Start with Heart And End with...

By frozenmanobannca

144K 11K 1.5K

နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... ႏွလုံးအစားထိုး ခြဲစိတ္မႈကေန ျဖစ္ေပၚလာေသာ ခ်စ္ျခင္... More

Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
19 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞

34 💞

2.6K 206 14
By frozenmanobannca

အပိုင်း ၃၄

ဝင့်လွှာတို့ပြန်လာမည့်ရက်ဖြစ်တာကြောင့် ဇင်ယော်လည်း အလုပ်မှဒီနေ့တစ်ရက်တော့ခွင့်ယူလိုက်လေသည်။ သူဌေးကလည်း လာချင်ပေမယ့် ဒီနေ့မှ တစ်ခြာယကုမ္မဏီတွေ့ဖို့ချိန်းထားတာကြောင့် ဇင်ယော်ပဲလာခဲ့ရလေသည်။ မေမေကတော့ ဒီအချိန်လောက်မှာ အိမ်မှာ ချက်ပြုတ်နေလောက်ပြီ...

"ဟေး...ဝင့်လွှာ ဒီမှာဟ "

ထွက်ပေါက်ကနေ legue အိတ် နှစ်လုံးနဲ့ထွက်လာတဲ့ ဝင့်လွှာနဲ့မမနွေရယ်က ဝှီးချဲနဲ့ သားလေးကို တွန်းလာရင်း ဇင်ယော့်ဘက်သို့လျှောက်လာကြသည်။

"အမယ်လေး..ဘန်ကောက်သွားလိုက်တာ အမဲခြောက်ဖြစ်သွားတယ်နော် ဝင့်လွှာမ "

"ငါအမဲခြောက်ဖြစ်တာ နင်ဖြူသလောက်ပဲရှိပါတယ်ငှက်ကြီးရာ "

တွေ့တွေ့ချင်းခနဲ့နေတဲ့ ငှက်ကြီးကို ဝင့်လွှာလည်း ပါးပါးလေးပြန်ပက်လိုက်လေသည်။ ဒီလိုမှ တကယ့် bff တွေရဲ့နှုတ်ဆက်နည်းအစစ်..

"အေးပါ ကားပေါ်ရောက်မှ နင့်လက်နဲ့ငါ့လက် ယှဥ်ပြမယ် သားသားလေး နေကောင်းသွားပြီလား "

ဝင့်လွှာမအား မျက်စောင်းချီပြီး နောက် ဝှီးချဲပေါ်က သားသားလေးအား ဒူးညွှတ်ကာ ပါးလေးအား အသာကိုင်ရင်းမေးတော့..

"ဟုတ် ဦးဦးဇင်ဇင် "

"သားသားလေး ပျော်ခဲ့ရဲ့လား ".

"ဟင့်အင်း...ဟိုမှာကစားကွင်းအကြကြီးရှိတာကို မေမေကလိုက်မပို့ဘူး "

မျက်နှာမဲ့ရင်း ကလေးပီပီ ကစားကွင်းသွားချင်တဲ့ စိတ်ကလေးကို သူရဲ့ကျန်းမာရေးက ဖျက်လိုက်တာကြောင့် စိတ်မကောင်းဖြစ်မိရသည်။

"အော် သားသားရယ် သားသားကအခုမှနေကောင်းခါစမို့လို့လေ နောက်ခါကျရင် ဦးဦးက လိုက်ပို့မယ်နော် သေချာပေါက် "

"တကယ်လား "

မျက်လုံးလေးတွေအရောင်လက်ရင်း မေးလာတဲ့ကလေးငယ်သာ
တကယ့်ကို ဖြူစင်လွန်းပါဘိ..

"တကယ်ပေါ့ ဦးဦးက ကတိပေးရင်တည်တယ်ဆိုတာ သိတယ်မလား "

"ရေး..ဒါမှ ဦးဦးဇင်ဇင်ကွ "

လက်ခုပ်လက်ဝါးတွေ တီးရင်းပျော်နေရှာတဲ့ သားသားလေးကို ကျန်တဲ့လူကြီးသုံးယောက်ကတော့ ဝမ်းသာပိီတိမျက်လုံးများဖြင့် ကြည့်နေခဲ့လေသည်။

"ဝါး...တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရဘူး အိပ်ချင်လိုက်တာ "

ကားနောက်ခန်းမှ ဟားတစ်ဝါးဝါးသန်းရင်း သားသားလေးအား
ချီပွေ့ထားတဲ့ မမနွေရဲ့ ပုခုံးပေါ် ချက်ချင်း ခေါင်းတန်းရောက်သွားတဲ့ဝင့်လွှာမကို မှန်ထဲမှမျက်စောင်းထိုးလိုက်မိသည်။

သားသားလေးကို ခေါင်းလေးပွတ်သိပ်နေရင်း ပုခုံးပေါ်ရောက်လာတဲ့ လွှာ့ရဲ့ခေါင်းလေးကိုလည်း အဆင်တပြေဖြစ်စေစရန် ပုခုံးကိုလျောချလိုက်တဲ့ နွေ....အခုချိန်မှာ မိသားစုလေးတစ်ဖွယ်ခံစားနေရတဲ့ကြည်နူးမှုလေးဟာ နွေ့အတွက် အမြဲသတိရစေတော့မှာအမှန်ပင်....

....

ခဏနေတော့ ကားလေးဟာ ဇင်ယော်တို့ခြံထဲ ဝင်ရောက်ရင်း အထုပ်တွေကို အိမ်ပေါ်သို့သယ်လာလိုက်သည်။ ကားကိုတော့ ဝင့်လွှာပြန်မှပဲ ထည့်ပေးလိုက်တော့မည်။ သူ့ဦးလေးကားမို့လေ... ဝင့်လွှာတို့ကို လာကြိုဖို့ သူဌေးဆီ မနေ့ကတည်းက သွားတောင်းထားတာ..

"မေမေရေ ပြန်ရောက်ပြီ.... ဟင် မ "

ပြန်ရောက်ကြောင်းအသံလေးတဆာဆာနဲ့အော်နေတဲ့ ဇင်ယော်ဟာ
မထင်မှတ်ထားတဲမကို တွေ့လိုက်ရတော့ အထုပ်ကလေးချကာ မကုိ ပြေးဖက်လေသည်။မသိရင် အနှစ်နှစ်အလလ မတွေ့ရတဲ့သူတွေကျလို့.. အမှန်တော့မတွေ့တာတစ်ရက်ကျော်လေးပဲရှိသေးတာကို..

