သူ မသိသောအခြားတစ်ဖက်၌

Por SummerMaung

304K 9.7K 267

နင် ငါနဲ့ပဲနေရမယ်၊ နင့်ကိုငါပဲပိုင်ရမယ်••• ငါ မသိတဲ့နင့်ရဲ့တခြားတစ်ဖက်မှာ ဘာတွေပဲရှိနေ ရှိနေ ငါမသိချင်ဘူး... Mais

1
2
3
4
5
6
7
8
9
10
11
12
13
14
15
17
18 & photo
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38 (ဇာတ်သိမ်းပိုင်း)

16

7.5K 277 16
Por SummerMaung

သူ မသိသောအခြားတစ်ဖက်၌ ( Part - 16)
〰〰〰〰〰

သူမ တံတားဦးဘက်သွားခဲ့သည်ဆိုသော အကြောင်းကြားလာမှုကြောင့် အလုပ်တွေပစ်ထားခဲ့ပြီး ရုံးကနေ တံတားဦးကိုထွက်လာခဲ့သည်။
တံတားဦးကိုရောက်မှ မြူမရှိတော့မှန်းသိလိုက်ကာ ထိုမှာညအိပ်ပြီး လားရှိူးဘက်ထွက်သွားသည်ဟု ထပ်သိလိုက်ရသည်။
ဘယ်က ဘယ်လိုသွားသည့်လမ်းကြောင်းမှန်းမသိပေမယ့် မြူကတော့ အသေအချာစီစဥ်ထားသူမို့ သူ လိုက်မမှီခဲ့။

စိတ်ပျက်လက်ပျက်ဖြင့် မန္တလေးကိုပြန်လာတော့ မှောင်ပင်မှောင်တော့မည်ဖြစ်ကာ တံတားဦးအထွက်နားရောက်မှ ကားကထိုးရပ်သွားသည်။
ဝမ်းနည်းစိတ်ပျက်မှုတွေက ဒေါသအဖြစ်ပြောင်းသွားပြီး ကားပေါ်ကဆင်းကာ ဒီကားကို မီးရှို့ပစ်ဖို့အကြံဖြင့် မီးခြစ်ကိုထုတ်လိုက်စဥ်...

"ဦး ကားပျက်နေတာလားဗျ"

စွပ်ကျယ်အင်္ကျီအပြဲလေးဖြင့် စက်ဆီတွေပေတူးနေသည့် ၇နှစ် ၈နှစ်အရွယ်လောက်ချာတိတ်လေးက စက်ဘီးလေးတစ်စီးဖြင့် အနားရောက်လာ၏။
ဒေါသဖြစ်နေ၍ မျက်နှာခပ်တင်းတင်းဖြင့် ခေါင်းညိတ်ပြလိုက်တော့ ထိုချာတိတ်လေးက ကားစက်ဖုံးကို ခြေဖျားထောက်၍ မနိုင့်တနိုင်ဖွင့်ကြည့်သည်။

"ဟိတ်.. မင်းဘာလုပ်တာလဲ ဒီအဖုံးကမင်းအပေါ်ကျရင် မင်းတစ်ခုခုဖြစ်သွားလိမ့်မယ် နားလည်လား"

"ကျွန်တော်သိပါတယ် ကားလည်းပြင်တတ်ပါတယ်"

"မင်းက"

ကားပြင်တတ်သလားဟု ထပ်မမေးနိုင်တော့သည်က ထိုချာတိတ်လေးသည် စက်အစိပ်အပိုင်းတွေကို တစ်ခုချင်းလိုက်စစ်နေ၍ဖြစ်သည်။
ဒီကလေး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဉာဏ်ကောင်းလှချေလား။

"ဦးရဲ့ကားက ဘာမှမဖြစ်ပါဘူးဗျ ဆီကုန်သွားတာပါ"

ထိုအခါမှ တံတားဦးမှာ ​ဆီမထည့်မိခဲ့သည်ကိုသတိရပြီး ဘေးကိုဝေ့ကြည့်မိတော့လည်း အနီးနားမှာဆီဆိုင်မရှိ။
အိမ်ကတစ်ယောက်ယောက်ကိုသာ ဖုန်းဆက်လိုက်ဖို့ ဖုန်းကိုထုတ်နေချိန် ထိုချာတိတ်လေးကတော့ စက်ဘီးလေးပေါ်ပြန်တက်ကာ...

"ဦးမှာ ပုံးအပိုပါရင် ကျွန်တော်သွားဝယ်ပေးလို့ရတယ် ဆီဆိုင်က နည်းနည်းဝေးတယ် ဦး"

"အဝေးကြီးဆိုရင် မသွားပါနဲ့ မင်းကဘယ်ကမို့လဲ မိုးချုပ်ခါနီးနေပြီ"

"ကျွန်တော်က တံတားဦးမြို့ထဲက ဝပ်ရှော့ပ်မှာနေတာပါ ရတယ် ကျွန်တော်သွားဝယ်လိုက်မယ် ဦးဒီမှာစောင့်ခဲ့"

