သူ မသိသောအခြားတစ်ဖက်၌

By SummerMaung

302K 9.6K 267

နင် ငါနဲ့ပဲနေရမယ်၊ နင့်ကိုငါပဲပိုင်ရမယ်••• ငါ မသိတဲ့နင့်ရဲ့တခြားတစ်ဖက်မှာ ဘာတွေပဲရှိနေ ရှိနေ ငါမသိချင်ဘူး... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18 & photo
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
37
38 (ဇာတ်သိမ်းပိုင်း)

36

7.9K 254 5
By SummerMaung

သူ မသိသောအခြားတစ်ဖက်၌ ( Part - 36 )
〰〰〰〰〰

"မေမေ.. မေမေ.. ဖွေးကိုကြည့်ပါဦး"

"အခုချက်ချင်းပြန်ဖို့ပြင်"

"ဖွေးမလိုက်ဘူး အဲ့လိုပဲ မေမေလည်းမပြန်ပါနဲ့"

"မြူဖွေးဖွေးဖြူ"

"ဖွေး ဖေဖေနဲ့အခုမှနေခွင့်ရမှာ မေမေအဲ့လောက်ထိမရက်စက်ပါနဲ့ ဖေဖေသက်ရှိထင်ရှားရှိနေရဲ့သားနဲ့ ဖွေး ဖေဖေနဲ့နေချင်သေးတယ်"

ထိုစကားကိုကြားတော့ မြူရင်နာမိသွားပြီး သမီးကိုအလိုလိုက်ရမလားဟု ယိုင်နဲ့နဲ့အတွေးလေး ထပ်ဝင်လာပြန်သည်။
သမီးဟာ သူ့အဖေကိုဘယ်လောက်ထိခင်တွယ်နေသလဲ...

"နင် သူတို့မိသားစုအကြောင်းဘာသိလို့လဲ ဖွေး မေမေ့ကိုဘယ်လောက်ထိရက်စက်ခဲ့ကြလဲ စာစီပြရဦးမလား"

မေမေက ဖွေးစကားကိုနားမထောင်ဘဲ အိတ်ထဲကိုသာ ပစ္စည်းတွေထည့်နေရင်း ဖွေးကိုလည်းဆူပူမပျက်။
မေမေနဲ့ဖွေးဟာ ခုလိုခဏခဏ ကတောက်ကဆဖြစ်ရသည်ဆိုပေမယ့် မေမေ့ကိုချစ်သလို မေမေ့စကားကိုလည်း နားထောင်ချင်ပါသည်။
သို့သော် ဖွေး ဖေဖေနဲ့လည်းနေချင်သေးပြန်သည်။

"အန်တီခေတ် ဘယ်လောက်ထိယုတ်မာခဲ့လဲသိလား မေမေ့ကို ခမ်းနဲ့သဘောတူသလိုတွေလုပ်ပြီး ညည်းကို ကိုယ်ဝန်ရှိကာမှ တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ကြံစည်နေခဲ့မှန်းသိရတာ ဒါကိုမေမေကစိတ်မနာရဘူးလား"

နာကြည်းရိပ်စွန်းထင်းသော မေမေ့လေသံတွေက တုန်ယင်နေကာ ထိုအကြောင်းတွေသည်ဖွေးမသိခဲ့သော မေမေ့ရဲ့အတိတ်မို့ ငြိမ်သက်ရင်းနားထောင်နေလိုက်သည်။

"မေမေ့ကို အိမ်အကူသာသာမိန်းမတဲ့
အဲ့ဒါမှန်တယ် မေမေမငြင်းပါဘူး ခမ်းဆီကထွက်သွားဖို့ အိမ်တွေခြံတွေထိုးပေးသေးတာ မေမေက အဲ့ဒါတွေမက်လို့ ခမ်းကိုချစ်တယ်လို့ထင်နေတာ
အဲ့လိုသိသိသာသာ မသိမသာတွေနဲ့ မေမေ့ကိုမောင်းထုတ်ချင်နေတာတောင်မှ မေမေ သမီးအဖေဆီမှာကပ်တွယ်နေသေးသင့်လား ဖွေး"

"မေမေရယ်"

"သမီး အဲ့ဒီကောင်လေးနဲ့လက်ထပ်ပြီဆိုပါစို့ မေမေ့ကို တစ်ချိန်လုံးအထင်အမြင်သေးခဲ့တဲ့ အန်တီခေတ်က သမီးကိုရော အဲ့လိုတွေမလုပ်ပါဘူးလို့ မေမေ အာမ မခံဘူး ဖွေး
မေမေခံစားခဲ့ရသမျှကို သမီးမခံစားရစေချင်ဘူး အဲ့ဒါရောမေမေမှားသလား"

ဖွေး မျက်ရည်သုတ်ပစ်လိုက်ရင်း ခေါင်းလေးခါလိုက်သည်။
ခွင့်လွှတ်လိုက်ပါ မေမေရယ် လို့ပြောဖို့အတွက်တောင် မေမေဘယ်လောက်ထိနာကျင်ခဲ့ရမလဲ ဖွေးကိုယ်တိုင်တောင်မသိခဲ့။

"သားအပေါ် မျှော်လင့်ထားလွန်းတဲ့အမေတစ်ယောက်ရဲ့အတ္တနဲ့ မိန်းမတစ်ယောက်ရဲ့မာန ထိပ်တိုက်တွေ့တော့ လိုအပ်တာထက်ပိုပြီးပေါက်ကွဲသွားတယ် တကယ်ဆို အဘွားကမှားခဲ့တာပါ အခုလည်းနောင်တတွေရနေပါပြီ အန်တီမြူ့ဆီကခွင့်လွှတ်မှုကိုစောင့်နေတာ"

ကိုကို ပြောပြခဲ့တာတွေ နားထဲပြန်ရောက်လာသည့်အခါ မေမေမှန်တယ်ဆိုတာကို အလိုလိုလက်ခံမိသွားသည်။

"သမီးအတွက် အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ မေမေပေးချင်တာပါ မေမေ့စကားကိုနားထောင်ပါသမီးရယ်.. နော်"

"ဒါပေမယ့် ဖွေး ကိုကို့ကိုချစ်တယ်လေ"

"မေမေလည်း သမီးအဖေကို ဘဝတစ်ခုလုံးပုံအပ်ပြီးချစ်ခဲ့ဖူးတာပေါ့ ဒါပေမယ့် သူတို့မိသားစုက သိပ်အတ္တကြီးတယ် သမီး မေမေ့တုန်းကလို နာကျင်ခံစားရရင် မေမေသေသွားလိမ့်မယ် နှစ်ခါပြန်မနာကျင်ချက်ဘူးသမီးရယ်
အဲ့လိုမဖြစ်အောင်တားဆီးဖို့ မေမေ ဘာမဆိုလုပ်ပစ်နိုင်တယ် ဖွေး မေမေနဲ့ပြန်လိုက်ခဲ့ပါနော်"

"ဖွေး ဖေဖေနဲ့နေချင်သေးတယ်"

