သူ မသိသောအခြားတစ်ဖက်၌

Af SummerMaung

305K 9.7K 267

နင် ငါနဲ့ပဲနေရမယ်၊ နင့်ကိုငါပဲပိုင်ရမယ်••• ငါ မသိတဲ့နင့်ရဲ့တခြားတစ်ဖက်မှာ ဘာတွေပဲရှိနေ ရှိနေ ငါမသိချင်ဘူး... Mere

1
2
4
5
6
7
8
9
10
11
12
13
14
15
16
17
18 & photo
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38 (ဇာတ်သိမ်းပိုင်း)

3

9.9K 327 3
Af SummerMaung

သူ မသိသောအခြားတစ်ဖက်၌ ( Part - 3 )
〰〰〰〰〰

"ခမ်း"

"Aww မှတ်မိသေးသားပဲ"

ထိုအခါမှ မြူခေါင်းလေးညိတ်ပြကာကြောက်ရကောင်းမှန်းသိသွားပြီး အောက်နှုတ်ခမ်းလေးဖိကိုက်ပစ်သည်။
ထိုအပြုအမူလေးကို သူသဘောကျမိသွားကာ စိတ်ထဲနူးညံ့သွားမိပေမယ့် နောက်ထပ်သူ့ကို အလေးမထားသလိုမလုပ်ရဲအောင် စိတ်ကိုပြန်တင်းလိုက်သည်။

"ခြံစောင့်ကြီးပြောတော့ ခမ်း အိပ်သွားပြီဆိုလို့မစောင့်တော့ဘဲပြန်လာတာ ဘယ်ချိန်ကပြန်ရောက်နေတာလဲ"

"ကြာပြီ နင့်ကိုစောင့်နေတာ"

မြူ ခေါင်းလေးငုံ့သွားသဖြင့် မေးဖျားလေးကို ခပ်ဆတ်ဆတ်ဆွဲမော့ယူလိုက်သည်။
မတွေ့ရသည့်၄နှစ်အတွင်း သူမပိုပြီးလှလာသလို အနေစိမ်းသွားသလိုလည်း ခံစားလိုက်ရသည်။
တကယ်ဆို ၄နှစ်လုံး အဆက်အသွယ်မပြတ်ခဲ့ပါဘဲ ဘာလို့ဒီလိုစိမ်းကားနေတာလဲ...

"နင် ငါပြန်လာမှာကိုမေ့နေတယ်မလား"

"မဟုတ်တာ ခမ်းရယ် ငါလည်းခုမှပုဂံကပြန်ရောက်တာပဲ တစ်နေကုန်မနားရသေးဘူး"

"ငါပြန်လာမှာကို ကြိုသိတယ်မလား"

"အင်း"

"အဲ့ဒါကို ဘာလို့မနေ့ကတည်းကပြန်မလာတာလဲ တော်ပြီ ဘာမှထပ်မကြားချင်ဘူး နင့်ကိုငါတော်တော်ဒေါသဖြစ်နေတယ် စိတ်တိုနေတယ် နင့်ကိုရိုက်သတ်မပစ်ခင်မှာ ငါ့ကိုဘာပြန်လုပ်ပေးမလဲ"

မြူက သူ့လက်ပေါ်ကနေ မျက်နှာလေးပြန်လွှဲကာ ခဏစဥ်းစားသလို လုပ်နေသည့်ပုံစံလေးတွေကို သူတကယ်အသည်းယားမိသည်။
မြူဟာ အရင်ကတည်းက သူ့အတွက်လှခဲ့သူဖြစ်ပြီး အခုအချိန်ထိလည်း သူမ လှနေဆဲ...

"ခေါက်ဆွဲပြုတ်သောက်ရအောင်လေ ငါ ခုထိ ညစာ မစားရသေးဘူး"

သူခေါင်းညိတ်ပြလိုက်ကာ အိမ်ဘက်လှည့်ထွက်လာခဲ့တော့ သူမ နောက်ကနေပါလာခဲ့သည်။
၁၀နာရီကျော်ပြီမို့ အကုန်လုံးကကိုယ့်အခန်းထဲကိုယ်အနားယူနေချိန် သူနှင့်မြူကတော့ မီးဖိုခန်းမှာ...
သူမက apronဝတ်ပြီး အသားတုံးလေးတွေကို အရင်ကြော်ကာ ခေါက်ဆွဲထည့်ပြုတ်သည်။
ပြီးမှအသီးအရွက်တွေကို ရေဆေးပြီး ခေါက်ဆွဲအိုးထဲထည့်ကာ ကြက်သားမှုန့်ထည့်ပြီးမွှေပေးသည်။

သူမ လှုပ်ရှားနေသမျှကိုထိုင်ကြည့်ရင်း ယိမ်းနွဲ့နေသောဆံပင်ရှည်ရှည်တွေကို ကြိတ်သဘောကျနေမိသည်။
ထိုဆံပင်လေးတွေက အရောင်ဆိုးထားတာမဟုတ်ဘဲ သဘာဝအတိုင်းရွှေညိုရောင်သမ်းနေတာမို့ ငယ်ငယ်ကတည်းက သဘောကျမိတာဖြစ်သည်။
ဆံပင်အရှည်ထားဖို့ သူပြောခဲ့တုန်းက ဆံပင်ရှည်တိုင်းဖျားတတ်သောမြူသည် ကြူကြူပါအောင် အော်ငိုခဲ့သေးသည်။

"ဆံပင်တွေတောင်ရှည်နေပြီ"

"ဟုတ်တယ် အမေကထားခိုင်းတာလေ တစ်ခါတစ်လေဆို ခေါင်းကိုမဖြီးနိုင်ဘူး ဟိုပြေးဒီပြေးနဲ့မို့ ညှပ်ချင်တာကို အမေကမညှပ်ခိုင်းဘူး"

"မညှပ်ရဘူး ဒီအတိုင်းပဲထား"

သူ့အသံကအမိန့်သံဖြစ်သွားပေမယ့် မြူက ရယ်ပြီးခေါင်းလေးညိတ်ပြသည်။
ခေါက်ဆွဲတွေရတော့ သူ့အတွက် ပန်းကန်တစ်လုံးဖြင့်ထည့်ပေးကာ တူတစ်စုံနှင့်ဇွန်းတစ်ချောင်းကိုပါ ချပေးသည်။
ပြီးမှ သူမအတွက်ထည့်ကာ သူနဲ့မျက်နှာချင်းဆိုင်မှာချပြီး ရေခဲသေတ္တာထဲက ရေဘူးတစ်ဘူးသွားယူပြီး စားပွဲမှာချသည်။
သူ့အကျင့်ကိုခုထိမှတ်မိနေဆဲမို့ ကြိတ်ပြီးကျေနပ်သွားကာ ခေါက်ဆွဲပြုတ်ကိုသောက်လိုက်သည်။

"မဆိုးဘူး နင်လုပ်တတ်လာတယ်လို့ပြောရမယ် ဟင်းရောချက်တတ်ပြီလား မုန့်တို့ဘာတို့ရော"

