သူ မသိသောအခြားတစ်ဖက်၌ ( Part - 2 )
〰〰〰〰〰
မိခင်မြေကိုခြေပြန်ချတော့ စိတ်လှုပ်ရှားသွားကာ ပထမဆုံး မေမေ့ကိုသာအရင်ဆုံးတွေ့ချင်သည်။
Immigrationကထွက်တော့ မေမေနှင့်ဦးမောင်က တခြားသူတွေနှင့်ရောကာ သူ့ကိုကြိုနေ၍ ထိုအနားဆီကို ခြေလှမ်းကျဲတွေဖြင့်လျှောက်သွားလိုက်သည်။
မေမေသည် အရင်လိုဘာမှမပြောင်းလဲသေးဘဲ ပိုပြီးရင့်ကျက်တည်ငြိမ်သွားသလိုရှိကာ နှင်းဆီအဖြူတစ်ပွင့်ကို လှလှပပပန်ဆင်ထား၏။
"ငါ့သား အရပ်ကြီးရှည်လာလိုက်တာ"
"ပိုချောလာတယ်မှလား မေမေရောနေကောင်းရဲ့လား ဘာလို့ကိုယ်တိုင်လာတာလဲ"
"မင်းအမေက ကိုယ်တိုင်ကြိုချင်လို့တဲ့"
ဦးမောင်စကားကြောင့် သူရယ်လိုက်ပြီး မေမေ့ပခုံးကို ဖွဖွလေးဖက်ကာ ကားပါကင်ဆီကိုထွက်ခဲ့သည်။
သူ့အထုတ်အပိုးတွေကိုတော့ ဦးမောင်သယ်သွားတာမို့ မေမေနဲ့ အေးအေးဆေးဆေးစကားပြောခွင့်ရလေသည်။
မေမေဟာ သူ့မျက်နှာကို လက်ဖျားလေးဖြင့်ကိုင်ကြည့်ရင်း ကြည်ကြည်နူးနူးပြုံးနေ၍ မေမေ့မေတ္တာကြောင့် ရင်ထဲစိမ့်သွားသလိုပင်။
သူ ထွက်သွားခဲ့တုန်းကထက်စာရင် ပိုပြီးတိုးတက်လာသောမန္တလေးမြို့၏ ညနေခင်းအလှကိုကြည့်ကာ သဘောကျနေမိသည်။
အမျှော်အမြင်ရှိသော မေမေက သူ့ကို UKအထိသွားပြီးပညာသင်စေခဲ့တာမို့၄နှစ်ဆိုသောကာလအတွင်း သူပိုပြီးရင့်ကျက်ခဲ့သည်။
ထွက်လာခါနီးတုန်းက ငိုမဲ့မဲ့ကျန်ခဲ့သောကောင်မလေးကို ဖျတ်ခနဲသတိရလိုက်ကာ မေးဖို့စိတ်ကူးလိုက်ပေမယ့် သူမ ပါမလာ၍နည်းနည်းအနိုင်ကျင့်ဖို့တွေးပြီး မမေးဖြစ်။
"မေမေတို့အိမ်ပြောင်းလိုက်ပြီ သား.. ဒီခြံကပိုကျယ်တယ် တောင်ကုန်းလေးတစ်ခုတောင်ပါသေးတယ် ငါ့သားအကြိုက်ပေါ့"
မေမေက သူ့အကြိုက်ကိုအမြဲသိသူမို့ ဒီခြံကိုဝယ်လိုက်ခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။
မေမေပြောသည့်အတိုင်း ခြံကတော်တော်ကျယ်ကာ အနောက်ဘက်မှာဥယျာဥ်လေးတစ်ခုလည်းပါသည်။
ထို့အပြင် တောင်ကုန်းလေးပေါ်မှာ ဘန်ဂလိုလေးတစ်ခုကိုလည်း လှမ်းမြင်နေရသည်။
"အစ်ကိုခမ်းနား ပြန်လာပြီ"
၁၆နှစ် ၁၇နှစ်အရွယ်ချာတိတ်လေးက အိမ်ပေါက်ဝကနေ အော်လိုက်၍အိမ်ထဲမှာတဝုန်းဝုန်းဖြစ်သွားကြသည်။
