သူ မသိသောအခြားတစ်ဖက်၌

Av SummerMaung

304K 9.7K 267

နင် ငါနဲ့ပဲနေရမယ်၊ နင့်ကိုငါပဲပိုင်ရမယ်••• ငါ မသိတဲ့နင့်ရဲ့တခြားတစ်ဖက်မှာ ဘာတွေပဲရှိနေ ရှိနေ ငါမသိချင်ဘူး... Mer

1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18 & photo
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38 (ဇာတ်သိမ်းပိုင်း)

6

8K 311 4
Av SummerMaung

သူ မသိသောအခြားတစ်ဖက်၌ ( Part - 6 )
〰〰〰〰〰

စောစောလာဆို၍ ၆နာရီလောက်ကတည်းက ရေထချိုးကာ ခမ်းဆီရောက်လာပေမယ့် မြူရောက်တော့မှ သူကနိုးလေသည်။
သူစားချင်သည်ဆို၍ ဒေါ်လေးမိထည့်ပေးလိုက်သောထမင်းကြော်ဘူးလေးကို စားပွဲပေါ်ချလိုက်သည်။

ခမ်းကရေချိုးပြီးဝတ်မည့် အဝတ်အစားတွေကို သူ့ဘာသာရွေးမည်ဆို၍ မြူက စားပွဲပေါ်ကသူ့ပစ္စည်းတွေကိုပဲ နေရာတကျပြန်စဥ်ထားလိုက်သည်။
အပြင်မှာထိုင်စောင့်နေရင်း ခမ်းက နာရီပတ်ကာ ထွက်လာတော့ သူ့ပုံစံကို မြူတိတ်တခိုးသဘောကျမိသည်။

ခါတိုင်းလိုရှပ်အင်္ကျီနဲ့စတိုင်ပင်န်မဟုတ်ဘဲ တီရှပ်နှင့်လီနင်သားဘောင်းဘီတိုဝတ်ထားကာ ရှူးဖိနပ်ပါးလေးနဲ့မို့ ပေါ့ပေါ့ပါးပါးပင်။
အရပ်ရှည်သည့်သူက ဘောင်းဘီတိုဝတ်တော့လည်းကြည့်ကောင်းနေပြန်သည်။

"ဒီနေ့တော့ဘော်ဒါတွေဖြစ်ရအောင် ငါ့ကိုတဟုတ်ဟုတ်နဲ့သင်္ဘောမောင်းသလိုပြန်မဖြေနဲ့ အပြင်လိမ့်မယ်"

ဟိုးအရင်ကလို ရင်းနှီးမှုတွေဖြင့်စကားပြောလာတော့ မြူပိုပြီးပျော်သွားပြီး ခေါင်းလေးညိတ်လိုက်သည်။
သူ ဟိုတစ်ရက်က ကိစ္စအတွက် မြူ့ကိုအလျှော့ပေးချင်ပုံလည်းရသည်။
မြူ ကားသွားယူပြီးတော့ သူကဒေါ်လေးမိထည့်ပေး လိုက်သည့်ထမင်းကြော်ဘူးလေးကို ဖွင့်စားရင်း ကျန်နေခဲ့သည်။
အိမ်ရှေ့မှာကားရပ်တော့ driverနေရာမှာထိုင်နေသော မြူကိုတွန်းထုတ်ပစ်ကာ တစ်ဖက်ကိုမေးငေါ့ပြီး…

"ဟိုဘက်သွား"

ဆို၍ မြူအံ့သြပြီးရင်းအံ့သြရလေသည်။
တကယ်ဆို မြူတို့အရွယ်က ကဲချင်တိုင်းကဲလို့ရသည့်အရွယ်ပေမယ့် ခမ်းနားကအလုပ်ထဲမှာ အထက်ကနေရသူ။
မြူကလည်း သူ့အနားအရိပ်လိုရှိနေရသူမို့ လွတ်လွတ်လပ်လပ်ပျော်ပါးမှုက မြူတို့တစ်ခါတစ်လေမှလုပ်ဖြစ်သောအရာ ဖြစ်လေသည်။
ကားပေါ်မှာလည်း အလုပ်လုပ်တတ်သည့်ခမ်းကို အန်တီခေတ်က ကားမမောင်းခိုင်း၍ သူလည်းတစ်ခါမှမမောင်း။
ခုမှသာ…

"မြူ ငါတို့ရုပ်ရှင်ကြည့်မလား"

"ကြာမှာပေါ့"

စိတ်မရှည်တတ်သောခမ်းက အင်တင်တင်လုပ်နေသောမြူ့လက်တစ်ဖက်ကိုဆောင့်ဆွဲကာ ရုပ်ရှင်လက်မှတ်ဖြတ်ပြီး ရုံထဲဝင်လာခဲ့သည်။
ကံဆိုးချင်တော့ လက်မှတ်တွေကအတွဲခုံရဲ့ရှေ့ကခုံတွေဖြစ်ပြီး ထိုအတွဲတွေဆီက ထွက်လာသည့်အသံတွေကြောင့် သူ ဒေါသဖြစ်ဗျာများနေချိန် မြူကတော့ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်လိုက်၊ မုန့်စားလိုက်။
ဇာတ်ကားကလည်း မြူကြည့်ချင်နေသည့်ကားမို့ အခုမှ ကိုယ်နဲ့ကွက်တိဖြစ်နေသလိုပင်။

"လက်မှတ်မရှိလို့သာ ယူလိုက်ရတယ် အတွဲတွေရှေ့မှာထိုင်ရတာ မမိုက်ဘူး ဟာ! မုန့်တွေကကုန်ပြီလား"

"ကုန်ပြီလေ"

"ကျွတ်!!"

တကယ်လည်း သူဒေါပွနေတုန်း မြူကအကုန်ဆွဲလိုက်ပြီးသားမို့ ခမ်း ဖောင်းသွားကာ နဖူးကိုဆတ်ခနဲတောက်လိုက်တာမို့ မြူနာသွားသည်။
နဖူးကို လက်ဖဝါးလေးနဲ့ဖိပွတ်ရင်း စူပုတ်ပစ်မိကာ…

"အပြင်ရောက်ရင်ပြန်ကျွေးမယ် ခမ်းစုတ် နာလိုက်တာ နဖူးကွဲပြီလားမသိဘူး"

"မုန့်များငါ့ဘာသာဝယ်စားနိုင်တယ် တစ်ပတ်လောက်ခရီးထွက်ချင်လို့ နင်စီစဥ်ပေး"

"ခမ်းနော် နင်အဲ့လိုလုပ်လို့မရဘူး CEOဖြစ်တာရက်ပိုင်းလေးနဲ့ ခရီးထွက်ရင် အန်တီခေတ်ကငါ့ကိုအသေနွှာမှာ လစာလည်းဖြတ်မှာ"

"ကျစ်! ထားလိုက်စမ်းပါ နင့်လစာငါအပြည့်ပေးမယ် မေမေသိတာကမှနင်လစာပဲလျော့မှာ ငါ့စကားကိုနားမထောင်ရင် နင့်ကိုငါနေရာရွှေ့ပစ်မှာ စက်ရုံဘက်ရောက်သွားမယ် ဘာမှတ်နေလဲ"

"အဟား!! ကောင်းတာပေါ့ ကလေးမထိန်းရတော့ဘူး"