"ဒါဆို မေမေတစ်ယောက်တည်းနေရတော့မှာပေါ့"

"ဖေဖေနဲ့အတူပြန်ရှိဖို့ ဘာလို့စိ​တ်မကူးတာလဲ မေမေ"

မေမေ့မျက်နှာပျက်သွားပြီး ဖွေးကိုကျောပေးကာရပ်လိုက်တော့ ဖွေးမျက်ရည်တွေသုတ်ကာ မေမေနဲ့မျက်နှာချင်းဆိုင်ဖို့ မေမေ့ရှေ့ကိုသွားရပ်သည်။
မေမေဟာ ဖွေးကိုတော့မျက်နှာချင်းမဆိုင်ခဲ့…

"ဖေဖေ့အပေါ်ချစ်နေတုန်းပဲမို့လား ဒါကြောင့်ပဲ မေမေတစ်ယောက်တည်း ဖွေးနဲ့ပဲနေခဲ့တာမလား ဖေဖေလည်းအဲ့လိုပဲလေ မေမေ့ကိုအခုထိစောင့်နေတုန်းပဲ
ဒါနဲ့တောင် မေမေဘာလို့ပြန်မပေါင်းချင်တာလဲ ဖေဖေက မေမေ့ကိုအချိန်အကြာကြီးလိုက်ရှာနေခဲ့တာ ဖွေးကိုတောင်အရမ်းချစ်ရင် မေမေ့ကိုလည်း သိပ်ချစ်မှာပါ အဲ့ဒါကိုမေမေသိတယ်မလား ဘာလို့အဲ့ဒါကိုမျက်ကွယ်ပြုထားတာလဲ"

မေမေက နောက်ထပ်မျက်နှာလွှဲတော့ ဖွေးသည် မမောနိုင်အားဘဲ မေမေ့မျက်နှာရှိရာဆီကို လိုက်ငုံ့ကြည့်ရင်း အီးခနဲငိုချလိုက်သည်။

"မေမေ ဖွေးကိုငဲ့ပါဦး ဖွေးကိုရော၊ ဖေဖေ့ကိုရော မေမေချစ်ရဲ့သားနဲ့ ဘာလို့အားလုံးနာကျင်ခက်ခဲရတဲ့လမ်းကို လျှောက်ချင်နေတာလဲ ဖွေးမှာမိသားစုနဲ့အတူ နွေးနွေးထွေးထွေးနေချင်တဲ့စိတ်ရှိတယ်ဆိုတာ မေမေ မသိလို့ အဲ့လိုမျက်နှာလွှဲနေနိုင်တာလားဟင် ဖွေး အဖေရှိတဲ့သူတွေကိုအားကျမနေချင်တော့ဘူး ဖေဖေနဲ့နေချင်တယ်လို့"

"သမီး"

"ဖွေး မေမေ့ကိုလည်းမခွဲနိုင်ဘူး ဖေဖေနဲ့လည်းနေချင်တယ် မေမေ့ဒေါသတွေကြောင့် ဖွေးတို့မိသားစုက တကွဲတပြားပဲနေရတော့မှာလား
အဘွားရဲ့အမှားက ဖေဖေ့နဲ့ဖွေးတို့ရဲ့အမှားမှမဟုတ်ခဲ့တာ ဘာလို့သမီးတို့ကခွဲနေရမှာလဲ မေမေရယ်"

ဖွေး ဒူးထောက်ထိုင်ချပစ်လိုက်ကာ မေမေ့ခြေထောက်တွေကိုဖက်ထားရင်း တအားငိုမိတော့ မေမေကပြန်ရုန်းသည်။
ဖွေး အရုန်းမခံဘဲ မေမေ့ကိုအတင်းဖက်ထားသည့်အခါ မေမေက စိတ်တိုလာဟန်ဖြင့် ဖွေးကိုဆွဲထူဖို့ကြိုးစားသည်။

"မြူဖွေးဖွေးဖြူ ကလေးဆန်မနေနဲ့ ထစမ်း"

"ဟင့်အင်း ဖွေး မေမေ့ကိုသွားခွင့်မပေးနိုင်ဘူး ဖွေးတို့ အားလုံး အတူတူနေမယ်လေ မေမေ ဖွေးအတွက်ဖြစ်ဖြစ် စိတ်လျှော့ပေးပါ"

"မရဘူး ဖွေး သမီးအတွက် မေမေ မာကျောနေမှဖြစ်မယ် ထ.. ထစမ်းဆို"

ထိုအချိန် အခန်းတံခါးခေါက်သံနှင့်အတူ တံခါးသည်ချပ်ခနဲပွင့်လာ၍ သားအမိနှစ်ယောက်လုံး တံခါးဆီလှမ်းကြည့်မိတော့...

"အန်တီ စကားပြောပါရစေ မြူ"

မမြင်တာကြာပြီဖြစ်ပေမယ့် အန်တီခေတ်က အရင်ကလိုကျက်သရေရှိရှိလှနေဆဲ။
သို့သော်အရင်ကလို မာန်တက်နေသည့်မျက်နှာမျိုး၊ ဘယ်သူ့ကိုမှဂရုမစိုက်စွာမာကျောခက်ထန်နေသည့်မျက်နှာမျိုးလည်းမဟုတ်တော့မှန်း မြူသတိထားမိလိုက်သည်။
ထိုမျက်နှာက တောင်းပန်ချင်သလို ညှိုးငယ်ဝမ်းနည်းနေသည့်ပုံမျိုးမို့ မြူ တစ်ချက်ငြိမ်သွားပေမယ့် ကိုယ်ခံစားခဲ့ရသည့်စကားတွေဟာ အန်တီခေတ်နှုတ်ဖျားကထွက်လာခဲ့ဖူးတာ အတားအဆီးမရှိ…

"အန်တီခေတ်နဲ့ဘာမှပြောစရာမရှိဘူး"

"မြူ အန်တီပြောတာကိုနားထောင်ပါ"

"အို.. မထောင်ချင်ဘူး သိလည်းမသိချင်ဘူး အန်တီခေတ်ဖယ်ပါ ဖွေး ထစမ်း"

မြူ သမီးလက်မောင်းကိုဆွဲကာ အတင်းထူလိုက်တော့ ဖွေးမျက်နှာလေးမဲ့ခနဲဖြစ်သွားပေမယ့် ခေါင်းမာသောသမီးက ပေကပ်ပြီးမထသေး။
အန်တီခေတ်က ဖွေးမျက်နှာလေးကိုကြည့်နေပုံက ထိရှကွဲကြေလွယ်သည့်အရုပ်ကလေးကို တစ်ခုခုဖြစ်မှာစိုးနေသည့်ပုံမျိုး။
သားကိုရော၊ မြေးကိုပါ မထိရက်မကိုင်ရက်လောက်အောင်ချစ်သည်ပေါ့…

"မြူရယ် အန်တီမှားခဲ့တာတွေအတွက် အန်တီတောင်းပန်ပါတယ် အခုမြေးလေးနဲ့ ပြည့်သျှင်က"

