သူ မသိသောအခြားတစ်ဖက်၌ ( Part - 14 )
〰〰〰〰〰
ရုံးကိစ္စနှင့်အလုပ်ရှုပ်နေမိ၍ ဒီရက်ပိုင်းထဲမှာ စိတ်ရောလူရော မောပမ်းနေမိသလို ဆေးမသောက်ဖြစ်သည်ကိုလည်း သတိမထားမိ။
ဆေးကဒ်ကိုမြင်တော့မှ ၅ရက်လောက်မေ့သွားမှန်းသိလိုက်ကာ မြူ ထူပူသွားမိသည်။
ဘယ်လောက်ပဲတင်းမာနေပါစေ၊ ကလေးမယူဖို့တားဆီးထားသော အန်တီခေတ်ကို သတိရလိုက်ကာ မြူသည် ထိတ်လန့်နေမိဆဲ။
"ခမ်း ငါဆေးသောက်ဖို့မေ့သွားတာ ၅ရက်တောင်ရှိပြီ"
မြူကသာ ထူပူနေပေမယ့် ခမ်းက laptopကြည့်မပျက်ဘဲ မေးဆတ်ပြသည်။
ဘာဆန်းလို့လဲဆိုသည့်သဘော…
"ငါ ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ"
ထိုအခါမှ laptopကိုပိတ်ပစ်ပြီး မြူ့ဘက်ကိုလှည့်လာသည့် ခမ်းမျက်နှာက အပြုံးတွေနှင့်ဖြစ်သည်။
သူ့အပြုံးတွေဟာ ကျေနပ်ဝမ်းမြောက်နေတာမို့ မြူတအံ့တဩဖြစ်သွားမိပေမယ့် ခမ်းဟာ မြူ့ကိုဘာမဆိုနားလည်ပေးသူဖြစ်သည်။
မြူဘာလုပ်လုပ် ခေါင်းညိတ်လက်ခံပေးသူ…
"ရတော့လည်းဘာဖြစ်လဲ မြူရာ.. နင်အိမ်မှာပဲနေတော့ပေါ့ ငါ့အတွက်ပိုပြီးတော့တောင် အားဖြစ်သေးတယ်"
"ဘယ်လို!!"
"ငါ့မှာ နင်တစ်ယောက်ပဲရှိတာတောင် ဒီလောက်အလုပ်လုပ်နိုင်နေရင် ကလေးသာရခဲ့လို့ကတော့ ဒီ့ထက်မကပိုလုပ်နိုင်မလားပဲ"
"ဟာသတွေမပြောနဲ့ ခမ်း အန်တီခေတ်မှာထားတာလည်း နင်သိရဲ့သားနဲ့"
"သားအချစ် မြေးအနှစ်တဲ့ စိတ်ဆိုးလည်းခဏပဲဟာကို စိတ်ညစ်မနေနဲ့ မြူရယ် ထားလိုက်တော့ ရတယ်ဆိုလည်းယူမယ်ကွာ"
"အဲ့ဒီတော့ ငါကဆေးသောက်ရမှာလား မသောက်ရဘူးလား"
ခမ်းကရယ်ပြီး မြူ့လက်ကလေးကိုဆွဲကာ နဖူးကိုငုံ့နမ်းပြီး ဆံပင်တွေထဲမျက်နှာနှစ်ထားသည်။
တစ်ခါတစ်လေ ကလေးဆန်တတ်သော ခမ်းအပြုအမူတွေကို ရင်ခုန်မိပြီး ပျော်လည်းပျော်မိသည်။
"ပြတ်လက်စနဲ့ မသောက်နဲ့တော့"
"ခမ်းရယ် အန်တီခေတ်က"
"အဲ့ဒီအန်တီခေတ်က ငါ့စကားကိုနားထောင်ဖို့နင့်ကိုမှာထားတယ်မလား ငါ ဒါဆိုဒါလိုက် မြူ
မလိုချင်သေးပေမယ့်ရရင်တော့ယူမှာ နင်လည်းဘာမှမလုပ်ရဘူး ငါ့ကလေးကိုမွေးပေးရမယ် ကြားလား"
"နင်အရမ်းအနိုင်ကျင့်တာပဲ"
မြူ နှုတ်ခမ်းလေးစူပစ်မိတော့ ခမ်းကထိုနှုတ်ခမ်းတွေကို ဖိကပ်နမ်းရင်းရယ်သည်။
"ချစ်တာပါ စဥ်းစားကြည့်ကွာ ကလေးရပြီဆိုဘယ်သူနဲ့ပိုတူမလဲ ငါနဲ့တူရင်ပိုချောမယ် နင်နဲ့တူရင်ချစ်စရာကောင်းမယ်"
"အင်း"
"ယောကျာ်းလေးဆိုရင် ပြည့်သျှင်လို့ပေးပြီး မိန်းကလေးမွေးရင် မြူခမ်းနားလို့ပေးမယ်"
"ဟင်! မကြိုက်ပါဘူး မြူခမ်းနားဆိုတာကြီး"
"အဲ့ဒါဆို နင့်နာမည်တော့ပါအောင်ပေးရမယ် နှင်းသခင်ဖြစ်ဖြစ်ကွာ ဘယ်လိုလဲ"
