သူ မသိသောအခြားတစ်ဖက်၌ ( Part - 24 )
〰〰〰〰〰
"ညီမလေး CEOကိုပေးပေးပါနော် အတွင်းရေးမှူးရုံးခန်းက အစီရင်ခံစာပါလို့"
ဦးရဲ့အတွင်းရေးမှူးမမက ဖွေးလက်ထဲကို စက္ကူအိတ်တစ်လုံးပေးပြီး ပြန်ထွက်သွား၍ ဖွေး laptopကိုခဏထားခဲ့ကာ တံခါးခေါက်လိုက်သည်။
ဖွေးရဲ့နေရာက ဦးရဲ့ရုံးခန်းအနားမှာဖြစ်ပြီး ဘာမှလည်းထွေထွေထူးထူးလုပ်စရာမရှိဘဲ ဦးအလုပ်ကိစ္စနှင့်အပြင်သွားမှသာ ဖွေးမှာအလုပ်ရှိ၏။
တခြားအချိန်တွေဆို ဦးကြည့်ခိုင်းသော စာရင်းတွေလောက်သာ ကြည့်ပေးရသည်။
"ဝင်ခဲ့"
ဖွေး တံခါးဖွင့်လိုက်တော့ အထဲမှာဦးရဲလည်းရှိနေပြီး ဦးက ဘာကိုစိတ်ဆိုးနေသည်မသိဘဲ သျှင့်ကိုဆူနေဟန်ရှိသည်။
ဖွေး အားလုံးကိုဝေ့ကြည့်မိပေမယ့် စာအိတ်ကိုပေးဖို့သာ လိုရင်းဖြစ်နေ၍ ဦးဆီကိုပဲ တည့်တည့်လျှောက်သွားလိုက်သည်။
"အတွင်းရေးမှူးရုံးခန်းက အစီရင်ခံစာပါ"
စိတ်ဆိုးနေပုံရသည့်ဦးက ကိုယ်တိုင်ထမယူဘဲ ဦးရဲကိုမေးဆတ်ပြလိုက်၍ ဦးရဲက ဖွေးလက်ထဲကစာအိတ်ကို လှမ်းယူသည်။
စာအိတ်ကိုအနီးကပ်မြင်တော့ ဦးရဲက ခေါင်းညိတ်ပြသည့်အခါ အရေးကြီးကိစ္စဖြစ်ပုံရ၍ ဦးက ဖွေးကိုရော၊ သျှင့်ကိုပါ အပြင်ပြန်ထွက်ဖို့ပြော၏။
"နောက်တစ်ခါ အခုထက်ပိုဂရုစိုက် ပြည့်သျှင်"
"ဟုတ်ကဲ့ ဖေဖေ"
အခန်းအပြင်ရောက်သည်အထိ သျှင် မျက်နှာမကောင်းတာမို့ သူလိုလူလည်းအဆူခံရသလားဟု ဖွေးသိချင်သွားပြီး ပခုံးနှင့်တိုက်ပစ်လိုက်သည်။
သူသည် ခါတိုင်းလိုတောင် မျက်မှောင်မကုတ်နိုင်တော့ဘဲ စိတ်ညစ်နေသလို အနည်းငယ်ညှိုးနွမ်းနေတော့လည်း ဖွေး မနေတတ်ပြန်…
"ဦးက ဆူနေတာလား ဘာဖြစ်လို့လဲ"
"အလုပ်လုပ်တဲ့နေရာမှာ မှားသွားလို့ပေါ့ ဖေဖေကမဆူပါဘူး ကိုယ့်တာဝန်ကိုယ်မကျေသလိုပဲမို့ စိတ်မကောင်းဖြစ်မိတာ"
"မျက်နှာကြီးအဲ့လောက်စူပုတ်မနေပါနဲ့ ကိုကိုရယ် တခြားသူဌေးသားတွေ clubတက်၊ ပျော်ပါးနေချိန်မှာ မောင်ပြည့်သျှင်လေးကတော့ အလုပ်ကြိုးစားနေတာကိုက ဖေဖေဦးမင်းခမ်းနားအတွက် ကျေနပ်စရာကြီးပါ"
"အရူးမ"
ဖွေး မျက်နှာပြောင်ပြီးလိုက်စတော့ သူက ရယ်ချင်သွားသလို ဟက်ခနဲတစ်ချက်ရယ်ပြီး ဖွေးနားထင်ကို လက်ညှိုးနှင့် တွန်းပစ်၏။
အသားက ညိုတာလည်းမဟုတ်၊ ဝါတာလည်းမဟုတ်သလို ညိုစိမ့်စိမ့်လေးဖြင့် သေချာကြည့်လေ၊ ချောလေဖြစ်ကာ သူ ရယ်လိုက်လျှင်ပိုပြီးကြည့်ကောင်းသလို ထင်မိသည်။
ဖွေး သူ့ကိုတကယ်crushနေမိပြီထင်၏။
"ရှင့်မှာချစ်သူရှိလားဟင်"
ဖွေး သိချင်လာ၍ချက်ချင်းထမေးတော့ သျှင်ကခေါင်းခါပြသည့်အတွက် ကျေနပ်စိတ်လေးဖြစ်သွားသည်။
ထိုကျေနပ်သွားသည့်စိတ်ဟာ သျှင့်လက်မောင်းကို တအားဖက်ပစ်လိုက်မိသည်အထိဖြစ်သွားပြီး ဓာတ်လှေကားဆီသို့ အတင်းဆွဲခေါ်လာခဲ့သည်။
"ဘယ်လဲ ငါအလုပ်လုပ်ရဦးမှာ"
"ခဏပဲ ရုံးအောက်က အသားကင်ဆိုင်ကောင်းတယ်တဲ့ ရှင်အလုပ်မှာ အမှားတစ်ခုလုပ်ထားလို့ ဦးက warningပေးတဲ့အမှတ်တရအနေနဲ့ ရှင့်ကိုဝယ်ကျွေးမယ်"
"ဘာ!! တစ်ခါမှမကြားဖူးပါဘူး"
"အခုကြားဖူးပြီမလား လာပါ ဖွေးစားချင်လို့ပါ"
သူမဆီက ကလေးဆန်ဆန်ချွဲနွဲ့မှုကြောင့် ရင်ထဲဒိန်းခနဲဖြစ်ကာ လက်မောင်းကိုအတင်းဖက်ထားသောကြောင့် ထွေးအိသောအသားစိုင်လေးနှင့်ထိကပ်နေ၍ ချွေးတွေပျံလာပြီး မသိမသာရုန်းပေမယ့် သူမက မလွှတ်။