"အဲ့ဒီကောင်လေးနဲ့ လိုက်သွားရုံမကလို့ ကျွန်မသမီးအပျိုရည်ပါပျက်ပျက် ကျွန်မဂရုမစိုက်ဘူး အန်တီခေတ် အနည်းဆုံးတော့ ကျွန်မသမီးက ကိုယ်ဝန်နဲ့ထွက်မပြေးရရင် ပြီးတာပဲ"

"မြူ့ကို အဲ့လိုဖြစ်ဖို့အန်တီခေတ်မရည်ရွယ်ခဲ့ပါဘူး သမီးရယ်"

"ကျွန်မကို သမီးလို့မခေါ်နဲ့ သမီးတစ်ယောက်လို သဘောထားရင် ကျွန်မအပေါ် အားမနာစတမ်းရက်ရက်စက်စက်လုပ်မှာမဟုတ်သလို ပြောထွက်မှာမဟုတ်ဘူး"

"အန်တီမှားခဲ့ပါတယ်"

အန်တီခေတ်အသံက ငိုသံပါလာသလို တစ်ချိန်ကမြူကြောက်ခဲ့ရသည့်မျက်လုံးတွေဟာ မျက်ရည်တွေရစ်ဝဲလာသည်။
အခုတော့ မြူသည် ထိုမျက်လုံးတွေကိုပဲ သွေးအေးအေးဖြင့်စိုက်ကြည့်နေပေမယ့် ထူးထူးခြားခြားဘာမှဖြစ်မသွားခဲ့။

"အန်တီခေတ် ဘာပဲပြောပြော ကျွန်မသမီးကိုမထားခဲ့နိုင်ဘူး"

"မေမေ ဖွေး"

"ငါ့သမီးကတောင်မှ ငါ့ဒုက္ခတွေကိုမစာနာရင် ဘယ်သူ့ဆီကစာနာမှုကိုမှ မမျှော်လင့်ဘူး ဖွေး ညည်းမရှိဘဲ ငါမနေနိုင်တာကို ညည်းအသိဆုံး ညည်းနေခဲ့ရင် ငါ့ကိုယ်ငါသတ်သေပစ်မယ် ညည်းဒုက္ခရောက်မှာကိုတော့ ကြည့်မနေနိုင်ဘူး"

မြူ့စကားကြောင့် သမီးမျက်နှာလေး ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး ခန္ဓာကိုယ်လေးဆတ်ခနဲတုန်သွားသည်။
နောက်မှဝင်လာသည့်ခြေသံတွေနှင့်အတူ ခမ်းနှင့်သူ့ရဲ့သားကိုပါတွေ့လိုက်ရသည်။

"အဟွန်း လူစုံတက်စုံပါလား"

"ငါပြောပါရစေ မြူ"

ဖေဖေက ဖွေးကိုတစ်ချက်လှမ်းကြည့်ရင်း တောင်းဆိုသလိုပြောပေမယ့် မေမေက အပြောမခံ။

"တစ်ယောက်မှမပြောနဲ့ နင်တို့စကားတွေကို နားထောင်ဖို့ပြန်လာတာမဟုတ်ဘူး ငါ့သမီးကိုငါပြန်လာခေါ်တာ"

"သမီး နင်နဲ့ကပြန်လိုက်မှာတဲ့လား"

"နင့်ရှေ့မှာသမီးရှိတယ် တိုက်ရိုက်မေးလိုက်"

အားလုံးရဲ့အကြည့်တွေသည် ကြမ်းပြင်မှမထရသေးသည့်ဖွေးဆီရောက်လာ၍ မျက်ရည်တွေမသုတ်နိုင်အားဘဲ မေမေ့ကိုမော့ကြည့်မိသည်။
ဖွေးမလိုက်ခဲ့ရင် မေမေ...

〰〰📑📑📑〰〰

"မြူ အန်တီတောင်းပန်ပါတယ်"

အန်တီခေတ်က ရုတ်တရက် ဖွေးရဲ့ဘေးမှာ ဒူးထောက်ထိုင်လိုက်ပြီး မြူ့ကိုမော့ကြည့်၍ မြူကြောင်အသွားသည်။
အတ္တမာနကြီးလွန်းသော၊ ဂုဏ်မောက်သောမိန်းမတစ်ယောက်သည် ဘယ်သူမှထင်မှတ်မထားသောကျိုးနွံမှုဖြင့် မြူ့ဆီကခွင့်လွှတ်မှုကို အန်တီခေတ် တောင်းဆိုနေခဲ့သည်။

"အန်တီမှားခဲ့တဲ့အမှားကို မြူ့ကိုတောင်းပန်ပါတယ် သားနဲ့မြေးလေးတွေအတွက် အန်တီဘာပဲလုပ်ရလုပ်ရပါ"

အရင်ကတော့ မုန်းတီးနာကျင်စိတ်ဖြင့် အန်တီခေတ်ကို ဒီလိုပုံစံဖြင့်မြင်ချင်ခဲ့ပေမယ့် လက်တွေ့မှာတော့ မြူကြောက်ရွံ့နေခဲ့သည်။
ခမ်းအပေါ်ထားသည့် အန်တီခေတ်၏မေတ္တာတရားတွေဟာ မြူ့ကိုဒူးထောက်ရလောက်သည်အထိ ခမ်းနားနေတာလား။

"ဟင့်အင်း ကျွန်မကိုအဲ့လိုမလုပ်ပါနဲ့"

"သားသမီးတိုင်းအတွက် အမေကအမြဲတိုက်ပွဲဝင်ရမှာပဲ မြူရယ် မင်းလည်းအမေတစ်​ယောက်ပါပဲ အန်တီ့ကိုနားလည်နိုင်မှာပါ"

"မေမေထပါ အဲ့လိုမလုပ်ပါနဲ့"

"မေမေပြောရပါစေသားရယ် ဒါမှလည်းမေမေအိပ်ပျော်နိုင်မှာ
မြူရယ် မြေးရှိတယ်ဆိုတာသိနေပေမယ့် အန်တီ ကလေးနဲ့ပြန်တွေ့တာမကြာသေးပါဘူး ၁၇နှစ်လုံးလုံး အန်တီနောင်တတွေနဲ့ မြူပြန်အလာကိုစောင့်ခဲ့တာပါ ဒီလောက်နဲ့ပဲကျေနပ်ပေးပါတော့နော်"

ခမ်းက မျက်ရည်တွေဝေ့နေခဲ့ပြီး အန်တီခေတ်ကိုလာထူသလို ပြည့်သျှင်ကလည်း သမီးပခုံးလေးကိုပွေ့ယူသည်။
သို့အထိတိုင် ဒူးထောက်နေရာမှမထသေးသည့် အန်တီခေတ်ကိုရော၊ သမီးကိုပါဝေ့ကြည့်ရင်း မြူ့ရင်ထဲဆို့နစ်လာပြီး မျက်ရည်ဝဲလာခဲ့သည်။
မြူလိုချင်ခဲ့တာ ဒေါ်သီရိခေတ်ဆီက မာန်ကျသည့် ချိုးနှိမ်မှုကိုပဲမလား..