"နင် ဘာလေးလိုချင်လဲ ခမ်း"
မြူ ပြုံးစိစိလေးမေးလိုက်တော့ ခမ်းက ခေါင်းလေးခါပြီး မြူ့ဗိုက်ချပ်ချပ်ကလေးကို လက်ဖဝါးနှင့်ပွတ်သပ်ကာ…
"ဘာလေးဖြစ်ဖြစ်ရတယ် ငါချစ်ပြီးသား"
"ငါက ယောကျာ်းလေးလိုချင်တာ ဒါမှနင့်နေရာကို နေရာယူနိုင်မှာပေါ့ ပြည့်သျှင်ဆိုတဲ့နာမည်လည်းကြိုက်တယ်"
"အဲ့ဒါဆို သေချာသွားအောင် ထပ်ကြိုးစားမလား"
"နင်နော် အလုပ်တွေက"
"အဲ့ဒါတွေက နောက်မှလုပ်လည်းရတယ်"
မြူ့ရဲ့မှားယွင်းပေါ့ဆမှုကို အပြစ်မမြင်သလို သူကိုယ်တိုင်ကပါ လိုလိုချင်ချင်ဖြစ်နေသည်ဆိုမှတော့ မြူ့စိတ်ထဲပေါ့ပါးသွား၏။
မြူ့စိတ်ထဲမှာသာရှိသော အကြံအစည်ကိုတော့ ခမ်းရိပ်မိလို့မဖြစ်သလို ခမ်းရဲ့တားဆီးသံတွေ၊ အမိန့်သံတွေကြောင့်လည်း တွန့်ဆုတ်သွားမှာမဟုတ်မှန်း မြူ့ကိုယ်မြူသိနေ
သည်။
〰〰📑📑📑〰〰
ဆေးခန်းကိုသွားဖို့ ဘယ်သူမှမသိအောင်ခိုးထွက်လာရင်း ဆေးခန်းမှာလူများနေသည်မို့ မြူစိတ်ညစ်သွားသည်။
ခမ်းပြောပြီးကတည်းက ဆေးမသောက်တော့သည်မှာကြာပြီမို့ အန်ချင်သလိုဖြစ်လာသည်မှာလည်း ခဏခဏ။
အိမ်မှာလည်း ဆီးစစ်တံသုံးခဲ့ပြီးပေမယ့် သေချာအောင် ဆေးခန်းကိုထပ်ရောက်လာခြင်းဖြစ်သည်။
"မြူနှင်းလွှာ ဝင်လို့ရပါပြီ"
မြူ့နာမည်ခေါ်လိုက်သည်နှင့် မြူဆေးခန်းထဲဝင်လာခဲ့ကာ ဒေါက်တာမေးသမျှကိုဖြေရင်း ဒေါက်တာက မြူ့ရဲ့ဆေးအဖြေစာရွက်ကလေးကိုကြည့်ရင်း ပြုံးကာ…
"Congratulationပါ ကိုယ်ဝန်က ၃ပတ်ထဲရောက်နေပါပြီ"
မြူပျော်သွားမိကာ ခမ်းကိုဖုန်းဆက်ဖို့အကြံဖြစ်သွားပေမယ့် မျက်နှာချင်းဆိုင်ပြောချင်တာမို့ မပြောတော့ဘဲ အိမ်ပြန်လာခဲ့သည်။
အိမ်ကိုပြန်ရောက်တော့ အိမ်ရှေ့မှာ မိုးသက်နှင်းရဲ့ကားက ဆီးကြိုနေ၍ မြူ့စိတ်ထဲတမျိုးဖြစ်သွား၏။
"မြူ ခဏ"
အန်တီခေတ် လှမ်းခေါ်လိုက်၍ ဘယ်လိုမှရှောင်မရမှန်းသိလိုက်ကာ ဧည့်ခန်းကို မြူရောက်လာသည်။
မြူ ဝင်မထိုင်တော့ဘဲ ဒီအတိုင်းရပ်နေလိုက်သည်ကိုလည်း အန်တီခေတ်က မော့ကြည့်ကာ ထိုင်ပါလို့လည်းမပြော။
"ဘယ်ကပြန်လာတာလဲ"
"ဆေးခန်းကပါ မြူ ဆေးသောက်ဖို့မေ့မေ့နေလို့ ဆေးသွားထိုးလာတာပါ"
"မြူ ပုဂံကိုသွားဖို့ကိစ္စ"
"မြူသွားစရာမလိုဘူးလို့ ခမ်းကပြောထားပါတယ် အန်တီခေတ်"
မြူ့စကားတွေ သွက်လက်ရဲတင်းနေသလိုဟု ကိုယ့်ကိုယ်ကိုထင်မိသလို အန်တီခေတ်ကလည်း မနှစ်မြို့သလိုကြည့်၏။
မိုးသက်နှင်းကတော့ တစ်ချက်ရယ်ကာ…
"ဘဝမေ့သွားပြီပဲ"
ဟု မြူကြားအောင် ခနဲ့စကားပြောလေသည်။
