သူ မသိသောအခြားတစ်ဖက်၌ ( Part - 38 ) ဇာတ်သိမ်းပိုင်း
〰〰〰〰〰
"မေမေ မြည်းကြည့်ဦး ဘာလိုသေးလဲ"
သမီးက ဇွန်းကိုမြူ့အနားတိုးပေးတော့ နည်းနည်းမြည်းကြည့်ရင်း အရသာခံလိုက်သည်။
မြူရော၊ သမီးပါ မီးဖိုဆောင်ဝင်နေကြကာ မြူ့လက်ရာစားချင်သည်ဟု ပူဆာထားသော ခမ်းကြောင့်ဖြစ်သည်။
"ဆားနည်းနည်းထည့်ရမယ် ထားလိုက်တော့ မေမေလုပ်လိုက်မယ် သမီးဘွားဘွားနဲ့ ဖေဖေ့ကိုသွားခေါ်ချေ စားလို့ရပြီ"
"မေမေ့သားမက်ကိုလည်း စကားထဲထည့်ပြောပါဦး"
"ပြောစရာလား ငါ့သမီးကလေးသာသာလေးကို ရအောင်ခိုးသွားတာ"
"ဖွေးလည်းလိုက်ချင်လို့ပါ"
"အမလေးနော် မပြောချင်ဘူးမိဖွေးကတော့.. သွားခေါ်ချေတော့ သမီးဘွားဘွား၊ သမီးဖေဖေနဲ့ သမီးယောကျာ်းကိုရော"
"ဟီး.. ဟုတ်"
ထမင်းစားခန်းဝရောက်နေပြီဖြစ်သော ခမ်းဆီက ရယ်သံကြားလိုက်ရ၍ မြူလှည့်ကြည့်မိတော့ သမီးက ခမ်းအနားလှစ်ခနဲရောက်သွားသည်။
"ဖေဖေ ထမင်းစားရအောင်"
အဖြူရောင်ဂါဝန်လေးဖြင့် သမီးမျက်နှာလေးပြုံးပျော်နေကာ ခမ်းရဲ့လက်တစ်ဖက်ကိုဆွဲကိုင်လိုက်သည်မို့ မြူ ပြုံးပြီးကြည့်နေလိုက်သည်။
သမီးဟာ အခုချိန်ထိ ကလေးဆန်နေဆဲဖြစ်ပြီး အခုမှအတူနေခွင့်ရသည့်ခမ်းကိုလည်း ချွဲနေတာမပြီးနိုင်။
ခမ်းကလည်း အခုမှပြန်ဆုံရသည့်ဒီသမီးကို အရိပ်တကြည့်ကြည့်ရှိသလို ပြည့်သျှင်ကရော၊ အန်တီခေတ်ကပါ သမီးကိုသိပ်ချစ်ကြသည်ပဲ…
"ဖေဖေ ဖွေးကိုခွံ့မှာလား"
"ဖေဖေက သမီးအမေကိုခွံ့ရမှာ သမီးကို ပြည့်သျှင်ခွံ့လိမ့်မယ်"
ဖွေး နှုတ်ခမ်းလေးစူပြီး ဖေဖေ့ကိုမျက်စောင်းချီတော့ ဖေဖေက သဘောတကျရယ်ပြီး ဖွေးနဖူးလေးကိုငုံ့နမ်းသည်။
မေမေကတော့ ဖွေးတို့သားအဖကို ပြုံးကြည့်နေ၍ ဖွေးက မေမေ့ပါးကိုဖျတ်ခနဲနမ်းပစ်လိုက်သည်။
"မေမေကရော ဖေဖေခွံ့ရင်စားမှာလား"
"ဒီကလေး ဘာတွေမေးနေတာလဲ"
"ဖေဖေခွံ့တာစားချင်လို့လေ ဖွေးက ကလေးပဲရှိသေးတာကို"
"ကလေးဆို အိမ်ထောင်မပြုသေးဘူး"
ဖေဖေ့စကားကြောင့် ဖွေးခြေလေးဆောင့်ပစ်လိုက်ကာ...
"ဖေဖေနော် ဖွေးကိုမပြောနဲ့ အဲ့ဒါဖေဖေ့သားကြောင့်"
"စောစောကတော့ ဖွေးလည်းလိုက်ချင်လို့ပါဆို"
"အဲ့ဒါတော့အဲ့ဒါပေါ့ ဒါပေမယ့် သူအတင်းခိုးပြေးလို့ လိုက်ရတာလေ"
ဖွေးပြန်ပြီးရန်တွေ့သလိုပြောတော့ ဖေဖေက ရယ်ကာ ဖွေးပခုံးလေးကိုဖက်သည်။
ဖွေးတစ်ချိန်လုံးအိမ်မက် မက်ခဲ့ရသည့်စိတ်ကူးအိမ်မက်ဟာ လက်တွေ့ဖြစ်လာခဲ့ပြီမို့ ပျော်နေမိကာ ဖေဖေ့မျက်နှာကိုပဲ ခဏခဏမော့ကြည့်မိသည်အထိ။
ဖေဖေကသိပ်ချောတာပဲ…
"ဖွေး ကိုယ့်ဆီလာဦး ဒီမှာမရဘူး"
မိဘတွေကိုကပ်ချွဲနေတုန်း ကိုကို့ဆီကခေါ်သံကြောင့် ဖွေးပြန်လှည့်ပြေးလာခဲ့ရပြီး ကိုကိုကအခန်းထဲမှာဖုန်းတစ်လုံးကို ကိုင်ပြီးရပ်နေသည်။
"ကိုကို ဘာဖြစ်လို့လဲ ဘာမရတာလဲ"
"ဖေဖေတို့အခုမှဆုံရတာကို ဘာလို့သွားရှုပ်နေတာလဲ လာ.. ကိုယ့်ကိုဖက်ထား"
"ဟွန့်•• ဘာဆိုင်လို့လဲ မဖက်ချင်ပါဘူး"
"မရဘူး"
ကိုကိုက ဖွေးကိုခါးလေးကနေဆွဲပွေ့ပြီး သူ့ရင်ခွင်ထဲမှာမြုပ်သွားအောင်ဖက်ကာ ပါးလေးကိုနမ်းတော့ ဖွေး သူ့ကိုမျက်စောင်းထိုးပစ်လိုက်သည်။
ဖေဖေနဲ့မေမေတို့ အတူပြန်နေကတည်းက ဖွေးနဲ့သူ့ကိုလည်း လက်ထပ်ခွင့်ပေးခဲ့တာမို့ ဧည့်ခံပွဲလုပ်ဖို့သာကျန်တော့၏။
ဒါကိုပဲ ကိုကိုကကျေနပ်နေကာ ဖွေးကိုလည်း မျက်စေ့အောက်က အပျောက်မခံသလို ရုံးကိုလည်းမလိုက်ရ။
"ထမင်းစားလို့ရပြီ"
"ကိုယ် ထမင်းမစားချင်သေးဘူး စတော်ဘယ်ရီစားချင်တာ"
"ဒီရာသီမှာ ဘယ်က.."