မြူတမင်ညစ်ကျယ်ကျယ်ဖြင်ြရယ်တော့ ခမ်းကငြိမ်ကျသွားကာ ရုပ်ရှင်ပြီး၍ အပြင်ထွက်လာသည်အထိမလှုပ်ဘဲ ကားပေါ်ရောက်တော့မှ မကျေမနပ်ဖြင့် တစ်စခန်းထလေသည်။

"ငါက ကလေးနဲ့တူနေလို့လား"

"မတူပါဘူးခမ်းရယ် ငါကဒီတိုင်းစလိုက်တာပါ နင်ကအသေးအမွှားလေးတွေကအစ လိုက်လုပ်စရာမှမလိုဘဲ
ဘာလို့လဲသိလား နင်က အန်တီခေတ်ရဲ့လုပ်ငန်းအကြီးကြီးတွေလုပ်ရမှာမို့ပေါ့ CEOတစ်ယောက်က အောက်ခြေကစာရင်းတွေလုပ်စရာမလိုဘူးလေ သူကအဲ့ဒီစာရင်းတွေကိုစီမံခန့်ခွဲရတာ အဲ့လိုသဘောပဲပေါ့ နင်ကCEOပဲဟာ"

"အဲ့ဒါဆိုနောက်တစ်ခါ ငါ့ကိုကလေးပိစိလေးလိုမဆက်ဆံနဲ့"

"Okပါ"

ခမ်းက ခေါင်းညိတ်လိုက်ကာ ဘာမပြောညာမပြောဖြင့် ပြင်ဦးလွင်လမ်းပေါ်ထိတက်လာပြီး view pointမှာကားရပ်သည်။
ဝင်ခါနီးနေလုံးကြီးကိုတိတ်တဆိတ်ကြည့်နေ၍ မြူ ဘာမှမပြောတော့ဘဲ သူ့ဘေးကနေရပ်စောင့်နေလိုက်သည်။

"နင်ငယ်ငယ်လေးကတည်းက အိမ်မှာပဲနေလာရတာ တကယ်လို့များအိမ်ကထွက်သွားရင် နင်ဘယ်လိုနေမလဲ မြူ"

"ဒီလိုပဲရုန်းကန်ရမှာပေါ့ နင့်ဆီမှာပဲ တစ်သက်လုံးနေရမှာမှမဟုတ်ဘဲ သင်တန်းတွေလည်းတက်ခဲ့တယ်လေ အပြင်မှာလုပ်စားလို့ရတာပေါ့ ဒါပေမယ့်နင့်ကို အစစအရာရာဂရုစိုက်ပေးမယ့်သူမရှိဘဲနဲ့တော့ ငါဘယ်မှမသွားဘူး စိတ်ချ"

သူသည် သက်ပြင်းမောကြီးဟူးခနဲချလိုက်ကာ နေဝင်သွားတာကိုပဲတိတ်တဆိတ်လေး ဆက်ကြည့်နေပြန်သည်။
တစ်ခုခုကိုစိုးရိမ်ပူပန်နေဟန်ဖြင့် အတော်ကြာသည်အထိတုတ်တုတ်မှမလှုပ်။

"ခမ်း ပြန်ရအောင်မိုးချုပ်တော့မယ်"

"Omm"

"ငါပဲမောင်းလိုက်တော့မယ်"

သူက ကားသော့ကိုချွင်ခနဲလှမ်းပစ်ပေးကာ နောက်ခန်းတံခါးဆွဲဖွင့်ပြီး ကားထဲဝင်သွား၍ မစဥ်းစားအားသည့်မြူက Driverနေရာဝင်ထိုင်လိုက်သည်။
ခမ်းနားက တစ်လမ်းလုံးတိတ်ဆိတ်စွာပါလာပြီး တစ်ခုခုကိုစဥ်းစားနေဟန်ဖြင့် လမ်းဘေးကိုငေးလာသည်။
ချက်ချင်းကြီးဘာများဖြစ်သွားတာပါလိမ့်ဟု စဥ်းစားမိပေမယ့် စဥ်းစားမရခဲ့။

〰〰📑📑📑〰〰

"သမီးသက်နှင်းနဲ့တွေ့ရတာဘယ်လိုနေလဲ"

ခမ်းနားကသတင်းစာကိုဖြန့်လိုက်ကာ ကော်ဖီခွက်ကိုလှမ်းယူရင်း ပခုံးတစ်ချက်တွန့်ပြ၍ သားရဲ့အပြုအမူကို သူမ နားမလည်…

"သား မေမေမေးနေတာကြားရဲ့လား"

"ကြားတယ်လေ ဒီတိုင်းပါပဲ"

"ဘယ်လိုဒီအတိုင်းလဲ"

ခမ်းက သတင်းစာကိုခေါက်လိုက်ကာ စာပိုဒ်တစ်ပိုဒ်ကိုစိတ်ဝင်တစားဖတ်နေရင်း ပြန်မဖြေ။
စိတ်မဝင်စားဟန်တမင်လုပ်ပြနေ၍ သူမစိတ်မရှည်တော့ဘဲ သတင်းစာကိုလှမ်းဆွဲယူလိုက်တော့ သားကရှုံ့ရှုံ့မဲ့မဲ့။

"မေမေကလည်း သူ့ဘာသာဘာဖြစ်ဖြစ် ကျွန်တော်စိတ်မဝင်စားဘူး"

"စိတ်မဝင်စားလို့ဘယ်လိုဖြစ်မလဲ သားUKကပြန်လာရင် စေ့စပ်ဖို့အထိတောင် မေမေကစဥ်းစားထားတာ"

"မလုပ်ပါနဲ့ မေမေရာ ကိုယ့်ဘာသာအေးအေးဆေးဆေးတောင်မနေရသေးဘူး မြူ ဘယ်ရောက်နေတာလဲ လာစမ်းပါဒီကို"

ဟုတ် ဆိုသည့်အသံနှင့်အတူ မီးဖိုခန်းမှပြေးထွက်လာသောမြူ့ကိုလှည့်ကြည့်မိကာ သား ကြားအောင်သက်ပြင်းချလိုက်သည်။
ဒါကိုခမ်းနားက ကြားလိုက်ပေမယ့် မြူ့ဘက်ကိုလှည့်ကာ…

"ကော်ဖီကနင်ဖျော်တာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး"

"ရော့.. ပြန်ယူသွား နင်ဖျော်ပေး တခြားတစ်ယောက်ဖျော်လာရင် နင့်ကိုပါကိုင်ပေါက်ပစ်မှာ"

"ဟုတ်"

မြူက သားဆီကကော်ဖီခွက်ကိုယူလိုက်ကာ ခပ်ကုပ်ကုပ်ထွက်သွားပေမယ့် ခမ်းနားအကြည့်တွေက မြူ့နောက်ကိုပါသွားမှန်းသိလိုက်၍ စိတ်ထဲဖျင်းခနဲဖြစ်သွားသည်။
သားက ဒီကောင်မလေးကိုများ...

