စာစဥ္ - ၅/ အခန္း - ၁၂၅+၁၂၆
အခန္း - ၁၂၅
ထန္ဝမ္ရဲ႕ခ်ီးက်ဴးတဲ့အၾကည့္ကိုေတြ႕လိုက္ရေတာ့ လွ်ိဳရႈထံု စိတ္သက္သာရာရသြားသည္။ သူ စိတ္လႈပ္ရွားေနခဲ့ေပမဲ့ ႂကြားဝါဖို႔လည္းမေမ့ခဲ့။
"ဒါပဲေလ။ ကိုယ္က မင္းရဲ႕စူပါဟီး႐ိုးပါကြ။ ေနာက္ထပ္ ေမးခြန္းေတြထပ္ေမးခ်င္ရင္ ကိုယ့္ကိုပဲေမးေနာ္"
သူ႔စကားကိုၾကားတာနဲ႔ ထန္ဝမ္ ေလ့က်င့္ခန္းစာအုပ္ကို ခ်က္ခ်င္းထုတ္လိုက္ကာ ေမွ်ာ္လင့္ေနတဲ့အၾကည့္ေလးနဲ႔ ၾကည့္လာခဲ့သည္။
"ဒီေမးခြန္းကေရာဟင္။ သဲေလးက ဒါကိုလည္း မေျဖရွင္းႏိုင္ျပန္ဘူး"
လွ်ိဳရႈထံု - "…"
ဒါေပမဲ့ သူ အိေျႏၵဆယ္လိုက္ကာ
"ကိုယ့္ကိုျပန္ၾကည့္"
ပုစာၦကိုျမင္ေတာ့ သူ စိတ္သက္သာရသြားသည္။ မေန႔ကလုပ္ခဲ့တဲ့အထဲမွာ အဲဒါေတြလည္း ပါတယ္ေလ။ ခဏေလာက္ေတြးၿပီးေတာ့ သူ ေဘာပင္ထုတ္ကာ စာရြက္ေပၚေရးခ်လိုက္သည္။ ထန္ဝမ္က စိတ္လႈပ္ရွားသြားၿပီး
"သိၿပီ။ ဒီေမးခြန္းက ဒီလိုကိုး"
လွ်ိဳရႈထံုက ထန္ဝမ္ကို ျပန္ရွင္းျပသည္။ ထန္ဝမ္ ေသေသခ်ာခ်ာနားေထာင္ေနကာ
"ထံုထံုက အရမ္းေတာ္တာပဲ။"
ဒါေပမဲ့ စိတ္ထဲကေနမေနႏိုင္ေတာ့ပဲ ခ်စ္စရာေလးကိုေျပာလိုက္သည္။
/လွ်ိဳရႈထံုက ဉာဏ္ေကာင္းတဲ့ပံုပဲ/
/ဒါက…က်ဳပ္က ေနာက္ထပ္အ႐ူးတစ္ေယာက္ကို မင္းအတြက္ ခင္ပြန္းအျဖစ္မရွာေပးပါဘူး။ ဒါေပမဲ့ သူက အနာဂတ္မွာ မင္းကို ေထာက္ပံ့ေပးယံုကလြဲၿပီး ဘာလုပ္စရာလိုလို႔လဲ/
ထန္ဝမ္ - ေသေတာ့မယ္!!