ဖွေးစကားလေး တစ်ဝက်တစ်ပျက်ရပ်သွားရပြီး ဖွေးနှုတ်ခမ်းတွေကို အပိုင်သိမ်းသွားသည့်သူ့ကြောင့် အနမ်းတွေထဲနစ်မျောသွားရင်း လည်ပင်းကို ဖက်ထားလိုက်မိသည်။
"ကိုကို.. တော်ပြီ အောက်မှာဖေဖေတို့စောင့်နေကြရင် ရှက်စရာကြီး မကဲနဲ့"
"နည်းနည်းပဲ ကဲမိတာပါကွာ တော်သေးတာပေါ့ ၁၇မို့ပဲ ၇၁သာဆို ပြည့်သျှင်တို့နားပိတ်ထားရမလားမသိဘူး"
ဖွေးနှုတ်ခမ်းလေးစူပစ်လိုက်၍ ကိုကိုကရယ်ကာ ဖွေးလက်ကလေးကိုဆွဲပြီး အောက်ကိုဆင်းလာတော့ မေမေနှင့်ဘွားဘွားဆီမှ မျက်စောင်းကိုယ်စီရလိုက်သည်။
ဖွေး ခေါင်းလေးငုံ့ထားလိုက်တော့ ကိုကိုက စပ်ဖြဲဖြဲမျက်နှာဖြင့် မသိချင်ယောင်ဆောင်နေလေ၏။
ဟွန့်••ကိုကိုအစုတ်ပလုတ်..
သူ့ကြောင့်....
〰〰📑📑📑〰〰
"ဖွေး ကျောင်းဝင်ခွင့်ရပြီ"
ကျောင်းဝင်ခွင့်စာရွက်လေးကို ဖေဖေ့ဆီဦးတည်ပြီးပြလိုက်၍ ဖေဖေက ယူကြည့်နေချိန် ဖွေးမျက်လုံးလေးတွေ သူ့ဆီရောက်လာသည်။
အန်တီမြူကလည်း ဒါကိုမြင်လိုက်သလို ဖေဖေ့နားနားမှာ ကပ်ပြောသည်မို့ ဖေဖေ့မျက်နှာပြန်မော့လာသည်။
"သားရော၊ သမီးရော ပြော ဘယ်လိုလုပ်ချင်လဲ"
"ဖွေး ကျောင်းသွားတက်ချင်တယ်"
"သမီးကျောင်းတက်ဖို့က သားရဲ့ခွင့်ပြုချက်လိုသေးတယ်လေ သူကသမီးရဲ့ခင်ပွန်းဥစ္စာ"
အန်တီမြူ့စကားကြောင့် ဖွေးက သူ့ကိုစူပုတ်ပုတ်ကြည့်နေ၍ ဘာပြောလို့ပြောရမှန်းမသိ။
သူမကို ဘယ်မှမသွားစေချင်ပေမယ့် ဖွေးက ကျောင်းတက်ဖို့ဆန္ဒပြင်းပြနေ၍ တားချင်ပုံလညမရ...
"သွားချင်တယ်မလား သွားပါ"
"ဖွေးကို ရွဲ့ပြောနေတာလား အဲ့ဒါ"
"မရွဲ့ပါဘူး မင်းသွားချင်နေတာကြာပြီမလား သွား.. ခွင့်ပြုတယ်"
ထိုအခါ ဖွေးမျက်နှာလေးငယ်ကျသွားပြီး ဖေဖေ့ကိုကြည့်လိုက်၊ အန်တီမြူ့ကိုကြည့်လိုက်။
"မဟုတ်သေးဘူး သား.. ဖွေးကျောင်းသွားတက်ရမှာက localမဟုတ်ဘူးနော် ရှန်ဟိုင်းမှာ.. ဒါကိုမင်းကအလွယ်တကူခွင့်ပြုပေးတာလား"
"သူကျောင်းတက်ချင်နေတာကို ကျွန်တော်မတားချင်ဘူး ပြီးတော့ သူ့အသက်အရွယ်လေးနဲ့ လွတ်လွတ်လပ်လပ်နေချင်ဦးမှာပဲ ကျွန်တော့်ကြောင့်သာ"
"အဲ့ဒါ ကိုကို မကောင်းလို့လေ သူများကိုအတင်းခေါ်ပြီး"
"အဲ့ဒါကြောင့်ပဲ ခွင့်ပြုပေးနေတာလေ"
"ရွဲ့ပြောနေသလိုပဲ"
ဖွေးကိုကြည့်ရင်း ရယ်ချင်သွားတာမို့ ပြုံးလိုက်မိတော့ သူမ စိတ်ကောက်သွားသလို နှုတ်ခမ်းစူ၏။
သူ့ကိုပါ လိုက်စေချင်တာ သူ မသိဘဲနေပါ့မလား။
"သမီးက သားကိုပါလိုက်စေချင်တာလား"
အကင်းပါးသောအန်တီမြူ့မေးခွန်းကြောင့် ဖွေးက နှုတ်ခမ်းစူစူဖြင့် ခေါင်းခါပြသည်။
ရယ်သံတွေထွက်လာတော့ ဖွေးမျက်နှာလေးရဲသွားပြီး လက်ဖဝါးလေးတွေဖြင့်အုပ်ကာ...
"ဖေဖေတို့မကောင်းဘူး သူများကိုပြောင်နေကြတယ်"
"သမီးရယ် ကိုယ့်ယောကျာ်းကိုမခွဲနိုင်တာ ရှက်စရာမှမဟုတ်တာ ဒါကိုဘာလို့မပြောဘဲရစ်နေတာလဲ"
"ရစ်ပါဘူး"
ကိုကိုက ဖွေးလက်ကလေးတွေကိုဆွဲဖယ်ကာ ပြုံးစိစိဖြင့်ကြည့်နေ၍ မျက်နှာကြီးကို တွန်းဖယ်ပစ်လိုက်သည်။
တကယ်ဆို ကိုယ်လိုက်နေရမလား ဘာညာမေးပါဦးလား..
