Start with Heart And End with...

By frozenmanobannca

144K 11K 1.5K

နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... ႏွလုံးအစားထိုး ခြဲစိတ္မႈကေန ျဖစ္ေပၚလာေသာ ခ်စ္ျခင္... More

Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
19 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞

37💞

2.8K 238 43
By frozenmanobannca

အပိုင်း ၃၇

"ဟင်! !!! ကိုမင်းထက် "

"မင်း! !! အရီ! !!"

"ဒါ.....ဒါဆို ရှင့်နောက်မိန်းမက ဒီမိန်းမလား "

"မင်း ဘယ်လိုရောက်လာတာလဲ "

အခုချိန်ထိ အန်တီရီရီမြင့် နဲ့ ဦးဇင်မင်းထက်တို့ရဲ့ဆက်ဆံရေးကို ဘယ်သူမှမသိကြသေး....အားလုံးကလည်း အံ့သြတကြီးနဲ့ စောင့်ကြည့်နေကြလေသည်။

"အဟင်း.....ရှင်က ကျွန်မတို့သားအမိအပေါ် ထားခဲ့ပြီးဒုက္ခတွေပေးခဲ့တာတောင်မကျေနပ်လို့ ရှင့်သမီးအရင်းကို ထောင်ပြန်ချတဲ့အထိကို ယုတ်မာနေပါလား လူယုတ်မာရဲ့"

"ဖြောင်း! !!"

ဒေါ်ရီရီမြင့်ရဲ့စကားအဆုံး အားလုံးအံသြနေကြရုံမှမကြာသေး ဦးဇင်မင်းထက်ကိုပါ ပါးရိုက်လိုက်သည်မို့ အလန့်တကြားနဲ့ ဝင်ဆွဲကြရလေသည်။

"အန်တီ....အန်တီ နောက်မှရှင်းကြရအောင်လေ အခုလာရင်းက "

"ဖယ် သမီး...အန်တီကို ဆွဲစရာမလိုဘူး ဒီလူယုတ်မာက ဆင်းရဒဒဏ်ကိုမခံနိုင်လို့ ကိုယ့်သမီးလေး နှလုံးရောဂါသည်မှမထောက်
ကိုယ့်အတ္တကို ပုံဖော်သွားတာ.... ရှင်ထားခဲ့တုန်းက ကျွန်မဝဋ်ကြွေးလို့မှတ်ယူပြီးထားခဲ့လိုက်တယ် ကိုမင်းထက် ဒါပေမယ့် အခုကိစ္စက ရှင့်နောက်မိန်းမက ပါတဲ့မောင်က ကျွန်မသမီးကို စွပ်စွဲပြီး ထောင်ထဲထည့်တာ တရားလွန်သွားပြီ ရှင့်ကို ကျွန်မပြန်တရားစွဲမယ် "

ဝင့်လွှာကလည်း အန်တီ့ကို တစ်ဖက်ဆွဲ အန်တီ ပိုးလဲ့ရည်ကလည်း တစ်ဖက်ဆွဲနဲ့ တားနေပေမယ့် အန်တီရီရီမြင့်မှာ မျက်ရည်တွေလည်းကျ ဦးဇင်မင်းထက်ကိုလည်း လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောနေပမေယ့် အရှိန်အဝါကြီးလှသော ဦးဇင်မင်းထက်မှာ သူ့အမှားမို့ ပြန်လည်ချေပပြောဆိုခြင်းမရှိပေ...

"ဒါတွေကို ကိုယ်မသိခဲ့ဘူးအရီ ယောက်ဖက ဆေးရုံတင်ထားတဲ့ကိစ္စနဲ့ တရားစွဲထားတာပဲသိတာ ဘယ်သူဘယ်ဝါကို ဆွဲထားမှန်းလည်းမသိဘူး ဒါတောင် မနေ့ညကမှ ဖုန်းဆက်ပြီး လှမ်းပြောတာ "

"အစကတော့ ကျွန်မမောင်ကို ပြောပြီး နားချပေးမလို့ပဲ ဒါပေမယ့် အခုလိုကျွန်မယောကျာ်းကိုကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ရှင့်လိုပဲ ရှင့်သမီးကလည်း ကျွန်မမောင်ကို မကျူးလွန်ခဲ့ဘူးဆိုတာ မယုံတော့ဘူး ဒါကြောင့်ပြတ်ပြတ်ပဲပြောလိုက်မယ် ကျွန်မမောင်အမှုကို လုံးဝမပိတ်ပေးနိုင်ဘူး "

အစပိုင်းက အံ့သြမှုကြောင့် ငြိမ်နေပေမယ့် နောက်ပိုင်း သတိပြန်ဝင်လာပြီးနောက် ဒေါ်မြတ်မြတ်မေမှာလည်း ထလာပြီးနောက် ခွန်းတုံ့ပြန်လေသည်။

"မင်း ပါးစပ်ကို ပိတ်ထားလိုက် ဒီကိစ္စက မင်း ဝင်ပါစရာအကြောင်းမရှိဘူး မနက်ဖြန်ပိတ်ပေးမယ် ဒါကြောင့် ဒီကိစ္စကို ရပ်လိုက်ရအောင် "

လေသံမာမာဖြင့် ပြောလာတဲ့ ဦးဇင်မင်းထက်မှာ ခုနက အန်တီရီရီမြင့် ပြောသမျှကို ခေါင်းငုံခံတဲ့သူမဟူတ်တော့ပဲ သူရဲ့ပုံမှန်လက်ရှိအတိုင်း အမိန့်ပေးသံနှင့်အတူ သတိပေးသံနှင့်ပါပြောလာလေသည်။

"ဘာလဲ ကိုထက် ရှင်က ရှင့်အရင်မိန်းမစကားကျ တစ်ခွန်းပေါ့ဟူတ်လား အခုချိန်ထိ သံယောဇဥ်လက်ကျန်တွေရှိသေးတာလား "

အိမ်ထောင်ရေး ကိစ္စတွေပါ ပါလာကြသည်မို့ ဝင့်လွှာတို့မှာ ဟိုကိုပဲ တားရမလိုလို အန်တီကိုပဲခေါ်သွားရတော့မလိုလိုနဲ့ ရှုပ်ကုန်ကြသည်။ မမပိုးတို့မိဘနှစ်ပါးကတော့ ဒီကိစ္စဟာ သူတို့ရဲ့ ကိစ္စမဟုတ်တာကြောင့် ဝင်ရောက်ပြောဆိုခြင်းတော့မပြုပေ....
အန်တီရီရီမြင့် ကိုသွားဆွဲဖို့ကလည်း ဒီကိစ္စမှာက အန်တီရီရီမြင့် က ကာယကံရှင်ဆိုတော့ ဝင့်လွှာတို့မှာ ဘေးကနေကြည့်နေရုံသာ တတ်နိုင်တော့သည်။

"မင်း စကားကို ထိန်းပြော မြတ်မြတ်မေ အခုတရားစွဲထားတာ ငါ့သွေးသေားအရင်း မင်းမောင်က ဘယ်လိုလူမျိုးဆိုတာ အကုန်သိတယ် သူများကို မှားယွင်းစွပ်စွဲတယ်ဆိုတာ ဘယ်လောက်ရှက်ဖို့ကောင်းတယ်ဆိုတာ ပညာရှိတဲ့သူတိုင်းသိတယ် နောက်ပြီး ကိုယ့်အိမ်အတွင်းရေးကိစ္စကို သူများရှေ့မှာ အော်ကြီးဟစ်ကျယ်နဲ့ပြောစရာမလိုဘူး "

ဦးဇင်မင်းထက် ရဲ့ လေသံမာမာဖြင့် အမိန့်ပေးသံကြောင့် ဒေါ်မြတ်မြတ်မေ မှာ  နောက်ထပ် အတွန့်မတက်ရဲပေ..သူ့ယောကျာ်းအကြောင်း အသိဆုံးမို့ အခုချိန်မှာ သူ့စိတ်လိုက်မာန်ပါလုပ်လို့မဖြစ်ပေ...

