သူ မသိသောအခြားတစ်ဖက်၌ ( Part - 18 )
〰〰〰〰〰
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်တော့ ဖွေးသည် ရုတ်တရက်ပျော်ရွှင်သွားပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည်။
မြင်နေကျအရောင်ထက် ပိုပြီးပြာလွင်နေသလို ဒီမြေရဲ့ကြိုဆိုပုံက ရင်းနှီးနွေးထွေးလွန်းလှသည်။
Singaporeမှာ ၃ရက်လောက်အချိန်ယူပြီးမှ ဒီကိုခိုးထွက်လာခဲ့၍ မေမေ မသိလောက်။
မြန်မာပြည်ကို ခြေမချရဘူးဆိုသည့်ကတိကို ချက်ချင်းချိုးဖောက်ပစ်မိသည်မို့လည်း မေမေ့ကိုအားနာမိပေမယ့် မေမေညစ်မှတော့ ဖွေးလည်းပြန်ညစ်သင့်သည်မလား။
မန္တလေးကိုချက်ချင်းရောက်လာတော့ ဖွေး အဆောင်တွေမှာမနေတတ်၍ တိုက်ခန်းငှားဖို့ကြိုးစားတော့ မြရည်နန္ဒာဘက်မှာ အိမ်လေးတစ်လုံးရလိုက်သည်။
အိမ်ဆိုပေမယ့် နှစ်ထပ်တိုက်အိမ်လေးမှာ အောက်ထပ်ကအိမ်ရှင်မိသားစုနေပြီး ဖွေးကအပေါ်ထပ်တစ်ထပ်လုံးငှားလိုက်ခြင်းဖြစ်သည်။
"ဖွေး ၆လစာချုပ်မယ် ၆လပြည့်မှနောက်ထပ်စာချုပ်မယ်"
အိမ်ရှင်မိသားစုကလည်း သဘောကောင်းသူတွေမို့ ဖွေးလိုအပ်သမျှကူညီပေးသည့်အပြင် ဆိုင်ကယ်ပါ ဝယ်ပေး၍ ဖွေးအတွက်ပိုအဆင်ပြေသွားသည်။
ဆိုင်ကယ်ကိုသိပ်မမောင်းတတ်ပေမယ့် အော်တိုဂီယာတွေပဲမို့ အဆင်တပြေတော့ရှိသည်။
ပထမခြေလှမ်းအနေဖြင့် မေမေ့မွေးရပ်မြေ မန္တလေးကိုရောက်ခဲ့ပြီမို့ ဘယ်ကစပြီးလုပ်ရမလဲစဥ်းစားမိတော့ ခေါင်းထဲမှာ ဘာမှမရှိ။
မေမေသည် မန္တလေးမှာမွေးခဲ့သည်ဆိုတာကလွဲလို့ ဘာမှမပြောခဲ့သလို ဖေဖေဆိုသည့်ယောကျာ်းတစ်ယောက်အကြောင်းကိုလည်း အမြဲလိုလိုထိန်ချန်ထားသည်။
ဖွေးမှာ မေမေနဲ့ဖွေးငယ်ငယ်က ဓာတ်ပုံလေးတစ်ပုံသာပါလာခဲ့၍ ထိုဓာတ်ပုံလေးကိုပဲ ဖွေးအားကိုးရမှာဖြစ်သည်။
"နေရတာ အဆင်ပြေရဲ့လားသမီးလေး"
"ပြေပါတယ် နေရာအသစ်မို့လို့လားတော့မသိဘူး ဖွေးအရမ်းပျော်နေတယ်"
"ကျန်းမာရေးကိုဂရုစိုက်နော် နေမကောင်းရင် ဆေးခန်းသွားပြ အမဲသားမစားရဘူးနော်"
ဖွေးက အမဲသားနဲ့မတည့်သော allergicရှိတာမို့ ဒါကိုလည်း မမေ့မဖြစ်မှာနေကာ မေမေဟာ ဖွေးကိုယုံကြည်စိတ်ချထားဟန်ဖြင့် ဘာမှမတင်းကျပ်ထား။
ဖွေး မေမေ့ကိုလိမ်နေတာ တရားရဲ့လားမသိ...
သို့သော် ဒီအတိုင်းလည်းမနေချင်တာမို့ ဖွေးအလုပ်ရှာတော့ ရှန်ဟိုင်းကထွက်လာသည့်၁၀ရက်မြောက်မှာပဲ ဖွေးအလုပ်ရလေသည်။
"တရုတ်စကားပြန်ရှာနေတာ တရုတ်စာမှာ4 skillကျွမ်းကျင်ရင်ရပြီ"
"ဖွေးရပါတယ်"
ကံကောင်းထောက်မစွာဖြင့် ရေချိုးခန်းသုံးပစ္စည်းအရောင်းခန်းမမှာ စကားပြန်အလုပ်ကိုရခဲ့ကာ ဖွေးက မြန်မာစကားကိုလည်းကျွမ်းကျင်ပြီး တရုတ်ကျောင်းသားမှတ်ပုံတင်နှင့်မို့ သူဌေးကလည်း တန်းခန့်လိုက်ခြင်းဖြစ်သည်။
"ရူးကို ကုန်စွပ်ပုရှစ်လိသဲ့ဟွ ချင်ကောက်စွပ်ဝေါ်"
(တကယ်လို့ အလုပ်လုပ်ရတာ အဆင်မပြေရင်ပြောပါ)
"ရှဲ့ရှဲ့" (ကျေးဇူးပါ)
မေမေ့ဆီက မုန့်ဖိုးတောင်းစရာမလိုတော့၍ ဖွေးတော်တော်ကျေနပ်သွားပြီး ဒီအလုပ်ကရသည့်အပေါင်းအသင်းတွေကတစ်ဆင့် မေမေ့အကြောင်းလိုက်စုံစမ်းဖို့ပါ စိတ်ကူးမိသည်။
အထူးသဖြင့် ဖေဖေ...