"မင်းကလည်း မြူ့ကိုဆိုသိပ်နိုင်တာပဲ"

"ကျွန်တော့်ရဲ့PAပဲလေ ကျွန်တော်ခိုင်းချင်တာခိုင်းမှာပေါ့"

"PAဆိုမှသတိရတယ် သက်နှင်းက မင်းအတွက် PA လုပ်ပေးလိမ့်မယ် နောက်ဆိုမင်းတို့ အတူသွား အတူအလုပ်လုပ်ကြပေါ့"

ခမ်းနားမျက်နှာပိုပြီးရှုံ့မဲ့သွားပြီး လက်မခံလိုကြောင်း ငြင်းချင်သည့်အနေအထားဖြင့် မဆိုင်းမတွခေါင်းခါလေသည်။

"ဘာလို့လဲ"

"ကျွန်တော်က အလုပ်အကြောင်း ဘာသိသေးလို့လဲ အခုတောင် မြူနဲ့တွဲလုပ်နေရတာမလား ကျွန်တော့်ခြေ ကျွန်တော်လက်နဲ့ဖြစ်ပြီဆိုရင် မိုးသက်နှင်းကို PAလုပ်ခိုင်းပါ့မယ်"

"ဒါလည်းဟုတ်ပါတယ် ပြောပါဦး သားမှာချစ်သူတွေဘာတွေများရနေပြီလား"

"ကျွန်တော့်မှာရှိနေတော့ရော မေမေကသဘောတူမှာမို့လား မထားတာပိုကောင်းမယ်ထင်ပါတယ်"

"အမှန်ပဲ ငါ့သား"

ထိုအချိန် မြူက ကော်ဖီတစ်ခွက်ကိုလင်ပန်းထဲထည့်ပြီးအနားပြန်ရောက်လာကာ ခမ်းနားရှေ့ချပေးသည်။
တစ်ခါမှသေသေချာချာမကြည့်ဖြစ်ခဲ့သော မြူ့ကိုအခုမှ သူမ အနီးကပ်စူးစိုက်ကြည့်မိသည်။

ဒီမိန်းကလေးကအမှတ်တမဲ့ကြည့်စဥ်က သာမာန်ဟု ထင်ရပေမယ့် သေသေချာချာကြည့်မှလှတာဖြစ်ကာ မျက်လုံး၊ မျက်ခုံးလေးတွေကအစပုံကျသည်။
အလုပ်များတတ်၍ ဘာမှလိမ်းထားခြင်းမရှိတာကို သူမလည်းသိနေကာ မြူ့မျက်နှာလေးဝင်းဖန့်နေတာကိုလည်း အမှုမဲ့အမှတ်မဲ့။
သို့သော် သားကတော့ ဒီမျက်နှာလေးကို သတိထားမိနေပုံရသည်။

"ခမ်း ဘာလိုသေးလဲ"

"မလိုတော့ဘူး အခန်းထဲက ကွန်ပျူတာသွားယူပေးစမ်းပါ ငါလုပ်စရာရှိသေးတယ်"

"လုပ်စရာရှိနေရင် မနက်စာစားပြီးမှလုပ်လေ မြူကို ခဏခဏမခိုင်းပါနဲ့ သားရယ် မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး မင်းရဲ့အခန်းထဲကိုဝင်ရဲပါ့မလဲ"

ထိုစကားကိုတမင်ပြောလိုက်ခြင်းဖြစ်၍ မြူခေါင်းငုံ့သွားကာ သားအကြည့်တွေကတော့ သူမစကားကိုလက်မခံလိုသည့်အကြည့်မျိုး။

"ကျွန်တော်တို့ကြားထဲ အဲ့ဒါတွေမရှိပါဘူး မေမေရာ မြူ..သွားယူလိုက်"

"ဟုတ်"

မြူထွက်သွားတော့ အကင်းပါးသည့်သားက လိုက်မကြည့်တော့ဘဲ ကော်ဖီကိုသာအတွင်သားသောက်နေ၍ သူမ အောင့်သက်သက်ဖြစ်သွားသည်။
ဒီမိန်းကလေးကို သားအနားကခွာထုတ်ဖို့စိတ်ကူးလိုက်ကာ လောလောဆည်အရင်ဆုံးသတိပေးဖို့သာစိတ်ကူးလိုက်သည်။
သားကို ဒီလိုမိန်းကလေးနဲ့မငြိစေရ ဟု အခိုင်အမာဆုံးဖြတ်လိုက်မိသည်အထိ။

မြူဟာ သားအတွက်ဖြစ်ပေမယ့် သူမရဲ့ချွေးမတော့မဟုတ်စေရ။

〰〰📑📑📑〰〰

ဟိုတစ်ရက်က မေမေနဲ့ကော်ဖီဝိုင်းမှာဆုံပြီးကတည်းက မြူ သူ့ကိုမျက်နှာချင်းသိပ်မဆိုင်ဘဲ လိုအပ်တာကိုသာလုပ်ပေးသည်။
စကားပြောရင်လည်း ကျိုးနွံမှုရှိပေမယ့် နူးနူးညံ့ညံ့တော့မဟုတ်ဘဲ မာဆတ်ဆတ်လေး။
သူမ မေမေ့ကိုကြောက်မှန်းသိပေမယ့် တမင် ကလန်ကဆန်လုပ်ပြလိုက်သည်မို့ သူ့ကိုကောက်ပြနေခြင်းသာ။
သူ သဘောကျမိပေမယ့် မြူ့ဘက်က ဒီလိုအေးစက်နေတော့လည်း မနေချင်ပြန်။

"ရော့"

မြူ့ကိုစာရွက်တစ်ရွက်ထိုးပေးတော့ စာရင်းဟုထင်မှတ်ပြီး သူမ ကပြာကယာယူကြည့်၏။
ကောင်လေးတစ်ယောက်က နားရွက်တွေကိုဆွဲကာ မျက်နှာငယ်လေးနှင့်ကြည့်နေပုံကို ကာတွန်းတစ်ခုလိုဆွဲထားပြီး ဘေးမှာ Sorryဟုရေးထားသည်။
မြူက စာရွက်ကိုဖြန့်ကြည့်ပြီးမှ ရယ်ချင်သွားသလို ခစ်ခနဲရယ်ပြီး သူ့ကိုပြန်မော့မကြည့်ဘဲ မျက်နှာလေးတင်းပစ်သည်။

"ငါနင့်ကိုတောင်းပန်နေတုန်း အေးအေးဆေးဆေးလက်ခံနော် မဟုတ်ရင်"

"မဟုတ်ရင် ဘာဖြစ်လဲ"

"သိချင်ရင် လက်မခံဘဲနေလိုက်လေ"

သူ့ရဲ့စိန်ခေါ်စကားကြောင့် မြူ မျက်နှာလေးတင်းသွားပြီး မတ်တပ်ထရပ်လိုက်တော့ သူပိုပြီးသဘောကျသွားသည်။
လာသေးတယ်.. အရူးမလေး…

"ငါလက်မခံဘူးဘာဖြစ်လဲ"

သူ ဟွန့်ခနဲရယ်လိုက်ပြီး သူမရဲ့ခေါင်းလေးကိုဆွဲယူကာ ပါးလေးတစ်ဖက်ကို နှာတံတစ်ခုလုံးနစ်ဝင်သည်အထိ အားရပါးရနမ်းပစ်လိုက်သည်။
မြူက မျက်လုံးလေးပြူးသွားပြီး ရုတ်တရက်ဘာမှပြန်မပြောနိုင်ဘဲ ရှိနေတာမို့ သူ ထပ်ရယ်မိပြန်သည်။

"ခမ်း! နင်..."