"ဘဝမေ့တာမဟုတ်ပါဘူး မြူ့ဘဝကိုခမ်းပိုင်ပါတယ် ခမ်းလွှတ်တာမဟုတ်ဘဲနဲ့တော့ မသွားချင်ပါဘူး ဒါက အန်တီခေတ်ရဲ့စကားကို နားမထောင်တာမဟုတ်သလို ခမ်းကိုလည်း ကလန်ကဆန်မလုပ်ချင်တာပါ"
"ထင်ထားတာထက်တောင် ပိုပြီးဉာဏ်ကောင်းလာတာပဲ မြူရယ် ထိုင်ပါဦး အန်တီတို့တိုင်ပင်စရာရှိတယ်"
မြူ ငြင်းဆန်ပစ်လိုက်ချင်ပေမယ့် ကိုယ့်အကြံအစည်နှင့်ကိုယ်မို့ နှုတ်ဆိတ်နေလိုက်ရင်း ဝင်ထိုင်လိုက်သည်။
မြူ့မှာကိုယ်ဝန်ရှိနေတာ ဘယ်သူ့ကိုမှလည်းမပြောရသေးသလို ဒါသည် အန်တီခေတ်ကို အထိရောက်ဆုံးထိုးနှက်နိုင်မည့် လက်နက်ကောင်းဖြစ်လာနိုင်သည်။
"ခမ်းနဲ့ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား"
"ပြေပါတယ် အန်တီခေတ် အရင်ကထက်နည်းနည်းပိုပြီးအလုပ်များလာတာပဲရှိတာ ဒါပေမယ့် ဒါကအခိုက်အတံ့ပါ"
"ခမ်းနားအပေါ်ကိုရော မြူဘယ်လိုမြင်သလဲ"
မြူ နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်မိသည်။
သေချာတာကတော့ ဒါသည် အန်တီခေတ်နှင့်မြူ့အကြားက စစ်အေးတိုက်ပွဲ၏ စစ်ချီစကားဖြစ်၏။
"ခမ်းက သိပ်တော်တဲ့လူပါ အန်တီခေတ်"
"ဟုတ်တယ် ခမ်းနားကသိပ်တော်တဲ့သူ အဲ့လိုတော်အောင်ပဲ အချိန်ရော၊ငွေရောစက်ပြီးလေ့ကျင့်သင်ကြားပေးခဲ့တာ အန်တီခေတ်က ခမ်းနားအပေါ် ဒီ့ထက်မက အများကြီးမျှော်လင့်ထားတာ
အခုထက် ပိုပြီးအောင်မြင်တဲ့ဘဝမျိုးကိုရောက်ဖို့ မြူ့ဘက်ကပံ့ပိုးမပေးချင်ဘူးလား"
စကားပရိယာယ်ကြွယ်ဝစွာ ဖြန့်ခင်းလာသော အန်တီခေတ်ကြောင့် မြူအသက်ရှုကြပ်သွားသလိုခံစားလိုက်ရသည်။
ကြုံခဲ့ဖူးသည့်အတွေ့အကြုံအရဆို မြူ့ကို ခမ်းဆီကထွက်သွားဖို့သာဖြစ်ရမည်။
"ပံ့ပိုးပေးချင်ပါတယ်"
ဒါကမြူ့ရဲ့စိတ်ရင်းဖြစ်သည်။
မြူ့အဖြေကြောင့် အန်တီခေတ်က အောင်နိုင်သူတစ်ယောက်လိုပြုံးသည်။
ထိုအပြုံးကို မြူသိလိုက်တာမို့ အေးစက်စက်တစ်ချက်ပြန်ပြုံးလိုက်သည့်အခါ စကားပြောနေခြင်းသည် ဆွေးနွှေးတိုင်ပင်ခြင်းနဲ့မတူတော့ဘဲ လူသတ်ကွင်းတစ်ခုလို အေးစက်ငြိမ်သက်လာ၏။
"ခမ်းနားဘေးမှာ ပါလာတဲ့ဇနီးသည်ကရော သာမာန်ညောင်ညမိန်းကလေးတစ်ယောက်ဖြစ်သင့်ရဲ့လား"
ကြိုတင်မျှော်လင့်ထားပြီးသားစကားဖြစ်ပေမယ့် လက်တွေ့ကြားလိုက်ရတော့ မြူ့ရင်ထဲအောင့်သွားခဲ့သည်။
သို့သော် ဒီဘဝကို မြူကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းမို့ ဘာမှပြန်မပြောတော့ဘဲ ပြုံးလျက်သာနားထောင်နေလိုက်သည်။
"ငယ်ငယ်ကတည်းက သံယောဇဥ်တွေနဲ့ ခမ်းနားက အထင်မှားနေတာ စိတ်ကစားနေတာလို့ပဲ အန်တီကမြင်တယ် မြူ"
"ဒါဆိုဘာလို့ ခမ်းရဲ့ရှေ့မှာ သဘောတူပြခဲ့တာလဲ အန်တီခေတ် အခုလိုအခြေအနေရောက်ခဲ့ပြီးမှ.."