ဖေဖေ ရှိ မရှိ ဖွေးသိချင်ပါသေးသည်။
ရှိခဲ့ရင်လည်းတွေ့ချင်သေးသလို မရှိတော့ရင်လည်း အုတ်ဂူကိုဖြစ်ဖြစ်ကန်တော့ပြီး အရိုအသေပေးချင်ပါသေးသည်။
မေမေ့ကိုမေးတိုင်း ခေါင်းခါပြတတ်သည့်ဖေဖေက ဖွေးအတွက်တော့ ပဟေဠိလိုပဲမို့ မျက်နှာဖြစ်ဖြစ်မြင်ဖူးချင်မိသည်။
ဖွေးတို့ကိုဘာကြောင့်ပစ်ထားသလဲဟုလည်းမေးကြည့်ချင်သည်။
ဖွေးရောက်နေပြီ ဖေဖေ။
ဖွေးကိုလမ်းပြပါဦး...
〰〰📑📑📑〰〰
အပြင်ကိုငေးနေရင်း ဆတ်ခနဲဖြစ်သွားတော့ ကားမောင်းနေသည့်ရဲနောင်ကလှည့်ကြည့်ကာ ချက်ချင်းလိုလိုရှေ့ပြန်လှည့်သွား၏။
နောက်ကြည့်မှန်ကတစ်ဆင့် သူ့ဆီအကြည့်တွေရောက်လာပြီး...
"ဘာဖြစ်လို့လဲ အစ်ကိုလေး"
သူ သက်ပြင်းတစ်ချက်ခိုးချရင်း ခေါင်းခါပြလိုက်သည်။
အိမ်မက်လိုလို ဘာလိုလိုဖြင့် မိန်းကလေးတစ်ယောက်ရဲ့အသံကို ပီပီသသကြားလိုက်ပေမယ့် ဇဝေဇဝါဖြစ်နေဆဲ။
ရောက်နေပြီ တဲ့...
ဘယ်သူရောက်တာလဲ...
အိမ်ကိုပြန်ရောက်တော့ ဒေါ်လေးမိသာ အိမ်အဝအထိလာကြိုပြီး သူ့လက်ထဲကပစ္စည်းတွေလာယူတော့ မြူ့ကိုပြင်းပြင်းပြပြလွမ်းမိသည်။
၁၈နှစ်တောင်ကြာခဲ့ပြီ မြူရေ
ငါတို့လည်း အသက်တွေကြီးနေပါပြီ...
နင် ခုချိန်ထိဘယ်ကိုများရောက်နေသလဲ...
"ဖေဖေ အလုပ်တွေပါလာသေးလား"
သျှင်က သူတွေဝေငေးမောနေ၍ အလုပ်ကိုတွေးနေသလားဟု စကားစလာတော့ သူခေါင်းခါပြလိုက်သည်။
အပေါ်ထပ်ကို တိတ်တဆိတ်တက်လာခဲ့တော့ သူ့အခန်းသည် မြူနဲ့သူ နေခဲ့စဥ်ကလို အခန်းလေးက သပ်ရပ်သစ်လွင်နေဆဲဖြစ်ကာ မြူရှိခဲ့ဖူးသော အိပ်ယာတစ်ခြမ်းလေးကလည်း နေရာလွတ်နေဆဲ။
"စုံစမ်းခိုင်းထားတာ ဘာထူးသေးလဲ သား"
"မထူးသေးဘူး ဖေဖေ နေမကောင်းဘူးလား မျက်နှာသိပ်မလန်းဘူး"
"ကောင်းပါတယ် ထူးထူးဆန်းဆန်းသတိရသွားတာလေးရှိလို့ ကလေးက အခုဆို ၁၆နှစ်လောက်ရှိလောက်ပြီဆိုပြီး"
မျက်လုံးထဲပုံဖော်ကြည့်ပေမယ့် ကလေးသည် မြူ့မျက်နှာနဲ့ပဲသွားတူနေ၍ သူ့အဖြစ်ဟာ ရယ်စရာတော့ကောင်းနေသေး၏။
သျှင်ကတော့ ဘာပြောရမှန်းမသိသလို ခေါင်းကိုကုတ်လိုက်၊ မျက်နှာလွှဲလိုက်။
"ဖေဖေ ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားနေပါတယ် အန်တီမြူ့ကိုပြန်တွေ့မှာပါ ကလေးကလည်း ဖေဖေ့ကိုလာရှာချင်ရှာမှာပေါ့"
"မြူက ခွင့်ပြုမှာမဟုတ်ဘူး သား.. အခုအချိန်ထိမတွေ့သေးတာဟာ မြူ့ရဲ့ပါးနပ်မှုတွေကြောင့်ပဲ ကလေးကိုလည်း ဖေဖေနဲ့ပတ်သတ်ပြီး တစ်လုံးတစ်လေမှပြန်ပြောမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ကလေးက ရှာချင်ပါတယ်ဆိုရင်တောင်မှ ဘယ်လိုမှရှာလို့မရအောင်အထိ.."