"ကြည့်ရတာမယုံသေးဘူးထင်တယ်"

နောက်ထပ် ထပ်နမ်းဖို့ပြင်တော့ မြူကအသိဝင်သွားပြီး သူ့ရင်ဘတ်ကိုတွန်းပစ်ကာ ကယောင်ကတမ်းဖြင့် နောက်ကိုဆုတ်သွားသည်။
သို့သော် ဒီအခန်းထဲမှာ သူတို့နှစ်ယောက်ပဲရှိတာမို့ ဘယ်သူဝင်လာနိုင်မှာမို့လဲ။
အထူးသဖြင့် ဒါက CEOရဲ့ရုံးခန်း…

"ပြော လက်ခံပြီလား"

"အင်း"

ကြောက်ကြောက်လန့်လန့်ဖြေလာသည့်စကားကြောင့် သူ မျက်ခုံးအစပ်ကိုလက်မနှင့် တစ်ချက်ကုတ်ခြစ်ပြီး ခေါင်းညိတ်လိုက်၏။
ပါးလေးက မွှေးနေတာပဲ…

ကျေနပ်စိတ်တွေဖြစ်သွား၍ သူ့နှုတ်ခမ်းမှာ အပြုံးတွေရှိနေသလို အတော်နဲ့လည်းပျောက်ပျက်မသွား။
မြူကတော့ ရှက်သွားသည်လား၊ ရင်ခုန်သွားသည်လားမသိဘဲ သူ့ကိုရဲရဲမကြည့်တော့သလို စကားလည်းကောင်းကောင်းမပြောတော့။
မပြောလည်းနေပေါ့…

"ဘာမိတ်ကပ်သုံးတာလဲ"

အိမ်အပြန် ကားပေါ်မှာ သူ စကားစတော့ မြူက နောက်ကြည့်မှန်ကနေတစ်ချက်လှမ်းကြည့်ပြီး ချက်ချင်းအကြည့်ပြန်လွှဲသွား၏။
မြူ့ပါးလေးတွေရဲတက်လာ၍ စိုက်ကြည့်နေမိရင်း အသည်းယားသွားကာ ပြုံးလည်းပြုံးမိသည်။

"နောက်ဆို နင်အဲ့လိုမလုပ်ပါနဲ့ တစ်ယောက်ယောက်သိသွားရင်မကောင်းဘူး"

"သိတော့ဘာဖြစ်လဲ ငါဂရုမစိုက်ဘူး ပြီးတော့ နင်လည်းငါ့ကိုငြင်းခွင့်မရှိဘူး နင်နားလည်ထားဖို့"

ဘယ်လောက်အတ္တကြီးလိုက်တဲ့အမိန့်လဲ…
မြူ့ရင်ထဲနာကျင်သွားမိပေမယ့် ဘာမှပြန်မပြောမိဘဲ မျက်လုံးထဲမှာတော့ အန်တီခေတ်ကိုပဲမြင်နေခဲ့သည်။
အန်တီခေတ်ကရော။
ခမ်းရဲ့ဆန္ဒကို ငြင်းလို့မရဘူးတဲ့လား။

"နင်ဂရုမစိုက်ပေမယ့် ငါဂရုစိုက်တယ် ခမ်း အန်တီခေတ်ကိုကြောက်လည်းကြောက်သလို ချစ်လည်းချစ်တယ် ငါသူ့ကိုလွန်ဆန်မှာမဟုတ်ဘူး"

"ငါ့ကိုတော့ လွန်ဆန်ရဲတယ်ပေါ့"

ပြောနေရင်း ခမ်းမျက်နှာက အေးတိအေးစက်ဖြစ်လာသလို ပြုံးလိုက်သည့်မဲ့ပြုံးကလည်းအသက်မပါ။
အသံတိုးတိုးထွက်ပြီးရယ်ပေမယ့် ခမ်းရယ်နေတာက မြူ့ကိုထင်မှတ်မထားလို့ အံ့သြနေသည့်ဟန်မျိုး…

"မြူ.. မြူ.. ငါနဲ့လေးနှစ်လောက်လေး ဝေးသွားတာကို သတ္တိတွေရှိလာလိုက်တာ မထင်ရဘူးပဲ"

"သတ္တိမဟုတ်ဘူး ခမ်း ငါကငါ့နေရာကိုနားလည်တာ"

"Ok နင်ကဘယ်နေရာမှာလဲဆိုတာ ငါသေချာပြပေးမယ်"

ဒါဟာ ခမ်း အလွယ်တကူခွင့်ပြုပေးလိုက်တာမဟုတ်မှန်းသိသည်။
ထို့အတူ လွယ်လွယ်နဲ့ခွင့်လွှတ်မှာ မဟုတ်မှန်းလည်းသေချာနေတာမို့ မြူအကျပ်ရိုက်မိသွားသည်ကတော့အမှန်။
ခမ်းဘာကြောင့်ပြောင်းလဲသွားတာလဲ။

မိုးသက်နှင်းဆိုသည့် မိန်းကလေးလည်းရှိပါလျက်နဲ့ ဘာလို့မြူ့ကိုမှ ခုလိုအကျပ်ရိုက်စေသလဲမသိ။
အိမ်ကိုပြန်ရောက်သည်နှင့် ခမ်းက ကားပေါ်ကချက်ချင်းဆင်းသွားပြီးမှ သတိရသွားသလို ပြန်လှည့်ကြည့်ကာ...

"ငါ့အခန်းထဲကို သံပုရာရည်လာပို့ထားလိုက် နင်ဖျော်ထားတာမဟုတ်ရင် ငါ့အဆိုးမဆိုနဲ့"

သူပြန်လှည့်ထွက်သွားသည်နှင့် မြူနှာခေါင်းလေးရှုံ့ကာ မျက်စောင်းထိုးပစ်မိသည်။
နင်လေ ငါ့ကိုအနိုင်မကျင့်ရရင်ကို မနေနိုင်တာလား..
သေပေါ့၊ ခမ်းစုတ်…

〰〰📑📑📑〰〰

Part 7 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~

     
သူ မသိေသာအျခားတစ္ဖက္၌ ( Part - 6 )
〰〰〰〰〰

ေစာေစာလာဆို၍ ၆နာရီေလာက္ကတည္းက ေရထခ်ိဳးကာ ခမ္းဆီေရာက္လာေပမယ့္ ျမဴေရာက္ေတာ့မွ သူကႏိုးေလသည္။
သူစားခ်င္သည္ဆို၍ ေဒၚေလးမိထၫ့္ေပးလိုက္ေသာထမင္းေၾကာ္ဘူးေလးကို စားပဲြေပၚခ်လိုက္သည္။

ခမ္းကေရခ်ိဳးၿပီးဝတ္မၫ့္ အဝတ္အစားေတြကို သူ႔ဘာသာေရြးမည္ဆို၍ ျမဴက စားပဲြေပၚကသူ႔ပစၥည္းေတြကိုပဲ ေနရာတက်ျပန္စဥ္ထားလိုက္သည္။
အျပင္မွာထိုင္ေစာင့္ေနရင္း ခမ္းက နာရီပတ္ကာ ထြက္လာေတာ့ သူ႔ပံုစံကို ျမဴတိတ္တခိုးသေဘာက်မိသည္။

