သူ မသိသောအခြားတစ်ဖက်၌

By SummerMaung

305K 9.7K 267

နင် ငါနဲ့ပဲနေရမယ်၊ နင့်ကိုငါပဲပိုင်ရမယ်••• ငါ မသိတဲ့နင့်ရဲ့တခြားတစ်ဖက်မှာ ဘာတွေပဲရှိနေ ရှိနေ ငါမသိချင်ဘူး... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18 & photo
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38 (ဇာတ်သိမ်းပိုင်း)

19

6.2K 214 9
By SummerMaung

သူ မသိသောအခြားတစ်ဖက်၌ ( Part - 19 )
〰〰〰〰〰

"နှစ်တွေကြာနေကာမှ ဖွေးရယ်"

အိမ်ရှင်မိသားစုနှင့် ဖွေးသည် အတော်လေးရင်းနှီးနေပြီမို့ မေမေ့အကြောင်းဖွင့်ဟပြောပြကာ အားပျက်ဖွယ်ညည်းညူမိတော့ ဖွေးကိုကူညီဖို့ကြံစည်ကြလေ၏။
ဖြစ်နိုင်ချေရှိသောအကြံဉာဏ်တွေလည်း ပေးကြတာမို့ ဖွေးရဲ့မျှော်လင့်ချက်ဟာ ပြန်ပြီးအသက်ဝင်လာခဲ့သည်။

"လွန်ခဲ့တဲ့၁၈နှစ်ဆိုရင်တော့ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေရှိဦးမလားပဲ သူတို့ဆီမှာစုံစမ်းရင်ရော"

"မဖြစ်နိုင်တာဟယ် မြို့နယ်တစ်ခုမှာ ရပ်ကွက်ဘယ်နှခုရှိမှာလဲ စဥ်းစားကြည့်ဦး"

"အင်း ဟုတ်သား"

"တကယ်လို့များ ဖွေးအဖေက ဖွေးတို့သားအမိကိုရှာခဲ့မယ်ဆိုရင် သတင်းစာသုံးရမှာမလား သတင်းစာထဲထည့်ပြီးကြေညာမှာပဲလေ သတင်းစာတွေပြန်ရှာမလား"

အိမ်ရှင်အစ်မကြီးပြောသောဒီအကြံဟာမဆိုးတာမို့ ဖွေးဝမ်းသာအားရဖြစ်သွားသည်။
ဖေဖေဟာ ဖွေးတို့ကိုရှာခဲ့သလား၊ မရှာခဲ့ဘူးလားဆိုတာ တစ်ခါတည်းအဖြေပေါ်ပြီးသားမို့ စက္ကူရောင်းသည့်အဟောင်းဆိုင်တွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဖွေးလိုက်မေးကြည့်မိသည်။
ပင်ပန်းပေမယ့် ဖွေးကတော့ မမောခဲ့…

"2003 2004ဝန်းကျင်လောက်က သတင်းစာတွေလိုချင်လို့"

"အဲ့ဒါမျိုးတော့ သပ်သပ်စုမထားဘူး"

"ဒါဆိုစုထားပေးလို့ရမလား ဦး"

ဖွေး အားတက်သရောတောင်းဆိုတော့ ဆိုင်ရှင်ဦးလေးကြီးက အင်းအဲမလုပ်ဘဲ မကြားသလိုလုပ်နေ၍ ဖွေးစိတ်ထဲဝမ်းနည်းသွားသည်။
ဖွေး ဖေဖေနဲ့တွေ့ရဖို့အဲ့လောက်ခက်ခဲနေသလား..

"ကူညီပါဦးလေးကြီးရယ် ဖွေး ဖေဖေ့ကိုရှာချင်လို့ပါ တစ်ခါမှလည်းမမြင်ဖူးတော့ ဖွေး ရှာရခက်နေလို့ပါ နော်"

ဖွေးမျက်ရည်လေးဝဲကာ လက်အုပ်လေးချီပြီး တောင်းဆိုတော့မှ ဆိုင်ရှင်ဦးလေးကြီးက သနားသွားဟန်ဖြင့် သတင်းစာတွေကိုရသလောက် စုထားပေးမည်ဟု ပြော၏။
အကယ်၍များ မေမေ့ဆီက တစ်စုံတစ်ခုလောက်ကြားဖြစ်ခဲ့ရင်တောင် ဖွေးခုလောက်ပင်ပန်းအလုပ်ရှုပ်ရမှာမဟုတ်။

"အလုပ်လုပ်ရတာ ဘယ်လိုနေလဲသမီးလေး"

မေမေနဲ့ညတိုင်းလိုစကားပြောဖြစ်ပေမယ့် ဖွေး မန္တလေးမှာနေနေတာကိုတော့ မေမေအခုထိမသိသေးသလို သိရင်လည်း မေမေက ဒေါသတကြီး ချက်ချင်းလိုက်လာမှာ ဖြစ်သည်။
ထို့ကြောင့် ဖွေး မေမေ့ကိုစကားတစ်ခွန်းမှ ကျွံလို့မရ…