"အယ်....မောင် လွှတ်အုန်းလေ ဧည့်ခန်းကြီးထဲမှာ ဘယ်လိုဖြစ်နေတာလဲ "

"ဟဲ ဟဲ မကုိမြင်တော့ ဝမ်းသာသွားလို့ပါ "

"ဟိုမှာ ဝင့်လွှာတို့ကို သွားကူညီပေးလိုက်အုန်း
မ အန်တီနဲ့အတူတူ ထမင်းပွဲပြင်လိုက်အုန်းမယ် "

"ဟုတ် "

သားလေးအား ပွေ့လာတဲ့ မမနွေနဲ့ အနောက်က ဟားတစ်ဝါးဝါးသန်းရင်း အထုပ်တွေဆွဲလာတဲ့ဝင့်လွှာတို့အား သွား၍ အထုပ်တွေကူဆွဲပေးလိုက်လေသည်။သားသယးကျန်းမာရေးကြောင့်
ကလောမှာ အခြေချဖို့အတွက် အဆင်မပြေတာကတစ်ကြောင်း
ဇင်ယော်နဲ့မေမေတို့ကလည်း မမနွေကို ဒီမှာနေဖို့ ဇွတ်ပြောနေတာက တစ်ကြောင်း ပုဂ္ဂလိကဆေးရုံတွေအများကြီးရှိတဲ့နေရာမို့ ကျန်းမာရေးအတွက် အဆင်ပြေတာကတစ်ကြောင်းမို့ မမ နွေလည်း
ဒီမှာနေဖို့ မငြင်းသာတော့သည်။

မမနွေတို့အထုပ်တွေကို ေမမေပြင်ထားတဲ့ ဧည့်သာ်ခန်းထဲမှာထည့်လိုက်ပြီးနောက် အောက်ပြန်ဆင်းလာတော့ မေမေက မမနွေနဲ့စကားပြောနေလေသည်။ ဇင်ယော်ကတော့ မမနွေဘေးမှာထိုင်နေတဲ့မနား အတင်းကပ်ထိုင်လေတော့ သုံးယောက်ထိုင်တဲ့ဆိုဖာလေးဟာ မမနွေ ဝင့်လွှာနဲ့ မ တို့ဟာ ကျပ်သွားလေသည်။

"ဟဲ့ဇင်ယော် ဘယ်လိုဖြစ်နေတာလည်း ဒီဘက်လာထိုင်လေ ဟိုမယ် ကျပ်ကုန်ပြီ "

"မ လာ ဟိုဘက်မှာထိုင်ရအောင် "

မေမေ့မျက်စောင်းကြောင့်ချက်ချင်းထပြီး မဘက်ကို လက်ကမ်းတော့ ရလိုက်သည်။ မလက်တော့မဟုတ်..မျက်စောင်း...

"သွား ဟိုဘက်မှာသွားထိုင်ချေ "

ပိုးငေါက်လိုက်တော့ မျက်နှာလေးဆူပုတ်ပုတ်နဲ့ နှုတ်ခမ်းလေးဆူကာပိုးတို့မျက်နှာချင်းဆိုင်တွင်ထိုင်နေသော မောင်...

ဝင့်လွှာ တစ်ယောက် ဇင်ယော့်အား လျှာလေးထုတ်ပြောင်ပြနေတော့ သူသည်လည်း မမနွေဆီက မျက်စောင်းတစ်ချက်လက်ခံရရှိလိုက်လေသည်။ ထိုအခါ ဇင်ယော်သည်လည်း ပြန်လည်ပြောင်ပြနေတာကြောင့် ခဏအကြာ နှစ်ကောင်လုံး မေမေ့၏အမိန့်နဲ့ အပြင်ထုတ်ထားခံရပြီး ခြံထဲတွင်ထိုင်နေရလေသည်။

ချစ်ရသူတွေအနားကပ်ချင်သော်လည်း ပိုလွန်းသော မိမိတို့နှစ်ယောက်မှာ မာတာမိခင်၏တစ်ချက်လွှတ်အမိန့်ဖြင့် ခြံထဲတွင်နေရသော်အခါ သူ့ကြောင့် ငါ့ကြောင့်နှင့် ငြင်းခုန်လျက် တွတ်ထိုးရန်စောင်နေကြလေသည်။

ဒါပေမယ့် ဒါတွေက ခဏသာ.. နှစ်ယောက်သားရဲ့ရှေ့ရေးအချစ်ရေးအတွက် တိုင်ပင်ပြန်တဲ့ တည်တံ့သော စကားဝိုင်းလေးအဖြစ် ခဏအကြာ မှာပဲ ရောက်ရှိသွားလေသည်။

မမနွေကတော့ ဇင်ယော်တို့အိမ်မှာပဲ နေ၍အလုပ်လုပ်မည်ဖြစ်သည်။ ဒါက ဝင့်လွှာအတွက် အခွင့်အရေးရသလို မမနွေအတွက်လည်း အဆင်ပြေစေသည်။ ဟိုမှာနေတုန်း ချစိသူဆက်ဆံရေးမဟုတ်ခဒ့ပေမယ့် အရင်က ရင်းနှီးခဲ့သလောက်သာ မမနွေဘက်က ပြန်လည်ဆက်ဆံသည်မိို့ အရင်ကထက်စာရင်တော့ တော်သေးသည်ပေါ့..

မမနွေသာ ကလေးမရှိခဲ့လျှင် ဝင့်လွှာမှာ အခုချိန်နောက်တစ်ဖန်ပြန်ပြီး ချစ်ရေးဆိုပြီးလောက်မည်ဖြစ်ပေမယ့် မမနွေဘက်က သားသားလေးကို ထည့်တွက်စဥ်းစားနေရသည်မို့ ဝင့်လွှာမှာ ရှေ့မတိုးသာ...

ဇင်ယော်ကတော့ နောက်နှစ်ပတ်နေရင် လက်ထပ်ရတော့မည်မို့
သူ့၏ အချစ်ရေးဟာ မိမရွာ လေမထန်တော့ဘဲ သာယာတော့မည်မှာအမှန်ပင်..ဒါကြောင့်လညး် ဝင့်လွှာမှာ ဇင်ယော်နဲ့စကားပြိုင်ပြောတိုင်း ဒီတစ်ချက်က အမြဲအရှုံးပေးရလေသည်။ သူသည်လည်း ဇင်ယော့်လို မဂ်လာခန်းမနဲ့ ဦး၏ လက်ကို တွဲကာ လျှောက်ချင်သေးသည်။

.....

"ရော့ ကားသော့ ပြန်တော့"

မနက်စာစားလို့ပြီး မေမေတို့ရဲ့စကားဝိုင်းဟာလည်း ပြီးဆုံးလို့ ခရီးပန်းနေတဲ့ မမနွေတို့သားအမိကိုလည်း နားစေချင်သည်မို့ အိမ်အပေါ်ထပ်ပို့ပေးပြီးနောက် အခုချိန်ထိ အိမ်မပြန်ရသေးသော ဝင့်လွှာမကို သူ့ဦးလေးကားသော့ပေးကာ ပြန်ခိုင်းလေသည်။

"ဟယ်..ကြည့်စမ်း မတွေ့တာကြာတဲ့သူငယ်ချင်းကို ဇွတ်ပြန်ခိုင်းနေတာ အားနာပါးနာနဲ့ တစ်ညတစ်လေတောင် တည်းဖို့မမေးဘူး "

"အောင်မလေး...drama တွေလာခင်းပြမနေနဲ့ ဝင့်လွှာမ အရင်က အိက်ပါဆိုရင်တောင် ကျားဂူထဲဝင်ရသလို ကြောက်ပြနေပြီးတော့
အခုအိမ်မှာအိပ်ချင်တဲ့အကြောင်းပြချက်ကို ငါ့ကို ပေါ်ပေါ်ထင်ထင်ကြီး မြင်သာအောင် ပြောပြမနေနဲ့ နင့်ဦးလေးမျှော်နေလိမ့်မယ် လစ်တော့ "

"လေးလေးအိမ်က ဘယ်မှထွက်မပြေးဘူး သွားချင်တိုင်းသွားလို့ရတယ်လေ ငါလည်း ခရီးပန်းလာတာမို့ ကျောခင်းချင်နေပြီ "

လက်တွေ ဆန့်ရင်း ဟားသန်းပြနေတဲ့ ဝင့်လွှာမကို အကြောင်းသိတာကြောင့်..