လွ်ိဳရႈထံုကေတာ့ အ႐ူးတစ္ေယာက္နဲ႔မတူပဲ ကြဲျပားေနပါေသးသည္။
ထန္ဝမ့္ဆီက ခ်ီးက်ဴးစကားကိုထပ္ၾကားရေတာ့ လွ်ိဳရႈထံု သူ႔တစ္ကိုယ္လံုးက ကိုယ္ေရာင္ကိုယ္ဝါေတာက္ပေနသလို ခံစားလိုက္ရသည္။
"ဒါက ကိုယ္ဘယ္သူဆိုတာကိုလည္းၾကည့္ေလ"
သူ ထပ္ၿပီးႂကြားျပန္သည္။
စိတ္ထဲမွာေတာ့ // အရင္က ဝမ္ဝမ္ က်န္းဟြမ္ကိုစိတ္ဝင္စားမိတာအံ့ၾသစရာမရွိေတာ့ဘူး။ သူမက စာေတာ္တဲ့ေကာင္ေလးေတြကိုႀကိဳက္တာျဖစ္မယ္//
ၾကည့္ရတာ သူ စာႀကိဳးစားၿပီး အဆင့္တက္ေအာင္လုပ္မွပဲ။ အနည္းဆံုးေတာ့ က်န္းဟြမ္ကိုေက်ာ္ရမယ္။ ဒါမွ သူ႔ဇနီးေလးက သူ႔ကိုစာေတြပိုပိုေမးၿပီး က်န္းဟြမ္ထက္ ပိုႀကိဳက္သြားလိမ့္မယ္။
ထို႔ေနာက္ လွ်ိဳရႈထံုတစ္ေယာက္ စာလုပ္မယ့္နည္းလမ္းေတြကို ဇာတ္လမ္းတြဲလိုမ်ိဳး အရွည္ႀကီးစာရင္းျပဳစုလိုက္သည္။
ေန႔လည္ခင္းေက်ာင္းဆင္းခ်ိန္မွာ သူ႔အဖြဲ႔သားေတြက ေန႔လည္စာစားဖို႔လာေခၚတာေတာင္ သူ မလိုက္ေတာ့။
"ငါ့ေကာင္မေလးနဲ႔အခ်ိန္ျဖဳန္းေပးရမယ္။ မင္းတို႔ဘာသာသြားၾကေတာ့"
ဒါေပမဲ့ ထန္ဝမ္က ထ်န္ထ်န္နဲ႔ေန႔လည္စာသြားစားေနခ်ိန္မွာ သူကေတာ့ သင္ခန္းစာစာအုပ္ေတြယူကာ ေက်ာင္းေခါင္မိုးေပၚကိုေျပးတက္သြားသည္။ တစ္ခါမွလည္း စာက်က္ေလ့မရွိဘူးဆိုေတာ့ သူ ဖုန္းကိုထုတ္ကာ dictionaryကိုဖြင့္ကာ အဂၤလိပ္အသံထြက္ေတြ ရွာေတာ့သည္။
အေျခခံစာလံုးအခ်ိဳ႕ကို နားလည္သြားၿပီးေနာက္ သူ႔မ်က္လံုးေတြက အေရာင္ေတာက္ကုန္သည္။ ဒါက စိတ္မရႈပ္ရဘူးပဲ။
ေန႔လည္ခင္းအဂၤလိပ္အတန္း…
ဖတ္ရတဲ့အခ်ိန္ေရာက္ေတာ့ လွ်ိဳရႈထံုက ထန္ဝမ္ကို လွ်ိဳ႕ဝွက္တဲ့အၾကည့္နဲ႔ၾကည့္လိုက္ကာ
"ဇနီးေလး မွတ္စုယူလိုက္"
"ဟမ္"
ထန္ဝမ္ ေၾကာင္သြားသည္။
"ဇနီးေလးကိုေမးမယ္ေနာ္။ နံရံ၊ မ်က္လံုးနဲ႔ ဒူးကို အဂၤလိပ္လို ဘယ္လိုအသံထြက္ရမလဲဆိုတာကို ဇနီးေလးသိလား"
ထန္ဝမ္ ခပ္ေၾကာင္ေၾကာင္နဲ႔ပဲျပန္ေျဖလိုက္သည္။
"wall, eye, knee"
ေျပာၿပီးေတာ့ တစ္ခုခုမွားေနတယ္လို႔ ခံစားလိုက္ရသည္။ လွ်ိဳရႈထံုကေတာ့ ျပံဳးၿဖီးၿဖီးနဲ႔
"ကိုယ္ေရာပဲ။ မင္းကိုခ်စ္တယ္ေနာ္"
ထန္ဝမ္ - …
ဒါေပမဲ့ သူ႔ရဲ႕ေတာက္ပေနတဲ့မ်က္လံုးေတြကိုေတြ႕လိုက္ရေတာ့ ေအာ္ပစ္ခ်င္စိတ္ကို ထိန္းလိုက္ကာ ရွက္ေသြးျဖန္းေနတဲ့အၾကည့္ေလးနဲ႔ၾကည့္လိုက္သည္။
ထိုအခ်ိန္ လွ်ိဳရႈထံုက စာအုပ္ကိုယူကာ ေသေသခ်ာခ်ာေလးေလးနက္နက္နဲ႔
"ထန္ဝမ္ Mynameis လွ်ိဳရႈထံု။ Iloveyou! veryveryloveyou! Youareso kawaii!"
ထန္ဝမ္ အဂၤလိပ္စာအုပ္နဲ႔မ်က္ႏွာကိုကာထားရေတာ့သည္။ ဒီခက္ရင္းခြေကာင္ကေတာ့!