"အလုပ်ကမဆိုးဘူး မေမေ ဖွေး တရုတ်စကားပြန်လုပ်ရတယ် သူဌေးနောက်ကနေ စကားပြန်လိုက်ပေးရုံပဲ"

"ရတဲ့အလုပ်က အရမ်းခက်ခဲနေတယ်ပေါ့လေ"

"ဟီး.. ဒီမှာပျော်စရာကြီး မေမေ"

"ဒါဆိုမေမေ့ကိုပုံလေးတွေပို့ပေးဦးလေ သမီးရဲ့အခန်းလေးရော မေ့သမီးလေး ဘယ်တွေသွားပြီးဘယ်လိုနေလဲသိချင်တယ်"

မိုးကြိုးပွတ်၊
ဟင့်အင်း မြွေပွေးအကောင်၁၀၀လောက် အကိုက်ခံလိုက်ရသလို ဖွေး ရင်ထဲဒိန်းခနဲကာ ခေါင်းကြီးနှစ်ဆလောက်ဖြစ်သွားသည်။
ဖွေး ဒီမှာနေနေတာမို့ Singaporeနဲ့ပတ်သက်တာ ဘာပုံရှိရမှာလဲ။

"ဟုတ်ကဲ့ ပို့ပေးပါ့မယ် laptopထဲမှာပဲစုထားလို့ တော်ကြာနေပို့ပေးမယ်နော်"

"ဟုတ်ပြီ ငါ့သမီးလေး အလုပ်လုပ်နေပေမယ့် မေမေ့မျက်လုံးထဲတော့ ကလေးပဲရှိသေးတယ် ပြောပါဦး ကောင်လေးတွေ ဘာတွေရော ရနေပြီလား"

မေမေ မမြင်မှန်းသိပေမယ့် ဖွေးရယ်လိုက်ကာ လည်ပင်းလေးကိုပွတ်လိုက်မိသည်။
ဖွေးစိတ်ထဲမှာ တစ်ချိန်လုံးရှိနေတာက မန္တလေးကိုလာဖို့နှင့် ဖေဖေ့ကိုတွေ့ဖို့တစ်ခုပဲမို့ တခြားဘယ်ကိုမှအာရုံမများအား။
ဟိုလူကြီးလို ညိုညိုချောချောလေးဆိုရင်တော့မဆိုးဘူး။

နေ ပါ ဦး…
ဖွေး ဘာလို့အဲ့လူအကြောင်းတွေးမိတာလဲ။
ဒီလောက်ကြီးကျယ်ပြီး ဇီဇာကြောင်တဲ့လူကို...

"မရပါဘူး မေမေကလည်း ဖွေးမှာ အိမ်မက်တစ်ခုရှိတယ် အဲ့ဒါကိုအရင်ဆုံးဖြည့်ဆည်းချင်သေးတယ်"

"အံမယ် ပြောပါဦး မေမေဘာလုပ်ပေးနိုင်တာရှိလဲလို့"

"မေမေဖြည့်ဆည်းပေးရမှာလည်းရှိပါတယ် ဒါပေမယ့်အခုမဟုတ်သေးဘူး အခုက ဖွေးအိမ်မက်ကို စလုံးရေး စ ပဲရှိသေးတယ်"

"ဟုတ်ပါပြီ မေမေ့ကိုလိုအပ်လာရင်ပြောနော် သမီးအတွက် မေမေကအဆင်သင့်ပဲ ချစ်လိုက်တာ မေ့သမီးလေးကို"

မေမေက ဖွေးကိုခုချိန်ထိ ကလေးလိုသဘောထားနေဆဲဖြစ်ပြီး အမြဲလိုလည်း ကလေးတစ်ယောက်လိုသာဆက်ဆံတတ်တာ အခုမှမဟုတ်။
မေမေက အလိုလိုက်သည့်နေရာမှာ နှစ်ယောက်မရှိပေမယ့် ဖွေးက ပြောမရအောင်ဆိုးလာလျှင်လည်း ဆူဖို့၊ရိုက်ဖို့အဆင်သင့်ဖြစ်သည်။
တကယ်လို့များ ဖေဖေ့ကိုလိုက်ရှာနေမှန်း မေမေသိရင် ဖွေးကို အရှင်လတ်လတ်ဝါးစားပစ်မလားမသိ…

"မေမေ ဖွေး ခွင့်ရရင်ပြန်လာခဲ့မယ်နော်"

"ခွင့်တောင်းနေစရာမလိုပါဘူး သမီးလေးရယ် မေမေ့အိမ်က သမီးအတွက်ပဲဟာကို ကြိုတော့ပြောနော် မေမေရုံးရောက်နေမှာစိုးလို့"

"မေမေ့အလုပ်ကရော အဆင်ပြေရဲ့လား ဖွေးကိုပဲမေးနေတယ်"

"ပြေပါတယ်သမီးရဲ့ မေမေကဒါတွေလုပ်နေကျပါ မေမေ့ကိုစိတ်မပူနဲ့ ကျန်းမာရေးကိုသာဂရုစိုက်"