"ရှင့်တို့ လင်မယားကိစ္စ နောက်မှကိုယ့်ဖာသာရှင်းကြ မနက်ဖြန် ကျွန်မသမီးလွတ်လာတာပဲ မြင်ချင်တယ် ကိုမင်းထက် မဟုတ်လို့ရှိရင် ရှင်လိုစီးပွားရေးလောကမှာ အောင်မြင်နေတဲ့လူတစ်ယောက်က
ကိုယ့်သမီးအရင်းကို ထောင်ထဲထည့်တယ်ဆိုတဲ့ သတင်းကို တစ်နိုင်ငံလုံးသိအောင် ကြေညာပေးမယ် "

"မင်း ခြိမ်းခြောက်စရာမလိုဘူး အရီ မနက်ဖြန်လွတ်ပေးမယ်ဆို သေချာပေါက်လွတ်မယ် ငါ့ကတိငါတည်တယ် "

"ပြီးတော့ ရှင်ယောက်ဖကိုလည်း ကျွန်မသမီးဘေး ထပ်မမြင်ချင်ဘူး ထပ်ဒုက္ခပေးရင်တော့ ကျွန်မဘက်ကလည်း ရှေ့နေတွေနဲ့တရားရုံးကိုလိုက်ရလိမ့်မယ် အခုချိန်မှာ ရှင်ကအောင်မြင်နေတဲ့လူပဲ ကိုယ့်သေတွင်းကိုယ်တူးချင်တယ်ဆိုလည်း သဘောပဲ လာ...အစ်မ သွားမယ် "

အမေ့လက်အားဆွဲကာ ခေါ်သွားတဲ့ အန်တီရီရီမြင့် နောက်ကို ပိုးတို့တွေအမြန်လိုက်ရသည်။ ဝင့်လွှာကတော့ အားနာဟန်ဖြင့် ဦးဇင်မင်းထက်အား ခေါင်းတစ်ချက်ငြိမ့်ကာ နှုတ်ဆက်ခဲ့ပေမယ့်် ပိုးကတော့ အားမနာနိုင်...အခုလိုမျိုး သူ့ယောက်ဖက မောင့်ကို စွပ်စွဲတဲ့ကိစ္စအပြင် မိသားစုတစ်ခုကို တာဝန်မယူပဲ ကိူယ်လွတ်ရုန်းထွက်တဲ့ သူဆိုတာ သိလိုက်ရတော့ အရင်က အထင်ကြီးခဲ့တာမှန်သမျှ အကုန်မြောင်းထဲရောက်ကုန်ပြီ....

....

"သူက အရင်ကတည်းက ချမ်းသာတဲ့အသိုင်းအဝိုင်းကလေ ကျွန်မနဲ့ယူတာသဘောမတူလို့ သူ့မိဘတွေကအမွေပြတ်စွန့်လွှတ်လိုက်ပြီးတဲ့နောက်ပိုင်း ကျွန်မမိဘတွေအမွေပေးခဲ့တဲ့ဒီအိမ်လေးမှာနေခဲ့တာ အစကတော့ သူတတ်သလောက်အလုပ်လုပ်ကိုင်ကျွေးပါတယ် ဒါပေမယ့် ဇင်ယော်လေးမွေးပြီးတဲ့နောက် ကလေးကလည်း မွေးရာပါနှလုံးရောဂါသည်ဆို တော့ ဆေးဖိုးတွေ အိမ်စရိတ်တွေက လင်မယားနှစ်ယောက် ရှာတာတောင်သိပ်မလောက်ချင်ခဲ့ဘူး ဒါကိုတောင်သူက နေ့တိုင်း အပြင်မှာ အပျော်အပါးကမပျက်ဘူး ပိုက်ဆံရှိတဲအသိုင်းအဝိုင်းက ဆင်းသက်လာတဲ့သးဆိုတော့ ဆင်းရဲဒဏ်မခံနိုင်တော့ ဇင်ယော်လေး တစ်နှစ်မပြည့်ခင်မှာပဲ ကျွန်မတို့သားအမိကိုထားခဲ့ပြီး သူ့မိဘတွေဆီ လိုက်သွားခဲ့တယ် သိပ်မကြာပါဘူး သူ့မိဘအသိုင်းအဝိုင်းထဲကပဲ တစ်ယောက်နဲ့နောက်အိမ်ထောင်ပြုသွားတယ်လေ ဒါတွေက ကျွန်မရဲ့ ကံဝဋ်ကြွေးလို့ပဲ သတ်မှတ်ထားတာမို့ ေထွထွေထူးထူးနာလည်း မနာတော့ပါဘူး ဒါပေမယ့်ရှင် ကျွန်မသမီးလေးကို စွပ်စွဲပြီးထောင်ထဲထည့်ချင်သူက သူ့မိသားစုအသိုင်းအဝိုင်းကဆိုတော့ ကျွန်မတကယ် ရင်တွေနာတယ်ရှင် "

မျက်ရည်တွေကျကာ ရင်ဘတ်ကို ထုကာ ငိုနေတဲ့ မောင့်မေမေ့အား ပိုးမာမီကလည်း ဘေးကနေ ကျောကုန်းလေးပုတ်ကာ နှစ်သိမ့်ပေးရှာသည်။

"ဒီကိစ္စတွေကို ဦးဇင်မင်းထက်က လည်း သေချာမသိလို့နေပါမှာ ညီမရယ် ဘယ်သူမဆို ကိုယ့်သွေးသားအရင်းကိုတော့ ဒုက္ခရောက်အောင်လုပ်မယ့်သူမရှိပါဘူး နောက်ပြီးသူကမိဘလေ ပိုလို့တောင်မဖြစ်နိုင်သေးတယ် သူမသိခဲ့တာပဲ ဖြစ်မှာပါ"

"အစ်မမသိဘူး အမ အဲ့လူက သူ့အတ္တကိုပဲ သူပုံဖော်တဲ့သူ သူ့ကောင်းစားရေးအတွက်ဆို ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့လူမျိုး သူ့မှာသာ အမပြောသလို မိဘမေတ္တာရှိခဲ့ရင် ကလေးကျန်းမာရေးထောက်ပြီး ကျွန်မတို့ကို ထားခဲ့မှာမဟုတ်ဘူး ကျွန်မလေဆေးရုံမှာ ကလေးအမောဖောက်တိုင်း အောက်စီဂျင်ပိုက်လေးတပ်ပြီး လှဲနေရတဲ့အချိန်မျိုးဆို အားကိုးစရာမရှိတဲ့ဘဝကို အကြိမ်ကြိမ်ရင်နာခဲ့ရဖူးတယ် အခုလိုမျိုး လုပ်ရက်သွားတယ်ဆိုရင်တောင်မှ သူ့သွေးသားအရင်းကို တစ်ခါလေးတောင်ပြန်ရှာတာမျိုး လှည့်ကြည့်တာမျိုး မရှိခဲ့လို့ ဒီကလေးကို သူ့သမီးအရင်းမှန်းတောင် မသိခဲ့ဘူး "

