《အချပ်ပို ( ၁ ) : မျှော်လင့်ချက်လမ်းတစ်လျှောက် ( ၅ )》
Warning : Mature Contents and dirty words
Read at your own risk or skip this chapter
သူ့အဖျားက မပြင်းထန်သလို ပုံမှန် လှုပ်ရှားမှုတွေမှာ ဘာမှ ပြဿနာရှိသော်လည်း သူ့စိတ်တွင်တော့ အနည်းငယ်မူးဝေနေစမြဲ။ ရေပူစမ်းထဲမှာ ခဏလောက် စိမ်ပြီးသွားသည်နှင့် ချွေးတရွှဲရွှဲဖြစ်လာကာ ပူပြီး စိတ်မသာမယာဖြစ်လာတော့သည်။သူ ထရပ်၍ အပြင်တော့မည်အပြု ၊ ရုတ်တရက် တံခါးခေါက်သံတစ်ချက်ပေါ်လာသည်။
" ဘယ်သူလဲ ? "
" ကျွန်တော်ပါ " ကြည်လင်နေသောအသံလေးက ဆိုလာ၏။
" ဝင်ခဲ့လေ ပေါင်ပေ့အာ "
ရှရှီးအိုက်က တံခါးဖွင့်၍ ရေပူစမ်းထံလျှောက်လာခဲ့သည်။ ကျန်းလျိုရှန်း မျက်လုံးပင့်ကြည့်လိုက်လျှင် သူက နေဗီပြာရောင် စင်းကျားပါ Bathrobe ကို ဝတ်ထားသည်အား မြင်လိုက်ရပြီး ယင်းကပင် သူ့အသားအရေကို အလွန်တရာ ဖြူဖွေးသွားစေသည်။ ယခုမှ ရေချိူးပြီးခဲ့သည့်အလား သူ၏ ဆံပင်တို့မှာ စိုစိစိဖြစ်နေဆဲဖြစ်ပြီး ပါးမို့တွေရဲလျက် မျက်လုံးထဲတွင်လည်း ရေခိုးတချို့ရှိနေသေးသည်။
အရင်ကဆိုပါလျှင် သူ ရှရှီးအိုက်ကို ဤသို့မြင်ပါက သေချာပေါက် အခွင့်ကောင်းယူလိမ့်မည်ဖြစ်သော်လည်း ယနေ့တွင်တော့ သူဖျားနေပြီး အနားကပ်မရသည့်အတွက် နှုတ်ဖြင့်သာ ကျီစယ်နိုင်ခဲ့၏ :
" ညလယ်ကြီးမှာ ကိုယ့်ရည်းစားအခန်းထဲ ဝင်လာတာက အန္တရာယ်များတယ်နော် မင်းသိရဲ့လား ? "
ရှရှီးအိုက်က အဖြေမပေးလာ။ သူက ခြေလှမ်းတချို့နှင့််ကပ်လာကာ ရေပူစမ်းကန်၏ လမ်းတစ်ဝက်မှာ ထိုင်ချလိုက်ပြီးမေးသည် : " ခင်ဗျား...နေလို့ပိုကောင်းလာပြီလား ? "
" ရေပူစမ်းခဏစိမ်ပြီး ချွေးထွက်သွားတော့ အများကြီး ပိုကောင်းလာပါပြီ။ " ကျန်းလျိူရှန်းက လှည့်၍ ကန်အစွန်းမှာလှဲချလိုက်ပြီး မျက်စိတစ်ဖက်မှိတ်ပြလာသည် : " တစ်ကိုယ်လုံးပူလာအောင် တခြားတစ်ခုခု လုပ်လို့ရမယ်ဆို အမြန်ဆုံးပိုကောင်းလာမယ်ထင်တယ် "
ကြိမ်ဖန်များစွာ ဗလက္ကာရအလုပ်ခံရပြီးနောက် ရှရှီးအိုက်အတွက် " တခြားအရာ " ဆိုတာကို ဘာမှန်းမသိဖို့ မဖြစ်နိုင်တော့ပေ။ သို့တိုင် သူ ဒီအကြောင်းပြောလာပေမယ့် နှုတ်ခမ်းလေးတွေစေ့ပြီး ပြောနေကျလို လူရမ်းကားဟု မခေါ်လာခဲ့။
" ခင်ဗျား... တက်ခဲ့တော့။ အကြာကြီး စိမ်ရင် ခေါင်းမူးလာလိမ့်မယ် "
ကျန်းလျိုရှန်းဟာ နာရီဝက်နီးပါး စိမ်ထားပြီး အမှန်တကယ်လဲ နည်းနည်း မူးလာပြီဖြစ်၏။သူ့လက်မောင်းနှစ်ဖက်ကိုဆန့်တန်းကာ ရေကန်ထဲမှ ရွှဲရွှဲစိုလျက်နှင့် ထရပ်လိုက်ပြီး သူ၏ ကိုယ်လုံးတီး ခန္ဓာကိုယ်ကို ရက်ရက်ရောရော ဖော်ပြလိုက်လေသည်။ ဘာပဲဖြစ်ဖြစ် ရေပူစမ်းထဲ၌ ကင်မရာတွေ မရှိသလို အခန်းထဲရှိ ကင်မရာတွေအားလုံးကိုလဲ သူ ပိတ်ထားပြီးသားဖြစ်သည်။
သူဟာ ရေကန်ဘေးမှ တဘက်နှင့်တစ်ချက်နှစ်ချက် သုတ်ပစ်လိုက်သည်။ သူမော့အကြည့် ၊ သူ့ကလေးလေးက သူ့ကိူမျက်နှာလွှဲထားသည်အား တွေ့လိုက်ရသဖြင့် မရယ်ပဲ မနေနိုင်တော့ : " ဘာလို့လှည့်ထားတာလဲ ? မင်း မမြင်ဖူးတာလဲမဟုတ်ပဲနဲ့ "
ရှရှီးအိုက်က ဖြည်းဖြည်းချင်းပြန်လှည့်လာခဲ့ပြီး သူ့မျက်လုံးတွေ ကျန်းလျိုရှန်းထံသို့ရောက်သည်နှင့် ကြောင်သွားရလေသည် : " ခင်ဗျား....ဘာလို့...."
" ရေက အရမ်းပူတယ် " ကျန်းလျိုရှန်းက ထိုနေရာကို အုပ်ရန် ခါးတွင် တဘက်တစ်ထည်နှင့် စည်းလိုက်ပြီး : " ပြီးတော့ဘေဘီကလဲ အရမ်းလှနေတယ်လေ "
သူက ဘေးနားရှိ ကျောခင်းကုလားထိုင်ပေါ်မှာ ထိုင်ချလျက် အနည်းငယ် အားမရှိ၊နွမ်းလျဟန်ဖြင့် လေးတွဲ့စွာဆိုလာသည်: " မြန်မြန်ပြန်သွားတော့။ ပြီးမှ မင်းရဲ့video chat လိုက်မယ် "
" ခင်ဗျား အခန်းထဲမပြန်ဘူးလား ? "
" ကိုယ့်မှာလုပ်စရာရှိသေးတယ်လေ " ကျန်းလျိုရှန်းက ရေချိုးတဘက်မှ ထောက်နေသော အစိတ်အပိုင်းကို တစ်ချက်ကြည့်လိုက်ပြီး : " ကိုယ်ဒီလိုကြီးနဲ့တော့ အိပ်မသွားနိုင်ဘူးမလား ? "
ရှရှီးအိုက် နှုတ်ခမ်း ကိုက်လိုက်ပြီး ကွေးနေသော လက်ချောင်းလေးတွေက လက်သီးဆုပ်ဖြစ်ကာ စိတ်ပိုင်းဖြတ်လိုက်သည့်နှယ် ဆို၏ : " ဒါဆို ကျွန်တော်——"
" မရဘူး။ ကိုယ် မင်းကို ကူးစေလိမ့်မယ် " ကျန်းလျိုရှန်းက စကားစဖြတ်လိုက်ပြီး : " မင်းက နေကောင်းခါစမို့ ကူးစက်နိုင်ဖို့ ပိုလွယ်တယ်။ပြန်သွားတဲ့အခါ အခွင့်အရေးတွေ အများကြီးရှိဦးမှာပါ လိမ္မာတဲ့ကောင်လေး "
ရှရှီးအိုက်က နေရာမှာရပ်လျက်သာရှိပြီး မျက်မှောင်ခပ်ရေးရေးကျုံ့၍ နှုတ်ခမ်းစွန်းလေးတွေ မဲ့ကျသွား၏ : " ဒါပေမယ့်ပြန်တဲ့အခါကျ ခင်ဗျားက အဖွဲ့ထဲဝင်ရတော့မှာ.... "
သူ လက်သီးဆုပ်လျက် ကျောခင်းရာနေရာသို့ လျှောက်လာပြီး : " လာမယ့်ရက်တွေအတွင်း ကျွန်တော် အလုပ်လုပ်စရာမလိုဘူး.."
" အဲ့ဒီတော့ ? "
ရှရှီးအိုက်က သူ့ရှေ့မှာလာရပ်၍ မျက်လုံးနက်လေးတွေက မီးအပူကြောင့် နီမြန်းနေသည် :
" အဲ့တော့ ကျွန်တော် ကူးသွားမှာမကြောက်ဘူး။ ကျွန်တော်.....ဒီည ခင်ဗျားနဲ့ ဒီမှာအိပ်ချင်တယ် "
ကျန်းလျိုရှန်း၏ လည်စလုပ် ရွေ့သွားကာ ရင်ဖိုလာတော့သည်။
"... မူးနေတာလား ? "
ရှရှီးအိုက်က ခေါင်းခါပြ၏။
" ကိုယ့်ကို မထားခဲ့ရက်တာလား ? "
ရှရှီးအိုက်က စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြသည်။
ကျန်းလျိုရှန်း၏ မျက်လုံးတွေ အနည်းငယ် ကျဉ်းသွားရလျက်။
" လိုချင်လို့လား ? "
ဤတစ်ကြိမ်တွင်တော့ ရှရှီးအိုက်က ခေါင်းညိတ်၊ခေါင်းခါမလုပ်တော့ပဲ မျက်နှာက ရဲလာသယောင်။
ကျန်းလျိုရှန်းက နားလည်သွားပြီး ခပ်ဖွဖွလေး ရယ်လိုက်၏ : " အမြဲတမ်း မလိုချင်ဘူးပဲ ပြောခဲ့တာမဟုတ်လား ? ကိုယ်က အခု ဖျားနေလို့ ကိုယ့်ကို ဖြည့်ဆည်းပေးချင်နေတာ။အိုက်အိုက်က ကိုယ့်အပေါ်အရမ်းထောက်ထားတတ်တာပဲ "
" ကျွန်တော်က......"
" ဒါပေမယ့် ကိုယ့်မှာ အခု အားမရှိဘူးကွာ။ ဒါကြောင့် လိုချင်တယ်ဆို မင်းဘာသာလုပ်မှရမယ် "
ကျန်းလျိုရှန်းဟာ ထိုကဲ့သို့ အရေပါးလေးဖြင့် ဤနေရာတွင် သူက အရင် အစပျိုးလာဖို့ လုပ်မည်မဟုတ်ကြောင်း သေချာနေခဲ့၏။ ဤစကားတွေကို ကြားပြီးလျှင် ရှက်ရှက်နှင့် အခန်းပြန်ကာ အိပ်သွားမှာဖြစ်နိုင်သည်။
ပြီးကာမှ ကလေးကို ချော့ရန် ဗွီဒီယိုကောလ်ခေါ်ရမည်။ ဒါမှသာ ကလေးကို ကူးခံရမှာလည်းမဟုတ်သလို စိတ်ဆိုးမှာလည်း မဟုတ်တော့ပဲ နှစ်မျိူးလုံးအတွက် အကောင်းဆုံးပင်။
သို့သော် ထိုသို့ပြောပြီးနောက် ရှရှီးအိုက်က ထွက်မသွားရုံသာမကပဲ ခပ်တိုးတိုးအဖြေပေးလာမည်ဟု မည်သူက မျှော်လင့်ထားပါအံ့ ?
" ကောင်းပြီ......"
ထို့နောက် ၊ သူက လက်မောင်းမြှောက်၍ အရှေ့မှ ယူကာတာ၏ ခါးစည်းကို ဖြည်းဖြည်းချင်းဖြည်လိုက်သည်။
ကျန်းလျိုရှန်းကြောင်ကာ ကုလားထိုင် လက်ရန်းကိုပင် တင်းခနဲ့ကိုင်လိုက်မိပြီး နှလုံးသားမှာလည်း လည်ချောင်းထဲမှ ခုန်ထွက်မတတ်။
ငိုး.. လာသတ်တာပဲ ! ဒါကို ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ ?
ရှရှီးက အရှေ့ကိုင်းလာ၍ လက်ချောင်းလေးတုန်နေခဲ့လျက်နှင့် သူ့မျက်လုံးကို ခပ်မှိုင်းမှိုင်း ခါးစည်းဖြင့် ကာပေးလာသည်။အဝတ်သားက ထူတာကြောင့် သူ့မျက်လုံးတွေမှာ ချက်ချင်း အမှောင်ထုထဲ သက်ဆင်းသွားရလျက်။
" မကြည့်နဲ့ ၊မလှုပ်နဲ့ "
"...... မင်းဘာလုပ်မလို့လဲ ? "
ကျန်းလျိုရှန်း၏ အမြင်အာရုံပိတ်ခံထားရတာကြောင့် တခြားကိုယ်အစိတ်အပိုင်းတွေ၏ အာရုံခံစိတ်က အလွန့်အလွန်အထိမခံဖြစ်လာသည်။ ပထမဆုံး သူ အပူတက်လာသလို ခံစားမိကာ ၎င်းနောက် သူ့နှုတ်ခမ်းတွေက နောက်နှုတ်ခမ်းအိအိလေးနှင့် နွေးထွေးစွာ ဖိကပ်ခံလိုက်ရသည်။
ရှရှီးအိုက်က အတွေ့အကြုံမရှိဘဲ နမ်းနေခဲ့သည်။ သူသည်ကား ဤကိစ္စတွေ၌ အမြဲတစေ ပြုသမျှနုရသည့်လူသာ။ပြုလုပ်သူအဖြစ် ပြောင်းလဲသွားသည်နှင့် ဘယ်လို နက်ရှိုင်းအောင်ဖန်တီးရမလဲ မသိတာကြောင့် သည်အတိုင်း နှုတ်ခမ်းတွေကိုသာ ဖွဖွ ပွတ်တိုက်နေမိသည်။ အဖျားကြောင့်ပေလား ၊ ကျန်းလျိုရှန်း၏ နှုတ်ခမ်းများမှာ ယနေ့၌ သူ့နှုတ်ခမ်းထဲတွင် အရည်ပျော်သွားတော့မလို အလွန်ပူကျစ်နေခဲ့၏။ သူ့ရင်ခုန်သံမှာလဲ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည်။သူအလန့်တကြားဖြစ်နေသည်ကို ကျန်းလျိုရှန်း ရယ်မည်စိုးသဖြင့် သူ့ကို ခဏလောက်ပဲနမ်းပြီး ပြန်လည်ဆုတ်ခွာလိုက်သည်။ သူ ခဏတာမျှ အသက်ရှုငြိမ်သွားပြီးနောက် သူ့မျက်လုံးတွေကို အောက်ပို့လိုက်မိလျှင် တံတွေးမျိုချလိုက်မိပြီး ခါးတစ်ဝိုက်မှ ရေချိုးတဘက်ဆီလက်လှမ်းလိုက်၏။
ကျန်းလျိုရှန်းမှာ သူ့ကိုယ်အောက်ပိုင်းမှ စိမ့်ခနဲ့ဖြစ်သွားတာကိုသတိထားမိလိုက်ပြီး မျက်မှောင်ကြုတ်သွားသည် : " လျှောက်မလုပ်နဲ့တော့။မင်း တိုက်ရိုက်ကြီးသွားလို့မဖြစ်ဘူး။ဆယ်ရက်ကျော်လောက်ထိ မလုပ်ထားရင် သေအောင်နာသွားလိမ့်မယ်။ကိုယ်အထင် အခုထိ—— ဟစ် ! "
သူ အသက်ပြင်းပြင်းရှူလိုက်၍ လျှပ်စီးက သူ့ဦးနှောက်ထဲသို့ တဟုန်ထိုးပြေးဝင်လာသလို ဦးရေပြားတွေ ကျင်ခနဲ့ဖြစ်သွားပြီး မျက်လုံးတွေကို အုပ်ထားသည့် ယူကာတာ ခါးစည်းကို ဖယ်ပစ်လိုက်၏။
ရှရှီးအိုက်မှာ သူ့ပါးစပ်ထဲရှိအရာနှင့်အတူ အငိုက်မိကာ ကြောင်သွားရသည်။ သူဟာ ရှက်စရာကောင်းသည့်အရာတစ်ခုနှင့်ထိတွေ့လိုက်ရသလို ချက်ချင်း ထွေးထုတ်ကာ မျက်နှာကလဲ ဖြန်းကနဲ့ရဲလာပြီး ဒေါသတကြီး ဆိုတော့သည် :
" ကြည့်လို့လဲမရဘူး လှုပ်လို့လဲ မရဘူးလို့ မပြောထားဘူးလား ! "
" ကိုယ်မှ သဘောမတူခဲ့တာ ! "
ကျန်းလျိုရှန်းဟာ ထိုအခိုက်အတန့်၌ မတည်ငြိမ်တော့ပဲ ပင့်သက်ပြင်းပြင်းရှိုက်ရင်း ခဏမျှ ထိန်းထားသည့်တိုင် မထိန်းနိုင်တော့ပေ : " ဖာခ့် ! ဆက်လုပ်ပေး ! ကူးကူး မကူးကူးဂရုမစိုက်တော့ဘူး။ မင်း တောင်းဆိုတာပဲ ! "
ကြမ်းတမ်းသည့်လေသံကြောင့် ကြောက်သွား၍ပေလား ၊ မထူးတော့ဘူးဟူ၍ပေလား ရှရှီးအိုက်ဟာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အမှန်တကယ် ပါးစပ်ဖွင့်၍ တစ်ဖန် ငုံထွေးလာတော့သည်။
နွေးထွေးသည့်အာခံတွင်းက ပူကျစ်တင်းမာနေသောလိင်တံကို ငုံထွေးလျက် ဖြည်းဖြည်းချင်း မျိုချလိုက်သည်။ သူဟာဤသို့သောကိစ္စများတွင် မတော်လှ။ တစ်ဝက်လောက် ဝါးမျိုပြီးနောက် သက်သောင့်သက်သာမဖြစ်စွာ ညည်းသံလေးတွေ ထွက်လာတော့သည်။ သူဟာ ထိုနေရာမှာ သောင်တင်နေပြီး ဘယ်လို ဆက်ရမလဲမသိတော့။ မြေပေါ်မှာ ဒူးထောက်လျက်သားလေး လမ်းပျောက်နေကာ လက်တွေကို ဘယ်မှာထားရမလဲဆိုတာကိုလဲ မသိပြန်၏။ ထို့ကြောင့်ထောင်ချောက်မိနေသည့် သိုးငယ်လေးပမာ အကူအညီတောင်းသည့်နှယ် ကျန်းလျိုရှန်းအား မျက်လုံးလေးပင့်ကြည့်လိုက်သည်။
ကျန်းလျိုရှန်း၏ ရီဝေဝေစိတ်မှာ အထိန်းအကွပ်လွတ်တော့မတတ်ပင်။ သူ့ကို ဤသို့မြင်ရလျှင် အမှန်တကယ် သက်တောင့်သက်သာမဖြစ်မှာကို သည်းခံနိုင်စွမ်းလဲမရှိပေ။ ဟိန်းဟောက်နေသည့် စိတ်ဆန္ဒတွေကို သည်းခံလျက် သူ စိတ်ရှည်လက်ရှည်နှင့် သင်ပေးမိသည် : " လျှာနဲ့ လျက်ပေး ၊ သွားတွေကို ဖွက်မထားနဲ့ ၊ လိမ္မာတယ်....ပါးစပ်နဲ့မရရင် လက်တွေက်ိုပါသုံးပေး။ အရမ်းအရဲမကိုးနဲ့ "