နိုင်ငံရပ်ခြားမှာကြီးခဲ့သူဆိုတော့လည်း ပတ်ဝန်းကျင်ဆိုတာကို သူမ တွေးတတ်ပုံမရ။
ကလေးသာသာဦးနှောက်လေးကလည်း ဒီလိုတွေထိကပ်နေတာကို သတိပြုမိပုံလည်းမရ။
"ဖွေး.. မင်း ငါ့လက်ကိုလွှတ်ဦး လူမြင်မကောင်းဘူး"
"အမလေး.. ဖွေးကမိန်းကလေးပါ ရှင်ကြီး ကြီးကျယ်မနေပါနဲ့"
ဟု ဂျစ်ကန်ကန်ပြန်ပြောပြီး လက်မောင်းကို ပိုပြီးတင်းနေအောင်ဖက်ထားလိုက်သေး၍ ဆံပင်တွေထောင်သွားသလို ခံစားလိုက်ရသည်။
ရည်းစားမထားဖူးတာမဟုတ်ပေမယ့် ဒီဟာလေးရဲ့အထိအတွေ့က နူးညံ့လွန်းတာမို့ သူ့မှာချွေးတွေပြန်ကာ ရင်တွေလည်းတုန်နေမိသည်။
အသက်မပြည့်သေးသောဟာလေးမို့ ပိုမပြစ်မှားရဲပေမယ့် ဒီဟာလေးကတော့ ရုံးအောက်ရောက်သည်အထိ သူ့လက်ကိုပြန်မလွှတ်ခဲ့…
ဒီကလေးမနဲ့တော့ကွာ......
〰〰📑📑📑〰〰
98.7% matchဆိုသည့်စာလုံးတွေကို စူးစူးကြီးကြည့်နေမိရင်း မျက်ရည်တွေဝဲတက်လာခဲ့သည်။
ကိုယ့်ဘာသာသေချာနေခဲ့ပေမယ့် ခုလိုအတိအကျသေချာသွားမှ ကိုယ့်သမီးလေးကို တစ်ခါမှမမြင်ဖူးခဲ့သည့်အဖြစ်ကိုရင်နာမိသွားသည်။
မျက်မှန်ကို ချွတ်ပစ်လိုက်ကာ ထိုင်ခုံမှာမှီချလိုက်တော့ လက်ထဲကစာရွက်ကို ရဲနောင်က ဆွဲယူကြည့်သည်။
"အစ်ကိုလေး ဒါတကယ်ပဲ.."
"ရဲနောင်"
ဝမ်းသာအားရဖြစ်နေသည့်ရဲနောင်သည် တုန်ယင်နေသောသူ့စကားကြောင့် ရပ်သွားတော့ သူ မျက်ရည်ဝဲနေရာမှ စီးကျလာခဲ့သည်။
ဒီကလေးလေးကိုပြန်တွေ့ဖို့ ဘယ်လောက်မျှော်လင့်ခဲ့ရလဲ…
ရက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာစောင့်ခဲ့ရပြီး တွေ့ချင်းတွေ့တော့လည်း ကိုယ့်အနီးတစ်ဝိုက်မှာ…
"ကလေးကို ငါ အမြဲတမ်းပုံဖော်ကြည့်မိတိုင်း မြူနဲ့ပဲသွားတူနေလို့ ရယ်တောင်ရယ်မိသေးတယ် အခုရော ငါ့သမီးက ငါနဲ့တူရဲ့လား"
"အသားအရောင်နဲ့ အကျင့်စရိုက်ကတော့ အစ်ကိုလေးနဲ့တူပါတယ် မျက်နှာလေးက မမြူနဲ့ပိုတူတယ်"
သူ ပြုံးသွားလျက်ခေါင်းညိတ်လိုက်မိသည်က သူကိုယ်တိုင်တွေ့ဖူးခဲ့သည့် ဖွေးရဲ့အကျင့်တချို့ကြောင့်ဖြစ်သည်။
မြူနဲ့တူတဲ့မျက်နှာလေးကြောင့်ပဲ ဒီခလေးကို သတိထားမိခဲ့တာမဟုတ်လား..
ဒီနောက်ပိုင်း ခင်တွယ်ချင်မှုတွေ၊ ဒီခလေးကိုမှ အထူးတလည်သံယောဇဥ်ဖြစ်လာမှုတွေ၊ အနားကိုခေါ်ထားချင်မှုတွေဟာ သွေးကပြောသည့်စကားသံတွေပဲ…
"ဒီကိစ္စ ဘယ်သူ့ကိုမှပေးမသိနဲ့ဦး ဖွေးက သူ့အမေနဲ့စကားတွေနဲ့ကြီးပြင်းလာတော့ ငါ့ကိုစိတ်နာချင်နာနေမှာ ငါ့ကိုသူ့အဖေမှန်းသိသွားရင် ငါ့ဆီကနေထွက်ပြေးသွားဦးမယ် အဲ့လိုအဖြစ်မခံနိုင်ဘူး"
ရဲနောင်ကခေါင်းညိတ်ကာ စာရွက်ကိုသေသေသပ်သပ်ခေါက်ပြီး စာအိတ်ထဲပြန်ထည့်သည်။
မျက်ရည်တွေကိုဖွဖွလေးသုတ်ပစ်ရင်း မြူ့ကိုစုံစမ်းခိုင်းထားသည့်လူတွေကို သတိရလိုက်သည်။
သူ့ကွယ်ရာမှာ မြူဘာတွေလုပ်နေခဲ့သလဲ၊ သမီးကိုရော ဘယ်လိုပြုစုပျိုးထောင်ပေးခဲ့သလဲ သိချင်သေးသည်။
သမီးကိုတွေ့ချင်ခဲ့သလို မြူ့ကိုလည်း ပြန်တွေ့ချင်သည်။
ဘဝမှာအလိုအပ်ဆုံးလူဟာ မြူနဲ့သမီးသာဖြစ်ပြီး သမီးကအနားရောက်နေပြီမို့ သူအလိုအပ်ဆုံးလူဟာ မြူသာဖြစ်သည်။
"ရှန်ဟိုင်းမှာ စုံစမ်းခိုင်းထားတာရော ဘာထူးသေးလဲ"
"ညကျရင် ဖုန်းပြန်ဆက်မယ်တဲ့ အစ်ကိုလေး"
သူ ခေါင်းညိတ်ပြလိုက်ပြီး စားပွဲပေါ်လက်ထောက်ကာ မျက်ရည်ဝဲနေသည့်ကြားမှ ပြုံးမိသေးသည်။
မေမေ...