အိမ်ရှေ့မှာကားရပ်လိုက်သည့်အခါ သူ့ပစ္စည်းတွေကိုချသူကချ၊ နှုတ်ဆက်သူကနှုတ်ဆက်နှင့်မို့ တစ်အိမ်လုံးဆူညံသွားသည်။
"ဒါလေးက ရဲနောင်လား"
အိမ်ပေါက်ဝကနေအော်လိုက်သည့် လူငယ်ကောင်လေးကိုကြည့်ရင်းမေးလိုက်တော့ ဦးမောင်က ခေါင်းညိတ်သည်။
"ဟုတ်တယ်လေ မင်း သွားတုန်းက သူဖြင့် ၁၃နှစ်လောက်ပဲရှိဦးမယ်"
"အစ်ကိုလေး အအေးသောက်ဦးမလား"
"ခဏနားပါစေဦး"
နှုတ်ဆက်နေကြသည့် အသံဗလံတွေဆူညံနေသည့်ထဲမှာ သူကြားချင်သောအသံပိစိလေးကို မကြားရ။
အိမ်ရှိလူပေါင်း၂၀ လောက်ထဲမှာလည်း သူမ မရှိချေ။
သူ နည်းနည်းတော့စိတ်တိုသွားမိကာ မျက်နှာတင်းသွားပြီးနောက် ဘယ်သူ့ကိုမှစကားမပြောတော့ဘဲ သူ့အခန်းဆီကိုပဲ ချက်ချင်းတက်လာခဲ့သည်။
ဒီနေ့သူပြန်ရောက်မယ့်အကြောင်း ကြိုပြောထားလျက်နဲ့…
လာကြိုတော့လည်းမပါ၊ အိမ်မှာလည်း ဘာကြောင့်မရှိတာလဲ…
ဒေါသဖြစ်ဖြစ်နှင့် ဝတ်ထားသည့်အပေါ်ဝတ်အနွေးထည်အပါးလေးကို ချွတ်ကာ ရောက်ချင်ရာရောက်လွှင့်ပစ်၍ အိပ်ယာပေါ်ပစ်လှဲလိုက်သည်။
ခဏကြာ တံခါးခေါက်သံတစ်ခုနှင့်အတူဂအန်တီနှင်း ဝင်လာ၍ သူထထိုင်လိုက်ပြန်သည်။
"သားရေ အပမ်းလေးဘာလေးဖြေဦးနော် ခရီးထွက်လာတော့ခေါင်းမူးနေမှာပေါ့ ခဏနေထမင်းစားရအောင် အန်တီနှင်းပြင်ထားပေးမယ်"
"ကျွန်တော်မဆာသေးဘူး အန်တီနှင်း.. မြူကဘယ်သွားတာလဲ ကျွန်တော်ပြန်လာမှာမသိဘူးလား"
"ပုဂံဆိုဒ်လို့ပြောတာပဲ မမကြီးကလွှတ်လိုက်တာလေ သားပြန်လာမယ်ဆိုတော့ ဒီနေ့ပြန်ခဲ့မယ်လို့တော့ပြောတယ်"
"အဲ့ဒါကို ခုထိမရောက်သေးတာလား"
စိုးရိမ်စိတ်ဖြင့် နာရီကိုတစ်ချက်ငုံ့ကြည့်တော့ ၇နာရီထိုးတော့မှာမို့ အပြင်မှာလည်းမှောင်စပြုနေပြီ။
ဒါတောင် ဒီမိန်းကလေးက အခုအချိန်ထိပြန်မရောက်သေးဘူးတဲ့လား။
"စောနကဖုန်းဆက်တော့ မန္တလေးရောက်တော့မယ်တဲ့ ရုံးကိုခဏဝင်ပြီးတန်းလာခဲ့မယ်တဲ့ နည်းနည်းနောက်ကျမယ်လို့ပြောနေတယ်"
"ကားနဲ့လား"
"ဟုတ်တယ် သား.. သားကိုသေချာမှာနေတယ် နောက်ကျတာကိုစိတ်မဆိုးပါနဲ့တဲ့"