ကိုယ်မေးလိုက်တာက ကိုယ့်အကြံအစည်နဲ့ကိုယ်ဖြစ်ပြီး မြူကတော့ သူ့အကြံကိုမသိဘဲ ရိုးသားစွာဖြင့် ခေါင်းလေးညိတ်ကာ ခေါက်ဆွဲအစားမပြတ်။

"တော်တော်များများတော့လုပ်တတ်နေပါပြီ အပြင်သွားစရာမရှိရင် မီးဖိုခန်းဝင်တယ်လေ"

"ဒါနဲ့ ပုဂံကဘာရှိလို့လဲ နင်သွားရတာက"

"Hotelဆောက်နေတာ ခါတိုင်းတော့construction မန်နေဂျာရှိတယ် ခုမန်နေဂျာက နေမကောင်းလို့ခွင့်ယူထားတော့ ငါ့ကိုသွားခိုင်းလို့"

"မေမေကလား"

"အင်း"

ဒီအတိုင်းဆို မေမေ့ကိုအပူကပ်လို့ရမှန်းသိလိုက်ကာ ဒုတိယအကြိမ် ကြိတ်ပြုံးလိုက်သည်။
စားသောက်ပြီးသွားတော့ မြူတို့သားအမိနေသည့် အလုပ်သမားတန်းလျားအထိလိုက်မပို့တော့ဘဲ ထိုနားကပန်းခြုံလေးနားအထိ လိုက်ပို့ပေးလိုက်သည်။

"ဒီနားထိပဲ နင်ပြန်တော့"

"ဟုတ်ကဲ့"

သူမဆံပင်တွေကိုချစ်စနိုးဖြင့် ဆွဲဖွလိုက်ကာ သူလှည့်ထွက်လာခဲ့သည်။
ထိုဆံပင်လေးတွေ ဖွလိုက်ရရုံဖြင့် သူပျော်နေမိကာ သူမကိုပွေ့ ပိုက်ပြီးနမ်းလိုက်ရရင် သူ ဘယ်လောက်ထိရင်ခုန်ရလိမ့်မလဲ...

〰〰📑📑📑〰〰

မေမေ့ကိုမနားတမ်းအပူကပ်ခြင်းဖြင့် မြူ့ကိုသူသွားလေရာခေါ်ဖို့ ပါမစ်ယူရသည်။
မြူက အလုပ်မှာကျွမ်းကျင်ကြောင်း၊ ကားမောင်းတတ်တာမို့ driverမလိုကြောင်း၊ စာရင်းကျွမ်းကျင်သူမို့ သူခိုင်းချင်ရာခိုင်းလို့ရကြောင်းအစရှိသဖြင့်တရစပ်တောင်းဆိုတော့ မေမေကခေါင်းညိတ်လေသည်။
သို့သော် အသေးအမွှားကိစ္စလေးတွေကအစ လုပ်ခွင့်မရတာကိုတော့ သူလက်ခံလိုက်ရသည်။

"ငါ့သားက ကုမ္ပဏီမှာရာထူးကြီးကြီးရှိတယ်လေ အဲ့ဒီရာထူးနဲ့အဆင်ပြေအောင်ဝတ်စားရမယ် နေရမယ် လက်အောက်ငယ်သားတွေကိုသိပ်မရောနဲ့ မေမေ မကြိုက်ဘူး"

"Ok အဆင်ပြေတယ်"

မေမေပြောသမျှခေါင်းညိတ်တော့ မေမေက မြူ့ဘက်ကိုလှည့်သွားသည်။

"အဲ့ဒါဆို မမြူကိုအကုန်အပ်လိုက်ပြီနော် ခမ်းနားဘာမှမလိုအပ်အောင်ဂရုစိုက်"

"ဟုတ်ကဲ့ အန်တီခေတ်"

အဝတ်အစား၊ အစားအသောက်ကအစ မြူ့ကိုပဲလွှဲလိုက်သည့်အခါ သူမ စီစဥ်ပေးတာကိုပဲလက်ခံချင်သည့်စိတ်ဖြင့် ကြိတ်ကျေနပ်မိသည်။
စိတ်ထဲမှာ သူမကိုအိမ်ရှင်မတစ်ယောက်လိုတွေးမြင်ထားပြီးသားမို့ မြူဘာပဲလုပ်လုပ် သူလက်ခံပေမယ့် တခြားသူဆို သူစိတ်တိုမိသည်။

"အစ်ကိုလေး အအေးရပါပြီ"

သံပုရာရည်ကြိုက်သောသူက အိမ်ပြန်ရောက်လာတိုင်းသောက်တတ်တာမို့ ရောက်ရောက်ချင်းသောက်ဖို့ အဆင်သင့်ပြင်ထားတာကိုပင် မကြိုက်။
မြူလုပ်ပေးတာကိုသာ သူလိုချင်သည်။

"မြူ ဘယ်သွားလို့လဲ နင်လာပို့တာက"

"မမြူကတန်းလျားကို ခဏပြန်သွားပါတယ်"

"အဲ့ဒါပြန်ယူသွား ကြည့်ရတာကိုကချဥ်မယ့်ပုံကြီး မသောက်ချင်ဘူး"

"ရှင်!"

ခပ်တည်တည်ဖြင့် တံခါးကိုဝုန်းခနဲ ပြန်ပိတ်ပစ်လိုက်ပြီး သူကြိတ်ရယ်မိသည်။
သံပုရာရည်ဆိုမှတော့မချဥ်ဘဲနေမလား...
ခဏအကြာမှာတော့ တံခါးလာခေါက်သဖြင့် ဒါဟာ မြူပဲ ဆိုတာ သူအလိုလိုသိလိုက်သည်။

"ခမ်း သံပုရာရည်မသောက်ဘူးဆို"

စောစောက ကောင်မလေးပါပြန်ပါလာတာမို့ စောစောကသံပုရာရည်ကိုပဲ သူမ ပြန်ယူလာမှန်းရိပ်မိလိုက်သည်။
သို့သော် မြူ့ကို စားပွဲပေါ်သွားထားစေလိုက်ကာ ကောင်မလေးကိုဘုကြည့် ကြည့်ပစ်လိုက်သည်။

"တွေ့လား သံပုရာရည်ဆိုတာ အဲ့လိုလေးမှသောက်လို့ကောင်းတာ"

"ဟို! အဲ့ဒါက"

"သွားတော့ဟာ ဘာပဲလုပ်ခိုင်းခိုင်း စိတ်တိုင်းကိုမကျဘူး"

အခန်းတံခါးကိုဝုန်းခနဲပိတ်လိုက်ပြီး စားပွဲဆီပြန်လာတော့ မြူကမျက်နှာလေးပျက်ကာ စားပွဲနားရပ်နေရင်းလှည့်ကြည့်သည်။
သူက မျက်နှာကိုအစွမ်းကုန်တင်းထားလိုက်ပြီး နာရီကို ဆောင့်အောင့်ချွတ်ရင်း...