မြူခေါ်သွားတဲ့ မေမေ့မြေးလေး ကျွန်တော့်ဆီပြန်ရောက်နေပြီ...
မြူ့ရဲ့သွေးသား..
ကျွန်တော့်ဘဝရဲ့တန်ဖိုးအကြီးဆုံးအရာလေး..
〰〰📑📑📑〰〰
"အစ်ကိုလေး ရှန်ဟိုင်းကဖုန်းဆက်တယ်"
မေမေ သိပ်နေမကောင်းတာမို့ မေမေ့အခန်းကိုသွားဖို့ပြင်တုန်း ရဲနောင်က အကြောင်းကြားလာတာမို့ မသွားဖြစ်သေးဘဲ ခြေစုံရပ်လိုက်မိသည်။
စောစောက သူ ရေချိုးနေတာမို့ ဖုန်းကို ရဲနောင်က ကိုင်လိုက်ခြင်းဖြစ်လောက်သည်။
"ဘာတဲ့လဲ မြူတို့သားအမိအကြောင်းလား"
"ဟုတ်တယ် အစ်ကိုလေး.. မမြူက Dream Worldအိမ်ခြံမြေကုမ္ပဏီရဲ့ အထွေထွေစီမံခန့်ခွဲရေးဒါရိုက်တာဖြစ်နေတယ်"
Dream Worldကုမ္ပဏီကို သူသိနေခြင်းက ထိုကုမ္ပဏီက တရုတ်ပြည်မှာနာမည်ကြီး အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီဖြစ်နေသောကြောင့်ပင်။
မြူက အဲ့ဒီမှာ ဒါရိုက်တာလား။
ထင်မထားခဲ့မိပေမယ့် မြူတော်မှန်း၊ထက်မှန်းသိနေသောကြောင့် အကြာကြီးတော့မအံ့ဩမိ…
"ဖွေးကရော"
"ဖွေးလေးက အထက်တန်းအောင်ထားရုံပဲရှိသေးတယ် အစ်ကိုလေး Shanghaiတက္ကသိုလ်မှာ Finance and economicsအဓိကနဲ့ လျှောက်ထားတယ် ပုံမှန်ဆို တရုတ်ကျောင်းသားတစ်ယောက်က အထက်တန်းကို၁၈နှစ်မှပြီးမှာဆိုတော့ ဖွေးလေးကို အသက်လိမ်အပ်ထားပုံပဲ"
"တကယ့်အသက်က"
"၁၇ပါ ပြီးတော့လာမယ့်၂၅ရက်မှ ဖွေးလေး ၁၇နှစ်ပြည့်မှာ အစ်ကိုလေး"
"၁၈လောက်လို့ထင်တာ အင်း.. ၁၇နှစ်ပဲထားပါ ကိုယ်ဝန်နဲ့ထွက်သွားတာဆိုတော့.. ပြီးတော့ရော"
"ဖွေးလေးနာမည်အပြည့်အစုံက မြူဖွေးဖွေးဖြူပါ ဘာလို့ ဖွေးဖွေးဖြူလို့ပဲပြောသလဲမသိဘူး"
"မြူဖွေးဖွေးဖြူ"
သမီးရဲ့နာမည်လေးကိုကြားတော့ သူ နာနာကျင်ကျင်ပြုံးမိသွားသည်။
မြူဟာ သူတို့သားအမိကို ဘယ်လောက်စိတ်နာသွားခဲ့သည်မသိဘဲ သမီးရဲ့နာမည်မှာတောင် သူ့နာမည်တစ်လုံးတစ်လေမှမပါ။
သို့သော်လည်း မြူဖွေးဖွေးဖြူဆိုသည့်နာမည်ဟာ မြူနှင်းလွှာကဲ့သို့ ဖြူစင်သောအေးမြမှုကို ပေးစွမ်းနိုင်မည်ထင်၏။
"မမြူတို့သားအမိအကြောင်း အပြည့်အစုံကိုတော့ အစ်ကိုလေးရဲ့mailမှာပို့ထားတယ်လို့ပြောတယ် အဲ့ဒါ.."