ရှရှီးအိုက်က ညွှန်ကြားချက်တွေကို နာခံစွာ လိုက်နာပြီး ဦးဆုံး လိင်အင်္ဂါကို ထွေးထုတ်လိုက်သည်။ ပြီးလျှင် လျှာလေးကိုဆန့်ကာ အပေါ်မှအောက်သို့ ဖြည်းဖြည်းချင်း လျက်ပေးလိုက်ပြီး မျက်နှာကို ဆီးခုံမွှေးတွေမှာ အပ်ရင်း ထိုနည်းအတိုင်းပြန်၍ လိင်တံတစ်ခုလုံးကို အရည်ကြည်တွေရွှဲလာသည်အထိ လျက်ပေးလိုက်၏။ သူ ထိပ်ဖျားကို လျက်ပေးသောအခါကျန်းလျိုရှန်း အရင်က သူ့အပေါ် လုပ်ပေးခဲ့သည်များအား ပြန်လည် အမှတ်ဖော်ကြည့်လိုက်သည်။ ထို့ကြောင့် သူကကြီးမားသည့်ထိပ်ဖျားပိုင်းတစ်ခုလုံး ပေါ်လာစေရန် အရေပြားမှ အောက်ဖက်သို့ ပွတ်ဆွဲသွားပြီး ပါးစပ်ဖွင့်၍ စုပ်လိုက်သည်။ပြီးလျှင် ထိပ်ဖျားမှ အပေါက်ငယ်အား ဆွရန် လျာဖျားဖြင့် ဖိသွင်းလိုက်၏။
ကျန်းလျိုရှန်းမှာ သူ့ထံမှ အလွန်အမင်း စုပ်ပေးခံနေရသဖြင့် မိမိအနေအထားကိုပင် မထိန်းနိုင်တော့ပဲ ပုံမှန်ထက်စော၍သုတ်လွှတ်ခါနီးဖြစ်သွားရသည်။ သူ့ခါးနှင့် ဗိုက်ကြွက်သားများမှာ တောင့်တင်းသွားလျက်။ သူဟာ " ဖာခ့် " ဟုဆိုလိုက်ကာ သူ့မေးစေ့ကို လှမ်းဖမ်း၍ ခက်ထန်စွာဆိုလိုက်သည် : " မစုပ်နဲ့တော့ ! "
ရှရှီးအိုက်မှာ သူ ကောင်းကောင်းမလုပ်နိုင်ဟုခံစားမိ၍ အနည်းငယ် မချင့်မရဲဖြစ်သွားရ၏။ သို့သော် သူက အခက်အခဲနှင့်တွေ့တိုင်း ချက်ချင်း နည်းလမ်းကိုသာ အမြဲပြောင်းတတ်သည့် လူစားမျိူးဖြစ်သည်။ ထို့ကြောင့် သူက အပေါ်ပိုင်းတစ်ဝက်ကို ငုံထွေးလိုက်ပြီး မဆံ့သည့်အပိုင်းကိုမူ လက်တွေဖြင့် လှုပ်ရှားပေးလိုက်သည်။ရံဖန်ရံခါ သူက ပြန်လည်ထွေးထုတ်ပြီး အစောကအတိုင်း အလေးအနက် ကြိုးစား၍ စုံချည်ဆန်ချည် လျက်ပေးလိုက်၏။
ကျန်းလျိုရှန်းမှာ ဤသို့သော အူလှိုက်သည်းလှိုက်ခံစားချက်မျိူးကို ခံစားဖူးရတာ ပထမဦးဆုံးဖြစ်လေသည်။ သူ့ရင်ဘတ်မှာ ပင့်သက်အတက်အကျမြန်နေပြီး ဆန္ဒတွေကို အတတ်နိုင်ဆုံး ထိန်းထားရန် ကြိုးစားပါသော်လည်း ဗိုက်အောက်ပိုင်း၌အပူများ တရစပ် စုဝေးလာသည်ကိုမူ မထိန်းထားနိုင်ပေ။ သူ အောက်ကို ငုံ့ကြည့်ပါက အပြစ်ကင်း၍တည်ကြည်တတ်လေ့ရှိသည့် ကလေးလေးက သူ့ခြေထောက်တွေကြားမှာ ဒူးထောက်ထားသည်ကို မြင်နေရ၏။ သူ့မျက်နှာလေးနှင့်မျက်လုံးစွန်းလေးများက ရဲစွေးလျက် ၊ ကြမ်းတမ်းတုတ်ခိုင်သော လိင်တံမှာ သူ၏ စိုရဲနူးညံ့သော နှုတ်ခမ်းလွှာတွေကြားတွင်ရောက်နေခဲ့သည်။ သူသည်ကား အနိုင်ကျင့်နေခံနေရသည့်ပုံပေါ်သော်ငြား အနိုင်ကျင့်ခံရရန် ဦးစွာ အစပျိုးဖို့ စိတ်ရှိနေသည့်အလား။
သနားစရာကောင်းသလို စိတ်လှုပ်ရှားစရာလဲကောင်းပြန်၏။
ထို့ကြောင့် သူမတတ်နိုင်တော့ပဲ ပို၍ တွန်းထိုးကာ ခါးဆန့်လျက် ပိုနက်အောင် ထိုးသွင်းမိတော့သည်။ ရှရှီးအိုက်မှာရံဖန်ရံခါ နင်သွားပြီး သူ့ကို အတွန့်တက်ချင်သလို စူးစူးရဲရဲကြည့်လာတတ်ပေငြား ကလန်ကဆန်မလုပ်ပါဘဲ သူ့လည်ချောင်းကို ဖြေလျှော့ကာ နာနာခံခံနှင့် တွန်းထည့်ခွင့်ပြုလေသည်။ သူ့ပါးစပ်မှ တံတွေးရည်များမှာ မျိုချချိန်မရှိတာကြောင့် ပါးစပ်ထောင့်တစ်လျှောက်မှ စီးပြီး တပ်မက်ဖွယ် ငွေရည်တစ်မျှင်အဖြစ်အောက်သို့ တစက်စက်ကျလေ၏။
သူ ထပ်ပြီးမခံနိုင်တော့သည့်အချိန်ဆိုလျှင် ရှရှီးအိုက်က နှာရှုံ့လျက် သူ့လက်တွေကို လှမ်းဆွဲပြီး အသနားခံသလိုအရည်လည်နေသည့်မျက်ဝန်းများဖြင့် သနားစဖွယ်ကြည့်လာတတ်သေးသည်။
ကျန်းလျိုရှန်း၏ နှလုံးသားမှာ ပူလောင်ပျော့ပျောင်းလာဖြင့် သူ ဆက်မသွားတော့သည့်တိုင် ဤမျှ အတိုင်းအတာဖြင့် သူ့ပါးစပ်လေးထဲအား ဖိသွင်းပေးထားလျှင် မျက်လုံးနှင့် ပါးစပ်တို့တွင် အရည်ကြည်များ ပိုများလာပြီး ထငိုတော့မည့်နှယ်ထင်ရသည်။ ဤမျှရှားပါးသည့် ဝန်ဆောင်မှုအား ခံစားရသည်ကို ခဏလောက် အချိန်ဆွဲထားပြီး သူ့တန်ဆာကို ငုံထားလျက် ငိုကြွေးလာမည်ကို ကြည့်ချင်ပါသော်လည်း အဆုံးတွင်တော့ ဆန္ဒတွေက အလွန်အမင်း သောင်းသောင်းသဲသဲဖြစ်လာသည်မို့ သူ မထိန်းထားနိုင်တော့ပဲ မပီမသ ညည်းသံတစ်ချက်ထွက်၍ အာခံတွင်းပူပူလေးထဲ အကုန် လွှတ်ထုတ်လိုက်တော့၏။
ရှရှီးအိုက် နင်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။ချောင်းဆိုးပြီးကာမှ သူတစ်ဖန် တောင့်ခဲ့သွားပြန်၏။ သူ့ပါးစပ်ထဲ၌စေးကပ်ကပ် သုတ်ရည်တွေနှင့် ဘာလုပ်ရမည်ကိုမသိတော့။
ကျန်းလျိုရှန်းက အနားတိုးကပ်လာ၍ ပါးစပ်အစွန်းမှ ဖြူနောက်နောက်အရည်များကို ဖွဖွပွတ်သုတ်ပေးပြီး လက်ချောင်းကို သူ့ပါးစပ်ထဲ ထည့်ကာ :
" စားလိုက် "
ရှရှီးအိုက်မှာ သူ၏ နက်ရှိုင်းလှသည့် အကြည့်ကြောင့် စိုးရိမ်ကာ မိမိ၏လည်စလုပ်က ရွေ့သွားပြီး ဒီအတိုင်း မျိုချမိသွား၏။ လည်ချောင်းတစ်လျှောက်တွင် ညှီစို့စို့ရနံ့က ပြည့်လျှမ်းကာ စေးထန်သောအရည်များ သူ့ကိုယ်ထဲစီးဆင်းသွားသည်။သူ့ ခြေထောက်တွေကို မစေ့ပဲ မနေနိုင်လိုက်။
ကျန်းလျိုရှန်းက မျက်ခုံးပင့်လိုက်ပြီး သူ့လက်ချောင်းပေါ်မှာ တစ်စုံတစ်ရာကျန်နေသေးကြောင်း အချက်ပြလာ၏။
သဘောပေါက်သွားသည်နှင့်တပြိုင်နက် ရှက်ရွံ့မှုနှင့် ခေါင်းရှုပ်ခြင်းများ ခံစားလိုက်ရကာ ရှရှီးအိုက် ခေါင်းလည်၍ငြင်းဆန်လိုက်သည် : " မစားဘူး။ "
ကျန်းလျိုရှန်းက အတိုင်းအတာတစ်ခုအထိ လုပ်တော့မည်အပြု ရုတ်တရက် အပြင်မှ တံခါးခေါက်သံပေါ်လာကာ လင်းချန်၏ အသံထွက်လာသည် :
" ရှန်းကော ! ရှီးအိုက်က အစ်ကိုနဲ့အတူရှိနေတာလား ? ကျွန်တော် သူ့အခန်းကို သွားကြည့်ပေမယ့် သူက မရှိလို့။ အစ်ကို့တံခါးမှာ ဖိနပ်ပါးနှစ်ရံလဲ မြင်လို့လေ "
ရှရှီးအိုက်မှာ ယခု သူဝင်လာချိန်တွင် တံခါးအား လော့မချမိခဲ့ကြောင်း ရုတ်တရက် သတိရသွားသဖြင့် အလန့်တကြား ထခုန်သွားရသည်။ ပြီးလျှင် သူဖြေထားသည့် ရေချိူးတဘက်ကို ယူကာ ကျန်းလျိုရှန်း၏ခန္ဓာကိုယ်အောက်ပိုင်းတွင် ဖုံးပေးလိုက်၏။ ပြီးလျှင် ယခုပင် ကိုယ်တိုင် ဖယ်ပစ်ထားသော ခါးစည်းကို အမြန်ရှာကာ ပွင့်နေသော ယူကာတာ၏ ခါးပိုင်းပေါ်မှာ သိမ်းကျုံးချည်၍ တင်းတင်း ပတ်ထားလိုက်သည်။
သူ ထရပ်လိုက်မှ ကျန်းလျိုရှန်းဟာ သူသည် ယူကာတာ အထဲ၌ ဗလာဖြစ်ပြီး ဘာမှ ဝတ်မထားမှန်း သိလိုက်ရ၏။
သူ့မျက်လုံးတွေ ချက်ချင်းမဲနက်သွားရလျက်။
ရှရှီးအိုက်က ကမန်းကတန်းနှင့် အဝတ်ဝတ်ပြီး တံခါးဆီ သွက်သွက်လှမ်းကာ ဖွင့်မေးလိုက်သည် : " ဘာဖြစ်လို့လဲ ? "
" အား တကယ်ကြီးရှိနေတာပဲ ! " လင်းချန်က ပျော်ရွှင်စွာနှင့် : " အောက်ထပ်မှာ အရသာရှိမဲ့ပုံပေါက်တဲ့ကိတ်လေးတွေရောင်းနေတာငါ တွေ့ခဲ့တယ်။ မင်းရောစားချင်သေးလား ? ငါမင်းအတွက် တစ်လုံးဝယ်ခဲ့မယ် "
" ကျေးဇူးပဲနော် မလိုတော့ဘူး။ " သူ့ပါးစပ်က အခု ကျန်းလျိုရှန်းအရသာအပြည့်ဖြစ်နေတာ... တခြားဟာ စားနိုင်စရာအကြောင်းကို မရှိဘူး။
" အား ကောင်းပြီလေ။ ဒါဆို ငါ့ဘာသာသွားဝယ်လိုမယ် " လင်းချန်က စကားပြောပြီးနောက် ပုံမှန်လို မေးလာ၏ " ရှီးအိုက် မင်းက ဒီမှာ အိပ်မလို့လား ? "
" မဟုတ်ပါဘူး ပြီးရင် ပြန်မှာ "
" ကောင်းပြီ ငါသွားတော့မယ် ကောင်းသောည ! "
" အင်း ကောင်းသောည "
တံခါးပေါက် လော့ကျသွားခါမှ ရှရှီးအိုက် သက်ပြင်းရှည်ကြီးချမိသွား၏။ ပြီးလျှင် တစ်ခုခုမှားနေသလို တွေးမိပြန်သည်၊သူက ဘာလို့ တံခါးကို လော့ချလိုက်တာလဲ ? ဘာပဲဖြစ်ဖြစ် ပြန်တော့မှာပဲလေ။ ဘယ်သူက ကျန်းလျိုရှန်းကို ထပ်ပြီးအနိုင်ကျင့်ဖို့ ပြောလို့လဲ ?........ သူ လက်ဆန့်၍ တံခါးကို ဖွင့်တော့မည်အပြု တစ်ဝက်လောက်မှာပဲ လက်တစ်ဖက်ကအနောက်မှ ဆန့်ထွက်ကာ သူ့ခါးကို လှမ်းဖက်လာ၏။
" ဒီမှာ ညအိပ်ချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား ? "
ကျန်းလျိုရှန်းက သူ့ကို အနောက်မှ နီးနီးကပ်ကပ်
ရှိနေလျက် နားထဲသို့ တီးတိုးဆိုသည် : " အပေါ်ပါးစပ်လေးက ပြည့်သွားပြီ ၊ အောက်ကတော့ မပြည့်သေးဘူးလေ ? "
ရှရှီးအိုက်၏ မျက်နှာမှာ ဖြန်းကနဲ့ နီရဲလာသည် : " ကျွန်တော် မလိုချင်.."
ကျန်းလျိုရှန်းက သူ့စကားကို လုံးဝနားမထောင်ဘဲ ထွက်ပြေးမည်စိုး၍ ခါးကို လက်မောင်းနှင့် ဖက်တွယ်ထား၏။ ကျန်လက်တစ်ဖက်ဖြင့် Bathrobe အစွန်းကို အမြန် လှန်ကာ အထဲလက်ရောက်သွားလျှင် သေချာပေါက်ပင် မာနေသည့်အရာကို ထိမိလိုက်သည်။ သူ ပြင်းပြင်းပွတ်ပေးလိုက်လျှင် ရင်ခွင်ထဲမှ လူ၏ပင့်သက်ရှိုက်သံကိုလေးကို ကြားလိုက်ရလျက်။၎င်းနောက် သူ့လက်တွေကို အောက်ပို့လိုက်ပြီး စေ့ထားသောခြေနှစ်ချောင်း အားသုံး တိုးဝင်လိုက်၏။ သူ၏ ရှည်လျားသော လက်ခလယ်မှာ လျှို့ဝှက်အနောက်ပေါက်လေးအတွင်းသို့ ချက်ချင်း တစ်ချောင်းလုံးဝင်သွားပြီး အထဲမှာ မွှေနှောက်နေလိုက်သည်။
ပူကျစ်စိုစွတ်၍ ချွဲကျိကျိဖြစ်နေသည်။
ပြင်ဆင်ဖို့လာရုံတင် မဟုတ်ပါလား။
သူသိသွားပြီဆိုတာသိလိုက်၍ ရှရှီးအိုက် အလွန်အမင်း ရှက်စိတ်ဖြစ်လာကာ မိမိကိုယ်ကို အဖတ်ဆယ်ရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည် : " ဒီတိုင်း... ဒီတိုင်း ခင်ဗျားကိုတွေ့နိုင်ဖို့ ရက်တွေအများကြီးကြာဦးမှာလို့ တွေးမိလို့.... "
ဒါကြောင့် သူ မတတ်နိုင်တော့။
ဘာပဲဖြစ်ဖြစ် သူ ဂရုမစိုက်တာမဟုတ်သလို သူသည်လည်း အထီးကျန်သလ်ို ခံစားရတာပဲ။
ကျန်းလျိုရှန်းက မညှာမတာနှင့်နောက်ထပ် လက်နှစ်ချောင်းထည့်လိုက်ပြီး အပြည့်အဝ အလိုက်ထိုက်ဖြစ်အောင် လုပ်ပေးလိုက်၏။ ခဏမျှ မွှေပေးပြီးနောက် ဆွဲထုတ်လိုက်သောအခါ လက်ချောင်းတစ်ချောင်းစီတိုင်းက အရည်တွေရွှဲလျက်။
သူက ရှရှီးအိုက်၏ပခုံးပေါ်မှာ မျက်နှာအပ်ကာ ရေငွေ့အပြည့်နှင့် လတ်ဆတ်သည့်ရနံ့လေးကို တစ်ဝကြီးရှုပစ်လိုက်သည်။သို့သော် သူ့စိတ်မှာတော့ ကျောက်ရည်ပူတွေ စီးဆင်းနေသယောင်ထင်ရပြီး ဖွင့်ဟလိုက်သည့်အသံမှာလည်း ဆာလောင်နေသည့် သားရဲ၏ ဟိန်းဟောက်သံအလား ဖြစ်နေခဲ့၏ :
" မင်း လိုချင်လား ၊ မလိုချင်ဘူးလားပဲ ပြောလိုက် "
ရှရှီးအိုက် တောင့်ခနဲ့ဖြစ်သွားပြီး အတန်ကြာမှ ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလာခဲ့သည်။
ကျန်းလျိုရှန်းက ချက်ချင်း သူ့လက်မောင်းကို ဆွဲ၍ သူ့ကို အိပ်ခန်းထဲခေါ်သွားကာ တာတာမီပေါ်မှာ အကြမ်းပတမ်း ပစ်ချလိုက်သည်။ ရှရှီးအိုက်မှာ နူးညံ့သည့်စောင်ပုံအတွင်း ပုံလျက်သားကလေး။ သူ သတိမဝင်သေးခင်မှာပင် Bathrobeကအပင့်ခံလိုက်၏။ ကျန်းလျိုရှန်းက သူ့တင်ပါးကို ပင့်၍ ခြေထောက်တွေကို ခွဲကာ ခါးအားနှိမ့်လျက် အနောက်မှတစ်ခါတည်း ဝင်လာခဲ့သည်။
" ဝူး..."
ရှရှီးအိုက်မှာ စောင်ကို အတင်းဆုပ်ထားပြီး ခြေထောက်လေးတွေ တုန်နေ၏။ အချိန်အတော်ကြာ ပျောက်နေခဲ့သော ထိုးဖောက်ဝင်ရောက်ခံရသည့် ခံစားချက်က သူ့က်ို ခဏမျှ သတိလက်လွတ်ဖြစ်သွားစေသည့်တိုင် ရုတ်ခြည်း အနောက်မှပြင်းထန်သည့် ဆောင့်ချက်က အသိစိတ်ပြန်ကပ်လာစေ၏။ သူ အဆောင့်ခံလိုက်ရတိုင်း ဒူးက နည်းနည်းစီအရှေ့သို့ရောက်လာခဲ့သည်။ အကယ်၍ တော်တော်လေး ရောက်သွားပါလျှင် ပြန်လည် ဆွဲယူခံရပြီး သူ့တင်ပါးလုံးများအား ဆောင့်သည့်အသံကလဲ ပို၍ ကျယ်လာတော့၏။ များပြားလှသော ထိုးချက်တွေအပြီး သူ တောင့်မခံနိုင်တော့ပဲ မနည်း ခေါင်းကိုလှည့်ကြည့်လိုက်ရသည် :
" ပူ...အရမ်း... အရမ်းပူလို့...ဖြည်းဖြည်း......"