ထန္ဝမ္ရွက္သြားတယ္လို႔ ထင္ၿပီး လွ်ိဳရႈထံုတစ္ေယာက္ ေနာက္ထပ္ ပိုမိုခက္ခဲတဲ့စကားလံုးေတြကိုေျပာဖို႔ ေတြးလိုက္သည္။
ဒါေပမဲ့ ထန္ဝမ္ကေတာ့ မေနႏိုင္ေတာ့ပဲ
"ထံုထံု kawaiiက ဂ်ပန္စာမဟုတ္လားဟင္။ နင္ ဆရာမဆူတာကို ခံခ်င္ေနတာလား"
လွ်ိဳရႈထံုက
"ရတယ္။ သူက ငါ့ကိုဂ႐ုမစိုက္ဘူးေလ"
လူတိုင္းက သူ႔ကိုအမိႈက္လို႔ပဲျမင္ေနတာေလ။
အခန္း - ၁၂၆
ထန္ဝမ္ ေျပာစရာစကားမဲ့သြားသည္။
ဒီေကာင္က သူ႔ကိုယ္သူေတာ့ သိသားပဲ။
ဒါေပမဲ့ သူမ သူ႔ကိုဒီထက္ပိုၿပီးေတာ္လာေအာင္ လုပ္ေပးခ်င္သည္။
တစ္ရက္ေလာက္ စာကိုေသေသခ်ာခ်ာလုပ္လိုက္ရၿပီးေနာက္ အရင္ကတစ္ခါမွမခံစားဖူးတဲ့ နာက်င္မႈကို လွ်ိဳရႈထံု ခံစားလိုက္ရသည္။ တစ္ေန႔လံုးအကေလ့က်င့္ေနရင္ေတာင္ ဒီေလာက္ပင္ပန္းမႈကို မခံစားရဖူးဘူး။
ဒါေပမဲ့လည္း ဝမ္ဝမ္ရဲ႕အထင္ႀကီးမႈကိုရရွိဖို႔ သူ လုပ္မွကိုျဖစ္မည္။
ေက်ာင္းဆင္းေတာ့ သူ ထန္ဝမ္ကိုလိုက္ပို႔ၿပီးအိမ္ျပန္လာကာ စာလုပ္ေတာ့သည္။ သူ စာလုပ္ေနတုန္း F4အဖြဲ႔က က်န္တဲ့ပ်ားသံုးေကာင္က သူ႔ကိုဖုန္းေခၚကာ အတူတူကၾကဖို႔ေျပာသည္။
"ေဘာ့စ္ နင္ မေန႔ကတည္းက မလာတာေနာ္။ မင္းရဲ႕အကစေကးေတြကို သူ႔ကိုျပသင့္တယ္"
လွ်ိဳရႈထံုက ခ်က္ခ်င္းျငင္းပယ္လိုက္သည္။
"စာႀကိဳးစားတဲ့ေကာင္မေလးကို ငါ့အကစြမ္းရည္ကိုသြားျပလို႔ေကာ ဘာရမွာလဲ။ -ီးပဲ"
"မဟုတ္ဘူးေလ ေဘာ့စ္။ မင္း ဘာမွမလုပ္ေတာ့ဘူးလား"
"ငါ အဆင္ေျပတယ္လို႔ ဘယ္သူေျပာလဲ။ ငါ စာလုပ္ခ်င္တယ္ကြ"
ဖုန္းတစ္ဖက္က လူအားလံုး ေရွာ့ခ္ရသြားၾကသည္။
"ေဘာ့စ္ မင္း ဘယ္သူ႔ကိုလာေနာက္ေနတာလဲ။ မင္းသာ စာလုပ္ေနရင္ ငါ မင္းေရွ႕မွာ ကီးဘုတ္ ဝါးစားျပမယ္"
တစ္ဖက္က လံုးဝကို သူ႔ကိုယံုၾကည္လြန္းလွပါသည္။
လွ်ိဳရႈထံု ႏွာရံႈ႕လိုက္ကာ
"ဒါဆို စားလိုက္။ ဒီေန႔ကစၿပီး ငါ စာကိုႀကိဳးႀကိဳးစားစားနဲ႔ေန႔တိုင္းလုပ္ေတာ့မွာ"
"မဟုတ္ဘူးေလ ေဘာ့စ္။ စာလုပ္ရတဲ့အဓိကအေၾကာင္းျပခ်က္က ဘာလဲ"
"စာေလ့လာတာက ငါ့ကိုေပ်ာ္ေစတယ္။ ငါ စာသင္ရတာႀကိဳက္တယ္။ ေက်းဇူးပဲ။ အခုတေလာ ငါ့ကို ဒီလိုကိစၥေထြေထြထူးထူးမရွိရင္ လာမရွာၾကနဲ႔။ ဖုန္းခ်လိုက္ၿပီ"
ေျပာၿပီးေတာ့ တစ္ခါတည္း ဖုန္းခ်ပစ္လိုက္သည္။
ဟမ့္!