"ဟုတ်.. ဖွေး မေမေ့ကိုကန်တော့ပါတယ်"

"သမီးလေးရဲ့ စိတ်ဆန္ဒတွေပြည့်ဝပါစေ"

မေမေပေးသည့်ဆုစကားကြောင့် ဖွေးကြိတ်ရယ်မိပေမယ့် မေမေ့ကိုမှန်းဆပြီး ရှိခိုးကန်တော့လိုက်သည်။
ဖွေးရဲ့စိတ်ဆန္ဒသာပြည့်ဝဖို့ဆို မေမေဟာ ဖေဖေနဲ့ပြန်ပေါင်းရမှာအမှန်ပင်။
ဖေဖေရှိခဲ့ရင်ပေါ့လေ…

〰〰📑📑📑〰〰

"ဒီနေ့ဆွေးနွှေးပွဲရှိတယ် ဖွေးဖွေးဖြူ သူဌေးနဲ့မင်းလိုက်သွားရမယ်"

ဆို၍ ဖွေးသည် ခါတိုင်းလို စတိုင်ပင်န်အနက်ကို ရှပ်လက်ရှည်ပန်းနုရောင်လေးနှင့်ဝတ်ကာ ဆံပင်တွေကိုတော့ စည်းထားလိုက်သည်။
သူဌေးနှင့်တွေ့ရမည့်သူက The Wonder ကုမ္ပဏီCEO၏ဘယ်လက်ရုံးဟုသိရပြီး The Wonderက တာဝန်ယူထားသည့် Hotel constructionမှာ သူဌေးက သူ့ရဲ့ရေချိုးခန်းသုံးပစ္စည်းတွေသုံးဖို့ မျှော်လင့်နေ၏။

ကုမ္ပဏီအဝင်စမှာ The Wonderဆိုသည့် ကုမ္ပဏီLogoကြီးက ရွှေရောင်စာလုံးဖြင့် ခန့်ညားထည်ဝါနေပြီး ဝန်ထမ်းတိုင်းက တက်ကြွစွာအလုပ်လုပ်နေကြသည်။
ဒီလောက်လူအင်အားရှိလိမ့်မည်ဟု ထင်မှတ်မထား၍ လူတွေအများကြီးသွားလာလှုပ်ရှားနေကြသည်ကို ဖွေး တအံ့တသြကြည့်မိရင်း ပျော်နေမိသလိုပင်။

ဘုတ်!!      "အမေ့"

စပ်စုစိန်လုပ်နေသောဖွေးသည် ဟိုငေး ဒီငေးနေရင်း လူတစ်ယောက်ကိုဝင်တိုက်မိတာကြောင့် ဖွေးမော့ကြည့်တော့ ဟိုတစ်ရက်ကလူပဲဖြစ်သည်။
ဒီတစ်ခါတော့ ဖွေးလက်ထဲကစာရွက်တွေ လွင့်ပျံကုန်၍ စည်းကမ်းကြီးသောသူဌေးမမြင်ခင် ဖွေးအသည်းအသန်လိုက်ကောက်ရ၏။

"မင်း အတော်နမော်နမဲ့နိုင်တဲ့မိန်းကလေး"

သူက ဖွေးကိုစာရွက်တွေကူကောက်ပေးရင်း အပြစ်တင်သလို ပြောလိုက်တာမို့ ဖွေး အမြင်ကတ်ကတ်ဖြင့် နှုတ်ခမ်းလေးစူပစ်လိုက်မိသည်။
ဒါကိုပဲထူးဆန်းသွားသလို သူက ဖွေးကိုလိုက်ငုံ့ကြည့်ရင်း ခပ်တိုးတိုးရယ်သေးသည်။

"Lotusကကိုး မင်းကဘာလဲ"

"ဖွေးက သူ​ဌေးရဲ့စကားပြန်ပါ"

"Aww ဟုတ်ပြီ 3rd floorမှာစောင့်နေလိုက် မင်းတို့ရောက်တဲ့အချိန် ဦးရဲလာလိမ့်မယ်"

သူ့စကားကြောင့် ဖွေးစိတ်ထဲထူးဆန်းသွားပြီး သူဟာ အထက်လူကြီးတစ်ယောက်နဲ့လည်းမတူပါဘဲ၊ ဘာလို့ခုလိုတွေလမ်းညွှန်နေသလဲမသိ။
သို့သော် ဖွေးခေါင်းလေးညိတ်ပြလိုက်ပြီး စာရွက်တွေကိုစုကိုင်ကာ သူဌေးနောက် အမြန်ပြေးလိုက်ရ၏။
စောစောကလူပြောလိုက်သည့်3rd floorကို ဖွေးတို့ရောက်တော့ ခန့်မှန်းချေ၃၅နှစ်လောက် ဦးလေးကြီးတစ်ယောက်က ဓာတ်လှေကားအနားအထိရောက်လာ၏။

"မင်္ဂလာပါ ကျွန်တော်က ရဲနောင်ပါ The Wonderရဲ့အတွင်းရေးမှူးပါ"