"ရတယ် ဒီလောက်နဲ့လုံလောက်တယ် ပြီးမှပဲငါကြည့်တော့မယ် ပြည့်သျှင်ဘယ်သွားလဲ ပြန်မလာသေးဘူးလား"
"စက်မှု၂ထဲရောက်နေတယ် အစ်ကိုလေး ညပိုင်းလောက်မှပြန်ရောက်မှာ"
"ပြန်ရောက်ရင် ငါ့ဆီလာခဲ့ဖို့ပြောလိုက်"
ရဲနောင်ကိုမှာခဲ့ပြီး မေမေ့အခန်းကိုဝင်လာခဲ့တော့ မေမေက ဒရင်းဘတ်ပေါ်မှာ ငြိမ်ငြိမ်လေးလှဲကာ ပုတီးစိပ်နေ၏။
သူ့ကိုတွေ့တော့ မေးဆတ်ပြီးထိုင်ခိုင်း၍ သူသည် ထိုင်ခုံမှာမထိုင်ဘဲ မေမေ့ခြေရင်းမှာပဲ ထိုင်ချလိုက်သည်။
"သမီးလေးတဲ့ မေမေ"
အံ့သြသွားမှုကြောင့် မေမေ မှင်သက်သွားပြီး လက်ထဲကပုတီးကိုခွေကာ လက်မှာပဲပြန်ပတ်သည်။
မေမေ့မျက်လုံးတွေက မျှော်လင့်ချက်ဖြင့် ချက်ချင်းအရောင်လက်လာ၍ သူ့မှာကျေနပ်ရပါသေးသည်။
"တကယ်တွေ့ပြီလား ခမ်းနား"
"တွေ့ပြီမေမေ ကျွန်တော့်သမီးလေး ဒီကိုပြန်ရောက်နေပြီ"
"ဒါဆိုမြေးမလေးက"
"ကျွန်တော့်ကို ဘယ်သူဘယ်ဝါရယ်လို့ မသိသေးဘူး သိသွားရင် သူ့အမေလိုပဲ ထွက်ပြေးသွားမလားပဲ"
မေမေမျက်နှာပျက်သွားတော့ သူ မေမေ့လက်တစ်ဖက်ကို ဖိဖိလေးဆုပ်ကိုင်လိုက်သည်။
ဒီနှစ်တွေထဲ မေမေ့မှာ မြေးကိုပြန်တွေ့ချင်စိတ်၊ ချွေးမကို ဝန်ချတောင်းပန်ချင်သည့်စိတ်တွေဖြင့် နောင်တရနေသည်မှာ ဘယ်သူသိသိ မသိသိ၊ သူသိသည်။
အမြဲလို မာန်တက်ခက်ထန်နေတတ်သည့်အကျင့်တွေလည်း ဘယ်ရောက်လို့ရောက်သွားမှန်းမသိဘဲ အရင်ကဒေါ်သီရိခေတ်မှ ဟုတ်ပါလေစဟု တွေးမိရသည်အထိ။
"သားရယ် မေမေ"
"ဖွေးကိုအိမ်ခေါ်လာခဲ့မယ်မေမေ မေမေ့မြေးက အခုမှ ၁၇နှစ်ပြည့်မှာ"
"၁၇နှစ်တောင်ရှိနေပြီလား"
"ဟုတ်တယ် မေမေ သမီးက မြူနဲ့လည်းဆင်ပေမယ့် ကျွန်တော့်အကျင့်တွေနဲ့မိန်းကလေး"
"သေချာပြီလားသားရယ် မြူက ကလေးကို ဒီရောက်အောင်လွှတ်ပေးလိုက်မယ့်သူမှမဟုတ်တာ"
"သေချာပါတယ် စုံစမ်းထားသလောက်တော့ သမီးနာမည်က မြူဖွေးဖွေးဖြူတဲ့ ဒီကိုရောက်နေတာ ၃လလောက်ရှိပြီ အခုကျွန်တော့်အနားမှာ တရုတ်စကားပြန်အဖြစ်ခေါ်ထားတယ်
အာလူးပူတင်းကြိုက်တယ် မျက်ခုံးစပ်ကို လက်ကလေးနဲ့ခြစ်တတ်တယ် ပြောရင်ရမှဆိုတဲ့စရိုက်နဲ့"
"အို! ဒါဆို"
"DNAစစ်ဆေးချက်လည်း ရခဲ့ပြီ မေမေ.. ကျွန်တော့်သမီးဆိုတာသေချာတယ် ဒါကြောင့်မို့ သမီးကိုအိမ်ပြန်ခေါ်လာတော့မယ် ဒီအိမ်၊ ဒီနေရာမှာပဲ သမီးကိုနေခိုင်းတော့မယ်
ဒါပေမယ့် မေမေ ကျွန်တော်တို့က သူ့ရဲ့အဖေနဲ့အဘွားဆိုတာ ကလေးကိုမပြောပါနဲ့
သူ့အမေရဲ့စကားတွေ နားထဲရောက်နေရင် သမီးက ကျွန်တော်တို့ကိုစိတ်နာနေလောက်တယ် သေချာသိသွားရင် သမီး ပြန်ထွက်သွားလိမ့်မယ်"
"ဒါဆိုလည်း မေမေတို့သားအမိတစ်တွေ မြူနဲ့မြေးမလေး မသိအောင်ခိုးချစ်ကြတာပေါ့"
မေမေ ဝမ်းသာအားရ ပြောလာသည့်စကားကြောင့် နာကျင်မိပေမယ့် ခေါင်းညိတ်ပြလိုက်သည်။
မတတ်နိုင်.....