ကျန်းလျိုရှန်းဟာ ယခုမှ ရေပူစမ်းထဲမှာ ရေစိမ်ပြီးကာစဖြစ်လို့ သူ့အဖျားက ပြန်တက်လာခဲ့သည်။ သူ၏ တင်းမာနေသောလိင်တံက ခါတိုင်းထက် ပိုပူကျစ်နေ၏။သူ အဝင်အထွက်လုပ်သည့်အခါ ပူလွန်းလို့ ရင်ပင်တုန်လာရသည်။လိင်တံပေါ်ရှိသွေးကြောထုံးများသည် အင်္ဂါလမ်းကြောင်းပေါ်တွင် ရိုက်နှိပ်နေသကဲ့သို့ ခံစားရပြီး အနောက်ပေါက်သည်လည်း နီရဲနေအောင် အပွတ်ခံရနေမည်ဖြစ်သည်။
ကျန်းလျိုရှန်း၏ စိတ်မှာ သူ့ခန္ဓာကိုယ်၏ အပူရှိန်နှင့် ရမ္မက်တို့ကြောင့် ချစ်ချစ်တောက် ပူပြင်းနေပြီး ဖရိုဖရဲဖြစ်နေခဲ့၏။သူတကယ် မဆင်ခြင်မိသေး။ မျက်လုံးရဲရဲတွေထဲမှာ မြင်နိုင်သမျှဟာ သူ့အရှေ့မှ ကားစွင့်နေသော တင်ပါးလုံးတွေနှင့် သူ့လိင်တံ အဆက်မပြတ်ဆန့်ထွက်နေသည့် အနီရောင်အပေါက်တို့သာပင်။ သူ၏ ဆင်ခြင်တုံတရားဟာ ကျိူးပေါက်လုတဲတဲဖြစ်ပြီး စိတ်လွတ်တော့မလို ခံစားနေရ၏။
သူ ခေါင်းခါလိုက်၍ ရှရှီးအိုက်၏ ကျောမှာကပ်ရင်း ခါးကို ဆန့်လိုက်ပြီး အက်ရှစွာဆိုလာသည် :
" ဒါဆို အိုက်အိုက်က ကိုယ်တိုင် လာလို့ရမလား... ဟုတ်ပြီလား ? "
သူသည်ကား ရှားရှားပါးပါးဆိုသလို အိပ်ရာပေါ်တွင် ကြီးစိုးခြယ်လှယ်နိုင်စွမ်းအား စွန့်လွှတ်လိုက်၏။ ရှရှီးအိုက်မှာ ခဏတာ အံ့ဩသွားပြီးမှ အနောက်ဖက်ရှိ လိင်တံအား ဆွဲထုတ်လိုက်တာကို သဘောပေါက်သွားခဲ့သည်။ ကျန်းလျိုရှန်းက တာတာမ်ီပေါ်တွင် လှဲချလိုက်၍ သူ့၏ ခြောက်နေသော နှုတ်ခမ်းကို သပ်လိုက်ပြီး ဆိုသည် : " တက်ခဲ့ "
ရှရှီးအိုက်သည်ကား အရှေ့၌တောင့်တင်းနေတုန်းပင်။ ရုတ်တရက်ကြီး သာယာမှုအရင်းအမြစ် ပျောက်သွားသောအခါအရှေ့လည်းမတိုးသလို အနောက်လဲမဆုတ်နိုင်ပါဘဲ ကြောင်အလျက်သားဖြစ်နေ၏။
" ကိုယ် ရက်ပေါင်းများစွာနေမကောင်းဖြစ်နေခဲ့တာကို ဒီလို အသေးစားတောင်းဆိုမှုလေးကိုတောင် ဖြည့်ဆည်းဖို့ ငြင်းချင်နေတုန်းလား ? "
ကျန်းလျိုရှန်းက ခါးသက်သက်ဇာတ်လမ်းဆီသို့ ဦးတည်သွားကာ : " ကိုယ်က အမြဲတမ်း အကောင်းဆုံးပဲလုပ်ပေးခဲ့တာ။အခု ကိုယ့်ကို အမှုတော်ထမ်းရမဲ့ မင်းအလှည့်မလား ? "
ရှရှီးအိုက် ခဏမျှ တုံ့ဆိုင်းနေသည့်တိုင် လိုအင်ဆန္ဒတို့က အရှက်ကို အနိုင်ရခဲ့သည်။
"...ဒါဆို ၊ ဒါဆို ခင်ဗျားကို လှုပ်ခွင့်မပြုဘူး "
" ကောင်းပြီ။ " ကျန်းလျိုရှန်း၏ အဖြေက နည်းနည်း တဲ့တိုးဆန်၏။
ရှရှီးအိုက် နည်းနည်း စိတ်အေးသွားပြီး နှုတ်ခမ်းကိုက်လိုက်ကာ ကျန်းလျိုရှန်း နံဘေးသို့ မျက်နှာရဲရဲဖြင့် တွားသွားလိုက်ပြီး ခြေထောက်တွေကို ကား၍ သူ့ခါးနှင့် တင်ပေါ်တွင် ထိုင်လိုက်သည်။ထို့နောက် အပူလွန်နေသော သံချောင်းကို ကိုင်လျက် စိုစွတ်စွတ်အနောက်ဖက်သို့ ရွယ်ကာ မိမိကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်၏။ လုံလုံလောက်လောက်ချဲ့၍ ချောဆီထည့်ထားသဖြင့် ဝင်ရောက်ခြင်းလုပ်ငန်းစဉ်မှာ နာကျင်မှုမရှိသလောက် ချောမွေ့ကာ အကုန်လုံးကိုထည့်သွင်းနိုင်လိုက်သည်။
သူ ခဏမျှ ပင့်သက်ရှုထုတ်လိုက်၏။ အလွန်နက်သည့်အနေအထားသို့ ရောက်ပြီးသောအခါ Bathrobe နှင့် သူ့ကိုယ်၏အရှေ့ပိုင်းကို ဖုံးလိုက်သည်။ ပြီးမှ ကျန်းလျိုရှန်း၏ ဗိုက်အောက်ပိုင်းကို ထောက်ကာ အတက်၊အကျကို ဖြည်းဖြည်းချင်းစတင်လိုက်သည်။
သို့တိုင် အချက်ရေအနည်းငယ်မျှဖြင့်ပင် သူ ဆက်မလုပ်နိုင်တော့ပေ။
ပုံမှန်အားဖြင့် ကျန်းလျိုရှန်းက သူ့ကို နက်နက်နဲနဲ စပ်ယှက်တတ်ပြီး အမြဲတစေ သူ့ကို ဖက်ထားကာ တရစပ်လဲ နမ်းတတ်လေ့ရှိသည်။ သူ့နှုတ်ခမ်းနှင့် သွားကြား၌ စိတ်ချလက်ချဖြစ်ပြီး ရင်းနှီးချိုမြိန်သည့် ရနံ့လေးများ ထွက်လာတတ်သည့် တချိန်တည်းမှာပင် လက်ကြီးများက သူ့ကိုယ်အနှံ့လှည့်လည်နေပြီး သူ့လိုအင်ဆန္ဒတွေကို မီးမြှိုက်ကာ အာရုံလွှဲပေးတတ်သည်။ ထို့ကြောင့် သူ ငိုယို ရုန်းကန်နေပါလျှင်တောင် ခန္ဓာကိုယ်ကတော့ တက်ကြွနေဆဲပင်။
သို့သော် ယခုမူ ၊ ခန္ဓာကိုယ်အောက်ဖက်အစိတ်အပိုင်းမှ လွဲ၍ သူဟာ ကျန်းလျိုရှန်းနှင့် ရင်းနှီးရင်းချာ ထိတွေ့မှုမရှိသည့်အပြင် ပူကျစ်နေသော လိင်အင်္ဂါကြောင့်ဖြစ်လာရသည့် မသက်မသာဖြစ်ခြင်းများ ၊ သည်းမခံနိုင်ခြင်းများကပို၍ပြင်းထန်လာ၏။ ထို့အပြင် သူ့ခွန်အားနှင့် အရှိန်မှာ ကျန်းလျိုရှန်းထက် များစွာနိမ့်ကျသောကြောင့် အကြိမ်အနည်းငယ်မျှ အထိုင်အထလုပ်ပြီးတာတောင် သာယာမှုတွေ မစုပြုံလာရုံတင်မကပဲ ပျောက်ပါပျောက်သွား၏။
( ကလေးက အကျင့်ပါနေပြီ -_- )
သူကိုယ်တိုင် အကြိမ်ရေနည်းနည်းလောက် လှုပ်နေသော်လည်း တကယ့်ကို သည်းမခံနိုင်တော့။ သူ လှုပ်ရှားနေတာကိုရပ်၍ အောက်ငုံ့ကာ ကျန်းလျိုရှနး၏ စေ့ပိတ်ထားသော နှုတ်ခမ်းတွေကို ညင်သာစွာ ထိတွေ့လိုက်ပြီး ကူကယ်ရာမဲ့သလိုကြည့်၍ အကူအညီပေးလာရန် မျှော်လင့်နေခဲ့သည်။
သို့တိုင် ယနေ့တွင်တော့ ကျန်းလျိုရှန်က အလွန်အင်မတန် တည်ငြိမ်နေခဲ့၏။ သူ့ပါးစပ်ကို ဖွင့်မပေးရုံမက ၊ စကားလဲမပြောသည်မို့ လုံးဝ မပူးပေါင်းပေးသည့်ဟန်။
ရှရှီးအိုက် သူ့နှုတ်ခမ်းတွေကို ပွတ်၍ ၎င်းတို့ကို ကော်ဖွင့်ရန် လျှာလေးဆန့်ထုတ်ပါသော်လည်း သူလုပ်နိုင်တာမရှိပေ။နောက်ဆုံး သူ မတတ်နိုင်ပဲအသံတိုးလေးနှင့် တောင်းပန်လာ၏ : " ကျွန်တော့်ကိုနမ်းပါလား.. "
ကျန်းလျိုရှန်းက စကားကိုကြားလျှင် ပြုံးလိုက်ပြီး ပါးစပ်ကိုဖွင့်ပေးလာ၏။ ရှရှီးအိုက် ချက်ချင်း အရှေ့ကို ဖိကပ်လိုက်မိသည်။ တခဏချင်းပင် အားကောင်း၍ လျင်သော လျှယက သူ့ပါးစပ်ထဲ ဝင်လာပြီး ပုံမှန်အတိုင်း နယ်မြေကို တိုက်ခိုက်ကာ ထွေးယှက်စုပ်ယူလာခဲ့၏။ ခဏအကြာ အနမ်းခံရတာကြောင့် သူ မူးဝေလာသည့်တိုင် သက်သောင့်သက်သာဖြစ်တဲ့ညည်းသံလေးတွေ မထွက်ပဲမနေနိုင်ခဲ့။
နမ်းပြီးသည့်နောက် ရှရှီးအိုက်ဟာ ကျန်းလျိုရှန်း၏ လည်တိုင်ကို ဖက်တွယ်လိုက်ပြီး မျက်နှာကို ပခုံးမှာ အပ်လျက်အသက်ရှုနေလိုက်၏။
" ကိုယ့်ဘာသာ လှုပ်လို့ အဆင်ပြေလား ? " ကျန်းလျိုရှန်းက မေးလာသည်။
ရှရှီးအိုက် ခေါင်းလေးအသာယမ်းပြလိုက်မိ၏။
" ဒါဆို မင်းကိုယ့်ကို ဘယ်လိုလုပ်စေချင်တာလဲ ? "
ရှရှီးအိုက်က နှုတ်ခမ်းလေးကိုက်လျက် : " ကျွန်တော် မပြောတောင် ခင်ဗျားသိရက်နဲ့..."
" ကိုယ်သိနိုင်လောက်ပေမယ့် မသေချာဘူးလေ " ကျန်းလျိုရှန်းက လေပြေလေးနှင့်ဆိုသည် :
" ဥပမာ လွန်ခဲ့တဲ့ဆယ်ရက်လောက်တုန်းက မင်းအိပ်တဲ့အခါ ကိုယ့်ကို မလွမ်းဘူးလား ? ကိုယ့်ကို မနမ်းချင်မဖက်ချင်ဘူးလား ? ကိုယ်နဲ့ ချစ်တင်းမနှောချင်ဘူးလား ? အကယ်၍ အဲ့လိုသာဆို ဘယ်လောက်အတိုင်းအတာအထိလဲ ? ကိုယ်ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်ဆိုဆို မင်းပါးစပ်က ထွက်လာတာကိုတော့ ကြားချင်နေတုန်းပဲလေ "
ရှရှီး၏ လက်ချောင်းလေးတွေ ကုပ်ကွေးကုန်ပြီး ကျန်းလျိုရှန်း၏ ပူနွေးနွေးရင်ဘတ်ပေါ်မှာ ဖိထားလိုက်သည်။
လက်စသတ်တော့ ကျန်းလျိုရှန်းလဲ ဒီလိုကိစ္စတွေကို တွေးနေတဲ့ပုံပါလား....
ရုတ်တရက်ကြီး သူဟာ အမှန်တကယ် ကြောင်သူတော်ဆန်နေသည်ဟု ခံစားလိုက်ရသည်။ ဘာလို့ ဖွင်ဟမပေးနိုင်ရတာလဲ? ဘယ်လောက်ပဲ ရှက်ရွံ့ဟန်ပေါ်ပေါ် အကြိမ်ပေါင်းများစွာလုပ်ခဲ့ဖူးပြီး အရင်က မြင်ဖူးပြီးသားပဲလေ။
ကျန်းလျိုရှန်းနဲ့ ဒီလိုလုပ်ရတာကို ကြိုက်နေတာ သေချာပါလျက် ၊သူ့ကို ရက်ပေါင်းအတော်ကြား ထားရစ်ခဲ့မှာကို ဝန်လေးနေမှန်း သေချာပါလျက်။သေချာပေါက်.....သူ့ရှေ့ကလူက အရေးကြီးဆုံးလို့ ခံစားနေရပါလျက်နဲ့။
ဘာလို့ မပြောနိုင်ရတာလဲ ? ဘာလို့..... " ပိုကောင်းသထက် ကောင်း " အောင် မဖြစ်စေချင်တာလဲ ?
" တွေးခဲ့တယ်......"
ကျန်းလျိုရှန်းက ခေါင်းယိမ်းလာကာ : " ဟင် ? "
ရှရှီးအိုက် သူ၏ ပခုံးခွင်မှ ခေါင်းထောင်လာပြီး မျက်လုံးများက အရည်လည်နေခဲ့သည်။ နီစိုစိုနှုတ်ခမ်းသားများက သူ့နှုတ်ခမ်းကို ထိတွေ့လာပြီး တစ်ချက်ပြီးတစ်ချက်နမ်းလိုက်၏။ သူ၏ ကြည်ကြည်လင်လင်အသံလေးမှာ ချိူအီအီနှင့်လေးတွဲ့လာခဲ့သည်။ " လျိုရှန်း...."
ကျန်းလျိုရှန်း မသိလိုက်ပါဘဲ အသက်အောင့်ထားမိ၏။
" ကျွန်တော်... တစ်ယောက်တည်း ကောင်းကောင်းအိပ်မပျော်ဘူး..." ရှရှီးအိုက်က သူ့မျက်နှာကို ကိုင်လျက် နှာသီးဖျားချင်း ထိထားပြီိး :
" အအေးကိုလဲမကြောက်ဘူး။ ကျွန်တော်က ခင်ဗျားနဲ့ မရှိရမှာကို ပိုကြောက်တယ်.... "
" ကျွန်တော်ကရှက်နေလို့ ဒါကို မပြောထွက်နိုင်တာ။ ဘာလို့လဲဆို ကျွန်တော်က ဆန္ဒရှိနေတယ်လို့ ထင်သွားမှာ မလိုချင်လို့။ ကျွန်တော်က ခင်ဗျား မရှိပဲ မနေနိုင်ဘူးလို့ တွေးသွားမှာကို မလိုချင်လို့ "
" တကယ်တော့လဲ ကျွန်တော် ခင်ဗျားမရှိပဲ မနေနိုင်ပါဘူး..."