သူ့စကားရပ်သွားကာ ဆို့နစ်ကြေကွဲလာသည်။
ကိုယ့်သွေးသားလေးဟာ သူကိုယ်တိုင်သက်ရှိထင်ရှား ရှိနေပါလျက် အဖမဲ့ကလေးလို ကြီးပြင်းလာရမည့်အဖြစ်ကိုတွေးပြီး ရင်နာမိသည်။
ထိုသွေးသားလေးသည် သားလေးလား၊ သမီးလေးလားတောင် ခွဲခြားမသိရသည့်ကိုယ့်ကိုယ်ကိုလည်း စိတ်နာမိသည်။
မြူ့ကို ဒီ့ထက်ပိုပြီးချစ်မြတ်နိုးပေးခဲ့ရမှာ ဆိုသည့် နောင်တတွေဖြင့် တစ်ချိန်လုံးစူးနင့်ကြေကွဲနေမိသည်အထိ။
"ဖေဖေ သားရှိပါသေးတယ်"
သျှင် ထိုသို့ပြောလာတိုင်း သူ့စိတ်ထဲပြေလျော့သွားရစမြဲဖြစ်ပြီး အခုလည်း သားစိတ်ကျေနပ်အောင် ခေါင်းညိတ်ပြလိုက်သည်။
ရေချိုးဖို့အတွက် သားကိုယ်တိုင် ရေစပ်ပြီးပြင်ဆင်ပေးတာမို့ စိတ်မပါပေမယ့် ရေချိုးပြီးအနားယူဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ငါတကယ်အနားယူချင်ပါပြီ မြူရယ်•••
〰〰📑📑📑〰〰
တစ်နေကုန် သူဌေးနောက်ကလိုက်နေရ၍ ညောင်းနေတာမို့ အိမ်ရောက်မှပဲ ရေအဝချိုးပြီးနားပစ်ဖို့ကြံစည်မိသည်။
ဖွေးကိုယ့်အတွေးနဲ့ကိုယ်ပြုံးပြီး လက်ကိုဆန့်လိုက်တော့ ဖြန်းခနဲ တစ်စုံတစ်ခုကိုရိုက်မိသွား၏။
ဖွေးလန့်သွားပြီးလှည့်ကြည့်မိတော့ ဖွေးလက်နှင့်တိုက်မိသွားသော စာရွက်တွေကိုအသည်းအသန်လိုက်ကောက်နေသည့် လူတစ်ယောက်။
"ဆောရီးပါ တောင်းပန်ပါတယ် ဖွေးမမြင်လိုက်လို့"
ထိုလူ့ကိုလည်းမကြည့်မိဘဲ စာရွက်တွေလိုက်ကောက်ပေးရင်း အားလုံးစုထပ်လိုက်ကာ ထိုလူ့ကိုပြန်ပေးလိုက်သည်။
"တောင်းပန်ပါတယ်"
ရှန်ဟိုင်းမှာကြီးလာသူမို့ ခါးညွှတ်ပြီး တရုတ်ရိုးရာအတိုင်းတောင်းပန်မိတော့ ထိုလူက အံ့သြသလိုကြည့်နေ၏။
သို့သော် မျက်မှောင်ပြန်ကုပ်သွားပြီး စာရွက်တွေကိုစစ်ဆေးနေရင်းမှ...
"ရတယ် ကျေးဇူးပဲ"
သြရှရှအသံကြောင့် ဖွေးစိတ်ဝင်စားသွားပြီး ဖျတ်ခနဲမော့ကြည့်မိတော့ သူက အသားညိုညိုနှင့်ယောကျာ်းတစ်ယောက်ဖြစ်သည်။
မျက်ခုံးထူထူတွေဖြင့် စူးလက်နေသည့်မျက်လုံးတွေက ယောကျာ်းလေးတန်မဲ့ မျက်တောင်တွေ ကော့ညွတ်နေ၏။
ထောင့်ချိုးညီသောနှုတ်ခမ်းတို့က မာနကြီးပုံပေါ်နေခဲ့ပြီး ထိုလူဟာရုပ်ကလေးချောလွန်းသလောက် ဖွေးကိုတော့စိတ်ဆိုးသလိုကြည့်နေခဲ့သည်။
"မင်းဘာကြည့်နေတာလဲ မိန်းကလေးဖြစ်ပြီး အဲ့လောက်တောင် အကြည့်ရဲရသလား"
သူ့ကိုငေးနေမိရင်း တဲ့တိုးကြီးအဖဲ့ခံလိုက်ရ၍ ဖွေးရှက်သွားပြီး မျက်နှာကိုချက်ချင်းပြန်ပြင်ကာ မျက်စောင်းထိုးပစ်လိုက်သည်။
ဒါကိုပဲ သူကသဘောမကျသလိုပုံစံဖြင့် ဖွေးကိုပေစောင်းစောင်းကြည့်ကာ စာရွက်တွေကိုတစ်ရွက်ကြည့်ကာ စုပ်တသပ်သပ်။
"စာရွက်တွေစွန်းကုန်ပြီကွာ မင်း နမော်နမဲ့နိုင်လိုက်တာ"
စာရွက်လေးစွန်းတာကိုတောင် ဖြစ်ပျက်နေသည့်ဇီဇာကြောင်လွန်းသောထိုမျက်နှာကြီးကို ဖွေး မျက်လုံးလေးစွေကြည့်လိုက်မိသည်။
စာရွက်တွေကတော့ ပေကုန်တာမျိုးရှိပေမယ့် ရုပ်ပျက်ဆင်းပျက်ကြီးလည်းမဟုတ်ပြန်။
ဒါကို ဘာလို့...