"မြူ နင်အဲ့လိုမိန်းမမျိုးမဟုတ်ပါဘူး နင့်မှာရက်စက်တတ်တဲ့စိတ်မျိုးမရှိဘူး ငါသိပါတယ် ဒီလောက်နဲ့ကျေနပ်ပေးပါတော့"

ဟိုးအရင်ကလို နွေးထွေးနူးညံ့နေသည့် ခမ်းအသံက မြူ့ကိုချော့မြှူနေခဲ့သည်။
မြူဘယ်လိုမှဟန်မဆောင်နိုင်တော့ဘဲ အန်တီခေတ်ရှေ့မှာပဲ ထိုင်ချလိုက်ပြီး အန်တီခေတ်ရဲ့လက်နှစ်ဖက်လုံးကိုဆွဲယူလိုက်မိသည်။
သမီးတစ်ယောက်လိုသဘောမထားခဲ့ပေမယ့် အန်တီခေတ်သည် ခမ်းနဲ့မပတ်သက်ခင်က မြူ့အပေါ်ချစ်ခဲ့သည်ပဲ။
သမီးဘဝတိုးတက်ဖို့၊ မတော်တရော်တွေနဲ့ငြိမှာစိုးခဲ့သည့် စိုးရိမ်မှုတွေဟာ မြူ့မှာလည်းရှိနေခဲ့သည်မို့ အန်တီခေတ်စကားကို လက်ခံသလိုရှိမိသည်။

သားသမီးအတွက် အမေကအမြဲတိုက်ပွဲဝင်ရမှာပဲတဲ့...
မြူရော အန်တီခေတ်ပါ ကိုယ့်သားသမီးရဲ့အမြင့်တစ်နေရာအတွက် တိုက်ပွဲဝင်ခဲ့ရသည်ပဲ...

မြူ ခေါင်းငုံ့လိုက်မိတော့ နွေးနေသည့်မျက်ရည်တွေဟာပါးပြင်ပေါ်စီးကျလာသည်။
ထိုအချိန် မြူ့ခါးကိုဖက်ရင်း ပခုံးကိုမှီလာတဲ့သမီးလေး...

"မေမေ ဖွေးမိသားစုလေးရှိချင်တယ် သူများမိသားစုတွေကို အားမကျချင်တော့ဘူး ဖွေးအတွက်ဖြစ်ဖြစ် ငဲ့ပြီး စိတ်လျှော့ပေးပါနော် မေမေ"

သမီးမျက်နှာလေးကိုကြည့်မိတော့ ပါးပြင်ပေါ်ကိုစီးကျလာသည့်မျက်ရည်တွေက အကျည်းတန်လွန်းနေ၍ ဖွဖွလေးသုတ်ပေးရင်း ခေါင်းညိတ်ပြလိုက်သည်။
အန်တီခေတ်ရဲ့ကြည်နူးသောအပြုံးနှင့်အတူ မြူနှင့်သမီးကို သိမ်းကျုံးပွေ့ဖက်လိုက်၍ အုပ်ထိန်းသူတစ်ယောက်၏ရင်ငွှေ့ဖြင့် မြူနွေးထွေးသွားမိသလိုပင်…

"ငါ့ကိုလည်း ကျေပေးမယ်မလား"

အပြုံးတစ်ချက်ဖြင့် မေးလာသည့်ခမ်းကြောင့် မြူ မရယ်ချင်ဘဲ ပြုံးရုံသာပြုံးပြီးမသိချင်ယောင်ဆောင်နေလိုက်သည်။
မြူတို့တွေ အသက်ကြီးကြပြီမလား...
ငယ်စဥ်ကလိုဖွဲ့နွဲ့မပြောချင်တော့...

မြူ ထိုင်ရာမှထပြီး သမီးလက်ကလေးကိုကိုင်ကာ ဆွဲထူလိုက်ရင်း ပြည့်သျှင်ရှေ့ကို လျှောက်လာခဲ့သည်။
ခမ်းရဲ့သားဟာ ခမ်းလိုမျိုးထက်မြက်မည့်ပုံပေါ်ပြီး သမီးကိုလည်း အမြတ်တနိုးချစ်မည့်ပုံပေါ်သည်မို့ ကျေကျေနပ်နပ်ဖြင့် သမီးလက်ကလေးကို ထိုကောင်လေးရဲ့လက်ဖဝါးထဲထည့်ပေးလိုက်သည်။

"သမီးပျော်မယ်ဆိုရင် ကျေနပ်ပါတယ်"

သမီးပါးလေးကို ဖွဖွလေးဆွဲလိမ်မိတော့ သမီးလေးက မျက်ရည်တွေဖြင့် ပြုံးကာ ပြည့်သျှင်ကိုမော့ကြည့်သည်။
ထိုကောင်လေးရော၊ သမီးပါပျော်သွားပြီး တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်လိုက်ကြ၍ မြူကျေနပ်သွားပြီး ဒီဘက်ပြန်လှည့်တော့ မြူ့ကိုပြုံးကြည့်နေသည့် အန်တီခေတ်နဲ့ခမ်း။

အမေပြောတာမှန်တယ် အမေ...
လူဆိုတာ အသက်ကြီးလာလေ ခွင့်လွှတ်တတ်လေပါပဲ...
မြူ ခွင့်လွှတ်တတ်ဖို့ ၁၈နှစ်ကြာခဲ့တယ် အမေ...

〰〰📑📑📑〰〰

Part 37 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~

    
သူ မသိေသာအျခားတစ္ဖက္၌ ( Part - 36 )
〰〰〰〰〰

"ေမေမ.. ေမေမ.. ေဖြးကိုၾကၫ့္ပါဦး"

"အခုခ်က္ခ်င္းျပန္ဖို႔ျပင္"

"ေဖြးမလိုက္ဘူး အဲ့လိုပဲ ေမေမလည္းမျပန္ပါနဲ႔"

"ျမဴေဖြးေဖြးျဖဴ"

"ေဖြး ေဖေဖနဲ႔အခုမွေနခြင့္ရမွာ ေမေမအဲ့ေလာက္ထိမရက္စက္ပါနဲ႔ ေဖေဖသက္ရိွထင္ရွားရိွေနရဲ့သားနဲ႔ ေဖြး ေဖေဖနဲ႔ေနခ်င္ေသးတယ္"

ထိုစကားကိုၾကားေတာ့ ျမဴရင္နာမိသြားၿပီး သမီးကိုအလိုလိုက္ရမလားဟု ယိုင္နဲ႔နဲ႔အေတြးေလး ထပ္ဝင္လာျပန္သည္။
သမီးဟာ သူ႔အေဖကိုဘယ္ေလာက္ထိခင္တြယ္ေနသလဲ...