"အဟင်း.....ဒီလိုကိစ္စမျိုးကျ ကျွန်တော်တို့ ဝင်ပါတာမကောင်းပေမယ့် မနက်ဖြန်ထိတော့ စောင့်ကြည့်ကြတာပေါ့ဗျာ မနက်ဖြန်ရောက်လို့မှ ကလေးလွန်မလာဘူးဆိုရင် ဒီကညီမရဲ့ဆန္ဒအတိုင်း သတင်းစာတိုင်းမှာဒီကိစ္စပာစေရမယ် ကျွန်တော်ကတိပေးပါတယ် "

ဦးဝင်းမင့်တင့် ရဲ့ ကတိခံစကားကြောင့် စကားဝိုင်းလေးဟာ ပြီးဆုံးသွားပေမယ့် အန်တီရီရီမြင့် ကိုတော့ မမပိုးရဲ့အမေ အန်တီပိုးလဲ့ရည်ဟာ အနားမှာ နှစ်သိမ့်စကားပြောပေးနေလေသည်။ ဦးဝင်းမင်းတင့်ကတော့ ကုမ္မဏီကိစ္စကြောင့် မမပိုအစား ကုမ္မဏီကို ပြန်သွားခဲ့လေသည်။ မမပိုးကတော့ ဇင်ယော်တို့ခြံထဲက ဒန်းလေးတွင် ထိုင်နေလေသည်။

"ဒီအချိန်မှာအဆင်ပြေရဲ့လားမေးတာ မသင့်တော်ပေမယ့် အဆင်ပြေသွားမှာ မမပိုး "

မမပိုးရဲ့ဘေးနားမှာဝင်ထိုင်ရင်း ပြောလိုက်တော့ မမပိုးက ခေါင်းတစ်ချက်ငြိမ့်ကာ အသိအမှတ်ပြုလေသည်။

"အဆင်ပြေမပြေ ကတော့ မနက်ဖြန်မှ သဲသဲကွဲကွဲသိရမှာလေ ဝင့်လွှာရဲ့ တို့အတွက် ဒီနေ့ကတော့ စခန်းမှာကျန်နေခဲ့တဲ့ မောင့်အတွက် ပူလောင်နေရတာ အဆင်ပြေမနေဘူးကွယ် "

"အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့ မမရယ် ဦးဇင်မင်းထက်က ဇင်ယော့်အဖေရင်းဆို တော့ လုပ်ပေးလောက်မှာပါ "

"လူ့စိတ်ဆိုတာ မသိနိုင်ဘူးလေ ဒါကြောင့် မနက်ဖြန်ကိုသာ ကျော်ပစ်လိုက်ချင်တယ် ဒါနဲ့ ဟိုကလေးလေးရော သက်သာရဲ့လား"

"ဪ ဦး ကလေးလား သက်သာပါတယ် ဦးက သေချာလေး စောင့်ကြည့်ပြီး ဆေးတွေဘာတွေတိုက်ပေးလို့ တော်တော်လေးကျန်းမာနေပါပြီ "

"ကောင်းပါတယ် "

တွေတွေလေးနဲ့ ငေးကော ကောင်းကင်ကို ကြည့်နေပြန်တဲ့ မမပိုးရဲ့ မျက်နှာမှာ ဘယ်လောက်တောင်ပူပင်သောကတွေများနေရလည်းဆိုတာ ဝင့်လွှာလိုဘေးလူတောင်တွေ့နေရသည်။ ဒါကြောင့်ပဲ အလိုက်တသိ နဲ့ ပဲ ငြိမ်ပေးနေလိုက်လေသည်။

တစ်ဖက်မှာလည်း စစ်ဆေးခန်းကထွက်လာတဲ့ ဇင်ယော်တစ်ယောက်တိုင်ပတ်နေလေပြီ...တစ်ခါတစ်လေ အလိမ်မတော်တဲ့ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတာ ခဏခဏ...အခုလည်း အလိမ်မတတ်တဲ့ဇင်ယော်မှာ ကော်ဖီဆိုင်က cctv ပြကာ ထက်မြက်မောင်အား တမင်သတ်သတ်ကော်ဖီခွက်မှောက်ချလိုက်တဲ့အကြောင်း ယောင်ပြီးထွက်ဆိုမိသွားလေသည်။ တစ်မှုကနေနှစ်မှုတိုးတော့မယ့် ဇင်ယော့်မှာ တကယ်ကို ခေါင်းခြောက်နေရသည်။ ငးယ်ငယ်လေးကတည်း လိမ်မပြောခဲ့တာ ဒီတစ်ခါ နောင်တအရဆုံးပဲ...

စစ်ဆေးခံ နေရတာမို့ စစ်ဆေးခန်းဘက်ရောက်နေတဲ့ ဇင်ယော့်ကို မေမေတို့ကလည်းလာတွေ့လို့မရတာကြောင့် ဇင်ယော့်မှာ စိတ်ညစ်ပြီးရင်း စိတ်ညစ်နေလေတော့သည်။

....

"ဒုန်း! !!!ခလွမ်း! !!"

အိမ်ကြီးရှင် ဦးဇင်မင်းထက်၏ ဂေါက်ရိုက်တံနှင့် ပန်းအိုးတွေ ကြွေအိုးတွေရိုက်ခွဲသံတွေဟာ ဧည့်ခန်းထဲတွင်ဆူညံနေလေသည်။
အိမ်မှာရှိတဲ့အိမ်အကူလေးတွေ အိမ်တော်ထိန်းတွေဟာလည်း ခေါင်းလေးတွေငုံပြီးကြောက်နေရသလို ဆိုဖာပေါ်တွင်ထိုင်နေသော
ဒေါ်မြတ်မြတ်မေ နှင့် မောင်ဖြစ်သူ ထက်မြက်မောင်မှာလည်း မလှုပ်သာ....ဒီအချိန်တွင် တစ်ခုခုသာသွားပြောလိုက်လို့ကတော့
ရိုက်ခွဲနေတဲ့ကြွေအိုးများနေရာတွင်သူတို့နှစ်ယောက်၏ ခေါင်းများဖြစ်သွားနိုင်သည်ကို သိသောကြောင့်ဖြစ်သည်။ အထူးသဖြင့် ထက်မြက်မောင် မှာ ခြေထောက်တစ်ဖက်က ပက်တီးစီးထားရပေမယ့် အကောင်းတိုင်းရှိနေတဲ့ ခြေထောက်တစ်ဖက်နဲ့ လက်နှစ်ဖက်မှာ ဘယ်အချိန်ချိုးခံရမလဲ မသိတဲ့အတွက်ကြောင့် လက်မှာတော်တော်ယားလို့နေလေပြီ.....

"မနက်ဖြန်အမှုပိတ်သိမ်းလိုက် "

"ဟာ...အကုိကြီးကလည်း ကျွန်တော်မတရားခံရတာ..."

