သီးသန့်အချစ် || ဘာသာပြန် ||『...

By Rhmjrs_58

666K 95.6K 3.6K

" ကိုယ့်မိသားစုက ကိုယ့်ကို အဲ့လိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ကိုယ်က အပြစ်ရှိစိတ်နဲ့နောင်တတွေကို ခံစားရတ... More

နိဒါန်း
အခန််း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း -၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း ​- ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂ ( ဇာတ်သိမ်း )
အချပ်ပို ၁ : အပိုင်း ၁
အချပ်ပို ၁ : အပိုင်း ၂
အချပ်ပို ၁ : အပိုင်း ၃
အချပ်ပို ၁ : အပိုင်း ၄
အချပ်ပို ၁ : အခန်း ၅
အချပ်ပို ၂
စာကြွင်း

အခန်း - ၁၇

6.7K 1.1K 6
By Rhmjrs_58

『Unicode』

ထိုနေ့ညမှလွဲလျှင် ကျန်းလျိုရှန်းမှာ ဗိုက်နာတာ ထပ် မဖြစ်တော့ပေ။ သူသည်လည်း ဘာမူမမှန်သည့်လုပ်ရပ်မှ မပြပါဘဲနဂိုပုံစံ ပြန်ဖြစ်လာပုံရသည်။

မသိလိုက်ခင်မှာပဲ ရိုက်ကူးရေး​၏ ၁၅ရက်မြောက်ကိုကုန်လွန်ခဲ့ပြီး သူတို့တွေလဲ မြို့တော်သုံးမြို့ကို ဖြတ်သန်းလာခဲ့ပြီပင်။

ဘာစီလိုနာ၌ သူတို့ဟာ ပင်လယ်စာရဖို့ ပင်လယ်ကို ထွက်ခဲ့ကြပြီး အထူးနယ်ခံစတိုင်ဖြစ်သည့် risotto ကိုလည်း လုပ်ခဲ့ကြသည်​။ ကံမကောင်းစွာနှင့် ရှရှီးအိုက်ဟာ ကျန်းလျိုရှန်း​၏ အဖွဲ့ထဲသို့ ဆွဲသွင်းခံလိုက်ရ​၏။ နောက်ဆုံးတွင် သင်္ဘော​၏ထိပ်ဖျားမှအောက်ဆုံးအထိတိုင် ပေါင် ၃၀၊၄၀လောက်လေးသည့် တူနာငါးကို ကိုင်ထားပါသော ကျန်းလျ်ိုရှန်းထံမှအလိုက်ခံနေရချေသည်။ အရင်တစ်ခေါက်က သူ့ကို တိုက်မိတာကြောင့် လက်စားချေတာအဖြစ် သူ့ကို ငါးအား နမ်းခိုင်းချင်နေတာပင်။

သူတို့တွေဟာ အင်ပါယာစတိတ်အဆောက်အဦးနှင့် Time Square၌ တည်ရှိသော နယူးယောခ့်​၏ နာမည်ကြီး ရုပ်ရှင်ဇာတ်ကွင်းများတွင် သူတို့​၏ ကိုယ်ပိုင် Microcinemaကိုလည်း စီစဉ်ခဲ့ကြသည်။ သူတို့​၏ ချမ်းသာသည့်ဖန်တချို့ကခရီးစဉ်အကြောင်း ကြိုသိထားကြ၍ သူတို့ရှိုးရိုက်ကူးချိန်မှာ အထူးတလယ်ပင် Time Squareရှိ ကြော်ငြာဖန်သားပြင်က်ိုရက်အနည်းငယ်မျှ ငှားခဲ့ကြလေသည်။ အမေရိကမှာ ပညာသင်နေကြသော ဖန်များကလဲ ရိုက်ကူးရေးဆိုက်တွေကို စုကာပြည်တွင်းထုတ် သတင်းစာထဲမှာပင် ပါအောင် လုပ်ပေးကြလေသည်။

မျက်စိတမှိတ်အတွင်း ၊ ခရီး​၏ နောက်ဆုံးမှတ်တိုင် : တိုကျိူ အတွက် အချိန်ကို ရောက်ခဲ့လေပြီ။

တစ်ချိန်တည်းမှာပဲ 《အနောက်ဘက်ခရီးတစ်လျှောက်》​၏ ပထမဆုံးအပိုင်းကို တရုတ်မှာ ထုတ်လွှင့်နေပြီဖြစ်​၏။

ထိုညက ကြည့်ရှု့နှုန်းမှာ တဟုန်ထိုးတိုးပွားကာ အမြန်ပင် စံချိန်ချိူးနိုင်ခဲ့သည်။ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှု့သူ အရေအတွက်ဟာ နောက်တစ်နေ့မှာ သန်း၁၀၀ကို တန်းပြီး ကျော်သွားခဲ့သဖြင့် သမိုင်းတစ်လျှောက် လူကြိုက်အများဆုံး ရသစုံရှိုး ဖြစ်လာခဲ့​၏။ ၄င်းကြောင့် ဒါရိုက်တာကျူကျစ်မင်နှင့် ရှီးကွားတီဗွီ​၏ ထိပ်သီးအမှုဆောင်များမှာ ပါးစပ်မပိတ်နိုင်လောက်အောင် ပျော်ရွှင်နေကြချေပြီ။

ပထမပိုင်းထုတ်လွှင့်သည့်အကြောင်းအရာမှာ အဓိကအားဖြင့် သူတို့​၏ ထွက်ခွာရန်အကြိုပြင်ဆင်ကြသည်များနှင့်အင်တာဗျူးတချို့အပြင် အေသင်မြို့ပေါ်က သူတို့ ပထမဆုံးမနက်ခင်း တစ်စွန်းတစ်စမျှဖြစ်လေသည်။ ထုံးစံအတိုင်းကျန်းလျိုရှန်းနှင့် ရှရှီးအိုက်က ရသစုံရှိုးမှာ နာမည်ကြီး စူပါကြယ်ပွင့်တွေအဖြစ် ပထမဆုံးပါဝင်လာတာဖြစ်လို့ အာရုံစိုက်ခံရတာအမြင့်ဆုံးသည်ပင်​။ တစ်ယောက်က နယ်ပယ်တခွင်မှာ အထင်ပေါ်အကျော်ကြားဆုံး အင်အားကြီး ရုပ်ရှင်ဧကရာဇ်ဖြစ်ပြီး ၊ ကျန်တစ်ယောက်က လတ်တလောနှစ်များအတွင်း ထူးချွန်သည့် သီဆိုစွမ်းရည်များဖြင့် လူကြိုက်အများဆုံးအဆိုတော်။ အတူတကွဆိုလျှင် သူတို့နှစ်ယောက်သည် အသက်ရှစ်နှစ်မှ ရှစ်ဆယ်လောက်အထိ ပရိသတ်ထုကြီးကိုလက်ဝါးကြီးအုပ်ထားနိုင်သောကြောင့် ဤရှိုးမှ မပေါက်ကွဲပါကအဓိပ္ပာယ်ရှိတော့မည်မဟုတ်။

အရာအားလုံးက ပရိုဂရမ်အဖွဲ့နှင့် ဧည့်သည်တွေ​၏ မျှော်မှန်းထားသည့်ဘောင်အတွင်းမှာ ဖြစ်ခဲ့သည့်တိုင် မျှော်လင့်မထားသော အရာများလည်း ရှိခဲ့သည်။

" လခွမ်းထဲမှ၊ ရူးပြီပဲ " ရွှီထုံက သူ့ဖုန်းကို စိုက်ကြည့်ရင်း " မောင်လေး၊ နင်တို့နှစ်ယောက်ရဲ့ Topicက တစ်သောင်းကျော်သွားပြီ "

ရှရှီးအိုက်က ခေါင်းကိုက်နေသည်အား ကိုင်ထားရင်း " ကျွန်တော်မသိချင်ပါဘူး။ တကယ်လဲ နားမလည်ဘူး...... "