"ေအာ်... အေးပါ နင်က အိပ်ချင်တယ်ဆိုတော့လည်း လာပါငါ့အခန်းထဲ ဝင်အိပ်လိုက် မနက်ဖြန်ထိ အိပ်လို့ရတယ် "

"အားနာပါတယ်သူငယ်ချင်းရယ် ငါကအဲ့လို သူများအခန်းထဲမအိပ်တတ်ဘူး တကယ်လို့ နင့်မှာ ဧည့်သည်နေတဲ့အခန်းလေးဘာလေးများရှိရင် "

ပြောရသ်းတန်းလန်း မျက်လုံး က အိမ်အပေါ်ထပ်က မမနွေတို့သားအမိအိပ်နေတဲ့ အခန်းဆီ ရောက်သွားတဲ့ ဝင့်လွှာမဟာ ဒီအိမ်မှာ ဧည့်သာ်နေတဲ့အခန်းတစ်ခန်းပဲ ရှိတာသိလို့ ဇာတ်လမ်းခင်းချင်နေတာလေ..ဒီကလည်း ဘယ်ရမလဲ..တစ်ရက်ကျော်ကြီးတောင် မတွေ့ရတဲ့ မ ကို သူ့ကြောင့် အနားတောင်ကပ်ခွင့်မရခဲ့တာမို့ ကျေနပ်နေတာတော့ မဟုတ်..မမှာ စကားပြောလို့ပြီးတော့ အစည်းအဝေးရှိတယ်ဆိုပြီးတန်းပြန်သွားလိုက်တာ လူကိုတောင်နှုတ်ဆက်မသွားဘူး..ညကျမှ ငှက်ကောက်တေး လုပ်ပစ်အုန်းမယ်..

အခုတော့ အဓိကတရားခံ ဒီအလွှာမကို ပညာလေးပေးလိုက်အုန်းမည်...😏😏😏

"အော်..အဲ့အခန်းကလား မမနွေတို့သားအမိကိုအပိုင်ပေးလိုက်ပြီ ဒါကြောင့် သူတို့အခန်းဖြစ်သွားပြီဆိုတော့ နင်ကသူများအခန်းမသုံးတတ်ဘူးမလား အဲ့တော့ အိမ်ပြန်အိပ်လိုက်တော့ မဟုတ်ရင် နငိ့ဦးလေးကို ငါဖုန်းဆက်ပြီး ခေါ်ခိုင်းလိုက်မယ် "

ဝင့်လွှာရှေ့၌ မတ်တပ်ရပ်လက်ပိုက်ပြီး အောင်နိုင်သူအပြုံး ကြီးနဲ့
ရပ်ကြည့်နေတဲ့ ဇင်ယော်ငှက်ကို တကယ်အရေခွံစုတ်ပြီး ဆလင်းဘတ်လုပ်ပစ်လိုက်ချင်သည်။

"အန်တီ ပြန်ပြီ "

မီးဖိုချောင်ထဲက မေမေ့အား အသံအကျယ်ကြီးနဲ့ နှုတ်ဆက်ကာ ပြန်သွားတဲ့ဝင့်လွှာမဟာ မျက်စောင်းတစ်ချီချီနဲ့ ကားကို မောင်းကာထွက်သွားလေသည်။ မေမေတောင် မီးဖိုချောင်ထဲကထွက်လာပြီး ချက်ချင်းပြန်သွားတဲ့ဝင့်လွှာကြောင့် သူငယ်ချင်းကို စရမလားဆိုပြီး ဗိုက်ခေါက်ဆွဲခံရသေးသည်။ ဇင်ယော်ဟာ ဘယ်လောက်အသက်ကြီးကြီးပါ မေမေ့လက်နဲ့ မလွှတ်နိုင်သေးဘူး..

.....

ဒီနေ့တော့ ရုံးပြန်တက်ရမည့်နေ့ဖြစ်သည်။ မနက်ခင်းပိုင်း လုပ်ရမယ့် ဒီဇိုင်းတွေပုံကြမ်းဖော်ပြီးနောက် ကလောက ဆိုဒ်ကိုလည်း အဆင်ပြေမပြေ VC ခေါ်ပြီး ဆွေးနွေးရသည်။

နေ့ခင်းပိုင်း ကျ ထမင်းထုပ်လေးဆွဲကာ အချစ်ရှိရာသို့ ဇင်ယော်ငှက်လေးပျံသန်းလို့လာခဲ့လေပြီ...

"မ "

"ရောက်ပြီလား "

"အွန်း လာ အဲ့တာတွေချခဲ့တော့ နားရအောင်လေ "

မအလုပ်လုပ်နေတဲ့ စားပွဲဆီကနေ လပ်တော့ကို ခေါက်ပိတ်လိုက်ကာ မလက်ကို ဆိုဖာဆီသို့ ဆွဲခေါ်လာခဲ့လေသည်။

"အား အခုမှပဲ အလွမ်းကိုပြေသွားတော့တယ် "

ဆိုဖာပေါ်တွင် လျောချပြီးထိုင်ကာ မကုိ လည်း ဇင်ယော့်ရင်ခွင်ထဲထည့်ထားလိုက်သည်။ ဒီအထိအတွေ့လေးကို လွမ်းနေရတာ နှစ်ရက်တောင်ရှိပြီမလား..

"တို့ မနေ့ညက အိမ်မက်တွေမကောင်းဘူး မောင် အိမ်မက်ထဲမှာ မောင် နဲ့တို့ဝေးသွားတယ်တဲ့ "

"ဟာ...မကလည်း အိမ်မက်ဆိုတာ ဒီတိုင်း စိတ်စွဲလို့မက်တဲ့ဟာပဲ နောက်ပြီးအိမ်မက်ဆိုတာ ပြောင်းပြန်ကောက်ရတယ်လေ အဲ့ဒီတော့ ဝေးတယ်ဆိုရင် ပေါင်းရမယ်လို့ကောက်လိုက်ပေါ့ မဟုတ်လည်း ပေါင်းရတော့မှာကို "

ရင်ခွင်ထဲကနေ စိုးရိမ်နေရှာတဲ့ မမျက်နှာလေးပေါ် အနမ်းဖွဖွအားခြွေချလျက် နှစ်သိမ့်ပေးလေသည်။