ဖွေး သူတို့မိသားစုဆီကထွက်မပြေးနိုင်အောင် ဒီအတိုင်း ဖုံးကွယ်ထားရုံသာရှိသည်။
သမီးကိုတော့ သူ့ဆီကနေ ထွက်မသွားစေချင်။
〰〰📑📑📑〰〰
Part 25 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~
သူ မသိေသာအျခားတစ္ဖက္၌ ( Part - 24 )
〰〰〰〰〰
"ညီမေလး CEOကိုေပးေပးပါေနာ္ အတြင္းေရးမွဴးရံုးခန္းက အစီရင္ခံစာပါလို႔"
ဦးရဲ့အတြင္းေရးမွဴးမမက ေဖြးလက္ထဲကို စကၠူအိတ္တစ္လံုးေပးၿပီး ျပန္ထြက္သြား၍ ေဖြး laptopကိုခဏထားခဲ့ကာ တံခါးေခါက္လိုက္သည္။
ေဖြးရဲ့ေနရာက ဦးရဲ့ရံုးခန္းအနားမွာျဖစ္ၿပီး ဘာမွလည္းေထြေထြထူးထူးလုပ္စရာမရိွဘဲ ဦးအလုပ္ကိစၥႏွင့္အျပင္သြားမွသာ ေဖြးမွာအလုပ္ရိွ၏။
တျခားအခ်ိန္ေတြဆို ဦးၾကၫ့္ခိုင္းေသာ စာရင္းေတြေလာက္သာ ၾကၫ့္ေပးရသည္။
"ဝင္ခဲ့"
ေဖြး တံခါးဖြင့္လိုက္ေတာ့ အထဲမွာဦးရဲလည္းရိွေနၿပီး ဦးက ဘာကိုစိတ္ဆိုးေနသည္မသိဘဲ သ်ွင့္ကိုဆူေနဟန္ရိွသည္။
ေဖြး အားလံုးကိုေဝ့ၾကၫ့္မိေပမယ့္ စာအိတ္ကိုေပးဖို႔သာ လိုရင္းျဖစ္ေန၍ ဦးဆီကိုပဲ တၫ့္တၫ့္ေလ်ွာက္သြားလိုက္သည္။
"အတြင္းေရးမွဴးရံုးခန္းက အစီရင္ခံစာပါ"
စိတ္ဆိုးေနပံုရသၫ့္ဦးက ကိုယ္တိုင္ထမယူဘဲ ဦးရဲကိုေမးဆတ္ျပလိုက္၍ ဦးရဲက ေဖြးလက္ထဲကစာအိတ္ကို လွမ္းယူသည္။
စာအိတ္ကိုအနီးကပ္ျမင္ေတာ့ ဦးရဲက ေခါင္းညိတ္ျပသၫ့္အခါ အေရးႀကီးကိႁစၥဖစ္ပံုရ၍ ဦးက ေဖြးကိုေရာ၊ သ်ွင့္ကိုပါ အျပင္ျပန္ထြက္ဖို႔ေျပာ၏။
"ေနာက္တစ္ခါ အခုထက္ပိုဂရုစိုက္ ျပၫ့္သ်ွင္"
"ဟုတ္ကဲ့ ေဖေဖ"
အခန္းအျပင္ေရာက္သည္အထိ သ်ွင္ မ်က္ႏွာမေကာင္းတာမို႔ သူလိုလူလည္းအဆူခံရသလားဟု ေဖြးသိခ်င္သြားၿပီး ပခံုးႏွင့္တိုက္ပစ္လိုက္သည္။
သူသည္ ခါတိုင္းလိုေတာင္ မ်က္ေမွာင္မကုတ္ႏိုင္ေတာ့ဘဲ စိတ္ညစ္ေနသလို အနည္းငယ္ၫွိုးႏြမ္းေနေတာ့လည္း ေဖြး မေနတတ္ျပန္…
"ဦးက ဆူေနတာလား ဘာျဖစ္လို႔လဲ"
"အလုပ္လုပ္တဲ့ေနရာမွာ မွားသြားလို႔ေပါ့ ေဖေဖကမဆူပါဘူး ကိုယ့္တာဝန္ကိုယ္မေက်သလိုပဲမို႔ စိတ္မေကာင္းျဖစ္မိတာ"
"မ်က္ႏွာႀကီးအဲ့ေလာက္စူပုတ္မေနပါနဲ႔ ကိုကိုရယ္ တျခားသူေဌးသားေတြ clubတက္၊ ေပ်ာ္ပါးေနခ်ိန္မွာ ေမာင္ျပၫ့္သ်ွင္ေလးကေတာ့ အလုပ္ႀကိဳးစားေနတာကိုက ေဖေဖဦးမင္းခမ္းနားအတြက္ ေက်နပ္စရာႀကီးပါ"
"အရူးမ"
ေဖြး မ်က္ႏွာေျပာင္ၿပီးလိုက္စေတာ့ သူက ရယ္ခ်င္သြားသလို ဟက္ခနဲတစ္ခ်က္ရယ္ၿပီး ေဖြးနားထင္ကို လက္ၫွိုးႏွင့္ တြန္းပစ္၏။
အသားက ညိုတာလည္းမဟုတ္၊ ဝါတာလည္းမဟုတ္သလို ညိုစိမ့္စိမ့္ေလးျဖင့္ ေသခ်ာၾကၫ့္ေလ၊ ေခ်ာေလျဖစ္ကာ သူ ရယ္လိုက္လ်ွင္ပိုၿပီးၾကၫ့္ေကာင္းသလို ထင္မိသည္။
ေဖြး သူ႔ကိုတကယ္crushေနမိၿပီထင္၏။
"ရွင့္မွာခ်စ္သူရိွလားဟင္"
ေဖြး သိခ်င္လာ၍ခ်က္ခ်င္းထေမးေတာ့ သ်ွင္ကေခါင္းခါျပသည့္အတြက္ ေက်နပ္စိတ္ေလးျဖစ္သြားသည္။
ထိုေက်နပ္သြားသည့္စိတ္ဟာ သ်ွင့္လက္ေမာင္းကို တအားဖက္ပစ္လိုက္မိသည္အထိျဖစ္သြားၿပီး ဓာတ္ေလွကားဆီသို႔ အတင္းဆဲြေခၚလာခဲ့သည္။
"ဘယ္လဲ ငါအလုပ္လုပ္ရဦးမွာ"
"ခဏပဲ ရံုးေအာက္က အသားကင္ဆိုင္ေကာင္းတယ္တဲ့ ရွင္အလုပ္မွာ အမွားတစ္ခုလုပ္ထားလို႔ ဦးက warningေပးတဲ့အမွတ္တရအေနနဲ႔ ရွင့္ကိုဝယ္ကၽြေးမယ္"
"ဘာ!! တစ္ခါမွမၾကားဖူးပါဘူး"
"အခုၾကားဖူးၿပီမလား လာပါ ေဖြးစားခ်င္လို႔ပါ"
သူမဆီက ကေလးဆန္ဆန္ခၽဲြႏဲြ႔မႈေၾကာင့္ ရင္ထဲဒိန္းခနဲျဖစ္ကာ လက္ေမာင္းကိုအတင္းဖက္ထားေသာေၾကာင့္ ေထြးအိေသာအသားစိုင္ေလးႏွင့္ထိကပ္ေန၍ ခၽြေးေတြပ်ံလာၿပီး မသိမသာရုန္းေပမယ့္ သူမက မလႊတ္။
ႏိုင္ငံရပ္ျခားမွာႀကီးခဲ့သူဆိုေတာ့လည္း ပတ္ဝန္းက်င္ဆိုတာကို သူမ ေတြးတတ္ပံုမရ။
ကေလးသာသာဦးေနွာက္ေလးကလည္း ဒီလိုေတြထိကပ္ေနတာကို သတိျပဳမိပံုလည္းမရ။
"ေဖြး.. မင္း ငါ့လက္ကိုလႊတ္ဦး လူျမင္မေကာင္းဘူး"
"အမေလး.. ေဖြးကမိန္းကေလးပါ ရွင္ႀကီး ႀကီးက်ယ္မေနပါနဲ႔"
ဟု ဂ်စ္ကန္ကန္ျပန္ေျပာၿပီး လက္ေမာင္းကို ပိုၿပီးတင္းေနေအာင္ဖက္ထားလိုက္ေသး၍ ဆံပင္ေတြေထာင္သြားသလို ခံစားလိုက္ရသည္။
ရည္းစားမထားဖူးတာမဟုတ္ေပမယ့္ ဒီဟာေလးရဲ့အထိအေတြ့က ႏူးညံ့လြန္းတာမို႔ သူ႔မွာခၽြေးေတျြပန္ကာ ရင္ေတြလည္းတုန္ေနမိသည္။
အသက္မျပၫ့္ေသးေသာဟာေလးမို႔ ပိုမျပစ္မွားရဲေပမယ့္ ဒီဟာေလးကေတာ့ ရံုးေအာက္ေရာက္သည္အထိ သူ႔လက္ကိုျပန္မလႊတ္ခဲ့…
ဒီကေလးမနဲ႔ေတာ့ကြာ......