"ဟုတ်တယ် အဲ့ဒါကြောင့်ပဲ မြူ့အတွက်စီစဥ်ထားတာရှိတယ်"
အဝါရောင်ဆီစိမ်စက္ကူဖြင့် ဘာတွေထည့်ထားသလဲမသိသော စာအိတ်တစ်အိတ်ကို မြူ့ရှေ့ထိုးပေးလာ၍ မြူတစ်ချက်ငုံ့ကြည့်လိုက်မိသည်။
အနီရောင်ကတ္တီပါဘူးလေးတစ်ဘူးကိုပါ စာအိတ်ပေါ်ချပေးထားတာမို့ ရတနာတစ်ခုခုဖြစ်လောက်သည်။
"ရှမ်းအရှေ့ပိုင်းက ကော်ဖီခြံနှစ်ခြံနဲ့ ကလောကအိမ်နဲ့ခြံကို မြူ့နာမည်နဲ့လုပ်ထားတဲ့လွှဲပြောင်းမှုစာချုပ် ဒါကတော့ အန်တီခေတ်တို့မိသားစုရဲ့ ချွေးမအစဥ်အဆက်ပိုင်ခဲ့တဲ့စိန်ထည်တွေ အားလုံးမြူ့အတွက်ပဲ"
များလှချေလား…
မြူ အသံလေးထွက်အောင်ရယ်လိုက်ရင်း ဆံပင်တွေကို ခါပစ်လိုက်သည်။
စာချုပ်တွေရော၊ ကတ္တီပါဘူးကိုပါ အန်တီခေတ်ဘက်ပြန်တိုးပေးလိုက်ပြီး ခေါင်းခါပြလိုက်သည်။
"မြူ့အတွက်မလိုပါဘူး မြူက ခမ်းဆီက တန်ဖိုးအကြီးဆုံးအရာတွေ ရထားပြီးပါပြီ ဒီပစ္စည်းလောက်ကိုတော့ မြူ့ခေါင်းထဲစာရင်းမရှိပါဘူး"
အန်တီခေတ်မျက်နှာပျက်သွားတော့ မြူက ရယ်နေခြင်းကိုရပ်ကာ ထရပ်လိုက်ပြီး အန်တီခေတ်ကို ပြန်ကြည့်သည်။
"မြူ့အပေါ် ဒီလိုသဘောထားပေးတဲ့အန်တီခေတ်ရဲ့ ကြင်နာတတ်မှုအတွက် မြူကျေးဇူးတင်ပါတယ် ဒီနေ့ကို အန်တီခေတ် ဘယ်တော့မှမေ့မယ်မထင်ဘူး"
မြူ လှည့်ပြန်လာခဲ့ပြီး အခန်းထဲရောက်မှ သက်ပြင်းချလိုက်သည်။
ဆေးစာရွက်တွေထည့်ထားသော အိတ်ကလေးကိုပြန်ကြည့်မိတော့ အေးစက်စက်အပြုံးတစ်ခုက နှုတ်ခမ်းမှာတွဲခိုမိသလို နာကျင်စိတ်လည်း ဖြစ်မိသည်။
မေမေတို့စွန့်စားရတော့မယ် ကလေးလေးရေ…
〰〰📑📑📑〰〰
Part 15ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~
သူ မသိေသာအျခားတစ္ဖက္၌ ( Part - 14 )
〰〰〰〰〰
ရံုးကိစၥႏွင့္အလုပ္ရႈပ္ေနမိ၍ ဒီရက္ပိုင္းထဲမွာ စိတ္ေရာလူေရာ ေမာပမ္းေနမိသလို ေဆးမေသာက္ျဖစ္သည္ကိုလည္း သတိမထားမိ။
ေဆးကဒ္ကိုျမင္ေတာ့မွ ၅ရက္ေလာက္ေမ့သြားမွန္းသိလိုက္ကာ ျမဴ ထူပူသြားမိသည္။
ဘယ္ေလာက္ပဲတင္းမာေနပါေစ၊ ကေလးမယူဖို႔တားဆီးထားေသာ အန္တီေခတ္ကို သတိရလိုက္ကာ ျမဴသည္ ထိတ္လန္႔ေနမိဆဲ။
"ခမ္း ငါေဆးေသာက္ဖို႔ေမ့သြားတာ ၅ရက္ေတာင္ရိွၿပီ"
ျမဴကသာ ထူပူေနေပမယ့္ ခမ္းက laptopၾကၫ့္မပ်က္ဘဲ ေမးဆတ္ျပသည္။
ဘာဆန္းလို႔လဲဆိုသၫ့္သေဘာ…
"ငါ ကိုယ္ဝန္ရသြားရင္ ဘယ္လိုလုပ္မလဲ"
ထိုအခါမွ laptopကိုပိတ္ပစ္ၿပီး ျမဴ႔ဘက္ကိုလွၫ့္လာသၫ့္ ခမ္းမ်က္ႏွာက အႃပံုးေတြႏွင့္ျဖစ္သည္။
သူ႔အႃပံုးေတြဟာ ေက်နပ္ဝမ္းေျမာက္ေနတာမို႔ ျမဴတအံ့တဩျဖစ္သြားမိေပမယ့္ ခမ္းဟာ ျမဴ႔ကိုဘာမဆိုနားလည္ေပးသူျဖစ္သည္။
ျမဴဘာလုပ္လုပ္ ေခါင္းညိတ္လက္ခံေပးသူ…
"ရေတာ့လည္းဘာျဖစ္လဲ ျမဴရာ.. နင္အိမ္မွာပဲေနေတာ့ေပါ့ ငါ့အတြက္ပိုၿပီးေတာ့ေတာင္ အားျဖစ္ေသးတယ္"
"ဘယ္လို!!"