သူ ခေါင်းညိတ်ပြလိုက်ပြီး အန်တီနှင်းလက်ထဲက သံပုရာရည်ခွက်ကိုလှမ်းယူလိုက်တော့ အန်တီနှင်းကချက်ချင်းပင်ပြန်ထွက်သွား၏။
သူ စိတ်တိုနေမှန်းသိနေ၍ ပြန်ထွက်သွားပုံရသည်။
ဒီလောက်အသေအချာပြောထားတာကိုအမှတ်မရှိဘူး။
တွေ့ဦးမယ် မင်း…
မြူနှင်းလွှာ…
〰〰📑📑📑〰〰
"မြူ့ကိုပုဂံလွှတ်ထားတာဆို"
မေမေ့ရဲ့စူးစမ်းသောအကြည့်တွေ သူ့ဆီရောက်လာတော့ သူ ခပ်တည်တည်နေလိုက်ကာ ထမင်းအစားမပျက်။
မေမေ့အကြည့်တွေက သံသယအကြည့်တွေဆိုတာ သူ မသိဘဲနေပါ့မလား။
"သားလည်း ဒီမြူလေးကိုပဲခုချိန်ထိခင်တွယ်နေတုန်းပါပဲလား အခုအဲ့ဒီမြူက ကလေးမဟုတ်တော့ဘူးနော်"
"မဟုတ်တော့ကောင်းတာပေါ့ မေမေနဲ့အန်တီနှင်းလည်း ငယ်သူငယ်ချင်းတွေပဲ ခုထိမခွဲနိုင်ဘူးမလား ကျွန်တော်လည်းအဲ့လိုပဲပေါ့ အိမ်ထောင်ကျလည်း မြူ့ကိုအပါခေါ်သွားမှာ"
"ကဲ.. အဲ့ဒါပဲကြည့်တော့ နှင်းနှင်းရေ"
ဘေးမှာရပ်နေသောအန်တီနှင်းကို မေမေကအဖော်လှမ်းစပ်တော့ အန်တီနှင်းက သဘောတကျရယ်ပေမယ့် ရွှင်ရွှင်လန်းလန်းတော့သိပ်မရှိ။
အိမ်အဝကိုလည်းခဏခဏလှမ်းကြည့်နေသောကြောင့် မြူ့ကိုစိတ်မချဖြစ်နေပုံရသည်။
သူမကရော ဘာတွေပြောင်းလဲသွားပြီလဲ…
မတွေ့ရသည့်၄နှစ်အတွင်းမှာ သူမ ဘယ်လိုပုံစံဖြစ်နေမလဲခဏခဏတွေးကြည့်ဖူးကာ သူပြုံးမိသည်အထိ။
မြူဟာ သူ့စိတ်ကိုအပိုင်သိမ်းထားသည့် စုန်းမတစ်ကောင်ဖြစ်၏။
"ငါပြန်လာလို့အိမ်မှာနင်မရှိရင် နင်သေပြီသာမှတ်"
ဟု မသွားခင်ကလည်း သူကြိမ်းမောင်းခဲ့သေးသည်။
ထိုအချိန်တုန်းကတော့ သူမက ဝမ်းနည်းပမ်းနည်းငိုယိုကာ မျက်ရည်သုတ်ပြီးခေါင်းလေးညိတ်သည်။
ငယ်စဥ်ကတည်းက အတူကြီးပြင်းလာခဲ့ပေမယ့် သူကအရှင်သခင်၊ သူမကအလုပ်သမားဆိုသည့်အတွေးကို အန်တီနှင်းကရိုက်သွင်းပေးခဲ့ပုံရကာ သူ့ကိုဆို အမြဲလိုလိုကြောက်ရွံ့အလျှော့ပေးတတ်သူ။
သူ့လေသံတင်းမာသွားတိုင်း မျက်နှာလေးပျက်ကာ ကြောက်ကြောက်လန့်လန့်ဖြစ်သွားတတ်သူ…
"ပုဂံက ဘာရှိလို့လဲ"
"မေမေ constructionတစ်ခုလုပ်နေတယ်လေ အခုမှစပြီးလုပ်တာဆိုတော့ ကမောက်ကမတွေအများကြီးပဲ အစစအရာရာကို မမြူကပဲလုပ်ပေးနေရတာ သားမရှိတုန်း မမြူကိုပဲအားကိုးနေရတာ သားအစားရလိုက်သလိုပဲ"