ခါတိုင္းလိုရွပ္အက်ႌနဲ႔စတိုင္ပင္န္မဟုတ္ဘဲ တီရွပ္ႏွင့္လီနင္သားေဘာင္းဘီတိုဝတ္ထားကာ ရႉးဖိနပ္ပါးေလးနဲ႔မို႔ ေပါ့ေပါ့ပါးပါးပင္။
အရပ္ရွည္သၫ့္သူက ေဘာင္းဘီတိုဝတ္ေတာ့လည္းၾကၫ့္ေကာင္းေနျပန္သည္။

"ဒီေန့ေတာ့ေဘာ္ဒါေတျြဖစ္ရေအာင္ ငါ့ကိုတဟုတ္ဟုတ္နဲ႔သေဘၤာေမာင္းသလိုျပန္မေျဖနဲ႔ အျပင္လိမ့္မယ္"

ဟိုးအရင္ကလို ရင္းႏွီးမႈေတျြဖင့္စကားေျပာလာေတာ့ ျမဴပိုၿပီးေပ်ာ္သြားၿပီး ေခါင္းေလးညိတ္လိုက္သည္။
သူ ဟိုတစ္ရက္က ကိစၥအတြက္ ျမဴ႔ကိုအေလ်ွာ့ေပးခ်င္ပံုလည္းရသည္။
ျမဴ ကားသြားယူၿပီးေတာ့ သူကေဒၚေလးမိထၫ့္ေပး လိုက္သၫ့္ထမင္းေၾကာ္ဘူးေလးကို ဖြင့္စားရင္း က်န္ေနခဲ့သည္။
အိမ္ေရ႔ွမွာကားရပ္ေတာ့ driverေနရာမွာထိုင္ေနေသာ ျမဴကိုတြန္းထုတ္ပစ္ကာ တစ္ဖက္ကိုေမးေငါ့ၿပီး…

"ဟိုဘက္သြား"

ဆို၍ ျမဴအံ့ၾသၿပီးရင္းအံ့ၾသရေလသည္။
တကယ္ဆို ျမဴတို႔အရြယ္က ကဲခ်င္တိုင္းကဲလို႔ရသၫ့္အရြယ္ေပမယ့္ ခမ္းနားကအလုပ္ထဲမွာ အထက္ကေနရသူ။
ျမဴကလည္း သူ႔အနားအရိပ္လိုရိွေနရသူမို႔ လြတ္လြတ္လပ္လပ္ေပ်ာ္ပါးမႈက ျမဴတို႔တစ္ခါတစ္ေလမွလုပ္ျဖစ္ေသာအရာ ျဖစ္ေလသည္။
ကားေပၚမွာလည္း အလုပ္လုပ္တတ္သၫ့္ခမ္းကို အန္တီေခတ္က ကားမေမာင္းခိုင္း၍ သူလည္းတစ္ခါမွမေမာင္း။
ခုမွသာ…

"ျမဴ ငါတို႔ရုပ္ရွင္ၾကၫ့္မလား"

"ၾကာမွာေပါ့"

စိတ္မရွည္တတ္ေသာခမ္းက အင္တင္တင္လုပ္ေနေသာျမဴ႔လက္တစ္ဖက္ကိုေဆာင့္ဆဲြကာ ရုပ္ရွင္လက္မွတ္ျဖတ္ၿပီး ရံုထဲဝင္လာခဲ့သည္။
ကံဆိုးခ်င္ေတာ့ လက္မွတ္ေတြကအတဲြခံုရဲ့ေရ႔ွကခံုေတျြဖစ္ၿပီး ထိုအတဲြေတြဆီက ထြက္လာသၫ့္အသံေတြေၾကာင့္ သူ ေဒါသျဖစ္ဗ်ာမ်ားေနခ်ိန္ ျမဴကေတာ့ ေအးေအးေဆးေဆး ရုပ္ရွင္ၾကၫ့္လိုက္၊ မုန႔္စားလိုက္။
ဇာတ္ကားကလည္း ျမဴၾကၫ့္ခ်င္ေနသၫ့္ကားမို႔ အခုမွ ကိုယ္နဲ႔ကြက္တိျဖစ္ေနသလိုပင္။

"လက္မွတ္မရိွလို႔သာ ယူလိုက္ရတယ္ အတဲြေတြေရ႔ွမွာထိုင္ရတာ မမိုက္ဘူး ဟာ! မုန႔္ေတြကကုန္ၿပီလား"

"ကုန္ၿပီေလ"

"ကၽြတ္!!"

တကယ္လည္း သူေဒါပြေနတုန္း ျမဴကအကုန္ဆဲြလိုက္ၿပီးသားမို႔ ခမ္း ေဖာင္းသြားကာ နဖူးကိုဆတ္ခနဲေတာက္လိုက္တာမို႔ ျမဴနာသြားသည္။
နဖူးကို လက္ဖဝါးေလးနဲ႔ဖိပြတ္ရင္း စူပုတ္ပစ္မိကာ…

"အျပင္ေရာက္ရင္ျပန္ကၽြေးမယ္ ခမ္းစုတ္ နာလိုက္တာ နဖူးကဲြၿပီလားမသိဘူး"

"မုန႔္မ်ားငါ့ဘာသာဝယ္စားႏိုင္တယ္ တစ္ပတ္ေလာက္ခရီးထြက္ခ်င္လို႔ နင္စီစဥ္ေပး"

"ခမ္းေနာ္ နင္အဲ့လိုလုပ္လို႔မရဘူး CEOျဖစ္တာရက္ပိုင္းေလးနဲ႔ ခရီးထြက္ရင္ အန္တီေခတ္ကငါ့ကိုအေသႏႊာမွာ လစာလည္းျဖတ္မွာ"

"က်စ္! ထားလိုက္စမ္းပါ နင့္လစာငါအျပၫ့္ေပးမယ္ ေမေမသိတာကမွနင္လစာပဲေလ်ာ့မွာ ငါ့စကားကိုနားမေထာင္ရင္ နင့္ကိုငါေနရာေရႊ့ပစ္မွာ စက္ရံုဘက္ေရာက္သြားမယ္ ဘာမွတ္ေနလဲ"

"အဟား!! ေကာင္းတာေပါ့ ကေလးမထိန္းရေတာ့ဘူး"

ျမဴတမင္ညစ္က်ယ္က်ယ္ျဖင္ျရယ္ေတာ့ ခမ္းကၿငိမ္က်သြားကာ ရုပ္ရွင္ၿပီး၍ အျပင္ထြက္လာသည္အထိမလႈပ္ဘဲ ကားေပၚေရာက္ေတာ့မွ မေက်မနပ္ျဖင့္ တစ္စခန္းထေလသည္။

"ငါက ကေလးနဲ႔တူေနလို႔လား"

"မတူပါဘူးခမ္းရယ္ ငါကဒီတိုင္းစလိုက္တာပါ နင္ကအေသးအမႊားေလးေတြကအစ လိုက္လုပ္စရာမွမလိုဘဲ
ဘာလို႔လဲသိလား နင္က အန္တီေခတ္ရဲ့လုပ္ငန္းအႀကီးႀကီးေတြလုပ္ရမွာမို႔ေပါ့ CEOတစ္ေယာက္က ေအာက္ေျခကစာရင္းေတြလုပ္စရာမလိုဘူးေလ သူကအဲ့ဒီစာရင္းေတြကိုစီမံခန႔္ခဲြရတာ အဲ့လိုသေဘာပဲေပါ့ နင္ကCEOပဲဟာ"