"နင္ သူတို႔မိသားစုအေၾကာင္းဘာသိလို႔လဲ ေဖြး ေမေမ့ကိုဘယ္ေလာက္ထိရက္စက္ခဲ့ၾကလဲ စာစီျပရဦးမလား"

ေမေမက ေဖြးစကားကိုနားမေထာင္ဘဲ အိတ္ထဲကိုသာ ပစၥည္းေတြထၫ့္ေနရင္း ေဖြးကိုလည္းဆူပူမပ်က္။
ေမေမနဲ႔ေဖြးဟာ ခုလိုခဏခဏ ကေတာက္ကဆျဖစ္ရသည္ဆိုေပမယ့္ ေမေမ့ကိုခ်စ္သလို ေမေမ့စကားကိုလည္း နားေထာင္ခ်င္ပါသည္။
သို႔ေသာ္ ေဖြး ေဖေဖနဲ႔လည္းေနခ်င္ေသးျပန္သည္။

"အန္တီေခတ္ ဘယ္ေလာက္ထိယုတ္မာခဲ့လဲသိလား ေမေမ့ကို ခမ္းနဲ႔သေဘာတူသလိုေတြလုပ္ၿပီး ညည္းကို ကိုယ္ဝန္ရိွကာမွ တျခားမိန္းမတစ္ေယာက္နဲ႔ လက္ထပ္ေပးဖို႔ႀကံစည္ေနခဲ့မွန္းသိရတာ ဒါကိုေမေမကစိတ္မနာရဘူးလား"

နာၾကည္းရိပ္စြန္းထင္းေသာ ေမေမ့ေလသံေတြက တုန္ယင္ေနကာ ထိုအေၾကာင္းေတြသည္ေဖြးမသိခဲ့ေသာ ေမေမ့ရဲ့အတိတ္မို႔ ၿငိမ္သက္ရင္းနားေထာင္ေနလိုက္သည္။

"ေမေမ့ကို အိမ္အကူသာသာမိန္းမတဲ့
အဲ့ဒါမွန္တယ္ ေမေမမျငင္းပါဘူး ခမ္းဆီကထြက္သြားဖို႔ အိမ္ေတြၿခံေတြထိုးေပးေသးတာ ေမေမက အဲ့ဒါေတြမက္လို႔ ခမ္းကိုခ်စ္တယ္လို႔ထင္ေနတာ
အဲ့လိုသိသိသာသာ မသိမသာေတြနဲ႔ ေမေမ့ကိုေမာင္းထုတ္ခ်င္ေနတာေတာင္မွ ေမေမ သမီးအေဖဆီမွာကပ္တြယ္ေနေသးသင့္လား ေဖြး"

"ေမေမရယ္"

"သမီး အဲ့ဒီေကာင္ေလးနဲ႔လက္ထပ္ၿပီဆိုပါစို႔ ေမေမ့ကို တစ္ခ်ိန္လံုးအထင္အျမင္ေသးခဲ့တဲ့ အန္တီေခတ္က သမီးကိုေရာ အဲ့လိုေတြမလုပ္ပါဘူးလို႔ ေမေမ အာမ မခံဘူး ေဖြး
ေမေမခံစားခဲ့ရသမ်ွကို သမီးမခံစားရေစခ်င္ဘူး အဲ့ဒါေရာေမေမမွားသလား"

ေဖြး မ်က္ရည္သုတ္ပစ္လိုက္ရင္း ေခါင္းေလးခါလိုက္သည္။
ခြင့္လႊတ္လိုက္ပါ ေမေမရယ္ လို႔ေျပာဖို႔အတြက္ေတာင္ ေမေမဘယ္ေလာက္ထိနာက်င္ခဲ့ရမလဲ ေဖြးကိုယ္တိုင္ေတာင္မသိခဲ့။

"သားအေပၚ ေမ်ွာ္လင့္ထားလြန္းတဲ့အေမတစ္ေယာက္ရဲ့အတၲနဲ႔ မိန္းမတစ္ေယာက္ရဲ့မာန ထိပ္တိုက္ေတြ့ေတာ့ လိုအပ္တာထက္ပိုၿပီးေပါက္ကဲြသြားတယ္ တကယ္ဆို အဘြားကမွားခဲ့တာပါ အခုလည္းေနာင္တေတြရေနပါၿပီ အန္တီျမဴ႔ဆီကခြင့္လႊတ္မႈကိုေစာင့္ေနတာ"

ကိုကို ေျပာျပခဲ့တာေတြ နားထဲျပန္ေရာက္လာသၫ့္အခါ ေမေမမွန္တယ္ဆိုတာကို အလိုလိုလက္ခံမိသြားသည္။

"သမီးအတြက္ အေကာင္းဆံုးဆိုတဲ့အရာေတြကိုပဲ ေမေမေပးခ်င္တာပါ ေမေမ့စကားကိုနားေထာင္ပါသမီးရယ္.. ေနာ္"

"ဒါေပမယ့္ ေဖြး ကိုကို႔ကိုခ်စ္တယ္ေလ"

"ေမေမလည္း သမီးအေဖကို ဘဝတစ္ခုလံုးပံုအပ္ၿပီးခ်စ္ခဲ့ဖူးတာေပါ့ ဒါေပမယ့္ သူတို႔မိသားစုက သိပ္အႂတၲကီးတယ္ သမီး ေမေမ့တုန္းကလို နာက်င္ခံစားရရင္ ေမေမေသသြားလိမ့္မယ္ ႏွစ္ခါျပန္မနာက်င္ခ်က္ဘူးသမီးရယ္
အဲ့လိုမျဖစ္ေအာင္တားဆီးဖို႔ ေမေမ ဘာမဆိုလုပ္ပစ္ႏိုင္တယ္ ေဖြး ေမေမနဲ႔ျပန္လိုက္ခဲ့ပါေနာ္"

"ေဖြး ေဖေဖနဲ႔ေနခ်င္ေသးတယ္"

"ဒါဆို ေမေမတစ္ေယာက္တည္းေနရေတာ့မွာေပါ့"

"ေဖေဖနဲ႔အတူျပန္ရိွဖို႔ ဘာလို႔စိ​တ္မကူးတာလဲ ေမေမ"

ေမေမ့မ်က္ႏွာပ်က္သြားၿပီး ေဖြးကိုေက်ာေပးကာရပ္လိုက္ေတာ့ ေဖြးမ်က္ရည္ေတြသုတ္ကာ ေမေမနဲ႔မ်က္ႏွာခ်င္းဆိုင္ဖို႔ ေမေမ့ေရ႔ွကိုသြားရပ္သည္။
ေမေမဟာ ေဖြးကိုေတာ့မ်က္ႏွာခ်င္းမဆိုင္ခဲ့…