အလိုက်ကမ်းဆိုးမသိတဲ့လူကြီး…
"သားကို အဲ့ဒီမှာအခြေစိုက်ရုံးတစ်ခုဖွင့်ဖို့ လုပ်ခိုင်းထားတယ်"
"ဟင်!! တကယ်"
"တကယ်ပေါ့ သမီးကိုတစ်ယောက်တည်းလွှတ်ပါ့မလား"
ဖွေး ပျော်သွားပြီး ဖေဖေ့လည်ပင်းကိုဖက်ကာ တအားနမ်းပစ်တော့ ကိုကိုက စူပုတ်သွား၏။
ဒါပေမယ့် ဟန်ဆောင်ပြီးသဝန်တိုနေမှန်း ဖွေးသိနေတာမို့ လျှာလေးထုတ်ပြီးပြောင်ပြကာ ပြီးမှသတိရသွားသည်။
"မေမေ့အိမ်လေးမှာပဲ နေမယ်နော"
"နေပါရှင် သမီးတို့သဘော"
"အဲ့ဒါဆို ကိုကိုကအဆင်ပြေပါ့မလား ဟင်!! ဖေဖေရော တရုတ်စကားက"
"ချာ ယား ထို (အရူးမလေး)"
ကိုကိုက ဖွေးပါးလေးကိုဆွဲဖဲ့ရင်းပြောလိုက်တော့ ဖွေး နှုတ်ခမ်းလေး ဟသွားပြီး ဖေဖေ့ကိုပြန်ကြည့်တော့ ဖေဖေကလည်းပြုံးနေခဲ့သည်။
"ရှစ် ရွှေ ရှော ပု သုံ ဟန့် ယွီ သ"
(တရုတ်စကားနားမလည်ဘူးလို့ ဘယ်သူပြောလဲ)
"ဖေဖေလည်း တတ်တယ်ပေါ့"
ဒီတစ်ခါတော့ မေမေကအစ ဝိုင်းရယ်တာမို့ ဖွေးစူပုတ်သွားပြီး အကုန်လုံးကို သိမ်းကျုံးမျက်စောင်းထိုးပစ်လိုက်သည်။
ဒါဆို ဖေဖေက မလိုအပ်ဘဲ ဖွေးကိုတမင်အနားမှာခေါ်ထားခဲ့တာပေါ့။
"သူများကို ဝိုင်းလိမ်ထားကြတာ"
"ကိုယ် အ လို့ ကိုယ်ခံရတာနော် လိုက်မရမ်းနဲ့"
"ဟွန့်••"
ဖွေး ရှက်ရယ်လေးရယ်တော့ ကိုကိုကဖွေးလက်ကလေးကို ဖိဆုပ်ကိုင်ပြီး မျက်နှာလေးကိုကြည့်သည်။
"ကိုယ်ပါလိုက်နေမှာ ဆိုးမယ်မကြံနဲ့နော် ကိုယ့်အပေါ်ဆိုးရင် ချက်ချင်းထပြန်မှာ"
ဖွေးက ဆိုးမှာပဲဆိုသည့် ဂျစ်ကန်ကန်မျက်နှာလေးဖြင့် ပြန်ကြည့်လာတော့ အသည်းယားသွားမိပေမယ့် ဖေဖေတို့ရှေ့မှာမို့ မသိချင်ယောင်ဆောင်လိုက်သည်။
သူ့အမျိုးသမီးလေးက တကယ်ချစ်စရာပါ...
〰〰📑📑📑〰〰
သူမနဲ့ အန်တီမြူနေခဲ့သည့်တိုက်ခန်းက တော်တော်ကျယ်သလို ၁၁လွှာမှာမို့ မြို့ပြရှုခင်းကိုလည်းမြင်ရသည်။
ရောက်ကတည်းက သူကကုမ္ပဏီကိစ္စဖြင့်အလုပ်ရှူပ်နေ၍ တစ်ပတ်လောက်အထိ ဖွေးကိုတစ်ယောက်တည်းထားရတာမို့ ကုမ္ပဏီကိစ္စအဆင်ပြေသွားသည်နှင့် ဖွေးတို့ကျောင်းရှေ့ကစောင့်နေလိုက်သည်။
သူ့ရည်ရွယ်ချက်က သူမ အံ့သြသွားအောင်လို့…
"ဘိုင့် ဘိုင်"
သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး ကျောင်းထဲကထွက်လာသည့် သူမကိုတွေ့တော့ အံ့သြသွားသူက သူသာဖြစ်သည်။
"အယ်!! ကိုကို ဖွေးကိုလာကြိုတာလား"
ခုန်ဆွခုန်ဆွလေးလုပ်ကာ သူ့အနား ဖွေးရောက်လာသည်အထိ သူ မျက်လုံးပြူးကာကြည့်နေမိသည်။
သူ မအားသေးတာမို့ ဖွေးက သူမဘာသာကျောင်းသွားတတ်၍ ဘယ်လိုပုံစံနဲ့ကျောင်းသွားမှန်းလည်းမသိ။
"ဖွေးရယ် ဘယ်လိုတွေ"
ဖွေးက သူမကိုယ်သူမ ပြန်ငုံ့ကြည့်ကာ ဘာမှမထူးဆန်းသလို သူ့ကိုပြန်မော့ကြည့်သည်။
အပျော့သားအနက်ရောင်ဝတ်စုံလေးက ဖွေးကိုယ်မှာကပ်ချပ်နေကာ ပေါင်လယ်လောက်သာရှည်ပြီး sneakerအဖြူရောင်လေးသာ ဝတ်ထားသည်။
ကောက်ကြောင်းလှလှလေးတွေ ထင်းနေသည်မို့ လူတွေကြားမှာပင် ဖွေးပုံစံလေးက ထင်းရှင်းနေ၏။
"ဘာဖြစ်လို့လဲ"
"နေ့တိုင်း ဒီလိုပုံစံနဲ့ပဲ"
"ဖွေး ဝတ်နေကျပါ ကိုကိုကလည်း"
"မရဘူး နောက်ရက်ကစပြီး မဝတ်ရတော့ဘူး ဘေးမှာ ကိုယ်ပါနေရင်တော်သေးတယ် တခြားသူတွေကြည့်ကုန်တော့မှာပဲ"
"ကိုကိုနော် သူများဝတ်ချင်လို့ပါဆို လိုက်ကပ်စေးနှဲနေတယ် မိန်းမငယ်ငယ်လေးယူထားပြီး စိတ်မချနေရင်လည်း ဖွေးကိုသေတ္တာထဲသော့ခတ်ထားလိုက်"
