Start with Heart And End with...
By frozenmanobannca
126K 10.2K 1.5K
နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်... More
Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
19 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞
30 💞
2.7K 263 36
By frozenmanobannca
အပိုင်း ၃၀
နှစ်ဖက်မိဘတွေ့ဆုံပွဲလို့လည်း ပြောလို့ရသလို စေ့စပ်ပွဲဆိုလည်း ဟုတ်သည်။ ဘယ်သူတွေလဲဆိုတော့ ဇင်ယော်နဲ့ မတို့ပေါ့..
အမေရယ် မ မိဘတွေရယ်နဲ့ ဇင်ယော့်သူငယ်ချင်း နှစ်ယောက်နဲ့ သူဌေး ရယ်ဆိုတော့ စုစုပေါင်း
ရှစ် ယောက်လောက်ပဲ ရှိတဲ့ပွဲမှာ လူကြီးတွေက လည်း သူတို့စကားဝိုင်းနဲ့သူတို့ဆိုတော့ ဇင်ယော်တို့လည်း လူငယ်လေးယောက် စကားလက်ဆုံကြရတာပေါ့...မနဲ့ ရွှေဇင် ထက်ဝေယံတို့နှစ်ယောက်ကိို မိတ်ဆက်ပေးရင်း စကားကောင်းလိုက်ကြတာ စေ့စပ်ပွဲက ညနေ ၆ နာရီယောက်မှသာပြီးသည်။
အခုခေတ်မှာဒီလိုစုံတွဲမျိုးကို သိပ်လက်မခံချင်တဲ့ခေတ်မှာ မရဲ့ မေမေဟာ ဘာကြောင့် ဇွတ်သဘောတူခဲ့လည်း ဆိုတာကတော့
မရဲ့ အတိတ်မှာပဲ နစ်မွန်းနေတဲ့ဒဏ်ရာတွေဆီကနေ လွတ်မြောက်စေချင်တဲ့အတွက်ပဲဖြစ်ပါတယ်..
အပြုံးအရယ်မရှိတဲ့ သမီးရဲ့ဘဝကို ပြုံးပန်းဝေဆာလှပဖို့အတွက် ဘာပဲလုပ်ပေးရရဆိုပြီး တွေးတောခဲ့တဲ့မရဲ့မိဘနှစ်ပါးဟာ ဇင်ယော်နဲ့ ချစ်သူဖြစ်ခဲ့တာကိုလည်း မငြင်းဆန်မတားရက်ခဲ့ပါဘူး..
အစပိုင်း ကတောက်ကဆနဲ့ တစ်ဖက်သတ်ဆန်ခဲ့တဲ့ ဇင်ယော်တို့ ဆက်ဆံရေးကို သဘောမကျခဲ့ပေမယ့် လမ်းခွဲပြီးနောက်ပိုင်းမှ ချစ်တာကို သိလာခဲ့တဲ့ မကို ဇင်ယော်နဲ့ပြန်ပေါင်းထုပ်သွားတဲ့အတွက် ပိုလို့တောင်ဝမ်းသာကြောင်း ေစ့စပ်ပွဲမှာပြောပြတော့ ဇင်ယော့်မျက်နှာလေးမှာ ပူခနဲ....
ဘာပဲဖြစ်ဖြစ် ယောက္ခမတွေဆီကအရေးပေးတာခံရတာ နည်းတဲ့ကုသိုလ်ကံလားနော်....
"မောင် မနေ့ညက ကို့ ကို အိမ်မက်မက်ခဲ့တယ် "
မပြန်ချင်သေးတဲ့ဇင်ယော်နဲ့ ပြန်မလွှတ်ချင်တဲ့ ပိုးတို့ဟာ အိမ်ဘေးမှာရှိတဲ့ ခြံလေးထဲက ဒန်းပေါ်မှာ မောင်ရဲ့ရင်ခွင်ကိုမှီပြီး သိက်မကွာလှပေမယ့် ပိုးထက် ရှည်မျောပြီးသွယ်တဲ့မောင့်လက်ချောင်းတွေကိုဆုပ်ကိုင်ကာ မနေ့ညက အိမ်မက်အကြောင်းပြောမိသည်။
ကို လို့ကြားတော့ နဂိုကတည်းက အားငယ်ဝန်တိုတတ်တဲ့မောင်ဟာ
လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"ဘာမက်တာလည်းဟင် "
စိုးရိမ်တကြီးမေးလာတဲ့ မောင့်ရဲ့လေသံကြောင့် အရင်တုန်းက သူ့ကို ပစ်ပယ်ပြီး ကို့ ရဲ့နေရာမှာ အစားထိုးမိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ သူ့ရဲ့မဆင်မခြင်လုပ်ရပ်ကြောင့် မောင့်မှာ စိတ်ဒဏ်ရာတောင် ရခဲ့သွားပြီ...
"အိမ်မက်ထဲမှာ ကို က အဖြူရောင်ဝတ်စုံကိုဝတ်ပြီး မျက်နှာလေးက အေးချမ်းနေတာပဲ နောက်ပြီး သူ့ကို စိတ်မပူဖို့ ပြောတယ် မ ကိုလည်း ကောင်းကောင်းနေတဲ့ ကြည့်ရတာ အေးချမ်းရာဘုံတစ်ခုမှာရောက်သွားတယ်တူပါရဲ့ ရှေ့ဆက်ပြီး ကိုနဲ့ပတ်သတ်သမျှ စိတ်ပူစရာမလိုရတော့ဘူးထင်တယ် မမြင်နိုင်တဲ့နေရာမှာ မကောင်းတာတစ်ခုခုဖြစ်မှာအမြဲစိုးရိမ်နေခဲ့တာ အခုတော့ မ စိတ်တွေအေးချမ်းသွားပြီမောင်ရယ် "
"ဟူး.....တော်ပါသေးရဲ့မရယ် "
"မောင်စိတ်ပူနေတာကို သိပါတယ် ဒါပေမယ့် အခုချိန်ကစပြီး အဲ့အရာတွေအကုန်လုံးကိုမေ့လိုက်တော့မောင် တို့မျက်လုံးထဲမှာရော တို့စိတ်ထဲမှာပါ နောက်ဆုံး နှလုံးသားအထိ နေရာယူနေတာ မောင်တစ်ယောက်တည်းမို့ ဘယ်သူနဲ့မှတူလို့ချစ်ခဲ့တာမဟုတ်ဘူး မောင်
ဇင်ယော်ဆိုတဲ့ ဖြစ်တည်မှုလေးကိုချစ်မိသွားတာ နောက်ဆုံးအချိန်ထိ ချစ်အုန်းမှာပဲ ဒါကြောင့် မစိုးရိမ်ပါနဲ့နော် "
"ဟုတ် မောင့်ရဲ့နောက်ဆုံးချိန်ထိ မနဲ့အတူ ဖြတ်သန်းနိုင်မှာပါ အဲ့လိုဆုကိုလည်း ညတိုင်းတောင်းနေတယ် မရယ်"
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ချစ်စကားဆိုရတာ
ချစ်သူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာဆိုတာ ချစ်ဖူးသူတိုင်းသိမှာပါ...(သာသာကတော့ မသိပါ 😖😖)
"ဒါပေါ့ မတို့နှစ်ယောက်ရဲ့အချစ်စစ်မှန်ရင် တစ်နေ့ပေါင်းရမှာပေါ့ "
ထိုနေ့ညက နှစ်ယောက်သား ကြည်နူးစွာဖြင့် မတွေ့ရခဲ့တဲ့အချိန်တွေအတွက် အလွမ်းကို အချစ်များဖြင့် ဖြေဖျောက်အနားယူခဲ့လေသည်။
......