ထိုနည်းဖြင့် ချာတိတ်လေးက ဆီသွားဝယ်သည်ကို သူ စောင့်ခဲ့ရပြီး ကားပြန်မောင်းလို့ရတော့ ၇နာရီပင်ခွဲတော့မည်။
မှောင်လည်းမှောင်နေပြီဖြစ်ကာ ကလေးလေးက ငယ်လွန်းသည်ကတစ်ကြောင်း၊ ကိုယ့်ကိုကူညီထားသူဖြစ်နေတာက တစ်ကြောင်းမို့ ဒီကလေးကိုပြန်လိုက်ပို့ဖို့ စိတ်ကူးလိုက်သည်။

"မင်းကိုပြန်လိုက်ပို့မယ်"

"ရတယ် ဦး"

"မရနဲ့ တက်ဆိုတက်"

စက်ဘီးလေးကိုပါ ကားအနောက်ခန်းထဲပစ်ထည့်ပြီး ထိုချာတိတ်လေးကိုခေါ်ကာ တံတားဦးမြို့ထဲပြန်ဝင်လာခဲ့သည်။
ချာတိတ်လေးက လည်လည်ဝယ်ဝယ်ရှိသော ကလေးတစ်ယောက်ဖြစ်ကာ ထိုကလေးညွှန်ပြသော ဝပ်ရှော့တစ်ခုရှေ့ရောက်တော့ ကားကိုစက်သပ်လိုက်သည်။

"ဟဲ့.. အလေနတော ကလေကဝကောင် ဘယ်ကိုသဝေထိုးနေလို့ အခုမှပြန်လာတာလဲ ကြည့်စမ်း ဘာစောက်ပြဿနာရှာလာသေးတာလဲ"

ဝပ်ရှော့ပ်ထဲမှ အမျိုးသမီးတစ်ဦးက ကားပေါ်ကမဆင်းရသေးသည့် ချာတိတ်လေးကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကလေးနှင့်မလိုက်အောင် ပြောဆိုအော်ဟစ်နေ၍ သူ စိတ်ပျက်သွားမိသည်။
ဘဝမှာ ဒီလိုကြမ်းတမ်းသည့်စကားတွေမကြားဖူးသလို ဒီကလေးသာ သူ့သားဖြစ်ခဲ့ရင် ထိုမိန်းမကြီးကို လည်ပင်းညှစ်သတ်မိမလားမသိ။

"မင်းနဲ့ဘာတော်သလဲ"

"ဘာမှမတော်ပါဘူး ဝပ်ရှော့ပိုင်ရှင်ရဲ့မိန်းမပါ ဝပ်ရှော့ပိုင်ရှင်ကလည်း ကျွန်တော့်ကိုမွေးစားထားတာ"

ညှိုးငယ်နေပေမယ့် အရောင်လက်နေသည့်မျက်လုံးတွေက ရှက်ရွံ့မှုကြောင့်လား၊ ဒေါသကြောင့်လားမသိဘဲ ဤကလေးရဲ့မျက်နှာဟာ အနည်းငယ်မာကျောနေ၏။
သူ ဒီကလေးအပေါ် စိတ်ဝင်စားသွားမိသည်က အရွယ်နှင့်မလိုက်အောင် လင်းလက်နေသည့်ထိုမျက်လုံးတွေကြောင့်ဖြစ်၏။

"ဟဲ့.. ဟိုအပေါ်ကကောင် ဆင်းမလာသေးဘဲ နင့်ပထွေးကို ဘာတွေပြောနေတာလဲ"

ထိုအခါမှ ချာတိတ်လေးက ကားပေါ်ကဆင်းဖို့ပြင်နေသည်မို့ သူတားလိုက်ကာ ကားပေါ်ကဆင်းလာခဲ့သည်။
သူ့စိတ်ထဲမှာ ဒီကလေးကိုသနားနေမိပြီး အခုအခြေအနေက ကယ်ထုတ်ချင်စိတ်တစ်ခုသာ ရင့်သန်နေ၏။

"ခင်ဗျား အဲ့လောက်မပြောပါနဲ့ အဲ့ဒီကလေးကို ဒီမှာမထားချင်လည်း ကျွန်တော်ခေါ်သွားမယ်"

"အမလေး ခေါ်သာသွား စောက်ပြဿနာကင်းတယ်"

ထိုမိန်းမကြီးက သူတစ်ခွန်းပြောရုံဖြင့် ကောင်လေးကိုထည့်ဖို့စိတ်ကူးဖြစ်သွားသည်ကို မအံ့သြတော့ဘဲ ချာတိတ်ကို အိမ်သို့ခေါ်လာခဲ့သည်။
အားလုံးကလည်း မြူ့ကိုသွားရှာသည့်ခရီးမှာ ပေတိပေစုတ်ကောင်လေးပါလာ၍ အံ့ဩနေကြပေမယ့် ဒီအချိန်မှာ သူ့ကိုဘယ်သူမှဘာမှမပြောရဲကြ။

"ရဲနောင် ကလေးကိုခေါ်သွားပြီး ရေချိုးပေးလိုက် မင်းနဲ့အိပ်ခိုင်းလိုက်"

"ဟုတ်ကဲ့"

"မြူနဲ့တွေ့ခဲ့လား"