"တကယ်လား ရတယ်လေ"
ကိုကိုက တကယ်ကောက်ပွေ့၍ ဖွေးလန့်ဖျတ်သွားပြီး ကို့လည်ပင်းကိုသိုင်းဖက်လိုက်မိသည်။
ကားပေါ်တင်ပေးပြီး ခါးပတ်ပတ်ပေးလိုက်ကာ သူက တစ်ဖက်မှာဝင်ထိုင်တော့ ဖွေး သူ့လက်မောင်းကိုမှီနွဲ့ကာ မော့ကြည့်သည်။
"နောက်ရက် ကျောင်းသွားရင် မံမီလို ပတ်တီးတွေပတ်ပြီးမှသွားရမယ်"
"ကိုကိုနော်"
"ဟုတ်တယ်လေ မင်းရဲ့အတန်းထဲအထိလိုက်ကြည့်နိုင်တာမှမဟုတ်ဘဲ ကိုယ်မသိတဲ့တခြားတစ်ဖက်မှာ မင်းကိုစိတ်မချနိုင်ပါဘူး"
"အူတိုတတ်လိုက်တာ"
"မင်းသိလား မင်းခုလိုဝတ်ထားတာ အရမ်းလှတာ ဖွေးရဲ့ ဒါပေမယ့် အဲ့ဒီအလှတွေကို ကိုယ်ပဲသိမ်းထားချင်တာ မင်းအိမ်ပြန်ရောက်မှတွေ့မယ်"
"အမလေး ကြောက်လိုက်တာရှင်"
ဖွေး ပခုံးလေးတွန့်ပြတော့ ကိုကိုကရယ်ကာ ပါးလေးကိုဖွဖွလေးနမ်းပြီး ကားကိုမောင်းထွက်၏။
ဖွေး ကိုကို့လက်မောင်းကိုမှီပစ်ပြီး မျက်လုံးလေးတွေမှိတ်ထားလိုက်တော့ ကြည်နူးမှုဖြင့်ရင်တသိမ့်သိမ့်ခုန်၏။
အိမ်ပြန်ရောက်ရောက်ချင်း ဖွေးကိုကောက်ပွေ့လိုက်တော့ ဖွေးရယ်ချင်သွားပြီး ကိုကို့မေးဖျားကို ဖွဖွလေးနမ်းလိုက်သည်။
"သွားပါ သူများကိုတော့တစ်ပတ်လောက်ပစ်ထားပြီး"
"ပစ်ချင်လို့ပစ်ထားတာမှမဟုတ်တာ တကယ်မအားလို့သာ ကြည့်နေရတာ အခုအားပြီ ကြည့်ပဲမနေချင်တော့ဘူး ပြီးတော့ ဒါမျိုးဝတ်တာ ကိုယ်မကြိုက်ဘူးဖွေး ကျောင်းသွားရင် နည်းနည်းလုံခြုံတာလေးဝတ်သွားကွာ ကိုယ်နဲ့အပြင်ထွက်မှာဝတ်"
"အိမ်မှာနေရင်ရော"
"ဝတ်ပေါ့ ပိုတောင်ကြိုက်သေးတယ်"
ဖွေးကိုယ်လေးကိုပြန်ချပေးလိုက်ပြီး နဖူးလေးကိုနမ်းကာ တစ်ကိုယ်လုံးကိုတစ်ချက်ဝေ့ကြည့်သည်။
"ရှင်နော် သူများကို ဘယ်လိုကြီးကြည့်နေတာလဲ ဖယ်.. ဟင်းချက်တော့မယ်"
"ဖွေးနားလိုက် ကိုယ်ချက်ထားမယ်"
"တူတူချက်မယ်လေ"
ဖွေးရောသူပါ အဝတ်အစားမလဲတော့ဘဲ မီးဖိုခန်းဝင်ကြတော့ ကိုကိုကဖွေးနောက်မှာရပ်ကာ အသားတုံးလေးတွေလှီးလိုက်၊ အသီးအရွက်တွေရေဆေးလိုက်ဖြင့်။
တွန်းပစ်ပေမယ့် ဘယ်မှမသွားဘဲ ဖွေးကိုဖက်ထားပြီး တစ်ခါတစ်ခါ ဖွေးလည်ပင်းကို ငုံ့နမ်း၏။
"ဖွေး"
ချစ်ချင်စိတ်တွေပြင်းပြနေပြီမို့ သူမကိုယ်လေးကိုပွေ့ယူကာ စားပွဲပေါ်တင်ပေးပြီး ခါးလေးကိုသိမ်းဖက်ထားလိုက်သည်။
ဖွေးမျက်နှာလေး မော့လာပြီး ပြန်ဆင်းဖို့ပြင်ပေမယ့် သူ ဖက်ထား၍ဆင်းမရဘဲရှိစဥ် မျက်နှာလေးကိုပင့်ယူသည်။
"ကိုကိုနော် ဟင်းချက်မလို့ကို"
"မချက်နဲ့တော့ကွာ ကိုယ်မင်းကိုနမ်းချင်တယ်"
"မရဘူး ဟင်းချက်ပြီးမှနမ်း"
"ခဏလေးပါကွာ တကယ်ခဏပဲ"
ဖွေးနှုတ်ခမ်းလေးကို အမြတ်တနိုးငုံ့နမ်းလာတော့ ဖွေး သိပ်မယုံချင်ပေမယ့် ငြိမ်နေလိုက်ပြီး ကိုကို့ကိုပြန်ဖက်ထားမိသည်။
ရှည်ကြာသည့်အနမ်းတွေက ရပ်မသွားဘဲ ပိုပြီးကြမ်းတမ်းလာသည်မို့ ရင်ဘတ်ကိုတွန်းပစ်တော့ ကိုကိုက ဖွေးလက်ကလေးတွေကိုချုပ်ကိုင်သည်။
"ကိုယ် မရတော့ဘူး"
"ဟင့်အင်း ကိုကိုနော် မညစ်ပတ်နဲ့"
ဖွေးငြင်းဆန်နေလည်း သူကဖွေးကိုယ်လေးကို မချီပြီး အိပ်ခန်းဘက်လှည့်ထွက်လာ၍ နှုတ်ခမ်းလေးကိုက်ကာ မျက်စောင်းလေးချီမိသည်။
ဒါလား ခဏ....
နောက်မှပဲပြောပြတော့မယ်
ဖွေးတို့ ဘယ်လောက်ထိချစ်ခဲ့ကြတယ်ဆိုတဲ့အကြောင်း....