ပထမဆုံးအပိုင်းတွင် သူနှင့် ကျန်းလျိုရှန်းဟာ မြင်ကွင်းတစ်ခုတည်းအဖြစ် နှစ်ကြိမ်သာပါဝင်ခဲ့သည် ; တစ်ခုက မနက်ခင်း ၊ သူနိူးလာသောအချိန်ကဖြစ်ပြီး ၊ ကျန်တစ်ခုက ကင်မရာနှင့် တစ်စက္ကန့်ခွဲလောက်မျှသာ ရိုက်လိုက်မိသည့် သူတို့လေယာဉ်ပေါ်မှာ အတူတူထိုင်နေကြသည့် အချိန်ကပင်။သို့သော် ပရိုဂရမ်အဖွဲ့က ကိစ္စတွေကိုခလောက်ဆန်ပေးချင်တာကြောင့် နောက်အပိုင်းအတွက် Previewအဖြစ် သူက စကတ်ဝတ်ထားသည့်အခိုက် ကျန်းလျိုရှန်းက သူ့ကိုဝိုင်းပတ်၍ သူ့ဂျာကင်နှင့် ချည်ပေးနေသည့် ပုံရိပ်အား ထည့်သွင်းလိုက်ကြလေသည်။

ရလဒ်ကတော့ အင်တာနက်ကြီး ပေါက်ကွဲတော့တာပင်။

[ အားးးးးးးးးးးးးးးးးး! ခြေအိတ်အဖြူ! ငါသေပြီ ငါသေပြီ ! ငါ ထပ်ပြီးအသက်မရှင်ချင်တော့ဘူး ဝူးဝူးဝူး! ! !]

[ ငါ့ရဲ့နတ်သားလေး ရှီးအိုက်! ဘာလို့ ဒီလောက်တောင် ချစ်စရာကောင်းတာလဲ အားးးးးးးးးးးးးးးးးး! ! ! ရှန်းကောကလဲအရမ်းပဲ နူးညံ့နေတယ်! ! ! ! ! ! ! ]

[ ဒီအတွဲမှာ ချိတ်ပိတ်! ! ! ! ငါ သူတို့လက်ျတွကို တရုတ်ကြိုးထုံးနဲ့ စုထုံးပြီး မင်္ဂလာအိပ်ဆောင်ခန်းထဲ ပို့ပစ်လိုက်တော့မယ်! ! ! ! ! !]

[ လခွမ်း ၊ ဂျာကင်ချည်တာက ဘယ်လို မယ်ရီဆူး ဇာတ်ကွက်လဲ? ? ? ကျန်းလျိုရှန်းက လူတွေကို သောက်ရမ်းဆွဲဆောင်နိုင်မှန်း ငါမသိခဲ့ဘူး ! ဒါက တကယ် ? ! ! !]

[ နင်တို့တွေ နိုးတဲ့အခန်းက တော်တော်ကြီး ချစ်ဖို့ကောင်းနေတယ်ဆိုတာ မတွေ့ဘူးလား ?ရှီးအိုက်က အိပ်ရာစောစောထရတာမကြိုက်တဲ့လူမှန်း ရှန်းကောက ဘယါလိုသိတာလဲ? ! သူတို့တွေ ပြီးများ—:0000000000000000000]

[ ဒါပေါ့! ပြီးတော့ လေယာဉ်ပေါ်က အပိုင်းကိုကြည့်ဦး! သူတို့တွေ အချင်းချင်း ဘာကိုတိုးတိုးပြောနေကြတာလဲ ? ! ! ! ထုတ်ပြောလိုက်စမ်းပါ ၊ ရှန်းအိုက်ဖန်ဂဲလ်လေးတွေလဲ ကြားခွင့်ပေးလေ! ! !]

ရှရှီးအိုက်မှာ ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ထားမိ။သို့သော် ပထမပိုင်း ထုတ်လွှင့်ပြီးနောက် သူနဲ့ ကျန်းလျိုရှန်း​၏ CP ဖန်တွေ တိုးလာခဲ့တာပင်။ ရက်ပိုင်းလောက်လေးအတွင်းမှာပင် ရှန်းအိုက်ဟူသော ပို့စ် တစ်သောင်းကျော်သွားခဲ့ပြီး ဖန်တွေကဆိုလျှင် တရားဝင် Sloganတွေနဲ့ ရောက်လာကြတော့​၏။

#ချစ်​မယ်ဆိုရင် ​နက်​နက်​ရှိုင်းရှိုင်းချစ်(ရှန်းအိုက်)​ပါ#

သောက်ကျိုးနည်း ? ?

" ဘာတွေဖြစ်နေတာလဲ....ဒါက အစ်မလုံစီစဉ်ထားတာလား ? " ဤသည်မှာ သူတွေးလို့ရတဲ့ တစ်ခုတည်းသောအကြောင်းအရင်းပါပင်။

ကံမကောင်းစွာ ရွှီထုံက ခေါင်းခါပြီး သူ့ထင်ကြေးကို ငြင်းဆိုလာ​၏ : " မထင်ဘူး။ အစ်မလုံက နောက်ပိုင်းတစ်ခုခုနဲ့အရမ်းအလုပ်များနေတာ။ မနေ့က အလုပ်တင်ပြဖို့ ငါသူ့ကို ဖုန်းခေါ်မိတာ သူက နားတောင်မထောင်နိုင်ပဲ အထူးတလယ်ကြီး စိတ်မရှည်နေသလိုပဲ။ သူက ငါတို့ဘက်ကို လုံးဝဂရုမစိုက်တော့သလို ခံစားရတယ်။ CPကို ကူဘီးတပ်ပေးဖို့ အားအင်ဖြုန်းနိုင်ချေကတော့ ပိုနည်းတယ် "

ရှရှီးအိုက်မှာ ပဟေဠိဖြစ်သွားကာ : " အစ်မလုံက ဒီပရိုဂရမ်မှာ အများကြီး အာရုံစိုက်ထားတာမဟုတ်ဘူးလား?.....ဘာတွေဖြစ်ကုန်တာလဲ ? "

" တကယ်တော့ မထူးဆန်းပါဘူး " ရွှီထုံကဆိုသည်။ " နင်ရော ကျန်းလျိုရှန်းရောက နာမည်အရမ်းကြီးပြီး ချောကြတယ်လေ၊ ဖန်တွေကြားမှလဲ ပဋိပက္ခကြီးကြီးမားမား ရှိတဲ့ပုံမပေါ်ဘူး။ အများစုက နင်တို့နှစ်ယောက်လုံးရဲ့ ဖန်တွေပဲဆိုတော့CPဖန်အဖြစ် ကူးဖို့ လွယ်ကူသွားတာပေါ့ "

" ဒါပေမယ့် ကျွန်တော်မှ သူနဲ့ CPအတွဲမဖြစ်ချင်တာ......"

သူဟာ မည်သူနဲ့မျှ CPအတွဲမဖြစ်ချင်ဘူးလို့ ပြောသင့်သည်ထင်​၏။ သူဟာ သူ့ဘာသာကြောင့် နာမည်ကြီးလာနိုင်ကာတခြားလူနဲ့ တွဲဖို့ မလိုအပ်။

" မောင်လေး၊ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းလေးပဲ လုပ်ရအောင်။တကယ်တော့ ဒါက နင့်အတွက်ကောင်းတာလေ။နင်ကအခုထက်ထိ ဦးမော့နေဆဲဖြစ်တုန်းမို့ စမ်းတင်ဖို့လိုပြီး ကျန်းလျိုရှန်းက အဲ့ဒါရဲ့ အမိုက်ဆုံးအရင်းအမြစ်ကြီးနော်။ ဘာမှသိပ်မရှိတဲ့ယိုချင်တောင် သူ့ပေါင်ကို ဖက်ထားနိုင်ရုံနဲ့ ဘာမှမဟုတ်တာကနေ ထိပ်ဆုံးကတစ်ယောက်ဖြစ်သွားနိုင်တယ်။နင်က စွမ်းရည်လဲရှိသလို ရုပ်ရည်လဲရှိတာပဲ၊ ဒီအခွင့်အရေးကို သုံးပြီး ကျန်းလျိုရှန်းလို ထိပ်တန်းအနုပညာရှင်ဖြစ်လာနိုင်တယ် "