"မင်းပါးစပ်ကို ပိတ်ထား! !!ငါပြောရင်ပြောတဲ့အတိုင်းလုပ် နှစ်ခွန်းပြန်မပြောနဲ့ "

ဂေါက်တံကြီးနဲ့လည်း ရွယ်ထားသည်မို့ ထက်မြက်မောင်တစ်ယောက် ခပ်ယို့ယို့နဲ့ နေရသလို ဒူးတွေလည်းတုန်လာလေသည်။

"အမှုကဖွင့်ထားပြီးပြီဆိုတော့ ပိတ်ဖို့မှမလွယ်တာအကိုကြီးရ နောက်ပြီးသက်သေတွကလည်းရှိဆိုတော့ "

"မဟုတ်တာကို ဖြစ်အောင်လုပ်နိုင်သေးတာပဲ အခုမှဘာကိုမလွယ်တာလဲ လ ွယ်အောင်ငါလုပ်ပေးရမလား "

"ေနပါအုန်း အကုိကြီး ခံရတာ အကုိကြီးယောက်ဖနော် ဘာမဟုတ်တဲ့လူကို ဘာကိစ္စလွတ်ပေးရမှာလဲ အမှန်ဆို အကုိကြီးကတောင် ပိုလိုက်ပေးရမှာကို "

"မင်း အခုတရားစွဲထားတဲ့သူက ငါ့သမီးအရင်းပဲ ခုနကသူ့အမေလာသွားတယ် မပိတ်ပေးရင် သတင်းထဲပါလာတော့မှာ ငါ့ဂုဏ်သိက္ခာကို အထိအခိုက်မခံနိုင်ဘူး မနက်ဖြန် ပတ်ပို့စ်တွေအသင့်ပြင်ထား အမေရိကန်မှာ သွားနေတော့ "

"ရှင့်ဟာကလွန်ပါတယ်ရှင် မောင်လေးကဒီလောက်မတရားခံရတာကို သမီးရင်းလည်းဘာဖြစ်လဲသူအပြစ်လုပ်လို့ခံရတာပဲ သတင်းစာထဲမှာ ပါရင်တောင် ကျွန်မတို့အသိုင်းအဝိုင်းကဒီလောက်ကြီးတာ သူတို့ဘယ်လောက်ထိဖော်ပြနိုင်မှာလဲ "

"ငါပြောတဲ့စကားကို အာခံနိုင်လာပြီဆိုတော့ ကြည့်ရတာ နောက်ခံအင်အားရှိလာပြီ ထင်တယ်"

နောက်ကျောပေးရပ်ထားရာမှ လှည့်ကာအေးစက်စက်စကားတွေနဲ့
မဲ့ပြုံးကြောင့် ထက်မြက်မောင်သာမက  ဒေါ်မြတ်မြတ်မေ ပါ စကားသံတွေတိတ်သွားလေသည်။

"ငါပြောတဲ့အတိုင်းသာလုပ် သမီးလေး မျက်နှာကြောင့် မင်းတို့နှစ်ယောက်လုံး အိမ်ပေါ်ကမဆင်းရတယ်မှတ်ပါ ဒေါ်ဝင်း ဒီဟာတွေရှင်းထားလိုက် သမီးလေးကျောင်းကပြန်လာရင် လာရင် ဘာမှမမြင်စေမသိစေနဲ့ "

"ဟုတ်....ဟုတ်ကဲ့ပါ ဆရာ "

အိမ်တော်ထိန်း ဒေါ်ဝင်း မှာကြောက်ကြောက်လန့်လန့်ဖြင့် ဖြေပြီးနောက် ကားသမား ကိုတင်ထွန်းနဲ့ထွက်သွားတဲ့ အခါမှ သက်ပြင်းချမိသည်။ သူတို့၏ သူဌေးခေါ် ဆရာသည် ဒေါသကြီးလျှင်တော်တော်ကြောက်ရပါသည်။ ခါတိုင်းဆို လက်ပါတတ်ပေမယ့်
သမီးလေး မြတ်ရွှေဇင်မင်း က အသံအကျယ်ကြားလျှင် ကို ကြောက်တတ်သူမို့ ရန်ဖြစ်ရင်တောင် သမီးလေးမရှိတဲ့အချိန်မှသာ ဖြစ်တတ်သည်။

ဆရာက သွေးအေးပြီး မချစ်တတ်ပေမယ့် သူ့သမီးလေးကိုတော့ တော်တော်ချစ်ရှာသည်။ ထို့ကြောင်ပင်လည်း ဒေါ်မြတ်မြတ်မေတို့ မောင်နှစ်မနှစ်ယောက် ဒီအိမ်တွင် ကြာရှည်ခံရခြင်းဖြစ်သည်။

....

မနေ့ညက တစ်ညလုံး ဘယ်လိုမှ အိပ်မပျော်ခဲ့ပေ....မေမေတို့အိမ်ကိုလည်း ပြန်မလိုက်ချင်တာကြောင့် မောင့်အခန်းထဲတွင်သာ အိပ်စက်ခဲ့သည်။ တစ်နေ့လုံး အန်တီနှင့် မောင့်အကြောင်းတွေသာ ပြောဖြစ်ခဲ့ကြသည်။ မောင်ငယ်ငယ်က ဘာတွေကိုဘယ်လိုကြောက်ခဲ့ကြောင်း တစ်ခါတစ်လေ ဘယ်လိုကြောင်တောင်တောင်နိုင်ကြောင်း အန်တီပြောပြခဲ့တာ ပိုးအတွက်တော့ စိတ်ညစ်တဲ့ကြားကပင် အမောလေးပြေခဲ့လေသည်။ မနက်စောစောတွင်မောင့်ကို အန်တီနဲ့အတူသွားတွေ့မှာမို့ နှုိးစက် ချထားပြီး အိပ်ပေမယ့် မနက်နှစ်နာရီလောက်ကမှအိပ်ပျော်သွားတော့ မျက်စိဖွင့်တော့ နေရောင်တွေတောင် အခန်းထဲထိုးနေပြီ...

နေပါအုန်း... သူသေချာပေါက်နှိုးစက်က မနက်ခြောက်နာရီချထားတာကို နေရောင်တောင်ထိုးနေပြီဆိုတော့ နှုိးစက်က မမြည်တာလား... ကမန်းကတမ်းဖြင့်ထကာ ဖုန်းကိုယူဖို့ပြင်တော့
သူ့ခါးမှာဖက်ထားတဲ့ လက်တစ်ဖက်...
ပိုးမှာရုတ်တရက်လန့်သွားခဲ့ပုီးမှ ဘေးကိုကြည့်လိုက်တော့...

"မောင်! !!!"

#အေးချမ်းညိမ်း

မနက်ဖြန်မွေးနေ့ဆိုတော့ ကုသိုလ်ရအောင် စာဖတ်သူတွေစိတ်ချမ်းသာဖို့ အစပ်လေးတွေလျော့လိုက်ပါပြီ...
😌😌😌

Zawgi

အပိုင္း ၃၇

"ဟင္! !!! ကိုမင္းထက္ "

"မင္း! !! အရီ! !!"

"ဒါ.....ဒါဆို ရွင့္ေနာက္မိန္းမက ဒီမိန္းမလား "

"မင္း ဘယ္လိုေရာက္လာတာလဲ "

အခုခ်ိန္ထိ အန္တီရီရီျမင့္ နဲ႕ ဦးဇင္မင္းထက္တို႔ရဲ႕ဆက္ဆံေရးကို ဘယ္သူမွမသိၾကေသး....အားလုံးကလည္း အံ့ၾသတႀကီးနဲ႕ ေစာင့္ၾကည့္ေနၾကေလသည္။

"အဟင္း.....ရွင္က ကြၽန္မတို႔သားအမိအေပၚ ထားခဲ့ၿပီးဒုကၡေတြေပးခဲ့တာေတာင္မေက်နပ္လို႔ ရွင့္သမီးအရင္းကို ေထာင္ျပန္ခ်တဲ့အထိကို ယုတ္မာေနပါလား လူယုတ္မာရဲ႕"

"ေျဖာင္း! !!"