〰〰📑📑📑〰〰
The End
၃ပုဒ်မြောက် Ficလေးပြီးသွားပါပြီရှင့်😊
Dreamerနဲ့ အချစ်ဝိုင်အပြင် ဒီ ficလေးကိုလည်း နှစ်သက်ကြမယ်ထင်ပါတယ်
Summer Maungရယ်လို့ အသိအမှတ်ပြုကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်
See you next Fic😘😘
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
သူ မသိေသာအျခားတစ္ဖက္၌ ( Part - 38 ) ဇာတ္သိမ္းပိုင္း
〰〰〰〰〰
"ေမေမ ျမည္းၾကၫ့္ဦး ဘာလိုေသးလဲ"
သမီးက ဇြန္းကိုျမဴ႔အနားတိုးေပးေတာ့ နည္းနည္းျမည္းၾကၫ့္ရင္း အရသာခံလိုက္သည္။
ျမဴေရာ၊ သမီးပါ မီးဖိုေဆာင္ဝင္ေနၾကကာ ျမဴ႔လက္ရာစားခ်င္သည္ဟု ပူဆာထားေသာ ခမ္းေၾကာင့္ျဖစ္သည္။
"ဆားနည္းနည္းထၫ့္ရမယ္ ထားလိုက္ေတာ့ ေမေမလုပ္လိုက္မယ္ သမီးဘြားဘြားနဲ႔ ေဖေဖ့ကိုသြားေခၚေခ် စားလို႔ရၿပီ"
"ေမေမ့သားမက္ကိုလည္း စကားထဲထၫ့္ေျပာပါဦး"
"ေျပာစရာလား ငါ့သမီးကေလးသာသာေလးကို ရေအာင္ခိုးသြားတာ"
"ေဖြးလည္းလိုက္ခ်င္လို႔ပါ"
"အမေလးေနာ္ မေျပာခ်င္ဘူးမိေဖြးကေတာ့.. သြားေခၚေခ်ေတာ့ သမီးဘြားဘြား၊ သမီးေဖေဖနဲ႔ သမီးေယာက်ာ္းကိုေရာ"
"ဟီး.. ဟုတ္"
ထမင္းစားခန္းဝေရာက္ေနၿပီျဖစ္ေသာ ခမ္းဆီက ရယ္သံၾကားလိုက္ရ၍ ျမဴလွၫ့္ၾကၫ့္မိေတာ့ သမီးက ခမ္းအနားလွစ္ခနဲေရာက္သြားသည္။
"ေဖေဖ ထမင္းစားရေအာင္"
အျဖဴေရာင္ဂါဝန္ေလးျဖင့္ သမီးမ်က္ႏွာေလးႃပံုးေပ်ာ္ေနကာ ခမ္းရဲ့လက္တစ္ဖက္ကိုဆဲြကိုင္လိုက္သည္မို႔ ျမဴ ႃပံုးၿပီးၾကၫ့္ေနလိုက္သည္။
သမီးဟာ အခုခ်ိန္ထိ ကေလးဆန္ေနဆဲျဖစ္ၿပီး အခုမွအတူေနခြင့္ရသၫ့္ခမ္းကိုလည္း ခၽဲြေနတာမၿပီးႏိုင္။
ခမ္းကလည္း အခုမျွပန္ဆံုရသၫ့္ဒီသမီးကို အရိပ္တၾကၫ့္ၾကၫ့္ရိွသလို ျပၫ့္သ်ွင္ကေရာ၊ အန္တီေခတ္ကပါ သမီးကိုသိပ္ခ်စ္ၾကသည္ပဲ…
"ေဖေဖ ေဖြးကိုခြံ႔မွာလား"
"ေဖေဖက သမီးအေမကိုခြံ႔ရမွာ သမီးကို ျပၫ့္သ်ွင္ခြံ႔လိမ့္မယ္"
ေဖြး ႏႈတ္ခမ္းေလးစူၿပီး ေဖေဖ့ကိုမ်က္ေစာင္းခ်ီေတာ့ ေဖေဖက သေဘာတက်ရယ္ၿပီး ေဖြးနဖူးေလးကိုငံု႔နမ္းသည္။
ေမေမကေတာ့ ေဖြးတို႔သားအဖကို ႃပံုးၾကၫ့္ေန၍ ေဖြးက ေမေမ့ပါးကိုဖ်တ္ခနဲနမ္းပစ္လိုက္သည္။
"ေမေမကေရာ ေဖေဖခြံ႔ရင္စားမွာလား"
"ဒီကေလး ဘာေတြေမးေနတာလဲ"
"ေဖေဖခြံ႔တာစားခ်င္လို႔ေလ ေဖြးက ကေလးပဲရိွေသးတာကို"
"ကေလးဆို အိမ္ေထာင္မျပဳေသးဘူး"
ေဖေဖ့စကားေၾကာင့္ ေဖြးေျခေလးေဆာင့္ပစ္လိုက္ကာ...
"ေဖေဖေနာ္ ေဖြးကိုမေျပာနဲ႔ အဲ့ဒါေဖေဖ့သားေၾကာင့္"
"ေစာေစာကေတာ့ ေဖြးလည္းလိုက္ခ်င္လို႔ပါဆို"
"အဲ့ဒါေတာ့အဲ့ဒါေပါ့ ဒါေပမယ့္ သူအတင္းခိုးေျပးလို႔ လိုက္ရတာေလ"
ေဖြးျပန္ၿပီးရန္ေတြ့သလိုေျပာေတာ့ ေဖေဖက ရယ္ကာ ေဖြးပခံုးေလးကိုဖက္သည္။
ေဖြးတစ္ခ်ိန္လံုးအိမ္မက္ မက္ခဲ့ရသၫ့္စိတ္ကူးအိမ္မက္ဟာ လက္ေတြ့ျဖစ္လာခဲ့ၿပီမို႔ ေပ်ာ္ေနမိကာ ေဖေဖ့မ်က္ႏွာကိုပဲ ခဏခဏေမာ့ၾကၫ့္မိသည္အထိ။
ေဖေဖကသိပ္ေခ်ာတာပဲ…
"ေဖြး ကိုယ့္ဆီလာဦး ဒီမွာမရဘူး"
မိဘေတြကိုကပ္ခၽဲြေနတုန္း ကိုကို႔ဆီကေခၚသံေၾကာင့္ ေဖြးျပန္လွၫ့္ေျပးလာခဲ့ရၿပီး ကိုကိုကအခန္းထဲမွာဖုန္းတစ္လံုးကို ကိုင္ၿပီးရပ္ေနသည္။
"ကိုကို ဘာျဖစ္လို႔လဲ ဘာမရတာလဲ"
"ေဖေဖတို႔အခုမွဆံုရတာကို ဘာလို႔သြားရႈပ္ေနတာလဲ လာ.. ကိုယ့္ကိုဖက္ထား"
"ဟြန႔္•• ဘာဆိုင္လို႔လဲ မဖက္ခ်င္ပါဘူး"
"မရဘူး"
ကိုကိုက ေဖြးကိုခါးေလးကေနဆဲြေပြ့ၿပီး သူ႔ရင္ခြင္ထဲမွာျမဳပ္သြားေအာင္ဖက္ကာ ပါးေလးကိုနမ္းေတာ့ ေဖြး သူ႔ကိုမ်က္ေစာင္းထိုးပစ္လိုက္သည္။
ေဖေဖနဲ႔ေမေမတို႔ အတူျပန္ေနကတည္းက ေဖြးနဲ႔သူ႔ကိုလည္း လက္ထပ္ခြင့္ေပးခဲ့တာမို႔ ဧၫ့္ခံပဲြလုပ္ဖို႔သာက်န္ေတာ့၏။
ဒါကိုပဲ ကိုကိုကေက်နပ္ေနကာ ေဖြးကိုလည္း မ်က္ေစ့ေအာက္က အေပ်ာက္မခံသလို ရံုးကိုလည္းမလိုက္ရ။
"ထမင္းစားလို႔ရၿပီ"
"ကိုယ္ ထမင္းမစားခ်င္ေသးဘူး စေတာ္ဘယ္ရီစားခ်င္တာ"
"ဒီရာသီမွာ ဘယ္က.."