ရွှီထုံ့စကားတွေက အကျိုးမရှိမဟုတ်မှန်း သိနေသည့်တိုင် ရှရှီးအိုက်ဟာ သူ့ကိုယ်ပိုင်အတွေးလေးနဲ့ အတိုက်အခံလုပ်ချင်နေတုန်းပင် :

ကျန်းလျိူရှန်းနဲ့ ရှင်းရှင်းလင်းလင်း မျဉ်းဆွဲထားဖို့ အချိန်ကျလာပြီ။

သူတို့ရဲ့ နောက်ဆုံးရိုက်ကူးရေးက တိုကျို၊ဂင်းဇ တွင်ဖြစ်ပြီး ဧည့်သည်ခြောက်ယောက်က အဖွဲ့လိုက်လှုပ်ရှားဖို့သော်၎င်း ၊ကိုယ်တိုင်စားဖို့ချက်ပြုတ်ခြင်းသော်၎င်း မပါဝင်ပါဘဲ B&B မှ အနောက်ဘက်သို့ လှည့်လည်သွားလာရုံသာဖြစ်သည်။လမ်းတစ်လျှောက်၌ သူတို့က ခရီးအကြောင်းစကားစမြည်ပြောဆိုရင်း လမ်းဘေးစားဖွယ်တို့ကို ရှာဖွေကြမည်ပင်။

ကျန်းလျိုရှန်းက အိမ်နီးချင်းဂျပန်မှာ အတော်လေးလူသိများတာကြောင့် သိုသိုသိပ်သိပ်လေးနေရန် တမင်ပင်နေကာမျက်မှန်တပ်ထားလေသည်။မည်သို့ဖြစ်စေ သူ​၏ အရပ်နှင့်ထင်ရှားလှသော ကိုယ်နေဟန်ထားတို့အပြင် ကင်မရာမန်းတွေက ဝန်းရံထားတာကြောင့် သူဖုံးချင်ရင်တောင် ဖုံးလို့မရပါချေ။ အော်သံတွေက လမ်းတစ်ဖက်မှ တစ်ဖက်အထိပဲ့တင်ထပ်နေပြီး ရိုက်ကူးရေးကို တော်တော်ထိခိုက်လာခဲ့​၏။

အဖွဲ့သားများဟာ လမ်းကြိုလမ်းကြားပြောင်း၍ ဝန်ထမ်းအများစုကို ဖယ်ထုတ်ပစ်ခဲ့ရပြီး လူအုပ်ထဲရောထွေးရန် ကင်မရာအသေးနှစ်လုံးနှင့် ကင်မရာမန်းနှစ်ယောက်ကိုသာချန်ထားကာ လျှို့ဝှက်စွာရိုက်ကူးခဲ့ကြရ​၏။ထို့အပြင် သူတို့ကိုယ်တိုင်ရိုက်ကူးနိုင်ရန် ဧည့်သည်များကိုလဲ ရိုက်ကူးရာမှာ ပိုလက်တွေ့ဆန်သည့် လက်ကိုင်ကင်မရာတွေ ပေးခဲ့ချေသည်။

လူအုပ်ကြီး စုဝေးမနေတော့သောအခါ ပတ်ဝန်းကျင်က ပို စိတ်အပန်းပြေလာပြီး ၊ အမြဲတစေ သွေးအေးတတ်သော စူးကျစ်ပင်လျှင် ပိုစကားပြောလာသည်။

ရှရှီးအိုက်မှာ ယခု ဗိုက်နည်းနည်းဆာနေပြီဖြစ်၍ အမြန် စားစရာရှာချင်လာ​၏။ သူ့ခြေလှမ်းတွေက နည်းနည်းမြန်နေကာတခြားသူတွေအထက် အရှေ့ရောက်နေတော့သည်။ သူ လမ်းလျှောက်နေခိုက် ရုတ်တရက် အတားခံလိုက်ရသည်။

" သူငယ်ချင်းလေး ပြုံးပါဦး "

ကျန်းလျိုရှန်းက ဗွီဒီယိုကင်မရာကိုင်ထားပြီး သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလာ​၏။

ရှရှီးအိုက်က လက်ဆန့်၍ ကင်မရာကို ကာလိုက်ပြီး : " မရိုက်နဲ့ "

" ဘာလို့လဲ ? မင်း ဒီနှစ်ရက်အတွင်း အတော်လေး စိမ်းကားလာသလိုပဲနော် " ကျန်းလျိုရှန်းက သူ့ကို ခပ်မြူးမြူးနှင့်ကြည့်လို့လာသည်။

" ကျွန်တော်က ဘယ်မှာစိမ်းလို့လဲ......"

" အင်း၊ ကိုယ်တွေးကြည့်မယ်။ မင်း ကိုယ်နဲ့ အငြင်းအခုံလဲမဖြစ်တော့သလို မင်းက ပျော်စရာလဲမကောင်းတော့ဘူး "

" ကျွန်တော်က ခင်ဗျားအရုပ်လား ? " ရှရှီးအိုက်က သူ့ကို စိန်းစိန်းဝါးဝါးကြည့်​၏။

ကျန်းလျိုရှန်းက ရယ်လိုက်ပြီး : " ဒါကပဲ ပျော်စရာကောင်းနေတာပေါ့ "

ရှရှီးအိုက်က သူ့ကို ဂရုမစိုက်တော့ပေ။ သူထွက်သွားရန် လျှောက်လာခဲ့သော်လည်း ကျန်းလျိုရှန်းက သူ့နောက်မှအေးအေးလူလူပင် လိုက်ပါလာခဲ့​၏ : " မင်း ကိုယ့်ကို ဘာလို့ရှောင်နေတာလဲ ? ကိုယ်မှန်းကြည့်မယ်။ကိုယ်တို့ CPဖန်တွေတိုးလာတာကိုမြင်ပြီး ကယောင်ခြောက်ခြားတွေ ဖြစ်လာတာများလား ? မင်းဖန်တွေ ကူးသွားမှာကို စိတ်ပူနေတာပေါ့ ? ဒါဆိုလဲ မင်း စိတ်ပူနေစရာမလိုဘူး။ ကိုယ်တို့နှစ်ယောက်ကြားက ကျော်ကြားတဲ့အကွာအဟအရ ကိုယ်ကသာ ဖန်ပိုဆုံးရှူံးရမဲ့သူပါကွာ။ ဟင်း... ကိုယ်ကံမကောင်းတာသေချာတယ်။ ဖန်တွေဆုံးရှူံးရတာတောင် ချာတိတ်လေးကို နှစ်သိမ့်ပေးနေရတုန်းပဲ..... "

ရှရှီးအိုက်မှာ အမြန်လှည့်၍ သူ့​၏ ပေါက်ကရတွေ-ထွက်နေသော ပါးစပ်ကို ပိတ်လိုက်ပြီး အထိတ်တလန့်ဖြင့် ဟိုဟိုသည်သည်ကြည့်လိုက်မိသည်။ ကံကောင်းစွာနဲ့ သူတို့နှစ်ယောက်က မြန်မြန်လျှောက်လာကြတာမို့ ကျန်လေးယောက်ကအနောက်မှာ စကားပြောနေကြဆဲ။

" ပေါက်ကရတွေ ပြောမနေနဲ့.....ကင်မရာမန်းတွေကရှိနေတုန်းပဲ။ကျွန်တော်တို့စကားပြောတာ ရိုက်မိသွားလိမ့်မယ် !! "