ငါက အခု ဇနီးရွိေနတဲ့ ေယာက္်ားျဖစ္ေနၿပီ။ ဇနီးေလးရဲ႕အထင္ႀကီးမႈေတြကိုရယူဖို႔အတြက္ ဂိမ္းေဆာ့ေနလို႔မရေတာ့ဘူးကြ။
အလယ္တန္းေက်ာင္းဒုတိယႏွစ္က ေက်ာင္းသားအားလံုးထဲမွာ ဘယ္သူက အေတာ္ဆံုးဆိုတာကို ဝမ္ဝမ့္ကိုျပခ်င္သည္။
ဂိမ္းအတြက္ကလား?
အခုေတာင္ သူက ဘုရင္ဆိုတဲ့ရာထူးကိုရထားၿပီးၿပီေလ။ အဲဒါအတြက္ သူ စိတ္ပူေနစရာမလိုဘူး။
ေနာက္တစ္စကၠန္႔ၾကာမွာေတာ့ လွ်ိဳရႈထံုတစ္ေယာက္ သူ႔ရဲ႕ေသတၱာေတြကိုေလွ်ာက္လွန္ကာ အလယ္တန္းေက်ာင္းစာအုပ္ေတြ လိုက္ရွာေတာ့သည္။ စာအုပ္ေတြကေတာ့ အသစ္စက္စက္ပဲရွိေနေသးသည္။ စာအုပ္ေတြမွာ သူ႔နာမည္ေတာင္မေရးရေသးပဲ ဒီအတိုင္းပစ္ထားတာျဖစ္သည္။
သူ စာအုပ္ေတြကိုထုတ္ၿပီး ႀကိဳးႀကိဳးစားစားေတာ့သည္။ အရင္က ဂိမ္းေဆာ့ရင္အာရံုစိုက္တာထက္ကိုပိုၿပီးေတာ့ ႀကိဳးစားသည္။ အ႐ုဏ္ ၄နာကီအထိ စာလုပ္ၿပီးမွ သူ စာအုပ္ခ်လိုက္သည္။ ၿပီးေတာ့ အိပ္ရာေပၚတက္ကာ အိပ္ေတာ့သည္။
သူ႔အိပ္မက္ထဲမွာေတာင္ သခၤ်ာသေကၤတေတြက ေနရာယူေနခဲ့သည္အထိ။
*
ထန္ဝမ္ကေတာ့ အကကိုျပင္းျပင္းထန္ထန္ေလ့က်င့္ေနသည္။ သူမ လက္ေခ်ာင္းေတြ နာလာတဲ့အခ်ိန္က်မွ အိပ္ရာေပၚတက္လိုက္ကာ
"လွ်ိဳရႈထံုကို တကယ္ေလးစားတယ္။ သူ ဘယ္လိုလုပ္ၿပီးဒီအရာမွာ အရမ္းေတာ္ေနရတာလဲ"
ခ်စ္စရာေလးက
/host ဒါမ်ိဳးက ကိုယ္ရည္ကိုယ္ေသြးလိုတယ္ေလ။ လွ်ိဳရႈထံုက အရည္အခ်င္းျပည့္စံုတဲ့အကသမားတစ္ေယာက္ပဲ/
/ငါကေရာ?/
ထန္ဝမ္ ခ်က္ခ်င္းေမးလိုက္သည္။
/host ေပတံက လက္မထက္ ပိုရွည္မွရမယ္ေလ။ ေျပာၾကတဲ့အတိုင္းဆိုရင္ ဉာဏ္တံုးနဲ႔ငွက္က ပိုၿပီးျမန္ေအာင္ပ်ံတယ္တဲ့။ မင္းသာ ႀကိဳးႀကိဳးစားစားလုပ္ရင္ ေနာက္က် မင္းက အရမ္းကိုေတာ္လာမွာ။ ငါ အာမခံတယ္/
ခ်စ္စရာေလးက အားေပးသည္။
/ဟဲဟဲ ငါက အကမွာ အရမ္းကိုအရည္ခ်င္းရွိတယ္လို႔ ေျပာေနတာလား/