ေဖြးစကားေလး တစ္ဝက္တစ္ပ်က္ရပ္သြားရၿပီး ေဖြးႏႈတ္ခမ္းေတြကို အပိုင္သိမ္းသြားသၫ့္သူ႔ေၾကာင့္ အနမ္းေတြထဲနစ္ေမ်ာသြားရင္း လည္ပင္းကို ဖက္ထားလိုက္မိသည္။
"ကိုကို.. ေတာ္ၿပီ ေအာက္မွာေဖေဖတို႔ေစာင့္ေနၾကရင္ ရွက္စရာႀကီး မကဲနဲ႔"
"နည္းနည္းပဲ ကဲမိတာပါကြာ ေတာ္ေသးတာေပါ့ ၁၇မို႔ပဲ ၇၁သာဆို ျပၫ့္သ်ွင္တို႔နားပိတ္ထားရမလားမသိဘူး"
ေဖြးႏႈတ္ခမ္းေလးစူပစ္လိုက္၍ ကိုကိုကရယ္ကာ ေဖြးလက္ကေလးကိုဆဲြၿပီး ေအာက္ကိုဆင္းလာေတာ့ ေမေမႏွင့္ဘြားဘြားဆီမွ မ်က္ေစာင္းကိုယ္စီရလိုက္သည္။
ေဖြး ေခါင္းေလးငံု႔ထားလိုက္ေတာ့ ကိုကိုက စပ္ၿဖဲျဖဲမ်က္ႏွာျဖင့္ မသိခ်င္ေယာင္ေဆာင္ေနေလ၏။
ဟြန႔္••ကိုကိုအစုတ္ပလုတ္..
သူ႔ေၾကာင့္....
〰〰📑📑📑〰〰
"ေဖြး ေက်ာင္းဝင္ခြင့္ရၿပီ"
ေက်ာင္းဝင္ခြင့္စာရြက္ေလးကို ေဖေဖ့ဆီဦးတည္ၿပီးျပလိုက္၍ ေဖေဖက ယူၾကၫ့္ေနခ်ိန္ ေဖြးမ်က္လံုးေလးေတြ သူ႔ဆီေရာက္လာသည္။
အန္တီျမဴကလည္း ဒါကိုျမင္လိုက္သလို ေဖေဖ့နားနားမွာ ကပ္ေျပာသည္မို႔ ေဖေဖ့မ်က္ႏွာျပန္ေမာ့လာသည္။
"သားေရာ၊ သမီးေရာ ေျပာ ဘယ္လိုလုပ္ခ်င္လဲ"
"ေဖြး ေက်ာင္းသြားတက္ခ်င္တယ္"
"သမီးေက်ာင္းတက္ဖို႔က သားရဲ့ခြင့္ျပဳခ်က္လိုေသးတယ္ေလ သူကသမီးရဲ့ခင္ပြန္းဥစၥာ"
အန္တီျမဴ႔စကားေၾကာင့္ ေဖြးက သူ႔ကိုစူပုတ္ပုတ္ၾကၫ့္ေန၍ ဘာေျပာလို႔ေျပာရမွန္းမသိ။
သူမကို ဘယ္မွမသြားေစခ်င္ေပမယ့္ ေဖြးက ေက်ာင္းတက္ဖို႔ဆႁႏၵပင္းျပေန၍ တားခ်င္ပံုလညမရ...
"သြားခ်င္တယ္မလား သြားပါ"
"ေဖြးကို ရဲြ႔ေျပာေနတာလား အဲ့ဒါ"
"မရဲြ႔ပါဘူး မင္းသြားခ်င္ေနတာၾကာၿပီမလား သြား.. ခြင့္ျပဳတယ္"
ထိုအခါ ေဖြးမ်က္ႏွာေလးငယ္က်သြားၿပီး ေဖေဖ့ကိုၾကၫ့္လိုက္၊ အန္တီျမဴ႔ကိုၾကၫ့္လိုက္။
"မဟုတ္ေသးဘူး သား.. ေဖြးေက်ာင္းသြားတက္ရမွာက localမဟုတ္ဘူးေနာ္ ရွန္ဟိုင္းမွာ.. ဒါကိုမင္းကအလြယ္တကူခြင့္ျပဳေပးတာလား"
"သူေက်ာင္းတက္ခ်င္ေနတာကို ကၽြန္ေတာ္မတားခ်င္ဘူး ၿပီးေတာ့ သူ႔အသက္အရြယ္ေလးနဲ႔ လြတ္လြတ္လပ္လပ္ေနခ်င္ဦးမွာပဲ ကၽြန္ေတာ့္ေၾကာင့္သာ"
"အဲ့ဒါ ကိုကို မေကာင္းလို႔ေလ သူမ်ားကိုအတင္းေခၚၿပီး"
"အဲ့ဒါေၾကာင့္ပဲ ခြင့္ျပဳေပးေနတာေလ"
"ရဲြ႔ေျပာေနသလိုပဲ"
ေဖြးကိုၾကၫ့္ရင္း ရယ္ခ်င္သြားတာမို႔ ႃပံုးလိုက္မိေတာ့ သူမ စိတ္ေကာက္သြားသလို ႏႈတ္ခမ္းစူ၏။
သူ႔ကိုပါ လိုက္ေစခ်င္တာ သူ မသိဘဲေနပါ့မလား။
"သမီးက သားကိုပါလိုက္ေစခ်င္တာလား"
အကင္းပါးေသာအန္တီျမဴ႔ေမးခြန္းေၾကာင့္ ေဖြးက ႏႈတ္ခမ္းစူစူျဖင့္ ေခါင္းခါျပသည္။
ရယ္သံေတြထြက္လာေတာ့ ေဖြးမ်က္ႏွာေလးရဲသြားၿပီး လက္ဖဝါးေလးေတျြဖင့္အုပ္ကာ...
"ေဖေဖတို႔မေကာင္းဘူး သူမ်ားကိုေျပာင္ေနၾကတယ္"
"သမီးရယ္ ကိုယ့္ေယာက်ာ္းကိုမခဲြႏိုင္တာ ရွက္စရာမွမဟုတ္တာ ဒါကိုဘာလို႔မေျပာဘဲရစ္ေနတာလဲ"
"ရစ္ပါဘူး"
ကိုကိုက ေဖြးလက္ကေလးေတြကိုဆဲြဖယ္ကာ ႃပံုးစိစိျဖင့္ၾကၫ့္ေန၍ မ်က္ႏွာႀကီးကို တြန္းဖယ္ပစ္လိုက္သည္။
တကယ္ဆို ကိုယ္လိုက္ေနရမလား ဘာညာေမးပါဦးလား..