"ဟုတ်ပါပြီ မောင့်စကားအတိုင်း ပေါင်းရမှာပဲလို့ မှတ်လိုက်တော့မယ် ကဲ လာထ ထမင်းစားရအောင် "

ထို့နောက် နှစ်ယောက်သား အိမ်ကနေထည့်ပေးလိုက်တဲ့ထမင်းချိုင့်အားဖွင့်ကာ ထမင်းစားကြလေသည်။ ထို့နောက် အချိုတည်းစရာအတွက် အသီးအနှံဘူးလေးလည်း ပါတာကြောင့် ထမင်းစားပြီးတာနဲ့ အချိုတည်းနေကြတုန်း မနဲ့ ကုမ္မဏီကိစ္စတစ်ချို့ကို ဆွေးနွေး ကြလေသည်။

မကအခု Sunshine Airline ကို ဆောက်လုပ်ပြီးတာနဲ့
Jewelry ဘက်ကို သွားမယ်လို့ဆုံးဖြတ်ထားလေသည်။
Airline ကလည်း နောက်လေးငါးလ နေရင် ဆောက်လို့ပြီးမှာဖြစ်ပြီး ထို Jewelry ကုမ္မဏီကို ဇင်ယော်ကဦးစီးပေးရမည်ဖြစ်သည်။ ကျောင်းတုန်းက ဒီဇိုင်း လေ့ကျင့်တုန်းကဆိုရင် ဇင်ယော့်အတော်ဆုံးဒီဇိူင်းက jewelry ဖြစ်သည်။ Construction ပုံစံတွေကတော့ ဒုတိယအတော်ဆုံးဖြစ်တာမို့ မဘက်က jewelry ဘက်ကို သွားချင်လားဆိုတော့ ဇင်ယော်လည်း လက်ခံလိုက်လေသည်။

မကြာခင် နှစ်ယောက်တစ်ဘဝပေါင်းစည်းရတော့မှာမို့ ဇင်ယော်လည်း ဝင့်လွှာတို့ဦးလေးကုမ္မဏီကထွက်ပြီး ထို jewelry ဘက်ကို ဦးစီးရမည်လို့ မက အစကတည်းက စဥ်းစားထားပြီးပြီ...
ဇင်ယော်က ဒီဇိုင်းသာတော်ပေမယ့် မတို့လို စီးပွားရေးသမားတွေမဟုတ်တော့ Airline. ဆောက်လို့မပြီးမချင်း မဆီကနေ စီးပွားရေးပညာသင်ယူရမည်ဖြစ်သည်။ ဒါမှ နောင်အချိန် ရှိလာမည့် ဇင်ယော်တို့ အနာဂတ်မိသားစုလေးအတွက် အဆင်ပြေမည်ဖြစ်သည်။နောက်ပြီး လက်ထပ်ပြီးသွားတာနဲ့ ဇင်ယော်ကလည်း မကုမ္မဏီမှာ နေတော့မှာဖြစ်ပြီး မနောက်ကနေ တစ်ကောက်ကောက်ပတ်လိုက်ရတော့မှာမို့ ဟို ထက်မြက်မောင် ဆိုတဲ့ လူရဲ့ ရန်ကနေလည်း မကုိ ကာကွယ်ပြီးသားဖြစ်တာပေါ့..

စိတ်ကူးထဲမှာ မနဲ့အနာဂတ်မိသားစုလေးကိုပုံဖော်ရင်း ပီတိတွေဖြစ်နေခိုက် မရဲ့အတွင်းရေးမှူးဆီကနေ ဖုန်းခေါ်သံကြောင့် စိတ်ကူးကမ္ဘာလေးထဲကထွက်လာရသည်။

"အင်း သီတာပြော "

"မမ ဟို ရဲ တွေရောက်နေတယ်မမ အဲ့တာ အထဲကို ဝင့်ခွင့်တောင်းနေတယ် အကြောင်းအရာက အထဲရောက်မှပြောမယ်တဲ့ "

ပိုးစိတ်ထဲတွင် ဒီအတောအတွင်းရဲတွေနဲ့ပတ်သတ်စရာဘာအကြောင်းအရင်းမှ ပြုလုပ်ခဲ့တာမရှိတာကြောင့် နည်းနည်းတော့စဥ်းစားသွားရသည်။

"အင်း ဝင်ခဲ့ခိုင်းလိုက် "

တစ်ခြားကိစ္စတစ်ခုက ပြသာနာများပေါ်လို့လားဆိုပြီး ပိုးတွေးနေစဥ်မှာပဲ ရဲနှစ်ယောက် အခန်းထဲဝင်လာသည်။ ပုခုံးမှာလည်း အပွင့်နဲ့ဆိုတော့ အရာရှိတော့ဖြစ်မည်ထင်သည်။

"ကျွန်တော်တို့က အမှတ် (. ..)ရဲစခန်းကပါ ဒီက မပိုးသဒ္ဒါမင်းဆီမှာ မဇင်ယော် ရှိပါသလား "

ရဲဝန်ထမ်းတံဆိပ်အား ပိုးရဲ့ရှေ့စားပွဲပေါ် ချပေးလိုက်ပြီး ဘေးနားက မောင့်အား မေးတော့ ပိုးမှာကြောင်သွားလေသည်။

"ဟိူ ဇင်ယော်ဆိုတာ ကျွန်တော်ပါဗျ ဘာကိစ္စရှိလို့လည်းမသိဘူး "

ပိုးဘေးနားကနေ လက်လေးထောင်ပြီးပြောလာတဲ့မောင်..

"မဇင်ယော်ကို ဦးထက်မြက်မောင်အား လူသတ်ရန်ကြံစည်မှုနဲ့ အမှုဖွင့်ထားတာကြောင့် စခန်းကိုလိုက်ခဲ့ပေးပါ "

"ဗျာ! !!!!"

"ဘာ! !!"

#အေးချမ်းညိမ်း

Zawgi

အပိုင္း ၃၄

ဝင့္လႊာတို႔ျပန္လာမည့္ရက္ျဖစ္တာေၾကာင့္ ဇင္ေယာ္လည္း အလုပ္မွဒီေန႕တစ္ရက္ေတာ့ခြင့္ယူလိုက္ေလသည္။ သူေဌးကလည္း လာခ်င္ေပမယ့္ ဒီေန႕မွ တစ္ျခာယကုမၼဏီေတြ႕ဖို႔ခ်ိန္းထားတာေၾကာင့္ ဇင္ေယာ္ပဲလာခဲ့ရေလသည္။ ေမေမကေတာ့ ဒီအခ်ိန္ေလာက္မွာ အိမ္မွာ ခ်က္ျပဳတ္ေနေလာက္ၿပီ...