အိမ်ဘက်ပြန်လှည့်လာသောသူ့ကို မေမေက မျှော်လင့်တကြီးမေးလာသောအခါ သူ့စိတ်တွေငြိမ်သက်သွားပြီး ခေါင်းကိုသာခါပြလိုက်၏။
မျက်ရည်ရစ်ဝဲသွားသည့် မေမေ့မျက်လုံးတွေကို မသိချင်ဟန်ဆောင်ကာ အပေါ်ကိုတက်လာခဲ့တော့ မြင်မြင်သမျှအရာတိုင်းသည် အဓိပ္ပါယ်ကင်းမဲ့နေသည်။
သူမပုံရိပ်တွေ၊ သူမစကားသံတွေကိုသာ ထပ်တလဲလဲ မြင်နေ၊ကြားနေရ၍ ရူးသွားပြီလားဟု တွေးမိသေးသည်။

"ငါ့ကိုထားခဲ့ရက်တယ် မြူရယ်"

အဝတ်ဗီရိုကိုဖွင့်ကြည့်မိတော့ အထဲမှာချိတ်ဆွဲထားသော ဆင်စွယ်ရောင်မင်္ဂလာဝတ်စုံကြောင့် သူ ငိုမိပြန်သည်။
ချစ်ပြတာမလုံလောက်သေးလို့လား၊ သူဘာတွေမှားခဲ့မိလို့လဲဆိုသည့်စိတ်ဖြင့် ထိုဝတ်စုံရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ရင်း အသည်းကွဲသောအရှုံးသမားပမာ ငိုမိတာ နင့်နင့်သီးသီး။
မထားခဲ့ပါနဲ့ဟု အထပ်ထပ်အခါခါတောင်းဆိုခဲ့ပေမယ့် သူမ နားမထောင်ခဲ့...

နင်ပဲနိုင်ပါတယ် မြူရယ်
နင့်ကို ငါ အရှုံးပေးပါတယ်...

〰〰📑📑📑〰〰

"ဖွေးလေးရေ အမလေးကြည့်ပါဦး လှလိုက်တာသမီးလေးက"

မြူ့ရင်ထဲနွေးခနဲဖြစ်သွားကာ အနှီးထုတ်လေးထဲက ကလေးပိစိလေးကိုကြည့်ပြီး လက်လှမ်းလိုက်တော့ နာ့စ်မလေးက မြူ့ဆီ ကလေးလေးလှမ်းပေးလာသည်။
ရက်ပိုင်းသာရှိသေးသောသမီးလေး၏ မျက်နှာလေးကတော့ မြူနဲ့ပိုတူသလိုထင်မိကာ ခမ်းနဲ့လည်းသိပ်မတူတာမို့ မြူတစ်ချက်ရယ်မိသေးသည်။
မြူဟာ ခမ်းထက် ကိုယ့်ကိုယ်ကို ပိုချစ်တတ်ပြီထင်၏။

"အဲ့!"

မျက်နှာလေးမဲ့သွားပြီး လက်ကလေးတွေကွေးကာ အော်ငိုလာသောသမီးလေးကို သနားကြင်နာစွာပွေ့ဖက်ရင်း ပါးလေးကိုနမ်းလိုက်မိသည်။
ရင်ထဲစိမ့်ခနဲဖြစ် သွားကာ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေထသွားမိကာ မိခင်တစ်ယောက်ရဲ့ကြည်နူးခြင်းဆိုတာ ဒါကိုပြောသလားဟု တွေးမိသွားသည်။

သမီးလေးကို နို့တိုက်နေရင်း လုပ်စရာရှိတာတွေကိုလည်း မြူမေ့ထားလို့မရဘဲ ဒီနိုင်ငံကထွက်သွားဖို့ အရင်ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်သည်။
The Wonderသည် အင်အားကြီးသောကုမ္ပဏီတစ်ခုဖြစ်သည့်အပြင် ခမ်းရဲ့အရိပ်အာဝါသသည် ဘယ်လောက်ထိကျယ်ပြန့်သလဲ မြူသိတာမို့ တစ်နေရာတည်းမှာနေလို့မရ။

"သမီးလေးလည်း ငယ်သေးတာကို မမြူရယ် ဘယ်ရွှေ့ဦးမလို့လဲ"

"ရှန်ဟိုင်းမှာ မြူ့အသိတွေရှိတယ် အဲ့ဒီဘက်ကိုခရီးထွက်တုန်းကခင်တာလေ အဲ့ဒီအထိသွားရမယ်"

"အဝေးကြီးပဲ"

"သွားချင်ရင်အနီးလေးပါ"

ကိုယ်ဝန်ရှိကတည်းက အတူနေပေးခဲ့သော နာ့စ်မလေးကို နှုတ်ဆက်ရင်း passportတွေကိုပြင်ဆင်လိုက်ကာ အိတ်ကိုလွယ်လိုက်သည်။
နောက်ထပ်ခြေမချတော့မည့်အမိမြေကို နှုတ်ဆက်သလိုဝေ့ကြည့်မိကာ ခမ်းရှိနေမည့်နေရာကို မှန်းဆရင်း မြူ့ရင်ထဲဆွေးသွားခဲ့သည်။

"ငါသွားတော့မယ် ခမ်း"

ခပ်တိုးတိုးလေးဖြစ်ပေမယ့် ရင်ထဲမှာတော့ ကျယ်လောင်နေသည့် နှုတ်ဆက်စကားရယ်ပါ..
မြူ သမီးလေးကိုပွေ့ကာ Immigrationသို့ဝင်လာခဲ့တော့ မြူလျှောက်ခဲ့သောခြေလှမ်းတွေဟာ ရဲရင့်နေမှာသေချာပါသည်။
မြူရယ်
မြူကမွေးထုတ်ထားသည့် ခမ်းရဲ့ကိုယ်ပွားလေး
မြူဖွေးဖွေးဖြူရယ်...