အလိုက္ကမ္းဆိုးမသိတဲ့လူႀကီး…
"သားကို အဲ့ဒီမွာအေျခစိုက္ရံုးတစ္ခုဖြင့္ဖို႔ လုပ္ခိုင္းထားတယ္"
"ဟင္!! တကယ္"
"တကယ္ေပါ့ သမီးကိုတစ္ေယာက္တည္းလႊတ္ပါ့မလား"
ေဖြး ေပ်ာ္သြားၿပီး ေဖေဖ့လည္ပင္းကိုဖက္ကာ တအားနမ္းပစ္ေတာ့ ကိုကိုက စူပုတ္သြား၏။
ဒါေပမယ့္ ဟန္ေဆာင္ၿပီးသဝန္တိုေနမွန္း ေဖြးသိေနတာမို႔ လ်ွာေလးထုတ္ၿပီးေျပာင္ျပကာ ၿပီးမွသတိရသြားသည္။
"ေမေမ့အိမ္ေလးမွာပဲ ေနမယ္ေနာ"
"ေနပါရွင္ သမီးတို႔သေဘာ"
"အဲ့ဒါဆို ကိုကိုကအဆင္ေျပပါ့မလား ဟင္!! ေဖေဖေရာ တရုတ္စကားက"
"ခ်ာ ယား ထို (အရူးမေလး)"
ကိုကိုက ေဖြးပါးေလးကိုဆဲြဖဲ့ရင္းေျပာလိုက္ေတာ့ ေဖြး ႏႈတ္ခမ္းေလး ဟသြားၿပီး ေဖေဖ့ကိုျပန္ၾကၫ့္ေတာ့ ေဖေဖကလည္းႃပံုးေနခဲ့သည္။
"ရွစ္ ေရႊ ေရွာ ပု သံု ဟန႔္ ယီြ သ"
(တရုတ္စကားနားမလည္ဘူးလို႔ ဘယ္သူေျပာလဲ)
"ေဖေဖလည္း တတ္တယ္ေပါ့"
ဒီတစ္ခါေတာ့ ေမေမကအစ ဝိုင္းရယ္တာမို႔ ေဖြးစူပုတ္သြားၿပီး အကုန္လံုးကို သိမ္းက်ဳံးမ်က္ေစာင္းထိုးပစ္လိုက္သည္။
ဒါဆို ေဖေဖက မလိုအပ္ဘဲ ေဖြးကိုတမင္အနားမွာေခၚထားခဲ့တာေပါ့။
"သူမ်ားကို ဝိုင္းလိမ္ထားၾကတာ"
"ကိုယ္ အ လို႔ ကိုယ္ခံရတာေနာ္ လိုက္မရမ္းနဲ႔"
"ဟြန႔္••"
ေဖြး ရွက္ရယ္ေလးရယ္ေတာ့ ကိုကိုကေဖြးလက္ကေလးကို ဖိဆုပ္ကိုင္ၿပီး မ်က္ႏွာေလးကိုၾကၫ့္သည္။
"ကိုယ္ပါလိုက္ေနမွာ ဆိုးမယ္မႀကံနဲ႔ေနာ္ ကိုယ့္အေပၚဆိုးရင္ ခ်က္ခ်င္းထျပန္မွာ"
ေဖြးက ဆိုးမွာပဲဆိုသၫ့္ ဂ်စ္ကန္ကန္မ်က္ႏွာေလးျဖင့္ ျပန္ၾကၫ့္လာေတာ့ အသည္းယားသြားမိေပမယ့္ ေဖေဖတို႔ေရ႔ွမွာမို႔ မသိခ်င္ေယာင္ေဆာင္လိုက္သည္။
သူ႔အမ်ိဳးသမီးေလးက တကယ္ခ်စ္စရာပါ...
〰〰📑📑📑〰〰
သူမနဲ႔ အန္တီျမဴေနခဲ့သၫ့္တိုက္ခန္းက ေတာ္ေတာ္က်ယ္သလို ၁၁လႊာမွာမို႔ ၿမိဳ႔ျပရႈခင္းကိုလည္းျမင္ရသည္။
ေရာက္ကတည္းက သူကကုမၸဏီကိႁစၥဖင့္အလုပ္ရႉပ္ေန၍ တစ္ပတ္ေလာက္အထိ ေဖြးကိုတစ္ေယာက္တည္းထားရတာမို႔ ကုမၸဏီကိစၥအဆင္ေျပသြားသည္ႏွင့္ ေဖြးတို႔ေက်ာင္းေရ႔ွကေစာင့္ေနလိုက္သည္။
သူ႔ရည္ရြယ္ခ်က္က သူမ အံ့ၾသသြားေအာင္လို႔…
"ဘိုင့္ ဘိုင္"
သူငယ္ခ်င္းေတြကိုႏႈတ္ဆက္ၿပီး ေက်ာင္းထဲကထြက္လာသၫ့္ သူမကိုေတြ့ေတာ့ အံ့ၾသသြားသူက သူသာျဖစ္သည္။
"အယ္!! ကိုကို ေဖြးကိုလာႀကိဳတာလား"
ခုန္ဆြခုန္ဆြေလးလုပ္ကာ သူ႔အနား ေဖြးေရာက္လာသည္အထိ သူ မ်က္လံုးျပဴးကာၾကၫ့္ေနမိသည္။
သူ မအားေသးတာမို႔ ေဖြးက သူမဘာသာေက်ာင္းသြားတတ္၍ ဘယ္လိုပံုစံနဲ႔ေက်ာင္းသြားမွန္းလည္းမသိ။
"ေဖြးရယ္ ဘယ္လိုေတြ"
ေဖြးက သူမကိုယ္သူမ ျပန္ငံု႔ၾကၫ့္ကာ ဘာမွမထူးဆန္းသလို သူ႔ကိုျပန္ေမာ့ၾကၫ့္သည္။
အေပ်ာ့သားအနက္ေရာင္ဝတ္စံုေလးက ေဖြးကိုယ္မွာကပ္ခ်ပ္ေနကာ ေပါင္လယ္ေလာက္သာရွည္ၿပီး sneakerအျဖဴေရာင္ေလးသာ ဝတ္ထားသည္။
ေကာက္ေၾကာင္းလွလွေလးေတြ ထင္းေနသည္မို႔ လူေတြၾကားမွာပင္ ေဖြးပံုစံေလးက ထင္းရွင္းေန၏။
"ဘာျဖစ္လို႔လဲ"
"ေန့တိုင္း ဒီလိုပံုစံနဲ႔ပဲ"
"ေဖြး ဝတ္ေနက်ပါ ကိုကိုကလည္း"
"မရဘူး ေနာက္ရက္ကစၿပီး မဝတ္ရေတာ့ဘူး ေဘးမွာ ကိုယ္ပါေနရင္ေတာ္ေသးတယ္ တျခားသူေတြၾကၫ့္ကုန္ေတာ့မွာပဲ"
"ကိုကိုေနာ္ သူမ်ားဝတ္ခ်င္လို႔ပါဆို လိုက္ကပ္ေစးႏွဲေနတယ္ မိန္းမငယ္ငယ္ေလးယူထားၿပီး စိတ္မခ်ေနရင္လည္း ေဖြးကိုေသတၲာထဲေသာ့ခတ္ထားလိုက္"
"တကယ္လား ရတယ္ေလ"
ကိုကိုက တကယ္ေကာက္ေပြ့၍ ေဖြးလန႔္ဖ်တ္သြားၿပီး ကို႔လည္ပင္းကိုသိုင္းဖက္လိုက္မိသည္။