ယဥ်ကျေးစွာနှုတ်ဆက်လာတော့ ဟိုလူနဲ့များတခြားစီဟု တွေးမိကာ ဖွေးက သူဌေးကိုယ်စား ပြန်ပြီးနှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ ကျွန်မသူဌေးက Lotusရေချိုးခန်းသုံးပစ္စည်းအရောင်းခန်းမပိုင်ရှင်ပါ The Wonderရဲ့ hotel constructionအတွက် လာကမ်းလှမ်းတာပါရှင့်"

ဖွေးကိုမြင်သည်နှင့် ရဲနောင်ဆိုသည့် ထိုလူကြီးရဲ့အကြည့်တွေသည် ဖွေးဆီမှာစူးနင့်သွား၏။
ဖွေးရင်ထဲထိတ်ခနဲဖြစ်သွားမိသည်က ဒီလူဟာ မေမေ့အသိလူလားဆိုသည့်ကြောက်စိတ်ကြောင့်ဖြစ်၏။
မေမေက မန္တလေးသူမို့ ဒီမှာမေမေ့အသိတွေရှိချင်ရှိဦးမည်ဖြစ်ကာ ဖွေးကို မေမေ့သမီးမှန်းရိပ်မိသွားပါက...

"မင်းနာမည်ဘယ်လိုခေါ်လဲမိန်းကလေး"

ထိုဦးလေးကြီးမေးခွန်းက ဖွေးကိုပိုထိတ်လန့်သွားစေပေမယ့် မျက်နှာမပျက်အောင်ထိန်းရင်း ပြုံးပြလိုက်သည်။

"ဖွေးဖွေးဖြူပါရှင့်"

"ဘယ်ကလဲ"

အလုပ်နှင့်မသက်ဆိုင်တာတွေမေးလာတော့ ဖွေးနည်းနည်းစိတ်ခုသွားမိပေမယ့် ထိုလူကြီးကတော့ တကယ်သိချင်နေဟန်ရှိ၏။
သူဌေးကလည်း အသာတကြည်ခေါင်းညိတ်ပြနေ၍ အပြုံးတုလေးတစ်ခု နှုတ်ခမ်းထက်မှာတင်လိုက်ကာ…

"မန္တလေးကပါ ဖွေးမန္တလေးမှာပဲနေပါတယ်"

ဖွေးအဖြေကို သိပ်သဘောမကျသလိုဖြစ်သွားသလားမသိသော ထိုလူကြီးက ခေါင်းတစ်ချက်ညိတ်ပြရင်း နောက်ထပ်မမေးတော့။
အကဲခတ်သလိုမျက်လုံးစူးစူးတွေကတော့ ဖွေးဆီကလွှဲမသွားဘဲ တောင်းပန်သလိုပြုံးပြကာ…

"ဆောရီးနော် သမီး.. သမီးက ဦးရဲ့အသိတစ်ယောက်နဲ့တူနေလို့"

"ဟုတ်ကဲ့"

အသိဆိုတာ မေမေလားဟု အတွေးဝင်လာသည့်အခါ ဖွေးမလုံမလဲဖြစ်မိပေမယ့် ဖွေးသည် မေမေနဲ့ရုပ်ချင်းဆင်ပေမယ့် လုံးဝတူနေတာမျိုးတော့မဟုတ်။
မေမေ့လို လှပနုညက်မှုမရှိပေမယ့် ဖွေးက မေမေ့ထက်ပိုပြီး မျက်ခုံး၊ မျက်လုံးကောင်းသည်ဟု ပြောလို့ရသည်။
မေမေက အသားနည်းနည်းညိုပေမယ့် ဖွေးရဲ့အသားအရောင်ကတော့ မေမေနဲ့မတူဘဲ ဒါဟာ ဖွေးမမြင်ဖူးသေးသည့် ဖေဖေ့ရဲ့အမွေဟုပြောရမလား။
ဘုရားသိကြားမလို့ ဖွေး မန္တလေးရောက်နေတာ မေမေပြန်မသိပါစေနဲ့...

〰〰📑📑📑〰〰

Part 20 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

   
သူ မသိေသာအျခားတစ္ဖက္၌ ( Part - 19 )
〰〰〰〰〰

"ႏွစ္ေတြၾကာေနကာမွ ေဖြးရယ္"

အိမ္ရွင္မိသားစုႏွင့္ ေဖြးသည္ အေတာ္ေလးရင္းႏွီးေနၿပီမို႔ ေမေမ့အေၾကာင္းဖြင့္ဟေျပာျပကာ အားပ်က္ဖြယ္ညည္းၫူမိေတာ့ ေဖြးကိုကူညီဖို႔ႀကံစည္ၾကေလ၏။
ျဖစ္ႏိုင္ေခ်ရိွေသာအႀကံဉာဏ္ေတြလည္း ေပးၾကတာမို႔ ေဖြးရဲ့ေမ်ွာ္လင့္ခ်က္ဟာ ျပန္ၿပီးအသက္ဝင္လာခဲ့သည္။