"အားလားလားး....ညောင်းလိုက်တာနော် အခုမှပဲ ပြီးသွားတော့တယ် "
တစ်ကိုယ်လုံး ညောင်းနေတဲ့အညောင်းတွေကို လက်ကိုအပေါ်မြောက်ဆန့်ကာ ခါးကိုဆန့်ရင်း အညောင်းဖြေလိုက်တော့မှ နှစ်ရက်တာတိတိပင်ပန်းခဲ့တဲ့ အညောင်းတွေက ပြေပျောက်သွားရသည်။
လွယ်ကူတဲ့ထုတ်ကုန်ပေမယ့် စျေးကွက်မှာအရောင်းများတဲ့ ထုတ်ကုန်မို့ သူများထက်တမူထူးတဲ့ဒီဇိုင်းကို ထုတ်ရသည်မှာ တကယ့်ကို မလွယ်ကြော...
ဒါပေမယ့် လည်း ဒီဇိုင်းပိုင်း ကျွမ်းကျင်တဲ့ ကိုယ့်ရဲ့ပါရမီကြောင့် ဒီနှစ်ရက်အတွင်းမှာ ကိုယ်ပုံဖော်ချင်တဲ့ ဒီဇိုင်းလေးကို အပြီးသတ်နိုင်ခဲ့လေသည်။ ပထမတစ်ရက်က ဒီဇိုင်းမူကြမ်းပြတော့ သူဌေးက ကြိုက်တာမို့ ဒီနေ့တော့ တံဆိပ်ကအစ ဒီဇိူင်းတွေအကုန်လုံး အချောသတ်နိုင်ခဲ့လေပြီ...မအိပ်မနေ လုပ်ထားရသည်မို့ မနဲ့ စကားပြောရတဲ့အချိန်လေးတောင် သိပ်မရှိ...
မကလည်း ဒီရက်ပိုင်း တစ်ခြားကုမ္မဏီတစ်ခုနဲ့အလုပ်ရှုပ်နေတာမို့ နှစ်ယောက်လုံးကိုယ်စီ အလုပ်ရှုပ်နေကြသည်ဆိုလည်း မမှားပေ..
ဒါကြောင့် ဒီနေ့ညတော့အဝအိပ်ပြီး မနက်ဖြန် သူဌေးကိုပြပြီးတာနဲ့ မဆီလိုက်သွားအုန်းမှပါ့လေ...
ကုမ္မဏီကပြန်ရောက်တော့ ထမင်းစားပြီးတာနဲ့ ခြေလက်ဆေးကာ မဆီ မက်ဆေ့ပို့ပြီးတာနဲ့ တန်းအိပ်လိုက်တော့သညိ။ နှစ်ရက်တိတိအိပ်ရေးပျက်ထားသည်ကြောင့် ည ၉နာရီက အိပ်လိုက်တာ မနက် ၉ နာရီမှနှိုးတော့သည်။ အိပ်ယာထတော့အမေပြင်ပေးခဲ့တဲ့ မနပ်စာလေးစားပြီးတာနဲ့ ကုမ္မဏီဆီတန်းလာခဲ့လိုက်သည်။
"အခုလို အချောသတ်လိုက်တော့ တော် တော်ကို ပုံဒီဇိုင်းက မိုက်တာပဲ ဒါကြောင့် ငါတို့ကုမ္မဏီက မင်းကို အားကိုးနေရတာ ဇင်ယော်ရေ "
နောက်ဆုံး အချောသတ်ဒီဇိုင်းကို တော်တော်လေးသဘောတွေ့နေတဲ့ သူဌေးကြောင့် ဇင်ယော်လည်း ကြိုးစားခဲ့ရသမျှ ထိုက်တန်ပါသည်။
"ဟုတ် သူဌေးကြိုက်တယ်ဆိုလို့ ကျွန်တော်ပင်ပန်းရကျိုး နပ်ပါတယ် "
"ဟူတ်တာပေါ့ ဒါနဲ့ မင်းတောင်  နှစ်ရက်လောက် တော်တော် ကြိုးစားလိုက်ရတယ်မလား အနားယူလိုက်အုန်း   "
"ဟုတ် သူဌေး အာ့ဆို ကျွန်တော် နေ့တစ်ပိုင်းဖလာက်ယူအုန်းမယ် သွားတွေ့စရာလေးရှိလို့ "
"သွားပါ သွားပါ ကောင်မလေးဆီကိုမလား "
စေ့စပ်ပွဲတုန်းက သူဌေးလည်းပါသည်မို့ အဲ့တုန်းကဆို ကျွန်တော်နဲ့မရဲ့ ဆက်ဆံရေးကို သူဌေးခဗျာ တော်တော်လေးအံသြသွားခဲ့သေးသည်။
"ဟဲ ဟဲ "
သွားလေးဖြီးကာ အခန်းထဲက ထွက်မည်လုပ် တော့
"အာ ဇင်ယော် ခဏလေး ငါလည်း အခုမှသတိရတယ် "
သူဌေးက လှမ်းခေါ်လိုက်သည်မို့ ဇင်ယော်လည်း လှည့်ရာကနေ သူဌေးဆီပြန်သွားလိုက်သည်။
"မင်းသူငယ်ချင်း ဝင့်လွှာ ဖုန်းဆက်သေးလား "
"နှစ်ရက်တစ်ခါလောက်တော့စကားပြောဖြစ်တယ်သူဌေး ဘာလို့လည်း မသိဘူး "
"မပြောချင်ပါဘူးကွာ ငါ့မယ် ဒီတူမလေးတစ်ယောက်ရှိပါတယ် သူက ကျန်ခဲ့တဲ့ဦးလေးကို ဦးလေးလို့တောင် သတ်မှတ်ရဲ့လားမသိဘူး တစ်ပတ်တစ်ခါတောင် ဖုန်းဆက်ဖော်မရဘူး ဒါတောင် ဆက်တဲ့အချိန်ဆို ငါ့ဘက်က ဆက်မှရတာ စာမလာ သတင်းမကြားနဲ့
"
"အဆင်ပြေနေပါတယ် သူဌေးရဲ့ မမနွေနဲ့ သူနဲ့က အစကတည်းက ရင်းနှင်းပြီးသားဆိုတော့ စိုးရိမ်စရာတော့မရှိပါဘူး "
သူဌေးက ဝင့်လွှာနဲ့ မမနွေကို ဒီတိုင်း ဇင်ယော်တို့ခင်သလိုခင်တယ်လို့ပဲ သိထားလေသည်။ အရင်က ဆက်ဆံရေးတာ သိရင် ထည့်လွှတ်မည်မဟုတ်တာ သိတာမို့ ဇင်ယော်လည်း ဖုံးဖိထားရသည်။
သူဌေးက လူရှေ့သာ မချစ်ပြတာ...တစ်ဦးတည်းသော သူ့တူမကို သဲသဲလှုပ်တာ ဇင်ယော်အလုပ်ဝင်ပြီးနောက်ပိုင်းမှသိလာခြင်းဖြစ်သည်။
"အဆင်ပြေတယ်ဆိုလည်း ပြီးတာပါပဲ သွားတော့ သွားတော့ တော်ကြာနောက်ကျနေရင် မကောင်းဘူး "
"ဟုတ် သူဌေးသွားပြီ ဗျ"
ကုမ္မဏီက အပြန် မတို့ ကုမ္မဏီဆီတိုက်ရိုက်မသွားဘဲ အိမ်ပြန်ပြီး
ကော်ဖီအေးလေးဖျော် sandwich နှစ်ခုလောက်နဲ့ အသီးအနှံအချို့ကို ထမင်းဘူးထဲ ထည့်ပြီး မှ မနက်က မေမေပိုချက်ပေးထားတဲ့ ပုစွန်ဟင်း အချည်ရည်ဟင်း ကိုက်လန်နဲ့ကြည်ဥကြော်ရယ်
ကို နှစ်ယောက်စာထမင်းချိုင့်ထုပ်လိုက်ပြီး မေမေဖျော်ပေးထားတဲ့
ဆားငံပြာရည်ဘူးလေးကို ထမင်းချိုင့်ဘေးအိတ်ထဲထည့်ကာ
မကုမ္မဏီ ဆီ ထမင်းချိုင့်နှစ်ခုနဲ့ သွားလိုက်လေသည်။
ထမင်းချိုင့်ကနှစ်ခုမို့ ခြင်းတောင်းထဲထည့်ကာ ယူဆောင်လာရလေသည်။ မတို့ကားပါကင်မှာ ဆိုင်ကယ်ထားခဲ့ပြီးနောက် ကုမ္မဏီဆီလာတော့ အရင်ကသိခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့က နှုတ်ဆက်လာလေသည်။ အော်...ပြောဖို့မေ့နေသေးတာ..
စေ့စပ်ပွဲအပြီး နောက်နေ့ ဇင်ယော်တို့ရဲ့ relationship ကို ကုမ္မဏီမှာ ဖွင့်ပြောလိုက်တဲ့ မကြောင့် ဇင်ယော့်မှာ အကြီးအကျယ် shock ရလိုက်သေးသည်။ ဒါကြောင့် အခုဆို မတို့ကုမ္မဏီ က လူတွေ ဇင်ယော့်ကို မနှင့် သက်ဆိုင်သူတွေများသိကုန်ကြပြီ..
တစ်ချို့ကျတော့ ထောက်ခံပေမယ့် တစ်ချို့ကျတော့လည်း သူဌေးမျက်နှာနဲ့ အပြင်ပိုင်း ထောက်ခံတဲ့သူတွေရှိပြီး ကွယ်ရာ ရှုံချတဲ့သးတွေလည်း ပါတာပေါ့..ဒါတွေကထားလိုက်ပါ..ဇင်ယော်တို့က မဆီက အချစ်ရပြီးကတည်းက ကျန်တာအားလုံး မျက်လုံးထဲမမြင်
ဘာမှမကြားရတာတော့တာ..သူတို့ဖာသာ ဝေဖန်ပြီး လေပဲကန်ကန်
ငှက်ကြီးတို့ကတော့ ကိုယ့်အချစ်ခရီးကို ရှေ့ဆက်ပျံသန်းနေမှာ..
ကံကုမ္မာကလွဲလို့ ဘယ်သူမှ ကိုယ်တို့နှစ်ယောက်ကို ရှေ့ဆက်ပြီး ခွဲလို့မရတော့ဘူးမရယ်..
"ဟင် မောင် ဘယ်လိုရောက်လာတယ် "
"ဒီနေ့ နေ့တစ်ပိုင်းခွင့်ယူခဲ့တာ မမျက်နှာလေးမတွေ့ရတာ ကြာပြီမို့ "
သုံးလက်စ လပ်တော့ကို ပိတ်လိုက်ပြီးနောက် ဧည့်သည်ခုံမှာထိုင်ကာ ထမင်းဘူးတွေချနေတဲ့ ဇင်ယော့်နား ချက်ချင်းရောက်လာတဲ့မဟာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ...
"ဘာဟင်းတွေလဲ မွှေးလိုက်တာ မှန်မှန်ပြော အန်တီချက်ထားတာမလား "
ဇင်ယော့်ပုခုံးလေးကိုင်ကာ စားပွဲပေါ်က ဟင်းတွေ ကို လိုက်ယူကြည့်ရင်း ပြောလိုက်တာကြောင့် ဇင်ယော့်မှာ ခဏတာ မျက်နှာလေးရှုံမဲ့သွားရသည်။
"မကလည်း မောင်လည်းချက်တတ်ပါတယ်နော် ဒါက မေမေ့လက်ရာဆိုပေမယ့် မကြာခင် မောင့်လက်ရာချည်းစားရတော့မှာ "
"ဟုတ်ပါပြီ ရှင်လေးလက်ရာစားရတဲ့အခါကျ အန်တီ့လက်ရာမှီလားကြည့်ကျတာပေါ့ "
"စိန်လိုက်လေ တော်ကြာ မောင့်ဟာစွဲသွားမှ မောင့်ကို အိမ်ရှင်မ တော့မလုပ်ခိုင်းနဲ့နော်  "
"အို... အချက်ကောင်းရင်တော့ အိမ်မှာထားပြီး အိမ်ရှင်မ လုပ်ခိုင်းရင်လုပ်ခိုင်းရမှာပေါ့ "
"ဟာ...မနော် အိမ်ရှင်မ မလုပ်ချင်လို့ မိန်းမယူပါတယ်ဆို လုပ်ချင်းလုပ် အိမ်ရှင်ထီးပဲ လုပ်မှာ ထမင်းဟင်းကတော့ မောင့်တာဝန်
အလုပ်လည်း လုပ်မယ် ဒါပေမယ့် မောင့်ကိုပြုစုဖို့ကတော့ မတာဝန် "
"လက်တောင်မထပ်ရသေးဘူးနော် မောင်တို့ကတော့ တာဝန်တွေတောင်ခွဲနေပြီ "
မျက်နှာချင်းဆိုင်က မောင့်ပါးလေးကိုဆွဲကာ ချစ်စနိုးပြောတော့
စပ်ဖြဲဖြဲလေးရီပြလာသည်။ ချစ်တဲ့အချိန်ကြတော့လည်း သူရယ်လိုက်လို့ပေါ်လာတဲ့ ပါးချိုင့်လေးကအစ ညီညီညာညာသွားဖြူလေးတွေအဆုံး ပိုးမှာ ချစ်နေရတာပဲ... ဒါကြောင့် အချစ်ဆိုတာ
ချိုမြိန်တဲ့အခါ ပျားသကာမမှီဘူးဆိုတာ အမှန်ပါပဲ...
နှစ်ယောက်သား ထမင်းစားပြီးတာနဲ့ မောင်ယူလာတဲ့ အသီးအနှံတစ်ချို့ကိုစားရင်း အနားယူနေကြသည အခုရက်ပိုင်း အလုပ်တွေရှုပ်တော့ ပိုးမှာ တစ်ခါတစ်လေ ထမင်းကို ကောင်းကောင်းမစားနိုင်..စားလိုက်ရင်လည်း သီတာ့ကို အပြင်စာမှာပြီး စားလိုက်တာက များသည်။ အခုလို ေမာင်လာမှပဲ ထမင်းကို ကောင်းကောင်းမွန်မွန်စားဖြစ်တော့သည်။
အခုရက်ပိုင်း နှစ်ယောက်လုံးရှုပ်နေတဲ့အလုပ်ကိစ္စတွေကြောင့် မတွေ့ဖြစ်တာမို့ အခုတွေ့ရတုန်းတော့ မောင့်ရင်ခွင်ထဲမှာ ပင်ပန်းခဲ့ရသမျှကို အတိုးချအနားယူလိုက်လေသည်။ ကို့ တုန်းကလည်း
အချစ်ဦးမို့ အသည်းနင့်အောင်ချစ်ခဲ့ရသလို ကို့ကြောင့်ပဲ မောင်နဲ့ဆုံဆည်းခဲ့ရခြင်းဖြစ်သည်။
နှစ်ယောက်လုံးကို ချစ်ခဲ့ပါတယ် တကယ့်အချစ်စစ်နဲ့...ဒါပေမယ့်
အချစ်ဦးက ကိုဖြစ်ခဲ့ပေမယ့် အချစ်ဆုံးကတော့ မောင်ပါပဲ...
ဒီအချိန်မှာ တစ်ယောက်ယောက်ကိုပြန်ရွေးချယ်ရမယ်ဆိုရင်တောင် မောင့်ကိုပဲ ရွေးချယ်တော့မှာ..
ဘာလို့ဆို မောင်က သူ့ဘဝရဲ့ မရှိမဖြစ် အကြည်ဓာတ်လေးဖြစ်နေပြီ..မောင်ကသာ သူ့ဘဝရဲ့ လက်တွဲဖော် နားလည်ပေးဖော် ဖြစ်နေပြီလေ...
.....
In Bangkok 🕖🕖
မကြာခင်ခွဲစိတ်မှုပြုလုပ်ကတော့မယ့် သားလေးအား အားရှိအောင် အစားအစာတွေကျွေးရသလို ပိုပြီးတော့လည်း ဂရုစိုက်လာရသည်။
စိတ်ခွန်အားဖြစ်အောင်လည်း အားပေးစကားတွေကို သူနားလည်လောက်မယ့် အသိလေးတွေကို ပုံပြင်လိုမျိုး တစ်ခြားလိုတစ်မျိုး ပြောပြပေးရသည်။
အစက ငှက်ကြီး ကောင်းမှုနဲ့ ဝင့်လွှာမှာ မလာချင်လာချင် နဲ့ လာခဲ့ရပေမယ့် အခုတော့ သူ့မှာလည်း သားသားလေးကို ငြိတွယိနေရပြီ..