〰〰📑📑📑〰〰

"မွေးစားမယ် ဟုတ်လား"

သူ ခေါင်းညိတ်ပြလိုက်ပြီး စာရွက်စာတမ်းတွေပြင်ဆင်နေသောရှေ့နေတွေကို အေးအေးဆေးဆေးကြည့်နေလိုက်သည်။
မေမေကတော့ စိတ်မကောင်းသောမျက်လုံးတွေနှင့်ကြည့်နေကာ သူ ဘာလုပ်လုပ်ဝင်မပြောတော့ဘဲ ငြိမ်သက်နေ၏။

တစ်နှစ်နီးပါးကြာမြင့်လာသည့်တိုင် မြူ့အရိပ်ကလေးသော်မျှ ဖမ်းဆုပ်၍မရခဲ့တာမို့ ပူလောင်စိတ်တွေဟာ ငြိမ်သက်မသွားခဲ့သေး။
သို့သော် ပြဿနာဖြစ်စလောက်ကလည်း သွေးမပူတော့တာမို့ သွေးအေးအေးဖြင့် စဥ်းစားတတ်နေပြီဖြစ်သည်။

နောက်ထပ်ဘယ်မိန်းမကိုမှ အလိုမရှိသလို မျက်စိရှေ့မှာကြီးပြင်းနေသောကောင်လေးကိုလည်း ကိုယ့်ကလေးအမှတ်နှင့် ငေးရသည်မှာ ဘယ်နှခါရှိမှန်းမသိတော့။
ဘယ်ဆီရောက်နေမလဲမသိသော ကိုယ့်ကလေးကိုမျှော်မှန်းရင်း ဒီကလေးကိုသာ သားအမှတ်နှင့်မွေးမြူချင်သည်။

"လက်မှတ်ထိုးပါဗျ"

စာချုပ်မှာလက်မှတ်ထိုးလိုက်ကာ ဘေးနားရှိနေသောချာတိတ်လေးကို ပြန်ငဲ့ကြည့်မိတော့ ထိုကလေးလေးက ဘာမှနားမလည်သလိုမော့ကြည့်နေ၏။
ချာတိတ်လေးက စတွေ့စဥ်ကနဲ့မတူတော့ဘဲ သပ်ရပ်သားနားနေပြီမို့ စူးရှထက်မြက်သောမျက်လုံးလေးတွေက ပိုပြီးလင်းလက်နေ၏။
ဒါကိုပဲ သူသဘောကျသွားမိပြီး ချာတိတ်လေးရဲ့လက်မောင်းသေးသေးလေးကိုဆုပ်ကိုင်ကာ...

"မင်းရဲ့အတိတ်မှာ ဘာတွေပဲရှိခဲ့ရှိခဲ့၊ မင်းနာမည်ဟာလည်း ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အားလုံးကိုမေ့လိုက်တော့ ကြားလား"

"ဟုတ်ကဲ့ ဦးဦး"

"ဦးဦးမဟုတ်တော့ဘူး မင်းရဲ့အဖေဖြစ်သွားပြီ ဘာလို့လဲဆိုတော့ မင်းကို စာချုပ်စာတမ်းနဲ့မွေးစားလိုက်လို့ပဲ အဲ့ဒီတော့ မင်းကငါ့ရဲ့အမွေစားအမွေခံ သားတစ်ယောက်ဖြစ်သွားပြီ"

ထိုချာတိတ်လေးက ဘာမှနားလည်ပုံမရပေမယ့် ခေါင်းလေးကိုညိတ်ပြ၍ သူ ကျေနပ်သွား၏။

"အခု မင်းကဘယ်သူ့သားလဲ"

"ဦးမင်းခမ်းနားရဲ့သားပါ"

"ဟုတ်ပြီ အခုမင်းရဲ့နာမည်က ဘာလဲ"

"ပြည့်သျှင်"

〰〰📑📑📑〰〰

Part 17 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

သူ မသိေသာအျခားတစ္ဖက္၌ ( Part - 16)
〰〰〰〰〰

သူမ တံတားဦးဘက္သြားခဲ့သည္ဆိုေသာ အေၾကာင္းၾကားလာမႈေၾကာင့္ အလုပ္ေတြပစ္ထားခဲ့ၿပီး ရံုးကေန တံတားဦးကိုထြက္လာခဲ့သည္။
တံတားဦးကိုေရာက္မွ ျမဴမရိွေတာ့မွန္းသိလိုက္ကာ ထိုမွာညအိပ္ၿပီး လားရိွူးဘက္ထြက္သြားသည္ဟု ထပ္သိလိုက္ရသည္။
ဘယ္က ဘယ္လိုသြားသၫ့္လမ္းေၾကာင္းမွန္းမသိေပမယ့္ ျမဴကေတာ့ အေသအခ်ာစီစဥ္ထားသူမို႔ သူ လိုက္မမွီခဲ့။

စိတ္ပ်က္လက္ပ်က္ျဖင့္ မႏၲေလးကိုျပန္လာေတာ့ ေမွာင္ပင္ေမွာင္ေတာ့မည္ျဖစ္ကာ တံတားဦးအထြက္နားေရာက္မွ ကားကထိုးရပ္သြားသည္။
ဝမ္းနည္းစိတ္ပ်က္မႈေတြက ေဒါသအျဖစ္ေျပာင္းသြားၿပီး ကားေပၚကဆင္းကာ ဒီကားကို မီးရိႈ႔ပစ္ဖို႔အႀကံျဖင့္ မီးျခစ္ကိုထုတ္လိုက္စဥ္...