" မပူပါနဲ့ ၊ ကိုယ် သူတို့ကို ဖြတ်ထုတ်ခိုင်းလို့ရတယ်...ဒါပေမယ့်——" ကျန်းလျိုရှန်းက သူ့လက်ကို ဆွဲဖယ်လိုက်ပြီးကျီစယ်ဟန်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြကာ " မင်း ကိုယ့်ပါးစပ်ကို ပိတ်လိုက်တဲ့အခန်းကတော့ ကိုယ် ဖြတ်ခိုင်းမှာ မဟုတ်ဘူး။ CPတွေ နောက်တစ်သုတ်ထက်တိုးလာတဲ့အထိ စောင့်လိုက်ဦးပေါ့ ချာတိတ် "

ရှရှီးအိုက်က အဆောတလျင်ပင် : " ကျွန်တော်တကယ် ခင်ဗျားနဲ့ CP အတွဲမဖြစ်ချင်ဘူး။ ဖန်တွေ လျော့မှာလဲ စိတ်ပူမနေဘူး။ ဒီတိုင်း ကျွန်တော်က... ကျွန်တော်က မဖြစ်ချင်ရုံပဲ ! "

ထိုသို့ကြားလျှင် ကျန်းလျိုရှန်းမှာ နားလည်ရခက်စွာပင် စိတ်မကြည်မသာဖြစ်သွားရ​၏။ အမြဲတမ်းလိုလို တခြားသူတွေက သူနဲ့ တွဲပေးစေချင်ကြသည်ချည်းသာဖြစ်ပြီး သူနဲ့ ဘာမှ မဆိုင်လိုသူတစ်ယောက်ကို ပထမဆုံးတွေ့ဖူးတာဖြစ်သည်။

" မင်း ကိုယ့်ကို အဲ့လောက်တောင်မုန်းတာလား ? ဒါဆို မင်းက ဘယ်သူနဲ့ တွဲစေချင်တာလဲ? စူးကျစ်လား​ ? သူကအိမ်ထောင်ရှိ အမျိုးသမီးနော် ၊ မင်း သူမနဲ့ တွဲချင်နေတာဆိုရင် ချက်ချင်း ကျရှူံးမှာပဲ "

" ကျွန်တော် ဘယ်သူနဲ့မှ မတွဲချင်နေဘူး။ ဒီတိုင်း တစ်ယောက်တည်းပဲ နေချင်တာ "

ကျန်းလျိုရှန်း​၏ စိတ်အစဉ်မှာ အနည်းငယ် မြင့်တက်လာပြီး သူ့ပုခုံးကို လက်မောင်းနှင့်ဖက်ပစ်လိုက်လေ​၏။သူက ရှရှီးအိုက်အား သူ့ဘက်ဆွဲယူကာ အသံတိုးတိုးနှင့် ပြောသည် : " မင်းက အရမ်းဖြောင့်မတ်နေမှတော့ ကိုယ်မင်းကို မှန်တာလေတစ်ခုပြောပြမယ်။ တစ်ဖက်မှာ ကိုယ်က ဒီအခွင့်အရေးကနေ " ရှန်းချင် " CPကို လုံးဝ ဖျက်ဆီးပစ်ပြီး အဲ့ဒီကလေး, ယိုချင်ကို ခါထုတ်ပစ်တော့မလို့..... "

" ခင်ဗျားက ကျွန်တော့်ကို အသုံးချနေတာလား ? " ရှရှီးအိုက်မှာ အချက်ပေးသံညံသွားပြီး " ခင်ဗျားက ဒီလောက်အားကြီးနေတာပဲ ၊ ဒီတိုင်း သူ့ကိုပဲ တိုက်ရိုက်သတိပေးလိုက်ပါလား ? "

" ကျစ်၊ ကိုယ့်ညီမက သူ့ကို ကြိုက်နေလို့ပေါ့ကွာ။ သူမသာ သိသွားရင် ကိုယ့်ကို အပြစ်တင်မှာမို့ ညစ်ပတ်တဲ့အလုပ်လေးကို တခြားတစ်ယောက်နဲ့လုပ်ဖို့လိုတယ် "

ရှရှီးအိုက်မှာ ခေါင်းမွေးများပင် ထောင်လာသလို : " ဒါဆိုလဲ ခင်ဗျားဘာလို့ တခြားသူကို မရှာလဲ ? ကျွန်တော့်ကို အသုံးချပြီးရင် ၊ ခင်ဗျားက " အဆုံးသတ် " ပေးတော့မှာမလား ? "

" မင်းဘာတွေတွေးနေတာတုန်း ? ကိုယ်က အဲ့လိုလူမျိုးနဲ့ တူနေလို့လား ? " ကျန်းလျိုရှန်းက ဆက်ပြောသည် : " တစ်ဖက်ကတော့ မင်းရဲ့ အစောပိုင်းက ဂရုစိုက်မှုအတွက် ကိုယ်က ပြန်ပေးဆပ်တာလေ။ ကိုယ်က ကြင်နာမှုကို ပြန်ပေးဆပ်တတ်တဲ့သူပါ။ ဒီလိုစမ်းတင်တဲ့လှိုင်းကို တခြားသူတွေဆို အခွင့်ကောင်းယူခွင့် မပြုနိုင်ပေမယ့်မင်းကိုတော့ ကိုယ်က ခွင့်ပြုပေးမယ်​။ ဘယ်လိုလဲ ? ကိုယ်မင်းကို ကောင်းကောင်း မဆက်ဆံနေဘူးလား ? "

သူသည်ကား အလေးအနက်ဖြင့် ပြောနေသည့်တိုင် ရှရှီးအိုက်မှာတော့ ဘယ်လိုပင် နားထောင်ရပါစေ တစ်ခုခုက မမှန်သလိုခံစားရ​၏။

ဒီတော့ သူဟာ ကျန်းလျိုရှန်းအား အဖြစ်မနေကူပြီး ခလုတ်ကန်သင်းတွေဖယ်ရှားပေးလိုက်ရပေမယ့် အကျိုးခံစားခွင့်ရတဲ့သူလိုလဲ ဆက်ဆံခံနေရသည် ? ဘယ်လို ယုတ္တိမရှိတာကြီးလဲ ?

" ကျွန်တော် ခင်ဗျားကို ကူမှာမဟုတ်ဘူး " သူက ခေါင်းလှည့်၍ ပြန်လျှောက်သွားတော့​၏။

" တကယ်လို့ မင်း ဒီတစ်ခါ ကိုယ့်ကိုကူရင် " ကျန်းလျိုရှန်းအသံက အနောက်မှ ထွက်လာသည် : " ကိုယ့်ရဲ့ လာမယ့်ရုပ်ရှင်အတွက် အဖွင့်သီချင်းကို တာဝန်ယူရမဲ့သူ ဖြစ်လာလိမ့်မယ်။ "

__________________________________________________________________________

『Zawgyi』

ထိုေန႔ညမွလြဲလၽွင္ က်န္းလ်ိဳရွန္းမွာ ဗိုက္နာတာ ထပ္ မျဖစ္ေတာ့ေပ။ သူသည္လည္း ဘာမူမမွန္သည့္လုပ္ရပ္မွ မျပပါဘဲ နဂိုပုံစံ ျပန္ျဖစ္လာပုံရသည္။

မသိလိုက္ခင္မွာပဲ ရိုက္ကူးေရး​၏ ၁၅ရက္ေျမာက္ကိုကုန္လြန္ခဲ့ၿပီး သူတို႔ေတြလဲ ၿမိဳ႕ေတာ္သုံးၿမိဳ႕ကို ျဖတ္သန္းလာခဲ့ၿပီပင္။