"ဖွေးပြန်ကောက်ပေးတယ်လေ ရှင့်ကိုမျက်နှာလွှဲခဲပစ်လုပ်တာမှမဟုတ်ဘဲ ပြီးတော့တမင်တိုက်တာလည်းမဟုတ်ဘူး ဖွေးအရမ်းညောင်းနေလို့ လက်ဆန့်မိတာ ဒါကိုကြီးကျယ်နေလိုက်တာ"
"ဟုတ်တယ် ကြီးကျယ်တယ် ငါကစာရွက်တွေမှာ စွန်းတာထင်းတာ လုံးဝမကြိုက်ဘူး အခုမင်းကြောင့်မို့ စွန်းကုန်ပြီ"
"အသစ်ပြန်လုပ်လိုက်ရင်ရနေတာပဲ ရှင့်စာရွက်တွေကို ဖွေးကော်ပီပြန်ကူးပေးမယ် ပေး.. ရှင့်စာရွက်တွေ"
ဆိုင်ရှေ့မှာပဲရှိနေသေးတာမို့ ဖွေး ဆိုင်ထဲပြန်ဝင်ပြီး မိတ္တူဆွဲပေးလို့ရသည်။
ထို့ကြောင့် သူ့လက်ထဲကစာရွက်တွေကိုပြန်ယူဖို့ပြင်တော့ ထိုလူက ဖွေးအရပ်နဲ့မမှီအောင် လက်တစ်ဖက်မြှောက်ပစ်လိုက်သည်။
မုန်းစရာကောင်းအောင်ကြီးကျယ်သည့်ထိုလူက ချောရုံသာချောတာမဟုတ်ဘဲ ဖွေးထက် ခေါင်းနှစ်လုံးစာလောက်မြင့်သည့် အရပ်ကြီးနှင့်ဖြစ်သည်။
သူ့ရှေ့မှာ စာရွက်တွေခုန်ပေါက်လိုက်လုနေသောဖွေးဟာ ကလေးပိစိလေးလိုဖြစ်ကာ ဖွေးအရပ်က သူ့ရင်ဘတ်ကိုမှီရုံသာရှိ၏။
"ရတယ် မလိုဘူး"
ခပ်ပြတ်ပြတ်လေသံဖြင့် ကြီးကျယ်လွန်းသော ထိုလူ့ကိုဖွေးအမြင်ကတ်သွားကာ ဆောင့်ကြီးအောင့်ကြီးဖြင့် နောက်ကိုပြန်ဆုတ်လိုက်သည်။
"အဲ့ဒါဆို ဖွေးဘာလုပ်ပေးရမလဲ"
"ငါနဲ့ထပ်မတွေ့အောင်သာနေ"
"အမလေး ကြီးကျယ်လိုက်တာ ဒီကလည်းရှင့်ကိုတွေ့ချင်လွန်းလို့"
"ပြောမရဘူးလေ စောစောကပဲ မင်းငါ့ကိုကြည့်နေတာမလား"
"အဲ့ဒါကရိုးရိုးသားသားကြည့်တာ အခု ဖွေးဘညလုပ်ပေးရမလဲ"
"မလိုဘူး ရပြီ"
"ပြီးရော သွားတော့မယ်"
ဖွေး ကိုယ့်ဘာသာနှုတ်ဆက်ပြီး ဆိုင်ကယ်ဦးထုတ်ဆောင်းကာ ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်သည်အထိ ထိုလူက လိုက်ကြည့်နေဆဲ။
သူကြည့်နေပုံက ဖွေးက သူ့ကိုပြဿနာထပ်ရှာမှာ စိုးနေသလိုပင်။
ဖွေး မျက်စောင်းလေးထိုးပစ်ကာ ဆိုင်ကယ်ကိုမောင်းထွက်လာတော့ ထိုလူက ဆိုင်ရှေ့မှာပဲရပ်ကျန်နေခဲ့၏။
မြန်မာပြည်မှာလည်း ဒီလိုကြီးကျယ်ပြီး ဇီဇာကြောင်တဲ့သူကရှိသေးတယ်..
အံ့ပါ့ရဲ့...