"ေဖေဖ့အေပၚခ်စ္ေနတုန္းပဲမို႔လား ဒါေၾကာင့္ပဲ ေမေမတစ္ေယာက္တည္း ေဖြးနဲ႔ပဲေနခဲ့တာမလား ေဖေဖလည္းအဲ့လိုပဲေလ ေမေမ့ကိုအခုထိေစာင့္ေနတုန္းပဲ
ဒါနဲ႔ေတာင္ ေမေမဘာလို႔ျပန္မေပါင္းခ်င္တာလဲ ေဖေဖက ေမေမ့ကိုအခ်ိန္အၾကာႀကီးလိုက္ရွာေနခဲ့တာ ေဖြးကိုေတာင္အရမ္းခ်စ္ရင္ ေမေမ့ကိုလည္း သိပ္ခ်စ္မွာပါ အဲ့ဒါကိုေမေမသိတယ္မလား ဘာလို႔အဲ့ဒါကိုမ်က္ကြယ္ျပဳထားတာလဲ"

ေမေမက ေနာက္ထပ္မ်က္ႏွာလႊဲေတာ့ ေဖြးသည္ မေမာႏိုင္အားဘဲ ေမေမ့မ်က္ႏွာရိွရာဆီကို လိုက္ငံု႔ၾကၫ့္ရင္း အီးခနဲငိုခ်လိုက္သည္။

"ေမေမ ေဖြးကိုငဲ့ပါဦး ေဖြးကိုေရာ၊ ေဖေဖ့ကိုေရာ ေမေမခ်စ္ရဲ့သားနဲ႔ ဘာလို႔အားလံုးနာက်င္ခက္ခဲရတဲ့လမ္းကို ေလ်ွာက္ခ်င္ေနတာလဲ ေဖြးမွာမိသားစုနဲ႔အတူ ေနြးေနြးေထြးေထြးေနခ်င္တဲ့စိတ္ရိွတယ္ဆိုတာ ေမေမ မသိလို႔ အဲ့လိုမ်က္ႏွာလႊဲေနႏိုင္တာလားဟင္ ေဖြး အေဖရိွတဲ့သူေတြကိုအားက်မေနခ်င္ေတာ့ဘူး ေဖေဖနဲ႔ေနခ်င္တယ္လို႔"

"သမီး"

"ေဖြး ေမေမ့ကိုလည္းမခဲြႏိုင္ဘူး ေဖေဖနဲ႔လည္းေနခ်င္တယ္ ေမေမ့ေဒါသေတြေၾကာင့္ ေဖြးတို႔မိသားစုက တကဲြတျပားပဲေနရေတာ့မွာလား
အဘြားရဲ့အမွားက ေဖေဖ့နဲ႔ေဖြးတို႔ရဲ့အမွားမွမဟုတ္ခဲ့တာ ဘာလို႔သမီးတို႔ကခဲြေနရမွာလဲ ေမေမရယ္"

ေဖြး ဒူးေထာက္ထိုင္ခ်ပစ္လိုက္ကာ ေမေမ့ေျခေထာက္ေတြကိုဖက္ထားရင္း တအားငိုမိေတာ့ ေမေမကျပန္ရုန္းသည္။
ေဖြး အရုန္းမခံဘဲ ေမေမ့ကိုအတင္းဖက္ထားသၫ့္အခါ ေမေမက စိတ္တိုလာဟန္ျဖင့္ ေဖြးကိုဆဲြထူဖို႔ႀကိဳးစားသည္။

"ျမဴေဖြးေဖြးျဖဴ ကေလးဆန္မေနနဲ႔ ထစမ္း"

"ဟင့္အင္း ေဖြး ေမေမ့ကိုသြားခြင့္မေပးႏိုင္ဘူး ေဖြးတို႔ အားလံုး အတူတူေနမယ္ေလ ေမေမ ေဖြးအတြက္ျဖစ္ျဖစ္ စိတ္ေလ်ွာ့ေပးပါ"

"မရဘူး ေဖြး သမီးအတြက္ ေမေမ မာေက်ာေနမျွဖစ္မယ္ ထ.. ထစမ္းဆို"

ထိုအခ်ိန္ အခန္းတံခါးေခါက္သံႏွင့္အတူ တံခါးသည္ခ်ပ္ခနဲပြင့္လာ၍ သားအမိႏွစ္ေယာက္လံုး တံခါးဆီလွမ္းၾကၫ့္မိေတာ့...

"အန္တီ စကားေျပာပါရေစ ျမဴ"

မျမင္တာၾကာၿပီျဖစ္ေပမယ့္ အန္တီေခတ္က အရင္ကလိုက်က္သေရရိွရိွလွေနဆဲ။
သို႔ေသာ္အရင္ကလို မာန္တက္ေနသၫ့္မ်က္ႏွာမ်ိဳး၊ ဘယ္သူ႔ကိုမွဂရုမစိုက္စြာမာေက်ာခက္ထန္ေနသၫ့္မ်က္ႏွာမ်ိဳးလည္းမဟုတ္ေတာ့မွန္း ျမဴသတိထားမိလိုက္သည္။
ထိုမ်က္ႏွာက ေတာင္းပန္ခ်င္သလို ၫွိုးငယ္ဝမ္းနည္းေနသၫ့္ပံုမ်ိဳးမို႔ ျမဴ တစ္ခ်က္ၿငိမ္သြားေပမယ့္ ကိုယ္ခံစားခဲ့ရသၫ့္စကားေတြဟာ အန္တီေခတ္ႏႈတ္ဖ်ားကထြက္လာခဲ့ဖူးတာ အတားအဆီးမရိွ…

"အန္တီေခတ္နဲ႔ဘာမွေျပာစရာမရိွဘူး"

"ျမဴ အန္တီေျပာတာကိုနားေထာင္ပါ"

"အို.. မေထာင္ခ်င္ဘူး သိလည္းမသိခ်င္ဘူး အန္တီေခတ္ဖယ္ပါ ေဖြး ထစမ္း"

ျမဴ သမီးလက္ေမာင္းကိုဆဲြကာ အတင္းထူလိုက္ေတာ့ ေဖြးမ်က္ႏွာေလးမဲ့ခနဲျဖစ္သြားေပမယ့္ ေခါင္းမာေသာသမီးက ေပကပ္ၿပီးမထေသး။
အန္တီေခတ္က ေဖြးမ်က္ႏွာေလးကိုၾကၫ့္ေနပံုက ထိရွကဲြေၾကလြယ္သၫ့္အရုပ္ကေလးကို တစ္ခုခုျဖစ္မွာစိုးေနသၫ့္ပံုမ်ိဳး။
သားကိုေရာ၊ ေျမးကိုပါ မထိရက္မကိုင္ရက္ေလာက္ေအာင္ခ်စ္သည္ေပါ့…

"ျမဴရယ္ အန္တီမွားခဲ့တာေတြအတြက္ အန္တီေတာင္းပန္ပါတယ္ အခုေျမးေလးနဲ႔ ျပၫ့္သ်ွင္က"

"အဲ့ဒီေကာင္ေလးနဲ႔ လိုက္သြားရံုမကလို႔ ကၽြန္မသမီးအပ်ိဳရည္ပါပ်က္ပ်က္ ကၽြန္မဂရုမစိုက္ဘူး အန္တီေခတ္ အနည္းဆံုးေတာ့ ကၽြန္မသမီးက ကိုယ္ဝန္နဲ႔ထြက္မေျပးရရင္ ၿပီးတာပဲ"