ဘာစီလိုနာ၌ သူတို႔ဟာ ပင္လယ္စာရဖို႔ ပင္လယ္ကို ထြက္ခဲ့ၾကၿပီး အထူးနယ္ခံစတိုင္ျဖစ္သည့္ risotto ကိုလည္း လုပ္ခဲ့ၾကသည္​။ ကံမေကာင္းစြာႏွင့္ ရွရွီးအိုက္ဟာ က်န္းလ်ိဳရွန္း​၏ အဖြဲ႕ထဲသို႔ ဆြဲသြင္းခံလိုက္ရ​၏။ ေနာက္ဆုံးတြင္ သေဘၤာ​၏ ထိပ္ဖ်ားမွေအာက္ဆုံးအထိတိုင္ ေပါင္ ၃၀၊၄၀ေလာက္ေလးသည့္ တူနာငါးကို ကိုင္ထားပါေသာ က်န္းလ်္ိုရွန္းထံမွ အလိုက္ခံေနရေခ်သည္။ အရင္တစ္ေခါက္က သူ႔ကို တိုက္မိတာေၾကာင့္ လက္စားေခ်တာအျဖစ္ သူ႔ကို ငါးအားနမ္းခိုင္းခ်င္ေနတာပင္။

သူတို႔ေတြဟာ အင္ပါယာစတိတ္အေဆာက္အဦးႏွင့္ Time Square၌ တည္ရွိေသာ နယူးေယာခ့္​၏ နာမည္ႀကီး ႐ုပ္ရွင္ဇာတ္ကြင္းမ်ားတြင္ သူတို႔​၏ ကိုယ္ပိုင္ Microcinemaကိုလည္း စီစဥ္ခဲ့ၾကသည္။ သူတို႔​၏ ခ်မ္းသာသည့္ဖန္တခ်ိဳ႕က ခရီးစဥ္အေၾကာင္း ႀကိဳသိထားၾက၍ သူတို႔ရွိုးရိုက္ကူးခ်ိန္မွာ အထူးတလယ္ပင္ Time Squareရွိ ေၾကာ္ျငာဖန္သားျပင္က္ိုရက္အနည္းငယ္မၽွ ငွားခဲ့ၾကေလသည္။ အေမရိကမွာ ပညာသင္ေနၾကေသာ ဖန္မ်ားကလဲ ရိုက္ကူးေရးဆိုက္ေတြကိုစုကာ ျပည္တြင္းထုတ္ သတင္းစာထဲမွာပင္ ပါေအာင္ လုပ္ေပးၾကေလသည္။

မ်က္စိတမွိတ္အတြင္း ၊ ခရီး​၏ ေနာက္ဆုံးမွတ္တိုင္ : တိုက်ိဴ အတြက္ အခ်ိန္ကို ေရာက္ခဲ့ေလၿပီ။

တစ္ခ်ိန္တည္းမွာပဲ 《အေနာက္ဘက္ခရီးတစ္ေလၽွာက္》​၏ ပထမဆုံးအပိုင္းကို တ႐ုတ္မွာ ထုတ္လႊင့္ေနၿပီျဖစ္​၏။

ထိုညက ၾကည့္ရွု႔ႏွုန္းမွာ တဟုန္ထိုးတိုးပြားကာ အျမန္ပင္ စံခ်ိန္ခ်ိဴးနိုင္ခဲ့သည္။ အြန္လိုင္းတိုက္ရိုက္ထုတ္လႊင့္မွု ၾကည့္ရွု႔သူ အေရအတြက္ဟာ ေနာက္တစ္ေန႔မွာ သန္း၁၀၀ကို တန္းၿပီး ေက်ာ္သြားခဲ့သျဖင့္ သမိုင္းတစ္ေလၽွာက္လူႀကိဳက္အမ်ားဆုံး ရသစုံရွိုး ျဖစ္လာခဲ့​၏။ ၄င္းေၾကာင့္ ဒါရိုက္တာက်ဴက်စ္မင္ႏွင့္ ရွီးကြားတီဗြီ​၏ ထိပ္သီးအမွုေဆာင္မ်ားမွာ ပါးစပ္မပိတ္နိုင္ေလာက္ေအာင္ ေပ်ာ္ရႊင္ေနၾကေခ်ၿပီ။

ပထမပိုင္းထုတ္လႊင့္သည့္အေၾကာင္းအရာမွာ အဓိကအားျဖင့္ သူတို႔​၏ ထြက္ခြာရန္အႀကိဳျပင္ဆင္ၾကသည္မ်ားႏွင့္ အင္တာဗ်ဴးတခ်ိဳ႕အျပင္ ေအသင္ၿမိဳ႕ေပၚက သူတို႔ ပထမဆုံးမနက္ခင္း တစ္စြန္းတစ္စမၽွျဖစ္ေလသည္။ ထုံးစံအတိုင္း က်န္းလ်ိဳရွန္းႏွင့္ ရွရွီးအိုက္က ရသစုံရွိုးမွာ နာမည္ႀကီး စူပါၾကယ္ပြင့္ေတြအျဖစ္ ပထမဆုံးပါဝင္လာတာျဖစ္လို႔အာ႐ုံစိုက္ခံရတာအျမင့္ဆုံးသည္ပင္​။ တစ္ေယာက္က နယ္ပယ္တခြင္မွာ အထင္ေပၚအေက်ာ္ၾကားဆုံး အင္အားႀကီး ႐ုပ္ရွင္ဧကရာဇ္ျဖစ္ၿပီး ၊ က်န္တစ္ေယာက္က လတ္တေလာႏွစ္မ်ားအတြင္း ထူးခၽြန္သည့္ သီဆိုစြမ္းရည္မ်ားျဖင့္ လူႀကိဳက္အမ်ားဆုံးအဆိုေတာ္။ အတူတကြဆိုလၽွင္ သူတို႔ႏွစ္ေယာက္သည္ အသက္ရွစ္ႏွစ္မွ ရွစ္ဆယ္ေလာက္အထိ ပရိသတ္ထုႀကီးကို လက္ဝါးႀကီးအုပ္ထားနိုင္ေသာေၾကာင့္ ဤရွိုးမွ မေပါက္ကြဲပါကအဓိပၸာယ္ရွိေတာ့မည္မဟုတ္။

အရာအားလုံးက ပရိုဂရမ္အဖြဲ႕ႏွင့္ ဧည့္သည္ေတြ​၏ ေမၽွာ္မွန္းထားသည့္ေဘာင္အတြင္းမွာ ျဖစ္ခဲ့သည့္တိုင္ ေမၽွာ္လင့္မထားေသာ အရာမ်ားလည္း ရွိခဲ့သည္။

" လခြမ္းထဲမွ၊ ႐ူးၿပီပဲ " ရႊီထုံက သူ႔ဖုန္းကို စိုက္ၾကည့္ရင္း " ေမာင္ေလး၊ နင္တို႔ႏွစ္ေယာက္ရဲ့ Topicက တစ္ေသာင္းေက်ာ္သြားၿပီ "

ရွရွီးအိုက္က ေခါင္းကိုက္ေနသည္အား ကိုင္ထားရင္း " ကၽြန္ေတာ္မသိခ်င္ပါဘူး။ တကယ္လဲ နားမလည္ဘူး...... "

ပထမဆုံးအပိုင္းတြင္ သူႏွင့္ က်န္းလ်ိဳရွန္းဟာ ျမင္ကြင္းတစ္ခုတည္းအျဖစ္ ႏွစ္ႀကိမ္သာပါဝင္ခဲ့သည္ ; တစ္ခုက မနက္ခင္း ၊ သူနိူးလာေသာအခ်ိန္ကျဖစ္ၿပီး ၊ က်န္တစ္ခုက ကင္မရာႏွင့္ တစ္စကၠန႔္ခြဲေလာက္မၽွသာ ရိုက္လိုက္မိသည့္ သူတို႔ ေလယာဥ္ေပၚမွာ အတူတူထိုင္ေနၾကသည့္ အခ်ိန္ကပင္။သို႔ေသာ္ ပရိုဂရမ္အဖြဲ႕က ကိစၥေတြကိုခေလာက္ဆန္ေပးခ်င္တာေၾကာင့္ ေနာက္အပိုင္းအတြက္ Previewအျဖစ္ သူက စကတ္ဝတ္ထားသည့္အခိုက္ က်န္းလ်ိဳရွန္းက သူ႔ကိုဝိုင္းပတ္၍ သူ႔ဂ်ာကင္ႏွင့္ ခ်ည္ေပးေနသည့္ ပုံရိပ္အား ထည့္သြင္းလိုက္ၾကေလသည္။

ရလဒ္ကေတာ့ အင္တာနက္ႀကီး ေပါက္ကြဲေတာ့တာပင္။

[ အားးးးးးးးးးးးးးးးးး! ေျခအိတ္အျဖဴ! ငါေသၿပီ ငါေသၿပီ ! ငါ ထပ္ၿပီးအသက္မရွင္ခ်င္ေတာ့ဘူး ဝူးဝူးဝူး! ! !]