"ငါ့မွာ နင္တစ္ေယာက္ပဲရိွတာေတာင္ ဒီေလာက္အလုပ္လုပ္ႏိုင္ေနရင္ ကေလးသာရခဲ့လို႔ကေတာ့ ဒီ့ထက္မကပိုလုပ္ႏိုင္မလားပဲ"
"ဟာသေတြမေျပာနဲ႔ ခမ္း အန္တီေခတ္မွာထားတာလည္း နင္သိရဲ့သားနဲ႔"
"သားအခ်စ္ ေျမးအႏွစ္တဲ့ စိတ္ဆိုးလည္းခဏပဲဟာကို စိတ္ညစ္မေနနဲ႔ ျမဴရယ္ ထားလိုက္ေတာ့ ရတယ္ဆိုလည္းယူမယ္ကြာ"
"အဲ့ဒီေတာ့ ငါကေဆးေသာက္ရမွာလား မေသာက္ရဘူးလား"
ခမ္းကရယ္ၿပီး ျမဴ႔လက္ကေလးကိုဆဲြကာ နဖူးကိုငံု႔နမ္းၿပီး ဆံပင္ေတြထဲမ်က္ႏွာႏွစ္ထားသည္။
တစ္ခါတစ္ေလ ကေလးဆန္တတ္ေသာ ခမ္းအျပဳအမူေတြကို ရင္ခုန္မိၿပီး ေပ်ာ္လည္းေပ်ာ္မိသည္။
"ျပတ္လက္စနဲ႔ မေသာက္နဲ႔ေတာ့"
"ခမ္းရယ္ အန္တီေခတ္က"
"အဲ့ဒီအန္တီေခတ္က ငါ့စကားကိုနားေထာင္ဖို႔နင့္ကိုမွာထားတယ္မလား ငါ ဒါဆိုဒါလိုက္ ျမဴ
မလိုခ်င္ေသးေပမယ့္ရရင္ေတာ့ယူမွာ နင္လည္းဘာမွမလုပ္ရဘူး ငါ့ကေလးကိုေမြးေပးရမယ္ ၾကားလား"
"နင္အရမ္းအႏိုင္က်င့္တာပဲ"
ျမဴ ႏႈတ္ခမ္းေလးစူပစ္မိေတာ့ ခမ္းကထိုႏႈတ္ခမ္းေတြကို ဖိကပ္နမ္းရင္းရယ္သည္။
"ခ်စ္တာပါ စဥ္းစားၾကၫ့္ကြာ ကေလးရၿပီဆိုဘယ္သူနဲ႔ပိုတူမလဲ ငါနဲ႔တူရင္ပိုေခ်ာမယ္ နင္နဲ႔တူရင္ခ်စ္စရာေကာင္းမယ္"
"အင္း"
"ေယာက်ာ္းေလးဆိုရင္ ျပၫ့္သ်ွင္လို႔ေပးၿပီး မိန္းကေလးေမြးရင္ ျမဴခမ္းနားလို႔ေပးမယ္"
"ဟင္! မႀကိဳက္ပါဘူး ျမဴခမ္းနားဆိုတာႀကီး"
"အဲ့ဒါဆို နင့္နာမည္ေတာ့ပါေအာင္ေပးရမယ္ ႏွင္းသခင္ျဖစ္ျဖစ္ကြာ ဘယ္လိုလဲ"
"နင္ ဘာေလးလိုခ်င္လဲ ခမ္း"
ျမဴ ႃပံုးစိစိေလးေမးလိုက္ေတာ့ ခမ္းက ေခါင္းေလးခါၿပီး ျမဴ႔ဗိုက္ခ်ပ္ခ်ပ္ကေလးကို လက္ဖဝါးႏွင့္ပြတ္သပ္ကာ…
"ဘာေလးျဖစ္ျဖစ္ရတယ္ ငါခ်စ္ၿပီးသား"
"ငါက ေယာက်ာ္းေလးလိုခ်င္တာ ဒါမွနင့္ေနရာကို ေနရာယူႏိုင္မွာေပါ့ ျပၫ့္သ်ွင္ဆိုတဲ့နာမည္လည္းႀကိဳက္တယ္"
"အဲ့ဒါဆို ေသခ်ာသြားေအာင္ ထပ္ႀကိဳးစားမလား"
"နင္ေနာ္ အလုပ္ေတြက"
"အဲ့ဒါေတြက ေနာက္မွလုပ္လည္းရတယ္"
ျမဴ႔ရဲ့မွားယြင္းေပါ့ဆမႈကို အျပစ္မျမင္သလို သူကိုယ္တိုင္ကပါ လိုလိုခ်င္ခ်င္ျဖစ္ေနသည္ဆိုမွေတာ့ ျမဴ႔စိတ္ထဲေပါ့ပါးသြား၏။