ေဒၚရီရီျမင့္ရဲ႕စကားအဆုံး အားလုံးအံၾသေနၾက႐ုံမွမၾကာေသး ဦးဇင္မင္းထက္ကိုပါ ပါးရိုက္လိုက္သည္မို႔ အလန့္တၾကားနဲ႕ ဝင္ဆြဲၾကရေလသည္။

"အန္တီ....အန္တီ ေနာက္မွရွင္းၾကရေအာင္ေလ အခုလာရင္းက "

"ဖယ္ သမီး...အန္တီကို ဆြဲစရာမလိုဘူး ဒီလူယုတ္မာက ဆင္းရဒဒဏ္ကိုမခံနိုင္လို႔ ကိုယ့္သမီးေလး ႏွလုံးေရာဂါသည္မွမေထာက္
ကိုယ့္အတၱကို ပုံေဖာ္သြားတာ.... ရွင္ထားခဲ့တုန္းက ကြၽန္မဝဋ္ေႂကြးလို႔မွတ္ယူၿပီးထားခဲ့လိုက္တယ္ ကိုမင္းထက္ ဒါေပမယ့္ အခုကိစၥက ရွင့္ေနာက္မိန္းမက ပါတဲ့ေမာင္က ကြၽန္မသမီးကို စြပ္စြဲၿပီး ေထာင္ထဲထည့္တာ တရားလြန္သြားၿပီ ရွင့္ကို ကြၽန္မျပန္တရားစြဲမယ္ "

ဝင့္လႊာကလည္း အန္တီ့ကို တစ္ဖက္ဆြဲ အန္တီ ပိုးလဲ့ရည္ကလည္း တစ္ဖက္ဆြဲနဲ႕ တားေနေပမယ့္ အန္တီရီရီျမင့္မွာ မ်က္ရည္ေတြလည္းက် ဦးဇင္မင္းထက္ကိုလည္း လက္ညိုးေငါက္ေငါက္ထိုးၿပီး ေျပာေနပေမယ့္ အရွိန္အဝါႀကီးလွေသာ ဦးဇင္မင္းထက္မွာ သူ႕အမွားမို႔ ျပန္လည္ေခ်ပေျပာဆိုျခင္းမရွိေပ...

"ဒါေတြကို ကိုယ္မသိခဲ့ဘူးအရီ ေယာက္ဖက ေဆး႐ုံတင္ထားတဲ့ကိစၥနဲ႕ တရားစြဲထားတာပဲသိတာ ဘယ္သူဘယ္ဝါကို ဆြဲထားမွန္းလည္းမသိဘူး ဒါေတာင္ မေန႕ညကမွ ဖုန္းဆက္ၿပီး လွမ္းေျပာတာ "

"အစကေတာ့ ကြၽန္မေမာင္ကို ေျပာၿပီး နားခ်ေပးမလို႔ပဲ ဒါေပမယ့္ အခုလိုကြၽန္မေယာက်ာ္းကိုကိုယ္ထိလက္ေရာက္က်ဴးလြန္တဲ့ ရွင့္လိုပဲ ရွင့္သမီးကလည္း ကြၽန္မေမာင္ကို မက်ဴးလြန္ခဲ့ဘူးဆိုတာ မယုံေတာ့ဘူး ဒါေၾကာင့္ျပတ္ျပတ္ပဲေျပာလိုက္မယ္ ကြၽန္မေမာင္အမႈကို လုံးဝမပိတ္ေပးနိုင္ဘူး "

အစပိုင္းက အံ့ၾသမႈေၾကာင့္ ၿငိမ္ေနေပမယ့္ ေနာက္ပိုင္း သတိျပန္ဝင္လာၿပီးေနာက္ ေဒၚျမတ္ျမတ္ေမမွာလည္း ထလာၿပီးေနာက္ ခြန္းတုံ႕ျပန္ေလသည္။

"မင္း ပါးစပ္ကို ပိတ္ထားလိုက္ ဒီကိစၥက မင္း ဝင္ပါစရာအေၾကာင္းမရွိဘူး မနက္ျဖန္ပိတ္ေပးမယ္ ဒါေၾကာင့္ ဒီကိစၥကို ရပ္လိုက္ရေအာင္ "

ေလသံမာမာျဖင့္ ေျပာလာတဲ့ ဦးဇင္မင္းထက္မွာ ခုနက အန္တီရီရီျမင့္ ေျပာသမွ်ကို ေခါင္းငုံခံတဲ့သူမဟူတ္ေတာ့ပဲ သူရဲ႕ပုံမွန္လက္ရွိအတိုင္း အမိန့္ေပးသံႏွင့္အတူ သတိေပးသံႏွင့္ပါေျပာလာေလသည္။

"ဘာလဲ ကိုထက္ ရွင္က ရွင့္အရင္မိန္းမစကားက် တစ္ခြန္းေပါ့ဟူတ္လား အခုခ်ိန္ထိ သံေယာဇဥ္လက္က်န္ေတြရွိေသးတာလား "

အိမ္ေထာင္ေရး ကိစၥေတြပါ ပါလာၾကသည္မို႔ ဝင့္လႊာတို႔မွာ ဟိုကိုပဲ တားရမလိုလို အန္တီကိုပဲေခၚသြားရေတာ့မလိုလိုနဲ႕ ရႈပ္ကုန္ၾကသည္။ မမပိုးတို႔မိဘႏွစ္ပါးကေတာ့ ဒီကိစၥဟာ သူတို႔ရဲ႕ ကိစၥမဟုတ္တာေၾကာင့္ ဝင္ေရာက္ေျပာဆိုျခင္းေတာ့မျပဳေပ....
အန္တီရီရီျမင့္ ကိုသြားဆြဲဖို႔ကလည္း ဒီကိစၥမွာက အန္တီရီရီျမင့္ က ကာယကံရွင္ဆိုေတာ့ ဝင့္လႊာတို႔မွာ ေဘးကေနၾကည့္ေန႐ုံသာ တတ္နိုင္ေတာ့သည္။

"မင္း စကားကို ထိန္းေျပာ ျမတ္ျမတ္ေမ အခုတရားစြဲထားတာ ငါ့ေသြးေသားအရင္း မင္းေမာင္က ဘယ္လိုလူမ်ိဳးဆိုတာ အကုန္သိတယ္ သူမ်ားကို မွားယြင္းစြပ္စြဲတယ္ဆိုတာ ဘယ္ေလာက္ရွက္ဖို႔ေကာင္းတယ္ဆိုတာ ပညာရွိတဲ့သူတိုင္းသိတယ္ ေနာက္ၿပီး ကိုယ့္အိမ္အတြင္းေရးကိစၥကို သူမ်ားေရွ႕မွာ ေအာ္ႀကီးဟစ္က်ယ္နဲ႕ေျပာစရာမလိုဘူး "

ဦးဇင္မင္းထက္ ရဲ႕ ေလသံမာမာျဖင့္ အမိန့္ေပးသံေၾကာင့္ ေဒၚျမတ္ျမတ္ေမ မွာ  ေနာက္ထပ္ အတြန့္မတက္ရဲေပ..သူ႕ေယာက်ာ္းအေၾကာင္း အသိဆုံးမို႔ အခုခ်ိန္မွာ သူ႕စိတ္လိုက္မာန္ပါလုပ္လို႔မျဖစ္ေပ...