[ ငါ့ရဲ့နတ္သားေလး ရွီးအိုက္! ဘာလို႔ ဒီေလာက္ေတာင္ ခ်စ္စရာေကာင္းတာလဲ အားးးးးးးးးးးးးးးးးး! ! ! ရွန္းေကာကလဲ အရမ္းပဲ ႏူးညံ့ေနတယ္! ! ! ! ! ! ! ]

[ ဒီအတြဲမွာ ခ်ိတ္ပိတ္! ! ! ! ငါ သူတို႔လက္်တြကို တ႐ုတ္ႀကိဳးထုံးနဲ႔ စုထုံးၿပီး မဂၤလာအိပ္ေဆာင္ခန္းထဲ ပို႔ပစ္လိုက္ေတာ့မယ္! ! ! ! ! !]

[ လခြမ္း ၊ ဂ်ာကင္ခ်ည္တာက ဘယ္လို မယ္ရီဆူး ဇာတ္ကြက္လဲ? ? ? က်န္းလ်ိဳရွန္းက လူေတြကို ေသာက္ရမ္းဆြဲေဆာင္နိုင္မွန္းငါမသိခဲ့ဘူး ! ဒါက တကယ္ ? ! ! !]

[ နင္တို႔ေတြ နိုးတဲ့အခန္းက ေတာ္ေတာ္ႀကီး ခ်စ္ဖို႔ေကာင္းေနတယ္ဆိုတာ မေတြ႕ဘူးလား ?ရွီးအိုက္က အိပ္ရာေစာေစာထရတာမႀကိဳက္တဲ့လူမွန္း ရွန္းေကာက ဘယါလိုသိတာလဲ? ! သူတို႔ေတြ ၿပီးမ်ား—:0000000000000000000]

[ ဒါေပါ့! ၿပီးေတာ့ ေလယာဥ္ေပၚက အပိုင္းကိုၾကည့္ဦး! သူတို႔ေတြ အခ်င္းခ်င္း ဘာကိုတိုးတိုးေျပာေနၾကတာလဲ ? ! ! ! ထုတ္ေျပာလိုက္စမ္းပါ ၊ ရွန္းအိုက္ဖန္ဂဲလ္ေလးေတြလဲ ၾကားခြင့္ေပးေလ! ! !]

ရွရွီးအိုက္မွာ ဒီလိုျဖစ္လာမယ္လို႔ မေမၽွာ္လင့္ထားမိ။သို႔ေသာ္ ပထမပိုင္း ထုတ္လႊင့္ၿပီးေနာက္ သူနဲ႔ က်န္းလ်ိဳရွန္း​၏ CP ဖန္ေတြ တိုးလာခဲ့တာပင္။ ရက္ပိုင္းေလာက္ေလးအတြင္းမွာပင္ ရွန္းအိုက္ဟူေသာ ပို႔စ္ တစ္ေသာင္းေက်ာ္သြားခဲ့ၿပီး ဖန္ေတြကဆိုလၽွင္ တရားဝင္ Sloganေတြနဲ႔ ေရာက္လာၾကေတာ့​၏။

#ခ်စ္​မယ္ဆိုရင္ ​နက္​နက္​ရွိုင္းရွိုင္းခ်စ္(ရွန္းအိုက္)​ပါ#

ေသာက္က်ိဳးနည္း ? ?

" ဘာေတြျဖစ္ေနတာလဲ....ဒါက အစ္မလုံစီစဥ္ထားတာလား ? " ဤသည္မွာ သူေတြးလို႔ရတဲ့ တစ္ခုတည္းေသာအေၾကာင္းအရင္းပါပင္။

ကံမေကာင္းစြာ ရႊီထုံက ေခါင္းခါၿပီး သူ႔ထင္ေၾကးကို ျငင္းဆိုလာ​၏ : " မထင္ဘူး။ အစ္မလုံက ေနာက္ပိုင္းတစ္ခုခုနဲ႔ အရမ္းအလုပ္မ်ားေနတာ။ မေန႔က အလုပ္တင္ျပဖို႔ ငါသူ႔ကို ဖုန္းေခၚမိတာ သူက နားေတာင္မေထာင္နိုင္ပဲအထူးတလယ္ႀကီး စိတ္မရွည္ေနသလိုပဲ။ သူက ငါတို႔ဘက္ကို လုံးဝဂ႐ုမစိုက္ေတာ့သလို ခံစားရတယ္။ CPကို ကူဘီးတပ္ေပးဖို႔ အားအင္ျဖဳန္းနိုင္ေခ်ကေတာ့ ပိုနည္းတယ္ "

ရွရွီးအိုက္မွာ ပေဟဠိျဖစ္သြားကာ : " အစ္မလုံက ဒီပရိုဂရမ္မွာ အမ်ားႀကီး အာ႐ုံစိုက္ထားတာမဟုတ္ဘူးလား?.....ဘာေတြျဖစ္ကုန္တာလဲ ? "

" တကယ္ေတာ့ မထူးဆန္းပါဘူး " ရႊီထုံကဆိုသည္။ " နင္ေရာ က်န္းလ်ိဳရွန္းေရာက နာမည္အရမ္းႀကီးၿပီး ေခ်ာၾကတယ္ေလ၊ ဖန္ေတြၾကားမွလဲ ပဋိပကၡႀကီးႀကီးမားမား ရွိတဲ့ပုံမေပၚဘူး။ အမ်ားစုက နင္တို႔ႏွစ္ေယာက္လုံးရဲ့ ဖန္ေတြပဲဆိုေတာ့ CPဖန္အျဖစ္ ကူးဖို႔ လြယ္ကူသြားတာေပါ့ "

" ဒါေပမယ့္ ကၽြန္ေတာ္မွ သူနဲ႔ CPအတြဲမျဖစ္ခ်င္တာ......"

သူဟာ မည္သူနဲ႔မၽွ CPအတြဲမျဖစ္ခ်င္ဘူးလို႔ ေျပာသင့္သည္ထင္​၏။ သူဟာ သူ႔ဘာသာေၾကာင့္ နာမည္ႀကီးလာနိုင္ကာ တျခားလူနဲ႔ တြဲဖို႔ မလိုအပ္။

" ေမာင္ေလး၊ ဒီကိစၥကို ပြင့္ပြင့္လင္းလင္းေလးပဲ လုပ္ရေအာင္။တကယ္ေတာ့ ဒါက နင့္အတြက္ေကာင္းတာေလ။နင္က အခုထက္ထိ ဦးေမာ့ေနဆဲျဖစ္တုန္းမို႔ စမ္းတင္ဖို႔လိုၿပီး က်န္းလ်ိဳရွန္းက အဲ့ဒါရဲ့ အမိုက္ဆုံးအရင္းအျမစ္ႀကီးေနာ္။ ဘာမွသိပ္မရွိတဲ့ယိုခ်င္ေတာင္ သူ႔ေပါင္ကို ဖက္ထားနိုင္႐ုံနဲ႔ ဘာမွမဟုတ္တာကေန ထိပ္ဆုံးကတစ္ေယာက္ျဖစ္သြားနိုင္တယ္။ နင္က စြမ္းရည္လဲရွိသလို ႐ုပ္ရည္လဲရွိတာပဲ၊ ဒီအခြင့္အေရးကို သုံးၿပီး က်န္းလ်ိဳရွန္းလို ထိပ္တန္းအႏုပညာရွင္ျဖစ္လာနိုင္တယ္ "