"ေဟး...ဝင့္လႊာ ဒီမွာဟ "

ထြက္ေပါက္ကေန legue အိတ္ ႏွစ္လုံးနဲ႕ထြက္လာတဲ့ ဝင့္လႊာနဲ႕မမႏြေရယ္က ဝွီးခ်ဲနဲ႕ သားေလးကို တြန္းလာရင္း ဇင္ေယာ့္ဘက္သို႔ေလွ်ာက္လာၾကသည္။

"အမယ္ေလး..ဘန္ေကာက္သြားလိုက္တာ အမဲေျခာက္ျဖစ္သြားတယ္ေနာ္ ဝင့္လႊာမ "

"ငါအမဲေျခာက္ျဖစ္တာ နင္ျဖဴသေလာက္ပဲရွိပါတယ္ငွက္ႀကီးရာ "

ေတြ႕ေတြ႕ခ်င္းခနဲ႕ေနတဲ့ ငွက္ႀကီးကို ဝင့္လႊာလည္း ပါးပါးေလးျပန္ပက္လိုက္ေလသည္။ ဒီလိုမွ တကယ့္ bff ေတြရဲ႕ႏႈတ္ဆက္နည္းအစစ္..

"ေအးပါ ကားေပၚေရာက္မွ နင့္လက္နဲ႕ငါ့လက္ ယွဥ္ျပမယ္ သားသားေလး ေနေကာင္းသြားၿပီလား "

ဝင့္လႊာမအား မ်က္ေစာင္းခ်ီၿပီး ေနာက္ ဝွီးခ်ဲေပၚက သားသားေလးအား ဒူးၫႊတ္ကာ ပါးေလးအား အသာကိုင္ရင္းေမးေတာ့..

"ဟုတ္ ဦးဦးဇင္ဇင္ "

"သားသားေလး ေပ်ာ္ခဲ့ရဲ႕လား ".

"ဟင့္အင္း...ဟိုမွာကစားကြင္းအၾကႀကီးရွိတာကို ေမေမကလိုက္မပို႔ဘူး "

မ်က္ႏွာမဲ့ရင္း ကေလးပီပီ ကစားကြင္းသြားခ်င္တဲ့ စိတ္ကေလးကို သူရဲ႕က်န္းမာေရးက ဖ်က္လိုက္တာေၾကာင့္ စိတ္မေကာင္းျဖစ္မိရသည္။

"ေအာ္ သားသားရယ္ သားသားကအခုမွေနေကာင္းခါစမို႔လို႔ေလ ေနာက္ခါက်ရင္ ဦးဦးက လိုက္ပို႔မယ္ေနာ္ ေသခ်ာေပါက္ "

"တကယ္လား "

မ်က္လုံးေလးေတြအေရာင္လက္ရင္း ေမးလာတဲ့ကေလးငယ္သာ
တကယ့္ကို ျဖဴစင္လြန္းပါဘိ..

"တကယ္ေပါ့ ဦးဦးက ကတိေပးရင္တည္တယ္ဆိုတာ သိတယ္မလား "

"ေရး..ဒါမွ ဦးဦးဇင္ဇင္ကြ "

လက္ခုပ္လက္ဝါးေတြ တီးရင္းေပ်ာ္ေနရွာတဲ့ သားသားေလးကို က်န္တဲ့လူႀကီးသုံးေယာက္ကေတာ့ ဝမ်းသာပိီတိမျက်လုံးများဖြင့် ၾကည့္ေနခဲ့ေလသည္။

"ဝါး...တစ္ညလုံး ေကာင္းေကာင္းမအိပ္ခဲ့ရဘူး အိပ္ခ်င္လိုက္တာ "

ကားေနာက္ခန္းမွ ဟားတစ္ဝါးဝါးသန္းရင္း သားသားေလးအား
ခ်ီေပြ႕ထားတဲ့ မမႏြေရဲ႕ ပုခုံးေပၚ ခ်က္ခ်င္း ေခါင္းတန္းေရာက္သြားတဲ့ဝင့္လႊာမကို မွန္ထဲမွမ်က္ေစာင္းထိုးလိုက္မိသည္။

သားသားေလးကို ေခါင္းေလးပြတ္သိပ္ေနရင္း ပုခုံးေပၚေရာက္လာတဲ့ လႊာ့ရဲ႕ေခါင္းေလးကိုလည္း အဆင္တေျပျဖစ္ေစစရန္ ပုခုံးကိုေလ်ာခ်လိဳက္တဲ့ ႏြေ....အခုခ်ိန္မွာ မိသားစုေလးတစ္ဖြယ္ခံစားေနရတဲ့ၾကည္ႏူးမႈေလးဟာ ႏြေ့အတြက္ အၿမဲသတိရေစေတာ့မွာအမွန္ပင္....

....

ခဏေနေတာ့ ကားေလးဟာ ဇင္ေယာ္တို႔ၿခံထဲ ဝင္ေရာက္ရင္း အထုပ္ေတြကို အိမ္ေပၚသို႔သယ္လာလိုက္သည္။ ကားကိုေတာ့ ဝင့္လႊာျပန္မွပဲ ထည့္ေပးလိုက္ေတာ့မည္။ သူ႕ဦးေလးကားမို႔ေလ... ဝင့္လႊာတို႔ကို လာႀကိဳဖို႔ သူေဌးဆီ မေန႕ကတည္းက သြားေတာင္းထားတာ..

"ေမေမေရ ျပန္ေရာက္ၿပီ.... ဟင္ မ "

ျပန္ေရာက္ေၾကာင္းအသံေလးတဆာဆာနဲ႕ေအာ္ေနတဲ့ ဇင္ေယာ္ဟာ
မထင္မွတ္ထားတဲမကို ေတြ႕လိုက္ရေတာ့ အထုပ္ကေလးခ်ကာ မကုိ ေျပးဖက္ေလသည္။မသိရင္ အႏွစ္ႏွစ္အလလ မေတြ႕ရတဲ့သူေတြက်လိဳ႕.. အမွန္ေတာ့မေတြ႕တာတစ္ရက္ေက်ာ္ေလးပဲရွိေသးတာကို..

"အယ္....ေမာင္ လႊတ္အုန္းေလ ဧည့္ခန္းႀကီးထဲမွာ ဘယ္လိုျဖစ္ေနတာလဲ "

"ဟဲ ဟဲ မကုိမြင်တော့ ဝမ္းသာသြားလို႔ပါ "

"ဟိုမွာ ဝင့္လႊာတို႔ကို သြားကူညီေပးလိုက္အုန္း
မ အန္တီနဲ႕အတူတူ ထမင္းပြဲျပင္လိုက္အုန္းမယ္ "

"ဟုတ္ "

သားေလးအား ေပြ႕လာတဲ့ မမႏြေနဲ႕ အေနာက္က ဟားတစ္ဝါးဝါးသန္းရင္း အထုပ္ေတြဆြဲလာတဲ့ဝင့္လႊာတို႔အား သြား၍ အထုပ္ေတြကူဆြဲေပးလိုက္ေလသည္။သားသယးက်န္းမာေရးေၾကာင့္
ကေလာမွာ အေျခခ်ဖိဳ႕အတြက္ အဆင္မေျပတာကတစ္ေၾကာင္း
ဇင္ေယာ္နဲ႕ေမေမတို႔ကလည္း မမႏြေကို ဒီမွာေနဖို႔ ဇြတ္ေျပာေနတာက တစ္ေၾကာင္း ပုဂၢလိကေဆး႐ုံေတြအမ်ားႀကီးရွိတဲ့ေနရာမို႔ က်န္းမာေရးအတြက္ အဆင္ေျပတာကတစ္ေၾကာင္းမို႔ မမ ႏြေလည္း
ဒီမွာေနဖို႔ မျငင္းသာေတာ့သည္။