"ရွင့္တို႔ လင္မယားကိစၥ ေနာက္မွကိုယ့္ဖာသာရွင္းၾက မနက္ျဖန္ ကြၽန္မသမီးလြတ္လာတာပဲ ျမင္ခ်င္တယ္ ကိုမင္းထက္ မဟုတ္လို႔ရွိရင္ ရွင္လိုစီးပြားေရးေလာကမွာ ေအာင္ျမင္ေနတဲ့လူတစ္ေယာက္က
ကိုယ့္သမီးအရင္းကို ေထာင္ထဲထည့္တယ္ဆိုတဲ့ သတင္းကို တစ္နိုင္ငံလုံးသိေအာင္ ေၾကညာေပးမယ္ "

"မင္း ၿခိမ္းေျခာက္စရာမလိုဘူး အရီ မနက္ျဖန္လြတ္ေပးမယ္ဆို ေသခ်ာေပါက္လြတ္မယ္ ငါ့ကတိငါတည္တယ္ "

"ၿပီးေတာ့ ရွင္ေယာက္ဖကိုလည္း ကြၽန္မသမီးေဘး ထပ္မျမင္ခ်င္ဘူး ထပ္ဒုကၡေပးရင္ေတာ့ ကြၽန္မဘက္ကလည္း ေရွ႕ေနေတြနဲ႕တရား႐ုံးကိုလိုက္ရလိမ့္မယ္ အခုခ်ိန္မွာ ရွင္ကေအာင္ျမင္ေနတဲ့လူပဲ ကိုယ့္ေသတြင္းကိုယ္တူးခ်င္တယ္ဆိုလည္း သေဘာပဲ လာ...အစ္မ သြားမယ္ "

အေမ့လက္အားဆြဲကာ ေခၚသြားတဲ့ အန္တီရီရီျမင့္ ေနာက္ကို ပိုးတို႔ေတြအျမန္လိုက္ရသည္။ ဝင့္လႊာကေတာ့ အားနာဟန္ျဖင့္ ဦးဇင္မင္းထက္အား ေခါင္းတစ္ခ်က္ၿငိမ့္ကာ ႏႈတ္ဆက္ခဲ့ေပမယ့္္ ပိုးကေတာ့ အားမနာနိုင္...အခုလိုမ်ိဳး သူ႕ေယာက္ဖက ေမာင့္ကို စြပ္စြဲတဲ့ကိစၥအျပင္ မိသားစုတစ္ခုကို တာဝန္မယူပဲ ကိူယ္လြတ္႐ုန္းထြက္တဲ့ သူဆိုတာ သိလိုက္ရေတာ့ အရင္က အထင္ႀကီးခဲ့တာမွန္သမွ် အကုန္ေျမာင္းထဲေရာက္ကုန္ၿပီ....

....

"သူက အရင္ကတည္းက ခ်မ္းသာတဲ့အသိုင္းအဝိုင္းကေလ ကြၽန္မနဲ႕ယူတာသေဘာမတူလို႔ သူ႕မိဘေတြကအေမြျပတ္စြန့္လႊတ္လိုက္ၿပီးတဲ့ေနာက္ပိုင္း ကြၽန္မမိဘေတြအေမြေပးခဲ့တဲ့ဒီအိမ္ေလးမွာေနခဲ့တာ အစကေတာ့ သူတတ္သေလာက္အလုပ္လုပ္ကိုင္ေကြၽးပါတယ္ ဒါေပမယ့္ ဇင္ေယာ္ေလးေမြးၿပီးတဲ့ေနာက္ ကေလးကလည္း ေမြးရာပါႏွလုံးေရာဂါသည္ဆို ေတာ့ ေဆးဖိုးေတြ အိမ္စရိတ္ေတြက လင္မယားႏွစ္ေယာက္ ရွာတာေတာင္သိပ္မေလာက္ခ်င္ခဲ့ဘူး ဒါကိုေတာင္သူက ေန႕တိုင္း အျပင္မွာ အေပ်ာ္အပါးကမပ်က္ဘူး ပိုက္ဆံရွိတဲအသိုင္းအဝိုင္းက ဆင္းသက္လာတဲ့သးဆိုေတာ့ ဆင္းရဲဒဏ္မခံနိုင္ေတာ့ ဇင္ေယာ္ေလး တစ္ႏွစ္မျပည့္ခင္မွာပဲ ကြၽန္မတို႔သားအမိကိုထားခဲ့ၿပီး သူ႕မိဘေတြဆီ လိုက္သြားခဲ့တယ္ သိပ္မၾကာပါဘူး သူ႕မိဘအသိုင္းအဝိုင္းထဲကပဲ တစ္ေယာက္နဲ႕ေနာက္အိမ္ေထာင္ျပဳသြားတယ္ေလ ဒါေတြက ကြၽန္မရဲ႕ ကံဝဋ္ေႂကြးလို႔ပဲ သတ္မွတ္ထားတာမို႔ ေထွထွေထူးထူးနာလည်း မနာေတာ့ပါဘူး ဒါေပမယ့္ရွင္ ကြၽန္မသမီးေလးကို စြပ္စြဲၿပီးေထာင္ထဲထည့္ခ်င္သူက သူ႕မိသားစုအသိုင္းအဝိုင္းကဆိုေတာ့ ကြၽန္မတကယ္ ရင္ေတြနာတယ္ရွင္ "

မ်က္ရည္ေတြက်ကာ ရင္ဘတ္ကို ထုကာ ငိုေနတဲ့ ေမာင့္ေမေမ့အား ပိုးမာမီကလည္း ေဘးကေန ေက်ာကုန္းေလးပုတ္ကာ ႏွစ္သိမ့္ေပးရွာသည္။

"ဒီကိစၥေတြကို ဦးဇင္မင္းထက္က လည္း ေသခ်ာမသိလို႔ေနပါမွာ ညီမရယ္ ဘယ္သူမဆို ကိုယ့္ေသြးသားအရင္းကိုေတာ့ ဒုကၡေရာက္ေအာင္လုပ္မယ့္သူမရွိပါဘူး ေနာက္ၿပီးသူကမိဘေလ ပိုလို႔ေတာင္မျဖစ္နိုင္ေသးတယ္ သူမသိခဲ့တာပဲ ျဖစ္မွာပါ"

"အစ္မမသိဘူး အမ အဲ့လူက သူ႕အတၱကိုပဲ သူပုံေဖာ္တဲ့သူ သူ႕ေကာင္းစားေရးအတြက္ဆို ဘယ္သူေသေသငေတမာၿပီးေရာဆိုတဲ့လူမ်ိဳး သူ႕မွာသာ အမေျပာသလို မိဘေမတၱာရွိခဲ့ရင္ ကေလးက်န္းမာေရးေထာက္ၿပီး ကြၽန္မတို႔ကို ထားခဲ့မွာမဟုတ္ဘူး ကြၽန္မေလေဆး႐ုံမွာ ကေလးအေမာေဖာက္တိုင္း ေအာက္စီဂ်င္ပိုက္ေလးတပ္ၿပီး လွဲေနရတဲ့အခ်ိန္မ်ိဳးဆို အားကိုးစရာမရွိတဲ့ဘဝကို အႀကိမ္ႀကိမ္ရင္နာခဲ့ရဖူးတယ္ အခုလိုမ်ိဳး လုပ္ရက္သြားတယ္ဆိုရင္ေတာင္မွ သူ႕ေသြးသားအရင္းကို တစ္ခါေလးေတာင္ျပန္ရွာတာမ်ိဳး လွည့္ၾကည့္တာမ်ိဳး မရွိခဲ့လို႔ ဒီကေလးကို သူ႕သမီးအရင္းမွန္းေတာင္ မသိခဲ့ဘူး "

"အဟင္း.....ဒီလိုကိစၥမ်ိဳးက် ကြၽန္ေတာ္တို႔ ဝင္ပါတာမေကာင္းေပမယ့္ မနက္ျဖန္ထိေတာ့ ေစာင့္ၾကည့္ၾကတာေပါ့ဗ်ာ မနက္ျဖန္ေရာက္လို႔မွ ကေလးလြန္မလာဘူးဆိုရင္ ဒီကညီမရဲ႕ဆႏၵအတိုင္း သတင္းစာတိုင္းမွာဒီကိစၥပာေစရမယ္ ကြၽန္ေတာ္ကတိေပးပါတယ္ "