ျမဴ႔စိတ္ထဲမွာသာရိွေသာ အႀကံအစည္ကိုေတာ့ ခမ္းရိပ္မိလို႔မျဖစ္သလို ခမ္းရဲ့တားဆီးသံေတြ၊ အမိန႔္သံေတြေၾကာင့္လည္း တြန႔္ဆုတ္သြားမွာမဟုတ္မွန္း ျမဴ႔ကိုယ္ျမဴသိေန
သည္။
〰〰📑📑📑〰〰
ေဆးခန္းကိုသြားဖို႔ ဘယ္သူမွမသိေအာင္ခိုးထြက္လာရင္း ေဆးခန္းမွာလူမ်ားေနသည္မို႔ ျမဴစိတ္ညစ္သြားသည္။
ခမ္းေျပာၿပီးကတည္းက ေဆးမေသာက္ေတာ့သည္မွာၾကာၿပီမို႔ အန္ခ်င္သလိုျဖစ္လာသည္မွာလည္း ခဏခဏ။
အိမ္မွာလည္း ဆီးစစ္တံသံုးခဲ့ၿပီးေပမယ့္ ေသခ်ာေအာင္ ေဆးခန္းကိုထပ္ေရာက္လာျခင္းျဖစ္သည္။
"ျမဴႏွင္းလႊာ ဝင္လို႔ရပါၿပီ"
ျမဴ႔နာမည္ေခၚလိုက္သည္ႏွင့္ ျမဴေဆးခန္းထဲဝင္လာခဲ့ကာ ေဒါက္တာေမးသမ်ွကိုေျဖရင္း ေဒါက္တာက ျမဴ႔ရဲ့ေဆးအေျဖစာရြက္ကေလးကိုၾကၫ့္ရင္း ႃပံုးကာ…
"Congratulationပါ ကိုယ္ဝန္က ၃ပတ္ထဲေရာက္ေနပါၿပီ"
ျမဴေပ်ာ္သြားမိကာ ခမ္းကိုဖုန္းဆက္ဖို႔အႀကံျဖစ္သြားေပမယ့္ မ်က္ႏွာခ်င္းဆိုင္ေျပာခ်င္တာမို႔ မေျပာေတာ့ဘဲ အိမ္ျပန္လာခဲ့သည္။
အိမ္ကိုျပန္ေရာက္ေတာ့ အိမ္ေရ႔ွမွာ မိုးသက္ႏွင္းရဲ့ကားက ဆီးႀကိဳေန၍ ျမဴ႔စိတ္ထဲတမ်ိဳးျဖစ္သြား၏။
"ျမဴ ခဏ"
အန္တီေခတ္ လွမ္းေခၚလိုက္၍ ဘယ္လိုမွေရွာင္မရမွန္းသိလိုက္ကာ ဧၫ့္ခန္းကို ျမဴေရာက္လာသည္။
ျမဴ ဝင္မထိုင္ေတာ့ဘဲ ဒီအတိုင္းရပ္ေနလိုက္သည္ကိုလည္း အန္တီေခတ္က ေမာ့ၾကၫ့္ကာ ထိုင္ပါလို႔လည္းမေျပာ။
"ဘယ္ကျပန္လာတာလဲ"
"ေဆးခန္းကပါ ျမဴ ေဆးေသာက္ဖို႔ေမ့ေမ့ေနလို႔ ေဆးသြားထိုးလာတာပါ"
"ျမဴ ပုဂံကိုသြားဖို႔ကိစၥ"
"ျမဴသြားစရာမလိုဘူးလို႔ ခမ္းကေျပာထားပါတယ္ အန္တီေခတ္"
ျမဴ႔စကားေတြ သြက္လက္ရဲတင္းေနသလိုဟု ကိုယ့္ကိုယ္ကိုထင္မိသလို အန္တီေခတ္ကလည္း မႏွစ္ၿမိဳ႔သလိုၾကၫ့္၏။
မိုးသက္ႏွင္းကေတာ့ တစ္ခ်က္ရယ္ကာ…
"ဘဝေမ့သြားၿပီပဲ"
ဟု ျမဴၾကားေအာင္ ခနဲ႔စကားေျပာေလသည္။
"ဘဝေမ့တာမဟုတ္ပါဘူး ျမဴ႔ဘဝကိုခမ္းပိုင္ပါတယ္ ခမ္းလႊတ္တာမဟုတ္ဘဲနဲ႔ေတာ့ မသြားခ်င္ပါဘူး ဒါက အန္တီေခတ္ရဲ့စကားကို နားမေထာင္တာမဟုတ္သလို ခမ္းကိုလည္း ကလန္ကဆန္မလုပ္ခ်င္တာပါ"
"ထင္ထားတာထက္ေတာင္ ပိုၿပီးဉာဏ္ေကာင္းလာတာပဲ ျမဴရယ္ ထိုင္ပါဦး အန္တီတို႔တိုင္ပင္စရာရိွတယ္"