〰〰📑📑📑〰〰
98.7% matchဆိုသၫ့္စာလံုးေတြကို စူးစူးႀကီးၾကၫ့္ေနမိရင္း မ်က္ရည္ေတြဝဲတက္လာခဲ့သည္။
ကိုယ့္ဘာသာေသခ်ာေနခဲ့ေပမယ့္ ခုလိုအတိအက်ေသခ်ာသြားမွ ကိုယ့္သမီးေလးကို တစ္ခါမွမျမင္ဖူးခဲ့သၫ့္အျဖစ္ကိုရင္နာမိသြားသည္။
မ်က္မွန္ကို ခၽြတ္ပစ္လိုက္ကာ ထိုင္ခံုမွာမွီခ်လိုက္ေတာ့ လက္ထဲကစာရြက္ကို ရဲေနာင္က ဆဲြယူၾကၫ့္သည္။
"အစ္ကိုေလး ဒါတကယ္ပဲ.."
"ရဲေနာင္"
ဝမ္းသာအားရျဖစ္ေနသၫ့္ရဲေနာင္သည္ တုန္ယင္ေနေသာသူ႔စကားေၾကာင့္ ရပ္သြားေတာ့ သူ မ်က္ရည္ဝဲေနရာမွ စီးက်လာခဲ့သည္။
ဒီကေလးေလးကိုျပန္ေတြ့ဖို႔ ဘယ္ေလာက္ေမ်ွာ္လင့္ခဲ့ရလဲ…
ရက္ေပါင္းမ်ားစြာ၊ ႏွစ္ေပါင္းမ်ားစြာေစာင့္ခဲ့ရၿပီး ေတြ့ခ်င္းေတြ့ေတာ့လည္း ကိုယ့္အနီးတစ္ဝိုက္မွာ…
"ကေလးကို ငါ အၿမဲတမ္းပံုေဖာ္ၾကၫ့္မိတိုင္း ျမဴနဲ႔ပဲသြားတူေနလို႔ ရယ္ေတာင္ရယ္မိေသးတယ္ အခုေရာ ငါ့သမီးက ငါနဲ႔တူရဲ့လား"
"အသားအေရာင္နဲ႔ အက်င့္စရိုက္ကေတာ့ အစ္ကိုေလးနဲ႔တူပါတယ္ မ်က္ႏွာေလးက မျမဴနဲ႔ပိုတူတယ္"
သူ ႃပံုးသြားလ်က္ေခါင္းညိတ္လိုက္မိသည္က သူကိုယ္တိုင္ေတြ့ဖူးခဲ့သၫ့္ ေဖြးရဲ့အက်င့္တခ်ိဳ႕ေၾကာင့္ျဖစ္သည္။
ျမဴနဲ႔တူတဲ့မ်က္ႏွာေလးေၾကာင့္ပဲ ဒီခေလးကို သတိထားမိခဲ့တာမဟုတ္လား..
ဒီေနာက္ပိုင္း ခင္တြယ္ခ်င္မႈေတြ၊ ဒီခေလးကိုမွ အထူးတလည္သံေယာဇဥ္ျဖစ္လာမႈေတြ၊ အနားကိုေခၚထားခ်င္မႈေတြဟာ ေသြးကေျပာသၫ့္စကားသံေတြပဲ…
"ဒီကိစၥ ဘယ္သူ႔ကိုမွေပးမသိနဲ႔ဦး ေဖြးက သူ႔အေမနဲ႔စကားေတြနဲ႔ႀကီးျပင္းလာေတာ့ ငါ့ကိုစိတ္နာခ်င္နာေနမွာ ငါ့ကိုသူ႔အေဖမွန္းသိသြားရင္ ငါ့ဆီကေနထြက္ေျပးသြားဦးမယ္ အဲ့လိုအျဖစ္မခံႏိုင္ဘူး"
ရဲေနာင္ကေခါင္းညိတ္ကာ စာရြက္ကိုေသေသသပ္သပ္ေခါက္ၿပီး စာအိတ္ထဲျပန္ထၫ့္သည္။
မ်က္ရည္ေတြကိုဖြဖြေလးသုတ္ပစ္ရင္း ျမဴ႔ကိုစံုစမ္းခိုင္းထားသၫ့္လူေတြကို သတိရလိုက္သည္။
သူ႔ကြယ္ရာမွာ ျမဴဘာေတြလုပ္ေနခဲ့သလဲ၊ သမီးကိုေရာ ဘယ္လိုျပဳစုပ်ိဳးေထာင္ေပးခဲ့သလဲ သိခ်င္ေသးသည္။
သမီးကိုေတြ့ခ်င္ခဲ့သလို ျမဴ႔ကိုလည္း ျပန္ေတြ့ခ်င္သည္။
ဘဝမွာအလိုအပ္ဆံုးလူဟာ ျမဴနဲ႔သမီးသာျဖစ္ၿပီး သမီးကအနားေရာက္ေနၿပီမို႔ သူအလိုအပ္ဆံုးလူဟာ ျမဴသာျဖစ္သည္။
"ရွန္ဟိုင္းမွာ စံုစမ္းခိုင္းထားတာေရာ ဘာထူးေသးလဲ"
"ညက်ရင္ ဖုန္းျပန္ဆက္မယ္တဲ့ အစ္ကိုေလး"
သူ ေခါင္းညိတ္ျပလိုက္ၿပီး စားပဲြေပၚလက္ေထာက္ကာ မ်က္ရည္ဝဲေနသၫ့္ၾကားမွ ႃပံုးမိေသးသည္။
ေမေမ...