"လြန္ခဲ့တဲ့၁၈ႏွစ္ဆိုရင္ေတာ့ ဆယ္အိမ္မွဴးေတြ၊ ရာအိမ္မွဴးေတြရိွဦးမလားပဲ သူတို႔ဆီမွာစံုစမ္းရင္ေရာ"

"မျဖစ္ႏိုင္တာဟယ္ ၿမိဳ႔နယ္တစ္ခုမွာ ရပ္ကြက္ဘယ္ႏွခုရိွမွာလဲ စဥ္းစားၾကၫ့္ဦး"

"အင္း ဟုတ္သား"

"တကယ္လို႔မ်ား ေဖြးအေဖက ေဖြးတို႔သားအမိကိုရွာခဲ့မယ္ဆိုရင္ သတင္းစာသံုးရမွာမလား သတင္းစာထဲထၫ့္ၿပီးေၾကညာမွာပဲေလ သတင္းစာေတျြပန္ရွာမလား"

အိမ္ရွင္အစ္မႀကီးေျပာေသာဒီအႀကံဟာမဆိုးတာမို႔ ေဖြးဝမ္းသာအားရျဖစ္သြားသည္။
ေဖေဖဟာ ေဖြးတို႔ကိုရွာခဲ့သလား၊ မရွာခဲ့ဘူးလားဆိုတာ တစ္ခါတည္းအေျဖေပၚၿပီးသားမို႔ စကၠူေရာင္းသၫ့္အေဟာင္းဆိုင္ေတြကို တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ ေဖြးလိုက္ေမးၾကၫ့္မိသည္။
ပင္ပန္းေပမယ့္ ေဖြးကေတာ့ မေမာခဲ့…

"2003 2004ဝန္းက်င္ေလာက္က သတင္းစာေတြလိုခ်င္လို႔"

"အဲ့ဒါမ်ိဳးေတာ့ သပ္သပ္စုမထားဘူး"

"ဒါဆိုစုထားေပးလို႔ရမလား ဦး"

ေဖြး အားတက္သေရာေတာင္းဆိုေတာ့ ဆိုင္ရွင္ဦးေလးႀကီးက အင္းအဲမလုပ္ဘဲ မၾကားသလိုလုပ္ေန၍ ေဖြးစိတ္ထဲဝမ္းနည္းသြားသည္။
ေဖြး ေဖေဖနဲ႔ေတြ့ရဖို႔အဲ့ေလာက္ခက္ခဲေနသလား..

"ကူညီပါဦးေလးႀကီးရယ္ ေဖြး ေဖေဖ့ကိုရွာခ်င္လို႔ပါ တစ္ခါမွလည္းမျမင္ဖူးေတာ့ ေဖြး ရွာရခက္ေနလို႔ပါ ေနာ္"

ေဖြးမ်က္ရည္ေလးဝဲကာ လက္အုပ္ေလးခ်ီၿပီး ေတာင္းဆိုေတာ့မွ ဆိုင္ရွင္ဦးေလးႀကီးက သနားသြားဟန္ျဖင့္ သတင္းစာေတြကိုရသေလာက္ စုထားေပးမည္ဟု ေျပာ၏။
အကယ္၍မ်ား ေမေမ့ဆီက တစ္စံုတစ္ခုေလာက္ၾကားျဖစ္ခဲ့ရင္ေတာင္ ေဖြးခုေလာက္ပင္ပန္းအလုပ္ရႈပ္ရမွာမဟုတ္။

"အလုပ္လုပ္ရတာ ဘယ္လိုေနလဲသမီးေလး"

ေမေမနဲ႔ညတိုင္းလိုစကားေျပာျဖစ္ေပမယ့္ ေဖြး မႏၲေလးမွာေနေနတာကိုေတာ့ ေမေမအခုထိမသိေသးသလို သိရင္လည္း ေမေမက ေဒါသတႀကီး ခ်က္ခ်င္းလိုက္လာမွာ ျဖစ္သည္။
ထို႔ေၾကာင့္ ေဖြး ေမေမ့ကိုစကားတစ္ခြန္းမွ ကၽြံလို႔မရ…

"အလုပ္ကမဆိုးဘူး ေမေမ ေဖြး တရုတ္စကားျပန္လုပ္ရတယ္ သူေဌးေနာက္ကေန စကားျပန္လိုက္ေပးရံုပဲ"

"ရတဲ့အလုပ္က အရမ္းခက္ခဲေနတယ္ေပါ့ေလ"

"ဟီး.. ဒီမွာေပ်ာ္စရာႀကီး ေမေမ"

"ဒါဆိုေမေမ့ကိုပံုေလးေတြပို႔ေပးဦးေလ သမီးရဲ့အခန္းေလးေရာ ေမ့သမီးေလး ဘယ္ေတြသြားၿပီးဘယ္လိုေနလဲသိခ်င္တယ္"