/မဟုတ္ပါဘူး။ လံုးဝပဲ။ အခု ကိုယ့္ကိုယ္ကိုယ္ ေတာ္တယ္လို႔ ထင္ေနတာလား။ အနာဂတ္မွာ မင္း အကဘုရင္မတစ္ေယာက္ျဖစ္လာမွာပါ။ မင္းအခု ပင္ပင္ပန္းပန္းေလ့က်င့္ရင္ ေနာက္က် လြယ္ကူသြားလိမ့္မယ္/
သူ႔စိတ္ထဲမွာေတာ့ //အေဖတစ္ေယာက္အေနနဲ႔ ကိုယ့္သမီးကိုယ္ အားေပးရမွာေပါ့ကြယ္။ သမီးကို႐ိုက္စရာလား//
*****
Unicode
စာစဉ် - ၅/ အခန်း - ၁၂၅+၁၂၆
အခန်း - ၁၂၅
ထန်ဝမ်ရဲ့ချီးကျူးတဲ့အကြည့်ကိုတွေ့လိုက်ရတော့ လျှိုရှုထုံ စိတ်သက်သာရာရသွားသည်။ သူ စိတ်လှုပ်ရှားနေခဲ့ပေမဲ့ ကြွားဝါဖို့လည်းမမေ့ခဲ့။
"ဒါပဲလေ။ ကိုယ္က မင်းရဲ့စူပါဟီးရိုးပါကွ။ နောက်ထပ် မေးခွန်းတွေထပ်မေးချင်ရင် ကိုယ့်ကိုပဲမေးနော်"
သူ့စကားကိုကြားတာနဲ့ ထန်ဝမ် လေ့ကျင့်ခန်းစာအုပ်ကို ချက်ချင်းထုတ်လိုက်ကာ မျှော်လင့်နေတဲ့အကြည့်လေးနဲ့ ကြည့်လာခဲ့သည်။
"ဒီမေးခွန်းကရောဟင်။ သဲလေးက ဒါကိုလည်း မဖြေရှင်းနိုင်ပြန်ဘူး"
လျှိုရှုထုံ - ""
ဒါပေမဲ့ သူ အိနြေ္ဒဆယ်လိုက်ကာ
"ကိုယ့်ကိုပြန်ကြည့်"
ပုစာၦကိုမြင်တော့ သူ စိတ်သက်သာရသွားသည်။ မနေ့ကလုပ်ခဲ့တဲ့အထဲမှာ အဲဒါတွေလည်း ပါတယ်လေ။ ခဏလောက်တွေးပြီးတော့ သူ ဘောပင်ထုတ်ကာ စာရွက်ပေါ်ရေးချလိုက်သည်။ ထန်ဝမ်က စိတ်လှုပ်ရှားသွားပြီး
"သိပြီ။ ဒီမေးခွန်းက ဒီလိုကိုး"
လျှိုရှုထုံက ထန်ဝမ်ကို ပြန်ရှင်းပြသည်။ ထန်ဝမ် သေသေချာချာနားထောင်နေကာ
"ထုံထုံက အရမ်းတော်တာပဲ။"
ဒါပေမဲ့ စိတ်ထဲကနေမနေနိုင်တော့ပဲ ချစ်စရာလေးကိုပြောလိုက်သည်။
/လျှိုရှုထုံက ဉာဏ်ကောင်းတဲ့ပုံပဲ/
/ဒါကကျုပ်က နောက်ထပ်အရူးတစ်ယောက်ကို မင်းအတွက် ခင်ပွန်းအဖြစ်မရှာပေးပါဘူး။ ဒါပေမဲ့ သူက အနာဂတ်မှာ မင်းကို ထောက်ပံ့ပေးယုံကလွဲပြီး ဘာလုပ်စရာလိုလို့လဲ/
ထန်ဝမ် - သေတော့မယ်!!
