့္ၿပီးေဖြးေခါင္းေလးကို ဖြဖြေလးပုတ္သည္။
ထိုအခါ ေဖြးက မ်က္ႏွာေလးမဲ့ခနဲျဖစ္သြားၿပီး ေဖေဖ့လက္ေမာင္းကိုဖက္ကာ ပါးေလးကပ္ၿပီး ဘာေတြေျပာေနသလဲမသိ။
"ျပန္မယ္ဆိုလည္း ဂရုစိုက္ေနာ္ သမီး တရုတ္ျပည္က ဒီမွာထက္ေအးတယ္မလား က်န္းမာေရးကိုဂရုစိုက္"
"ဟုတ္"
"သမီးကိုျပန္လိုက္ပို႔လိုက္ေတာ့"
ဟု သူ႔ကိုခိုင္းလာသၫ့္အခါ ေဖြးသည္ သူ႔အေနာက္က ကပ္ပါလာရင္းႏႈတ္ဆိတ္ေန၏။
Hotelကားပါကင္ကိုေရာက္ေတာ့မွ သူသိခ်င္ေနသၫ့္ကိစၥကိုေမးခ်င္၍ စကားစဖို႔ျပင္ေတာ့ ေဖြးကအရင္စၿပီး...
"ေဖြး အိမ္ကိုခဏျပန္မလို႔"
ႀကိဳသိထားၿပီးသားမို႔ သူဘာမွမျဖစ္သလို ေဖြးကိုၾကၫ့္မိေတာ့ သူ မအံ့ၾသသၫ့္အတြက္ ေဖြးမ်က္ႏွာတစ္မ်ိဳးေလးျဖစ္သြားသည္။
သို႔ေသာ္ သူ ေဖြးလက္ကေလးကို ဖိဆုပ္ကိုင္လိုက္သၫ့္အခါ ေဖြးက ႏႈတ္ခမ္းေလးကိုက္ကာ မ်က္ႏွာလႊဲပစ္၏။
"ခဏပဲမလား"
ေဖြး ျပန္မေျဖဘဲ Hotelေရ႔ွမွာ စကားေျပာေနေသးသၫ့္ေဖေဖ့ကိုလွမ္းၾကၫ့္ရင္း သက္ျပင္းေလးခိုးခ်သည္ကို အေသးစိပ္ေစာင့္ၾကၫ့္ေန၍ သူသိလိုက္သည္။
ခဏေတာ့တိတ္ဆိတ္သြား၍ ထိုတိတ္ဆိတ္မႈကိုသည္းမခံႏိုင္ဘဲ ေဖြးမ်က္ႏွာေလးကိုပင့္ယူလိုက္ေတာ့ ေဖြးအၾကၫ့္ေတြ သူ႔ဆီျပန္ေရာက္လာသည္။
"ေဖြး လူတစ္ေယာက္ကိုရွာခ်င္လို႔ ဒီေရာက္လာတာ"
"ခုေတြ့ၿပီလား"
"ေတြ့ၿပီဆိုပါေတာ့ ေဖြးအရမ္းေတြ့ခ်င္ခဲ့တဲ့လူေလ ဒါေပမယ့္ အမွန္တရားကို ေဖြး ရင္မဆိုင္ရဲဘူး"
သူ နားလည္သြားၿပီမို႔ နဖူးေပၚက်ေနသၫ့္ေဖြးဆံပင္ေလးေတြကို သပ္တင္ေပးလိုက္ေတာ့ ေဖြးမ်က္ႏွာေလး မဲ့ခနဲျဖစ္သြားၿပီး သူ႔ရင္ခြင္ထဲတိုးဝင္လာ၏။
သူမ ေဖေဖ့ကိုရင္မဆိုင္ရဲတာလား၊ မုန္းေနတာလား။
ဒါမွမဟုတ္ ေဖေဖ့ကိုျမင္ဖူးခ်င္ရံုသပ္သပ္ျဖင့္ လာရွာသလား။
"ေဖြးတို႔ လမ္းခဲြရေအာင္ေနာ္"
"ဘာ!!"