မိုးႀကိဳးပြတ္၊
ဟင့္အင္း ႁမြေပြးအေကာင္၁၀၀ေလာက္ အကိုက္ခံလိုက္ရသလို ေဖြး ရင္ထဲဒိန္းခနဲကာ ေခါင္းႀကီးႏွစ္ဆေလာက္ျဖစ္သြားသည္။
ေဖြး ဒီမွာေနေနတာမို႔ Singaporeနဲ႔ပတ္သက္တာ ဘာပံုရိွရမွာလဲ။

"ဟုတ္ကဲ့ ပို႔ေပးပါ့မယ္ laptopထဲမွာပဲစုထားလို႔ ေတာ္ၾကာေနပို႔ေပးမယ္ေနာ္"

"ဟုတ္ၿပီ ငါ့သမီးေလး အလုပ္လုပ္ေနေပမယ့္ ေမေမ့မ်က္လံုးထဲေတာ့ ကေလးပဲရိွေသးတယ္ ေျပာပါဦး ေကာင္ေလးေတြ ဘာေတြေရာ ရေနၿပီလား"

ေမေမ မျမင္မွန္းသိေပမယ့္ ေဖြးရယ္လိုက္ကာ လည္ပင္းေလးကိုပြတ္လိုက္မိသည္။
ေဖြးစိတ္ထဲမွာ တစ္ခ်ိန္လံုးရိွေနတာက မႏၲေလးကိုလာဖို႔ႏွင့္ ေဖေဖ့ကိုေတြ့ဖို႔တစ္ခုပဲမို႔ တျခားဘယ္ကိုမွအာရံုမမ်ားအား။
ဟိုလူႀကီးလို ညိုညိုေခ်ာေခ်ာေလးဆိုရင္ေတာ့မဆိုးဘူး။

ေန ပါ ဦး…
ေဖြး ဘာလို႔အဲ့လူအေၾကာင္းေတြးမိတာလဲ။
ဒီေလာက္ႀကီးက်ယ္ၿပီး ဇီဇာေၾကာင္တဲ့လူကို...

"မရပါဘူး ေမေမကလည္း ေဖြးမွာ အိမ္မက္တစ္ခုရိွတယ္ အဲ့ဒါကိုအရင္ဆံုးျဖည့္ဆည္းခ်င္ေသးတယ္"

"အံမယ္ ေျပာပါဦး ေမေမဘာလုပ္ေပးႏိုင္တာရိွလဲလို႔"

"ေမေမျဖၫ့္ဆည္းေပးရမွာလည္းရိွပါတယ္ ဒါေပမယ့္အခုမဟုတ္ေသးဘူး အခုက ေဖြးအိမ္မက္ကို စလံုးေရး စ ပဲရိွေသးတယ္"

"ဟုတ္ပါၿပီ ေမေမ့ကိုလိုအပ္လာရင္ေျပာေနာ္ သမီးအတြက္ ေမေမကအဆင္သင့္ပဲ ခ်စ္လိုက္တာ ေမ့သမီးေလးကို"

ေမေမက ေဖြးကိုခုခ်ိန္ထိ ကေလးလိုသေဘာထားေနဆဲျဖစ္ၿပီး အၿမဲလိုလည္း ကေလးတစ္ေယာက္လိုသာဆက္ဆံတတ္တာ အခုမွမဟုတ္။
ေမေမက အလိုလိုက္သၫ့္ေနရာမွာ ႏွစ္ေယာက္မရိွေပမယ့္ ေဖြးက ေျပာမရေအာင္ဆိုးလာလ်ွင္လည္း ဆူဖို႔၊ရိုက္ဖို႔အဆင္သင့္ျဖစ္သည္။
တကယ္လို႔မ်ား ေဖေဖ့ကိုလိုက္ရွာေနမွန္း ေမေမသိရင္ ေဖြးကို အရွင္လတ္လတ္ဝါးစားပစ္မလားမသိ…

"ေမေမ ေဖြး ခြင့္ရရင္ျပန္လာခဲ့မယ္ေနာ္"

"ခြင့္ေတာင္းေနစရာမလိုပါဘူး သမီးေလးရယ္ ေမေမ့အိမ္က သမီးအတြက္ပဲဟာကို ႀကိဳေတာ့ေျပာေနာ္ ေမေမရံုးေရာက္ေနမွာစိုးလို႔"

"ေမေမ့အလုပ္ကေရာ အဆင္ေျပရဲ့လား ေဖြးကိုပဲေမးေနတယ္"

"ေျပပါတယ္သမီးရဲ့ ေမေမကဒါေတြလုပ္ေနက်ပါ ေမေမ့ကိုစိတ္မပူနဲ႔ က်န္းမာေရးကိုသာဂရုစိုက္"

"ဟုတ္.. ေဖြး ေမေမ့ကိုကန္ေတာ့ပါတယ္"

"သမီးေလးရဲ့ စိတ္ဆႏၵေတျြပၫ့္ဝပါေစ"