"အဲ့ဒီအလုပ်သမားတွေ အကုန်အလုပ်ဖြုတ်ပစ်လိုက် ဘာမှန်းမသိဘူး ငါ့ကိုစိတ်တိုအောင်လာ လာဆွနေတယ်"

"အဲ့လိုတော့မလုပ်ပါနဲ့ခမ်းရယ် အလုပ်မရှိရင်သူတို့ဘယ်လိုလုပ်အဆင်ပြေမလဲ နောက်ဆိုငါ့ကိုပဲခိုင်းလေ ငါပဲလုပ်ပေးမယ်"

သူလိုချင်တာကလည်းဒါပဲမို့ စိတ်ပြေချင်ယောင်ဆောင်လိုက်ကာ သူမကို ရှူသိုးသိုးကြည့်ပြီးခေါင်းညိတ်ပြလိုက်သည်။
သူနိုးလာရင် မက်ဆေ့ပို့လိုက်ကာ ခဏနေလျှင်တော့ မြူရောက်လာပြီဖြစ်သည်။

"ရေချိုးချင်လို့ ရေစပ်ပေး"

"ဒီဖိနပ်က ဘယ်အရောင်နဲ့လိုက်လဲ ဒီဖိနပ်စီးချင်လို့အင်္ကျီရွေးပေးထား"

အစရှိသဖြင့် မြူ့အပေါ်အနိုင်ကျင့်သည်ကို မေမေပြန်ကြားတော့ ဒီတာဝန်တွေသည် မြူ့ခေါင်းပေါ် လုံးလုံးပုံကျသွားသည်။
အဝတ်အစားကအစ သူမ ပြင်ဆင်ရွေးချယ်ပေးတာကိုသာ သူဝတ်ရတော့သည်။

"ကျွန်တော် ကလေးမှမဟုတ်တော့ဘဲ မေမေရယ် အဲ့လောက်ထိတော့မလိုပါဘူး ကျွန်တော်က မြူ့ကို သပ်သပ်စချင်ရုံပဲကို"

"မစနဲ့တော့ အတည်ဖြစ်သွားပြီ"

ဘာပဲဖြစ်ဖြစ် သူမကအနားမှာရှိနေရမှာပဲမို့ အောင့်သက်သက်ဖြင့် ငြိမ်နေလိုက်ရတော့သည်။
မြူက သူ့အနားမှာအရိပ်လိုရှိနေပေမယ့် သူ့လိုခံစားချက်နဲ့မဟုတ်ခဲ့ဘဲ သူမကတော့ တာဝန်ကျေချင်ရုံသက်သက်သာ...

"နင် ရည်းစားထားဖို့စိတ်မကူးဘူးလား မြူ"

"မကူးပါဘူး"

"ဘာဖြစ်လို့လဲ"

"အားမှမအားတာ"

"ငါမရှိတဲ့၄နှစ်တုန်းကရော"

"မထားပါဘူး"

ဘယ်အချိန်ကြည့်ကြည့် ရိုးရှင်းနေသောပုံစံလေးက သူ့အတွက်တော့အမြဲလှနေသည်။
သူမလက်ကလေးကိုအမှုမဲ့အမှတ်မဲ့ထိကိုင်မိတိုင်း၊
သူမဆီက ကိုယ်သင်းနံ့လေးရတိုင်း အလိုက်မသိဆောင့်ခုန်လာသည့်ရင်ခုန်သံတွေကမက်မောချင်စရာ။
ဒီလိုချစ်စရာကောင်းတဲ့မိန်းကလေးကို ဘယ်သူကမှ ရင်ခုန်မခံစားချင်ဘူးလား။

သူသိပ်မယုံချင်ပေမယ့် ဘာမှထပ်မမေးတော့ မြူက နေတတ်ပုံမရဘဲ အကြည့်တွေသူ့ဆီခဏခဏရောက်လာသည်။
သူကတော့ အနိုင်ပိုင်းချင်သူမို့ တမင်ပြန်မကြည့်ဘဲ မျက်နှာလွှဲနေလိုက်တော့ ခပ်တိုးတိုးစကားသံလေးထွက်လာသည်။

"နင် မကြိုက်မှန်းသိလို့ငါရှောင်နေတာပါ အဲ့ဒါကို ဘာလို့မယုံတာလဲ"

"ငါနဲ့ဘာဆိုင်လို့လဲ ထားချင်ထား မထားချင်နေပေါ့ နင့်ကိုရိုက်ပြီးမထားနဲ့ဆိုပြီး ပိတ်ပင်ထားလို့လား"

ခပ်ဆတ်ဆတ်ပြန်ပြောလိုက်ပေမယ့် သူကျေနပ်မိသည်သာ။
သို့သော် သူမမျက်နှာလေးညှိုးကျသွားပြန်တော့လည်း သူ မနေနိုင်ဘဲ မြူ့နားထင်ကိုဖိတွန်းပစ်လိုက်တော့ သူမ ယိုင်ခနဲ...

"မထားနဲ့ ငါခွင့်မပြုနိုင်ဘူး နင်ရည်းစားထားလိုက်ရင် ငါခိုင်းချင်တာမခိုင်းရဘဲနေလိမ့်မယ်"

ခပ်ကျောကျောဖြစ်သွားမှန်းသိပေမယ့် မြူ့ကိုနိုင်နေကျမို့ သူ့စိတ်ထဲဘယ်လိုမှမနေပေမယ့် မြူက ခေါင်းလေးညိတ်ပြတော့မှ သနားစိတ်လေးဝင်၏။

သူမကိုချစ်ချင်သည်။
ပိုင်ဆိုင်ချင်သည်။
သူမကို ပွေ့ဖက်နမ်းရှိုက်ချင်သည်။
သူနဲ့အတူ နေ့နေ့ညညရှိစေချင်ကာ သူမရဲ့အလှအပတွေကို သူတစ်ယောက်သာရင်ခုန်ခံစားချင်သည်။
သို့သော်.....

〰〰📑📑📑〰〰

"မြူ ငါနိုးနေပြီနော်"

မက်ဆေ့ဝင်လာတာနဲ့ မြူ စားလက်စထမင်းကြော်ပန်းကန်ကိုယူပြီး ဘေစင်ဘက်ထလာခဲ့သည်။
အမေက ဘေစင်မှာပန်းကန်တွေဆေးနေ၍ အမေ့ကိုစောင့်ရင်း ထမင်းကြော်တွေကိုတစ်ဇွန်းပြီးတစ်ဇွန်းခပ်စားလိုက်သည်။

"ခမ်းနား နိုးနေပြီလား"

"ဟုတ် နိုးနေပြီအမေ သမီးထားခဲ့ပြီနော် မရိုမသေ"

"အေး အေး"

ပန်းကန်ကိုဘေစင်ပေါ်တင်ခဲ့ပြီးရေတောင်မသောက်နိုင်ဘဲ အိမ်ကြီးဘက်ဆီကို မြူထွက်ပြေးလာခဲ့သည်။
ခမ်းက သူခေါ်ရင်ချက်ချင်းရောက်မှ...

ထင်သည့်အတိုင်း ခမ်းကပြတင်းပေါက်နားမှာရပ်ကာ မြူအသည်းအသန်ပြေးလာတာကို လက်ပိုက်ပြီးကြည့်နေလေသည်။
ညဝတ်အင်္ကျီနှင့်ပဲရှိနေသေးတာမို့ မြူပျာယာခတ်ကာ ခမ်းနားရှေ့ရောက်သွားသည်။

"ငါနည်းနည်းကြာသွားတယ် ခမ်း ဘာလုပ်ပေးရမလဲ"

"မေးဖို့လိုနေသေးလား နင်သိတာပဲ"

သူကထုံးစံအတိုင်း အေးတိအေးစက်ပဲမို့ မြူခေါင်းလေးညိတ်ကာ ရေချိုးခန်းထဲဝင်လာခဲ့သည်။
ခမ်းဘယ်အချိန်ဘာလုပ်ချင်တယ်ဆိုတာ မြူအသိဆုံးဖြစ်သလို မြူဟာမွေးကတည်းက ခမ်းဆီမှာပဲအမှူထမ်းခဲ့ရတာဖြစ်သည်။
အပြင်ဘက်မှာတော့ ခမ်းက ကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေ၍ ဒီနေ့အပြင်ထွက်မည်ထင်သည်။
ရေချိုးဇလုံထဲကို ရေပူရေအေးစပ်ပေးကာ မြူအပြင် ထွက်လာတော့ ခမ်းရဲ့mobile ဖုန်းလေးက ထမြည်လာသည်။

"ရေချိုးတော့မယ် ကြည့်ကျက်ဖြေလိုက်တော့ ဒီနေ့စက်ရုံကိုသွားမယ်"

"Omm"

မြူ ဖုန်းကိုင်လိုက်ချိန်မှာ ဖုန်းကခမ်းရဲ့မေမေ အန်တီခေတ်ဖြစ်နေ၍ကိစ္စမရှိဘဲ စက်ရုံသို့သွား မသွားလှမ်းမေးတာမို့ သွားမည့်အကြောင်းပြောပြလိုက်ကာ ဖုန်းကိုပြန်ချပြီးအဝတ်ဗီရိုဖွင့်လိုက်သည်။
အိမ်အကူရောက်လာကြသဖြင့် မြူရွေးချယ်သောအဝတ်အစားနှင့်ဖိနပ်တွေကို မီးပူတိုက်သူကတိုက် ဖိနပ်တိုက်သူကတိုက်ဖြင့် အလုပ်ရှုပ်ကုန်ကြသည်။
ခမ်း အိပ်ခန်းထဲကိုသွားအထားပြီးမှာတော့ မြူပါအခန်းအပြင်ထွက်လာခဲ့သည်။
စက်ရုံကိုဖုန်းလှမ်းဆက်ကာ ခမ်းလာမည့်အကြောင်းကြိုပြောနေစဥ် အခန်းထဲက ခမ်းရဲ့အသံကဟိန်းခနဲ။

"မြူနှင်းလွှာ နင်အပြင်မှာဘာလုပ်နေတာလဲ"

ခမ်းအသံကြီးဟိန်းထွက်လာ၍ မြူမျက်လုံးပြူးကာအခန်းထဲပြန်ဝင်လာခဲ့သည်။
ခမ်းက အဝတ်အစားလဲပြီးပြီဖြစ်သော်လည်းဆံပင်တွေက ရေစိုနေကာ ရေတွေက တစက်စက်ကျနေဆဲ။
ကိုယ့်ဘာသာကိုယ် လုပ်လည်းရရဲ့သားနဲ့ ဒီလောက်ထိကျ မြူ့ကိုအနိုင်ကျင့်နေမှန်းသိသာနေတာမို့ မကျေနပ်စိတ်လေးဖြစ်သွားပေမယ့်...

"ဆောရီးပါ ခမ်းရယ် ခေါင်းလျှော်ထားမှန်းမသိလို့ပါ"

Dryer ကမန်းကတန်းယူလိုက်ကာ သူ့ဆံပင်တွေခြောက်အောင်လုပ်ပေးပြီး ပုံကျအောင်ဖြီးလိုက်သည်။
ခမ်းက ဖုန်းကိုအကြည့်မပျက်ဘဲ စားပွဲပေါ်တင်ထားသည့်နာရီကောက်ဝတ်လိုက်ပြီး ဖုန်းကိုမြူဆီလှမ်းပေးသည်။

"ဒီလောက်ဆိုရပြီ ခဏနေသွားမယ်"

"မနက်စာက အပြင်မှာစားမှာလား"

"သျှမ်းခေါက်ဆွဲစားမယ် နင်စီစဥ်ထားလိုက်တော့ မေမေ ဖုန်းဆက်တော့ဘာပြောလဲ"

"စက်ရုံသွားမှာလားလို့ လှမ်းမေးတာ စက်ရုံကိုလည်းဖုန်းဆက်ထားပြီးပြီ အဲ့မှာက"

"နင်မနက်စာဘာစားခဲ့လဲ မြူ"

မြူ ကြောင်သွားကာ ဖုန်းကိုဘောင်းဘီအိတ်ထဲထိုးထည့်လိုက်ရင်း...

"ထမင်းကြော်လေ"

"အင်း အဲ့ဒါဆိုနင်မစားတော့ဘူးပေါ့ သွားမယ် ငါ ဒရိုင်ဘာမခေါ်ချင်ဘူး တခြားသွားစရာရှိသေးတယ်"

"ဟုတ်ကဲ့"

မြူ အခန်းတံခါးဖွင့်ပေးလိုက်တော့ ခမ်းကအရင်ထွက်သွားကာ မြူကတော့ ကားဂိုထောင်ကိုသွားကာ ခမ်းရဲ့ကားကို ကိုယ်တိုင်မောင်းလာခဲ့သည်။
သူကတော့ ကားနောက်ခန်းမှာ နားကြပ်လေးဖြင့်ငြိမ့်နေတော့ မြူ သက်ပြင်းလေးချမိလေသည်။
သူငြိမ်နေမှ မြူစိတ်သက်သာရာရတာကိုး
မဟုတ်ရင်ကြီးကြီးကျယ်ကျယ်နဲ့...

မင်းခမ်းနားဆိုတဲ့အတိုင်း သိပ်တင်စီးတဲ့လူ...

〰〰📑📑📑〰〰

Part 4ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~

သူ မသိေသာအျခားတစ္ဖက္၌ ( Part - 3 )
〰〰〰〰〰

"ခမ္း"

"Aww မွတ္မိေသးသားပဲ"

ထိုအခါမွ ျမဴေခါင္းေလးညိတ္ျပကာေၾကာက္ရေကာင္းမွန္းသိသြားၿပီး ေအာက္ႏႈတ္ခမ္းေလးဖိကိုက္ပစ္သည္။
ထိုအျပဳအမူေလးကို သူသေဘာက်မိသြားကာ စိတ္ထဲႏူးညံ့သြားမိေပမယ့္ ေနာက္ထပ္သူ႔ကို အေလးမထားသလိုမလုပ္ရဲေအာင္ စိတ္ကိုျပန္တင္းလိုက္သည္။

"ၿခံေစာင့္ႀကီးေျပာေတာ့ ခမ္း အိပ္သြားၿပီဆိုလို႔မေစာင့္ေတာ့ဘဲျပန္လာတာ ဘယ္ခ်ိန္ကျပန္ေရာက္ေနတာလဲ"

"ၾကာၿပီ နင့္ကိုေစာင့္ေနတာ"

ျမဴ ေခါင္းေလးငံု႔သြားသျဖင့္ ေမးဖ်ားေလးကို ခပ္ဆတ္ဆတ္ဆဲြေမာ့ယူလိုက္သည္။
မေတြ့ရသၫ့္၄ႏွစ္အတြင္း သူမပိုၿပီးလွလာသလို အေနစိမ္းသြားသလိုလည္း ခံစားလိုက္ရသည္။
တကယ္ဆို ၄ႏွစ္လံုး အဆက္အသြယ္မျပတ္ခဲ့ပါဘဲ ဘာလို႔ဒီလိုစိမ္းကားေနတာလဲ...