"ဦး ကားပ်က္ေနတာလားဗ်"

စြပ္က်ယ္အက်ႌအၿပဲေလးျဖင့္ စက္ဆီေတြေပတူးေနသၫ့္ ၇ႏွစ္ ၈ႏွစ္အရြယ္ေလာက္ခ်ာတိတ္ေလးက စက္ဘီးေလးတစ္စီးျဖင့္ အနားေရာက္လာ၏။
ေဒါသျဖစ္ေန၍ မ်က္ႏွာခပ္တင္းတင္းျဖင့္ ေခါင္းညိတ္ျပလိုက္ေတာ့ ထိုခ်ာတိတ္ေလးက ကားစက္ဖံုးကို ေျခဖ်ားေထာက္၍ မႏိုင့္တႏိုင္ဖြင့္ၾကၫ့္သည္။

"ဟိတ္.. မင္းဘာလုပ္တာလဲ ဒီအဖံုးကမင္းအေပၚက်ရင္ မင္းတစ္ခုခုျဖစ္သြားလိမ့္မယ္ နားလည္လား"

"ကၽြန္ေတာ္သိပါတယ္ ကားလည္းျပင္တတ္ပါတယ္"

"မင္းက"

ကားျပင္တတ္သလားဟု ထပ္မေမးႏိုင္ေတာ့သည္က ထိုခ်ာတိတ္ေလးသည္ စက္အစိပ္အပိုင္းေတြကို တစ္ခုခ်င္းလိုက္စစ္ေန၍ျဖစ္သည္။
ဒီကေလး ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ ဉာဏ္ေကာင္းလွေခ်လား။

"ဦးရဲ့ကားက ဘာမွမျဖစ္ပါဘူးဗ် ဆီကုန္သြားတာပါ"

ထိုအခါမွ တံတားဦးမွာ ​ဆီမထၫ့္မိခဲ့သည္ကိုသတိရၿပီး ေဘးကိုေဝ့ၾကၫ့္မိေတာ့လည္း အနီးနားမွာဆီဆိုင္မရိွ။
အိမ္ကတစ္ေယာက္ေယာက္ကိုသာ ဖုန္းဆက္လိုက္ဖို႔ ဖုန္းကိုထုတ္ေနခ်ိန္ ထိုခ်ာတိတ္ေလးကေတာ့ စက္ဘီးေလးေပၚျပန္တက္ကာ...

"ဦးမွာ ပံုးအပိုပါရင္ ကၽြန္ေတာ္သြားဝယ္ေပးလို႔ရတယ္ ဆီဆိုင္က နည္းနည္းေဝးတယ္ ဦး"

"အေဝးႀကီးဆိုရင္ မသြားပါနဲ႔ မင္းကဘယ္ကမို႔လဲ မိုးခ်ဳပ္ခါနီးေနၿပီ"

"ကၽြန္ေတာ္က တံတားဦးၿမိဳ႔ထဲက ဝပ္ေရွာ့ပ္မွာေနတာပါ ရတယ္ ကၽြန္ေတာ္သြားဝယ္လိုက္မယ္ ဦးဒီမွာေစာင့္ခဲ့"

ထိုနည္းျဖင့္ ခ်ာတိတ္ေလးက ဆီသြားဝယ္သည္ကို သူ ေစာင့္ခဲ့ရၿပီး ကားျပန္ေမာင္းလို႔ရေတာ့ ၇နာရီပင္ခဲြေတာ့မည္။
ေမွာင္လည္းေမွာင္ေနၿပီျဖစ္ကာ ကေလးေလးက ငယ္လြန္းသည္ကတစ္ေၾကာင္း၊ ကိုယ့္ကိုကူညီထားသူျဖစ္ေနတာက တစ္ေၾကာင္းမို႔ ဒီကေလးကိုျပန္လိုက္ပို႔ဖို႔ စိတ္ကူးလိုက္သည္။

"မင္းကိုျပန္လိုက္ပို႔မယ္"

"ရတယ္ ဦး"

"မရနဲ႔ တက္ဆိုတက္"

စက္ဘီးေလးကိုပါ ကားအေနာက္ခန္းထဲပစ္ထၫ့္ၿပီး ထိုခ်ာတိတ္ေလးကိုေခၚကာ တံတားဦးၿမိဳ႔ထဲျပန္ဝင္လာခဲ့သည္။
ခ်ာတိတ္ေလးက လည္လည္ဝယ္ဝယ္ရိွေသာ ကေလးတစ္ေယာက္ျဖစ္ကာ ထိုကေလးၫႊန္ျပေသာ ဝပ္ေရွာ့တစ္ခုေရ႔ွေရာက္ေတာ့ ကားကိုစက္သပ္လိုက္သည္။