ျမဴ ျငင္းဆန္ပစ္လိုက္ခ်င္ေပမယ့္ ကိုယ့္အႀကံအစည္ႏွင့္ကိုယ္မို႔ ႏႈတ္ဆိတ္ေနလိုက္ရင္း ဝင္ထိုင္လိုက္သည္။
ျမဴ႔မွာကိုယ္ဝန္ရိွေနတာ ဘယ္သူ႔ကိုမွလည္းမေျပာရေသးသလို ဒါသည္ အန္တီေခတ္ကို အထိေရာက္ဆံုးထိုးႏွက္ႏိုင္မၫ့္ လက္နက္ေကာင္းျဖစ္လာႏိုင္သည္။
"ခမ္းနဲ႔ အလုပ္လုပ္ရတာ အဆင္ေျပရဲ့လား"
"ေျပပါတယ္ အန္တီေခတ္ အရင္ကထက္နည္းနည္းပိုၿပီးအလုပ္မ်ားလာတာပဲရိွတာ ဒါေပမယ့္ ဒါကအခိုက္အတံ့ပါ"
"ခမ္းနားအေပၚကိုေရာ ျမဴဘယ္လိုျမင္သလဲ"
ျမဴ ႏႈတ္ခမ္းေလးတြန႔္ရံုႃပံုးလိုက္မိသည္။
ေသခ်ာတာကေတာ့ ဒါသည္ အန္တီေခတ္ႏွင့္ျမဴ႔အၾကားက စစ္ေအးတိုက္ပဲြ၏ စစ္ခ်ီစကားျဖစ္၏။
"ခမ္းက သိပ္ေတာ္တဲ့လူပါ အန္တီေခတ္"
"ဟုတ္တယ္ ခမ္းနားကသိပ္ေတာ္တဲ့သူ အဲ့လိုေတာ္ေအာင္ပဲ အခ်ိန္ေရာ၊ေငြေရာစက္ၿပီးေလ့က်င့္သင္ၾကားေပးခဲ့တာ အန္တီေခတ္က ခမ္းနားအေပၚ ဒီ့ထက္မက အမ်ားႀကီးေမ်ွာ္လင့္ထားတာ
အခုထက္ ပိုၿပီးေအာင္ျမင္တဲ့ဘဝမ်ိဳးကိုေရာက္ဖို႔ ျမဴ႔ဘက္ကပံ့ပိုးမေပးခ်င္ဘူးလား"
စကားပရိယာယ္ႂကြယ္ဝစြာ ျဖန႔္ခင္းလာေသာ အန္တီေခတ္ေၾကာင့္ ျမဴအသက္ရႈၾကပ္သြားသလိုခံစားလိုက္ရသည္။
ႄကံုခဲ့ဖူးသၫ့္အေတြ့အႄကံုအရဆို ျမဴ႔ကို ခမ္းဆီကထြက္သြားဖို႔သာျဖစ္ရမည္။
"ပံ့ပိုးေပးခ်င္ပါတယ္"
ဒါကျမဴ႔ရဲ့စိတ္ရင္းျဖစ္သည္။
ျမဴ႔အေျဖၾကောင့္ အန္တီေခတ္က ေအာင္ႏိုင္သူတစ္ေယာက္လိုႃပံုးသည္။
ထိုအႃပံုးကို ျမဴသိလိုက္တာမို႔ ေအးစက္စက္တစ္ခ်က္ျပန္ႃပံုးလိုက္သၫ့္အခါ စကားေျပာေနျခင္းသည္ ေဆြးေနႊးတိုင္ပင္ျခင္းနဲ႔မတူေတာ့ဘဲ လူသတ္ကြင္းတစ္ခုလို ေအးစက္ၿငိမ္သက္လာ၏။
"ခမ္းနားေဘးမွာ ပါလာတဲ့ဇနီးသည္ကေရာ သာမာန္ေညာင္ညမိန္းကေလးတစ္ေယာက္ျဖစ္သင့္ရဲ့လား"
ႀကိဳတင္ေမ်ွာ္လင့္ထားၿပီးသားစကားျဖစ္ေပမယ့္ လက္ေတြ့ၾကားလိုက္ရေတာ့ ျမဴ႔ရင္ထဲေအာင့္သြားခဲ့သည္။
သို႔ေသာ္ ဒီဘဝကို ျမဴကိုယ္တိုင္ေရြးခ်ယ္ခဲ့ျခင္းမို႔ ဘာမျွပန္မေျပာေတာ့ဘဲ ႃပံုးလ်က္သာနားေထာင္ေနလိုက္သည္။
"ငယ္ငယ္ကတည္းက သံေယာဇဥ္ေတြနဲ႔ ခမ္းနားက အထင္မွားေနတာ စိတ္ကစားေနတာလို႔ပဲ အန္တီကျမင္တယ္ ျမဴ"
"ဒါဆိုဘာလို႔ ခမ္းရဲ့ေရ႔ွမွာ သေဘာတူျပခဲ့တာလဲ အန္တီေခတ္ အခုလိုအေျခအေနေရာက္ခဲ့ၿပီးမွ.."