ျမဴေခၚသြားတဲ့ ေမေမ့ေျမးေလး ကၽြန္ေတာ့္ဆီျပန္ေရာက္ေနၿပီ...
ျမဴ႔ရဲ့ေသြးသား..
ကၽြန္ေတာ့္ဘဝရဲ့တန္ဖိုးအႀကီးဆံုးအရာေလး..
〰〰📑📑📑〰〰
"အစ္ကိုေလး ရွန္ဟိုင္းကဖုန္းဆက္တယ္"
ေမေမ သိပ္ေနမေကာင္းတာမို႔ ေမေမ့အခန္းကိုသြားဖို႔ျပင္တုန္း ရဲေနာင္က အေၾကာင္းၾကားလာတာမို႔ မသြားျဖစ္ေသးဘဲ ေျခစံုရပ္လိုက္မိသည္။
ေစာေစာက သူ ေရခ်ိဳးေနတာမို႔ ဖုန္းကို ရဲေနာင္က ကိုင္လိုက္ျခင္းျဖစ္ေလာက္သည္။
"ဘာတဲ့လဲ ျမဴတို႔သားအမိအေၾကာင္းလား"
"ဟုတ္တယ္ အစ္ကိုေလး.. မျမဴက Dream Worldအိမ္ၿခံေျမကုမၸဏီရဲ့ အေထြေထြစီမံခန႔္ခဲြေရးဒါရိုက္တာျဖစ္ေနတယ္"
Dream Worldကုမၸဏီကို သူသိေနျခင္းက ထိုကုမၸဏီက တရုတ္ျပည္မွာနာမည္ႀကီး အိမ္ၿခံေျမအက်ိဳးေဆာင္ကုမၸဏီျဖစ္ေနေသာေၾကာင့္ပင္။
ျမဴက အဲ့ဒီမွာ ဒါရိုက္တာလား။
ထင္မထားခဲ့မိေပမယ့္ ျမဴေတာ္မွန္း၊ထက္မွန္းသိေနေသာေၾကာင့္ အၾကာႀကီးေတာ့မအံ့ဩမိ…
"ေဖြးကေရာ"
"ေဖြးေလးက အထက္တန္းေအာင္ထားရံုပဲရိွေသးတယ္ အစ္ကိုေလး Shanghaiတကၠသိုလ္မွာ Finance and economicsအဓိကနဲ႔ ေလ်ွာက္ထားတယ္ ပံုမွန္ဆို တရုတ္ေက်ာင္းသားတစ္ေယာက္က အထက္တန္းကို၁၈ႏွစ္မွၿပီးမွာဆိုေတာ့ ေဖြးေလးကို အသက္လိမ္အပ္ထားပံုပဲ"
"တကယ့္အသက္က"
"၁၇ပါ ၿပီးေတာ့လာမယ့္၂၅ရက္မွ ေဖြးေလး ၁၇ႏွစ္ျပၫ့္မွာ အစ္ကိုေလး"
"၁၈ေလာက္လို႔ထင္တာ အင္း.. ၁၇ႏွစ္ပဲထားပါ ကိုယ္ဝန္နဲ႔ထြက္သြားတာဆိုေတာ့.. ၿပီးေတာ့ေရာ"
"ေဖြးေလးနာမည္အျပၫ့္အစံုက ျမဴေဖြးေဖြးျဖဴပါ ဘာလို႔ ေဖြးေဖြးျဖဴလို႔ပဲေျပာသလဲမသိဘူး"
"ျမဴေဖြးေဖြးျဖဴ"
သမီးရဲ့နာမည္ေလးကိုၾကားေတာ့ သူ နာနာက်င္က်င္ႃပံုးမိသြားသည္။
ျမဴဟာ သူတို႔သားအမိကို ဘယ္ေလာက္စိတ္နာသြားခဲ့သည္မသိဘဲ သမီးရဲ့နာမည္မွာေတာင္ သူ႔နာမည္တစ္လံုးတစ္ေလမွမပါ။
သို႔ေသာ္လည္း ျမဴေဖြးေဖြးျဖဴဆိုသၫ့္နာမည္ဟာ ျမဴႏွင္းလႊာကဲ့သို႔ ျဖဴစင္ေသာေအးျမမႈကို ေပးစြမ္းႏိုင္မည္ထင္၏။
"မျမဴတို႔သားအမိအေၾကာင္း အျပၫ့္အစံုကိုေတာ့ အစ္ကိုေလးရဲ့mailမွာပို႔ထားတယ္လို႔ေျပာတယ္ အဲ့ဒါ.."