ကားေပၚတင္ေပးၿပီး ခါးပတ္ပတ္ေပးလိုက္ကာ သူက တစ္ဖက္မွာဝင္ထိုင္ေတာ့ ေဖြး သူ႔လက္ေမာင္းကိုမွီႏဲြ႔ကာ ေမာ့ၾကည့္သည္။
"ေနာက္ရက္ ေက်ာင္းသြားရင္ မံမီလို ပတ္တီးေတြပတ္ၿပီးမွသြားရမယ္"
"ကိုကိုေနာ္"
"ဟုတ္တယ္ေလ မင္းရဲ့အတန္းထဲအထိလိုက္ၾကၫ့္ႏိုင္တာမွမဟုတ္ဘဲ ကိုယ္မသိတဲ့တျခားတစ္ဖက္မွာ မင္းကိုစိတ္မခ်ႏိုင္ပါဘူး"
"အူတိုတတ္လိုက္တာ"
"မင္းသိလား မင္းခုလိုဝတ္ထားတာ အရမ္းလွတာ ေဖြးရဲ့ ဒါေပမယ့္ အဲ့ဒီအလွေတြကို ကိုယ္ပဲသိမ္းထားခ်င္တာ မင္းအိမ္ျပန္ေရာက္မွေတြ့မယ္"
"အမေလး ေၾကာက္လိုက္တာရွင္"
ေဖြး ပခံုးေလးတြန႔္ျပေတာ့ ကိုကိုကရယ္ကာ ပါးေလးကိုဖြဖြေလးနမ္းၿပီး ကားကိုေမာင္းထြက္၏။
ေဖြး ကိုကို႔လက္ေမာင္းကိုမွီပစ္ၿပီး မ်က္လံုးေလးေတြမိွတ္ထားလိုက္ေတာ့ ၾကည္ႏူးမႈျဖင့္ရင္တသိမ့္သိမ့္ခုန္၏။
အိမ္ျပန္ေရာက္ေရာက္ခ်င္း ေဖြးကိုေကာက္ေပြ့လိုက္ေတာ့ ေဖြးရယ္ခ်င္သြားၿပီး ကိုကို႔ေမးဖ်ားကို ဖြဖြေလးနမ္းလိုက္သည္။
"သြားပါ သူမ်ားကိုေတာ့တစ္ပတ္ေလာက္ပစ္ထားၿပီး"
"ပစ္ခ်င္လို႔ပစ္ထားတာမွမဟုတ္တာ တကယ္မအားလို႔သာ ၾကၫ့္ေနရတာ အခုအားၿပီ ၾကၫ့္ပဲမေနခ်င္ေတာ့ဘူး ၿပီးေတာ့ ဒါမ်ိဳးဝတ္တာ ကိုယ္မႀကိဳက္ဘူးေဖြး ေက်ာင္းသြားရင္ နည္းနည္းလံုႃခံုတာေလးဝတ္သြားကြာ ကိုယ္နဲ႔အျပင္ထြက္မွာဝတ္"
"အိမ္မွာေနရင္ေရာ"
"ဝတ္ေပါ့ ပိုေတာင္ႀကိဳက္ေသးတယ္"
ေဖြးကိုယ္ေလးကိုျပန္ခ်ေပးလိုက္ၿပီး နဖူးေလးကိုနမ္းကာ တစ္ကိုယ္လံုးကိုတစ္ခ်က္ေဝ့ၾကၫ့္သည္။
"ရွင္ေနာ္ သူမ်ားကို ဘယ္လိုႀကီးၾကည့္ေနတာလဲ ဖယ္.. ဟင္းခ်က္ေတာ့မယ္"
"ေဖြးနားလိုက္ ကိုယ္ခ်က္ထားမယ္"
"တူတူခ်က္မယ္ေလ"
ေဖြးေရာသူပါ အဝတ္အစားမလဲေတာ့ဘဲ မီးဖိုခန္းဝင္ၾကေတာ့ ကိုကိုကေဖြးေနာက္မွာရပ္ကာ အသားတံုးေလးေတြလွီးလိုက္၊ အသီးအရြက္ေတြေရေဆးလိုက္ျဖင့္။
တြန္းပစ္ေပမယ့္ ဘယ္မွမသြားဘဲ ေဖြးကိုဖက္ထားၿပီး တစ္ခါတစ္ခါ ေဖြးလည္ပင္းကို ငံု႔နမ္း၏။
"ေဖြး"
ခ်စ္ခ်င္စိတ္ေတျြပင္းျပေနၿပီမို႔ သူမကိုယ္ေလးကိုေပြ့ယူကာ စားပဲြေပၚတင္ေပးၿပီး ခါးေလးကိုသိမ္းဖက္ထားလိုက္သည္။
ေဖြးမ်က္ႏွာေလး ေမာ့လာၿပီး ျပန္ဆင္းဖို႔ျပင္ေပမယ့္ သူ ဖက္ထား၍ဆင္းမရဘဲရိွစဥ္ မ်က္ႏွာေလးကိုပင့္ယူသည္။
"ကိုကိုေနာ္ ဟင္းခ်က္မလို႔ကို"
"မခ်က္နဲ႔ေတာ့ကြာ ကိုယ္မင္းကိုနမ္းခ်င္တယ္"
"မရဘူး ဟင္းခ်က္ၿပီးမွနမ္း"
"ခဏေလးပါကြာ တကယ္ခဏပဲ"
ေဖြးႏႈတ္ခမ္းေလးကို အျမတ္တႏိုးငံု႔နမ္းလာေတာ့ ေဖြး သိပ္မယံုခ်င္ေပမယ့္ ၿငိမ္ေနလိုက္ၿပီး ကိုကို႔ကိုျပန္ဖက္ထားမိသည္။
ရွည္ၾကာသၫ့္အနမ္းေတြက ရပ္မသြားဘဲ ပိုၿပီးၾကမ္းတမ္းလာသည္မို႔ ရင္ဘတ္ကိုတြန္းပစ္ေတာ့ ကိုကိုက ေဖြးလက္ကေလးေတြကိုခ်ဳပ္ကိုင္သည္။
"ကိုယ္ မရေတာ့ဘူး"
"ဟင့္အင္း ကိုကိုေနာ္ မညစ္ပတ္နဲ႔"
ေဖြးျငင္းဆန္ေနလည္း သူကေဖြးကိုယ္ေလးကို မခ်ီၿပီး အိပ္ခန္းဘက္လွၫ့္ထြက္လာ၍ ႏႈတ္ခမ္းေလးကိုက္ကာ မ်က္ေစာင္းေလးခ်ီမိသည္။
ဒါလား ခဏ....
ေနာက္မွပဲေျပာျပေတာ့မယ္
ေဖြးတို႔ ဘယ္ေလာက္ထိခ်စ္ခဲ့ၾကတယ္ဆိုတဲ့အေၾကာင္း....
〰〰📑📑📑〰〰
The End
၃ပုဒ္ေျမာက္ Ficေလးၿပီးသြားပါၿပီရွင့္😊
Dreamerနဲ႔ အခ်စ္ဝိုင္အျပင္ ဒီ ficေလးကိုလည္း ႏွစ္သက္ၾကမယ္ထင္ပါတယ္
Summer Maungရယ္လို႔ အသိအမွတ္ျပဳၾကတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ရွင့္
See you next Fic😘😘
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997