မမႏြေတို႔အထုပ္ေတြကို ေမမေပြင်ထားတဲ့ ဧည့္သာ္ခန္းထဲမွာထည့္လိုက္ၿပီးေနာက္ ေအာက္ျပန္ဆင္းလာေတာ့ ေမေမက မမႏြေနဲ႕စကားေျပာေနေလသည္။ ဇင္ေယာ္ကေတာ့ မမႏြေေဘးမွာထိုင္ေနတဲ့မနား အတင္းကပ္ထိုင္ေလေတာ့ သုံးေယာက္ထိုင္တဲ့ဆိုဖာေလးဟာ မမႏြေ ဝင့္လႊာနဲ႕ မ တို႔ဟာ က်ပ္သြားေလသည္။

"ဟဲ့ဇင္ေယာ္ ဘယ္လိုျဖစ္ေနတာလည္း ဒီဘက္လာထိုင္ေလ ဟိုမယ္ က်ပ္ကုန္ၿပီ "

"မ လာ ဟိုဘက္မွာထိုင္ရေအာင္ "

ေမေမ့မ်က္ေစာင္းေၾကာင့္ခ်က္ခ်င္းထၿပီး မဘက္ကို လက္ကမ္းေတာ့ ရလိုက္သည္။ မလက္ေတာ့မဟုတ္..မ်က္ေစာင္း...

"သြား ဟိုဘက္မွာသြားထိုင္ေခ် "

ပိုးေငါက္လိုက္ေတာ့ မ်က္ႏွာေလးဆူပုတ္ပုတ္နဲ႕ ႏႈတ္ခမ္းေလးဆူကာပိုးတို႔မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနေသာ ေမာင္...

ဝင့္လႊာ တစ္ေယာက္ ဇင္ေယာ့္အား လွ်ာေလးထုတ္ေျပာင္ျပေနေတာ့ သူသည္လည္း မမႏြေဆီက မ်က္ေစာင္းတစ္ခ်က္လက္ခံရရွိလိုက္ေလသည္။ ထိုအခါ ဇင္ေယာ္သည္လည္း ျပန္လည္ေျပာင္ျပေနတာေၾကာင့္ ခဏအၾကာ ႏွစ္ေကာင္လုံး ေမေမ့၏အမိန့္နဲ႕ အျပင္ထုတ္ထားခံရၿပီး ၿခံထဲတြင္ထိုင္ေနရေလသည္။

ခ်စ္ရသူေတြအနားကပ္ခ်င္ေသာ္လည္း ပိုလြန္းေသာ မိမိတို႔ႏွစ္ေယာက္မွာ မာတာမိခင္၏တစ္ခ်က္လႊတ္အမိန့္ျဖင့္ ၿခံထဲတြင္ေနရေသာ္အခါ သူ႕ေၾကာင့္ ငါ့ေၾကာင့္ႏွင့္ ျငင္းခုန္လ်က္ တြတ္ထိုးရန္ေစာင္ေနၾကေလသည္။

ဒါေပမယ့္ ဒါေတြက ခဏသာ.. ႏွစ္ေယာက္သားရဲ႕ေရွ႕ေရးအခ်စ္ေရးအတြက္ တိုင္ပင္ျပန္တဲ့ တည္တံ့ေသာ စကားဝိုင္းေလးအျဖစ္ ခဏအၾကာ မွာပဲ ေရာက္ရွိသြားေလသည္။

မမႏြေကေတာ့ ဇင္ေယာ္တို႔အိမ္မွာပဲ ေန၍အလုပ္လုပ္မည္ျဖစ္သည္။ ဒါက ဝင့္လႊာအတြက္ အခြင့္အေရးရသလို မမႏြေအတြက္လည္း အဆင္ေျပေစသည္။ ဟိုမွာေနတုန္း ခ်စိသူဆက္ဆံေရးမဟုတ္ခဒ့ေပမယ့္ အရင္က ရင္းႏွီးခဲ့သေလာက္သာ မမႏြေဘက္က ျပန္လည္ဆက္ဆံသည္မိို႔ အရင္ကထက္စာရင္ေတာ့ ေတာ္ေသးသည္ေပါ့..

မမႏြေသာ ကေလးမရွိခဲ့လွ်င္ ဝင့္လႊာမွာ အခုခ်ိန္ေနာက္တစ္ဖန္ျပန္ၿပီး ခ်စ္ေရးဆိုၿပီးေလာက္မည္ျဖစ္ေပမယ့္ မမႏြေဘက္က သားသားေလးကို ထည့္တြက္စဥ္းစားေနရသည္မို႔ ဝင့္လႊာမွာ ေရွ႕မတိုးသာ...

ဇင္ေယာ္ကေတာ့ ေနာက္ႏွစ္ပတ္ေနရင္ လက္ထပ္ရေတာ့မည္မို႔
သူ႕၏ အခ်စ္ေရးဟာ မိမ႐ြာ ေလမထန္ေတာ့ဘဲ သာယာေတာ့မည္မွာအမွန္ပင္..ဒါေၾကာင့္လညး္ ဝင့္လႊာမွာ ဇင္ေယာ္နဲ႕စကားၿပိဳင္ေျပာတိုင္း ဒီတစ္ခ်က္က အၿမဲအရႈံးေပးရေလသည္။ သူသည္လည္း ဇင္ေယာ့္လို မဂ္လာခန္းမနဲ႕ ဦး၏ လက္ကို တြဲကာ ေလွ်ာက္ခ်င္ေသးသည္။

.....

"ေရာ့ ကားေသာ့ ျပန္ေတာ့"

မနက္စာစားလို႔ၿပီး ေမေမတို႔ရဲ႕စကားဝိုင္းဟာလည္း ၿပီးဆုံးလို႔ ခရီးပန္းေနတဲ့ မမႏြေတို႔သားအမိကိုလည္း နားေစခ်င္သည္မို႔ အိမ္အေပၚထပ္ပို႔ေပးၿပီးေနာက္ အခုခ်ိန္ထိ အိမ္မျပန္ရေသးေသာ ဝင့္လႊာမကို သူ႕ဦးေလးကားေသာ့ေပးကာ ျပန္ခိုင္းေလသည္။

"ဟယ္..ၾကည့္စမ္း မေတြ႕တာၾကာတဲ့သူငယ္ခ်င္းကို ဇြတ္ျပန္ခိုင္းေနတာ အားနာပါးနာနဲ႕ တစ္ညတစ္ေလေတာင္ တည္းဖို႔မေမးဘူး "

"ေအာင္မေလး...drama ေတြလာခင္းျပမေနနဲ႕ ဝင့္လႊာမ အရင္က အိက္ပါဆိုရင္ေတာင္ က်ားဂူထဲဝင္ရသလို ေၾကာက္ျပေနၿပီးေတာ့
အခုအိမ္မွာအိပ္ခ်င္တဲ့အေၾကာင္းျပခ်က္ကို ငါ့ကို ေပၚေပၚထင္ထင္ႀကီး ျမင္သာေအာင္ ေျပာျပမေနနဲ႕ နင့္ဦးေလးေမွ်ာ္ေနလိမ့္မယ္ လစ္ေတာ့ "

"ေလးေလးအိမ္က ဘယ္မွထြက္မေျပးဘူး သြားခ်င္တိုင္းသြားလို႔ရတယ္ေလ ငါလည္း ခရီးပန္းလာတာမို႔ ေက်ာခင္းခ်င္ေနၿပီ "

လက္ေတြ ဆန့္ရင္း ဟားသန္းျပေနတဲ့ ဝင့္လႊာမကို အေၾကာင္းသိတာေၾကာင့္..