"အဲ့ဒါဆိုေနာက္တစ္ခါ ငါ့ကိုကေလးပိစိေလးလိုမဆက္ဆံနဲ႔"

"Okပါ"

ခမ္းက ေခါင္းညိတ္လိုက္ကာ ဘာမေျပာညာမေျပာျဖင့္ ျပင္ၪီးလြင္လမ္းေပၚထိတက္လာၿပီး view pointမွာကားရပ္သည္။
ဝင္ခါနီးေနလံုးႀကီးကိုတိတ္တဆိတ္ၾကၫ့္ေန၍ ျမဴ ဘာမွမေျပာေတာ့ဘဲ သူ႔ေဘးကေနရပ္ေစာင့္ေနလိုက္သည္။

"နင္ငယ္ငယ္ေလးကတည္းက အိမ္မွာပဲေနလာရတာ တကယ္လို႔မ်ားအိမ္ကထြက္သြားရင္ နင္ဘယ္လိုေနမလဲ ျမဴ"

"ဒီလိုပဲရုန္းကန္ရမွာေပါ့ နင့္ဆီမွာပဲ တစ္သက္လံုးေနရမွာမွမဟုတ္ဘဲ သင္တန္းေတြလည္းတက္ခဲ့တယ္ေလ အျပင္မွာလုပ္စားလို႔ရတာေပါ့ ဒါေပမယ့္နင့္ကို အစစအရာရာဂရုစိုက္ေပးမယ့္သူမရိွဘဲနဲ႔ေတာ့ ငါဘယ္မွမသြားဘူး စိတ္ခ်"

သူသည္ သက္ျပင္းေမာႀကီးဟူးခနဲခ်လိုက္ကာ ေနဝင္သြားတာကိုပဲတိတ္တဆိတ္ေလး ဆက္ၾကၫ့္ေနျပန္သည္။
တစ္ခုခုကိုစိုးရိမ္ပူပန္ေနဟန္ျဖင့္ အေတာ္ၾကာသည္အထိတုတ္တုတ္မွမလႈပ္။

"ခမ္း ျပန္ရေအာင္မိုးခ်ဳပ္ေတာ့မယ္"

"Omm"

"ငါပဲေမာင္းလိုက္ေတာ့မယ္"

သူက ကားေသာ့ကိုခၽြင္ခနဲလွမ္းပစ္ေပးကာ ေနာက္ခန္းတံခါးဆဲြဖြင့္ၿပီး ကားထဲဝင္သြား၍ မစဥ္းစားအားသၫ့္ျမဴက Driverေနရာဝင္ထိုင္လိုက္သည္။
ခမ္းနားက တစ္လမ္းလံုးတိတ္ဆိတ္စြာပါလာၿပီး တစ္ခုခုကိုစဥ္းစားေနဟန္ျဖင့္ လမ္းေဘးကိုေငးလာသည္။
ခ်က္ခ်င္းႀကီးဘာမ်ားျဖစ္သြားတာပါလိမ့္ဟု စဥ္းစားမိေပမယ့္ စဥ္းစားမရခဲ့။

〰〰📑📑📑〰〰

"သမီးသက္ႏွင္းနဲ႔ေတြ့ရတာဘယ္လိုေနလဲ"

ခမ္းနားကသတင္းစာကိုျဖန္႔လိုက္ကာ ေကာ္ဖီခြက္ကိုလွမ္းယူရင္း ပခံုးတစ္ခ်က္တြန႔္ျပ၍ သားရဲ့အျပဳအမူကို သူမ နားမလည္…

"သား ေမေမေမးေနတာၾကားရဲ့လား"

"ၾကားတယ္ေလ ဒီတိုင္းပါပဲ"

"ဘယ္လိုဒီအတိုင္းလဲ"

ခမ္းက သတင္းစာကိုေခါက္လိုက္ကာ စာပိုဒ္တစ္ပိုဒ္ကိုစိတ္ဝင္တစားဖတ္ေနရင္း ျပန္မေျဖ။
စိတ္မဝင္စားဟန္တမင္လုပ္ျပေန၍ သူမစိတ္မရွည္ေတာ့ဘဲ သတင္းစာကိုလွမ္းဆဲြယူလိုက္ေတာ့ သားကရႈံ႔ရႈံ႔မဲ့မဲ့။

"ေမေမကလည္း သူ႔ဘာသာဘာျဖစ္ျဖစ္ ကၽြန္ေတာ္စိတ္မဝင္စားဘူး"

"စိတ္မဝင္စားလို႔ဘယ္လိုျဖစ္မလဲ သားUKကျပန္လာရင္ ေစ့စပ္ဖို႔အထိေတာင္ ေမေမကစဥ္းစားထားတာ"

"မလုပ္ပါနဲ႔ ေမေမရာ ကိုယ့္ဘာသာေအးေအးေဆးေဆးေတာင္မေနရေသးဘူး ျမဴ ဘယ္ေရာက္ေနတာလဲ လာစမ္းပါဒီကို"

ဟုတ္ ဆိုသၫ့္အသံႏွင့္အတူ မီးဖိုခန္းမွေျပးထြက္လာေသာျမဴ႔ကိုလွၫ့္ၾကၫ့္မိကာ သား ၾကားေအာင္သက္ျပင္းခ်လိုက္သည္။
ဒါကိုခမ္းနားက ၾကားလိုက္ေပမယ့္ ျမဴ႔ဘက္ကိုလွၫ့္ကာ…

"ေကာ္ဖီကနင္ေဖ်ာ္တာမဟုတ္ဘူးလား"

"မဟုတ္ပါဘူး"

"ေရာ့.. ျပန္ယူသြား နင္ေဖ်ာ္ေပး တျခားတစ္ေယာက္ေဖ်ာ္လာရင္ နင့္ကိုပါကိုင္ေပါက္ပစ္မွာ"

"ဟုတ္"

ျမဴက သားဆီကေကာ္ဖီခြက္ကိုယူလိုက္ကာ ခပ္ကုပ္ကုပ္ထြက္သြားေပမယ့္ ခမ္းနားအၾကၫ့္ေတြက ျမဴ႔ေနာက္ကိုပါသြားမွန္းသိလိုက္၍ စိတ္ထဲဖ်င္းခနဲျဖစ္သြားသည္။
သားက ဒီေကာင္မေလးကိုမ်ား...