ေမေမေပးသၫ့္ဆုစကားေၾကာင့္ ေဖြးႀကိတ္ရယ္မိေပမယ့္ ေမေမ့ကိုမွန္းဆၿပီး ရိွခိုးကန္ေတာ့လိုက္သည္။
ေဖြးရဲ့စိတ္ဆႏၵသာျပၫ့္ဝဖို႔ဆို ေမေမဟာ ေဖေဖနဲ႔ျပန္ေပါင္းရမွာအမွန္ပင္။
ေဖေဖရိွခဲ့ရင္ေပါ့ေလ…

〰〰📑📑📑〰〰

"ဒီေန့ေဆြးေနႊးပဲြရိွတယ္ ေဖြးေဖြးျဖဴ သူေဌးနဲ႔မင္းလိုက္သြားရမယ္"

ဆို၍ ေဖြးသည္ ခါတိုင္းလို စတိုင္ပင္န္အနက္ကို ရွပ္လက္ရွည္ပန္းႏုေရာင္ေလးႏွင့္ဝတ္ကာ ဆံပင္ေတြကိုေတာ့ စည္းထားလိုက္သည္။
သူေဌးႏွင့္ေတြ့ရမၫ့္သူက The Wonder ကုမၸဏီCEO၏ဘယ္လက္ရံုးဟုသိရၿပီး The Wonderက တာဝန္ယူထားသၫ့္ Hotel constructionမွာ သူေဌးက သူ႔ရဲ့ေရခ်ိဳးခန္းသံုးပစၥည္းေတြသံုးဖို႔ ေမ်ွာ္လင့္ေန၏။

ကုမၸဏီအဝင္စမွာ The Wonderဆိုသၫ့္ ကုမၸဏီLogoႀကီးက ေရႊေရာင္စာလံုးျဖင့္ ခန႔္ညားထည္ဝါေနၿပီး ဝန္ထမ္းတိုင္းက တက္ႂကြစြာအလုပ္လုပ္ေနၾကသည္။
ဒီေလာက္လူအင္အားရိွလိမ့္မည္ဟု ထင္မွတ္မထား၍ လူေတြအမ်ားႀကီးသြားလာလႈပ္ရွားေနၾကသည္ကို ေဖြး တအံ့တၾသၾကၫ့္မိရင္း ေပ်ာ္ေနမိသလိုပင္။

ဘုတ္!!      "အေမ့"

စပ္စုစိန္လုပ္ေနေသာေဖြးသည္ ဟိုေငး ဒီေငးေနရင္း လူတစ္ေယာက္ကိုဝင္တိုက္မိတာေၾကာင့္ ေဖြးေမာ့ၾကည့္ေတာ့ ဟိုတစ္ရက္ကလူပဲျဖစ္သည္။
ဒီတစ္ခါေတာ့ ေဖြးလက္ထဲကစာရြက္ေတြ လြင့္ပ်ံကုန္၍ စည္းကမ္းႀကီးေသာသူေဌးမျမင္ခင္ ေဖြးအသည္းအသန္လိုက္ေကာက္ရ၏။

"မင္း အေတာ္နေမာ္နမဲ့ႏိုင္တဲ့မိန္းကေလး"

သူက ေဖြးကိုစာရြက္ေတြကူေကာက္ေပးရင္း အျပစ္တင္သလို ေျပာလိုက္တာမို႔ ေဖြး အျမင္ကတ္ကတ္ျဖင့္ ႏႈတ္ခမ္းေလးစူပစ္လိုက္မိသည္။
ဒါကိုပဲထူးဆန္းသြားသလို သူက ေဖြးကိုလိုက္ငံု႔ၾကၫ့္ရင္း ခပ္တိုးတိုးရယ္ေသးသည္။

"Lotusကကိုး မင္းကဘာလဲ"

"ေဖြးက သူ​ေဌးရဲ့စကားျပန္ပါ"

"Aww ဟုတ္ၿပီ 3rd floorမွာေစာင့္ေနလိုက္ မင္းတို႔ေရာက္တဲ့အခ်ိန္ ဦးရဲလာလိမ့္မယ္"

သူ႔စကားေၾကာင့္ ေဖြးစိတ္ထဲထူးဆန္းသြားၿပီး သူဟာ အထက္လူႀကီးတစ္ေယာက္နဲ႔လည္းမတူပါဘဲ၊ ဘာလို႔ခုလိုေတြလမ္းၫႊန္ေနသလဲမသိ။
သို႔ေသာ္ ေဖြးေခါင္းေလးညိတ္ျပလိုက္ၿပီး စာရြက္ေတြကိုစုကိုင္ကာ သူေဌးေနာက္ အျမန္ေျပးလိုက္ရ၏။
ေစာေစာကလူေျပာလိုက္သၫ့္3rd floorကို ေဖြးတို႔ေရာက္ေတာ့ ခန႔္မွန္းေခ်၃၅ႏွစ္ေလာက္ ဦးေလးႀကီးတစ္ေယာက္က ဓာတ္ေလွကားအနားအထိေရာက္လာ၏။

"မဂၤလာပါ ကၽြန္ေတာ္က ရဲေနာင္ပါ The Wonderရဲ့အတြင္းေရးမွဴးပါ"