လျှိုရှုထုံကတော့ အရူးတစ်ယောက်နဲ့မတူပဲ ကွဲပြားနေပါသေးသည်။
ထန်ဝမ့်ဆီက ချီးကျူးစကားကိုထပ်ကြားရတော့ လျှိုရှုထုံ သူ့တစ်ကိုယ်လုံးက ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသလို ခံစားလိုက်ရသည်။
"ဒါက ကိုယ်ဘယ်သူဆိုတာကိုလည်းကြည့်လေ"
သူ ထပ်ပြီးကြွားပြန်သည်။
စိတ်ထဲမှာတော့ // အရင်က ဝမ်ဝမ် ကျန်းဟွမ်ကိုစိတ်ဝင်စားမိတာအံ့သြစရာမရှိတော့ဘူး။ သူမက စာတော်တဲ့ကောင်လေးတွေကိုကြိုက်တာဖြစ်မယ်//
ကြည့်ရတာ သူ စာကြိုးစားပြီး အဆင့်တက်အောင်လုပ်မှပဲ။ အနည်းဆုံးတော့ ကျန်းဟွမ်ကိုကျော်ရမယ်။ ဒါမွ သူ့ဇနီးလေးက သူ့ကိုစာတွေပိုပိုမေးပြီး ကျန်းဟွမ်ထက် ပိုကြိုက်သွားလိမ့်မယ်။
ထို့နောက် လျှိုရှုထုံတစ်ယောက် စာလုပ်မယ့်နည်းလမ်းတွေကို ဇာတ်လမ်းတွဲလိုမျိုး အရှည်ကြီးစာရင်းပြုစုလိုက်သည်။
နေ့လည်ခင်းကျောင်းဆင်းချိန်မှာ သူ့အဖွဲ့သားတွေက နေ့လည်စာစားဖို့လာခေါ်တာတောင် သူ မလိုက်တော့။
"ငါ့ကောင်မလေးနဲ့အချိန်ဖြုန်းပေးရမယ်။ မင်းတို့ဘာသာသွားကြတော့"
ဒါပေမဲ့ ထန်ဝမ်က ထျန်ထျန်နဲ့နေ့လည်စာသွားစားနေချိန်မှာ သူကေတာ့ သင်ခန်းစာစာအုပ်တွေယူကာ ကျောင်းခေါင်မိုးပေါ်ကိုပြေးတက်သွားသည်။ တစ်ခါမှလည်း စာကျက်လေ့မရှိဘူးဆိုတော့ သူ ဖုန်းကိုထုတ်ကာ dictionaryကိုဖွင့်ကာ အင်္ဂလိပ်အသံထွက်တွေ ရှာတော့သည်။
အခြေခံစာလုံးအချို့ကို နားလည်သွားပြီးနောက် သူ့မျက်လုံးတွေက အရောင်တောက်ကုန်သည်။ ဒါက စိတ်မရှုပ်ရဘူးပဲ။
နေ့လည်ခင်းအင်္ဂလိပ်အတန်း
ဖတ်ရတဲ့အချိန်ရောက်တော့ လျှိုရှုထုံက ထန်ဝမ်ကို လျှို့ဝှက်တဲ့အကြည့်နဲ့ကြည့်လိုက်ကာ
"ဇနီးလေး မှတ်စုယူလိုက်"
"ဟမ်"
ထန်ဝမ် ကြောင်သွားသည်။
"ဇနီးလေးကိုမေးမယ်နော်။ နံရံ၊ မျက်လုံးနဲ့ ဒူးကို အင်္ဂလိပ်လို ဘယ်လိုအသံထွက်ရမလဲဆိုတာကို ဇနီးလေးသိလား"
ထန်ဝမ် ခပ်ကြောင်ကြောင်နဲ့ပဲပြန်ဖြေလိုက်သည်။
"wall, eye, knee"
ပြောပြီးတော့ တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရသည်။ လျှိုရှုထုံကတော့ ပြုံးဖြီးဖြီးနဲ့
"ကိုယ်ရောပဲ။ မင်းကိုချစ်တယ်နော်"
ထန်ဝမ် -
ဒါပေမဲ့ သူ့ရဲ့တောက်ပနေတဲ့မျက်လုံးတွေကိုတွေ့လိုက်ရတော့ အော်ပစ်ချင်စိတ်ကို ထိန်းလိုက်ကာ ရှက်သွေးဖြန်းနေတဲ့အကြည့်လေးနဲ့ကြည့်လိုက်သည်။
ထိုအချိန် လျှိုရှုထုံက စာအုပ္ကိုယူကာ သေသေချာချာလေးလေးနက်နက်နဲ့
"ထန်ဝမ် Mynameis လျှိုရှုထုံ။ Iloveyou! veryveryloveyou! Youareso kawaii!"
ထန်ဝမ် အင်္ဂလိပ်စာအုပ်နဲ့မျက်နှာကိုကာထားရတော့သည်။ ဒီခက်ရင်းခွကောင်ကတော့!