"ရတယ္ ဒီေလာက္နဲ႔လံုေလာက္တယ္ ၿပီးမွပဲငါၾကၫ့္ေတာ့မယ္ ျပၫ့္သ်ွင္ဘယ္သြားလဲ ျပန္မလာေသးဘူးလား"
"စက္မႈ၂ထဲေရာက္ေနတယ္ အစ္ကိုေလး ညပိုင္းေလာက္မျွပန္ေရာက္မွာ"
"ျပန္ေရာက္ရင္ ငါ့ဆီလာခဲ့ဖို႔ေျပာလိုက္"
ရဲေနာင္ကိုမွာခဲ့ၿပီး ေမေမ့အခန္းကိုဝင္လာခဲ့ေတာ့ ေမေမက ဒရင္းဘတ္ေပၚမွာ ၿငိမ္ၿငိမ္ေလးလွဲကာ ပုတီးစိပ္ေန၏။
သူ႔ကိုေတြ့ေတာ့ ေမးဆတ္ၿပီးထိုင္ခိုင္း၍ သူသည္ ထိုင္ခံုမွာမထိုင္ဘဲ ေမေမ့ေျခရင္းမွာပဲ ထိုင္ခ်လိုက္သည္။
"သမီးေလးတဲ့ ေမေမ"
အံ့ၾသသြားမႈေၾကာင့္ ေမေမ မွင္သက္သြားၿပီး လက္ထဲကပုတီးကိုေခြကာ လက္မွာပဲျပန္ပတ္သည္။
ေမေမ့မ်က္လံုးေတြက ေမ်ွာ္လင့္ခ်က္ျဖင့္ ခ်က္ခ်င္းအေရာင္လက္လာ၍ သူ႔မွာေက်နပ္ရပါေသးသည္။
"တကယ္ေတြ့ၿပီလား ခမ္းနား"
"ေတြ့ၿပီေမေမ ကၽြန္ေတာ့္သမီးေလး ဒီကိုျပန္ေရာက္ေနၿပီ"
"ဒါဆိုေျမးမေလးက"
"ကၽြန္ေတာ့္ကို ဘယ္သူဘယ္ဝါရယ္လို႔ မသိေသးဘူး သိသြားရင္ သူ႔အေမလိုပဲ ထြက္ေျပးသြားမလားပဲ"
ေမေမမ်က္ႏွာပ်က္သြားေတာ့ သူ ေမေမ့လက္တစ္ဖက္ကို ဖိဖိေလးဆုပ္ကိုင္လိုက္သည္။
ဒီႏွစ္ေတြထဲ ေမေမ့မွာ ေျမးကိုျပန္ေတြ့ခ်င္စိတ္၊ ခၽြေးမကို ဝန္ခ်ေတာင္းပန္ခ်င္သၫ့္စိတ္ေတျြဖင့္ ေနာင္တရေနသည္မွာ ဘယ္သူသိသိ မသိသိ၊ သူသိသည္။
အၿမဲလို မာန္တက္ခက္ထန္ေနတတ္သၫ့္အက်င့္ေတြလည္း ဘယ္ေရာက္လို႔ေရာက္သြားမွန္းမသိဘဲ အရင္ကေဒၚသီရိေခတ္မွ ဟုတ္ပါေလစဟု ေတြးမိရသည္အထိ။
"သားရယ္ ေမေမ"
"ေဖြးကိုအိမ္ေခၚလာခဲ့မယ္ေမေမ ေမေမ့ေျမးက အခုမွ ၁၇ႏွစ္ျပၫ့္မွာ"
"၁၇ႏွစ္ေတာင္ရိွေနၿပီလား"
"ဟုတ္တယ္ ေမေမ သမီးက ျမဴနဲ႔လည္းဆင္ေပမယ့္ ကၽြန္ေတာ့္အက်င့္ေတြနဲ႔မိန္းကေလး"
"ေသခ်ာၿပီလားသားရယ္ ျမဴက ကေလးကို ဒီေရာက္ေအာင္လႊတ္ေပးလိုက္မယ့္သူမွမဟုတ္တာ"
"ေသခ်ာပါတယ္ စံုစမ္းထားသေလာက္ေတာ့ သမီးနာမည္က ျမဴေဖြးေဖြးျဖဴတဲ့ ဒီကိုေရာက္ေနတာ ၃လေလာက္ရိွၿပီ အခုကၽြန္ေတာ့္အနားမွာ တရုတ္စကားျပန္အျဖစ္ေခၚထားတယ္
အာလူးပူတင္းႀကိဳက္တယ္ မ်က္ခံုးစပ္ကို လက္ကေလးနဲ႔ျခစ္တတ္တယ္ ေျပာရင္ရမွဆိုတဲ့စရိုက္နဲ႔"
"အို! ဒါဆို"
"DNAစစ္ေဆးခ်က္လည္း ရခဲ့ၿပီ ေမေမ.. ကၽြန္ေတာ့္သမီးဆိုတာေသခ်ာတယ္ ဒါေၾကာင့္မို႔ သမီးကိုအိမ္ျပန္ေခၚလာေတာ့မယ္ ဒီအိမ္၊ ဒီေနရာမွာပဲ သမီးကိုေနခိုင္းေတာ့မယ္
ဒါေပမယ့္ ေမေမ ကၽြန္ေတာ္တို႔က သူ႔ရဲ့အေဖနဲ႔အဘြားဆိုတာ ကေလးကိုမေျပာပါနဲ႔
သူ႔အေမရဲ့စကားေတြ နားထဲေရာက္ေနရင္ သမီးက ကၽြန္ေတာ္တို႔ကိုစိတ္နာေနေလာက္တယ္ ေသခ်ာသိသြားရင္ သမီး ျပန္ထြက္သြားလိမ့္မယ္"
"ဒါဆိုလည္း ေမေမတို႔သားအမိတစ္ေတြ ျမဴနဲ႔ေျမးမေလး မသိေအာင္ခိုးခ်စ္ၾကတာေပါ့"
ေမေမ ဝမ္းသာအားရ ေျပာလာသၫ့္စကားေၾကာင့္ နာက်င္မိေပမယ့္ ေခါင္းညိတ္ျပလိုက္သည္။
မတတ္ႏိုင္.....
ေဖြး သူတို႔မိသားစုဆီကထြက္မေျပးႏိုင္ေအာင္ ဒီအတိုင္း ဖံုးကြယ္ထားရံုသာရိွသည္။
သမီးကိုေတာ့ သူ႔ဆီကေန ထြက္မသြားေစခ်င္။
〰〰📑📑📑〰〰
Part 25 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997