ရႊီထုံ႔စကားေတြက အက်ိဳးမရွိမဟုတ္မွန္း သိေနသည့္တိုင္ ရွရွီးအိုက္ဟာ သူ႔ကိုယ္ပိုင္အေတြးေလးနဲ႔ အတိုက္အခံလုပ္ခ်င္ေနတုန္းပင္ :

က်န္းလ်ိဴရွန္းနဲ႔ ရွင္းရွင္းလင္းလင္း မ်ဥ္းဆြဲထားဖို႔ အခ်ိန္က်လာၿပီ။

သူတို႔ရဲ့ ေနာက္ဆုံးရိုက္ကူးေရးက တိုက်ိဳ၊ဂင္းဇ တြင္ျဖစ္ၿပီး ဧည့္သည္ေျခာက္ေယာက္က အဖြဲ႕လိုက္လွုပ္ရွားဖို႔ေသာ္၎ ၊ ကိုယ္တိုင္စားဖို႔ခ်က္ျပဳတ္ျခင္းေသာ္၎ မပါဝင္ပါဘဲ B&B မွ အေနာက္ဘက္သို႔ လွည့္လည္သြားလာ႐ုံသာျဖစ္သည္။ လမ္းတစ္ေလၽွာက္၌ သူတို႔က ခရီးအေၾကာင္းစကားစျမည္ေျပာဆိုရင္း လမ္းေဘးစားဖြယ္တို႔ကိုရွာေဖြၾကမည္ပင္။

က်န္းလ်ိဳရွန္းက အိမ္နီးခ်င္းဂ်ပန္မွာ အေတာ္ေလးလူသိမ်ားတာေၾကာင့္ သိုသိုသိပ္သိပ္ေလးေနရန္ တမင္ပင္ ေနကာမ်က္မွန္တပ္ထားေလသည္။မည္သို႔ျဖစ္ေစ သူ​၏ အရပ္ႏွင့္ထင္ရွားလွေသာ ကိုယ္ေနဟန္ထားတို႔အျပင္ ကင္မရာမန္းေတြက ဝန္းရံထားတာေၾကာင့္ သူဖုံးခ်င္ရင္ေတာင္ ဖုံးလို႔မရပါေခ်။ ေအာ္သံေတြက လမ္းတစ္ဖက္မွ တစ္ဖက္အထိပဲ့တင္ထပ္ေနၿပီး ရိုက္ကူးေရးကို ေတာ္ေတာ္ထိခိုက္လာခဲ့​၏။

အဖြဲ႕သားမ်ားဟာ လမ္းႀကိဳလမ္းၾကားေျပာင္း၍ ဝန္ထမ္းအမ်ားစုကို ဖယ္ထုတ္ပစ္ခဲ့ရၿပီး လူအုပ္ထဲေရာေထြးရန္ကင္မရာအေသးႏွစ္လုံးႏွင့္ ကင္မရာမန္းႏွစ္ေယာက္ကိုသာခ်န္ထားကာ လၽွို႔ဝွက္စြာရိုက္ကူးခဲ့ၾကရ​၏။ထို႔အျပင္ သူတို႔ကိုယ္တိုင္ရိုက္ကူးနိုင္ရန္ ဧည့္သည္မ်ားကိုလဲ ရိုက္ကူးရာမွာ ပိုလက္ေတြ႕ဆန္သည့္ လက္ကိုင္ကင္မရာေတြ ေပးခဲ့ေခ်သည္။

လူအုပ္ႀကီး စုေဝးမေနေတာ့ေသာအခါ ပတ္ဝန္းက်င္က ပို စိတ္အပန္းေျပလာၿပီး ၊ အျမဲတေစ ေသြးေအးတတ္ေသာ စူးက်စ္ပင္လၽွင္ ပိုစကားေျပာလာသည္။

ရွရွီးအိုက္မွာ ယခု ဗိုက္နည္းနည္းဆာေနၿပီျဖစ္၍ အျမန္ စားစရာရွာခ်င္လာ​၏။ သူ႔ေျခလွမ္းေတြက နည္းနည္းျမန္ေနကာ တျခားသူေတြအထက္ အေရွ႕ေရာက္ေနေတာ့သည္။ သူ လမ္းေလၽွာက္ေနခိုက္ ႐ုတ္တရက္ အတားခံလိုက္ရသည္။

" သူငယ္ခ်င္းေလး ျပဳံးပါဦး "

က်န္းလ်ိဳရွန္းက ဗြီဒီယိုကင္မရာကိုင္ထားၿပီး သူ႔ကို မ်က္စိတစ္ဖက္မွိတ္ျပလာ​၏။

ရွရွီးအိုက္က လက္ဆန႔္၍ ကင္မရာကို ကာလိုက္ၿပီး : " မရိုက္နဲ႔ "

" ဘာလို႔လဲ ? မင္း ဒီႏွစ္ရက္အတြင္း အေတာ္ေလး စိမ္းကားလာသလိုပဲေနာ္ " က်န္းလ်ိဳရွန္းက သူ႔ကို ခပ္ျမဴးျမဴးႏွင့္ၾကည့္လို႔လာသည္။

" ကၽြန္ေတာ္က ဘယ္မွာစိမ္းလို႔လဲ......"

" အင္း၊ ကိုယ္ေတြးၾကည့္မယ္။ မင္း ကိုယ္နဲ႔ အျငင္းအခုံလဲမျဖစ္ေတာ့သလို မင္းက ေပ်ာ္စရာလဲမေကာင္းေတာ့ဘူး "

" ကၽြန္ေတာ္က ခင္ဗ်ားအ႐ုပ္လား ? " ရွရွီးအိုက္က သူ႔ကို စိန္းစိန္းဝါးဝါးၾကည့္​၏။

က်န္းလ်ိဳရွန္းက ရယ္လိုက္ၿပီး : " ဒါကပဲ ေပ်ာ္စရာေကာင္းေနတာေပါ့ "

ရွရွီးအိုက္က သူ႔ကို ဂ႐ုမစိုက္ေတာ့ေပ။ သူထြက္သြားရန္ ေလၽွာက္လာခဲ့ေသာ္လည္း က်န္းလ်ိဳရွန္းက သူ႔ေနာက္မွ ေအးေအးလူလူပင္ လိုက္ပါလာခဲ့​၏ : " မင္း ကိုယ့္ကို ဘာလို႔ေရွာင္ေနတာလဲ ? ကိုယ္မွန္းၾကည့္မယ္။ကိုယ္တို႔CPဖန္ေတြ တိုးလာတာကိုျမင္ၿပီး ကေယာင္ေျခာက္ျခားေတြ ျဖစ္လာတာမ်ားလား ? မင္းဖန္ေတြ ကူးသြားမွာကိုစိတ္ပူေနတာေပါ့ ? ဒါဆိုလဲ မင္း စိတ္ပူေနစရာမလိုဘူး။ ကိုယ္တို႔ႏွစ္ေယာက္ၾကားက ေက်ာ္ၾကားတဲ့အကြာအဟအရ ကိုယ္ကသာ ဖန္ပိုဆုံးရွူံးရမဲ့သူပါကြာ။ ဟင္း... ကိုယ္ကံမေကာင္းတာေသခ်ာတယ္။ ဖန္ေတြဆုံးရွူံးရတာေတာင္ ခ်ာတိတ္ေလးကို ႏွစ္သိမ့္ေပးေနရတုန္းပဲ..... "

ရွရွီးအိုက္မွာ အျမန္လွည့္၍ သူ႔​၏ ေပါက္ကရေတြ-ထြက္ေနေသာ ပါးစပ္ကို ပိတ္လိုက္ၿပီး အထိတ္တလန႔္ျဖင့္ ဟိုဟိုသည္သည္ၾကည့္လိုက္မိသည္။ ကံေကာင္းစြာနဲ႔ သူတို႔ႏွစ္ေယာက္က ျမန္ျမန္ေလၽွာက္လာၾကတာမို႔ က်န္ေလးေယာက္ကအေနာက္မွာ စကားေျပာေနၾကဆဲ။