ထန်ဝမ်ရှက်သွားတယ်လို့ ထင်ပြီး လျှိုရှုထုံတစ်ယောက် နောက်ထပ် ပိုမိုခက်ခဲတဲ့စကားလုံးတွေကိုပြောဖို့ တွေးလိုက်သည်။
ဒါပေမဲ့ ထန်ဝမ်ကတော့ မနေနိုင်တော့ပဲ
"ထုံထုံ kawaiiက ဂျပန်စာမဟုတ်လားဟင်။ နင် ဆရာမဆူတာကို ခံချင်နေတာလား"
လျှိုရှုထုံက
"ရတယ်။ သူက ငါ့ကိုဂရုမစိုက်ဘူးလေ"
လူတိုင်းက သူ့ကိုအမှိုက်လို့ပဲမြင်နေတာလေ။
အခန်း - ၁၂၆
ထန်ဝမ် ပြောစရာစကားမဲ့သွားသည်။
ဒီကောင်က သူ့ကိုယ်သူတော့ သိသားပဲ။
ဒါပေမဲ့ သူမ သူ့ကိုဒီထက်ပိုပြီးတော်လာအောင် လုပ်ပေးချင်သည်။
တစ်ရက်လောက် စာကိုသေသေချာချာလုပ်လိုက်ရပြီးနောက် အရင်ကတစ်ခါမှမခံစားဖူးတဲ့ နာကျင်မှုကို လျှိုရှုထုံ ခံစားလိုက်ရသည်။ တစ်နေ့လုံးအကလေ့ကျင့်နေရင်တောင် ဒီလောက်ပင်ပန်းမှုကို မခံစားရဖူးဘူး။
ဒါပေမဲ့လည်း ဝမ်ဝမ်ရဲ့အထင်ကြီးမှုကိုရရှိဖို့ သူ လုပ်မှကိုဖြစ်မည်။
ကျောင်းဆင်းတော့ သူ ထန်ဝမ်ကိုလိုက်ပို့ပြီးအိမ်ပြန်လာကာ စာလုပ်တော့သည်။ သူ စာလုပ်နေတုန်း F4အဖွဲ့က ကျန်တဲ့ပျားသုံးကောင်က သူ့ကိုဖုန်းခေါ်ကာ အတူတူကကြဖို့ပြောသည်။
"ဘော့စ် နင် မနေ့ကတည်းက မလာတာနော်။ မင်းရဲ့အကစကေးတွေကို သူ့ကိုပြသင့်တယ်"
လျှိုရှုထုံက ချက်ချင်းငြင်းပယ်လိုက်သည်။
"စာကြိုးစားတဲ့ကောင်မလေးကို ငါ့အကစွမ်းရည်ကိုသွားပြလို့ကော ဘာရမွာလဲ။ -ီးပဲ"
"မဟုတ်ဘူးလေ ဘော့စ်။ မင်း ဘာမှမလုပ်တော့ဘူးလား"
"ငါ အဆင်ပြေတယ်လို့ ဘယ်သူပြောလဲ။ ငါ စာလုပ်ချင်တယ်ကွ"
ဖုန်းတစ်ဖက်က လူအားလုံး ရှော့ခ်ရသွားကြသည်။
"ဘော့စ် မင်း ဘယ်သူ့ကိုလာနောက်နေတာလဲ။ မင်းသာ စာလုပ်နေရင် ငါ မင်းရှေ့မှာ ကီးဘုတ် ဝါးစားပြမယ်"
တစ္ဖက္က လုံးဝကို သူ့ကိုယုံကြည်လွန်းလှပါသည်။
လျှိုရှုထုံ နှာရံှု့လိုက်ကာ
"ဒါဆို စားလိုက်။ ဒီနေ့ကစပြီး ငါ စာကိုကြိုးကြိုးစားစားနဲ့နေ့တိုင်းလုပ်တော့မှာ"
"မဟုတ်ဘူးလေ ဘော့စ်။ စာလုပ်ရတဲ့အဓိကအကြောင်းပြချက်က ဘာလဲ"
"စာလေ့လာတာက ငါ့ကိုပျော်စေတယ်။ ငါ စာသင်ရတာကြိုက်တယ်။ ကျေးဇူးပဲ။ အခုတေလာ ငါ့ကို ဒီလိုကိစ္စထွေထွေထူးထူးမရှိရင် လာမရှာကြနဲ့။ ဖုန်းချလိုက်ပြီ"
ပြောပြီးတော့ တစ်ခါတည်း ဖုန်းချပစ်လိုက်သည်။
ဟမ့်!