〰〰📑📑📑〰〰
Part 19 ဆက်ရန်
သျှင်နဲ့ ဖွေး🥰
AIကထုတ်ပေးတဲ့ပုံလေးတွေ
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~
သူ မသိေသာအျခားတစ္ဖက္၌ ( Part - 18 )
〰〰〰〰〰
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကိုေရာက္ေတာ့ ေဖြးသည္ ရုတ္တရက္ေပ်ာ္ရႊင္သြားၿပီး ေကာင္းကင္ႀကီးကို ေမာ့ၾကည့္လိုက္မိသည္။
ျမင္ေနက်အေရာင္ထက္ ပိုၿပီးျပာလြင္ေနသလို ဒီေျမရဲ့ႀကိဳဆိုပံုက ရင္းႏွီးေနြးေထြးလြန္းလွသည္။
Singaporeမွာ ၃ရက္ေလာက္အခ်ိန္ယူၿပီးမွ ဒီကိုခိုးထြက္လာခဲ့၍ ေမေမ မသိေလာက္။
ျမန္မာျပည္ကို ေျခမခ်ရဘူးဆိုသၫ့္ကတိကို ခ်က္ခ်င္းခ်ိဳးေဖာက္ပစ္မိသည္မို႔လည္း ေမေမ့ကိုအားနာမိေပမယ့္ ေမေမညစ္မွေတာ့ ေဖြးလည္းျပန္ညစ္သင့္သည္မလား။
မႏၲေလးကိုခ်က္ခ်င္းေရာက္လာေတာ့ ေဖြး အေဆာင္ေတြမွာမေနတတ္၍ တိုက္ခန္းငွားဖို႔ႀကိဳးစားေတာ့ ျမရည္နႏၵာဘက္မွာ အိမ္ေလးတစ္လံုးရလိုက္သည္။
အိမ္ဆိုေပမယ့္ ႏွစ္ထပ္တိုက္အိမ္ေလးမွာ ေအာက္ထပ္ကအိမ္ရွင္မိသားစုေနၿပီး ေဖြးကအေပၚထပ္တစ္ထပ္လံုးငွားလိုက္ျခင္းျဖစ္သည္။
"ေဖြး ၆လစာခ်ဳပ္မယ္ ၆လျပၫ့္မွေနာက္ထပ္စာခ်ဳပ္မယ္"
အိမ္ရွင္မိသားစုကလည္း သေဘာေကာင္းသူေတြမို႔ ေဖြးလိုအပ္သမ်ွကူညီေပးသၫ့္အျပင္ ဆိုင္ကယ္ပါ ဝယ္ေပး၍ ေဖြးအတြက္ပိုအဆင္ေျပသြားသည္။
ဆိုင္ကယ္ကိုသိပ္မေမာင္းတတ္ေပမယ့္ ေအာ္တိုဂီယာေတြပဲမို႔ အဆင္တေျပေတာ့ရိွသည္။
ပထမေျခလွမ္းအေနျဖင့္ ေမေမ့ေမြးရပ္ေျမ မႏၲေလးကိုေရာက္ခဲ့ၿပီမို႔ ဘယ္ကစၿပီးလုပ္ရမလဲစဥ္းစားမိေတာ့ ေခါင္းထဲမွာ ဘာမွမရိွ။
ေမေမသည္ မႏၲေလးမွာေမြးခဲ့သည္ဆိုတာကလဲြလို႔ ဘာမွမေျပာခဲ့သလို ေဖေဖဆိုသၫ့္ေယာက်ာ္းတစ္ေယာက္အေၾကာင္းကိုလည္း အၿမဲလိုလိုထိန္ခ်န္ထားသည္။
ေဖြးမွာ ေမေမနဲ႔ေဖြးငယ္ငယ္က ဓာတ္ပံုေလးတစ္ပံုသာပါလာခဲ့၍ ထိုဓာတ္ပံုေလးကိုပဲ ေဖြးအားကိုးရမွာျဖစ္သည္။
"ေနရတာ အဆင္ေျပရဲ့လားသမီးေလး"
"ေျပပါတယ္ ေနရာအသစ္မို႔လို႔လားေတာ့မသိဘူး ေဖြးအရမ္းေပ်ာ္ေနတယ္"
"က်န္းမာေရးကိုဂရုစိုက္ေနာ္ ေနမေကာင္းရင္ ေဆးခန္းသြားျပ အမဲသားမစားရဘူးေနာ္"
ေဖြးက အမဲသားနဲ႔မတၫ့္ေသာ allergicရိွတာမို႔ ဒါကိုလည္း မေမ့မျဖစ္မွာေနကာ ေမေမဟာ ေဖြးကိုယံုၾကည္စိတ္ခ်ထားဟန္ျဖင့္ ဘာမွမတင္းက်ပ္ထား။
ေဖြး ေမေမ့ကိုလိမ္ေနတာ တရားရဲ့လားမသိ...
သို႔ေသာ္ ဒီအတိုင္းလည္းမေနခ်င္တာမို႔ ေဖြးအလုပ္ရွာေတာ့ ရွန္ဟိုင္းကထြက္လာသၫ့္၁၀ရက္ေျမာက္မွာပဲ ေဖြးအလုပ္ရေလသည္။
"တရုတ္စကားျပန္ရွာေနတာ တရုတ္စာမွာ4 skillကၽြမ္းက်င္ရင္ရၿပီ"
"ေဖြးရပါတယ္"
ကံေကာင္းေထာက္မစြာျဖင့္ ေရခ်ိဳးခန္းသံုးပစၥည္းအေရာင္းခန္းမမွာ စကားျပန္အလုပ္ကိုရခဲ့ကာ ေဖြးက ျမန္မာစကားကိုလည္းကၽြမ္းက်င္ၿပီး တရုတ္ေက်ာင္းသားမွတ္ပံုတင္ႏွင့္မို႔ သူေဌးကလည္း တန္းခန႔္လိုက္ျခင္းျဖစ္သည္။
"ရူးကို ကုန္စြပ္ပုရွစ္လိသဲ့ဟြ ခ်င္ေကာက္စြပ္ေဝၚ"
(တကယ္လို႔ အလုပ္လုပ္ရတာ အဆင္မေျပရင္ေျပာပါ)
"ရွဲ႔ရွဲ႔" (ေက်းဇူးပါ)
ေမေမ့ဆီက မုန႔္ဖိုးေတာင္းစရာမလိုေတာ့၍ ေဖြးေတာ္ေတာ္ေက်နပ္သြားၿပီး ဒီအလုပ္ကရသၫ့္အေပါင္းအသင္းေတြကတစ္ဆင့္ ေမေမ့အေၾကာင္းလိုက္စံုစမ္းဖို႔ပါ စိတ္ကူးမိသည္။
အထူးသျဖင့္ ေဖေဖ...