"ေအာ်... ေအးပါ နင္က အိပ္ခ်င္တယ္ဆိုေတာ့လည္း လာပါငါ့အခန္းထဲ ဝင္အိပ္လိုက္ မနက္ျဖန္ထိ အိပ္လို႔ရတယ္ "

"အားနာပါတယ္သူငယ္ခ်င္းရယ္ ငါကအဲ့လို သူမ်ားအခန္းထဲမအိပ္တတ္ဘူး တကယ္လို႔ နင့္မွာ ဧည့္သည္ေနတဲ့အခန္းေလးဘာေလးမ်ားရွိရင္ "

ေျပာရသ္းတန္းလန္း မ်က္လုံး က အိမ္အေပၚထပ္က မမႏြေတို႔သားအမိအိပ္ေနတဲ့ အခန္းဆီ ေရာက္သြားတဲ့ ဝင့္လႊာမဟာ ဒီအိမ္မွာ ဧည့္သာ္ေနတဲ့အခန္းတစ္ခန္းပဲ ရွိတာသိလို႔ ဇာတ္လမ္းခင္းခ်င္ေနတာေလ..ဒီကလည္း ဘယ္ရမလဲ..တစ္ရက္ေက်ာ္ႀကီးေတာင္ မေတြ႕ရတဲ့ မ ကို သူ႕ေၾကာင့္ အနားေတာင္ကပ္ခြင့္မရခဲ့တာမို႔ ေက်နပ္ေနတာေတာ့ မဟုတ္..မမွာ စကားေျပာလို႔ၿပီးေတာ့ အစည္းအေဝးရွိတယ္ဆိုၿပီးတန္းျပန္သြားလိုက္တာ လူကိုေတာင္ႏႈတ္ဆက္မသြားဘူး..ညက်မွ ငွက္ေကာက္ေတး လုပ္ပစ္အုန္းမယ္..

အခုေတာ့ အဓိကတရားခံ ဒီအလႊာမကို ပညာေလးေပးလိုက္အုန္းမည္...😏😏😏

"ေအာ္..အဲ့အခန္းကလား မမႏြေတို႔သားအမိကိုအပိုင္ေပးလိုက္ၿပီ ဒါေၾကာင့္ သူတို႔အခန္းျဖစ္သြားၿပီဆိုေတာ့ နင္ကသူမ်ားအခန္းမသုံးတတ္ဘူးမလား အဲ့ေတာ့ အိမ္ျပန္အိပ္လိုက္ေတာ့ မဟုတ္ရင္ နငိ့ဦးေလးကို ငါဖုန္းဆက္ၿပီး ေခၚခိုင္းလိုက္မယ္ "

ဝင့္လႊာေရွ႕၌ မတ္တပ္ရပ္လက္ပိုက္ၿပီး ေအာင္နိုင္သူအၿပဳံး ႀကီးနဲ႕
ရပ္ၾကည့္ေနတဲ့ ဇင္ေယာ္ငွက္ကို တကယ္အေရခြံစုတ္ၿပီး ဆလင္းဘတ္လုပ္ပစ္လိုက္ခ်င္သည္။

"အန္တီ ျပန္ၿပီ "

မီးဖိုေခ်ာင္ထဲက ေမေမ့အား အသံအက်ယ္ႀကီးနဲ႕ ႏႈတ္ဆက္ကာ ျပန္သြားတဲ့ဝင့္လႊာမဟာ မ်က္ေစာင္းတစ္ခ်ီခ်ီနဲ႕ ကားကို ေမာင္းကာထြက္သြားေလသည္။ ေမေမေတာင္ မီးဖိုေခ်ာင္ထဲကထြက္လာၿပီး ခ်က္ခ်င္းျပန္သြားတဲ့ဝင့္လႊာေၾကာင့္ သူငယ္ခ်င္းကို စရမလားဆိုၿပီး ဗိုက္ေခါက္ဆြဲခံရေသးသည္။ ဇင္ေယာ္ဟာ ဘယ္ေလာက္အသက္ႀကီးႀကီးပါ ေမေမ့လက္နဲ႕ မလႊတ္နိုင္ေသးဘူး..

.....

ဒီေန႕ေတာ့ ႐ုံးျပန္တက္ရမည့္ေန႕ျဖစ္သည္။ မနက္ခင္းပိုင္း လုပ္ရမယ့္ ဒီဇိုင္းေတြပုံၾကမ္းေဖာ္ၿပီးေနာက္ ကေလာက ဆိုဒ္ကိုလည္း အဆင္ေျပမေျပ VC ေခၚၿပီး ေဆြးႏြေးရသည္။

ေန႕ခင္းပိုင္း က် ထမင္းထုပ္ေလးဆြဲကာ အခ်စ္ရွိရာသို႔ ဇင္ေယာ္ငွက္ေလးပ်ံသန္းလို႔လာခဲ့ေလၿပီ...

"မ "

"ေရာက္ၿပီလား "

"အြန္း လာ အဲ့တာေတြခ်ခဲ့ေတာ့ နားရေအာင္ေလ "

မအလုပ္လုပ္ေနတဲ့ စားပြဲဆီကေန လပ္ေတာ့ကို ေခါက္ပိတ္လိုက္ကာ မလက္ကို ဆိုဖာဆီသို႔ ဆြဲေခၚလာခဲ့ေလသည္။

"အား အခုမွပဲ အလြမ္းကိုေျပသြားေတာ့တယ္ "

ဆိုဖာေပၚတြင္ ေလ်ာခ်ၿပီးထိုင္ကာ မကုိ လည္း ဇင္ေယာ့္ရင္ခြင္ထဲထည့္ထားလိုက္သည္။ ဒီအထိအေတြ႕ေလးကို လြမ္းေနရတာ ႏွစ္ရက္ေတာင္ရွိၿပီမလား..