" ကျွန်တော်က ဘယ်နေရာမှာပဲဖြစ်ဖြစ် အိပ်နိုင်ခဲ့ဖူးတယ်။ အချိန်မရွေး နေရာအသစ်ကိုလဲ ထွက်သွားနိုင်တယ်။ဒါပေမယ့်အခုကျ ၊ ဘယ်နေရာမှာဖြစ်ဖြစ်မအိပ်နိုင်တော့ဘူး။ ခင်ဗျားမပါရင် ဘယ်နေရာကိုမှမသွားနိုင်တော့ဘူး "
" ကျွန်တော့်ကို ဒီလို ပြောင်းလဲသွားစေလို့ ခင်ဗျား တာဝန်ယူရတော့မယ်။ " ရှရှီးအိုက်က မျက်နှာရဲလျက် ၊ သူ့မျက်ဝန်းတွေထဲကို လေးလေးနက်နက်စိုက်ကြည့်နေပြီး : " အဲ့တော့.....ကျွန်တော့်ကို မစ,ပါနဲ့။ လာမယ့်ရက်တွေအတွင်း ခင်ဗျားကိုမြင်ရမှာမဟုတ်ဘူးလေ။ ကျွန်...ကျွန်တော် ကျွန်တော်လဲ အကြိုလုပ်ထားချင်တယ်.... "
သူ နောက်ဆုံးသတ္တိလေးကို သုံး၍ တီးတိုးဆိုလိုက်၏ :
" ခင်ဗျား...ဒီည ကျွန်တော်နဲ့ နည်းနည်းလောက် အိပ်ပေးလေ ဟုတ်ပြီလား ? "
ကျန်းလျိုရှန်းမှာ မှင်သက်လျက်။
သူ၏ လည်စလုပ်မှာ ကြိမ်ဖန်များစွာ ရွေ့လျားနေပြီး ကြီးစွာသော သက်ရောက်မှုမှ အက်ကွဲနေသော အသံပြန်ထွက်လာခဲ့၏ :
" ကိုယ့်ရဲ့ချစ်စကားတွေက မင်းနှလုံးသားကို ရင်းရတယ်..... မင်းရဲ့ချစ်စကားတွေက ကိုယ့်ဘဝကို ရင်းရတာပဲ "
သူ့မျက်လုံးတွေမှာ အလွန့်အလွန်နက်မှောင်လာပြီး သူ့မျက်နှာက အလွန်တရာ တည်ကြည်နေ၏။ သူက လုံးဝန်ပျော့ပျောင်းသည့် တင်ပါးလုံးလေးတွေကို လက်မြှောက်၍ အုပ်ကိုင်ကာ အားနှင့် ညှစ်လိုက်သည်။ လက်ချောင်းတွေအသားစိုင်ထဲ နစ်ဝင်သွားပါမှ :
"... အနှေးနဲ့အမြန် သေအောင်နွမ်းဖတ်နေတော့မှာပဲ။ "
ဒါက ကောင်း၏ ၊ မကောင်း၏ကိုတော့ သူက အလုံးစုံသော အပြုအမူများဖြင့် ပြန်ဖြေပေးခဲ့ပါ၏။
နောက်ပိုင်း ရှရှီးအိုက် ထိုညကို အမှတ်ဖော်ကြည့်မိလျှင် မှတ်ဉာဏ်ပင် ဖရိုဖရဲနှင့်။
ကျန်းလျိုရှန်းဟာ ရူးသွပ်သွားသလို လှုပ်ရှားခဲ့ပေသည်။ သူရှက် ၊မရှက်ကိုပင် ဂရုမစိုက်တော့ပဲ စီးသည့် အနေအထားနှင့်သူ၏ထိလွယ်ရှလွယ် အစိတ်အပိုင်းများသို့ ပြင်းပြင်းထန်ထန် ဖိချကာ ခပ်ကြမ်းကြမ်း တိုးဝင်နေသဖြင့် သူ့ညည်းသံများကပင် သည်းမခံနိုင်တော့ပေ။ သူ အားပျော့လာ၍ လှဲအိပ်လိုက်သောအခါ သူ့ကိုဖက်၍ တစ်ဖန် နောက်လှည့်ကာအနေအထားကို ပြောင်းပြန်လုပ်လိုက်ပြီး ခြေထောက်များအား ဆွဲဖြဲလျက် ပို၍ မြန်မြန်ဆန်ဆန် စပ်ယှက်ခဲ့၏၏အပေါက်ထဲသို့ ထိုးသွင်းနေသည့် ပူနေသောလိင်တံမှလွဲလျှင် သူဟာ ဖျားနာနေသည့်လူနှင့် နည်းနည်းမှမတူပေ။
ဤအနေအထားတစ်ခုတည်းနှင့်ပင် သူဟာ နှစ်ချီတိုင်တိုင် တိုးဝင်လွှတ်ထုတ်ခဲ့ပြီး တစ်ချီကိုလည်း ကျွေးခဲ့၏။ သုတ်လွှတ်ပြီးသည့်နောက် ရှရှီးအိုက် မျက်ဝန်းရဲရဲတွေဖြင့် မော့ကြည့်လိုက်ရာ ရုတ်တရက် အထက်မှ ကင်မရာကို တွေ့လိုက်ရ၏။ သူ အလွန်ကြောက်လန့်သွားပြီး တင်ပါးနှင့် ပေါင်ကြားမှ လျှံကျနေသော သုတ်ရည်တွေကိုအုပ်လိုက်ချင်သော်လည်းမလုပ်နိုင်ခဲ့။ကျန်းလျိူရှန်းက လျော့ရိလျော့ရဲ ယူကာတာကို ဆွဲချွတ်ပစ်ကာ သူ၏ကိုယ်လုံးတီး ခန္ဓာကိုယ်ကို ကင်မရာနှင့်မိတ်ဆက်ပေးလိုက်သည်။
ကျန်းလျိုရှန်းက ရိုက်ကူးရေးနှင့်အသံကို ပိတ်ထားသည်ဟု နှစ်သိမ့်ပေးသော်လည်း လိင်ဆက်ဆံနေသည်အားမြောက်မြားစွာသောလူများမှ အကြည့်ရှုခံနေရသကဲ့သို့ အလွန့်အလွန် ရှက်ရွံ့ထူပူလာကာ ထိုင်ပင်မထိုင်နိုင်တော့ပေ။ သူကိုယ်လေးကို ကွေး၍ အသံပျော့လေးနှင့် တောင်းပန်လိုက်၏ :
" လျိုရှန်း.. .....ဒီမှာမလုပ် အင့်..တခြားနေရာ.... ဘယ်နေရာဖြစ်ဖြစ်... "
ကျန်းလျိုရှန်းက သူ့ကို ခက်ထန်သော အကြည်တစ်ချက်ပေးလာပြီး ရေပူစမ်းကန်သို့ ချက်ချင်း သယ်သွားကာ ရေကန်နံရံမှာဖိ၍ စပ်ယှက်လေသည်။ ရေပူစမ်း၏ ရေပူတွေက လိင်တံ၏ အသွင်းအထုတ်မှာ သူ၏ အထိမခံ၍နူးညံ့သောအတွင်းသားအား အဖန်ဖန် ဆေးကြောပေးနေခဲ့သည်။ ထို့ကြောင့် သူမသိလိုက်ပါဘဲ တင်းထားလိုက်မိလေရာ ပို၍ ကြမ်းကြမ်းတမ်းတမ်း စပ်ယှက်ခံရတာလေသည်။ နဂိုကအရောင်ဖျော့သည့် အပေါက်မှာ စပ်ယှက်ခံရခြင်းကြောင့် အနီရင့်ရောင်အဖြစ်ပြောင်းလဲသွားပြီး အရည်များက ယိုစီးထွက်ကျနေ၏။
ရှရှီးအိုက် တစ်ကိုယ်လုံးတုန်နေပြီး ခြေထောက်တွေလဲ ခွေယိုင်လျက် တရိပ်ရိပ်တက်လာသည့် ရမ္မက်နှင့် သာယာမှုတွေကိုမခုခံနိုင်တော့ပေ။ နောက်ဆုံး သူ တရှုံ့ရှုံ့ဖြစ်လာပေမယ့် အရင်လို ရုန်းကန်ရမည့်အစား ကျန်းလျိုရှန်း၏ လည်တိုင်အားဖက်တွယ်လျက် " လျိုရှန်း လျိုရှန်း " ဟု ငိုကြွေးရင်း အနမ်းများကို ငံ့လင့်နေခဲ့သည်။
သူ့အဖို့ ကျန်းလျိုရှန်းအား ဆွပေးရန် မရယ်ရွယ်သော်လည်း ကျန်းလျိုရှန်းဟာ ပကတိ အထိန်းအကွပ်မဲ့နေပြီဖြစ်၏။ သူ့လက်တွေ၏ ခွန်အားတို့က အညှာအတာမဲ့လာပြီး သူ့ခန္ဓာကိုယ်ကို အပြာနှင့် အနီရောင်တွေ ပြောင်းလဲလာစေသည်။အထူးသဖြင့် ပေါင်နှင့်တင်ပါးလုံးပေါ်က နူးညံ့သည့် အသားစိုင်များပင်။ ရင်ဘတ်မှ အဖုလေးနှစ်ဖုသည်လည်း အလိမ်ခံရ၍ ယောင်ကာ ထိမိတိုင်း နာလာရတော့၏။
သူတို့က ရေပူစမ်းကန်မှာ ကန်ဘေးရှိ မြေပေါ်ကိုတက်ပြီး ၊ ၎င်းနောက် ကုလားထိုင်ပေါ်သို့သွားခဲ့ကြသည်။ နောက်ဆုံးမှာတော့ ကျန်းလျိုရှန်းက သူ့ကို အခန်းထဲသယ်သွား၍ မီးတွေပိတ်ကာ စောင်အောက်မှာ တစ်ဖန် စပ်ယှက်ခဲ့သည်။ ရှရှီးအိုက်က ခြေထောက်တွေကျယ်ကျယ်ဖွင့်ပြီး သူ့ကို ဝင်ခွင့်ပေးထား၏။စိုစွတ်နေသော အပေါက်လေးက ပေပွနေပြီး ထိုးသွင်းရည်များမှာလည်း စပ်ယှက်မှုကြောင့် အဆက်မပြတ် ယိုကျနေခဲ့သည်။ သူသည် ချွေးသီးများဖြင့် ပူကျစ်နေသော ကျောပြင်ကြီးကို ကုပ်တွယ်ထားရင်း မငိုနိုင်တော့သည်အထိ တရှုံ့ရှုံ့ငိုကာ နောက်ဆုံးလက်ကျန်အားလေးကို သုံးလျက်ပြတ်တောင်းပြတ်တောင်းနှင့် အော်ပြောလိုက်၏ :
" လျိုရှန်... ဟာ့ အား! တကယ်တော့ ၊ ကျွန်တော် ခင်ဗျားနဲ့ အတူရှိရတာကို ကြိုက်..... ဝူး... "
လက်ကျန်စကားလုံးများမှာ တခြားပါးစပ်ဖြင့် စုပ်ယူခံလိုက်ရ၏။
" ကိုယ် သိပြီးသား "
ကျန်းလျိုရှန်းက သူ၏ စိုနေသော မျက်တောင်များကို နမ်းလိုက်ပြီး နဖူးမှ ချွေးရွှဲနေသည့် ဆံပင်လေးများကို သပ်ကာ သူကိုယ်တိုင်၏ ချွေးရွှဲနေသောနဖူးဖြင့် ဖိကပ်ထားလိုက်သည်။
" အခုကစပြီး သေချာလေး ထုတ်ပြောပြရမယ်နော် သိရဲ့လား ? "
ရှရှီးအိုက် နှာရှုံရင်းခေါင်းညိတ်ပြလိုက်၏။
ထိုည၌ သူဟာ ကျန်းလျိုရှန်း၏ နားထဲသို့ အရင်တစ်ခါမှ မပြောခဲ့ဖူးသော ၊ ပြောဖို့ ခက်ခဲခဲ့ဖူးသော စကားလုံးပေါင်းအနန္တကို တိုးတိုးလေးကပ်ပြောခဲ့၏။သူ ပင်ပန်းနွမ်းလျ၍ အိပ်ပျော်သွားသည့်အချိန်မှာသာ ပူနွေးနွေးခန္ဓာကိုယ်ကြီးမှတင်းတင်းအဖက်ခံလိုက်ရပုံပေါ်ပြီး " လျိုရှန်း...ကိုကို...သဘောကျ...." ဟူသော ရှက်ဖွယ်လိလိစကားလုံးများကို ရေရွတ်ခဲ့ခြင်းက အိပ်မက်ထဲမှာပင် သူ့ကို အလွန့်အလွန် အရှက်ရစေခဲ့သည်။
သို့ပေမယ့်...သူ လုံးဝ နောင်တရသလို မခံစားရပေ။
သူ အအေးဒဏ်ကိုလဲ မကြောက်တော့။
အရုဏ်တက်သောအခါ အလုပ်ကြိုးစားသည့် ဝန်ထမ်းများမှာ ခရီးဆောင်အိတ်တွေကို ထုပ်ပိုးပြီး ပြန်ဖို့ပြင်ကြတော့၏။သူတို့က ဧည့်သည်တွေကို တစ်ယောက်ပြီးတစ်ယောက် နှိုးပေးရန် သွားခဲ့ကြပြီး လမ်း၌ နောက်ဆုံး နိုးထသည့်-ကဏ္ဍကိုလည်း ရိုက်ကူးခဲ့၏။ သူတို့ ရှရှီးအိုက်၏ အခန်းကို တံခါးခေါက်သောအခါ ဘယ်သူမှ မဖြေလာပေ။သို့နှင့် ကျန်းလျိုရှန်း၏ အခန်းသို့ သွားလိုက်ကြပြီး အရင်တံခါးခေါက်လိုက်သည်။
ဂျပန်သစ်သားတံခါးချပ်ကြီး ပွင့်လာသည်နှင့် ကျန်းလျိူရှန်က တံခါးဘောင်မှာ လေးတွဲ့စွာမှီကာ မေးလာသည် : " ဘာဖြစ်လို့လဲ ? "
" ရှန်းကော ကျွန်တော်တို့ ထွက်ခွာဖို့အချိန်ရောက်ပြီဗျ။မသွားခင်လေး ဒေါက်တာ့ကို ကိုယ်အပူတိုင်းခိုင်းပြီး ဆေးနည်းနည်းသောက်လိုက်ပါ "
" ရပါတယ်။ငါ့အဖျားက ပျောက်သွားပြီ "
" အာ ? ကောင်းပြီလေ ! ဒါဆို ... ဒေါက်တာ အရင်ဆုံး အပြင်ထွက်လိုက်ပါ "
" ခဏလေး " ကျန်းလျိုရှန်းက သူတို့ကို တားလိုက်ပြီး : " ဒေါက်တာ ၊ ကျေးဇူးပြုလို့ အထဲဝင်ပြီး ကိုယ်အပူတိုင်းပေးပါ "
ဝန်ထမ်းမှာ ဇဝေဇဝါဖြစ်သွားပြီး : " ရှန်းကော အစ်ကိုပဲ အဖျားပျောက်ပြီဆို ? "
" ငါမဟုတ်ဘူး " ကျန်းလျိုရှန်းက ကင်မရာကို တစ်ချက်ကြည့်၍ " ဝင်မလာနဲ့ "
ထိုသို့ပြောပြီးနောက် သူက လမ်းလုပ်ပေးပြီး ဆရာဝန်ကို အထဲခေါ်ကာ တံခါးပိတ်သွား၏။
ကျန်တဲ့ဝန်ထမ်းတွေမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဇဝေဇဝါဖြစ်နေခဲ့သည်။ စက္ကန့်အနည်းငယ်ကြာမှ သူတို့ ရုတ်ခြည်း သဘောပေါက်လိုက်ကြသည်။ သို့သော် ၎င်းနောက်မှာတော့ လူတိုင်း၏မျက်နှာတွင် ဆင်တူမေးခွန်းတစ်ခုပေါ်ခဲ့သည် : ဒါက...ဒါကထုတ်လွှင့်လို့ရပါ့မလား ?
အဆုံးသတ်မှာတော့ ထုတ်လွှင့်ခဲ့ပါ၏။
သစ်သားတံခါးနောက်ကွယ်က အချစ်ဇာတ်လမ်းလေးကို အသေးစိတ်လိုက်သည့် CPဖန်များက သဘောမပေါက်ပဲ နေပါအံ့ ? စိတ်လှည့်စားပါသော အချိုတွေကိုစားသုံးရင်း သူတို့ ကောင်းကင်ကြီးကို မော့ကြည့်၍ရယ်မောကာ ဆိုသည် ; " ရှန်းကောတော့ ဒီတစ်ခေါက် တကယ်ပြီးပြီပဲ။ အရမ်းဂရုစိုက်ပါရက်နဲ့ ပေါ့ဆမှုသေးသေးလေး ဖြစ်လာရတယ်လို့ တကယ်ကြီး ပရိုဂရမ်အဖွဲ့ကို လွှင့်ခွင့်ပေးတယ်။ အခုတော့ တစ်နိုင်ငံလုံး သူတို့နှစ်ယောက် ညတိုင်း အတူအိပ်မှန်း သိသွာပြီလေ ! နိုးလာတဲ့အခါ ရှက်တတ်တဲ့ အိန်ဂျယ်လေးက မင်းကို သေအောင်မရိုက်ဖို့ အိမ်မှာ ကောင်းကောင်းအမှုထမ်းပေတော့ ! နောက်နောင် ဒီလိုလူရမ်းကားပုံစံမျိူး ဟန်ဆောင်ရဲသေးလား ကြည့်ဦးမယ် ! "
မည်သို့ဖြစ်စေ တချို့ ဆင်ခြင်နိုင်သည့်ဖန်များက ဆိုသည် : " မဟုတ်သေးဘူး။ ဒါကို ဧည့်သည်တွေရဲ့ ခွင့်ပြုချက်နဲ့ လွှင့်တာမဟုတ်ဘူးလား ? "
ရှရှီးအိုက် ဤကွန်မန့်ကိုမြင်သောအခါ မလှမ်းမကမ်းတွင်ရှိနေသော ကျန်းလျိုရှန်းနှင့် စကားပြောပြီးကာစဖြစ်သည်။ သူမျက်နှာပူသော်လည်း လောင်ကျွမ်းနေသည်တော့မဟုတ်ခဲ့။
သူ ခဏမျှ စဉ်းစားကြည့်ပြီးနောက် သူ့လက်ချောင်းတွေကို ရွှေ့၍ စခရင်ပေါ်တင်လိုက်ပြီး ဤကွန်မန့်အား တိတ်တခိုးLikeလုပ်တော့၏။
___________________________________________________________________________
အချပ်ပို ၂က အိုက်အိုက် ဖျော်ဖြေပွဲလုပ်တာလေးပါ။ အပိုင်းက နည်းနည်းရှည်ပါတယ်။
《အခ်ပ္ပို ( ၁ ) : ေမၽွာ္လင့္ခ်က္လမ္းတစ္ေလၽွာက္ ( ၅ )》
Warning : Mature Contents and dirty words
Read at your own risk or skip this chapter
သူ႔အဖ်ားက မျပင္းထန္သလို ပုံမွန္ လွုပ္ရွားမွုေတြမွာ ဘာမွ ျပႆနာရွိေသာ္လည္း သူ႔စိတ္တြင္ေတာ့ အနည္းငယ္မူးေဝေနစျမဲ။ ေရပူစမ္းထဲမွာ ခဏေလာက္ စိမ္ၿပီးသြားသည္ႏွင့္ ေခၽြးတရႊဲရႊဲျဖစ္လာကာ ပူၿပီး စိတ္မသာမယာျဖစ္လာေတာ့သည္။ သူ ထရပ္၍ အျပင္ေတာ့မည္အျပဳ ၊ ႐ုတ္တရက္ တံခါးေခါက္သံတစ္ခ်က္ေပၚလာသည္။
" ဘယ္သူလဲ ? "
" ကၽြန္ေတာ္ပါ " ၾကည္လင္ေနေသာအသံေလးက ဆိုလာ၏။
" ဝင္ခဲ့ေလ ေပါင္ေပ့အာ "
ရွရွီးအိုက္က တံခါးဖြင့္၍ ေရပူစမ္းထံေလၽွာက္လာခဲ့သည္။ က်န္းလ်ိဳရွန္း မ်က္လုံးပင့္ၾကည့္လိုက္လၽွင္ သူက ေနဗီျပာေရာင္ စင္းက်ားပါ Bathrobe ကို ဝတ္ထားသည္အား ျမင္လိုက္ရၿပီး ယင္းကပင္ သူ႔အသားအေရကို အလြန္တရာ ျဖဴေဖြးသြားေစသည္။ ယခုမွ ေရခ်ိဴးၿပီးခဲ့သည့္အလား သူ၏ ဆံပင္တို႔မွာ စိုစိစိျဖစ္ေနဆဲျဖစ္ၿပီး ပါးမို႔ေတြရဲလ်က္ မ်က္လုံးထဲတြင္လည္း ေရခိုးတခ်ိဳ႕ရွိေနေသးသည္။
အရင္ကဆိုပါလၽွင္ သူ ရွရွီးအိုက္ကို ဤသို႔ျမင္ပါက ေသခ်ာေပါက္ အခြင့္ေကာင္းယူလိမ့္မည္ျဖစ္ေသာ္လည္း ယေန႔တြင္ေတာ့ သူဖ်ားေနၿပီး အနားကပ္မရသည့္အတြက္ ႏွုတ္ျဖင့္သာ က်ီစယ္နိုင္ခဲ့၏ :
" ညလယ္ႀကီးမွာ ကိုယ့္ရည္းစားအခန္းထဲ ဝင္လာတာက အႏၲရာယ္မ်ားတယ္ေနာ္ မင္းသိရဲ့လား ? "
ရွရွီးအိုက္က အေျဖမေပးလာ။ သူက ေျခလွမ္းတခ်ိဳ႕ႏွင့္္ကပ္လာကာ ေရပူစမ္းကန္၏ လမ္းတစ္ဝက္မွာ ထိုင္ခ်လိုက္ၿပီး ေမးသည္ : " ခင္ဗ်ား...ေနလို႔ပိုေကာင္းလာၿပီလား ? "
" ေရပူစမ္းခဏစိမ္ၿပီး ေခၽြးထြက္သြားေတာ့ အမ်ားႀကီး ပိုေကာင္းလာပါၿပီ။ " က်န္းလ်ိဴရွန္းက လွည့္၍ ကန္အစြန္းမွာလွဲခ်လိုက္ၿပီး မ်က္စိတစ္ဖက္မွိတ္ျပလာသည္ : " တစ္ကိုယ္လုံးပူလာေအာင္ တျခားတစ္ခုခု လုပ္လို႔ရမယ္ဆို အျမန္ဆုံးပိုေကာင္းလာမယ္ထင္တယ္ "
ႀကိမ္ဖန္မ်ားစြာ ဗလကၠာရအလုပ္ခံရၿပီးေနာက္ ရွရွီးအိုက္အတြက္ " တျခားအရာ " ဆိုတာကို ဘာမွန္းမသိဖို႔ မျဖစ္နိုင္ေတာ့ေပ။ သို႔တိုင္ သူ ဒီအေၾကာင္းေျပာလာေပမယ့္ ႏွုတ္ခမ္းေလးေတြေစ့ၿပီး ေျပာေနက်လို လူရမ္းကားဟု မေခၚလာခဲ့။
" ခင္ဗ်ား... တက္ခဲ့ေတာ့။ အၾကာႀကီး စိမ္ရင္ ေခါင္းမူးလာလိမ့္မယ္ "
က်န္းလ်ိဳရွန္းဟာ နာရီဝက္နီးပါး စိမ္ထားၿပီး အမွန္တကယ္လဲ နည္းနည္း မူးလာၿပီျဖစ္၏။သူ႔လက္ေမာင္းႏွစ္ဖက္ကို ဆန႔္တန္းကာ ေရကန္ထဲမွ ရႊဲရႊဲစိုလ်က္ႏွင့္ ထရပ္လိုက္ၿပီး သူ၏ ကိုယ္လုံးတီး ခႏၶာကိုယ္ကို ရက္ရက္ေရာေရာ ေဖာ္ျပလိုက္ေလသည္။ ဘာပဲျဖစ္ျဖစ္ ေရပူစမ္းထဲ၌ ကင္မရာေတြ မရွိသလို အခန္းထဲရွိ ကင္မရာေတြအားလုံးကိုလဲ သူ ပိတ္ထားၿပီးသားျဖစ္သည္။
သူဟာ ေရကန္ေဘးမွ တဘက္ႏွင့္တစ္ခ်က္ႏွစ္ခ်က္ သုတ္ပစ္လိုက္သည္။ သူေမာ့အၾကည့္ ၊ သူ႔ကေလးေလးက သူ႔ကိူ မ်က္ႏွာလႊဲထားသည္အား ေတြ႕လိုက္ရသျဖင့္ မရယ္ပဲ မေနနိုင္ေတာ့ : " ဘာလို႔လွည့္ထားတာလဲ ? မင္း မျမင္ဖူးတာလဲ မဟုတ္ပဲနဲ႔ "
ရွရွီးအိုက္က ျဖည္းျဖည္းခ်င္းျပန္လွည့္လာခဲ့ၿပီး သူ႔မ်က္လုံးေတြ က်န္းလ်ိဳရွန္းထံသို႔ေရာက္သည္ႏွင့္ ေၾကာင္သြားရေလသည္ : " ခင္ဗ်ား....ဘာလို႔...."