"ျမဴ႔ကို အဲ့လိုျဖစ္ဖို႔အန္တီေခတ္မရည္ရြယ္ခဲ့ပါဘူး သမီးရယ္"

"ကၽြန္မကို သမီးလို႔မေခၚနဲ႔ သမီးတစ္ေယာက္လို သေဘာထားရင္ ကၽြန္မအေပၚ အားမနာစတမ္းရက္ရက္စက္စက္လုပ္မွာမဟုတ္သလို ေျပာထြက္မွာမဟုတ္ဘူး"

"အန္တီမွားခဲ့ပါတယ္"

အန္တီေခတ္အသံက ငိုသံပါလာသလို တစ္ခ်ိန္ကျမဴေၾကာက္ခဲ့ရသၫ့္မ်က္လံုးေတြဟာ မ်က္ရည္ေတြရစ္ဝဲလာသည္။
အခုေတာ့ ျမဴသည္ ထိုမ်က္လံုးေတြကိုပဲ ေသြးေအးေအးျဖင့္စိုက္ၾကၫ့္ေနေပမယ့္ ထူးထူးျခားျခားဘာမျွဖစ္မသြားခဲ့။

"အန္တီေခတ္ ဘာပဲေျပာေျပာ ကၽြန္မသမီးကိုမထားခဲ့ႏိုင္ဘူး"

"ေမေမ ေဖြး"

"ငါ့သမီးကေတာင္မွ ငါ့ဒုကၡေတြကိုမစာနာရင္ ဘယ္သူ႔ဆီကစာနာမႈကိုမွ မေမ်ွာ္လင့္ဘူး ေဖြး ညည္းမရိွဘဲ ငါမေနႏိုင္တာကို ညည္းအသိဆံုး ညည္းေနခဲ့ရင္ ငါ့ကိုယ္ငါသတ္ေသပစ္မယ္ ညည္းဒုကၡေရာက္မွာကိုေတာ့ ၾကၫ့္မေနႏိုင္ဘူး"

ျမဴ႔စကားေၾကာင့္ သမီးမ်က္ႏွာေလး ျဖဴဖပ္ျဖဴေလ်ာ္ျဖစ္သြားၿပီး ခႏၶာကိုယ္ေလးဆတ္ခနဲတုန္သြားသည္။
ေနာက္မွဝင္လာသၫ့္ေျခသံေတြႏွင့္အတူ ခမ္းႏွင့္သူ႔ရဲ့သားကိုပါေတြ့လိုက္ရသည္။

"အဟြန္း လူစံုတက္စံုပါလား"

"ငါေျပာပါရေစ ျမဴ"

ေဖေဖက ေဖြးကိုတစ္ခ်က္လွမ္းၾကၫ့္ရင္း ေတာင္းဆိုသလိုေျပာေပမယ့္ ေမေမက အေျပာမခံ။

"တစ္ေယာက္မွမေျပာနဲ႔ နင္တို႔စကားေတြကို နားေထာင္ဖို႔ျပန္လာတာမဟုတ္ဘူး ငါ့သမီးကိုငါျပန္လာေခၚတာ"

"သမီး နင္နဲ႔ကျပန္လိုက္မွာတဲ့လား"

"နင့္ေရ႔ွမွာသမီးရိွတယ္ တိုက္ရိုက္ေမးလိုက္"

အားလံုးရဲ့အၾကည့္ေတြသည္ ၾကမ္းျပင္မွမထရေသးသၫ့္ေဖြးဆီေရာက္လာ၍ မ်က္ရည္ေတြမသုတ္ႏိုင္အားဘဲ ေမေမ့ကိုေမာ့ၾကၫ့္မိသည္။
ေဖြးမလိုက္ခဲ့ရင္ ေမေမ...

〰〰📑📑📑〰〰

"ျမဴ အန္တီေတာင္းပန္ပါတယ္"

အန္တီေခတ္က ရုတ္တရက္ ေဖြးရဲ့ေဘးမွာ ဒူးေထာက္ထိုင္လိုက္ၿပီး ျမဴ႔ကိုေမာ့ၾကၫ့္၍ ျမဴေၾကာင္အသြားသည္။
အတၲမာနႀကီးလြန္းေသာ၊ ဂုဏ္ေမာက္ေသာမိန္းမတစ္ေယာက္သည္ ဘယ္သူမွထင္မွတ္မထားေသာက်ိဳးႏြံမႈျဖင့္ ျမဴ႔ဆီကခြင့္လႊတ္မႈကို အန္တီေခတ္ ေတာင္းဆိုေနခဲ့သည္။

"အန္တီမွားခဲ့တဲ့အမွားကို ျမဴ႔ကိုေတာင္းပန္ပါတယ္ သားနဲ႔ေျမးေလးေတြအတြက္ အန္တီဘာပဲလုပ္ရလုပ္ရပါ"

အရင္ကေတာ့ မုန္းတီးနာက်င္စိတ္ျဖင့္ အန္တီေခတ္ကို ဒီလိုပံုစံျဖင့္ျမင္ခ်င္ခဲ့ေပမယ့္ လက္ေတြ့မွာေတာ့ ျမဴေၾကာက္ရြံ႔ေနခဲ့သည္။
ခမ္းအေပၚထားသၫ့္ အန္တီေခတ္၏ေမတၲာတရားေတြဟာ ျမဴ႔ကိုဒူးေထာက္ရေလာက္သည္အထိ ခမ္းနားေနတာလား။

"ဟင့္အင္း ကၽြန္မကိုအဲ့လိုမလုပ္ပါနဲ႔"

"သားသမီးတိုင္းအတြက္ အေမကအၿမဲတိုက္ပဲြဝင္ရမွာပဲ ျမဴရယ္ မင္းလည္းအေမတစ္​ေယာက္ပါပဲ အန္တီ့ကိုနားလည္ႏိုင္မွာပါ"

"ေမေမထပါ အဲ့လိုမလုပ္ပါနဲ႔"

"ေမေမေျပာရပါေစသားရယ္ ဒါမွလည္းေမေမအိပ္ေပ်ာ္ႏိုင္မွာ
ျမဴရယ္ ေျမးရိွတယ္ဆိုတာသိေနေပမယ့္ အန္တီ ကေလးနဲ႔ျပန္ေတြ့တာမၾကာေသးပါဘူး ၁၇ႏွစ္လံုးလံုး အန္တီေနာင္တေတြနဲ႔ ျမဴျပန္အလာကိုေစာင့္ခဲ့တာပါ ဒီေလာက္နဲ႔ပဲေက်နပ္ေပးပါေတာ့ေနာ္"

ခမ္းက မ်က္ရည္ေတြေဝ့ေနခဲ့ၿပီး အန္တီေခတ္ကိုလာထူသလို ျပၫ့္သ်ွင္ကလည္း သမီးပခံုးေလးကိုေပြ့ယူသည္။
သို႔အထိတိုင္ ဒူးေထာက္ေနရာမွမထေသးသၫ့္ အန္တီေခတ္ကိုေရာ၊ သမီးကိုပါေဝ့ၾကၫ့္ရင္း ျမဴ႔ရင္ထဲဆို႔နစ္လာၿပီး မ်က္ရည္ဝဲလာခဲ့သည္။
ျမဴလိုခ်င္ခဲ့တာ ေဒၚသီရိေခတ္ဆီက မာန္က်သၫ့္ ခ်ိဳးႏိွမ္မႈကိုပဲမလား..