" ေပါက္ကရေတြ ေျပာမေနနဲ႔.....ကင္မရာမန္းေတြကရွိေနတုန္းပဲ။ကၽြန္ေတာ္တို႔စကားေျပာတာ ရိုက္မိသြားလိမ့္မယ္ !! "

" မပူပါနဲ႔ ၊ ကိုယ္ သူတို႔ကို ျဖတ္ထုတ္ခိုင္းလို႔ရတယ္...ဒါေပမယ့္——" က်န္းလ်ိဳရွန္းက သူ႔လက္ကို ဆြဲဖယ္လိုက္ၿပီးက်ီစယ္ဟန္ျဖင့္ မ်က္စိတစ္ဖက္မွိတ္ျပကာ " မင္း ကိုယ့္ပါးစပ္ကို ပိတ္လိုက္တဲ့အခန္းကေတာ့ ကိုယ္ ျဖတ္ခိုင္းမွာ မဟုတ္ဘူး။CPေတြ ေနာက္တစ္သုတ္ထက္တိုးလာတဲ့အထိ ေစာင့္လိုက္ဦးေပါ့ ခ်ာတိတ္ "

ရွရွီးအိုက္က အေဆာတလ်င္ပင္ : " ကၽြန္ေတာ္တကယ္ ခင္ဗ်ားနဲ႔ CP အတြဲမျဖစ္ခ်င္ဘူး။ ဖန္ေတြ ေလ်ာ့မွာလဲ စိတ္ပူမေနဘူး။ ဒီတိုင္း ကၽြန္ေတာ္က... ကၽြန္ေတာ္က မျဖစ္ခ်င္႐ုံပဲ ! "

ထိုသို႔ၾကားလၽွင္ က်န္းလ်ိဳရွန္းမွာ နားလည္ရခက္စြာပင္ စိတ္မၾကည္မသာျဖစ္သြားရ​၏။ အျမဲတမ္းလိုလို တျခားသူေတြက သူနဲ႔ တြဲေပးေစခ်င္ၾကသည္ခ်ည္းသာျဖစ္ၿပီး သူနဲ႔ ဘာမွ မဆိုင္လိုသူတစ္ေယာက္ကို ပထမဆုံးေတြ႕ဖူးတာျဖစ္သည္။

" မင္း ကိုယ့္ကို အဲ့ေလာက္ေတာင္မုန္းတာလား ? ဒါဆို မင္းက ဘယ္သူနဲ႔ တြဲေစခ်င္တာလဲ? စူးက်စ္လား​ ? သူက အိမ္ေထာင္ရွိ အမ်ိဳးသမီးေနာ္ ၊ မင္း သူမနဲ႔ တြဲခ်င္ေနတာဆိုရင္ ခ်က္ခ်င္း က်ရွူံးမွာပဲ "

" ကၽြန္ေတာ္ ဘယ္သူနဲ႔မွ မတြဲခ်င္ေနဘူး။ ဒီတိုင္း တစ္ေယာက္တည္းပဲ ေနခ်င္တာ "

က်န္းလ်ိဳရွန္း​၏ စိတ္အစဥ္မွာ အနည္းငယ္ ျမင့္တက္လာၿပီး သူ႔ပုခုံးကို လက္ေမာင္းႏွင့္ဖက္ပစ္လိုက္ေလ​၏။သူက ရွရွီးအိုက္အား သူ႔ဘက္ဆြဲယူကာ အသံတိုးတိုးႏွင့္ ေျပာသည္ : " မင္းက အရမ္းေျဖာင့္မတ္ေနမွေတာ့ ကိုယ္မင္းကို မွန္တာေလတစ္ခုေျပာျပမယ္။ တစ္ဖက္မွာ ကိုယ္က ဒီအခြင့္အေရးကေန " ရွန္းခ်င္ " CPကို လုံးဝ ဖ်က္ဆီးပစ္ၿပီး အဲ့ဒီကေလး, ယိုခ်င္ကို ခါထုတ္ပစ္ေတာ့မလို႔..... "

" ခင္ဗ်ားက ကၽြန္ေတာ့္ကို အသုံးခ်ေနတာလား ? " ရွရွီးအိုက္မွာ အခ်က္ေပးသံညံသြားၿပီး " ခင္ဗ်ားက ဒီေလာက္ အားႀကီးေနတာပဲ ၊ ဒီတိုင္း သူ႔ကိုပဲ တိုက္ရိုက္သတိေပးလိုက္ပါလား ? "

" က်စ္၊ ကိုယ့္ညီမက သူ႔ကို ႀကိဳက္ေနလို႔ေပါ့ကြာ။ သူမသာ သိသြားရင္ ကိုယ့္ကို အျပစ္တင္မွာမို႔ ညစ္ပတ္တဲ့အလုပ္ေလးကို တျခားတစ္ေယာက္နဲ႔လုပ္ဖို႔လိုတယ္ "

ရွရွီးအိုက္မွာ ေခါင္းေမြးမ်ားပင္ ေထာင္လာသလို : " ဒါဆိုလဲ ခင္ဗ်ားဘာလို႔ တျခားသူကို မရွာလဲ ? ကၽြန္ေတာ့္ကိုအသုံးခ်ၿပီးရင္ ၊ ခင္ဗ်ားက " အဆုံးသတ္ " ေပးေတာ့မွာမလား ? "

" မင္းဘာေတြေတြးေနတာတုန္း ? ကိုယ္က အဲ့လိုလူမ်ိဳးနဲ႔ တူေနလို႔လား ? " က်န္းလ်ိဳရွန္းက ဆက္ေျပာသည္ : " တစ္ဖက္ကေတာ့ မင္းရဲ့ အေစာပိုင္းက ဂ႐ုစိုက္မွုအတြက္ ကိုယ္က ျပန္ေပးဆပ္တာေလ။ ကိုယ္က ၾကင္နာမွုကို ျပန္ေပးဆပ္တတ္တဲ့သူပါ။ ဒီလိုစမ္းတင္တဲ့လွိုင္းကို တျခားသူေတြဆို အခြင့္ေကာင္းယူခြင့္ မျပဳနိုင္ေပမယ့္ မင္းကိုေတာ့ ကိုယ္က ခြင့္ျပဳေပးမယ္​။ ဘယ္လိုလဲ ? ကိုယ္မင္းကို ေကာင္းေကာင္း မဆက္ဆံေနဘူးလား ? "

သူသည္ကား အေလးအနက္ျဖင့္ ေျပာေနသည့္တိုင္ ရွရွီးအိုက္မွာေတာ့ ဘယ္လိုပင္ နားေထာင္ရပါေစ တစ္ခုခုက မမွန္သလိုခံစားရ​၏။

ဒီေတာ့ သူဟာ က်န္းလ်ိဳရွန္းအား အျဖစ္မေနကူၿပီး ခလုတ္ကန္သင္းေတြဖယ္ရွားေပးလိုက္ရေပမယ့္ အက်ိဳးခံစားခြင့္ရတဲ့သူလိုလဲ ဆက္ဆံခံေနရသည္ ? ဘယ္လို ယုတၱိမရွိတာႀကီးလဲ ?

" ကၽြန္ေတာ္ ခင္ဗ်ားကို ကူမွာမဟုတ္ဘူး " သူက ေခါင္းလွည့္၍ ျပန္ေလၽွာက္သြားေတာ့​၏။

" တကယ္လို႔ မင္း ဒီတစ္ခါ ကိုယ့္ကိုကူရင္ " က်န္းလ်ိဳရွန္းအသံက အေနာက္မွ ထြက္လာသည္ : " ကိုယ့္ရဲ့ လာမယ့္႐ုပ္ရွင္အတြက္ အဖြင့္သီခ်င္းကို တာဝန္ယူရမဲ့သူ ျဖစ္လာလိမ့္မယ္။ "

__________________________________________________________________________

Continue Reading

You'll Also Like

374K 9.2K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.5M 177K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
1M 11.2K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
2.4M 303K 63
Oh my god!!!!