ေမ်ွာ္လင့္မထားသၫ့္စကားမို႔ သူ ေဖြးကိုရင္ခြင္ထဲကဆဲြထုတ္ဖို႔ျပင္ေပမယ့္ ေဖြးက သူ႔ခါးကိုတင္းေနေအာင္ဖက္ထားကာ အဖယ္မခံဘဲ မ်က္ႏွာေလးဖြက္ထား၏။
သူမ ဘာလို႔ဒီလိုေျပာတာလဲ...
"ေဖြး မင္းဘာလို႔အဲ့လိုေျပာထြက္ရက္တာလဲ မင္းငါ့ကိုမခ်စ္ဘူးလား"
"ဟင့္အင္း အဲ့ဒါေတြမေမးပါနဲ႔လား ေဖြးကိုခ်စ္တယ္ဆို ေဖြးဆႏၵကိုလိုက္ေလ်ာေပးေလ ေနာ္"
"အဲ့ဒီဆႏၵကိုလိုက္ေလ်ာရေအာင္ ငါကရူးေနလို႔လား ေဖြး မရဘူး ဘယ္ေတာ့မွမရဘူး"
ေျပာေနရင္း စိတ္တိုလာသၫ့္သူသည္ ေဖြးကိုယ္ေလးကိုေစြ့ခနဲေပြ့ယူကာ ကားေပၚတက္ဖို႔ႀကိဳးစားေတာ့ သူမက ဖက္ထားသၫ့္လက္ေတြကိုထုႏွက္ေနရင္း ရုန္းကန္လာ၏။
ေဖြးက မ်က္ရည္ေတြရႊဲေနေအာင္ငိုယိုၿပီး ကေလးဆိုးေလးလိုရုန္းထြက္ေနေသာ ေဖြးေၾကာင့္ ပိုၿပီးစိတ္တိုသြားမိကာ ေဖြးလည္ပင္းေလးကို ခပ္ဆတ္ဆတ္ရိုက္ပစ္လိုက္သည္။
ရႈံ႔မဲ့သြားေသာမ်က္ႏွာေလးျဖင့္ ေဖြး သူ႔ရင္ခြင္မွာတျဖည္းျဖည္းေခြက်လာ၍ ေက်ေက်နပ္နပ္ႃပံုးလိုက္မိသည္။
"ကိုကို"
ညည္းသံတိုးတိုးေလးျဖင့္ ေပ်ာ့ေခြသြားသၫ့္သူမကိုယ္ေလးကို ေပြ့ယူလိုက္ၿပီး ကားေပၚတင္လိုက္ကာ ခါးပတ္ကိုေသခ်ာပတ္ေပးရင္း နဖူးေလးကိုငံု႔နမ္းလိုက္သည္။
အစကတည္းက လက္ထပ္ဖို႔စဥ္းစားၿပီးသားျဖစ္ေပမယ့္ မင္းကိုရဖို႔ ဘာမဆိုျပင္ဆင္ထားတဲ့အခ်ိန္မွာမွ ေဖြးရယ္...
〰〰📑📑📑〰〰
အိပ္ခါနီးအထိ သမီးဖုန္းမဆက္ေသးတာမို႔ စိတ္ထဲပူပန္ေနမိရင္း ျမဴ သမီးဆီကိုဖုန္းေခၚလိုက္သည္။
ခါတိုင္းဆို ၂ခါေလာက္ဝင္ရံုနဲ႔ကိုင္တတ္ေပမယ့္ ဒီတစ္ခါေတာ့ အေတာ္ၾကာသည္အထိဖုန္းမကိုင္၍ ရင္ထဲပိုၿပီးပူလာမိသည္။
သမီးဘာျဖစ္ေနလို႔ပါလိမ့္...
အတန္ၾကာမွဖုန္းကိုင္လာၿပီး ဖုန္းေျဖသံက ေယာက်ာ္းသံျဖစ္ေနသည့္အျပင္ ျမဴရင္းႏွီးခဲ့သၫ့္အသံ…
"ေနေကာင္းရဲ့လား မိန္းမ"
ျမဴ႔ရင္ထဲ ဒိန္းခနဲျဖစ္သြားၿပီး ေျခဖ်ားလက္ဖ်ားေတြပါေအးစက္သြားသလို ခံစားလိုက္ရသည္။
ဒီအသံကို ျမဴ ဘယ္လိုေမ့ႏိုင္မွာတဲ့လဲ..
ခမ္း......
〰〰📑📑📑〰〰
Part 33 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997