ေဖေဖ ရိွ မရိွ ေဖြးသိခ်င္ပါေသးသည္။
ရိွခဲ့ရင္လည္းေတြ့ခ်င္ေသးသလို မရိွေတာ့ရင္လည္း အုတ္ဂူကိုျဖစ္ျဖစ္ကန္ေတာ့ၿပီး အရိုအေသေပးခ်င္ပါေသးသည္။
ေမေမ့ကိုေမးတိုင္း ေခါင္းခါျပတတ္သၫ့္ေဖေဖက ေဖြးအတြက္ေတာ့ ပေဟဠိလိုပဲမို႔ မ်က္ႏွာျဖစ္ျဖစ္ျမင္ဖူးခ်င္မိသည္။
ေဖြးတို႔ကိုဘာေၾကာင့္ပစ္ထားသလဲဟုလည္းေမးၾကၫ့္ခ်င္သည္။
ေဖြးေရာက္ေနၿပီ ေဖေဖ။
ေဖြးကိုလမ္းျပပါဦး...
〰〰📑📑📑〰〰
အျပင္ကိုေငးေနရင္း ဆတ္ခနဲျဖစ္သြားေတာ့ ကားေမာင္းေနသၫ့္ရဲေနာင္ကလွၫ့္ၾကၫ့္ကာ ခ်က္ခ်င္းလိုလိုေရ႔ျွပန္လွၫ့္သြား၏။
ေနာက္ၾကၫ့္မွန္ကတစ္ဆင့္ သူ႔ဆီအၾကၫ့္ေတြေရာက္လာၿပီး...
"ဘာျဖစ္လို႔လဲ အစ္ကိုေလး"
သူ သက္ျပင္းတစ္ခ်က္ခိုးခ်ရင္း ေခါင္းခါျပလိုက္သည္။
အိမ္မက္လိုလို ဘာလိုလိုျဖင့္ မိန္းကေလးတစ္ေယာက္ရဲ့အသံကို ပီပီသသၾကားလိုက္ေပမယ့္ ဇေဝဇဝါျဖစ္ေနဆဲ။
ေရာက္ေနၿပီ တဲ့...
ဘယ္သူေရာက္တာလဲ...
အိမ္ကိုျပန္ေရာက္ေတာ့ ေဒၚေလးမိသာ အိမ္အဝအထိလာႀကိဳၿပီး သူ႔လက္ထဲကပစၥည္းေတြလာယူေတာ့ ျမဴ႔ကိုျပင္းျပင္းျပျပလြမ္းမိသည္။
၁၈ႏွစ္ေတာင္ၾကာခဲ့ၿပီ ျမဴေရ
ငါတို႔လည္း အသက္ေတြႀကီးေနပါၿပီ...
နင္ ခုခ်ိန္ထိဘယ္ကိုမ်ားေရာက္ေနသလဲ...
"ေဖေဖ အလုပ္ေတြပါလာေသးလား"
သ်ွင္က သူေတြေဝေငးေမာေန၍ အလုပ္ကိုေတြးေနသလားဟု စကားစလာေတာ့ သူေခါင္းခါျပလိုက္သည္။
အေပၚထပ္ကို တိတ္တဆိတ္တက္လာခဲ့ေတာ့ သူ႔အခန္းသည္ ျမဴနဲ႔သူ ေနခဲ့စဥ္ကလို အခန္းေလးက သပ္ရပ္သစ္လြင္ေနဆဲျဖစ္ကာ ျမဴရိွခဲ့ဖူးေသာ အိပ္ယာတစ္ျခမ္းေလးကလည္း ေနရာလြတ္ေနဆဲ။
"စံုစမ္းခိုင္းထားတာ ဘာထူးေသးလဲ သား"
"မထူးေသးဘူး ေဖေဖ ေနမေကာင္းဘူးလား မ်က္ႏွာသိပ္မလန္းဘူး"
"ေကာင္းပါတယ္ ထူးထူးဆန္းဆန္းသတိရသြားတာေလးရိွလို႔ ကေလးက အခုဆို ၁၆ႏွစ္ေလာက္ရိွေလာက္ၿပီဆိုၿပီး"
မ်က္လံုးထဲပံုေဖာ္ၾကၫ့္ေပမယ့္ ကေလးသည္ ျမဴ႔မ်က္ႏွာနဲ႔ပဲသြားတူေန၍ သူ႔အျဖစ္ဟာ ရယ္စရာေတာ့ေကာင္းေနေသး၏။
သ်ွင္ကေတာ့ ဘာေျပာရမွန္းမသိသလို ေခါင္းကိုကုတ္လိုက္၊ မ်က္ႏွာလႊဲလိုက္။
"ေဖေဖ ကၽြန္ေတာ္အတတ္ႏိုင္ဆံုးႀကိဳးစားေနပါတယ္ အန္တီျမဴ႔ကိုျပန္ေတြ့မွာပါ ကေလးကလည္း ေဖေဖ့ကိုလာရွာခ်င္ရွာမွာေပါ့"
"ျမဴက ခြင့္ျပဳမွာမဟုတ္ဘူး သား.. အခုအခ်ိန္ထိမေတြ့ေသးတာဟာ ျမဴ႔ရဲ့ပါးနပ္မႈေတြေၾကာင့္ပဲ ကေလးကိုလည္း ေဖေဖနဲ႔ပတ္သတ္ၿပီး တစ္လံုးတစ္ေလမျွပန္ေျပာမွာမဟုတ္ဘူး ဘာလို႔လဲဆိုေတာ့ ကေလးက ရွာခ်င္ပါတယ္ဆိုရင္ေတာင္မွ ဘယ္လိုမွရွာလို႔မရေအာင္အထိ.."