"ဟဲ့.. အေလနေတာ ကေလကဝေကာင္ ဘယ္ကိုသေဝထိုးေနလို႔ အခုမျွပန္လာတာလဲ ၾကည့္စမ္း ဘာေစာက္ျပႆနာရွာလာေသးတာလဲ"

ဝပ္ေရွာ့ပ္ထဲမွ အမ်ိဳးသမီးတစ္ဦးက ကားေပၚကမဆင္းရေသးသၫ့္ ခ်ာတိတ္ေလးကို လက္ၫွိုးေငါက္ေငါက္ထိုးကာ ကေလးႏွင့္မလိုက္ေအာင္ ေျပာဆိုေအာ္ဟစ္ေန၍ သူ စိတ္ပ်က္သြားမိသည္။
ဘဝမွာ ဒီလိုၾကမ္းတမ္းသၫ့္စကားေတြမၾကားဖူးသလို ဒီကေလးသာ သူ႔သားျဖစ္ခဲ့ရင္ ထိုမိန္းမႀကီးကို လည္ပင္းၫွစ္သတ္မိမလားမသိ။

"မင္းနဲ႔ဘာေတာ္သလဲ"

"ဘာမွမေတာ္ပါဘူး ဝပ္ေရွာ့ပိုင္ရွင္ရဲ့မိန္းမပါ ဝပ္ေရွာ့ပိုင္ရွင္ကလည္း ကၽြန္ေတာ့္ကိုေမြးစားထားတာ"

ၫွိုးငယ္ေနေပမယ့္ အေရာင္လက္ေနသၫ့္မ်က္လံုးေတြက ရွက္ရြံ႔မႈေၾကာင့္လား၊ ေဒါသေၾကာင့္လားမသိဘဲ ဤကေလးရဲ့မ်က္ႏွာဟာ အနည္းငယ္မာေက်ာေန၏။
သူ ဒီကေလးအေပၚ စိတ္ဝင္စားသြားမိသည္က အရြယ္ႏွင့္မလိုက္ေအာင္ လင္းလက္ေနသၫ့္ထိုမ်က္လံုးေတြေၾကာင့္ျဖစ္၏။

"ဟဲ့.. ဟိုအေပၚကေကာင္ ဆင္းမလာေသးဘဲ နင့္ပေထြးကို ဘာေတြေျပာေနတာလဲ"

ထိုအခါမွ ခ်ာတိတ္ေလးက ကားေပၚကဆင္းဖို႔ျပင္ေနသည္မို႔ သူတားလိုက္ကာ ကားေပၚကဆင္းလာခဲ့သည္။
သူ႔စိတ္ထဲမွာ ဒီကေလးကိုသနားေနမိၿပီး အခုအေျခအေနက ကယ္ထုတ္ခ်င္စိတ္တစ္ခုသာ ရင့္သန္ေန၏။

"ခင္ဗ်ား အဲ့ေလာက္မေျပာပါနဲ႔ အဲ့ဒီကေလးကို ဒီမွာမထားခ်င္လည္း ကၽြန္ေတာ္ေခၚသြားမယ္"

"အမေလး ေခၚသာသြား ေစာက္ျပႆနာကင္းတယ္"

ထိုမိန္းမႀကီးက သူတစ္ခြန္းေျပာရံုျဖင့္ ေကာင္ေလးကိုထၫ့္ဖို႔စိတ္ကူးျဖစ္သြားသည္ကို မအံ့ၾသေတာ့ဘဲ ခ်ာတိတ္ကို အိမ္သို႔ေခၚလာခဲ့သည္။
အားလံုးကလည္း ျမဴ႔ကိုသြားရွာသၫ့္ခရီးမွာ ေပတိေပစုတ္ေကာင္ေလးပါလာ၍ အံ့ဩေနၾကေပမယ့္ ဒီအခ်ိန္မွာ သူ႔ကိုဘယ္သူမွဘာမွမေျပာရဲၾက။

"ရဲေနာင္ ကေလးကိုေခၚသြားၿပီး ေရခ်ိဳးေပးလိုက္ မင္းနဲ႔အိပ္ခိုင္းလိုက္"

"ဟုတ္ကဲ့"

"ျမဴနဲ႔ေတြ့ခဲ့လား"

အိမ္ဘက္ျပန္လွၫ့္လာေသာသူ႔ကို ေမေမက ေမ်ွာ္လင့္တႀကီးေမးလာေသာအခါ သူ႔စိတ္ေတြၿငိမ္သက္သြားၿပီး ေခါင္းကိုသာခါျပလိုက္၏။
မ်က္ရည္ရစ္ဝဲသြားသၫ့္ ေမေမ့မ်က္လံုးေတြကို မသိခ်င္ဟန္ေဆာင္ကာ အေပၚကိုတက္လာခဲ့ေတာ့ ျမင္ျမင္သမ်ွအရာတိုင္းသည္ အဓိပၸါယ္ကင္းမဲ့ေနသည္။
သူမပံုရိပ္ေတြ၊ သူမစကားသံေတြကိုသာ ထပ္တလဲလဲ ျမင္ေန၊ၾကားေနရ၍ ရူးသြားၿပီလားဟု ေတြးမိေသးသည္။