ယဥ္ေက်းစြာႏႈတ္ဆက္လာေတာ့ ဟိုလူနဲ႔မ်ားတျခားစီဟု ေတြးမိကာ ေဖြးက သူေဌးကိုယ္စား ျပန္ၿပီးႏႈတ္ဆက္လိုက္၏။

"မဂၤလာပါ ကၽြန္မသူေဌးက Lotusေရခ်ိဳးခန္းသံုးပစၥည္းအေရာင္းခန္းမပိုင္ရွင္ပါ The Wonderရဲ့ hotel constructionအတြက္ လာကမ္းလွမ္းတာပါရွင့္"

ေဖြးကိုျမင္သည္ႏွင့္ ရဲေနာင္ဆိုသၫ့္ ထိုလူႀကီးရဲ့အၾကၫ့္ေတြသည္ ေဖြးဆီမွာစူးနင့္သြား၏။
ေဖြးရင္ထဲထိတ္ခနဲျဖစ္သြားမိသည္က ဒီလူဟာ ေမေမ့အသိလူလားဆိုသၫ့္ေၾကာက္စိတ္ေၾကာင့္ျဖစ္၏။
ေမေမက မႏၲေလးသူမို႔ ဒီမွာေမေမ့အသိေတြရိွခ်င္ရိွဦးမည္ျဖစ္ကာ ေဖြးကို ေမေမ့သမီးမွန္းရိပ္မိသြားပါက...

"မင္းနာမည္ဘယ္လိုေခၚလဲမိန္းကေလး"

ထိုဦးေလးႀကီးေမးခြန္းက ေဖြးကိုပိုထိတ္လန႔္သြားေစေပမယ့္ မ်က္ႏွာမပ်က္ေအာင္ထိန္းရင္း ႃပံုးျပလိုက္သည္။

"ေဖြးေဖြးျဖဴပါရွင့္"

"ဘယ္ကလဲ"

အလုပ္ႏွင့္မသက္ဆိုင္တာေတြေမးလာေတာ့ ေဖြးနည္းနည္းစိတ္ခုသြားမိေပမယ့္ ထိုလူႀကီးကေတာ့ တကယ္သိခ်င္ေနဟန္ရိွ၏။
သူေဌးကလည္း အသာတၾကည္ေခါင္းညိတ္ျပေန၍ အႃပံုးတုေလးတစ္ခု ႏႈတ္ခမ္းထက္မွာတင္လိုက္ကာ…

"မႏၲေလးကပါ ေဖြးမႏၲေလးမွာပဲေနပါတယ္"

ေဖြးအေျဖကို သိပ္သေဘာမက်သလိုျဖစ္သြားသလားမသိေသာ ထိုလူႀကီးက ေခါင္းတစ္ခ်က္ညိတ္ျပရင္း ေနာက္ထပ္မေမးေတာ့။
အကဲခတ္သလိုမ်က္လံုးစူးစူးေတြကေတာ့ ေဖြးဆီကလႊဲမသြားဘဲ ေတာင္းပန္သလိုႃပံုးျပကာ…

"ေဆာရီးေနာ္ သမီး.. သမီးက ဦးရဲ့အသိတစ္ေယာက္နဲ႔တူေနလို႔"

"ဟုတ္ကဲ့"

အသိဆိုတာ ေမေမလားဟု အေတြးဝင္လာသၫ့္အခါ ေဖြးမလံုမလဲျဖစ္မိေပမယ့္ ေဖြးသည္ ေမေမနဲ႔ရုပ္ခ်င္းဆင္ေပမယ့္ လံုးဝတူေနတာမ်ိဳးေတာ့မဟုတ္။
ေမေမ့လို လွပႏုညက္မႈမရိွေပမယ့္ ေဖြးက ေမေမ့ထက္ပိုၿပီး မ်က္ခံုး၊ မ်က္လံုးေကာင္းသည္ဟု ေျပာလို႔ရသည္။
ေမေမက အသားနည္းနည္းညိုေပမယ့္ ေဖြးရဲ့အသားအေရာင္ကေတာ့ ေမေမနဲ႔မတူဘဲ ဒါဟာ ေဖြးမျမင္ဖူးေသးသည့္ ေဖေဖ့ရဲ့အေမြဟုေျပာရမလား။
ဘုရားသိၾကားမလို႔ ေဖြး မႏၲေလးေရာက္ေနတာ ေမေမျပန္မသိပါေစနဲ႔...

〰〰📑📑📑〰〰

Part 20 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

347K 56.3K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
435K 20.6K 33
Long ago in the kingdom of Talahan, Queen Isabel, descendent of the great fae queen Azura, gave birth to two girls, Her second children, Atheena and...
250K 9.7K 30
Until now, Princess Eva Windsor was content in knowing she wasn't remotely considered to be the successor to the throne. In fact, she was glad she wa...
666K 14.1K 40
"You know, baby girl is my nickname for Garcia, but you know who calls you that?" "Reid does." *For reference age regression is not a kink nor shoul...