သူ႔စကားရပ္သြားကာ ဆို႔နစ္ေၾကကဲြလာသည္။
ကိုယ့္ေသြးသားေလးဟာ သူကိုယ္တိုင္သက္ရိွထင္ရွား ရိွေနပါလ်က္ အဖမဲ့ကေလးလို ႀကီးျပင္းလာရမၫ့္အျဖစ္ကိုေတြးၿပီး ရင္နာမိသည္။
ထိုေသြးသားေလးသည္ သားေလးလား၊ သမီးေလးလားေတာင္ ခဲြျခားမသိရသၫ့္ကိုယ့္ကိုယ္ကိုလည္း စိတ္နာမိသည္။
ျမဴ႔ကို ဒီ့ထက္ပိုၿပီးခ်စ္ျမတ္ႏိုးေပးခဲ့ရမွာ ဆိုသၫ့္ ေနာင္တေတျြဖင့္ တစ္ခ်ိန္လံုးစူးနင့္ေၾကကဲြေနမိသည္အထိ။
"ေဖေဖ သားရိွပါေသးတယ္"
သ်ွင္ ထိုသို႔ေျပာလာတိုင္း သူ႔စိတ္ထဲေျပေလ်ာ့သြားရစၿမဲျဖစ္ၿပီး အခုလည္း သားစိတ္ေက်နပ္ေအာင္ ေခါင္းညိတ္ျပလိုက္သည္။
ေရခ်ိဳးဖို႔အတြက္ သားကိုယ္တိုင္ ေရစပ္ၿပီးျပင္ဆင္ေပးတာမို႔ စိတ္မပါေပမယ့္ ေရခ်ိဳးၿပီးအနားယူဖို႔သာ ဆံုးျဖတ္လိုက္ေတာ့သည္။
ငါတကယ္အနားယူခ်င္ပါၿပီ ျမဴရယ္•••
〰〰📑📑📑〰〰
တစ္ေနကုန္ သူေဌးေနာက္ကလိုက္ေနရ၍ ေညာင္းေနတာမို႔ အိမ္ေရာက္မွပဲ ေရအဝခ်ိဳးၿပီးနားပစ္ဖို႔ႀကံစည္မိသည္။
ေဖြးကိုယ့္အေတြးနဲ႔ကိုယ္ႃပံုးၿပီး လက္ကိုဆန္႔လိုက္ေတာ့ ျဖန္းခနဲ တစ္စံုတစ္ခုကိုရိုက္မိသြား၏။
ေဖြးလန႔္သြားၿပီးလွၫ့္ၾကၫ့္မိေတာ့ ေဖြးလက္ႏွင့္တိုက္မိသြားေသာ စာရြက္ေတြကိုအသည္းအသန္လိုက္ေကာက္ေနသၫ့္ လူတစ္ေယာက္။
"ေဆာရီးပါ ေတာင္းပန္ပါတယ္ ေဖြးမျမင္လိုက္လို႔"
ထိုလူ႔ကိုလည္းမၾကၫ့္မိဘဲ စာရြက္ေတြလိုက္ေကာက္ေပးရင္း အားလံုးစုထပ္လိုက္ကာ ထိုလူ႔ကိုျပန္ေပးလိုက္သည္။
"ေတာင္းပန္ပါတယ္"
ရွန္ဟိုင္းမွာႀကီးလာသူမို႔ ခါးၫႊတ္ၿပီး တရုတ္ရိုးရာအတိုင္းေတာင္းပန္မိေတာ့ ထိုလူက အံ့ၾသသလိုၾကၫ့္ေန၏။
သို႔ေသာ္ မ်က္ေမွာင္ျပန္ကုပ္သြားၿပီး စာရြက္ေတြကိုစစ္ေဆးေနရင္းမွ...
"ရတယ္ ေက်းဇူးပဲ"
ၾသရွရွအသံေၾကာင့္ ေဖြးစိတ္ဝင္စားသြားၿပီး ဖ်တ္ခနဲေမာ့ၾကၫ့္မိေတာ့ သူက အသားညိုညိုႏွင့္ေယာက်ာ္းတစ္ေယာက္ျဖစ္သည္။
မ်က္ခံုးထူထူေတျြဖင့္ စူးလက္ေနသၫ့္မ်က္လံုးေတြက ေယာက်ာ္းေလးတန္မဲ့ မ်က္ေတာင္ေတြ ေကာ့ၫြတ္ေန၏။
ေထာင့္ခ်ိဳးညီေသာႏႈတ္ခမ္းတို႔က မာနႀကီးပံုေပၚေနခဲ့ၿပီး ထိုလူဟာရုပ္ကေလးေခ်ာလြန္းသေလာက္ ေဖြးကိုေတာ့စိတ္ဆိုးသလိုၾကၫ့္ေနခဲ့သည္။
"မင္းဘာၾကၫ့္ေနတာလဲ မိန္းကေလးျဖစ္ၿပီး အဲ့ေလာက္ေတာင္ အၾကၫ့္ရဲရသလား"
သူ႔ကိုေငးေနမိရင္း တဲ့တိုးႀကီးအဖဲ့ခံလိုက္ရ၍ ေဖြးရွက္သြားၿပီး မ်က္ႏွာကိုခ်က္ခ်င္းျပန္ျပင္ကာ မ်က္ေစာင္းထိုးပစ္လိုက္သည္။
ဒါကိုပဲ သူကသေဘာမက်သလိုပံုစံျဖင့္ ေဖြးကိုေပေစာင္းေစာင္းၾကၫ့္ကာ စာရြက္ေတြကိုတစ္ရြက္ၾကၫ့္ကာ စုပ္တသပ္သပ္။
"စာရြက္ေတြစြန္းကုန္ၿပီကြာ မင္း နေမာ္နမဲ့ႏိုင္လိုက္တာ"
စာရြက္ေလးစြန္းတာကိုေတာင္ ျဖစ္ပ်က္ေနသၫ့္ဇီဇာေၾကာင္လြန္းေသာထိုမ်က္ႏွာႀကီးကို ေဖြး မ်က္လံုးေလးေစြၾကၫ့္လိုက္မိသည္။
စာရြက္ေတြကေတာ့ ေပကုန္တာမ်ိဳးရိွေပမယ့္ ရုပ္ပ်က္ဆင္းပ်က္ႀကီးလည္းမဟုတ္ျပန္။
ဒါကို ဘာလို႔...