"တို႔ မေန႕ညက အိမ္မက္ေတြမေကာင္းဘူး ေမာင္ အိမ္မက္ထဲမွာ ေမာင္ နဲ႕တို႔ေဝးသြားတယ္တဲ့ "

"ဟာ...မကလည္း အိမ္မက္ဆိုတာ ဒီတိုင္း စိတ္စြဲလို႔မက္တဲ့ဟာပဲ ေနာက္ၿပီးအိမ္မက္ဆိုတာ ေျပာင္းျပန္ေကာက္ရတယ္ေလ အဲ့ဒီေတာ့ ေဝးတယ္ဆိုရင္ ေပါင္းရမယ္လို႔ေကာက္လိုက္ေပါ့ မဟုတ္လည္း ေပါင္းရေတာ့မွာကို "

ရင္ခြင္ထဲကေန စိုးရိမ္ေနရွာတဲ့ မမ်က္ႏွာေလးေပၚ အနမ္းဖြဖြအားေႁခြခ်လ်က္ ႏွစ္သိမ့္ေပးေလသည္။

"ဟုတ္ပါၿပီ ေမာင့္စကားအတိုင္း ေပါင္းရမွာပဲလို႔ မွတ္လိုက္ေတာ့မယ္ ကဲ လာထ ထမင္းစားရေအာင္ "

ထို႔ေနာက္ ႏွစ္ေယာက္သား အိမ္ကေနထည့္ေပးလိုက္တဲ့ထမင္းခ်ိဳင့္အားဖြင့္ကာ ထမင္းစားၾကေလသည္။ ထို႔ေနာက္ အခ်ိဳတည္းစရာအတြက္ အသီးအႏွံဘူးေလးလည္း ပါတာေၾကာင့္ ထမင္းစားၿပီးတာနဲ႕ အခ်ိဳတည္းေနၾကတုန္း မနဲ႕ ကုမၼဏီကိစၥတစ္ခ်ိဳ႕ကို ေဆြးႏြေး ၾကေလသည္။

မကအခု Sunshine Airline ကို ေဆာက္လုပ္ၿပီးတာနဲ႕
Jewelry ဘက္ကို သြားမယ္လို႔ဆုံးျဖတ္ထားေလသည္။
Airline ကလည္း ေနာက္ေလးငါးလ ေနရင္ ေဆာက္လို႔ၿပီးမွာျဖစ္ၿပီး ထို Jewelry ကုမၼဏီကို ဇင္ေယာ္ကဦးစီးေပးရမည္ျဖစ္သည္။ ေက်ာင္းတုန္းက ဒီဇိုင္း ေလ့က်င့္တုန္းကဆိုရင္ ဇင္ေယာ့္အေတာ္ဆုံးဒီဇိူင္းက jewelry ျဖစ္သည္။ Construction ပုံစံေတြကေတာ့ ဒုတိယအေတာ္ဆုံးျဖစ္တာမို႔ မဘက္က jewelry ဘက္ကို သြားခ်င္လားဆိုေတာ့ ဇင္ေယာ္လည္း လက္ခံလိုက္ေလသည္။

မၾကာခင္ ႏွစ္ေယာက္တစ္ဘဝေပါင္းစည္းရေတာ့မွာမို႔ ဇင္ေယာ္လည္း ဝင့္လႊာတို႔ဦးေလးကုမၼဏီကထြက္ၿပီး ထို jewelry ဘက္ကို ဦးစီးရမည္လို႔ မက အစကတည္းက စဥ္းစားထားၿပီးၿပီ...
ဇင္ေယာ္က ဒီဇိုင္းသာေတာ္ေပမယ့္ မတို႔လို စီးပြားေရးသမားေတြမဟုတ္ေတာ့ Airline. ေဆာက္လို႔မၿပီးမခ်င္း မဆီကေန စီးပြားေရးပညာသင္ယူရမည္ျဖစ္သည္။ ဒါမွ ေနာင္အခ်ိန္ ရွိလာမည့္ ဇင္ေယာ္တို႔ အနာဂတ္မိသားစုေလးအတြက္ အဆင္ေျပမည္ျဖစ္သည္။ေနာက္ၿပီး လက္ထပ္ၿပီးသြားတာနဲ႕ ဇင္ေယာ္ကလည္း မကုမၼဏီမွာ ေနေတာ့မွာျဖစ္ၿပီး မေနာက္ကေန တစ္ေကာက္ေကာက္ပတ္လိုက္ရေတာ့မွာမို႔ ဟို ထက္ျမက္ေမာင္ ဆိုတဲ့ လူရဲ႕ ရန္ကေနလည္း မကုိ ကာကြယ္ၿပီးသားျဖစ္တာေပါ့..

စိတ္ကူးထဲမွာ မနဲ႕အနာဂတ္မိသားစုေလးကိုပုံေဖာ္ရင္း ပီတိေတြျဖစ္ေနခိုက္ မရဲ႕အတြင္းေရးမႉးဆီကေန ဖုန္းေခၚသံေၾကာင့္ စိတ္ကူးကမၻာေလးထဲကထြက္လာရသည္။

"အင္း သီတာေျပာ "

"မမ ဟို ရဲ ေတြေရာက္ေနတယ္မမ အဲ့တာ အထဲကို ဝင့္ခြင့္ေတာင္းေနတယ္ အေၾကာင္းအရာက အထဲေရာက္မွေျပာမယ္တဲ့ "

ပိုးစိတ္ထဲတြင္ ဒီအေတာအတြင္းရဲေတြနဲ႕ပတ္သတ္စရာဘာအေၾကာင္းအရင္းမွ ျပဳလုပ္ခဲ့တာမရွိတာေၾကာင့္ နည္းနည္းေတာ့စဥ္းစားသြားရသည္။

"အင္း ဝင္ခဲ့ခိုင္းလိုက္ "

တစ္ျခားကိစၥတစ္ခုက ျပသာနာမ်ားေပၚလို႔လားဆိုၿပီး ပိုးေတြးေနစဥ္မွာပဲ ရဲႏွစ္ေယာက္ အခန္းထဲဝင္လာသည္။ ပုခုံးမွာလည္း အပြင့္နဲ႕ဆိုေတာ့ အရာရွိေတာ့ျဖစ္မည္ထင္သည္။

"ကြၽန္ေတာ္တို႔က အမွတ္ (. ..)ရဲစခန္းကပါ ဒီက မပိုးသဒ္ဒါမင်းဆီမှာ မဇင္ေယာ္ ရွိပါသလား "

ရဲဝန္ထမ္းတံဆိပ္အား ပိုးရဲ႕ေရွ႕စားပြဲေပၚ ခ်ေပးလိုက္ၿပီး ေဘးနားက ေမာင့္အား ေမးေတာ့ ပိုးမွာေၾကာင္သြားေလသည္။

"ဟိူ ဇင္ေယာ္ဆိုတာ ကြၽန္ေတာ္ပါဗ် ဘာကိစၥရွိလို႔လည္းမသိဘူး "

ပိုးေဘးနားကေန လက္ေလးေထာင္ၿပီးေျပာလာတဲ့ေမာင္..

"မဇင္ေယာ္ကို ဦးထက္ျမက္ေမာင္အား လူသတ္ရန္ႀကံစည္မႈနဲ႕ အမႈဖြင့္ထားတာေၾကာင့္ စခန္းကိုလိုက္ခဲ့ေပးပါ "

"ဗ်ာ! !!!!"

"ဘာ! !!"

#ေအးခ်မ္းညိမ္း

Continue Reading

You'll Also Like

1.5M 89.7K 37
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...
6.2M 378K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
5.2M 551K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.4M 84.1K 139
မြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ...