Start with Heart And End with...
By frozenmanobannca
126K 10.2K 1.5K
နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်... More
Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
19 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
30 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞
31 💞
2.6K 218 18
By frozenmanobannca
အပိုင်း ၃၁
"ပြသာနာက အဲ့တာပဲ ဇင်ယော် သူနဲ့ငါ့ကြားထဲမှာ အနေနီးနေပေမယ့် ဝေးနေသလို ခံစားချက်ကြီး "
ဖုန်းမှန်သားပြင်မှ မြင်နေရတဲ့ ဝင့်လွှာရဲ့မျက်နှာမှာ တကယ့်ကိုခံစားချက်တွေပေါ်လွှင်နေသည်။ ဟုတ်ပါတယ်လေ... ချစ်နေရက် မြင်နေရက်နဲ့ ဝေးကွာနေရတဲ့အဖြစ်က ဘယ်လောက်ခံစားရခက်လဲဆိုတာ ဇင်ယော်အသိဆုံးပဲမလား..
"ဒါပေမယ့် အခုချိန်မှာ နင်ဇွတ်ကြီးမလုပ်နဲ့အုန်းလေ သားသားကိစ္စပြီးမှသာ တစ်ခါပြန်ပြောကြည့်ပေါ့အခုချိန်မှာ သူလည်း သားဇောနဲ့လက်ခံနိုင်မှာမဟုတ်ဘူး "
"ဟူး....ငါကတော့ အရင်တစ်ခါလို ထွက်ပြေးသွားမှာကို ကြောက်တာ ဇင်ယော် ဒီတစ်ခါသူထွက်သွားရင် ငါ့နှလုံးသားကခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး "
ဝင့်လွှာပြောသလိုပင်...ဝသ့်လွှာ မမနွေအပေါ်ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ သူလည်းအသိမို့ ဒီတစ်ခေါက်သာ အရင်လိုထပ်ဖြစ်ရင်
တကယ်ပင် ဝင့်လွှာအတွက်စိုးရိမ်ရသည်။ သူသည်လည်း ဇင်ယော်ကဲ့သို့ အချစ်ကြီးသူမို့...ကြည့်ရတာဇင်ယော်တို့တစ်အုပ်စုလုံးက
အချစ်ကြီးရတာကိုကြိုက်တယ်တူပါရဲ့...ကိုယ့်ကိုကိုယ့်ထက်ပိုပြီးတော့ကို ချစ်ကြတာလေ...
"မစိုးရိမ်ပါနဲ့ဟာ ဒီတစ်ခါတော့ မမနွေထွက်မပြေးနိုင်ပါဘူး အဲ့လိုထွက်မပြေးနိုင်အောင်လည်း နင်က အခုကတည်းက အချစ်ကြိုးတွေနဲ့ ခိုင်ခိုင်တုပ်ထား ဒါမှ မမနွေခြေချုပ်မိမှာ "
နှုတ်ခမ်းကြီးထော်ပြီး လက်နဲ့ကြိုးရစ်နေတဲ့ ပုံစံလုပ်ပြနေတဲ့ သးငယ်ချင်းကြောင့် ဝင့်လွှာမှာလည်း စိတ်ညစ်နေတဲ့ကြားကပြုံးသွားရသည်။ ဒါကြောင့် လူတစ်ယောက်ရဲ့ဘဝမှာ သူငယ်ချင်းဆိုတာကလည်း အရေးကြီးတဲ့ အချက်တွေထဲကတစ်ခုဖြစ်နေတာပင်..
"အဟင်း.....အေးပါဟာ နင်ပြောသလို ဦးကို အချစ်ကြိုးတွေနဲ့ တုပ်ပစ်မယ် နင်ကတော့ ကံကောင်းလိုက်တာ မိဘတွေလည်းသဘောတူ နှစ်ယောက်သားချစ်ကလည်းချစ် စေ့စပ်ပွဲတောင်လုပ်ပြီးပြီးဆိုတော့ ငှက်ကြီးကိုအရမ်းအားကျနေပြီ ငါ့ကိုလည်းကံကောင်းအောင်လို့ နင့်အမွှေးလေးတစ်ပင်လောက်ဖြုတ်ပေးပါလား "
"ရား...နင်ဘာစကားပြောတာလည်း "
အမွှေးလေးတောင်းတာကို အော်ကြီးဟစ်ကျယ် ရန်ပြန်လုပ်နေတဲ့ ငှက်ကြီးကို မြင်ရတာ ဝင့်လွှာအတွက် စိတ်ညစ်စရာတွေတကယ်ပြေစေပါသည်။
"ဟား...ဟား...ဟား....ဘာအတွေးတွေ မှောင်မိုက်တွေးခေါင်နေတာလဲ နင်က ငှက်ဆိုတော့ ငှက်မွှေးတောင်းတာလေ မကြားဖူးဘူးလား လာဘ်ရှိတဲ့ငှက်ရဲ့အမွှေးဆောင်ထားရင် ကံကောင်းတယ်တဲ့ "
"နင်နော် ငှက်ကယ်သွားလို့ မဟုတ်ရင် ငါ့ပါးစပ်က ထွက်တော့မှာ
..အဟွန်း...တော်ပြီ..တော်ပြီ မပြောတော့ဘူး ငါ့ မ ကိုဖုန်းဆက်ရအုန်းမယ် ဒါပဲ"
"အမယ်လေး....ဖြစ်ပျက်နေတာ ပြီးရော ဒါပဲ "
"အဲ...အဲ..နေအုန်း နေအုန်း "
ဖုန်းချဖို့ နှိပ်ခါနီးမှ ငှက်ကြီးတားဆီးသံကြောင့် ဝင့်လွှာမှာ လက်တွန့်သွားရသည်။
"နင့် ဦးလေးကဖုန်းဆက်အုန်းတဲ့ တစ်ပတ်တစ်ခါတောင် မှန်အောင်မဆက်ဘူးဆို "
"မအားလို့ပါဟ တစ်ခါတစ်လေ ကျတော့လည်း ဆက်ဖို့သတိကရတယ် မေ့မေ့သွားတာ "
"အေး နင်အဲ့လို ကျပ်ကျပ်လုပ်သိလား ဟိုက နင့်ရဲ့တစ်ဦးတည်းသော အုပ်ထိန်းသူနော် သူသဘောတူအောင်လည်း အလုိလိုက်အကြိုက်ဆောင်ပေးလိုက်အုန်း တော်ကြာသူကထပ်ခွဲနေပြန်မှ ကူကယ်ရာမဲ့ဖြစ်နေအုန်းမယ် "
"အမယ်လေး လေးလေးလောက်ကတော့ စပျော့ပါ သဘောမတူလည်း မဂ်လာ ကိုယ့်ဖာသာဆောင်မှာ Ok ဒါပဲမလား ခဏနေဖုန်းဆက်လိုက်မယ် "
"အေး အေး ဒါပဲ "
ဝင့်လွှာဆီဖုန်းဆက်ပြီးတာနဲ့ အချစ်ဒေသစံတော်ချိန် ၉ နာရီကလည်း ထိုးပြီးမို့ ကိုယ့်နှလုံးသားလေးဆီ ဖုန်းဆက်ရသည်။
ဒီလိုပါပဲ ဘဝဆိုတာ အချစ်လေးရှိနေတော့ လောက ကြီးကအရာအားလုံးလှပနေသလိုပင်...
ဒီရက်ပိုင်း အလုပ်ရှုပ်ပေမယ့်လည်း အားတဲ့အချိန်တိုင်း
မနဲ့သွားတွေ့လိုက် ဖုန်းပြောလိုက် ပိတ်ရက်ကျရင် လက်ထပ်ပွဲအတွက် စီစဥ်ရနဲ့ အားတယ်လို့မရှိပါဘူး..ဒါပေမယ့် အဲ့မအားတာလေးကိုပဲ ကျေနပ်ပီတိဖြစ်နေရတာ....
...
"အား..... အခုမှပဲ ပြီးတော့တယ် "
လက်နှစ်ဖက်ကို အညောင်းပြေဆန့်ရင်း ဘေးနားမှာချထားတဲ့ ကော်ဖီအားသောက်လိုက်တော့ နည်းနည်းတော့ လန်းဆန်းသွားသလိုပင်....ကလောက ဟိုတယ် ပရောဂျက်အား အစီရင်ခံစာပို့ထားသည့် အင်ဂျင်နီယာ ရဲ့ email အားစစ်ပြီးနောက်
နောက်ထုတ်မယ့် ထုတ်ကုန်သစ်ဖြစ်တဲ့ Brand နာရီ ကုမ္မဏီအတွက် နာရီဒီဇိူင်းသစ်ကို လာအပ်ထားတဲ့အတွက်ကြောင့်လည်း
ဒီဇိုင်းကို အကြမ်းနမူနာဆွဲနေရတာကြောင့် တစ်မနက်လုံး မျက်ကြောတွေလည်း ကိုက်လှပြီ..
ကုမ္မဏီက ရုံးခန်းထဲမှာ ဆွဲရတာ နည်းနည်းမွန်းကျပ်နေသလိုဖြစ်တာကြောင့် သူဌေးဆီခွင့်တောင်းပြီး ကော်ဖီဆိုင်လေးလာတော့မှ အကြံညဏ်လေးထွက်တော့သည်။ အာ့ကြောင့် တစ်ခါတစ်လေ ခန္ဓာကိုယ်အတွက် ဓာတ်စာတွင်မက စိတ်စာ ပါဖြည့်ပေးရတယ်ဆိုတာ အမှန်ကိုး...
အခုတော့ဖြင့် ေကာ်ဖီဆိုင်လေးရဲ့ ပီယာနိုသံစဥ်အငြိမ့်လေးနဲ့ အဖြူရောင်နံရံပေါ်မှာ ရိုးရှင်းစွာနဲ့ romantic ဖြစ်ဖွယ်ပြင်ဆင်ထားတဲ့ အပြင်အဆင်လေးတွေကြောင့် စိတ်ကြည်နူးကာ ဒီဇိူင်းအသစ်ကတော့ ပုံကြမ်းထွက်သွားလေပြီ...
မျက်လုံးအနားပေးတဲ့အနေနဲ့ ဟိုကြည့်ဒီကြည့်နဲ့ကစားပေးလိုက်တော့ ဆိုင်ထဲဝင်လာတဲ့လူနှစ်ယောက်ကြောင့် ဇင်ယော်မျက်ခုံးပင့်သွားရသည်။
"မ က ဒီကိုဘာလာလုပ်တာပါလိမ့်"
မနဲ့အတူ သက်တူရွယ်တူ ရုပ်ချောပြီးခန့်ညားတဲ့ယောကျာ်းတသ်ယောက်ကလည်း မဘေးနားမှာပါလာတာကြောင့် နည်းနည်းတော့
မျက်စိထဲ ကလန့်ဖြစ်သွားရသည်။ ကုမ္မဏီကိစ္စနေမှာပါလို့ တွေးလိုက်တော့လည်း လက်ထဲမှာဘာစာရွက်စာတမ်းမှမပါ..
ဒီတိုင်း ဆွေးနွေးစရာရှိလို့နေမှာပါ ဟု စိတ်ကိုမှတ်ယူလိုက်ပြီး
ကိုယ့်ကို မမြင်သေးတဲ့မကို သွားနှုတ်ဆက်လိုက်ရမလား တွေးနေတုန်း တစ်ဖက်က လူက မလက်ကိုလှမ်းကိုင်လိုက်တာမြင်တော့ ဇင်ယော်တစ်ယောက် လန့်ဖျန့်သွားလေသည်။
ထို့အတူပဲ မလည်းလန့်သွားပုံပေါ်သည်။ ချက်ချင်း မျက်မှောင်ကြုံသွားတာ..
အဲ့တာကို ထိုသူကမြင်သွားပုံပေါ်သည်။ ချက်ချင်းလက်ကိုရုတ်သွားးပြီး ဘာတွေပြောနေတယ်မသိ...ဒါပေမယ့် မမျက်နှာကတော့
မျက်မှောင်ကြုံတာပြေသွားတာမှ တစ်ပါးတင်းမာနေဆဲ..
ဒါတော့ ဒီကောင်တော်တော်လွန်သွားပြီ...ဘာမှတ်နေလို့ ငါ့ကောင်မလေးကိုလာထိရတာလဲ..ငှက်ကြီးအကြောင်းသိစေရမယ်..
"မ ကော်ဖီလာသောက်တာလား "
ကော်ဖီဆိုင်မှာ ကိုယ့်ရည်းစားကို ကော်ဖီလာသောက်တာလားလို့မေးရတာ နည်းနည်းတော့ ကသိကအောက်ဖြစ်ပေမယ့် အခုအခြေအနေမှာ တစ်ခြားစကားထွက်စရာမရှိပေ..
"ဟင် ေမာင် ဘယ်တုန်းကရောက်နေတာလဲ "
မလည်း ကိုယ့်ကိုမြင်သွားတော့ အံ့သြောသွားပုံရပြီး ခုနက တင်းမာနေတဲ့ မျက်နှာလေးမှာ အပြုံးတစ်ချို့က ကပ်ငြိလာလေသည်။
"မနက်ကတည်းကပဲ ရုံးခန်းမှာ မွန်းကျပ်လို့ ဒီမှာဒီဇိူင်းလာဆွဲတာ "
ပြောလည်းပြော မရဲ့ဘေးမှာရှိတဲ့ခုံကိုဆွဲလိုက်ပြီး ဝင်ထိုင်လိုက်သည်။ ရှေ့ကငနဲကတော့ ဇင်ယော်တို့ကို အကဲခတ်နေလေသည်။
"ဪ မိတ်ဆက်ပေးရအုန်းမယ် ကိုထက်မြက်မောင် ဒါ ကျွန်မရဲ့ အနာဂတ်လက်တွဲဖော် ဇင်ယော်တဲ့" လွှာ " ကုမ္မဏီက အဓိက ဒီဇိုင်းနာလေ နောက်နှစ်လလောက်နေရင် လက်ထပ်ကြတော့မှာ
မောင် ဒီဘက်က ကိုထက်မြက်မောင် တဲ့ Sunshine ကုမ္မဏီက
မန်နေဂျာချုပ်လေ အခုက ပူးပေါင်းရေး ပရောဂျက်မှာ ကိုယ်စားလှယ်အနေနဲ့ လာခဲ့တာ "
"ဪ နာမည်ပဲ ကြားဖူးနေတာ အခုမှ လူမြင်ဖူးတော့တယ်
မပိုးသဒ္ဒါမင်းရဲ့ ချစ်သူ tomboy လေးဆိုတာလား "
"ဟုတ်ပါတယ်ဗျ အရင်ကတော့ ချစ်သူပေါ့ဗျာ အခုတော့မကြာခင် လက်တွဲဖော်အိမ် ထောင် ဦး စီး ဖြစ်တော့မှာ ဟုတ်တယ်မလား မ "
ရုပ်ကိုက ယောကျာ်းဖြစ်ပြီး ပန်းနုသွေး လာလုပ်ပြနေတာ..ဟွန်း..
ငါ့ကောင်မလေးကို စနိုက်ချင်နေတာကို ငါက မမြင်တာဆိုတော့..
ဒါကြောင့်မို့လည်း အိမ်ထောင်ဦးစီး ဆိုတဲ့ စကားလုံးကို တမင်သတ်သတ် တစ်လုံးချင်းစီ ရွတ်ပြလိုက်တော့ နွားက မျက်နှာကြီး အိုကျသွားလိုက်တာ ဝတ်ထားတဲ့ အဝတ်အစားနဲ့တောင် မလိုက်ဘူး....
"ဒါပေါ့ ကျွန်မရဲ့ တစ်ဦးတည်းသော လက်တွဲဖော် အိမ်ထောင်ဦးစီးလေးဖြစ်လာမှာ "
ဇင်ယော့်ပါးလေးကိုဆွဲကာ ချစ်စနိုးနဲ့ ပြောတော့ အရှေ့က ပန်းနုသွေးယောင်ဆောင်နေတဲ့ကောင် ဟန်တောင်မဆောင်နိုင်တော့ဘူး..မျက်နှာကို ပျက်လို့...
"ဒါနဲ့ မတို့ အလုပ်ကိစ္စဆွေးနွေးနေကြတာမလား သောက်ဖို့မှာထားပြီးပြီလား "
"အင်း..ခုနကတော့မှာလိုက်တယ် "
"အာ့ဆို မောင် သွားယူပေးမယ်လေ ကိတ်ကောယူအုန်းမလား ဒီဆိူင်က Blueberry ကိတ်ကောင်းတယ် "
"ရပါတယ် မောင်ရဲ့ ခဏနေလာပို့မှာပဲ "
"ဟာ..သူတို့လာပို့ရင် ကြာတယ် ကိုယ်တိုင်စောင့်မှာမှ မြန်တာရယ် မောင် ကိတ်သွားရွေးလိုက်အုန်းမယ် "
ပြောပြောဆိုဆိုနဲ့ ကိတ်ကောင်တာသွားပြီး ကိတ်ကိုနှစ်ခုမှာလိုက်သည်။ နောက်ပြီး မတို့ဝိုင်းအတွက်မှာထားတဲ့ ကော်ဖီခွက်များတင်ထားတဲ့ လင်ဗန်းအား ဝိတ်တာဆီမှ တစ်ဆင့်ယူကာ တစ်ဖက်က ကိတ်တစ်ခုကိုင်ရင်း တစ်ဖက်က ကော်ဖီလငိဗန်းနဲ့..တွေ့ကြပြီပေါ့ စနိုက်ချင်တဲ့ ကောင်ရယ်...
"အား! !!!! ပူတယ် အမေ့ ရေ"
"အိုမို! !! ဘယ်လိုလုပ်ရပါ့"
"အဲ...ကိုထက်မြက်မောင် အဆင်ပြေရဲ့လား "
ဒီအသံများရဲ့ တရားခံကာတော့ ချော်လဲချင်ယောင်ဆောင်ပြီး ကိတ်ကို စနိုက်ကောင်ရဲ့ 45° တည့်တည့်ကနေ ပြေးဝင်ပြီး မျက်နှာပေါ် အားရပါးရ မှောက်ချပြဖိးနောက် ကော်ဖီလင်ဗန်းအား ပေါင်ပေါ်တည့်တည့် လက်ချော်သွားတဲ့ ပုံစံနဲ့လုပ်လိုက်ရာ ထက်မြက်မောင်တစယောက်အသံနက်က်ြီးနဲ့အော်ပြီး ထခုနအောင်လုပ်လိုက်ပါသော
မောင်ဇင်ယော်ရယ်ပါ...ပေါင်ပေါ်ကိုအပူလောင် တာ အဲ့လောက်တော့မဖြစ်ပေမယ့် သူ့ဘောင်းဘီခွကြားတည့်တည့်ကော်ဖီခွက်မှောက်တာဆိုတော့ နည်းနည်းတော့ လွန်သွားတာပေါ့နော်..
ရည်ရွယ်တာက ပေါင်ဆိုပေမယ့် သူ့အကုသိုလ်က ကြီးနေတော့ နေရာလွဲသွားတာကတော့ ဇင်ယော်လည်း မတတ်နိုင်ဘူးလေ...
တစ်ဆိုင်လုံးက အကြည့်ကိုခံရတာမမှုပေမယ့် မရဲ့ အကြည့်တစ်ချက်ကြောင့်တော့ ဇင်ယော်တစ်ယောက် ထက်မြက်မောင်ကို
မတောင်းပန်ချင်တောင်းပန်နဲ့ တောင်းပန်လိုက်ရပါသေးသည်။
...
"မောင် ဒီကိစ္စက လွန်တယ်နော် ဘာလို့အဲ့လောက်လုပ်လိုက်ရတာလဲ မတော်လို့ ကျော်မကောင်းကြားမကောင်းနဲ့ ဆေးရုံရောက်သွားရင် မောင်ဒုက္ခရောက်သွားနိုင်တယ်ဆိုတာ သိလား "
ကားပေါ်မှာ ဆူခံနေရတဲ့ ဇင်ယော်ဟာ မျက်နှာလေးကိုအစွမ်းကုန်ငယ်ထားရသည်။ ဘာပဲဖြစ်ဖြစ် ခူနကလုပ်ရပ်က သူတကယ်လွန်သွားသည်မဟုတ်လား....
"အဲ့လူက မလက်ကိုကိုင်လိုက်တော့ဒေါသဖြစ်သွားတာပါ အဲ့လောက်ထိလို့မရည်ရွယ်ပေမယ့်လည်း "
အောက်နှုတ်ခမ်းလေးကိုက်ကာ မျက်လွှယလေးချနေတဲ့ မောင်ဟာ တကယ့်ကို ကလေးငယ်အတိုင်းပင်...ဒီလိုပုံစံလေးနဲ့သူ့မှယဆူရခက် ပြောရခက်နဲ့...
"မောင်ရယ် မတော်တဆ ပါလို့ ပြောပြီးပြီပဲ "
"သူ့မတော်တဆကြီးက လုံးဝမှ အဓိပ္ပါယ်မရှိတာ မရယ် တစ်သျှုးယူရင်းနဲ့ လက်ကိုင်မိရတယ်လို့ ဘယ်လိုအခြေအမြစ်မရှိတဲ့ စကားကြီးလဲ နောက်ပြီးအဲ့တုန်းက မောင်သေချာမြင်လိုက်တယ် အဲ့လူက မလက်ကို ကွက်ကွက်ကွင်းကွင်းနဲ့ သေသေချာချာကို ဆုပ်ကိုင် လိုက်တာ "
လက်နှစ်ချောင်းကို ကွေးကာ မျက်လုံးနဲ့သေချာမြင်တဲ့အကြောင်း အမူအရာနဲ့ရော ပြောပြနေတဲ့မေယင်ဟာ တစ်ခါတစ်လေကျရင်
ငှက်ရိုးလေးကနေ ငှက်ရိုင်းလေးဖြစ်တတ်သွားသည်ဖယ အထူးသဖြင့် သူမနဲ့ ပတ်သက်ရင်ပေါ့...
"အဲ့တာကို မလည်းသိပါတယ် အာ့ကြောင့်မို့ပဲ သူ့ကို နောက်တစ်ခါဒီလိုမတော်တဆမျိုး လက်မခံဘူးလို့ သေချာသတိပေးလိုက်တာပဲလေ မောင်က အရင်တုန်းကဆို အဲ့လောက်သဝန်မတိုတတ်ပါဘူး အခုဟာက နည်းနည်းလွန်သွားတယ်မောင် "
"မောင်သိပါတယ် လွန်သွားမှန်း... ဒါပေမယ့်လေ အဲ့လူဆီက မကောင်းတဲ့အရိပ်အယောင်အရမ်းတွေ့ရတယ် အရင်တုန်းက ရာဇာထွန်းဆိုတဲ့ လူထက်ရော အခြားသူတွေထက်ရော အဲ့လူက မကောင်းတဲ့အငွေ့အသက်ပိုများနေတယ် "
ဗေဒင်ဆရာလိုလို အကြားအမြင်ဆရာလိုလို ပြောနေတဲ့ မောင့်ကို
နားမလည်သလိုလိုနဲ့ကြည့်လိုက်တော့ ပိုးအကြည့်ကို သူကောင်းကောင်းသဘောပေါက်တာကြောင့် ထပ်ရှင်းပြလာလေသည်။
"မ မယုံဘူးမို့လား မောင်ပြောပြမယ် မောင့်မှာ မွေးရာပါ ပါရမီလို့ပဲ ပြောရမလား အသိအာရုံလို့ပဲပြောရမလား အဲ့လိုအရာမျိုးတစ်ခုရှိတယ်ကွာ လူတစ်ယောက်ကိုတွေ့လိုက်ရင် ဒီလူက ကောင်းတာလားဆိုးတာလား ဆိုတာ အဲ့လူကိူ တွေ့ကတည်းက နည်းနည်းခံစားမိတယ် ဟိုလို လူတိုင်းတော့မဟူတ်ဘူးပေါ့ ဒါပေမယ့် အရမ်းအန္တရယ်များတဲ့သူဆို မြင်တာနဲ့ချက်ချင်းကို သိတာ အခု ထက်မြက်မောင်ဆိုတဲ့လူလည်း အဲ့အတိုင်း ပဲ ဒါကြောင့် မနားလွယ်လွယ်နဲ့ကပ်လို့မရဘူးဆိုတာ သက်သေပြလိုက်တာ "
"ဟုတ်ပါပြီ စိတ်စွမ်းအားရှင်လေးရယ် နောက်ဆို ကျွန်မဝေးဝေးရှောင်ပါ့မယ် အခုတော့မရသေးဘူး သူက Sunshine Airline နောက်ထပ်ဆောက်မယ့် Construction project အတွက်
သူက ကိုယ်စားလှယ်ဖြစ်နေတယ် ဒါကြောင့် အနည်းနဲ့အများတော့
တွေ့ရမှာပဲ "
"ဟူး.....အာ့ဆို မောင်တော့ မဆီနေ့တိုင်းလာရတော့မှာပဲ "
သက်ပြင်းလေးချကာ စိုးရိမ်သလိုကြည့်နေတဲ့မောင်ဟာ တကယ့်ကို အမေပျောက်မှာကြောက်နေတဲ့ ငှက်ပေါက်လေးအလား...
"ဒါနဲ့ နေပါအုန်း ရှင်လေးက အဲ့လိုစိတ်စွမ်းအားရှိတယ်ဆိုတော့ မ ကို မြင်တုန်းကရော ဘယ်လိုလဲ "
ပိုးမေးခွန်းကို ကြားတော့ မျက်ဝန်းလေးေတွေအရောင်လက်သွားပုံအရ ဒီမေးခွန်းကို သူတော်တော်ဖြေချင်နေပုံရသည်။
"အဲ့တာကလေ မကုိ စတွေ့တုန်းက မောင့်ဘေးနားကနေ လူတစ်ယောက်က လာပြီးတော့ ဒါမင်းရဲ့လက်တွဲဖော်ပဲ မင်းချစ်ရမယ့်သူပဲ ဆိုပြီး လာပြောပြနေတဲ့အတိုင်းပဲ အဲ့တုန်းကဆို ဘေးနားမှာလူရှိတယ်ထင်ပြီး ရှာမိသေးတယ် မက တကယ့်ကို မောင့်ရဲ့ soulmate ပဲ "
မောင်က ပိုးရဲ့ soulmate မဟုတ်ဘူးမောင်.. ။ကိုရွေးချယ်ပေးခဲ့တဲ့ လူပဲ ဆိုတာ မောင်သိအောင် မပြောတော့ပါဘူး..ဒါပေမယ့်
ပိုးရင်ထဲမှာ ကိုဆိုတာက အမှတ်တရတစ်ခုသာ ဖြစ်တော့ပြီး မောင်ကသာ သူ့အတွက်ဘဝတစ်ခုဆိုတာ တစ်နေ့နေ့ တော့ မောင်သိအောင်ပြောပြချင်ပါသေးသည်။
"ဒါနဲ့ မ Sunshine Airline ဆို တော့ Ceo က ဦးဇင်မင်းထက် ဆိုတာလား "
"အင်း ဟုတ်တယ်လေ မောင်က သိလို့လား "
"ဟိုတစ်ခါ ပွဲမှာတုန်းက တွေ့ဖူးတာရယ်ပါ "
"အွန်း..နောက်တစ်ခါ Project ပြီးသွားလို့ ဖွင့်ပွဲကျရင် မိတ်ဆက်ပေးမယ် ."
"တော်ပါပြီမရယ် ရေစက်တွေမဆုံချင်ဘူး "
"မောင်ရယ် မိတ်ဆက်ပေးမှာက ဦးဇင်မင်းထက်နဲ့လေ သူ့ယောက်ဖ နဲ့မှမဟုတ်တာ "
"ထက်မြက်မောင်က ဦးဇင်မင်းထက် ယောက်ဖလား "
"အင်း...သူ့မိန် းမရဲ့ မောင်လေ "
အဟွန်း....လောက ကြီးက တရားကျဖို့တော့ကောင်းသား..မဆုံချင်တဲ့ ရေစက်တွေ မဆက်ချင်တော့ပါဘူးဆိုမှ လာလာပြန်ဆက်ပေးနေကြတာ..ဒီရေစက်တွေကို သူအနေနဲ့လောက ကြီးကနေမေ့ထားပြီးတော့မှလေ...ဒါကြောင့် ရှေ့ဆက်ပြီး
ထပ်မဆုံပါရစေနဲ့တော့ ကံကြမ္မာရယ်...
#အေးချမ်းညိမ်း
Zawgi
အပိုင်း ၃၁
ဝင့်လွှာပြောသလိုပင်...ဝသ့်လွှာ မမနွအေပေါ်ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ သူလည်းအသိမို့ ဒီတစ်ခေါက်သာ အရင်လိုထပ်ဖြစ်ရင်
"မစိုးရိမ်ပါနဲ့ဟာ ဒီတစ်ခါတော့ မမနွထွေက်မပြေးနိုင်ပါဘူး အဲ့လိုထွက်မပြေးနိုင်အောင်လည်း နင်က အခုကတည်းက အချစ်ကြိုးတွေနဲ့ ခိုင်ခိုင်တုပ်ထား ဒါမှ မမနွခြေချုပ်မိမှာ "
"အဲ...အဲ..နေအုန်း နေအုန်း "
"အေး အေး ဒါပဲ "
...
နောက်ထုတ်မယ့် ထုတ်ကုန်သစ်ဖြစ်တဲ့ Brand နာရီ ကုမ္မဏီအတွက် နာရီဒီဇိုင်းသစ်ကို လာအပ်ထားတဲ့အတွက်ကြောင့်လည်း
အခုတော့ဖြင့် ကျောဖီဆိုငျလေးရဲ့ ပီယာနိုသံစဉ်အငြိမ့်လေးနဲ့ အဖြူရောင်နံရံပေါ်မှာ ရိုးရှင်းစွာနဲ့ romantic ဖြစ်ဖွယ်ပြင်ဆင်ထားတဲ့ အပြင်အဆင်လေးတွေကြောင့် စိတ်ကြည်နူးကာ ဒီဇိုင်းအသစ်ကတော့ ပုံကြမ်းထွက်သွားလေပြီ...
"မ ကော်ဖီလာသောက်တာလား "
"ဟင် မောငျ ဘယ်တုန်းကရောက်နေတာလဲ "
"မနက်ကတည်းကပဲ ရုံးခန်းမှာ မွန်းကျပ်လို့ ဒီမှာဒီဇိုင်းလာဆွဲတာ "
မပိုးသဒ်ဒါမငျးရဲ့ ချစ်သူ tomboy လေးဆိုတာလား "
"အာ့ဆို မောင် သွားယူပေးမယ်လေ ကိတ်ကောယူအုန်းမလား ဒီဆိုင်က Blueberry ကိတ်ကောင်းတယ် "
"အား! !!!! ပူတယ် အမေ့ ရေ"
...
"သူ့မတော်တဆကြီးက လုံးဝမှ အဓိပ်ပါယျမရှိတာ မရယ် တစ်သျှုးယူရင်းနဲ့ လက်ကိုင်မိရတယ်လို့ ဘယ်လိုအခြေအမြစ်မရှိတဲ့ စကားကြီးလဲ နောက်ပြီးအဲ့တုန်းက မောင်သေချာမြင်လိုက်တယ် အဲ့လူက မလက်ကို ကွက်ကွက်ကွင်းကွင်းနဲ့ သေသေချာချာကို ဆုပ်ကိုင် လိုက်တာ "
"မ မယုံဘူးမို့လား မောင်ပြောပြမယ် မောင့်မှာ မွေးရာပါ ပါရမီလို့ပဲ ပြောရမလား အသိအာရုံလို့ပဲပြောရမလား အဲ့လိုအရာမျိုးတစ်ခုရှိတယ်ကွာ လူတစ်ယောက်ကိုတွေ့လိုက်ရင် ဒီလူက ကောင်းတာလားဆိုးတာလား ဆိုတာ အဲ့လူကို တွေ့ကတည်းက နည်းနည်းခံစားမိတယ် ဟိုလို လူတိုင်းတော့မဟူတ်ဘူးပေါ့ ဒါပေမယ့် အရမ်းအန္တရယ်များတဲ့သူဆို မြင်တာနဲ့ချက်ချင်းကို သိတာ အခု ထက်မြက်မောင်ဆိုတဲ့လူလည်း အဲ့အတိုင်း ပဲ ဒါကြောင့် မနားလွယ်လွယ်နဲ့ကပ်လို့မရဘူးဆိုတာ သက်သေပြလိုက်တာ "
တွေ့ရမှာပဲ "
"အဲ့တာကလေ မကို စတွေ့တုန်းက မောင့်ဘေးနားကနေ လူတစ်ယောက်က လာပြီးတော့ ဒါမင်းရဲ့လက်တွဲဖော်ပဲ မင်းချစ်ရမယ့်သူပဲ ဆိုပြီး လာပြောပြနေတဲ့အတိုင်းပဲ အဲ့တုန်းကဆို ဘေးနားမှာလူရှိတယ်ထင်ပြီး ရှာမိသေးတယ် မက တကယ့်ကို မောင့်ရဲ့ soulmate ပဲ "
#အေးချမ်းညိမ်း
Continue Reading
You'll Also Like
479K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
348K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.2M 64.2K 50
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...