"ဟုတ္တယ္ အဲ့ဒါေၾကာင့္ပဲ ျမဴ႔အတြက္စီစဥ္ထားတာရိွတယ္"
အဝါေရာင္ဆီစိမ္စကၠူျဖင့္ ဘာေတြထၫ့္ထားသလဲမသိေသာ စာအိတ္တစ္အိတ္ကို ျမဴ႔ေရ႔ွထိုးေပးလာ၍ ျမဴတစ္ခ်က္ငံု႔ၾကၫ့္လိုက္မိသည္။
အနီေရာင္ကတၲီပါဘူးေလးတစ္ဘူးကိုပါ စာအိတ္ေပၚခ်ေပးထားတာမို႔ ရတနာတစ္ခုခုျဖစ္ေလာက္သည္။
"ရွမ္းအေရ႔ွပိုင္းက ေကာ္ဖီၿခံႏွစ္ၿခံနဲ႔ ကေလာကအိမ္နဲ႔ၿခံကို ျမဴ႔နာမည္နဲ႔လုပ္ထားတဲ့လႊဲေျပာင္းမႈစာခ်ဳပ္ ဒါကေတာ့ အန္တီေခတ္တို႔မိသားစုရဲ့ ခၽြေးမအစဥ္အဆက္ပိုင္ခဲ့တဲ့စိန္ထည္ေတြ အားလံုးျမဴ႔အတြက္ပဲ"
မ်ားလွေခ်လား…
ျမဴ အသံေလးထြက္ေအာင္ရယ္လိုက္ရင္း ဆံပင္ေတြကို ခါပစ္လိုက္သည္။
စာခ်ဳပ္ေတြေရာ၊ ကတၲီပါဘူးကိုပါ အန္တီေခတ္ဘက္ျပန္တိုးေပးလိုက္ၿပီး ေခါင္းခါျပလိုက္သည္။
"ျမဴ႔အတြက္မလိုပါဘူး ျမဴက ခမ္းဆီက တန္ဖိုးအႀကီးဆံုးအရာေတြ ရထားၿပီးပါၿပီ ဒီပစၥည္းေလာက္ကိုေတာ့ ျမဴ႔ေခါင္းထဲစာရင္းမရိွပါဘူး"
အန္တီေခတ္မ်က္ႏွာပ်က္သြားေတာ့ ျမဴက ရယ္ေနျခင္းကိုရပ္ကာ ထရပ္လိုက္ၿပီး အန္တီေခတ္ကို ျပန္ၾကၫ့္သည္။
"ျမဴ႔အေပၚ ဒီလိုသေဘာထားေပးတဲ့အန္တီေခတ္ရဲ့ ၾကင္နာတတ္မႈအတြက္ ျမဴေက်းဇူးတင္ပါတယ္ ဒီေန့ကို အန္တီေခတ္ ဘယ္ေတာ့မွေမ့မယ္မထင္ဘူး"
ျမဴ လွၫ့္ျပန္လာခဲ့ၿပီး အခန္းထဲေရာက္မွ သက္ျပင္းခ်လိုက္သည္။
ေဆးစာရြက္ေတြထၫ့္ထားေသာ အိတ္ကေလးကိုျပန္ၾကၫ့္မိေတာ့ ေအးစက္စက္အႃပံုးတစ္ခုက ႏႈတ္ခမ္းမွာတဲြခိုမိသလို နာက်င္စိတ္လည္း ျဖစ္မိသည္။
ေမေမတို႔စြန႔္စားရေတာ့မယ္ ကေလးေလးေရ…
〰〰📑📑📑〰〰
Part 15ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997