ဦးရုပ်ကို ဖြုတ်တပ်ထားသလားအောက်မေ့ရအောင် တူတဲ့သားလေးကို သူ့မှာတစ်နေ့တစ်မျိုး မရိုးရအောင် ချစ်နေရတာကလည်း ဒုက္ခတစ်မျိုး...ဒီအတောအတွင်း ဦးနဲ့ အရင်ကထက်တော့ ဆက်ဆံရေးလေးက တိုးတက်လာပြီဖြစ်သလို အခုချိန်မှာတော့ ဝင့်လွှာတို့ဆက်ဆံရေးကိုပြောရမယ်ဆိုလျှင် ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ ဖြစ်နေသည်။
ဝင့်လွှာဘက်က အမှန်တိုင်းပြောရရင် သားလေးကို လက်ခံနိုင်ပြီဖြစ်သညိ။ ဒါကြောင့် သူ့အနေနဲ့ ဦးကို အရင်လို ပြန်ပြီး ချစ်ခွငွရချင်ပေမယ့် ဦးဘက်က ဒီသဘောကို လက်မခံချင်ဖြစ်နေသည်။
သူ့ဘက်ဿြည့်လျှင်လည်း သားလေးက သူ့အတွက် ဝင့်လွှာတို့နှစ်ယောက်အားကန့်သတ်ထားသည့် စည်းပမာ...
ရှေ့ဆက်မတိုးသင့်ဘူးလို့ တားဆီးနေတဲ့ စည်းပေါ့..
ဒါကို ဝင့်လွှာလည်း ရိပ်မိပါသည်။ နောက်ပြီး ဦးက ဝင့်လွှာအနာဂတ်ကို စဥ်းစားပေးသေးသည်။ ဒါကိုတော့ ဇင်ယော့်ဆီက သိခဲ့ရခြင်းဖြစ်သည်။ အဲ့လိုစဥ်းစားပေးလွန်းအားကြီးလို့ပဲ ဝင့်လွှာတို့နှစ်ယောက်ကွဲခဲ့ရသည်မဟုတ်လား..
ဘာပဲဖြစ်လာဖြစ်လာ ဝင့်လွှာကတော့ ဒီဆက်ဆံရေးကိုပြန်တည်ဆောက်မည်။ သားလေးကိုလဲ ကိုယ့်သားအရင်းလိုမွေးပြီး
သားလေးပါတဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ချင်သည်။
ဒီကိစ္စကို သူငယ်ချင်းတွေ တိုင်ပင်တော့ အားလုံးက ထောက်ခံကြသည်။ ဝင့်လွှာမှာလည်း ဦးလေးပဲ ရှိတော့သည်မို့ ဦးလေးက
သဘောမတူရင်တောင် နောက်ဆုံး ဝင့်လွှာ့ကို အရမ်းချစ်တာမို့
တစ်ချိန်ကျရင်တော့ နားချလို့ရနိုင်သည်။
ဦးဘက်ကလည်း မိဘတွေမရှိတော့သည်မို့ လက်ခံလို့ရတဲ့အနေအထား ပေမယ့် ကာယကံရှင် ဦးကိုယ်တိုင်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတော့ ဝင့်လွှာမှာလည်း ဇွတ်မတိုးရဲ...အရင်လို ပြန်ပြီးကိုယ့်ရှေ့က ထွက်သွားမှဖြင့်..
ဒါကြောင့် သားသားကိစ္စပြီးရင် သူ့ဘက်ကနေ ဦးကို မရမက
လက်ထပ်ခွင့်တောင်းမည်ကိူ ဇင်ယော်တိုနဲ့ တိုင်ပင်ပြီးသွားပုီဖြစ်သည်။
ဦးဘက်က လက်မခံချင်နေပါ... နောက်တော့ မဆုတ်ပါနဲ့
လွှာ့ဘက်က တိုးလာမှာမို့...အရင်တစ်ခါမှားခဲ့တဲ့ အမှားကို လွှာ့ဘဝကို ပေးပြီး ဆပ်ပါ့မယ် ဦး...