" ေရက အရမ္းပူတယ္ " က်န္းလ်ိဳရွန္းက ထိုေနရာကို အုပ္ရန္ ခါးတြင္ တဘက္တစ္ထည္ႏွင့္ စည္းလိုက္ၿပီး : " ၿပီးေတာ့ ေဘဘီကလဲ အရမ္းလွေနတယ္ေလ "
သူက ေဘးနားရွိ ေက်ာခင္းကုလားထိုင္ေပၚမွာ ထိုင္ခ်လ်က္ အနည္းငယ္ အားမရွိ၊ႏြမ္းလ်ဟန္ျဖင့္ ေလးတြဲ႕စြာဆိုလာသည္ : " ျမန္ျမန္ျပန္သြားေတာ့။ ၿပီးမွ မင္းရဲ့video chat လိုက္မယ္ "
" ခင္ဗ်ား အခန္းထဲမျပန္ဘူးလား ? "
" ကိုယ့္မွာလုပ္စရာရွိေသးတယ္ေလ " က်န္းလ်ိဳရွန္းက ေရခ်ိဳးတဘက္မွ ေထာက္ေနေသာ အစိတ္အပိုင္းကို တစ္ခ်က္ၾကည့္လိုက္ၿပီး : " ကိုယ္ဒီလိုႀကီးနဲ႔ေတာ့ အိပ္မသြားနိုင္ဘူးမလား ? "
ရွရွီးအိုက္ ႏွုတ္ခမ္း ကိုက္လိုက္ၿပီး ေကြးေနေသာ လက္ေခ်ာင္းေလးေတြက လက္သီးဆုပ္ျဖစ္ကာ စိတ္ပိုင္းျဖတ္လိုက္သည့္ႏွယ္ ဆို၏ : " ဒါဆို ကၽြန္ေတာ္——"
" မရဘူး။ ကိုယ္ မင္းကို ကူးေစလိမ့္မယ္ " က်န္းလ်ိဳရွန္းက စကားစျဖတ္လိုက္ၿပီး : " မင္းက ေနေကာင္းခါစမို႔ ကူးစက္နိုင္ဖို႔ ပိုလြယ္တယ္။ျပန္သြားတဲ့အခါ အခြင့္အေရးေတြ အမ်ားႀကီးရွိဦးမွာပါ လိမၼာတဲ့ေကာင္ေလး "
ရွရွီးအိုက္က ေနရာမွာရပ္လ်က္သာရွိၿပီး မ်က္ေမွာင္ခပ္ေရးေရးက်ဳံ႕၍ ႏွုတ္ခမ္းစြန္းေလးေတြ မဲ့က်သြား၏ : " ဒါေပမယ့္ ျပန္တဲ့အခါက် ခင္ဗ်ားက အဖြဲ႕ထဲဝင္ရေတာ့မွာ.... "
သူ လက္သီးဆုပ္လ်က္ ေက်ာခင္းရာေနရာသို႔ ေလၽွာက္လာၿပီး : " လာမယ့္ရက္ေတြအတြင္း ကၽြန္ေတာ္ အလုပ္လုပ္စရာမလိုဘူး.."
" အဲ့ဒီေတာ့ ? "
ရွရွီးအိုက္က သူ႔ေရွ႕မွာလာရပ္၍ မ်က္လုံးနက္ေလးေတြက မီးအပူေၾကာင့္ နီျမန္းေနသည္ :
" အဲ့ေတာ့ ကၽြန္ေတာ္ ကူးသြားမွာမေၾကာက္ဘူး။ ကၽြန္ေတာ္.....ဒီည ခင္ဗ်ားနဲ႔ ဒီမွာအိပ္ခ်င္တယ္ "
က်န္းလ်ိဳရွန္း၏ လည္စလုပ္ ေရြ႕သြားကာ ရင္ဖိုလာေတာ့သည္။
"... မူးေနတာလား ? "
ရွရွီးအိုက္က ေခါင္းခါျပ၏။
" ကိုယ့္ကို မထားခဲ့ရက္တာလား ? "
ရွရွီးအိုက္က စကၠန႔္အနည္းငယ္ တုံ႔ဆိုင္းေနၿပီးမွ ေခါင္းညိတ္ျပသည္။
က်န္းလ်ိဳရွန္း၏ မ်က္လုံးေတြ အနည္းငယ္ က်ဥ္းသြားရလ်က္။
" လိုခ်င္လို႔လား ? "
ဤတစ္ႀကိမ္တြင္ေတာ့ ရွရွီးအိုက္က ေခါင္းညိတ္၊ေခါင္းခါမလုပ္ေတာ့ပဲ မ်က္ႏွာက ရဲလာသေယာင္။
က်န္းလ်ိဳရွန္းက နားလည္သြားၿပီး ခပ္ဖြဖြေလး ရယ္လိုက္၏ : " အျမဲတမ္း မလိုခ်င္ဘူးပဲ ေျပာခဲ့တာမဟုတ္လား ? ကိုယ္က အခု ဖ်ားေနလို႔ ကိုယ့္ကို ျဖည့္ဆည္းေပးခ်င္ေနတာ။အိုက္အိုက္က ကိုယ့္အေပၚအရမ္းေထာက္ထားတတ္တာပဲ "
" ကၽြန္ေတာ္က......"
" ဒါေပမယ့္ ကိုယ့္မွာ အခု အားမရွိဘူးကြာ။ ဒါေၾကာင့္ လိုခ်င္တယ္ဆို မင္းဘာသာလုပ္မွရမယ္ "
က်န္းလ်ိဳရွန္းဟာ ထိုကဲ့သို႔ အေရပါးေလးျဖင့္ ဤေနရာတြင္ သူက အရင္ အစပ်ိဳးလာဖို႔ လုပ္မည္မဟုတ္ေၾကာင္း ေသခ်ာေနခဲ့၏။ ဤစကားေတြကို ၾကားၿပီးလၽွင္ ရွက္ရွက္ႏွင့္ အခန္းျပန္ကာ အိပ္သြားမွာျဖစ္နိုင္သည္။
ၿပီးကာမွ ကေလးကို ေခ်ာ့ရန္ ဗြီဒီယိုေကာလ္ေခၚရမည္။ ဒါမွသာ ကေလးကို ကူးခံရမွာလည္းမဟုတ္သလို စိတ္ဆိုးမွာလည္း မဟုတ္ေတာ့ပဲ ႏွစ္မ်ိဴးလုံးအတြက္ အေကာင္းဆုံးပင္။
သို႔ေသာ္ ထိုသို႔ေျပာၿပီးေနာက္ ရွရွီးအိုက္က ထြက္မသြား႐ုံသာမကပဲ ခပ္တိုးတိုးအေျဖေပးလာမည္ဟု မည္သူက ေမၽွာ္လင့္ထားပါအံ့ ?
" ေကာင္းၿပီ......"
ထို႔ေနာက္ ၊ သူက လက္ေမာင္းေျမႇာက္၍ အေရွ႕မွ ယူကာတာ၏ ခါးစည္းကို ျဖည္းျဖည္းခ်င္းျဖည္လိုက္သည္။
က်န္းလ်ိဳရွန္းေၾကာင္ကာ ကုလားထိုင္ လက္ရန္းကိုပင္ တင္းခနဲ႔ကိုင္လိုက္မိၿပီး ႏွလုံးသားမွာလည္း လည္ေခ်ာင္းထဲမွ ခုန္ထြက္မတတ္။
ငိုး.. လာသတ္တာပဲ ! ဒါကို ဘယ္လိုလုပ္ ျငင္းနိုင္မွာလဲ ?
ရွရွီးက အေရွ႕ကိုင္းလာ၍ လက္ေခ်ာင္းေလးတုန္ေနခဲ့လ်က္ႏွင့္ သူ႔မ်က္လုံးကို ခပ္မွိုင္းမွိုင္း ခါးစည္းျဖင့္ ကာေပးလာသည္။အဝတ္သားက ထူတာေၾကာင့္ သူ႔မ်က္လုံးေတြမွာ ခ်က္ခ်င္း အေမွာင္ထုထဲ သက္ဆင္းသြားရလ်က္။
" မၾကည့္နဲ႔ ၊မလွုပ္နဲ႔ "
"...... မင္းဘာလုပ္မလို႔လဲ ? "
က်န္းလ်ိဳရွန္း၏ အျမင္အာ႐ုံပိတ္ခံထားရတာေၾကာင့္ တျခားကိုယ္အစိတ္အပိုင္းေတြ၏ အာ႐ုံခံစိတ္က အလြန႔္အလြန္ အထိမခံျဖစ္လာသည္။ ပထမဆုံး သူ အပူတက္လာသလို ခံစားမိကာ ၎ေနာက္ သူ႔ႏွုတ္ခမ္းေတြက ေနာက္ႏွုတ္ခမ္းအိအိေလးႏွင့္ ေႏြးေထြးစြာ ဖိကပ္ခံလိုက္ရသည္။
ရွရွီးအိုက္က အေတြ႕အၾကဳံမရွိဘဲ နမ္းေနခဲ့သည္။ သူသည္ကား ဤကိစၥေတြ၌ အျမဲတေစ ျပဳသမၽွႏုရသည့္လူသာ။ ျပဳလုပ္သူအျဖစ္ ေျပာင္းလဲသြားသည္ႏွင့္ ဘယ္လို နက္ရွိုင္းေအာင္ဖန္တီးရမလဲ မသိတာေၾကာင့္ သည္အတိုင္း ႏွုတ္ခမ္းေတြကိုသာ ဖြဖြ ပြတ္တိုက္ေနမိသည္။ အဖ်ားေၾကာင့္ေပလား ၊ က်န္းလ်ိဳရွန္း၏ ႏွုတ္ခမ္းမ်ားမွာ ယေန႔၌ သူ႔ႏွုတ္ခမ္းထဲတြင္ အရည္ေပ်ာ္သြားေတာ့မလို အလြန္ပူက်စ္ေနခဲ့၏။ သူ႔ရင္ခုန္သံမွာလဲ ရင္ဘတ္ထဲမွ ခုန္ထြက္ေတာ့မည္။သူ အလန႔္တၾကားျဖစ္ေနသည္ကို က်န္းလ်ိဳရွန္း ရယ္မည္စိုးသျဖင့္ သူ႔ကို ခဏေလာက္ပဲနမ္းၿပီး ျပန္လည္ဆုတ္ခြာလိုက္သည္။ သူ ခဏတာမၽွ အသက္ရွုၿငိမ္သြားၿပီးေနာက္ သူ႔မ်က္လုံးေတြကို ေအာက္ပို႔လိုက္မိလၽွင္ တံေတြးမ်ိဳခ်လိုက္မိၿပီး ခါးတစ္ဝိုက္မွ ေရခ်ိဳးတဘက္ဆီလက္လွမ္းလိုက္၏။
က်န္းလ်ိဳရွန္းမွာ သူ႔ကိုယ္ေအာက္ပိုင္းမွ စိမ့္ခနဲ႔ျဖစ္သြားတာကိုသတိထားမိလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္သြားသည္ : " ေလၽွာက္မလုပ္နဲ႔ေတာ့။မင္း တိုက္ရိုက္ႀကီးသြားလို႔မျဖစ္ဘူး။ဆယ္ရက္ေက်ာ္ေလာက္ထိ မလုပ္ထားရင္ ေသေအာင္နာသြားလိမ့္မယ္။ကိုယ္အထင္ အခုထိ—— ဟစ္ ! "
သူ အသက္ျပင္းျပင္းရွူလိုက္၍ လၽွပ္စီးက သူ႔ဦးေႏွာက္ထဲသို႔ တဟုန္ထိုးေျပးဝင္လာသလို ဦးေရျပားေတြ က်င္ခနဲ႔ျဖစ္သြားၿပီး မ်က္လုံးေတြကို အုပ္ထားသည့္ ယူကာတာ ခါးစည္းကို ဖယ္ပစ္လိုက္၏။
ရွရွီးအိုက္မွာ သူ႔ပါးစပ္ထဲရွိအရာႏွင့္အတူ အငိုက္မိကာ ေၾကာင္သြားရသည္။ သူဟာ ရွက္စရာေကာင္းသည့္အရာတစ္ခုႏွင့္ ထိေတြ႕လိုက္ရသလို ခ်က္ခ်င္း ေထြးထုတ္ကာ မ်က္ႏွာကလဲ ျဖန္းကနဲ႔ရဲလာၿပီး ေဒါသတႀကီး ဆိုေတာ့သည္ :
" ၾကည့္လို႔လဲမရဘူး လွုပ္လို႔လဲ မရဘူးလို႔ မေျပာထားဘူးလား ! "
" ကိုယ္မွ သေဘာမတူခဲ့တာ ! "
က်န္းလ်ိဳရွန္းဟာ ထိုအခိုက္အတန႔္၌ မတည္ၿငိမ္ေတာ့ပဲ ပင့္သက္ျပင္းျပင္းရွိုက္ရင္း ခဏမၽွ ထိန္းထားသည့္တိုင္ မထိန္းနိုင္ေတာ့ေပ : " ဖာခ့္ ! ဆက္လုပ္ေပး ! ကူးကူး မကူးကူးဂ႐ုမစိုက္ေတာ့ဘူး။ မင္း ေတာင္းဆိုတာပဲ ! "
ၾကမ္းတမ္းသည့္ေလသံေၾကာင့္ ေၾကာက္သြား၍ေပလား ၊ မထူးေတာ့ဘူးဟူ၍ေပလား ရွရွီးအိုက္ဟာ ခဏမၽွ တုံ႔ဆိုင္းေနၿပီးေနာက္ အမွန္တကယ္ ပါးစပ္ဖြင့္၍ တစ္ဖန္ ငုံေထြးလာေတာ့သည္။
ေႏြးေထြးသည့္အာခံတြင္းက ပူက်စ္တင္းမာေနေသာလိင္တံကို ငုံေထြးလ်က္ ျဖည္းျဖည္းခ်င္း မ်ိဳခ်လိုက္သည္။ သူဟာ ဤသို႔ေသာကိစၥမ်ားတြင္ မေတာ္လွ။ တစ္ဝက္ေလာက္ ဝါးမ်ိဳၿပီးေနာက္ သက္ေသာင့္သက္သာမျဖစ္စြာ ညည္းသံေလးေတြ ထြက္လာေတာ့သည္။ သူဟာ ထိုေနရာမွာ ေသာင္တင္ေနၿပီး ဘယ္လို ဆက္ရမလဲမသိေတာ့။ ေျမေပၚမွာ ဒူးေထာက္လ်က္သားေလး လမ္းေပ်ာက္ေနကာ လက္ေတြကို ဘယ္မွာထားရမလဲဆိုတာကိုလဲ မသိျပန္၏။ ထို႔ေၾကာင့္ ေထာင္ေခ်ာက္မိေနသည့္ သိုးငယ္ေလးပမာ အကူအညီေတာင္းသည့္ႏွယ္ က်န္းလ်ိဳရွန္းအား မ်က္လုံးေလးပင့္ၾကည့္လိုက္သည္။
က်န္းလ်ိဳရွန္း၏ ရီေဝေဝစိတ္မွာ အထိန္းအကြပ္လြတ္ေတာ့မတတ္ပင္။ သူ႔ကို ဤသို႔ျမင္ရလၽွင္ အမွန္တကယ္ သက္ေတာင့္သက္သာမျဖစ္မွာကို သည္းခံနိုင္စြမ္းလဲမရွိေပ။ ဟိန္းေဟာက္ေနသည့္ စိတ္ဆႏၵေတြကို သည္းခံလ်က္ သူ စိတ္ရွည္လက္ရွည္ႏွင့္ သင္ေပးမိသည္ : " လၽွာနဲ႔ လ်က္ေပး ၊ သြားေတြကို ဖြက္မထားနဲ႔ ၊ လိမၼာတယ္....ပါးစပ္နဲ႔မရရင္ လက္ေတြက္ိုပါသုံးေပး။ အရမ္းအရဲမကိုးနဲ႔ "
ရွရွီးအိုက္က ညႊန္ၾကားခ်က္ေတြကို နာခံစြာ လိုက္နာၿပီး ဦးဆုံး လိင္အဂၤါကို ေထြးထုတ္လိုက္သည္။ ၿပီးလၽွင္ လၽွာေလးကို ဆန႔္ကာ အေပၚမွေအာက္သို႔ ျဖည္းျဖည္းခ်င္း လ်က္ေပးလိုက္ၿပီး မ်က္ႏွာကို ဆီးခုံေမႊးေတြမွာ အပ္ရင္း ထိုနည္းအတိုင္း ျပန္၍ လိင္တံတစ္ခုလုံးကို အရည္ၾကည္ေတြရႊဲလာသည္အထိ လ်က္ေပးလိုက္၏။ သူ ထိပ္ဖ်ားကို လ်က္ေပးေသာအခါ က်န္းလ်ိဳရွန္း အရင္က သူ႔အေပၚ လုပ္ေပးခဲ့သည္မ်ားအား ျပန္လည္ အမွတ္ေဖာ္ၾကည့္လိုက္သည္။ ထို႔ေၾကာင့္ သူက ႀကီးမားသည့္ထိပ္ဖ်ားပိုင္းတစ္ခုလုံး ေပၚလာေစရန္ အေရျပားမွ ေအာက္ဖက္သို႔ ပြတ္ဆြဲသြားၿပီး ပါးစပ္ဖြင့္၍ စုပ္လိုက္သည္။ၿပီးလၽွင္ ထိပ္ဖ်ားမွ အေပါက္ငယ္အား ဆြရန္ လ်ာဖ်ားျဖင့္ ဖိသြင္းလိုက္၏။
က်န္းလ်ိဳရွန္းမွာ သူ႔ထံမွ အလြန္အမင္း စုပ္ေပးခံေနရသျဖင့္ မိမိအေနအထားကိုပင္ မထိန္းနိုင္ေတာ့ပဲ ပုံမွန္ထက္ေစာ၍ သုတ္လႊတ္ခါနီးျဖစ္သြားရသည္။ သူ႔ခါးႏွင့္ ဗိုက္ႂကြက္သားမ်ားမွာ ေတာင့္တင္းသြားလ်က္။ သူဟာ " ဖာခ့္ " ဟုဆိုလိုက္ကာ သူ႔ေမးေစ့ကို လွမ္းဖမ္း၍ ခက္ထန္စြာဆိုလိုက္သည္ : " မစုပ္နဲ႔ေတာ့ ! "