"ငါ့ကိုထားခဲ့ရက္တယ္ ျမဴရယ္"

အဝတ္ဗီရိုကိုဖြင့္ၾကၫ့္မိေတာ့ အထဲမွာခ်ိတ္ဆဲြထားေသာ ဆင္စြယ္ေရာင္မဂၤလာဝတ္စံုေၾကာင့္ သူ ငိုမိျပန္သည္။
ခ်စ္ျပတာမလံုေလာက္ေသးလို႔လား၊ သူဘာေတြမွားခဲ့မိလို႔လဲဆိုသည့္စိတ္ျဖင့္ ထိုဝတ္စံုေရ႔ွမွာ ဒူးေထာက္ထိုင္ခ်လိုက္ရင္း အသည္းကဲြေသာအရႈံးသမားပမာ ငိုမိတာ နင့္နင့္သီးသီး။
မထားခဲ့ပါနဲ႔ဟု အထပ္ထပ္အခါခါေတာင္းဆိုခဲ့ေပမယ့္ သူမ နားမေထာင္ခဲ့...

နင္ပဲႏိုင္ပါတယ္ ျမဴရယ္
နင့္ကို ငါ အရႈံးေပးပါတယ္...

〰〰📑📑📑〰〰

"ေဖြးေလးေရ အမေလးၾကၫ့္ပါဦး လွလိုက္တာသမီးေလးက"

ျမဴ႔ရင္ထဲေနြးခနဲျဖစ္သြားကာ အႏွီးထုတ္ေလးထဲက ကေလးပိစိေလးကိုၾကၫ့္ၿပီး လက္လွမ္းလိုက္ေတာ့ နာ့စ္မေလးက ျမဴ႔ဆီ ကေလးေလးလွမ္းေပးလာသည္။
ရက္ပိုင္းသာရိွေသးေသာသမီးေလး၏ မ်က္ႏွာေလးကေတာ့ ျမဴနဲ႔ပိုတူသလိုထင္မိကာ ခမ္းနဲ႔လည္းသိပ္မတူတာမို႔ ျမဴတစ္ခ်က္ရယ္မိေသးသည္။
ျမဴဟာ ခမ္းထက္ ကိုယ့္ကိုယ္ကို ပိုခ်စ္တတ္ၿပီထင္၏။

"အဲ့!"

မ်က္ႏွာေလးမဲ့သြားၿပီး လက္ကေလးေတြေကြးကာ ေအာ္ငိုလာေသာသမီးေလးကို သနားၾကင္နာစြာေပြ့ဖက္ရင္း ပါးေလးကိုနမ္းလိုက္မိသည္။
ရင္ထဲစိမ့္ခနဲျဖစ္ သြားကာ တစ္ကိုယ္လံုး ၾကက္သီးေမႊးၫွင္းေတြထသြားမိကာ မိခင္တစ္ေယာက္ရဲ့ၾကည္ႏူးျခင္းဆိုတာ ဒါကိုေျပာသလားဟု ေတြးမိသြားသည္။

သမီးေလးကို ႏို႔တိုက္ေနရင္း လုပ္စရာရိွတာေတြကိုလည္း ျမဴေမ့ထားလို႔မရဘဲ ဒီႏိုင္ငံကထြက္သြားဖို႔ အရင္ဦးစားေပးလုပ္ေဆာင္ရမည္ျဖစ္သည္။
The Wonderသည္ အင္အားႀကီးေသာကုမၸဏီတစ္ခုျဖစ္သၫ့္အျပင္ ခမ္းရဲ့အရိပ္အာဝါသသည္ ဘယ္ေလာက္ထိက်ယ္ျပန႔္သလဲ ျမဴသိတာမို႔ တစ္ေနရာတည္းမွာေနလို႔မရ။

"သမီးေလးလည္း ငယ္ေသးတာကို မျမဴရယ္ ဘယ္ေရႊ့ဦးမလို႔လဲ"

"ရွန္ဟိုင္းမွာ ျမဴ႔အသိေတြရိွတယ္ အဲ့ဒီဘက္ကိုခရီးထြက္တုန္းကခင္တာေလ အဲ့ဒီအထိသြားရမယ္"

"အေဝးႀကီးပဲ"

"သြားခ်င္ရင္အနီးေလးပါ"

ကိုယ္ဝန္ရိွကတည္းက အတူေနေပးခဲ့ေသာ နာ့စ္မေလးကို ႏႈတ္ဆက္ရင္း passportေတြကိုျပင္ဆင္လိုက္ကာ အိတ္ကိုလြယ္လိုက္သည္။
ေနာက္ထပ္ေျခမခ်ေတာ့မၫ့္အမိေျမကို ႏႈတ္ဆက္သလိုေဝ့ၾကၫ့္မိကာ ခမ္းရိွေနမၫ့္ေနရာကို မွန္းဆရင္း ျမဴ႔ရင္ထဲေဆြးသြားခဲ့သည္။

"ငါသြားေတာ့မယ္ ခမ္း"

ခပ္တိုးတိုးေလးျဖစ္ေပမယ့္ ရင္ထဲမွာေတာ့ က်ယ္ေလာင္ေနသၫ့္ ႏႈတ္ဆက္စကားရယ္ပါ..
ျမဴ သမီးေလးကိုေပြ့ကာ Immigrationသို႔ဝင္လာခဲ့ေတာ့ ျမဴေလ်ွာက္ခဲ့ေသာေျခလွမ္းေတြဟာ ရဲရင့္ေနမွာေသခ်ာပါသည္။
ျမဴရယ္
ျမဴကေမြးထုတ္ထားသၫ့္ ခမ္းရဲ့ကိုယ္ပြားေလး
ျမဴေဖြးေဖြးျဖဴရယ္...