ငါက အခု ဇနီးရှိနေတဲ့ ယောက်ျားဖြစ်နေပြီ။ ဇနီးလေးရဲ့အထင်ကြီးမှုတွေကိုရယူဖို့အတွက် ဂိမ်းဆော့နေလို့မရတော့ဘူးကွ။
အလယ်တန်းကျောင်းဒုတိယနှစ်က ကျောင်းသားအားလုံးထဲမှာ ဘယ္သူက အတော်ဆုံးဆိုတာကို ဝမ်ဝမ့်ကိုပြချင်သည်။
ဂိမ်းအတွက်ကလား?
အခုတောင် သူက ဘုရင်ဆိုတဲ့ရာထူးကိုရထားပြီးပြီလေ။ အဲဒါအတွက် သူ စိတ်ပူနေစရာမလိုဘူး။
နောက်တစ်စက္ကန့်ကြာမှာတော့ လျှိုရှုထုံတစ်ယောက် သူ့ရဲ့သေတ္တာတွေကိုလျှောက်လှန်ကာ အလယ်တန်းကျောင်းစာအုပ်တွေ လိုက်ရှာတော့သည်။ စာအုပ်တွေကတော့ အသစ်စက်စက်ပဲရှိနေသေးသည်။ စာအုပ်တွေမှာ သူ့နာမည်တောင်မရေးရသေးပဲ ဒီအတိုင်းပစ်ထားတာဖြစ်သည်။
သူ စာအုပ်တွေကိုထုတ်ပြီး ကြိုးကြိုးစားစားတော့သည်။ အရင်က ဂိမ်းဆော့ရင်အာရုံစိုက်တာထက်ကိုပိုပြီးတော့ ကြိုးစားသည်။ အရုဏ် ၄နာကီအထိ စာလုပ်ပြီးမှ သူ စာအုပ်ချလိုက်သည်။ ပြီးတော့ အိပ်ရာပေါ်တက်ကာ အိပ်တော့သည်။
သူ့အိပ်မက်ထဲမှာတောင် သင်္ချာသငေ်္ကတတွေက နေရာယူနေခဲ့သည်အထိ။
*
ထန်ဝမ်ကတော့ အကကိုပြင်းပြင်းထန်ထန်လေ့ကျင့်နေသည်။ သူမ လက်ချောင်းတွေ နာလာတဲ့အချိန်ကျမှ အိပ်ရာပေါ်တက်လိုက်ကာ
"လျှိုရှုထုံကို တကယ်လေးစားတယ်။ သူ ဘယ်လိုလုပ်ပြီးဒီအရာမှာ အရမ်းတော်နေရတာလဲ"
ချစ်စရာလေးက
/host ဒါမျိုးက ကိုယ်ရည်ကိုယ်သွေးလိုတယ်လေ။ လျှိုရှုထုံက အရည်အချင်းပြည့်စုံတဲ့အကသမားတစ်ယောက်ပဲ/
/ငါကေရာ?/
ထန်ဝမ် ချက်ချင်းမေးလိုက်သည်။
/host ပေတံက လက်မထက် ပိုရှည်မှရမယ်လေ။ ပြောကြတဲ့အတိုင်းဆိုရင် ဉာဏ်တုံးနဲ့ငှက်က ပိုပြီးမြန်အောင်ပျံတယ်တဲ့။ မင်းသာ ကြိုးကြိုးစားစားလုပ်ရင် နောက်ကျ မင်းက အရမ်းကိုတော်လာမှာ။ ငါ အာမခံတယ်/
ချစ်စရာလေးက အားပေးသည်။
/ဟဲဟဲ ငါက အကမွာ အရမ်းကိုအရည်ချင်းရှိတယ်လို့ ပြောနေတာလား/
/မဟုတ်ပါဘူး။ လုံးဝပဲ။ အခု ကိုယ့်ကိုယ်ကိုယ် တော်တယ်လို့ ထင်နေတာလား။ အနာဂတ်မှာ မင်း အကဘုရင်မတစ်ယောက်ဖြစ်လာမှာပါ။ မင်းအခု ပင်ပင်ပန်းပန်းလေ့ကျင့်ရင် နောက်ကျ လွယ်ကူသွားလိမ့်မယ်/
သူ့စိတ်ထဲမှာတော့ //အဖေတစ်ယောက်အနေနဲ့ ကိုယ့်သမီးကိုယ် အားပေးရမှာပေါ့ကွယ်။ သမီးကိုရိုက်စရာလား//
*****