"ျမဴ နင္အဲ့လိုမိန္းမမ်ိဳးမဟုတ္ပါဘူး နင့္မွာရက္စက္တတ္တဲ့စိတ္မ်ိဳးမရိွဘူး ငါသိပါတယ္ ဒီေလာက္နဲ႔ေက်နပ္ေပးပါေတာ့"

ဟိုးအရင္ကလို ေနြးေထြးႏူးညံ့ေနသၫ့္ ခမ္းအသံက ျမဴ႔ကိုေခ်ာ့ၿမွူေနခဲ့သည္။
ျမဴဘယ္လိုမွဟန္မေဆာင္ႏိုင္ေတာ့ဘဲ အန္တီေခတ္ေရ႔ွမွာပဲ ထိုင္ခ်လိုက္ၿပီး အန္တီေခတ္ရဲ့လက္ႏွစ္ဖက္လံုးကိုဆဲြယူလိုက္မိသည္။
သမီးတစ္ေယာက္လိုသေဘာမထားခဲ့ေပမယ့္ အန္တီေခတ္သည္ ခမ္းနဲ႔မပတ္သက္ခင္က ျမဴ႔အေပၚခ်စ္ခဲ့သည္ပဲ။
သမီးဘဝတိုးတက္ဖို႔၊ မေတာ္တေရာ္ေတြနဲ႔ၿငိမွာစိုးခဲ့သၫ့္ စိုးရိမ္မႈေတြဟာ ျမဴ႔မွာလည္းရိွေနခဲ့သည္မို႔ အန္တီေခတ္စကားကို လက္ခံသလိုရိွမိသည္။

သားသမီးအတြက္ အေမကအၿမဲတိုက္ပဲြဝင္ရမွာပဲတဲ့...
ျမဴေရာ အန္တီေခတ္ပါ ကိုယ့္သားသမီးရဲ့အျမင့္တစ္ေနရာအတြက္ တိုက္ပဲြဝင္ခဲ့ရသည္ပဲ...

ျမဴ ေခါင္းငံု႔လိုက္မိေတာ့ ေနြးေနသၫ့္မ်က္ရည္ေတြဟာပါးျပင္ေပၚစီးက်လာသည္။
ထိုအခ်ိန္ ျမဴ႔ခါးကိုဖက္ရင္း ပခံုးကိုမွီလာတဲ့သမီးေလး...

"ေမေမ ေဖြးမိသားစုေလးရိွခ်င္တယ္ သူမ်ားမိသားစုေတြကို အားမက်ခ်င္ေတာ့ဘူး ေဖြးအတြက္ျဖစ္ျဖစ္ ငဲ့ၿပီး စိတ္ေလ်ွာ့ေပးပါေနာ္ ေမေမ"

သမီးမ်က္ႏွာေလးကိုၾကည့္မိေတာ့ ပါးျပင္ေပၚကိုစီးက်လာသၫ့္မ်က္ရည္ေတြက အက်ည္းတန္လြန္းေန၍ ဖြဖြေလးသုတ္ေပးရင္း ေခါင္းညိတ္ျပလိုက္သည္။
အန္တီေခတ္ရဲ့ၾကည္ႏူးေသာအႃပံုးႏွင့္အတူ ျမဴႏွင့္သမီးကို သိမ္းက်ဳံးေပြ့ဖက္လိုက္၍ အုပ္ထိန္းသူတစ္ေယာက္၏ရင္ေငႊ့ျဖင့္ ျမဴေနြးေထြးသြားမိသလိုပင္…

"ငါ့ကိုလည္း ေက်ေပးမယ္မလား"

အႃပံုးတစ္ခ်က္ျဖင့္ ေမးလာသၫ့္ခမ္းေၾကာင့္ ျမဴ မရယ္ခ်င္ဘဲ ႃပံုးရံုသာႃပံုးၿပီးမသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။
ျမဴတို႔ေတြ အသက္ႀကီးၾကၿပီမလား...
ငယ္စဥ္ကလိုဖဲြ႔ႏဲြ႔မေျပာခ်င္ေတာ့...

ျမဴ ထိုင္ရာမွထၿပီး သမီးလက္ကေလးကိုကိုင္ကာ ဆဲြထူလိုက္ရင္း ျပၫ့္သ်ွင္ေရ႔ွကို ေလ်ွာက္လာခဲ့သည္။
ခမ္းရဲ့သားဟာ ခမ္းလိုမ်ိဳးထက္ျမက္မၫ့္ပံုေပၚၿပီး သမီးကိုလည္း အျမတ္တႏိုးခ်စ္မၫ့္ပံုေပၚသည္မို႔ ေက်ေက်နပ္နပ္ျဖင့္ သမီးလက္ကေလးကို ထိုေကာင္ေလးရဲ့လက္ဖဝါးထဲထၫ့္ေပးလိုက္သည္။

"သမီးေပ်ာ္မယ္ဆိုရင္ ေက်နပ္ပါတယ္"

သမီးပါးေလးကို ဖြဖြေလးဆဲြလိမ္မိေတာ့ သမီးေလးက မ်က္ရည္ေတျြဖင့္ ႃပံုးကာ ျပၫ့္သ်ွင္ကိုေမာ့ၾကၫ့္သည္။
ထိုေကာင္ေလးေရာ၊ သမီးပါေပ်ာ္သြားၿပီး တစ္ေယာက္ကိုတစ္ေယာက္ေပြ့ဖက္လိုက္ၾက၍ ျမဴေက်နပ္သြားၿပီး ဒီဘက္ျပန္လွည့္ေတာ့ ျမဴ႔ကိုႃပံုးၾကၫ့္ေနသၫ့္ အန္တီေခတ္နဲ႔ခမ္း။

အေမေျပာတာမွန္တယ္ အေမ...
လူဆိုတာ အသက္ႀကီးလာေလ ခြင့္လႊတ္တတ္ေလပါပဲ...
ျမဴ ခြင့္လႊတ္တတ္ဖို႔ ၁၈ႏွစ္ၾကာခဲ့တယ္ အေမ...

〰〰📑📑📑〰〰

Part 37 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

3.2M 263K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
435K 20.6K 33
Long ago in the kingdom of Talahan, Queen Isabel, descendent of the great fae queen Azura, gave birth to two girls, Her second children, Atheena and...
530K 25.5K 65
ကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်းပါးလည်းမသိတော့ဘူး ဘုန်းအာဏာလျှံ အချစ်ကို...
3.2M 204K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...