"နင္ ငါျပန္လာမွာကိုေမ့ေနတယ္မလား"

"မဟုတ္တာ ခမ္းရယ္ ငါလည္းခုမွပုဂံကျပန္ေရာက္တာပဲ တစ္ေနကုန္မနားရေသးဘူး"

"ငါျပန္လာမွာကို ႀကိဳသိတယ္မလား"

"အင္း"

"အဲ့ဒါကို ဘာလို႔မေန့ကတည္းကျပန္မလာတာလဲ ေတာ္ၿပီ ဘာမွထပ္မၾကားခ်င္ဘူး နင့္ကိုငါေတာ္ေတာ္ေဒါသျဖစ္ေနတယ္ စိတ္တိုေနတယ္ နင့္ကိုရိုက္သတ္မပစ္ခင္မွာ ငါ့ကိုဘာျပန္လုပ္ေပးမလဲ"

ျမဴက သူ႔လက္ေပၚကေန မ်က္ႏွာေလးျပန္လႊဲကာ ခဏစဥ္းစားသလို လုပ္ေနသၫ့္ပံုစံေလးေတြကို သူတကယ္အသည္းယားမိသည္။
ျမဴဟာ အရင္ကတည္းက သူ႔အတြက္လွခဲ့သူျဖစ္ၿပီး အခုအခ်ိန္ထိလည္း သူမ လွေနဆဲ...

"ေခါက္ဆဲြျပဳတ္ေသာက္ရေအာင္ေလ ငါ ခုထိ ညစာ မစားရေသးဘူး"

သူေခါင္းညိတ္ျပလိုက္ကာ အိမ္ဘက္လွၫ့္ထြက္လာခဲ့ေတာ့ သူမ ေနာက္ကေနပါလာခဲ့သည္။
၁၀နာရီေက်ာ္ၿပီမို႔ အကုန္လံုးကကိုယ့္အခန္းထဲကိုယ္အနားယူေနခ်ိန္ သူႏွင့္ျမဴကေတာ့ မီးဖိုခန္းမွာ...
သူမက apronဝတ္ၿပီး အသားတံုးေလးေတြကို အရင္ေၾကာ္ကာ ေခါက္ဆဲြထၫ့္ျပဳတ္သည္။
ၿပီးမွအသီးအရြက္ေတြကို ေရေဆးၿပီး ေခါက္ဆဲြအိုးထဲထၫ့္ကာ ၾကက္သားမႈန႔္ထၫ့္ၿပီးေမႊေပးသည္။

သူမ လႈပ္ရွားေနသမ်ွကိုထိုင္ၾကၫ့္ရင္း ယိမ္းႏဲြ႔ေနေသာဆံပင္ရွည္ရွည္ေတြကို ႀကိတ္သေဘာက်ေနမိသည္။
ထိုဆံပင္ေလးေတြက အေရာင္ဆိုးထားတာမဟုတ္ဘဲ သဘာဝအတိုင္းေရႊညိုေရာင္သမ္းေနတာမို႔ ငယ္ငယ္ကတည္းက သေဘာက်မိတာျဖစ္သည္။
ဆံပင္အရွည္ထားဖို႔ သူေျပာခဲ့တုန္းက ဆံပင္ရွည္တိုင္းဖ်ားတတ္ေသာျမဴသည္ ၾကဴႂကူပါေအာင္ ေအာ္ငိုခဲ့ေသးသည္။

"ဆံပင္ေတြေတာင္ရွည္ေနၿပီ"

"ဟုတ္တယ္ အေမကထားခိုင္းတာေလ တစ္ခါတစ္ေလဆို ေခါင္းကိုမၿဖီးႏိုင္ဘူး ဟိုေျပးဒီေျပးနဲ႔မို႔ ၫွပ္ခ်င္တာကို အေမကမၫွပ္ခိုင္းဘူး"

"မၫွပ္ရဘူး ဒီအတိုင္းပဲထား"

သူ႔အသံကအမိန႔္သံျဖစ္သြားေပမယ့္ ျမဴက ရယ္ၿပီးေခါင္းေလးညိတ္ျပသည္။
ေခါက္ဆဲြေတြရေတာ့ သူ႔အတြက္ ပန္းကန္တစ္လံုးျဖင့္ထၫ့္ေပးကာ တူတစ္စံုႏွင့္ဇြန္းတစ္ေခ်ာင္းကိုပါ ခ်ေပးသည္။
ၿပီးမွ သူမအတြက္ထၫ့္ကာ သူနဲ႔မ်က္ႏွာခ်င္းဆိုင္မွာခ်ၿပီး ေရခဲေသတၲာထဲက ေရဘူးတစ္ဘူးသြားယူၿပီး စားပဲြမွာခ်သည္။
သူ႔အက်င့္ကိုခုထိမွတ္မိေနဆဲမို႔ ႀကိတ္ၿပီးေက်နပ္သြားကာ ေခါက္ဆဲြျပဳတ္ကိုေသာက္လိုက္သည္။

"မဆိုးဘူး နင္လုပ္တတ္လာတယ္လို႔ေျပာရမယ္ ဟင္းေရာခ်က္တတ္ၿပီလား မုန႔္တို႔ဘာတို႔ေရာ"

ကိုယ္ေမးလိုက္တာက ကိုယ့္အႀကံအစည္နဲ႔ကိုယ္ျဖစ္ၿပီး ျမဴကေတာ့ သူ႔အႀကံကိုမသိဘဲ ရိုးသားစြာျဖင့္ ေခါင္းေလးညိတ္ကာ ေခါက္ဆဲြအစားမျပတ္။

"ေတာ္ေတာ္မ်ားမ်ားေတာ့လုပ္တတ္ေနပါၿပီ အျပင္သြားစရာမရိွရင္ မီးဖိုခန္းဝင္တယ္ေလ"

"ဒါနဲ႔ ပုဂံကဘာရိွလို႔လဲ နင္သြားရတာက"

"Hotelေဆာက္ေနတာ ခါတိုင္းေတာ့construction မန္ေနဂ်ာရိွတယ္ ခုမန္ေနဂ်ာက ေနမေကာင္းလို႔ခြင့္ယူထားေတာ့ ငါ့ကိုသြားခိုင္းလို႔"

"ေမေမကလား"

"အင္း"

ဒီအတိုင္းဆို ေမေမ့ကိုအပူကပ္လို႔ရမွန္းသိလိုက္ကာ ဒုတိယအႀကိမ္ ႀကိတ္ႃပံုးလိုက္သည္။
စားေသာက္ၿပီးသြားေတာ့ ျမဴတို႔သားအမိေနသၫ့္ အလုပ္သမားတန္းလ်ားအထိလိုက္မပို႔ေတာ့ဘဲ ထိုနားကပန္းႃခံုေလးနားအထိ လိုက္ပို႔ေပးလိုက္သည္။

"ဒီနားထိပဲ နင္ျပန္ေတာ့"

"ဟုတ္ကဲ့"

သူမဆံပင္ေတြကိုခ်စ္စႏိုးျဖင့္ ဆဲြဖြလိုက္ကာ သူလွၫ့္ထြက္လာခဲ့သည္။
ထိုဆံပင္ေလးေတြ ဖြလိုက္ရရံုျဖင့္ သူေပ်ာ္ေနမိကာ သူမကိုေပြ့ ပိုက္ၿပီးနမ္းလိုက္ရရင္ သူ ဘယ္ေလာက္ထိရင္ခုန္ရလိမ့္မလဲ...

〰〰📑📑📑〰〰

ေမေမ့ကိုမနားတမ္းအပူကပ္ျခင္းျဖင့္ ျမဴ႔ကိုသူသြားေလရာေခၚဖို႔ ပါမစ္ယူရသည္။
ျမဴက အလုပ္မွာကၽြမ္းက်င္ေၾကာင္း၊ ကားေမာင္းတတ္တာမို႔ driverမလိုေၾကာင္း၊ စာရင္းကၽြမ္းက်င္သူမို႔ သူခိုင္းခ်င္ရာခိုင္းလို႔ရေၾကာင္းအစရိွသျဖင့္တရစပ္ေတာင္းဆိုေတာ့ ေမေမကေခါင္းညိတ္ေလသည္။
သို႔ေသာ္ အေသးအမႊားကိစၥေလးေတြကအစ လုပ္ခြင့္မရတာကိုေတာ့ သူလက္ခံလိုက္ရသည္။

"ငါ့သားက ကုမၸဏီမွာရာထူးႀကီးႀကီးရိွတယ္ေလ အဲ့ဒီရာထူးနဲ႔အဆင္ေျပေအာင္ဝတ္စားရမယ္ ေနရမယ္ လက္ေအာက္ငယ္သားေတြကိုသိပ္မေရာနဲ႔ ေမေမ မႀကိဳက္ဘူး"

"Ok အဆင္ေျပတယ္"

ေမေမေျပာသမ်ွေခါင္းညိတ္ေတာ့ ေမေမက ျမဴ႔ဘက္ကိုလွၫ့္သြားသည္။

"အဲ့ဒါဆို မျမဴကိုအကုန္အပ္လိုက္ၿပီေနာ္ ခမ္းနားဘာမွမလိုအပ္ေအာင္ဂရုစိုက္"

"ဟုတ္ကဲ့ အန္တီေခတ္"

အဝတ္အစား၊ အစားအေသာက္ကအစ ျမဴ႔ကိုပဲလႊဲလိုက္သၫ့္အခါ သူမ စီစဥ္ေပးတာကိုပဲလက္ခံခ်င္သည့္စိတ္ျဖင့္ ႀကိတ္ေက်နပ္မိသည္။
စိတ္ထဲမွာ သူမကိုအိမ္ရွင္မတစ္ေယာက္လိုေတြးျမင္ထားၿပီးသားမို႔ ျမဴဘာပဲလုပ္လုပ္ သူလက္ခံေပမယ့္ တျခားသူဆို သူစိတ္တိုမိသည္။

"အစ္ကိုေလး အေအးရပါၿပီ"

သံပုရာရည္ႀကိဳက္ေသာသူက အိမ္ျပန္ေရာက္လာတိုင္းေသာက္တတ္တာမို႔ ေရာက္ေရာက္ခ်င္းေသာက္ဖို႔ အဆင္သင့္ျပင္ထားတာကိုပင္ မႀကိဳက္။
ျမဴလုပ္ေပးတာကိုသာ သူလိုခ်င္သည္။

"ျမဴ ဘယ္သြားလို႔လဲ နင္လာပို႔တာက"

"မျမဴကတန္းလ်ားကို ခဏျပန္သြားပါတယ္"

"အဲ့ဒါျပန္ယူသြား ၾကၫ့္ရတာကိုကခ်ဥ္မယ့္ပံုႀကီး မေသာက္ခ်င္ဘူး"

"ရွင္!"

ခပ္တည္တည္ျဖင့္ တံခါးကိုဝုန္းခနဲ ျပန္ပိတ္ပစ္လိုက္ၿပီး သူႀကိတ္ရယ္မိသည္။
သံပုရာရည္ဆိုမွေတာ့မခ်ဥ္ဘဲေနမလား...
ခဏအၾကာမွာေတာ့ တံခါးလာေခါက္သျဖင့္ ဒါဟာ ျမဴပဲ ဆိုတာ သူအလိုလိုသိလိုက္သည္။

"ခမ္း သံပုရာရည္မေသာက္ဘူးဆို"

ေစာေစာက ေကာင္မေလးပါျပန္ပါလာတာမို႔ ေစာေစာကသံပုရာရည္ကိုပဲ သူမ ျပန္ယူလာမွန္းရိပ္မိလိုက္သည္။
သို႔ေသာ္ ျမဴ႔ကို စားပဲြေပၚသြားထားေစလိုက္ကာ ေကာင္မေလးကိုဘုၾကၫ့္ ၾကၫ့္ပစ္လိုက္သည္။

"ေတြ့လား သံပုရာရည္ဆိုတာ အဲ့လိုေလးမွေသာက္လို႔ေကာင္းတာ"

"ဟို! အဲ့ဒါက"

"သြားေတာ့ဟာ ဘာပဲလုပ္ခိုင္းခိုင္း စိတ္တိုင္းကိုမက်ဘူး"

အခန္းတံခါးကိုဝုန္းခနဲပိတ္လိုက္ၿပီး စားပဲြဆီျပန္လာေတာ့ ျမဴကမ်က္ႏွာေလးပ်က္ကာ စားပဲြနားရပ္ေနရင္းလွၫ့္ၾကၫ့္သည္။
သူက မ်က္ႏွာကိုအစြမ္းကုန္တင္းထားလိုက္ၿပီး နာရီကို ေဆာင့္ေအာင့္ခၽြတ္ရင္း...