#အေးချမ်းညိမ်း
အခုတလော ကိုယ်တော်တော်စိတ်ဓာတ်ကျနေတယ်
ကိုယ်ရေးတဲ့စာအရေးအသားတွေလည်း တော်တော်လေးမကောင်းတော့ဘူးလို့ ခံစားလာရတယ်..
ဒီ fic ကို တိုတိုနဲ့ ပြီးဖို့လုပ်ပေမယ့် ဘယ်လိုရှည်သွားမှန်းမသိဘူးရယ်... တုံးတိကြီးဖြတ်လိုက်ဖို့ကြံပြန်တော့လည်း
မလုပ်ချင်ဘူးရယ်..
ဒါပေမယ့် ဒီနေ့ Page လေးတစ်ခုကနေ "တိတ်တခိုးချစ်ရပါသော " fic လေးကို review လုပ်ထားတာတွေ့တော့ တကယ် ပျော်သွားပါတယ်ဗျ...
အဲ့ကိစ္စကို မတော်မဆတွေ့သွားတော့ ပြောပြလို့မရအောင်ကို
တကယ်ပျော်သွားခဲ့ပါတယ်...
အရေးအသားမကောင်းတဲ့ ကိုယ့် fic ကို ဘယ်သူမှ review မယ့်သူမရှိဘူးထင်ခဲ့တာ..
review ပေးခဲ့တဲ့ admin ကိုလည်း တကယ်စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်လို့..
နောက်ထပ်လည်း အများကြီး ကြိုးစားပေးပါ့မယ် ဒါဒါတို့အတွက် 😘😘😘😘
Zawgi
အပိုင်း ၃၀
ရှစ် ယောက်လောက်ပဲ ရှိတဲ့ပွဲမှာ လူကြီးတွေက လည်း သူတို့စကားဝိုင်းနဲ့သူတို့ဆိုတော့ ဇင်ယော်တို့လည်း လူငယ်လေးယောက် စကားလက်ဆုံကြရတာပေါ့...မနဲ့ ရွှေဇင် ထက်ဝေယံတို့နှစ်ယောက်ကို မိတ်ဆက်ပေးရင်း စကားကောင်းလိုက်ကြတာ စေ့စပ်ပွဲက ညနေ ၆ နာရီယောက်မှသာပြီးသည်။
အစပိုင်း ကတောက်ကဆနဲ့ တစ်ဖက်သတ်ဆန်ခဲ့တဲ့ ဇင်ယော်တို့ ဆက်ဆံရေးကို သဘောမကျခဲ့ပေမယ့် လမ်းခွဲပြီးနောက်ပိုင်းမှ ချစ်တာကို သိလာခဲ့တဲ့ မကို ဇင်ယော်နဲ့ပြန်ပေါင်းထုပ်သွားတဲ့အတွက် ပိုလို့တောင်ဝမ်းသာကြောင်း စေ့စပျပှဲမှာပွောပွတော့ ဇင်ယော့်မျက်နှာလေးမှာ ပူခနဲ....
"ဘာမက်တာလည်းဟင် "
"ဟူး.....တော်ပါသေးရဲ့မရယ် "
......
လွယ်ကူတဲ့ထုတ်ကုန်ပေမယ့် ဈေးကွက်မှာအရောင်းများတဲ့ ထုတ်ကုန်မို့ သူများထက်တမူထူးတဲ့ဒီဇိုင်းကို ထုတ်ရသည်မှာ တကယ့်ကို မလွယ်ကြော...
"ဟဲ ဟဲ "
"
"အဆင်ပြေနေပါတယ် သူဌေးရဲ့ မမနွနေဲ့ သူနဲ့က အစကတည်းက ရင်းနှင်းပြီးသားဆိုတော့ စိုးရိမ်စရာတော့မရှိပါဘူး "
"ဟုတ် သူဌေးသွားပြီ ဗျ"