ဦးဝင္းမင့္တင့္ ရဲ႕ ကတိခံစကားေၾကာင့္ စကားဝိုင္းေလးဟာ ၿပီးဆုံးသြားေပမယ့္ အန္တီရီရီျမင့္ ကိုေတာ့ မမပိုးရဲ႕အေမ အန္တီပိုးလဲ့ရည္ဟာ အနားမွာ ႏွစ္သိမ့္စကားေျပာေပးေနေလသည္။ ဦးဝင္းမင္းတင့္ကေတာ့ ကုမၼဏီကိစၥေၾကာင့္ မမပိုအစား ကုမၼဏီကို ျပန္သြားခဲ့ေလသည္။ မမပိုးကေတာ့ ဇင္ေယာ္တို႔ၿခံထဲက ဒန္းေလးတြင္ ထိုင္ေနေလသည္။

"ဒီအခ်ိန္မွာအဆင္ေျပရဲ႕လားေမးတာ မသင့္ေတာ္ေပမယ့္ အဆင္ေျပသြားမွာ မမပိုး "

မမပိုးရဲ႕ေဘးနားမွာဝင္ထိုင္ရင္း ေျပာလိုက္ေတာ့ မမပိုးက ေခါင္းတစ္ခ်က္ၿငိမ့္ကာ အသိအမွတ္ျပဳေလသည္။

"အဆင္ေျပမေျပ ကေတာ့ မနက္ျဖန္မွ သဲသဲကြဲကြဲသိရမွာေလ ဝင့္လႊာရဲ႕ တို႔အတြက္ ဒီေန႕ကေတာ့ စခန္းမွာက်န္ေနခဲ့တဲ့ ေမာင့္အတြက္ ပူေလာင္ေနရတာ အဆင္ေျပမေနဘူးကြယ္ "

"အရမ္းႀကီးလည္း မစိုးရိမ္ပါနဲ႕ မမရယ္ ဦးဇင္မင္းထက္က ဇင္ေယာ့္အေဖရင္းဆို ေတာ့ လုပ္ေပးေလာက္မွာပါ "

"လူ႕စိတ္ဆိုတာ မသိနိုင္ဘူးေလ ဒါေၾကာင့္ မနက္ျဖန္ကိုသာ ေက်ာ္ပစ္လိုက္ခ်င္တယ္ ဒါနဲ႕ ဟိုကေလးေလးေရာ သက္သာရဲ႕လား"

"ဪ ဦး ကေလးလား သက္သာပါတယ္ ဦးက ေသခ်ာေလး ေစာင့္ၾကည့္ၿပီး ေဆးေတြဘာေတြတိုက္ေပးလို႔ ေတာ္ေတာ္ေလးက်န္းမာေနပါၿပီ "

"ေကာင္းပါတယ္ "

ေတြေတြေလးနဲ႕ ေငးေကာ ေကာင္းကင္ကို ၾကည့္ေနျပန္တဲ့ မမပိုးရဲ႕ မ်က္ႏွာမွာ ဘယ္ေလာက္ေတာင္ပူပင္ေသာကေတြမ်ားေနရလည္းဆိုတာ ဝင့္လႊာလိုေဘးလူေတာင္ေတြ႕ေနရသည္။ ဒါေၾကာင့္ပဲ အလိုက္တသိ နဲ႕ ပဲ ၿငိမ္ေပးေနလိုက္ေလသည္။

တစ္ဖက္မွာလည္း စစ္ေဆးခန္းကထြက္လာတဲ့ ဇင္ေယာ္တစ္ေယာက္တိုင္ပတ္ေနေလၿပီ...တစ္ခါတစ္ေလ အလိမ္မေတာ္တဲ့ကိုယ့္ကိုယ္ကိုယ္ စိတ္ပ်က္မိတာ ခဏခဏ...အခုလည္း အလိမ္မတတ္တဲ့ဇင္ေယာ္မွာ ေကာ္ဖီဆိုင္က cctv ျပကာ ထက္ျမက္ေမာင္အား တမင္သတ္သတ္ေကာ္ဖီခြက္ေမွာက္ခ်လိဳက္တဲ့အေၾကာင္း ေယာင္ၿပီးထြက္ဆိုမိသြားေလသည္။ တစ္မႈကေနႏွစ္မႈတိုးေတာ့မယ့္ ဇင္ေယာ့္မွာ တကယ္ကို ေခါင္းေျခာက္ေနရသည္။ ငးယ္ငယ္ေလးကတည္း လိမ္မေျပာခဲ့တာ ဒီတစ္ခါ ေနာင္တအရဆုံးပဲ...

စစ္ေဆးခံ ေနရတာမို႔ စစ္ေဆးခန္းဘက္ေရာက္ေနတဲ့ ဇင္ေယာ့္ကို ေမေမတို႔ကလည္းလာေတြ႕လို႔မရတာေၾကာင့္ ဇင္ေယာ့္မွာ စိတ္ညစ္ၿပီးရင္း စိတ္ညစ္ေနေလေတာ့သည္။

....

"ဒုန္း! !!!ခလြမ္း! !!"

အိမ္ႀကီးရွင္ ဦးဇင္မင္းထက္၏ ေဂါက္ရိုက္တံႏွင့္ ပန္းအိုးေတြ ေႂကြအိုးေတြရိုက္ခြဲသံေတြဟာ ဧည့္ခန္းထဲတြင္ဆူညံေနေလသည္။
အိမ္မွာရွိတဲ့အိမ္အကူေလးေတြ အိမ္ေတာ္ထိန္းေတြဟာလည္း ေခါင္းေလးေတြငုံၿပီးေၾကာက္ေနရသလို ဆိုဖာေပၚတြင္ထိုင္ေနေသာ
ေဒၚျမတ္ျမတ္ေမ ႏွင့္ ေမာင္ျဖစ္သူ ထက္ျမက္ေမာင္မွာလည္း မလႈပ္သာ....ဒီအခ်ိန္တြင္ တစ္ခုခုသာသြားေျပာလိုက္လို႔ကေတာ့
ရိုက္ခြဲေနတဲ့ေႂကြအိုးမ်ားေနရာတြင္သူတို႔ႏွစ္ေယာက္၏ ေခါင္းမ်ားျဖစ္သြားနိုင္သည္ကို သိေသာေၾကာင့္ျဖစ္သည္။ အထူးသျဖင့္ ထက္ျမက္ေမာင္ မွာ ေျခေထာက္တစ္ဖက္က ပက္တီးစီးထားရေပမယ့္ အေကာင္းတိုင္းရွိေနတဲ့ ေျခေထာက္တစ္ဖက္နဲ႕ လက္ႏွစ္ဖက္မွာ ဘယ္အခ်ိန္ခ်ိဳးခံရမလဲ မသိတဲ့အတြက္ေၾကာင့္ လက္မွာေတာ္ေတာ္ယားလို႔ေနေလၿပီ.....

"မနက္ျဖန္အမႈပိတ္သိမ္းလိုက္ "

"ဟာ...အကုိကြီးကလည်း ကြၽန္ေတာ္မတရားခံရတာ..."