〰〰📑📑📑〰〰

"ေမြးစားမယ္ ဟုတ္လား"

သူ ေခါင္းညိတ္ျပလိုက္ၿပီး စာရြက္စာတမ္းေတျြပင္ဆင္ေနေသာေရ႔ွေနေတြကို ေအးေအးေဆးေဆးၾကၫ့္ေနလိုက္သည္။
ေမေမကေတာ့ စိတ္မေကာင္းေသာမ်က္လံုးေတြႏွင့္ၾကၫ့္ေနကာ သူ ဘာလုပ္လုပ္ဝင္မေျပာေတာ့ဘဲ ၿငိမ္သက္ေန၏။

တစ္ႏွစ္နီးပါးၾကာျမင့္လာသၫ့္တိုင္ ျမဴ႔အရိပ္ကေလးေသာ္မ်ွ ဖမ္းဆုပ္၍မရခဲ့တာမို႔ ပူေလာင္စိတ္ေတြဟာ ၿငိမ္သက္မသြားခဲ့ေသး။
သို႔ေသာ္ ျပႆနာျဖစ္စေလာက္ကလည္း ေသြးမပူေတာ့တာမို႔ ေသြးေအးေအးျဖင့္ စဥ္းစားတတ္ေနၿပီျဖစ္သည္။

ေနာက္ထပ္ဘယ္မိန္းမကိုမွ အလိုမရိွသလို မ်က္စိေရ႔ွမွာႀကီးျပင္းေနေသာေကာင္ေလးကိုလည္း ကိုယ့္ကေလးအမွတ္ႏွင့္ ေငးရသည္မွာ ဘယ္ႏွခါရိွမွန္းမသိေတာ့။
ဘယ္ဆီေရာက္ေနမလဲမသိေသာ ကိုယ့္ကေလးကိုေမ်ွာ္မွန္းရင္း ဒီကေလးကိုသာ သားအမွတ္ႏွင့္ေမြးျမဴခ်င္သည္။

"လက္မွတ္ထိုးပါဗ်"

စာခ်ဳပ္မွာလက္မွတ္ထိုးလိုက္ကာ ေဘးနားရိွေနေသာခ်ာတိတ္ေလးကို ျပန္ငဲ့ၾကည့္မိေတာ့ ထိုကေလးေလးက ဘာမွနားမလည္သလိုေမာ့ၾကၫ့္ေန၏။
ခ်ာတိတ္ေလးက စေတြ့စဥ္ကနဲ႔မတူေတာ့ဘဲ သပ္ရပ္သားနားေနၿပီမို႔ စူးရွထက္ျမက္ေသာမ်က္လံုးေလးေတြက ပိုၿပီးလင္းလက္ေန၏။
ဒါကိုပဲ သူသေဘာက်သြားမိၿပီး ခ်ာတိတ္ေလးရဲ့လက္ေမာင္းေသးေသးေလးကိုဆုပ္ကိုင္ကာ...

"မင္းရဲ့အတိတ္မွာ ဘာေတြပဲရိွခဲ့ရိွခဲ့၊ မင္းနာမည္ဟာလည္း ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အားလံုးကိုေမ့လိုက္ေတာ့ ၾကားလား"

"ဟုတ္ကဲ့ ဦးဦး"

"ဦးဦးမဟုတ္ေတာ့ဘူး မင္းရဲ့အေဖျဖစ္သြားၿပီ ဘာလို႔လဲဆိုေတာ့ မင္းကို စာခ်ဳပ္စာတမ္းနဲ႔ေမြးစားလိုက္လို႔ပဲ အဲ့ဒီေတာ့ မင္းကငါ့ရဲ့အေမြစားအေမြခံ သားတစ္ေယာက္ျဖစ္သြားၿပီ"

ထိုခ်ာတိတ္ေလးက ဘာမွနားလည္ပံုမရေပမယ့္ ေခါင္းေလးကိုညိတ္ျပ၍ သူ ေက်နပ္သြား၏။

"အခု မင္းကဘယ္သူ႔သားလဲ"

"ဦးမင္းခမ္းနားရဲ့သားပါ"

"ဟုတ္ၿပီ အခုမင္းရဲ့နာမည္က ဘာလဲ"

"ျပၫ့္သ်ွင္"

〰〰📑📑📑〰〰

Part 17 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continuar a ler

Também vai Gostar

435K 20.6K 33
Long ago in the kingdom of Talahan, Queen Isabel, descendent of the great fae queen Azura, gave birth to two girls, Her second children, Atheena and...
652K 54.3K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
9.9M 645K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
512K 27.9K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...