"အဲ့ဒီအလုပ္သမားေတြ အကုန္အလုပ္ျဖဳတ္ပစ္လိုက္ ဘာမွန္းမသိဘူး ငါ့ကိုစိတ္တိုေအာင္လာ လာဆြေနတယ္"

"အဲ့လိုေတာ့မလုပ္ပါနဲ႔ခမ္းရယ္ အလုပ္မရိွရင္သူတို႔ဘယ္လိုလုပ္အဆင္ေျပမလဲ ေနာက္ဆိုငါ့ကိုပဲခိုင္းေလ ငါပဲလုပ္ေပးမယ္"

သူလိုခ်င္တာကလည္းဒါပဲမို႔ စိတ္ေျပခ်င္ေယာင္ေဆာင္လိုက္ကာ သူမကို ရႉသိုးသိုးၾကၫ့္ၿပီးေခါင္းညိတ္ျပလိုက္သည္။
သူႏိုးလာရင္ မက္ေဆ့ပို႔လိုက္ကာ ခဏေနလ်ွင္ေတာ့ ျမဴေရာက္လာၿပီျဖစ္သည္။

"ေရခ်ိဳးခ်င္လို႔ ေရစပ္ေပး"

"ဒီဖိနပ္က ဘယ္အေရာင္နဲ႔လိုက္လဲ ဒီဖိနပ္စီးခ်င္လို႔အက်ႌေရြးေပးထား"

အစရိွသျဖင့္ ျမဴ႔အေပၚအႏိုင္က်င့္သည္ကို ေမေမျပန္ၾကားေတာ့ ဒီတာဝန္ေတြသည္ ျမဴ႔ေခါင္းေပၚ လံုးလံုးပံုက်သြားသည္။
အဝတ္အစားကအစ သူမ ျပင္ဆင္ေရြးခ်ယ္ေပးတာကိုသာ သူဝတ္ရေတာ့သည္။

"ကၽြန္ေတာ္ ကေလးမွမဟုတ္ေတာ့ဘဲ ေမေမရယ္ အဲ့ေလာက္ထိေတာ့မလိုပါဘူး ကၽြန္ေတာ္က ျမဴ႔ကို သပ္သပ္စခ်င္ရံုပဲကို"

"မစနဲ႔ေတာ့ အတည္ျဖစ္သြားၿပီ"

ဘာပဲျဖစ္ျဖစ္ သူမကအနားမွာရိွေနရမွာပဲမို႔ ေအာင့္သက္သက္ျဖင့္ ၿငိမ္ေနလိုက္ရေတာ့သည္။
ျမဴက သူ႔အနားမွာအရိပ္လိုရိွေနေပမယ့္ သူ႔လိုခံစားခ်က္နဲ႔မဟုတ္ခဲ့ဘဲ သူမကေတာ့ တာဝန္ေက်ခ်င္ရံုသက္သက္သာ...

"နင္ ရည္းစားထားဖို႔စိတ္မကူးဘူးလား ျမဴ"

"မကူးပါဘူး"

"ဘာျဖစ္လို႔လဲ"

"အားမွမအားတာ"

"ငါမရိွတဲ့၄ႏွစ္တုန္းကေရာ"

"မထားပါဘူး"

ဘယ္အခ်ိန္ၾကၫ့္ၾကၫ့္ ရိုးရွင္းေနေသာပံုစံေလးက သူ႔အတြက္ေတာ့အၿမဲလွေနသည္။
သူမလက္ကေလးကိုအမႈမဲ့အမွတ္မဲ့ထိကိုင္မိတိုင္း၊
သူမဆီက ကိုယ္သင္းနံ႔ေလးရတိုင္း အလိုက္မသိေဆာင့္ခုန္လာသၫ့္ရင္ခုန္သံေတြကမက္ေမာခ်င္စရာ။
ဒီလိုခ်စ္စရာေကာင္းတဲ့မိန္းကေလးကို ဘယ္သူကမွ ရင္ခုန္မခံစားခ်င္ဘူးလား။

သူသိပ္မယံုခ်င္ေပမယ့္ ဘာမွထပ္မေမးေတာ့ ျမဴက ေနတတ္ပံုမရဘဲ အၾကၫ့္ေတြသူ႔ဆီခဏခဏေရာက္လာသည္။
သူကေတာ့ အႏိုင္ပိုင္းခ်င္သူမို႔ တမင္ျပန္မၾကၫ့္ဘဲ မ်က္ႏွာလႊဲေနလိုက္ေတာ့ ခပ္တိုးတိုးစကားသံေလးထြက္လာသည္။

"နင္ မႀကိဳက္မွန္းသိလို႔ငါေရွာင္ေနတာပါ အဲ့ဒါကို ဘာလို႔မယံုတာလဲ"

"ငါနဲ႔ဘာဆိုင္လို႔လဲ ထားခ်င္ထား မထားခ်င္ေနေပါ့ နင့္ကိုရိုက္ၿပီးမထားနဲ႔ဆိုၿပီး ပိတ္ပင္ထားလို႔လား"

ခပ္ဆတ္ဆတ္ျပန္ေျပာလိုက္ေပမယ့္ သူေက်နပ္မိသည္သာ။
သို႔ေသာ္ သူမမ်က္ႏွာေလးၫွိုးက်သြားျပန္ေတာ့လည္း သူ မေနႏိုင္ဘဲ ျမဴ႔နားထင္ကိုဖိတြန္းပစ္လိုက္ေတာ့ သူမ ယိုင္ခနဲ...

"မထားနဲ႔ ငါခြင့္မျပဳႏိုင္ဘူး နင္ရည္းစားထားလိုက္ရင္ ငါခိုင္းခ်င္တာမခိုင္းရဘဲေနလိမ့္မယ္"

ခပ္ေက်ာေက်ာျဖစ္သြားမွန္းသိေပမယ့္ ျမဴ႔ကိုႏိုင္ေနက်မို႔ သူ႔စိတ္ထဲဘယ္လိုမွမေနေပမယ့္ ျမဴက ေခါင္းေလးညိတ္ျပေတာ့မွ သနားစိတ္ေလးဝင္၏။

သူမကိုခ်စ္ခ်င္သည္။
ပိုင္ဆိုင္ခ်င္သည္။
သူမကို ေပြ့ဖက္နမ္းရိႈက္ခ်င္သည္။
သူနဲ႔အတူ ေန့ေန့ညညရိွေစခ်င္ကာ သူမရဲ့အလွအပေတြကို သူတစ္ေယာက္သာရင္ခုန္ခံစားခ်င္သည္။
သို႔ေသာ္.....

〰〰📑📑📑〰〰

"ျမဴ ငါႏိုးေနၿပီေနာ္"

မက္ေဆ့ဝင္လာတာနဲ႔ ျမဴ စားလက္စထမင္းေၾကာ္ပန္းကန္ကိုယူၿပီး ေဘစင္ဘက္ထလာခဲ့သည္။
အေမက ေဘစင္မွာပန္းကန္ေတြေဆးေန၍ အေမ့ကိုေစာင့္ရင္း ထမင္းေၾကာ္ေတြကိုတစ္ဇြန္းၿပီးတစ္ဇြန္းခပ္စားလိုက္သည္။

"ခမ္းနား ႏိုးေနၿပီလား"

"ဟုတ္ ႏိုးေနၿပီအေမ သမီးထားခဲ့ၿပီေနာ္ မရိုမေသ"

"ေအး ေအး"

ပန္းကန္ကိုေဘစင္ေပၚတင္ခဲ့ၿပီးေရေတာင္မေသာက္ႏိုင္ဘဲ အိမ္ႀကီးဘက္ဆီကို ျမဴထြက္ေျပးလာခဲ့သည္။
ခမ္းက သူေခၚရင္ခ်က္ခ်င္းေရာက္မွ...

ထင္သၫ့္အတိုင္း ခမ္းကျပတင္းေပါက္နားမွာရပ္ကာ ျမဴအသည္းအသန္ေျပးလာတာကို လက္ပိုက္ၿပီးၾကၫ့္ေနေလသည္။
ညဝတ္အက်ႌႏွင့္ပဲရိွေနေသးတာမို႔ ျမဴပ်ာယာခတ္ကာ ခမ္းနားေရ႔ွေရာက္သြားသည္။

"ငါနည္းနည္းၾကာသြားတယ္ ခမ္း ဘာလုပ္ေပးရမလဲ"

"ေမးဖို႔လိုေနေသးလား နင္သိတာပဲ"

သူကထံုးစံအတိုင္း ေအးတိေအးစက္ပဲမို႔ ျမဴေခါင္းေလးညိတ္ကာ ေရခ်ိဳးခန္းထဲဝင္လာခဲ့သည္။
ခမ္းဘယ္အခ်ိန္ဘာလုပ္ခ်င္တယ္ဆိုတာ ျမဴအသိဆံုးျဖစ္သလို ျမဴဟာေမြးကတည္းက ခမ္းဆီမွာပဲအမွဴထမ္းခဲ့ရတာျဖစ္သည္။
အျပင္ဘက္မွာေတာ့ ခမ္းက ကြန္ပ်ူတာတစ္လံုးႏွင့္အလုပ္ရႈပ္ေန၍ ဒီေန့အျပင္ထြက္မည္ထင္သည္။
ေရခ်ိဳးဇလံုထဲကို ေရပူေရေအးစပ္ေပးကာ ျမဴအျပင္ ထြက္လာေတာ့ ခမ္းရဲ့mobile ဖုန္းေလးက ထျမည္လာသည္။

"ေရခ်ိဳးေတာ့မယ္ ၾကၫ့္က်က္ေျဖလိုက္ေတာ့ ဒီေန့စက္ရံုကိုသြားမယ္"

"Omm"

ျမဴ ဖုန္းကိုင္လိုက္ခ်ိန္မွာ ဖုန္းကခမ္းရဲ့ေမေမ အန္တီေခတ္ျဖစ္ေန၍ကိစၥမရိွဘဲ စက္ရံုသို႔သြား မသြားလွမ္းေမးတာမို႔ သြားမၫ့္အေၾကာင္းေျပာျပလိုက္ကာ ဖုန္းကိုျပန္ခ်ၿပီးအဝတ္ဗီရိုဖြင့္လိုက္သည္။
အိမ္အကူေရာက္လာၾကသျဖင့္ ျမဴေရြးခ်ယ္ေသာအဝတ္အစားႏွင့္ဖိနပ္ေတြကို မီးပူတိုက္သူကတိုက္ ဖိနပ္တိုက္သူကတိုက္ျဖင့္ အလုပ္ရႈပ္ကုန္ၾကသည္။
ခမ္း အိပ္ခန္းထဲကိုသြားအထားၿပီးမွာေတာ့ ျမဴပါအခန္းအျပင္ထြက္လာခဲ့သည္။
စက္ရံုကိုဖုန္းလွမ္းဆက္ကာ ခမ္းလာမည့္အေၾကာင္းႀကိဳေျပာေနစဥ္ အခန္းထဲက ခမ္းရဲ့အသံကဟိန္းခနဲ။

"ျမဴႏွင္းလႊာ နင္အျပင္မွာဘာလုပ္ေနတာလဲ"

ခမ္းအသံႀကီးဟိန္းထြက္လာ၍ ျမဴမ်က္လံုးျပဴးကာအခန္းထဲျပန္ဝင္လာခဲ့သည္။
ခမ္းက အဝတ္အစားလဲၿပီးၿပီျဖစ္ေသာ္လည္းဆံပင္ေတြက ေရစိုေနကာ ေရေတြက တစက္စက္က်ေနဆဲ။
ကိုယ့္ဘာသာကိုယ္ လုပ္လည္းရရဲ့သားနဲ႔ ဒီေလာက္ထိက် ျမဴ႔ကိုအႏိုင္က်င့္ေနမွန္းသိသာေနတာမို႔ မေက်နပ္စိတ္ေလးျဖစ္သြားေပမယ့္...

"ေဆာရီးပါ ခမ္းရယ္ ေခါင္းေလ်ွာ္ထားမွန္းမသိလို႔ပါ"

Dryer ကမန္းကတန္းယူလိုက္ကာ သူ႔ဆံပင္ေတြေျခာက္ေအာင္လုပ္ေပးၿပီး ပံုက်ေအာင္ၿဖီးလိုက္သည္။
ခမ္းက ဖုန္းကိုအၾကၫ့္မပ်က္ဘဲ စားပဲြေပၚတင္ထားသၫ့္နာရီေကာက္ဝတ္လိုက္ၿပီး ဖုန္းကိုျမဴဆီလွမ္းေပးသည္။

"ဒီေလာက္ဆိုရၿပီ ခဏေနသြားမယ္"

"မနက္စာက အျပင္မွာစားမွာလား"

"သ်ွမ္းေခါက္ဆဲြစားမယ္ နင္စီစဥ္ထားလိုက္ေတာ့ ေမေမ ဖုန္းဆက္ေတာ့ဘာေျပာလဲ"

"စက္ရံုသြားမွာလားလို႔ လွမ္းေမးတာ စက္ရံုကိုလည္းဖုန္းဆက္ထားၿပီးၿပီ အဲ့မွာက"

"နင္မနက္စာဘာစားခဲ့လဲ ျမဴ"

ျမဴ ေၾကာင္သြားကာ ဖုန္းကိုေဘာင္းဘီအိတ္ထဲထိုးထၫ့္လိုက္ရင္း...

"ထမင္းေၾကာ္ေလ"

"အင္း အဲ့ဒါဆိုနင္မစားေတာ့ဘူးေပါ့ သြားမယ္ ငါ ဒရိုင္ဘာမေခၚခ်င္ဘူး တျခားသြားစရာရိွေသးတယ္"

"ဟုတ္ကဲ့"

ျမဴ အခန္းတံခါးဖြင့္ေပးလိုက္ေတာ့ ခမ္းကအရင္ထြက္သြားကာ ျမဴကေတာ့ ကားဂိုေထာင္ကိုသြားကာ ခမ္းရဲ့ကားကို ကိုယ္တိုင္ေမာင္းလာခဲ့သည္။
သူကေတာ့ ကားေနာက္ခန္းမွာ နားၾကပ္ေလးျဖင့္ၿငိမ့္ေနေတာ့ ျမဴ သက္ျပင္းေလးခ်မိေလသည္။
သူၿငိမ္ေနမွ ျမဴစိတ္သက္သာရာရတာကိုး
မဟုတ္ရင္ႀကီးႀကီးက်ယ္က်ယ္နဲ႔...

မင္းခမ္းနားဆိုတဲ့အတိုင္း သိပ္တင္စီးတဲ့လူ...

〰〰📑📑📑〰〰

Part 4ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Fortsæt med at læse

You'll Also Like

435K 20.6K 33
Long ago in the kingdom of Talahan, Queen Isabel, descendent of the great fae queen Azura, gave birth to two girls, Her second children, Atheena and...
820K 74.3K 37
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
3.3M 270K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
738K 25K 53
Elsa Moore owns one of the most successful companies in the world, but a tragedy takes place and Elsa gets drunk and she made a mistake... A HUGE mis...