"မင္းပါးစပ္ကို ပိတ္ထား! !!ငါေျပာရင္ေျပာတဲ့အတိုင္းလုပ္ ႏွစ္ခြန္းျပန္မေျပာနဲ႕ "

ေဂါက္တံႀကီးနဲ႕လည္း ႐ြယ္ထားသည္မို႔ ထက္ျမက္ေမာင္တစ္ေယာက္ ခပ္ယို႔ယို႔နဲ႕ ေနရသလို ဒူးေတြလည္းတုန္လာေလသည္။

"အမႈကဖြင့္ထားၿပီးၿပီဆိုေတာ့ ပိတ္ဖို႔မွမလြယ္တာအကိုႀကီးရ ေနာက္ၿပီးသက္ေသတြကလည္းရွိဆိုေတာ့ "

"မဟုတ္တာကို ျဖစ္ေအာင္လုပ္နိုင္ေသးတာပဲ အခုမွဘာကိုမလြယ္တာလဲ လ ြယ္ေအာင္ငါလုပ္ေပးရမလား "

"ေနပါအုန်း အကုိကြီး ခံရတာ အကုိကြီးယောက်ဖနော် ဘာမဟုတ္တဲ့လူကို ဘာကိစၥလြတ္ေပးရမွာလဲ အမွန္ဆို အကုိကြီးကတောင် ပိုလိုက္ေပးရမွာကို "

"မင္း အခုတရားစြဲထားတဲ့သူက ငါ့သမီးအရင္းပဲ ခုနကသူ႕အေမလာသြားတယ္ မပိတ္ေပးရင္ သတင္းထဲပါလာေတာ့မွာ ငါ့ဂုဏ္သိကၡာကို အထိအခိုက္မခံနိုင္ဘူး မနက္ျဖန္ ပတ္ပို႔စ္ေတြအသင့္ျပင္ထား အေမရိကန္မွာ သြားေနေတာ့ "

"ရွင့္ဟာကလြန္ပါတယ္ရွင္ ေမာင္ေလးကဒီေလာက္မတရားခံရတာကို သမီးရင္းလည္းဘာျဖစ္လဲသူအျပစ္လုပ္လို႔ခံရတာပဲ သတင္းစာထဲမွာ ပါရင္ေတာင္ ကြၽန္မတို႔အသိုင္းအဝိုင္းကဒီေလာက္ႀကီးတာ သူတို႔ဘယ္ေလာက္ထိေဖာ္ျပနိုင္မွာလဲ "

"ငါေျပာတဲ့စကားကို အာခံနိုင္လာၿပီဆိုေတာ့ ၾကည့္ရတာ ေနာက္ခံအင္အားရွိလာၿပီ ထင္တယ္"

ေနာက္ေက်ာေပးရပ္ထားရာမွ လွည့္ကာေအးစက္စက္စကားေတြနဲ႕
မဲ့ၿပဳံးေၾကာင့္ ထက္ျမက္ေမာင္သာမက  ေဒၚျမတ္ျမတ္ေမ ပါ စကားသံေတြတိတ္သြားေလသည္။

"ငါေျပာတဲ့အတိုင္းသာလုပ္ သမီးေလး မ်က္ႏွာေၾကာင့္ မင္းတို႔ႏွစ္ေယာက္လုံး အိမ္ေပၚကမဆင္းရတယ္မွတ္ပါ ေဒၚဝင္း ဒီဟာေတြရွင္းထားလိုက္ သမီးေလးေက်ာင္းကျပန္လာရင္ လာရင္ ဘာမွမျမင္ေစမသိေစနဲ႕ "

"ဟုတ္....ဟုတ္ကဲ့ပါ ဆရာ "

အိမ္ေတာ္ထိန္း ေဒၚဝင္း မွာေၾကာက္ေၾကာက္လန့္လန့္ျဖင့္ ေျဖၿပီးေနာက္ ကားသမား ကိုတင္ထြန္းနဲ႕ထြက္သြားတဲ့ အခါမွ သက္ျပင္းခ်မိသည္။ သူတို႔၏ သူေဌးေခၚ ဆရာသည္ ေဒါသႀကီးလွ်င္ေတာ္ေတာ္ေၾကာက္ရပါသည္။ ခါတိုင္းဆို လက္ပါတတ္ေပမယ့္
သမီးေလး ျမတ္ေ႐ႊဇင္မင္း က အသံအက်ယ္ၾကားလွ်င္ ကို ေၾကာက္တတ္သူမို႔ ရန္ျဖစ္ရင္ေတာင္ သမီးေလးမရွိတဲ့အခ်ိန္မွသာ ျဖစ္တတ္သည္။

ဆရာက ေသြးေအးၿပီး မခ်စ္တတ္ေပမယ့္ သူ႕သမီးေလးကိုေတာ့ ေတာ္ေတာ္ခ်စ္ရွာသည္။ ထို႔ေၾကာင္ပင္လည္း ေဒၚျမတ္ျမတ္ေမတို႔ ေမာင္ႏွစ္မႏွစ္ေယာက္ ဒီအိမ္တြင္ ၾကာရွည္ခံရျခင္းျဖစ္သည္။

....

မေန႕ညက တစ္ညလုံး ဘယ္လိုမွ အိပ္မေပ်ာ္ခဲ့ေပ....ေမေမတို႔အိမ္ကိုလည္း ျပန္မလိုက္ခ်င္တာေၾကာင့္ ေမာင့္အခန္းထဲတြင္သာ အိပ္စက္ခဲ့သည္။ တစ္ေန႕လုံး အန္တီႏွင့္ ေမာင့္အေၾကာင္းေတြသာ ေျပာျဖစ္ခဲ့ၾကသည္။ ေမာင္ငယ္ငယ္က ဘာေတြကိုဘယ္လိုေၾကာက္ခဲ့ေၾကာင္း တစ္ခါတစ္ေလ ဘယ္လိုေၾကာင္ေတာင္ေတာင္နိုင္ေၾကာင္း အန္တီေျပာျပခဲ့တာ ပိုးအတြက္ေတာ့ စိတ္ညစ္တဲ့ၾကားကပင္ အေမာေလးေျပခဲ့ေလသည္။ မနက္ေစာေစာတြင္ေမာင့္ကို အန္တီနဲ႕အတူသြားေတြ႕မွာမို႔ နှုိးစက် ခ်ထားၿပီး အိပ္ေပမယ့္ မနက္ႏွစ္နာရီေလာက္ကမွအိပ္ေပ်ာ္သြားေတာ့ မ်က္စိဖြင့္ေတာ့ ေနေရာင္ေတြေတာင္ အခန္းထဲထိုးေနၿပီ...

ေနပါအုန္း... သူေသခ်ာေပါက္ႏွိုးစက္က မနက္ေျခာက္နာရီခ်ထားတာကို ေနေရာင္ေတာင္ထိုးေနၿပီဆိုေတာ့ နှုိးစက်က မျမည္တာလား... ကမန္းကတမ္းျဖင့္ထကာ ဖုန္းကိုယူဖို႔ျပင္ေတာ့
သူ႕ခါးမွာဖက္ထားတဲ့ လက္တစ္ဖက္...
ပိုးမှာရုတ်တရက်လန့်သွားခဲ့ပုီးမှ ေဘးကိုၾကည့္လိုက္ေတာ့...

"ေမာင္! !!!"

#ေအးခ်မ္းညိမ္း

မနက္ျဖန္ေမြးေန႕ဆိုေတာ့ ကုသိုလ္ရေအာင္ စာဖတ္သူေတြစိတ္ခ်မ္းသာဖို႔ အစပ္ေလးေတြေလ်ာ့လိုက္ပါၿပီ...
😌😌😌

Continue Reading

You'll Also Like

1.5M 32.9K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
626K 5.2K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
5.2M 551K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...