"မင္းကလည္း ျမဴ႔ကိုဆိုသိပ္ႏိုင္တာပဲ"

"ကၽြန္ေတာ့္ရဲ့PAပဲေလ ကၽြန္ေတာ္ခိုင္းခ်င္တာခိုင္းမွာေပါ့"

"PAဆိုမွသတိရတယ္ သက္ႏွင္းက မင္းအတြက္ PA လုပ္ေပးလိမ့္မယ္ ေနာက္ဆိုမင္းတို႔ အတူသြား အတူအလုပ္လုပ္ၾကေပါ့"

ခမ္းနားမ်က္ႏွာပိုၿပီးရႈံ႔မဲ့သြားၿပီး လက္မခံလိုေၾကာင္း ျငင္းခ်င္သၫ့္အေနအထားျဖင့္ မဆိုင္းမတြေခါင္းခါေလသည္။

"ဘာလို႔လဲ"

"ကၽြန္ေတာ္က အလုပ္အေၾကာင္း ဘာသိေသးလို႔လဲ အခုေတာင္ ျမဴနဲ႔တဲြလုပ္ေနရတာမလား ကၽြန္ေတာ့္ေျခ ကၽြန္ေတာ္လက္နဲ႔ျဖစ္ၿပီဆိုရင္ မိုးသက္ႏွင္းကို PAလုပ္ခိုင္းပါ့မယ္"

"ဒါလည္းဟုတ္ပါတယ္ ေျပာပါၪီး သားမွာခ်စ္သူေတြဘာေတြမ်ားရေနၿပီလား"

"ကၽြန္ေတာ့္မွာရိွေနေတာ့ေရာ ေမေမကသေဘာတူမွာမို႔လား မထားတာပိုေကာင္းမယ္ထင္ပါတယ္"

"အမွန္ပဲ ငါ့သား"

ထိုအခ်ိန္ ျမဴက ေကာ္ဖီတစ္ခြက္ကိုလင္ပန္းထဲထၫ့္ၿပီးအနားျပန္ေရာက္လာကာ ခမ္းနားေရ႔ွခ်ေပးသည္။
တစ္ခါမွေသေသခ်ာခ်ာမၾကၫ့္ျဖစ္ခဲ့ေသာ ျမဴ႔ကိုအခုမွ သူမ အနီးကပ္စူးစိုက္ၾကၫ့္မိသည္။

ဒီမိန္းကေလးကအမွတ္တမဲ့ၾကၫ့္စဥ္က သာမာန္ဟု ထင္ရေပမယ့္ ေသေသခ်ာခ်ာၾကၫ့္မွလွတာျဖစ္ကာ မ်က္လံုး၊ မ်က္ခံုးေလးေတြကအစပံုက်သည္။
အလုပ္မ်ားတတ္၍ ဘာမွလိမ္းထားျခင္းမရိွတာကို သူမလည္းသိေနကာ ျမဴ႔မ်က္ႏွာေလးဝင္းဖန႔္ေနတာကိုလည္း အမႈမဲ့အမွတ္မဲ့။
သို႔ေသာ္ သားကေတာ့ ဒီမ်က္ႏွာေလးကို သတိထားမိေနပံုရသည္။

"ခမ္း ဘာလိုေသးလဲ"

"မလိုေတာ့ဘူး အခန္းထဲက ကြန္ပ်ူတာသြားယူေပးစမ္းပါ ငါလုပ္စရာရိွေသးတယ္"

"လုပ္စရာရိွေနရင္ မနက္စာစားၿပီးမွလုပ္ေလ ျမဴကို ခဏခဏမခိုင္းပါနဲ႔ သားရယ္ မိန္းကေလးတစ္ေယာက္အေနနဲ႔ ဘယ္လိုလုပ္ၿပီး မင္းရဲ့အခန္းထဲကိုဝင္ရဲပါ့မလဲ"

ထိုစကားကိုတမင္ေျပာလိုက္ျခင္းျဖစ္၍ ျမဴေခါင္းငံု႔သြားကာ သားအၾကၫ့္ေတြကေတာ့ သူမစကားကိုလက္မခံလိုသၫ့္အၾကၫ့္မ်ိဳး။

"ကၽြန္ေတာ္တို႔ၾကားထဲ အဲ့ဒါေတြမရိွပါဘူး ေမေမရာ ျမဴ..သြားယူလိုက္"

"ဟုတ္"

ျမဴထြက္သြားေတာ့ အကင္းပါးသၫ့္သားက လိုက္မၾကၫ့္ေတာ့ဘဲ ေကာ္ဖီကိုသာအတြင္သားေသာက္ေန၍ သူမ ေအာင့္သက္သက္ျဖစ္သြားသည္။
ဒီမိန္းကေလးကို သားအနားကခြာထုတ္ဖို႔စိတ္ကူးလိုက္ကာ ေလာေလာဆည္အရင္ဆံုးသတိေပးဖို႔သာစိတ္ကူးလိုက္သည္။
သားကို ဒီလိုမိန္းကေလးနဲ႔မၿငိေစရ ဟု အခိုင္အမာဆံုးျဖတ္လိုက္မိသည္အထိ။

ျမဴဟာ သားအတြက္ျဖစ္ေပမယ့္ သူမရဲ့ခၽြေးမေတာ့မဟုတ္ေစရ။

〰〰📑📑📑〰〰

ဟိုတစ္ရက္က ေမေမနဲ႔ေကာ္ဖီဝိုင္းမွာဆံုၿပီးကတည္းက ျမဴ သူ႔ကိုမ်က္ႏွာခ်င္းသိပ္မဆိုင္ဘဲ လိုအပ္တာကိုသာလုပ္ေပးသည္။
စကားေျပာရင္လည္း က်ိဳးႏြံမႈရိွေပမယ့္ ႏူးႏူးညံ့ညံ့ေတာ့မဟုတ္ဘဲ မာဆတ္ဆတ္ေလး။
သူမ ေမေမ့ကိုေၾကာက္မွန္းသိေပမယ့္ တမင္ ကလန္ကဆန္လုပ္ျပလိုက္သည္မို႔ သူ႔ကိုေကာက္ျပေနျခင္းသာ။
သူ သေဘာက်မိေပမယ့္ ျမဴ႔ဘက္က ဒီလိုေအးစက္ေနေတာ့လည္း မေနခ်င္ျပန္။

"ေရာ့"

ျမဴ႔ကိုစာရြက္တစ္ရြက္ထိုးေပးေတာ့ စာရင္းဟုထင္မွတ္ၿပီး သူမ ကျပာကယာယူၾကၫ့္၏။
ေကာင္ေလးတစ္ေယာက္က နားရြက္ေတြကိုဆဲြကာ မ်က္ႏွာငယ္ေလးႏွင့္ၾကၫ့္ေနပံုကို ကာတြန္းတစ္ခုလိုဆဲြထားၿပီး ေဘးမွာ Sorryဟုေရးထားသည္။
ျမဴက စာရြက္ကိုျဖန႔္ၾကၫ့္ၿပီးမွ ရယ္ခ်င္သြားသလို ခစ္ခနဲရယ္ၿပီး သူ႔ကိုျပန္ေမာ့မၾကၫ့္ဘဲ မ်က္ႏွာေလးတင္းပစ္သည္။

"ငါနင့္ကိုေတာင္းပန္ေနတုန္း ေအးေအးေဆးေဆးလက္ခံေနာ္ မဟုတ္ရင္"

"မဟုတ္ရင္ ဘာျဖစ္လဲ"

"သိခ်င္ရင္ လက္မခံဘဲေနလိုက္ေလ"

သူ႔ရဲ့စိန္ေခၚစကားေၾကာင့္ ျမဴ မ်က္ႏွာေလးတင္းသြားၿပီး မတ္တပ္ထရပ္လိုက္ေတာ့ သူပိုၿပီးသေဘာက်သြားသည္။
လာေသးတယ္.. အရူးမေလး…

"ငါလက္မခံဘူးဘာျဖစ္လဲ"

သူ ဟြန႔္ခနဲရယ္လိုက္ၿပီး သူမရဲ့ေခါင္းေလးကိုဆဲြယူကာ ပါးေလးတစ္ဖက္ကို ႏွာတံတစ္ခုလံုးနစ္ဝင္သည္အထိ အားရပါးရနမ္းပစ္လိုက္သည္။
ျမဴက မ်က္လံုးေလးျပဴးသြားၿပီး ရုတ္တရက္ဘာမျွပန္မေျပာႏိုင္ဘဲ ရိွေနတာမို႔ သူ ထပ္ရယ္မိျပန္သည္။

"ခမ္း! နင္..."