"ေဖြးျပန္ေကာက္ေပးတယ္ေလ ရွင့္ကိုမ်က္ႏွာလႊဲခဲပစ္လုပ္တာမွမဟုတ္ဘဲ ၿပီးေတာ့တမင္တိုက္တာလည္းမဟုတ္ဘူး ေဖြးအရမ္းေညာင္းေနလို႔ လက္ဆန႔္မိတာ ဒါကိုႀကီးက်ယ္ေနလိုက္တာ"
"ဟုတ္တယ္ ႀကီးက်ယ္တယ္ ငါကစာရြက္ေတြမွာ စြန္းတာထင္းတာ လံုးဝမႀကိဳက္ဘူး အခုမင္းေၾကာင့္မို႔ စြန္းကုန္ၿပီ"
"အသစ္ျပန္လုပ္လိုက္ရင္ရေနတာပဲ ရွင့္စာရြက္ေတြကို ေဖြးေကာ္ပီျပန္ကူးေပးမယ္ ေပး.. ရွင့္စာရြက္ေတြ"
ဆိုင္ေရ႔ွမွာပဲရိွေနေသးတာမို႔ ေဖြး ဆိုင္ထဲျပန္ဝင္ၿပီး မိတၲူဆဲြေပးလို႔ရသည္။
ထို႔ေၾကာင့္ သူ႔လက္ထဲကစာရြက္ေတြကိုျပန္ယူဖို႔ျပင္ေတာ့ ထိုလူက ေဖြးအရပ္နဲ႔မမွီေအာင္ လက္တစ္ဖက္ၿမွောက္ပစ္လိုက္သည္။
မုန္းစရာေကာင္းေအာင္ႀကီးက်ယ္သၫ့္ထိုလူက ေခ်ာရံုသာေခ်ာတာမဟုတ္ဘဲ ေဖြးထက္ ေခါင္းႏွစ္လံုးစာေလာက္ျမင့္သၫ့္ အရပ္ႀကီးႏွင့္ျဖစ္သည္။
သူ႔ေရ႔ွမွာ စာရြက္ေတြခုန္ေပါက္လိုက္လုေနေသာေဖြးဟာ ကေလးပိစိေလးလိုျဖစ္ကာ ေဖြးအရပ္က သူ႔ရင္ဘတ္ကိုမွီရံုသာရိွ၏။
"ရတယ္ မလိုဘူး"
ခပ္ျပတ္ျပတ္ေလသံျဖင့္ ႀကီးက်ယ္လြန္းေသာ ထိုလူ႔ကိုေဖြးအျမင္ကတ္သြားကာ ေဆာင့္ႀကီးေအာင့္ႀကီးျဖင့္ ေနာက္ကိုျပန္ဆုတ္လိုက္သည္။
"အဲ့ဒါဆို ေဖြးဘာလုပ္ေပးရမလဲ"
"ငါနဲ႔ထပ္မေတြ့ေအာင္သာေန"
"အမေလး ႀကီးက်ယ္လိုက္တာ ဒီကလည္းရွင့္ကိုေတြ့ခ်င္လြန္းလို႔"
"ေျပာမရဘူးေလ ေစာေစာကပဲ မင္းငါ့ကိုၾကည့္ေနတာမလား"
"အဲ့ဒါကရိုးရိုးသားသားၾကၫ့္တာ အခု ေဖြးဘညလုပ္ေပးရမလဲ"
"မလိုဘူး ရၿပီ"
"ၿပီးေရာ သြားေတာ့မယ္"
ေဖြး ကိုယ့္ဘာသာႏႈတ္ဆက္ၿပီး ဆိုင္ကယ္ဦးထုတ္ေဆာင္းကာ ဆိုင္ကယ္ေပၚတက္ထိုင္လိုက္သည္အထိ ထိုလူက လိုက္ၾကည့္ေနဆဲ။
သူၾကၫ့္ေနပံုက ေဖြးက သူ႔ကိုျပႆနာထပ္ရွာမွာ စိုးေနသလိုပင္။
ေဖြး မ်က္ေစာင္းေလးထိုးပစ္ကာ ဆိုင္ကယ္ကိုေမာင္းထြက္လာေတာ့ ထိုလူက ဆိုင္ေရ႔ွမွာပဲရပ္က်န္ေနခဲ့၏။
ျမန္မာျပည္မွာလည္း ဒီလိုႀကီးက်ယ္ၿပီး ဇီဇာေၾကာင္တဲ့သူကရိွေသးတယ္..
အံ့ပါ့ရဲ့...
〰〰📑📑📑〰〰
Part 19 ဆက္ရန္
သ်ွင္နဲ႔ ေဖြး🥰
AIကထုတ္ေပးတဲ့ပံုေလးေတြ
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997