ရွရွီးအိုက္မွာ သူ ေကာင္းေကာင္းမလုပ္နိုင္ဟုခံစားမိ၍ အနည္းငယ္ မခ်င့္မရဲျဖစ္သြားရ၏။ သို႔ေသာ္ သူက အခက္အခဲႏွင့္ ေတြ႕တိုင္း ခ်က္ခ်င္း နည္းလမ္းကိုသာ အျမဲေျပာင္းတတ္သည့္ လူစားမ်ိဴးျဖစ္သည္။ ထို႔ေၾကာင့္ သူက အေပၚပိုင္းတစ္ဝက္ကို ငုံေထြးလိုက္ၿပီး မဆံ့သည့္အပိုင္းကိုမူ လက္ေတြျဖင့္ လွုပ္ရွားေပးလိုက္သည္။ရံဖန္ရံခါ သူက ျပန္လည္ေထြးထုတ္ၿပီး အေစာကအတိုင္း အေလးအနက္ ႀကိဳးစား၍ စုံခ်ည္ဆန္ခ်ည္ လ်က္ေပးလိုက္၏။
က်န္းလ်ိဳရွန္းမွာ ဤသို႔ေသာ အူလွိုက္သည္းလွိုက္ခံစားခ်က္မ်ိဴးကို ခံစားဖူးရတာ ပထမဦးဆုံးျဖစ္ေလသည္။ သူ႔ရင္ဘတ္မွာ ပင့္သက္အတက္အက်ျမန္ေနၿပီး ဆႏၵေတြကို အတတ္နိုင္ဆုံး ထိန္းထားရန္ ႀကိဳးစားပါေသာ္လည္း ဗိုက္ေအာက္ပိုင္း၌ အပူမ်ား တရစပ္ စုေဝးလာသည္ကိုမူ မထိန္းထားနိုင္ေပ။ သူ ေအာက္ကို ငုံ႔ၾကည့္ပါက အျပစ္ကင္း၍တည္ၾကည္တတ္ေလ့ရွိသည့္ ကေလးေလးက သူ႔ေျခေထာက္ေတြၾကားမွာ ဒူးေထာက္ထားသည္ကို ျမင္ေနရ၏။ သူ႔မ်က္ႏွာေလးႏွင့္ မ်က္လုံးစြန္းေလးမ်ားက ရဲေစြးလ်က္ ၊ ၾကမ္းတမ္းတုတ္ခိုင္ေသာ လိင္တံမွာ သူ၏ စိုရဲႏူးညံ့ေသာ ႏွုတ္ခမ္းလႊာေတြၾကားတြင္ေရာက္ေနခဲ့သည္။ သူသည္ကား အနိုင္က်င့္ေနခံေနရသည့္ပုံေပၚေသာ္ျငား အနိုင္က်င့္ခံရရန္ ဦးစြာ အစပ်ိဳးဖို႔ စိတ္ရွိေနသည့္အလား။
သနားစရာေကာင္းသလို စိတ္လွုပ္ရွားစရာလဲေကာင္းျပန္၏။
ထို႔ေၾကာင့္ သူမတတ္နိုင္ေတာ့ပဲ ပို၍ တြန္းထိုးကာ ခါးဆန႔္လ်က္ ပိုနက္ေအာင္ ထိုးသြင္းမိေတာ့သည္။ ရွရွီးအိုက္မွာ ရံဖန္ရံခါ နင္သြားၿပီး သူ႔ကို အတြန႔္တက္ခ်င္သလို စူးစူးရဲရဲၾကည့္လာတတ္ေပျငား ကလန္ကဆန္မလုပ္ပါဘဲ သူ႔လည္ေခ်ာင္းကို ေျဖေလၽွာ့ကာ နာနာခံခံႏွင့္ တြန္းထည့္ခြင့္ျပဳေလသည္။ သူ႔ပါးစပ္မွ တံေတြးရည္မ်ားမွာ မ်ိဳခ်ခ်ိန္မရွိတာေၾကာင့္ ပါးစပ္ေထာင့္တစ္ေလၽွာက္မွ စီးၿပီး တပ္မက္ဖြယ္ ေငြရည္တစ္မၽွင္အျဖစ္ေအာက္သို႔ တစက္စက္က်ေလ၏။
သူ ထပ္ၿပီးမခံနိုင္ေတာ့သည့္အခ်ိန္ဆိုလၽွင္ ရွရွီးအိုက္က ႏွာရွုံ႔လ်က္ သူ႔လက္ေတြကို လွမ္းဆြဲၿပီး အသနားခံသလို အရည္လည္ေနသည့္မ်က္ဝန္းမ်ားျဖင့္ သနားစဖြယ္ၾကည့္လာတတ္ေသးသည္။
က်န္းလ်ိဳရွန္း၏ ႏွလုံးသားမွာ ပူေလာင္ေပ်ာ့ေပ်ာင္းလာျဖင့္ သူ ဆက္မသြားေတာ့သည့္တိုင္ ဤမၽွ အတိုင္းအတာျဖင့္ သူ႔ပါးစပ္ေလးထဲအား ဖိသြင္းေပးထားလၽွင္ မ်က္လုံးႏွင့္ ပါးစပ္တို႔တြင္ အရည္ၾကည္မ်ား ပိုမ်ားလာၿပီး ထငိုေတာ့မည့္ႏွယ္ ထင္ရသည္။ ဤမၽွရွားပါးသည့္ ဝန္ေဆာင္မွုအား ခံစားရသည္ကို ခဏေလာက္ အခ်ိန္ဆြဲထားၿပီး သူ႔တန္ဆာကို ငုံထားလ်က္ ငိုေႂကြးလာမည္ကို ၾကည့္ခ်င္ပါေသာ္လည္း အဆုံးတြင္ေတာ့ ဆႏၵေတြက အလြန္အမင္း ေသာင္းေသာင္းသဲသဲျဖစ္လာသည္မို႔ သူ မထိန္းထားနိုင္ေတာ့ပဲ မပီမသ ညည္းသံတစ္ခ်က္ထြက္၍ အာခံတြင္းပူပူေလးထဲ အကုန္ လႊတ္ထုတ္လိုက္ေတာ့၏။
ရွရွီးအိုက္ နင္ၿပီး ေခ်ာင္းတဟြတ္ဟြတ္ဆိုးေတာ့သည္။ေခ်ာင္းဆိုးၿပီးကာမွ သူတစ္ဖန္ ေတာင့္ခဲ့သြားျပန္၏။ သူ႔ပါးစပ္ထဲ၌ ေစးကပ္ကပ္ သုတ္ရည္ေတြႏွင့္ ဘာလုပ္ရမည္ကိုမသိေတာ့။
က်န္းလ်ိဳရွန္းက အနားတိုးကပ္လာ၍ ပါးစပ္အစြန္းမွ ျဖဴေနာက္ေနာက္အရည္မ်ားကို ဖြဖြပြတ္သုတ္ေပးၿပီး လက္ေခ်ာင္းကို သူ႔ပါးစပ္ထဲ ထည့္ကာ :
" စားလိုက္ "
ရွရွီးအိုက္မွာ သူ၏ နက္ရွိုင္းလွသည့္ အၾကည့္ေၾကာင့္ စိုးရိမ္ကာ မိမိ၏လည္စလုပ္က ေရြ႕သြားၿပီး ဒီအတိုင္း မ်ိဳခ်မိသြား၏။ လည္ေခ်ာင္းတစ္ေလၽွာက္တြင္ ညႇီစို႔စို႔ရနံ႔က ျပည့္လၽွမ္းကာ ေစးထန္ေသာအရည္မ်ား သူ႔ကိုယ္ထဲစီးဆင္းသြားသည္။ သူ႔ ေျခေထာက္ေတြကို မေစ့ပဲ မေနနိုင္လိုက္။
က်န္းလ်ိဳရွန္းက မ်က္ခုံးပင့္လိုက္ၿပီး သူ႔လက္ေခ်ာင္းေပၚမွာ တစ္စုံတစ္ရာက်န္ေနေသးေၾကာင္း အခ်က္ျပလာ၏။
သေဘာေပါက္သြားသည္ႏွင့္တၿပိဳင္နက္ ရွက္ရြံ႕မွုႏွင့္ ေခါင္းရွုပ္ျခင္းမ်ား ခံစားလိုက္ရကာ ရွရွီးအိုက္ ေခါင္းလည္၍ ျငင္းဆန္လိုက္သည္ : " မစားဘူး။ "
က်န္းလ်ိဳရွန္းက အတိုင္းအတာတစ္ခုအထိ လုပ္ေတာ့မည္အျပဳ ႐ုတ္တရက္ အျပင္မွ တံခါးေခါက္သံေပၚလာကာ လင္းခ်န္၏ အသံထြက္လာသည္ :
" ရွန္းေကာ ! ရွီးအိုက္က အစ္ကိုနဲ႔အတူရွိေနတာလား ? ကၽြန္ေတာ္ သူ႔အခန္းကို သြားၾကည့္ေပမယ့္ သူက မရွိလို႔။ အစ္ကို႔တံခါးမွာ ဖိနပ္ပါးႏွစ္ရံလဲ ျမင္လို႔ေလ "
ရွရွီးအိုက္မွာ ယခု သူဝင္လာခ်ိန္တြင္ တံခါးအား ေလာ့မခ်မိခဲ့ေၾကာင္း ႐ုတ္တရက္ သတိရသြားသျဖင့္ အလန႔္တၾကား ထခုန္သြားရသည္။ ၿပီးလၽွင္ သူေျဖထားသည့္ ေရခ်ိဴးတဘက္ကို ယူကာ က်န္းလ်ိဳရွန္း၏ခႏၶာကိုယ္ေအာက္ပိုင္းတြင္ ဖုံးေပးလိုက္၏။ ၿပီးလၽွင္ ယခုပင္ ကိုယ္တိုင္ ဖယ္ပစ္ထားေသာ ခါးစည္းကို အျမန္ရွာကာ ပြင့္ေနေသာ ယူကာတာ၏ ခါးပိုင္းေပၚမွာ သိမ္းက်ဳံးခ်ည္၍ တင္းတင္း ပတ္ထားလိုက္သည္။
သူ ထရပ္လိုက္မွ က်န္းလ်ိဳရွန္းဟာ သူသည္ ယူကာတာ အထဲ၌ ဗလာျဖစ္ၿပီး ဘာမွ ဝတ္မထားမွန္း သိလိုက္ရ၏။
သူ႔မ်က္လုံးေတြ ခ်က္ခ်င္းမဲနက္သြားရလ်က္။
ရွရွီးအိုက္က ကမန္းကတန္းႏွင့္ အဝတ္ဝတ္ၿပီး တံခါးဆီ သြက္သြက္လွမ္းကာ ဖြင့္ေမးလိုက္သည္ : " ဘာျဖစ္လို႔လဲ ? "
" အား တကယ္ႀကီးရွိေနတာပဲ ! " လင္းခ်န္က ေပ်ာ္ရႊင္စြာႏွင့္ : " ေအာက္ထပ္မွာ အရသာရွိမဲ့ပုံေပါက္တဲ့ကိတ္ေလးေတြေရာင္းေနတာငါ ေတြ႕ခဲ့တယ္။ မင္းေရာစားခ်င္ေသးလား ? ငါမင္းအတြက္ တစ္လုံးဝယ္ခဲ့မယ္ "
" ေက်းဇူးပဲေနာ္ မလိုေတာ့ဘူး။ " သူ႔ပါးစပ္က အခု က်န္းလ်ိဳရွန္းအရသာအျပည့္ျဖစ္ေနတာ... တျခားဟာ စားနိုင္စရာအေၾကာင္းကို မရွိဘူး။
" အား ေကာင္းၿပီေလ။ ဒါဆို ငါ့ဘာသာသြားဝယ္လိုမယ္ " လင္းခ်န္က စကားေျပာၿပီးေနာက္ ပုံမွန္လို ေမးလာ၏ " ရွီးအိုက္ မင္းက ဒီမွာ အိပ္မလို႔လား ? "
" မဟုတ္ပါဘူး ၿပီးရင္ ျပန္မွာ "
" ေကာင္းၿပီ ငါသြားေတာ့မယ္ ေကာင္းေသာည ! "
" အင္း ေကာင္းေသာည "
တံခါးေပါက္ ေလာ့က်သြားခါမွ ရွရွီးအိုက္ သက္ျပင္းရွည္ႀကီးခ်မိသြား၏။ ၿပီးလၽွင္ တစ္ခုခုမွားေနသလို ေတြးမိျပန္သည္၊ သူက ဘာလို႔ တံခါးကို ေလာ့ခ်လိုက္တာလဲ ? ဘာပဲျဖစ္ျဖစ္ ျပန္ေတာ့မွာပဲေလ။ ဘယ္သူက က်န္းလ်ိဳရွန္းကို ထပ္ၿပီးအနိုင္က်င့္ဖို႔ ေျပာလို႔လဲ ?........ သူ လက္ဆန႔္၍ တံခါးကို ဖြင့္ေတာ့မည္အျပဳ တစ္ဝက္ေလာက္မွာပဲ လက္တစ္ဖက္က အေနာက္မွ ဆန႔္ထြက္ကာ သူ႔ခါးကို လွမ္းဖက္လာ၏။
" ဒီမွာ ညအိပ္ခ်င္တယ္လို႔ ေျပာခဲ့တာမဟုတ္ဘူးလား ? "
က်န္းလ်ိဳရွန္းက သူ႔ကို အေနာက္မွ နီးနီးကပ္ကပ္
ရွိေနလ်က္ နားထဲသို႔ တီးတိုးဆိုသည္ : " အေပၚပါးစပ္ေလးက ျပည့္သြားၿပီ ၊ ေအာက္ကေတာ့ မျပည့္ေသးဘူးေလ ? "
ရွရွီးအိုက္၏ မ်က္ႏွာမွာ ျဖန္းကနဲ႔ နီရဲလာသည္ : " ကၽြန္ေတာ္ မလိုခ်င္.."
က်န္းလ်ိဳရွန္းက သူ႔စကားကို လုံးဝနားမေထာင္ဘဲ ထြက္ေျပးမည္စိုး၍ ခါးကို လက္ေမာင္းႏွင့္ ဖက္တြယ္ထား၏။ က်န္လက္တစ္ဖက္ျဖင့္ Bathrobe အစြန္းကို အျမန္ လွန္ကာ အထဲလက္ေရာက္သြားလၽွင္ ေသခ်ာေပါက္ပင္ မာေနသည့္အရာကို ထိမိလိုက္သည္။ သူ ျပင္းျပင္းပြတ္ေပးလိုက္လၽွင္ ရင္ခြင္ထဲမွ လူ၏ပင့္သက္ရွိုက္သံကိုေလးကို ၾကားလိုက္ရလ်က္။၎ေနာက္ သူ႔လက္ေတြကို ေအာက္ပို႔လိုက္ၿပီး ေစ့ထားေသာေျခႏွစ္ေခ်ာင္း အားသုံး တိုးဝင္လိုက္၏။ သူ၏ ရွည္လ်ားေသာ လက္ခလယ္မွာ လၽွို႔ဝွက္အေနာက္ေပါက္ေလးအတြင္းသို႔ ခ်က္ခ်င္း တစ္ေခ်ာင္းလုံးဝင္သြားၿပီး အထဲမွာ ေမႊေႏွာက္ေနလိုက္သည္။
ပူက်စ္စိုစြတ္၍ ခၽြဲက်ိက်ိျဖစ္ေနသည္။
ျပင္ဆင္ဖို႔လာ႐ုံတင္ မဟုတ္ပါလား။
သူသိသြားၿပီဆိုတာသိလိုက္၍ ရွရွီးအိုက္ အလြန္အမင္း ရွက္စိတ္ျဖစ္လာကာ မိမိကိုယ္ကို အဖတ္ဆယ္ရန္ အတတ္နိုင္ဆုံးႀကိဳးစားလိုက္သည္ : " ဒီတိုင္း... ဒီတိုင္း ခင္ဗ်ားကိုေတြ႕နိုင္ဖို႔ ရက္ေတြအမ်ားႀကီးၾကာဦးမွာလို႔ ေတြးမိလို႔.... "
ဒါေၾကာင့္ သူ မတတ္နိုင္ေတာ့။
ဘာပဲျဖစ္ျဖစ္ သူ ဂ႐ုမစိုက္တာမဟုတ္သလို သူသည္လည္း အထီးက်န္သလ္ို ခံစားရတာပဲ။
က်န္းလ်ိဳရွန္းက မညႇာမတာႏွင့္ေနာက္ထပ္ လက္ႏွစ္ေခ်ာင္းထည့္လိုက္ၿပီး အျပည့္အဝ အလိုက္ထိုက္ျဖစ္ေအာင္ လုပ္ေပးလိုက္၏။ ခဏမၽွ ေမႊေပးၿပီးေနာက္ ဆြဲထုတ္လိုက္ေသာအခါ လက္ေခ်ာင္းတစ္ေခ်ာင္းစီတိုင္းက အရည္ေတြရႊဲလ်က္။
သူက ရွရွီးအိုက္၏ပခုံးေပၚမွာ မ်က္ႏွာအပ္ကာ ေရေငြ႕အျပည့္ႏွင့္ လတ္ဆတ္သည့္ရနံ႔ေလးကို တစ္ဝႀကီးရွုပစ္လိုက္သည္။ သို႔ေသာ္ သူ႔စိတ္မွာေတာ့ ေက်ာက္ရည္ပူေတြ စီးဆင္းေနသေယာင္ထင္ရၿပီး ဖြင့္ဟလိုက္သည့္အသံမွာလည္း ဆာေလာင္ေနသည့္ သားရဲ၏ ဟိန္းေဟာက္သံအလား ျဖစ္ေနခဲ့၏ :
" မင္း လိုခ်င္လား ၊ မလိုခ်င္ဘူးလားပဲ ေျပာလိုက္ "
ရွရွီးအိုက္ ေတာင့္ခနဲ႔ျဖစ္သြားၿပီး အတန္ၾကာမွ ျပတ္ျပတ္သားသား ေခါင္းညိတ္ျပလာခဲ့သည္။
က်န္းလ်ိဳရွန္းက ခ်က္ခ်င္း သူ႔လက္ေမာင္းကို ဆြဲ၍ သူ႔ကို အိပ္ခန္းထဲေခၚသြားကာ တာတာမီေပၚမွာ အၾကမ္းပတမ္း ပစ္ခ်လိုက္သည္။ ရွရွီးအိုက္မွာ ႏူးညံ့သည့္ေစာင္ပုံအတြင္း ပုံလ်က္သားကေလး။ သူ သတိမဝင္ေသးခင္မွာပင္ Bathrobeက အပင့္ခံလိုက္၏။ က်န္းလ်ိဳရွန္းက သူ႔တင္ပါးကို ပင့္၍ ေျခေထာက္ေတြကို ခြဲကာ ခါးအားႏွိမ့္လ်က္ အေနာက္မွ တစ္ခါတည္း ဝင္လာခဲ့သည္။
" ဝူး..."
ရွရွီးအိုက္မွာ ေစာင္ကို အတင္းဆုပ္ထားၿပီး ေျခေထာက္ေလးေတြ တုန္ေန၏။ အခ်ိန္အေတာ္ၾကာ ေပ်ာက္ေနခဲ့ေသာ ထိုးေဖာက္ဝင္ေရာက္ခံရသည့္ ခံစားခ်က္က သူ႔က္ို ခဏမၽွ သတိလက္လြတ္ျဖစ္သြားေစသည့္တိုင္ ႐ုတ္ျခည္း အေနာက္မွ ျပင္းထန္သည့္ ေဆာင့္ခ်က္က အသိစိတ္ျပန္ကပ္လာေစ၏။ သူ အေဆာင့္ခံလိုက္ရတိုင္း ဒူးက နည္းနည္းစီအေရွ႕သို႔ ေရာက္လာခဲ့သည္။ အကယ္၍ ေတာ္ေတာ္ေလး ေရာက္သြားပါလၽွင္ ျပန္လည္ ဆြဲယူခံရၿပီး သူ႔တင္ပါးလုံးမ်ားအား ေဆာင့္သည့္အသံကလဲ ပို၍ က်ယ္လာေတာ့၏။ မ်ားျပားလွေသာ ထိုးခ်က္ေတြအၿပီး သူ ေတာင့္မခံနိုင္ေတာ့ပဲ မနည္း ေခါင္းကို လွည့္ၾကည့္လိုက္ရသည္ :
" ပူ...အရမ္း... အရမ္းပူလို႔...ျဖည္းျဖည္း......"
က်န္းလ်ိဳရွန္းဟာ ယခုမွ ေရပူစမ္းထဲမွာ ေရစိမ္ၿပီးကာစျဖစ္လို႔ သူ႔အဖ်ားက ျပန္တက္လာခဲ့သည္။ သူ၏ တင္းမာေနေသာ လိင္တံက ခါတိုင္းထက္ ပိုပူက်စ္ေန၏။သူ အဝင္အထြက္လုပ္သည့္အခါ ပူလြန္းလို႔ ရင္ပင္တုန္လာရသည္။လိင္တံေပၚရွိ ေသြးေၾကာထုံးမ်ားသည္ အဂၤါလမ္းေၾကာင္းေပၚတြင္ ရိုက္ႏွိပ္ေနသကဲ့သို႔ ခံစားရၿပီး အေနာက္ေပါက္သည္လည္း နီရဲေနေအာင္ အပြတ္ခံရေနမည္ျဖစ္သည္။
က်န္းလ်ိဳရွန္း၏ စိတ္မွာ သူ႔ခႏၶာကိုယ္၏ အပူရွိန္ႏွင့္ ရမၼက္တို႔ေၾကာင့္ ခ်စ္ခ်စ္ေတာက္ ပူျပင္းေနၿပီး ဖရိုဖရဲျဖစ္ေနခဲ့၏။ သူတကယ္ မဆင္ျခင္မိေသး။ မ်က္လုံးရဲရဲေတြထဲမွာ ျမင္နိုင္သမၽွဟာ သူ႔အေရွ႕မွ ကားစြင့္ေနေသာ တင္ပါးလုံးေတြႏွင့္ သူ႔လိင္တံ အဆက္မျပတ္ဆန႔္ထြက္ေနသည့္ အနီေရာင္အေပါက္တို႔သာပင္။ သူ၏ ဆင္ျခင္တုံတရားဟာ က်ိဴးေပါက္လုတဲတဲျဖစ္ၿပီး စိတ္လြတ္ေတာ့မလို ခံစားေနရ၏။
သူ ေခါင္းခါလိုက္၍ ရွရွီးအိုက္၏ ေက်ာမွာကပ္ရင္း ခါးကို ဆန႔္လိုက္ၿပီး အက္ရွစြာဆိုလာသည္ :
" ဒါဆို အိုက္အိုက္က ကိုယ္တိုင္ လာလို႔ရမလား... ဟုတ္ၿပီလား ? "
သူသည္ကား ရွားရွားပါးပါးဆိုသလို အိပ္ရာေပၚတြင္ ႀကီးစိုးျခယ္လွယ္နိုင္စြမ္းအား စြန႔္လႊတ္လိုက္၏။ ရွရွီးအိုက္မွာ ခဏတာ အံ့ဩသြားၿပီးမွ အေနာက္ဖက္ရွိ လိင္တံအား ဆြဲထုတ္လိုက္တာကို သေဘာေပါက္သြားခဲ့သည္။ က်န္းလ်ိဳရွန္းက တာတာမ္ီေပၚတြင္ လွဲခ်လိုက္၍ သူ႔၏ ေျခာက္ေနေသာ ႏွုတ္ခမ္းကို သပ္လိုက္ၿပီး ဆိုသည္ : " တက္ခဲ့ "
ရွရွီးအိုက္သည္ကား အေရွ႕၌ေတာင့္တင္းေနတုန္းပင္။ ႐ုတ္တရက္ႀကီး သာယာမွုအရင္းအျမစ္ ေပ်ာက္သြားေသာအခါ အေရွ႕လည္းမတိုးသလို အေနာက္လဲမဆုတ္နိုင္ပါဘဲ ေၾကာင္အလ်က္သားျဖစ္ေန၏။
" ကိုယ္ ရက္ေပါင္းမ်ားစြာေနမေကာင္းျဖစ္ေနခဲ့တာကို ဒီလို အေသးစားေတာင္းဆိုမွုေလးကိုေတာင္ ျဖည့္ဆည္းဖို႔ ျငင္းခ်င္ေနတုန္းလား ? "
က်န္းလ်ိဳရွန္းက ခါးသက္သက္ဇာတ္လမ္းဆီသို႔ ဦးတည္သြားကာ : " ကိုယ္က အျမဲတမ္း အေကာင္းဆုံးပဲလုပ္ေပးခဲ့တာ။အခု ကိုယ့္ကို အမွုေတာ္ထမ္းရမဲ့ မင္းအလွည့္မလား ? "
ရွရွီးအိုက္ ခဏမၽွ တုံ႔ဆိုင္းေနသည့္တိုင္ လိုအင္ဆႏၵတို႔က အရွက္ကို အနိုင္ရခဲ့သည္။
"...ဒါဆို ၊ ဒါဆို ခင္ဗ်ားကို လွုပ္ခြင့္မျပဳဘူး "
" ေကာင္းၿပီ။ " က်န္းလ်ိဳရွန္း၏ အေျဖက နည္းနည္း တဲ့တိုးဆန္၏။
ရွရွီးအိုက္ နည္းနည္း စိတ္ေအးသြားၿပီး ႏွုတ္ခမ္းကိုက္လိုက္ကာ က်န္းလ်ိဳရွန္း နံေဘးသို႔ မ်က္ႏွာရဲရဲျဖင့္ တြားသြားလိုက္ၿပီး ေျခေထာက္ေတြကို ကား၍ သူ႔ခါးႏွင့္ တင္ေပၚတြင္ ထိုင္လိုက္သည္။ထို႔ေနာက္ အပူလြန္ေနေသာ သံေခ်ာင္းကို ကိုင္လ်က္ စိုစြတ္စြတ္အေနာက္ဖက္သို႔ ရြယ္ကာ မိမိကိုယ္ထဲသို႔ ျဖည္းျဖည္းခ်င္း ထည့္သြင္းလိုက္၏။ လုံလုံေလာက္ေလာက္ ခ်ဲ့၍ ေခ်ာဆီထည့္ထားသျဖင့္ ဝင္ေရာက္ျခင္းလုပ္ငန္းစဥ္မွာ နာက်င္မွုမရွိသေလာက္ ေခ်ာေမြ႕ကာ အကုန္လုံးကို ထည့္သြင္းနိုင္လိုက္သည္။
သူ ခဏမၽွ ပင့္သက္ရွုထုတ္လိုက္၏။ အလြန္နက္သည့္အေနအထားသို႔ ေရာက္ၿပီးေသာအခါ Bathrobe ႏွင့္ သူ႔ကိုယ္၏ အေရွ႕ပိုင္းကို ဖုံးလိုက္သည္။ ၿပီးမွ က်န္းလ်ိဳရွန္း၏ ဗိုက္ေအာက္ပိုင္းကို ေထာက္ကာ အတက္၊အက်ကို ျဖည္းျဖည္းခ်င္း စတင္လိုက္သည္။
သို႔တိုင္ အခ်က္ေရအနည္းငယ္မၽွျဖင့္ပင္ သူ ဆက္မလုပ္နိုင္ေတာ့ေပ။
ပုံမွန္အားျဖင့္ က်န္းလ်ိဳရွန္းက သူ႔ကို နက္နက္နဲနဲ စပ္ယွက္တတ္ၿပီး အျမဲတေစ သူ႔ကို ဖက္ထားကာ တရစပ္လဲ နမ္းတတ္ေလ့ရွိသည္။ သူ႔ႏွုတ္ခမ္းႏွင့္ သြားၾကား၌ စိတ္ခ်လက္ခ်ျဖစ္ၿပီး ရင္းႏွီးခ်ိဳၿမိန္သည့္ ရနံ႔ေလးမ်ား ထြက္လာတတ္သည့္ တခ်ိန္တည္းမွာပင္ လက္ႀကီးမ်ားက သူ႔ကိုယ္အႏွံ့လွည့္လည္ေနၿပီး သူ႔လိုအင္ဆႏၵေတြကို မီးျမႇိုက္ကာ အာ႐ုံလႊဲေပးတတ္သည္။ ထို႔ေၾကာင့္ သူ ငိုယို ႐ုန္းကန္ေနပါလၽွင္ေတာင္ ခႏၶာကိုယ္ကေတာ့ တက္ႂကြေနဆဲပင္။
သို႔ေသာ္ ယခုမူ ၊ ခႏၶာကိုယ္ေအာက္ဖက္အစိတ္အပိုင္းမွ လြဲ၍ သူဟာ က်န္းလ်ိဳရွန္းႏွင့္ ရင္းႏွီးရင္းခ်ာ ထိေတြ႕မွုမရွိသည့္အျပင္ ပူက်စ္ေနေသာ လိင္အဂၤါေၾကာင့္ျဖစ္လာရသည့္ မသက္မသာျဖစ္ျခင္းမ်ား ၊ သည္းမခံနိုင္ျခင္းမ်ားက ပို၍ျပင္းထန္လာ၏။ ထို႔အျပင္ သူ႔ခြန္အားႏွင့္ အရွိန္မွာ က်န္းလ်ိဳရွန္းထက္ မ်ားစြာနိမ့္က်ေသာေၾကာင့္ အႀကိမ္အနည္းငယ္မၽွ အထိုင္အထလုပ္ၿပီးတာေတာင္ သာယာမွုေတြ မစုျပဳံလာ႐ုံတင္မကပဲ ေပ်ာက္ပါေပ်ာက္သြား၏။
( ကေလးက အက်င့္ပါေနၿပီ -_- )
သူကိုယ္တိုင္ အႀကိမ္ေရနည္းနည္းေလာက္ လွုပ္ေနေသာ္လည္း တကယ့္ကို သည္းမခံနိုင္ေတာ့။ သူ လွုပ္ရွားေနတာကို ရပ္၍ ေအာက္ငုံ႔ကာ က်န္းလ်ိဳရွနး၏ ေစ့ပိတ္ထားေသာ ႏွုတ္ခမ္းေတြကို ညင္သာစြာ ထိေတြ႕လိုက္ၿပီး ကူကယ္ရာမဲ့သလို ၾကည့္၍ အကူအညီေပးလာရန္ ေမၽွာ္လင့္ေနခဲ့သည္။
သို႔တိုင္ ယေန႔တြင္ေတာ့ က်န္းလ်ိဳရွန္က အလြန္အင္မတန္ တည္ၿငိမ္ေနခဲ့၏။ သူ႔ပါးစပ္ကို ဖြင့္မေပး႐ုံမက ၊ စကားလဲမေျပာသည္မို႔ လုံးဝ မပူးေပါင္းေပးသည့္ဟန္။
ရွရွီးအိုက္ သူ႔ႏွုတ္ခမ္းေတြကို ပြတ္၍ ၎တို႔ကို ေကာ္ဖြင့္ရန္ လၽွာေလးဆန႔္ထုတ္ပါေသာ္လည္း သူလုပ္နိုင္တာမရွိေပ။ ေနာက္ဆုံး သူ မတတ္နိုင္ပဲအသံတိုးေလးႏွင့္ ေတာင္းပန္လာ၏ : " ကၽြန္ေတာ့္ကိုနမ္းပါလား.. "
က်န္းလ်ိဳရွန္းက စကားကိုၾကားလၽွင္ ျပဳံးလိုက္ၿပီး ပါးစပ္ကိုဖြင့္ေပးလာ၏။ ရွရွီးအိုက္ ခ်က္ခ်င္း အေရွ႕ကို ဖိကပ္လိုက္မိသည္။ တခဏခ်င္းပင္ အားေကာင္း၍ လ်င္ေသာ လၽွယက သူ႔ပါးစပ္ထဲ ဝင္လာၿပီး ပုံမွန္အတိုင္း နယ္ေျမကို တိုက္ခိုက္ကာ ေထြးယွက္စုပ္ယူလာခဲ့၏။ ခဏအၾကာ အနမ္းခံရတာေၾကာင့္ သူ မူးေဝလာသည့္တိုင္ သက္ေသာင့္သက္သာျဖစ္တဲ့ ညည္းသံေလးေတြ မထြက္ပဲမေနနိုင္ခဲ့။
နမ္းၿပီးသည့္ေနာက္ ရွရွီးအိုက္ဟာ က်န္းလ်ိဳရွန္း၏ လည္တိုင္ကို ဖက္တြယ္လိုက္ၿပီး မ်က္ႏွာကို ပခုံးမွာ အပ္လ်က္ အသက္ရွုေနလိုက္၏။
" ကိုယ့္ဘာသာ လွုပ္လို႔ အဆင္ေျပလား ? " က်န္းလ်ိဳရွန္းက ေမးလာသည္။
ရွရွီးအိုက္ ေခါင္းေလးအသာယမ္းျပလိုက္မိ၏။
" ဒါဆို မင္းကိုယ့္ကို ဘယ္လိုလုပ္ေစခ်င္တာလဲ ? "
ရွရွီးအိုက္က ႏွုတ္ခမ္းေလးကိုက္လ်က္ : " ကၽြန္ေတာ္ မေျပာေတာင္ ခင္ဗ်ားသိရက္နဲ႔..."
" ကိုယ္သိနိုင္ေလာက္ေပမယ့္ မေသခ်ာဘူးေလ " က်န္းလ်ိဳရွန္းက ေလေျပေလးႏွင့္ဆိုသည္ :
" ဥပမာ လြန္ခဲ့တဲ့ဆယ္ရက္ေလာက္တုန္းက မင္းအိပ္တဲ့အခါ ကိုယ့္ကို မလြမ္းဘူးလား ? ကိုယ့္ကို မနမ္းခ်င္မဖက္ခ်င္ဘူးလား ? ကိုယ္နဲ႔ ခ်စ္တင္းမေႏွာခ်င္ဘူးလား ? အကယ္၍ အဲ့လိုသာဆို ဘယ္ေလာက္အတိုင္းအတာအထိလဲ ? ကိုယ္ဘယ္ေလာက္ပဲ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ပါတယ္ဆိုဆို မင္းပါးစပ္က ထြက္လာတာကိုေတာ့ ၾကားခ်င္ေနတုန္းပဲေလ "
ရွရွီး၏ လက္ေခ်ာင္းေလးေတြ ကုပ္ေကြးကုန္ၿပီး က်န္းလ်ိဳရွန္း၏ ပူေႏြးေႏြးရင္ဘတ္ေပၚမွာ ဖိထားလိုက္သည္။
လက္စသတ္ေတာ့ က်န္းလ်ိဳရွန္းလဲ ဒီလိုကိစၥေတြကို ေတြးေနတဲ့ပုံပါလား....
႐ုတ္တရက္ႀကီး သူဟာ အမွန္တကယ္ ေၾကာင္သူေတာ္ဆန္ေနသည္ဟု ခံစားလိုက္ရသည္။ ဘာလို႔ ဖြင္ဟမေပးနိုင္ရတာလဲ ? ဘယ္ေလာက္ပဲ ရွက္ရြံ႕ဟန္ေပၚေပၚ အႀကိမ္ေပါင္းမ်ားစြာလုပ္ခဲ့ဖူးၿပီး အရင္က ျမင္ဖူးၿပီးသားပဲေလ။
က်န္းလ်ိဳရွန္းနဲ႔ ဒီလိုလုပ္ရတာကို ႀကိဳက္ေနတာ ေသခ်ာပါလ်က္ ၊သူ႔ကို ရက္ေပါင္းအေတာ္ၾကား ထားရစ္ခဲ့မွာကို ဝန္ေလးေနမွန္း ေသခ်ာပါလ်က္။ေသခ်ာေပါက္.....သူ႔ေရွ႕ကလူက အေရးႀကီးဆုံးလို႔ ခံစားေနရပါလ်က္နဲ႔။
ဘာလို႔ မေျပာနိုင္ရတာလဲ ? ဘာလို႔..... " ပိုေကာင္းသထက္ ေကာင္း " ေအာင္ မျဖစ္ေစခ်င္တာလဲ ?
" ေတြးခဲ့တယ္......"
က်န္းလ်ိဳရွန္းက ေခါင္းယိမ္းလာကာ : " ဟင္ ? "
ရွရွီးအိုက္ သူ၏ ပခုံးခြင္မွ ေခါင္းေထာင္လာၿပီး မ်က္လုံးမ်ားက အရည္လည္ေနခဲ့သည္။ နီစိုစိုႏွုတ္ခမ္းသားမ်ားက သူ႔ႏွုတ္ခမ္းကို ထိေတြ႕လာၿပီး တစ္ခ်က္ၿပီးတစ္ခ်က္နမ္းလိုက္၏။ သူ၏ ၾကည္ၾကည္လင္လင္အသံေလးမွာ ခ်ိဴအီအီႏွင့္ေလးတြဲ႕လာခဲ့သည္။ " လ်ိဳရွန္း...."
က်န္းလ်ိဳရွန္း မသိလိုက္ပါဘဲ အသက္ေအာင့္ထားမိ၏။
" ကၽြန္ေတာ္... တစ္ေယာက္တည္း ေကာင္းေကာင္းအိပ္မေပ်ာ္ဘူး..." ရွရွီးအိုက္က သူ႔မ်က္ႏွာကို ကိုင္လ်က္ ႏွာသီးဖ်ားခ်င္း ထိထားၿပီိး :
" အေအးကိုလဲမေၾကာက္ဘူး။ ကၽြန္ေတာ္က ခင္ဗ်ားနဲ႔ မရွိရမွာကို ပိုေၾကာက္တယ္.... "
" ကၽြန္ေတာ္ကရွက္ေနလို႔ ဒါကို မေျပာထြက္နိုင္တာ။ ဘာလို႔လဲဆို ကၽြန္ေတာ္က ဆႏၵရွိေနတယ္လို႔ ထင္သြားမွာ မလိုခ်င္လို႔။ ကၽြန္ေတာ္က ခင္ဗ်ား မရွိပဲ မေနနိုင္ဘူးလို႔ ေတြးသြားမွာကို မလိုခ်င္လို႔ "
" တကယ္ေတာ့လဲ ကၽြန္ေတာ္ ခင္ဗ်ားမရွိပဲ မေနနိုင္ပါဘူး..."
" ကၽြန္ေတာ္က ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အိပ္နိုင္ခဲ့ဖူးတယ္။ အခ်ိန္မေရြး ေနရာအသစ္ကိုလဲ ထြက္သြားနိုင္တယ္။ဒါေပမယ့္ အခုက် ၊ ဘယ္ေနရာမွာျဖစ္ျဖစ္မအိပ္နိုင္ေတာ့ဘူး။ ခင္ဗ်ားမပါရင္ ဘယ္ေနရာကိုမွမသြားနိုင္ေတာ့ဘူး "
" ကၽြန္ေတာ့္ကို ဒီလို ေျပာင္းလဲသြားေစလို႔ ခင္ဗ်ား တာဝန္ယူရေတာ့မယ္။ " ရွရွီးအိုက္က မ်က္ႏွာရဲလ်က္ ၊ သူ႔မ်က္ဝန္းေတြထဲကို ေလးေလးနက္နက္စိုက္ၾကည့္ေနၿပီး : " အဲ့ေတာ့.....ကၽြန္ေတာ့္ကို မစ,ပါနဲ႔။ လာမယ့္ရက္ေတြအတြင္း ခင္ဗ်ားကို ျမင္ရမွာမဟုတ္ဘူးေလ။ ကၽြန္...ကၽြန္ေတာ္ ကၽြန္ေတာ္လဲ အႀကိဳလုပ္ထားခ်င္တယ္.... "
သူ ေနာက္ဆုံးသတၱိေလးကို သုံး၍ တီးတိုးဆိုလိုက္၏ :
" ခင္ဗ်ား...ဒီည ကၽြန္ေတာ္နဲ႔ နည္းနည္းေလာက္ အိပ္ေပးေလ ဟုတ္ၿပီလား ? "
က်န္းလ်ိဳရွန္းမွာ မွင္သက္လ်က္။
သူ၏ လည္စလုပ္မွာ ႀကိမ္ဖန္မ်ားစြာ ေရြ႕လ်ားေနၿပီး ႀကီးစြာေသာ သက္ေရာက္မွုမွ အက္ကြဲေနေသာ အသံျပန္ထြက္လာခဲ့၏ :
" ကိုယ့္ရဲ့ခ်စ္စကားေတြက မင္းႏွလုံးသားကို ရင္းရတယ္..... မင္းရဲ့ခ်စ္စကားေတြက ကိုယ့္ဘဝကို ရင္းရတာပဲ "
သူ႔မ်က္လုံးေတြမွာ အလြန႔္အလြန္နက္ေမွာင္လာၿပီး သူ႔မ်က္ႏွာက အလြန္တရာ တည္ၾကည္ေန၏။ သူက လုံးဝန္ေပ်ာ့ေပ်ာင္းသည့္ တင္ပါးလုံးေလးေတြကို လက္ေျမႇာက္၍ အုပ္ကိုင္ကာ အားႏွင့္ ညႇစ္လိုက္သည္။ လက္ေခ်ာင္းေတြ အသားစိုင္ထဲ နစ္ဝင္သြားပါမွ :
"... အေႏွးနဲ႔အျမန္ ေသေအာင္ႏြမ္းဖတ္ေနေတာ့မွာပဲ။ "
ဒါက ေကာင္း၏ ၊ မေကာင္း၏ကိုေတာ့ သူက အလုံးစုံေသာ အျပဳအမူမ်ားျဖင့္ ျပန္ေျဖေပးခဲ့ပါ၏။
ေနာက္ပိုင္း ရွရွီးအိုက္ ထိုညကို အမွတ္ေဖာ္ၾကည့္မိလၽွင္ မွတ္ဉာဏ္ပင္ ဖရိုဖရဲႏွင့္။
က်န္းလ်ိဳရွန္းဟာ ႐ူးသြပ္သြားသလို လွုပ္ရွားခဲ့ေပသည္။ သူရွက္ ၊မရွက္ကိုပင္ ဂ႐ုမစိုက္ေတာ့ပဲ စီးသည့္ အေနအထားႏွင့္ သူ၏ထိလြယ္ရွလြယ္ အစိတ္အပိုင္းမ်ားသို႔ ျပင္းျပင္းထန္ထန္ ဖိခ်ကာ ခပ္ၾကမ္းၾကမ္း တိုးဝင္ေနသျဖင့္ သူ႔ညည္းသံမ်ားကပင္ သည္းမခံနိုင္ေတာ့ေပ။ သူ အားေပ်ာ့လာ၍ လွဲအိပ္လိုက္ေသာအခါ သူ႔ကိုဖက္၍ တစ္ဖန္ ေနာက္လွည့္ကာ အေနအထားကို ေျပာင္းျပန္လုပ္လိုက္ၿပီး ေျခေထာက္မ်ားအား ဆြဲျဖဲလ်က္ ပို၍ ျမန္ျမန္ဆန္ဆန္ စပ္ယွက္ခဲ့၏၏ အေပါက္ထဲသို႔ ထိုးသြင္းေနသည့္ ပူေနေသာလိင္တံမွလြဲလၽွင္ သူဟာ ဖ်ားနာေနသည့္လူႏွင့္ နည္းနည္းမွမတူေပ။
ဤအေနအထားတစ္ခုတည္းႏွင့္ပင္ သူဟာ ႏွစ္ခ်ီတိုင္တိုင္ တိုးဝင္လႊတ္ထုတ္ခဲ့ၿပီး တစ္ခ်ီကိုလည္း ေကၽြးခဲ့၏။ သုတ္လႊတ္ၿပီးသည့္ေနာက္ ရွရွီးအိုက္ မ်က္ဝန္းရဲရဲေတြျဖင့္ ေမာ့ၾကည့္လိုက္ရာ ႐ုတ္တရက္ အထက္မွ ကင္မရာကို ေတြ႕လိုက္ရ၏။ သူ အလြန္ေၾကာက္လန႔္သြားၿပီး တင္ပါးႏွင့္ ေပါင္ၾကားမွ လၽွံက်ေနေသာ သုတ္ရည္ေတြကိုအုပ္လိုက္ခ်င္ေသာ္လည္း မလုပ္နိုင္ခဲ့။က်န္းလ်ိဴရွန္းက ေလ်ာ့ရိေလ်ာ့ရဲ ယူကာတာကို ဆြဲခၽြတ္ပစ္ကာ သူ၏ကိုယ္လုံးတီး ခႏၶာကိုယ္ကို ကင္မရာႏွင့္ မိတ္ဆက္ေပးလိုက္သည္။
က်န္းလ်ိဳရွန္းက ရိုက္ကူးေရးႏွင့္အသံကို ပိတ္ထားသည္ဟု ႏွစ္သိမ့္ေပးေသာ္လည္း လိင္ဆက္ဆံေနသည္အား ေျမာက္ျမားစြာေသာလူမ်ားမွ အၾကည့္ရွုခံေနရသကဲ့သို႔ အလြန႔္အလြန္ ရွက္ရြံ႕ထူပူလာကာ ထိုင္ပင္မထိုင္နိုင္ေတာ့ေပ။ သူ ကိုယ္ေလးကို ေကြး၍ အသံေပ်ာ့ေလးႏွင့္ ေတာင္းပန္လိုက္၏ :
" လ်ိဳရွန္း.. .....ဒီမွာမလုပ္ အင့္..တျခားေနရာ.... ဘယ္ေနရာျဖစ္ျဖစ္... "
က်န္းလ်ိဳရွန္းက သူ႔ကို ခက္ထန္ေသာ အၾကည္တစ္ခ်က္ေပးလာၿပီး ေရပူစမ္းကန္သို႔ ခ်က္ခ်င္း သယ္သြားကာ ေရကန္နံရံမွာဖိ၍ စပ္ယွက္ေလသည္။ ေရပူစမ္း၏ ေရပူေတြက လိင္တံ၏ အသြင္းအထုတ္မွာ သူ၏ အထိမခံ၍ႏူးညံ့ေသာ အတြင္းသားအား အဖန္ဖန္ ေဆးေၾကာေပးေနခဲ့သည္။ ထို႔ေၾကာင့္ သူမသိလိုက္ပါဘဲ တင္းထားလိုက္မိေလရာ ပို၍ ၾကမ္းၾကမ္းတမ္းတမ္း စပ္ယွက္ခံရတာေလသည္။ နဂိုကအေရာင္ေဖ်ာ့သည့္ အေပါက္မွာ စပ္ယွက္ခံရျခင္းေၾကာင့္ အနီရင့္ေရာင္အျဖစ္ေျပာင္းလဲသြားၿပီး အရည္မ်ားက ယိုစီးထြက္က်ေန၏။
ရွရွီးအိုက္ တစ္ကိုယ္လုံးတုန္ေနၿပီး ေျခေထာက္ေတြလဲ ေခြယိုင္လ်က္ တရိပ္ရိပ္တက္လာသည့္ ရမၼက္ႏွင့္ သာယာမွုေတြကို မခုခံနိုင္ေတာ့ေပ။ ေနာက္ဆုံး သူ တရွုံ႔ရွုံ႔ျဖစ္လာေပမယ့္ အရင္လို ႐ုန္းကန္ရမည့္အစား က်န္းလ်ိဳရွန္း၏ လည္တိုင္အား ဖက္တြယ္လ်က္ " လ်ိဳရွန္း လ်ိဳရွန္း " ဟု ငိုေႂကြးရင္း အနမ္းမ်ားကို ငံ့လင့္ေနခဲ့သည္။
သူ႔အဖို႔ က်န္းလ်ိဳရွန္းအား ဆြေပးရန္ မရယ္ရြယ္ေသာ္လည္း က်န္းလ်ိဳရွန္းဟာ ပကတိ အထိန္းအကြပ္မဲ့ေနၿပီျဖစ္၏။ သူ႔လက္ေတြ၏ ခြန္အားတို႔က အညႇာအတာမဲ့လာၿပီး သူ႔ခႏၶာကိုယ္ကို အျပာႏွင့္ အနီေရာင္ေတြ ေျပာင္းလဲလာေစသည္။ အထူးသျဖင့္ ေပါင္ႏွင့္တင္ပါးလုံးေပၚက ႏူးညံ့သည့္ အသားစိုင္မ်ားပင္။ ရင္ဘတ္မွ အဖုေလးႏွစ္ဖုသည္လည္း အလိမ္ခံရ၍ ေယာင္ကာ ထိမိတိုင္း နာလာရေတာ့၏။
သူတို႔က ေရပူစမ္းကန္မွာ ကန္ေဘးရွိ ေျမေပၚကိုတက္ၿပီး ၊ ၎ေနာက္ ကုလားထိုင္ေပၚသို႔သြားခဲ့ၾကသည္။ ေနာက္ဆုံးမွာေတာ့ က်န္းလ်ိဳရွန္းက သူ႔ကို အခန္းထဲသယ္သြား၍ မီးေတြပိတ္ကာ ေစာင္ေအာက္မွာ တစ္ဖန္ စပ္ယွက္ခဲ့သည္။ ရွရွီးအိုက္က ေျခေထာက္ေတြက်ယ္က်ယ္ဖြင့္ၿပီး သူ႔ကို ဝင္ခြင့္ေပးထား၏။စိုစြတ္ေနေသာ အေပါက္ေလးက ေပပြေနၿပီး ထိုးသြင္းရည္မ်ားမွာလည္း စပ္ယွက္မွုေၾကာင့္ အဆက္မျပတ္ ယိုက်ေနခဲ့သည္။ သူသည္ ေခၽြးသီးမ်ားျဖင့္ ပူက်စ္ေနေသာ ေက်ာျပင္ႀကီးကို ကုပ္တြယ္ထားရင္း မငိုနိုင္ေတာ့သည္အထိ တရွုံ႔ရွုံ႔ငိုကာ ေနာက္ဆုံးလက္က်န္အားေလးကို သုံးလ်က္ ျပတ္ေတာင္းျပတ္ေတာင္းႏွင့္ ေအာ္ေျပာလိုက္၏ :
" လ်ိဳရွန္... ဟာ့ အား! တကယ္ေတာ့ ၊ ကၽြန္ေတာ္ ခင္ဗ်ားနဲ႔ အတူရွိရတာကို ႀကိဳက္..... ဝူး... "
လက္က်န္စကားလုံးမ်ားမွာ တျခားပါးစပ္ျဖင့္ စုပ္ယူခံလိုက္ရ၏။
" ကိုယ္ သိၿပီးသား "
က်န္းလ်ိဳရွန္းက သူ၏ စိုေနေသာ မ်က္ေတာင္မ်ားကို နမ္းလိုက္ၿပီး နဖူးမွ ေခၽြးရႊဲေနသည့္ ဆံပင္ေလးမ်ားကို သပ္ကာ သူကိုယ္တိုင္၏ ေခၽြးရႊဲေနေသာနဖူးျဖင့္ ဖိကပ္ထားလိုက္သည္။
" အခုကစၿပီး ေသခ်ာေလး ထုတ္ေျပာျပရမယ္ေနာ္ သိရဲ့လား ? "
ရွရွီးအိုက္ ႏွာရွုံရင္းေခါင္းညိတ္ျပလိုက္၏။
ထိုည၌ သူဟာ က်န္းလ်ိဳရွန္း၏ နားထဲသို႔ အရင္တစ္ခါမွ မေျပာခဲ့ဖူးေသာ ၊ ေျပာဖို႔ ခက္ခဲခဲ့ဖူးေသာ စကားလုံးေပါင္း အနႏၲကို တိုးတိုးေလးကပ္ေျပာခဲ့၏။သူ ပင္ပန္းႏြမ္းလ်၍ အိပ္ေပ်ာ္သြားသည့္အခ်ိန္မွာသာ ပူေႏြးေႏြးခႏၶာကိုယ္ႀကီးမွ တင္းတင္းအဖက္ခံလိုက္ရပုံေပၚၿပီး " လ်ိဳရွန္း...ကိုကို...သေဘာက်...." ဟူေသာ ရွက္ဖြယ္လိလိစကားလုံးမ်ားကို ေရရြတ္ခဲ့ျခင္းက အိပ္မက္ထဲမွာပင္ သူ႔ကို အလြန႔္အလြန္ အရွက္ရေစခဲ့သည္။
သို႔ေပမယ့္...သူ လုံးဝ ေနာင္တရသလို မခံစားရေပ။
သူ အေအးဒဏ္ကိုလဲ မေၾကာက္ေတာ့။
အ႐ုဏ္တက္ေသာအခါ အလုပ္ႀကိဳးစားသည့္ ဝန္ထမ္းမ်ားမွာ ခရီးေဆာင္အိတ္ေတြကို ထုပ္ပိုးၿပီး ျပန္ဖို႔ျပင္ၾကေတာ့၏။ သူတို႔က ဧည့္သည္ေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ ႏွိုးေပးရန္ သြားခဲ့ၾကၿပီး လမ္း၌ ေနာက္ဆုံး နိုးထသည့္-က႑ကိုလည္း ရိုက္ကူးခဲ့၏။ သူတို႔ ရွရွီးအိုက္၏ အခန္းကို တံခါးေခါက္ေသာအခါ ဘယ္သူမွ မေျဖလာေပ။သို႔ႏွင့္ က်န္းလ်ိဳရွန္း၏ အခန္းသို႔ သြားလိုက္ၾကၿပီး အရင္တံခါးေခါက္လိုက္သည္။
ဂ်ပန္သစ္သားတံခါးခ်ပ္ႀကီး ပြင့္လာသည္ႏွင့္ က်န္းလ်ိဴရွန္က တံခါးေဘာင္မွာ ေလးတြဲ႕စြာမွီကာ ေမးလာသည္ : " ဘာျဖစ္လို႔လဲ ? "
" ရွန္းေကာ ကၽြန္ေတာ္တို႔ ထြက္ခြာဖို႔အခ်ိန္ေရာက္ၿပီဗ်။မသြားခင္ေလး ေဒါက္တာ့ကို ကိုယ္အပူတိုင္းခိုင္းၿပီး ေဆးနည္းနည္းေသာက္လိုက္ပါ "
" ရပါတယ္။ငါ့အဖ်ားက ေပ်ာက္သြားၿပီ "
" အာ ? ေကာင္းၿပီေလ ! ဒါဆို ... ေဒါက္တာ အရင္ဆုံး အျပင္ထြက္လိုက္ပါ "
" ခဏေလး " က်န္းလ်ိဳရွန္းက သူတို႔ကို တားလိုက္ၿပီး : " ေဒါက္တာ ၊ ေက်းဇူးျပဳလို႔ အထဲဝင္ၿပီး ကိုယ္အပူတိုင္းေပးပါ "
ဝန္ထမ္းမွာ ဇေဝဇဝါျဖစ္သြားၿပီး : " ရွန္းေကာ အစ္ကိုပဲ အဖ်ားေပ်ာက္ၿပီဆို ? "
" ငါမဟုတ္ဘူး " က်န္းလ်ိဳရွန္းက ကင္မရာကို တစ္ခ်က္ၾကည့္၍ " ဝင္မလာနဲ႔ "
ထိုသို႔ေျပာၿပီးေနာက္ သူက လမ္းလုပ္ေပးၿပီး ဆရာဝန္ကို အထဲေခၚကာ တံခါးပိတ္သြား၏။
က်န္တဲ့ဝန္ထမ္းေတြမွာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ၿပီး ဇေဝဇဝါျဖစ္ေနခဲ့သည္။ စကၠန႔္အနည္းငယ္ၾကာမွ သူတို႔ ႐ုတ္ျခည္း သေဘာေပါက္လိုက္ၾကသည္။ သို႔ေသာ္ ၎ေနာက္မွာေတာ့ လူတိုင္း၏မ်က္ႏွာတြင္ ဆင္တူေမးခြန္းတစ္ခုေပၚခဲ့သည္ : ဒါက...ဒါကထုတ္လႊင့္လို႔ရပါ့မလား ?
အဆုံးသတ္မွာေတာ့ ထုတ္လႊင့္ခဲ့ပါ၏။
သစ္သားတံခါးေနာက္ကြယ္က အခ်စ္ဇာတ္လမ္းေလးကို အေသးစိတ္လိုက္သည့္ CPဖန္မ်ားက သေဘာမေပါက္ပဲ ေနပါအံ့ ? စိတ္လွည့္စားပါေသာ အခ်ိဳေတြကိုစားသုံးရင္း သူတို႔ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္၍ရယ္ေမာကာ ဆိုသည္ ; " ရွန္းေကာေတာ့ ဒီတစ္ေခါက္ တကယ္ၿပီးၿပီပဲ။ အရမ္းဂ႐ုစိုက္ပါရက္နဲ႔ ေပါ့ဆမွုေသးေသးေလး ျဖစ္လာရတယ္လို႔ တကယ္ႀကီး ပရိုဂရမ္အဖြဲ႕ကို လႊင့္ခြင့္ေပးတယ္။ အခုေတာ့ တစ္နိုင္ငံလုံး သူတို႔ႏွစ္ေယာက္ ညတိုင္း အတူအိပ္မွန္း သိသြာၿပီေလ ! နိုးလာတဲ့အခါ ရွက္တတ္တဲ့ အိန္ဂ်ယ္ေလးက မင္းကို ေသေအာင္မရိုက္ဖို႔ အိမ္မွာ ေကာင္းေကာင္းအမွုထမ္းေပေတာ့ ! ေနာက္ေနာင္ ဒီလိုလူရမ္းကားပုံစံမ်ိဴး ဟန္ေဆာင္ရဲေသးလား ၾကည့္ဦးမယ္ ! "
မည္သို႔ျဖစ္ေစ တခ်ိဳ႕ ဆင္ျခင္နိုင္သည့္ဖန္မ်ားက ဆိုသည္ : " မဟုတ္ေသးဘူး။ ဒါကို ဧည့္သည္ေတြရဲ့ ခြင့္ျပဳခ်က္နဲ႔ လႊင့္တာမဟုတ္ဘူးလား ? "
ရွရွီးအိုက္ ဤကြန္မန႔္ကိုျမင္ေသာအခါ မလွမ္းမကမ္းတြင္ရွိေနေသာ က်န္းလ်ိဳရွန္းႏွင့္ စကားေျပာၿပီးကာစျဖစ္သည္။ သူ မ်က္ႏွာပူေသာ္လည္း ေလာင္ကၽြမ္းေနသည္ေတာ့မဟုတ္ခဲ့။
သူ ခဏမၽွ စဥ္းစားၾကည့္ၿပီးေနာက္ သူ႔လက္ေခ်ာင္းေတြကို ေရႊ႕၍ စခရင္ေပၚတင္လိုက္ၿပီး ဤကြန္မန႔္အား တိတ္တခိုး Likeလုပ္ေတာ့၏။
___________________________________________________________________________
အခ်ပ္ပို ၂က အိုက္အိုက္ ေဖ်ာ္ေျဖပြဲလုပ္တာေလးပါ။ အပိုင္းက နည္းနည္းရွည္ပါတယ္။