"ၾကၫ့္ရတာမယံုေသးဘူးထင္တယ္"

ေနာက္ထပ္ ထပ္နမ္းဖို႔ျပင္ေတာ့ ျမဴကအသိဝင္သြားၿပီး သူ႔ရင္ဘတ္ကိုတြန္းပစ္ကာ ကေယာင္ကတမ္းျဖင့္ ေနာက္ကိုဆုတ္သြားသည္။
သို႔ေသာ္ ဒီအခန္းထဲမွာ သူတို႔ႏွစ္ေယာက္ပဲရိွတာမို႔ ဘယ္သူဝင္လာႏိုင္မွာမို႔လဲ။
အထူးသျဖင့္ ဒါက CEOရဲ့ရံုးခန္း…

"ေျပာ လက္ခံၿပီလား"

"အင္း"

ေၾကာက္ေၾကာက္လန႔္လန႔္ေျဖလာသၫ့္စကားေၾကာင့္ သူ မ်က္ခံုးအစပ္ကိုလက္မႏွင့္ တစ္ခ်က္ကုတ္ျခစ္ၿပီး ေခါင္းညိတ္လိုက္၏။
ပါးေလးက ေမႊးေနတာပဲ…

ေက်နပ္စိတ္ေတျြဖစ္သြား၍ သူ႔ႏႈတ္ခမ္းမွာ အႃပံုးေတြရိွေနသလို အေတာ္နဲ႔လည္းေပ်ာက္ပ်က္မသြား။
ျမဴကေတာ့ ရွက္သြားသည္လား၊ ရင္ခုန္သြားသည္လားမသိဘဲ သူ႔ကိုရဲရဲမၾကၫ့္ေတာ့သလို စကားလည္းေကာင္းေကာင္းမေျပာေတာ့။
မေျပာလည္းေနေပါ့…

"ဘာမိတ္ကပ္သံုးတာလဲ"

အိမ္အျပန္ ကားေပၚမွာ သူ စကားစေတာ့ ျမဴက ေနာက္ၾကၫ့္မွန္ကေနတစ္ခ်က္လွမ္းၾကၫ့္ၿပီး ခ်က္ခ်င္းအၾကၫ့္ျပန္လႊဲသြား၏။
ျမဴ႔ပါးေလးေတြရဲတက္လာ၍ စိုက္ၾကၫ့္ေနမိရင္း အသည္းယားသြားကာ ႃပံုးလည္းႃပံုးမိသည္။

"ေနာက္ဆို နင္အဲ့လိုမလုပ္ပါနဲ႔ တစ္ေယာက္ေယာက္သိသြားရင္မေကာင္းဘူး"

"သိေတာ့ဘာျဖစ္လဲ ငါဂရုမစိုက္ဘူး ၿပီးေတာ့ နင္လည္းငါ့ကိုျငင္းခြင့္မရိွဘူး နင္နားလည္ထားဖို႔"

ဘယ္ေလာက္အႂတၲကီးလိုက္တဲ့အမိန႔္လဲ…
ျမဴ႔ရင္ထဲနာက်င္သြားမိေပမယ့္ ဘာမျွပန္မေျပာမိဘဲ မ်က္လံုးထဲမွာေတာ့ အန္တီေခတ္ကိုပဲျမင္ေနခဲ့သည္။
အန္တီေခတ္ကေရာ။
ခမ္းရဲ့ဆႏၵကို ျငင္းလို႔မရဘူးတဲ့လား။

"နင္ဂရုမစိုက္ေပမယ့္ ငါဂရုစိုက္တယ္ ခမ္း အန္တီေခတ္ကိုေၾကာက္လည္းေၾကာက္သလို ခ်စ္လည္းခ်စ္တယ္ ငါသူ႔ကိုလြန္ဆန္မွာမဟုတ္ဘူး"

"ငါ့ကိုေတာ့ လြန္ဆန္ရဲတယ္ေပါ့"

ေျပာေနရင္း ခမ္းမ်က္ႏွာက ေအးတိေအးစက္ျဖစ္လာသလို ႃပံုးလိုက္သၫ့္မဲ့ႃပံုးကလည္းအသက္မပါ။
အသံတိုးတိုးထြက္ၿပီးရယ္ေပမယ့္ ခမ္းရယ္ေနတာက ျမဴ႔ကိုထင္မွတ္မထားလို႔ အံ့ၾသေနသၫ့္ဟန္မ်ိဳး…

"ျမဴ.. ျမဴ.. ငါနဲ႔ေလးႏွစ္ေလာက္ေလး ေဝးသြားတာကို သတၲိေတြရိွလာလိုက္တာ မထင္ရဘူးပဲ"

"သတၲိမဟုတ္ဘူး ခမ္း ငါကငါ့ေနရာကိုနားလည္တာ"

"Ok နင္ကဘယ္ေနရာမွာလဲဆိုတာ ငါေသခ်ာျပေပးမယ္"

ဒါဟာ ခမ္း အလြယ္တကူခြင့္ျပဳေပးလိုက္တာမဟုတ္မွန္းသိသည္။
ထို႔အတူ လြယ္လြယ္နဲ႔ခြင့္လႊတ္မွာ မဟုတ္မွန္းလည္းေသခ်ာေနတာမို႔ ျမဴအက်ပ္ရိုက္မိသြားသည္ကေတာ့အမွန္။
ခမ္းဘာေၾကာင့္ေျပာင္းလဲသြားတာလဲ။

မိုးသက္ႏွင္းဆိုသၫ့္ မိန္းကေလးလည္းရိွပါလ်က္နဲ႔ ဘာလို႔ျမဴ႔ကိုမွ ခုလိုအက်ပ္ရိုက္ေစသလဲမသိ။
အိမ္ကိုျပန္ေရာက္သည္ႏွင့္ ခမ္းက ကားေပၚကခ်က္ခ်င္းဆင္းသြားၿပီးမွ သတိရသြားသလို ျပန္လွၫ့္ၾကၫ့္ကာ...

"ငါ့အခန္းထဲကို သံပုရာရည္လာပို႔ထားလိုက္ နင္ေဖ်ာ္ထားတာမဟုတ္ရင္ ငါ့အဆိုးမဆိုနဲ႔"

သူျပန္လွၫ့္ထြက္သြားသည္ႏွင့္ ျမဴႏွာေခါင္းေလးရႈံ႔ကာ မ်က္ေစာင္းထိုးပစ္မိသည္။
နင္ေလ ငါ့ကိုအႏိုင္မက်င့္ရရင္ကို မေနႏိုင္တာလား..
ေသေပါ့၊ ခမ္းစုတ္…

〰〰📑📑📑〰〰

Part 7 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Fortsätt läs

Du kommer också att gilla

509K 27.8K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
535K 25.5K 65
ကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်းပါးလည်းမသိတော့ဘူး ဘုန်းအာဏာလျှံ အချစ်ကို...
250K 9.7K 30
Until now, Princess Eva Windsor was content in knowing she wasn't remotely considered to be the successor to the throne. In fact, she was glad she wa...
9.9M 644K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...