"အဲ့ကျ ကျွန်တော်UKပြန်ရမှာလား"
"စကားအဖြစ်ပြောတာပါသားရယ် သားပြန်ရောက်လာမှတော့ သားပဲဦးစီးပြီးလုပ်ပေါ့ မမြူလည်းရှိနေတာပဲကို"
မေမေ့စကားကိုသူသိပ်မကြိုက်တော့။
မမြူ မမြူနှင့်အချိုသပ်ခိုင်းနေသလားဟုပင်ထင်မြင်လာမိကာ အန်တီနှင်းကိုတစ်ချက်မော့ကြည့်မိသည်။
အန်တီနှင်းကတော့ သိပ်တက်ကြွမှုမရှိသလိုပုံမျိုးဖြစ်ကာ သမီးမိန်းကလေး တစ်ယောက်တည်းသွားလာနေရခြင်းမှာ အမေတစ်ယောက်ဘယ်လိုမှစိတ်မဖြောင့်မှန်း သူခံစားမိသည်။
မေမေက ဒါကိုမခံစားတတ်တာလား။
အလုပ်လောဘတက်ပြီး မေ့များနေသလား။
သို့သော် သူတစ်ခွန်းမှမပြောဖြစ်ခဲ့ဘဲ ထမင်းကိုလက်စသပ်ကာအပေါ်ထပ်ကိုသာ ပြန်တက်လာခဲ့သည်။
အပေါ်ထပ်မှာ သူတစ်ယောက်သာနေတာမို့ သားအမိနှစ်ယောက်တည်းရှိသည့်အိမ်က မလိုအပ်ဘဲပိုပြီးကြီးကျယ်နေသလိုလို။
"သားရေ ခဏဝင်ခဲ့မယ်နော်"
အန်တီနှင်းရဲ့အသံနှင့်အတူ တံခါးခေါက်သံကြား လိုက်ရသဖြင့် သူ အခန်းတံခါးဖွင့်ပေးလိုက်သည်။
သူကြိုက်သည့်သံပုရာရည်ကို ဖန်ခွက်လေးနှင့်ထည့်ယူလာ၍ကျေနပ်သွားသည်။
"မေမေကရော"
"အလုပ်ထဲကိုဖုန်းဆက်နေတယ်ထင်တယ် အခန်းကိုပြန်သွားပြီ"
မေမေက အန်တီနှင်းလောက်တောင် သူ့အပေါ်ကြင်နာတတ်သူမဟုတ်ကြောင်း ပြန်သတိရလိုက်ကာ မေမေနှင့်ရှေ့ဆက်ပြဿနာတက်ဖို့ရှိကြောင်း ရိပ်မိလေသည်။
ပြီးတော့ သူမ…
"မေမေနဲ့ကျွန်တော်တော့ ပြဿနာအကြီးကြီးတက်ဦးမယ်"
"ဘာဖြစ်လို့လဲသားရယ် မမကြီးက သားကိုဒီလောက်တောင်ချစ်တာ"
"ဘယ်လောက်ပဲချစ်ချစ် မကြိုက်တာလုပ်မိရင်တော့ ပြဿနာဖြစ်မှာပဲလေ"
အန်တီနှင်းကရယ်လိုက်ကာ သူ့လက်ထဲကိုသံပုရာရည်ခွက်လေးထည့်ပေးပြီး သူ့ခေါင်းကို ဖွဖွပုတ်သည်။
သူ မရယ်မပြုံးဘဲ သံပုရာရည်ကို တစ်ကျိုက်သောက်လိုက်ပြီး အိတ်ထဲကပစ္စည်းတစ်ချို့ကိုထုတ်ယူလိုက်သည်။
"ဘာတွေလဲ သိမ်းဖို့ကျန်တာတွေလား အန်တီနှင်းသိမ်းပေးမယ်လေ"
"မဟုတ်ပါဘူး အိမ်ကလူတွေကိုပေးဖို့ပါ ပစ္စည်းတွေမှာနာမည်တွေရေးထားတယ် အန်တီနှင်းပြန်ရင်တစ်ယောက်ချင်းစီဝင်ပေးသွားလိုက်ပေါ့"
"အပြန်လက်ဆောင်တွေပေါ့"
"ဟုတ်ပါတယ်ဗျာ ဒါကအန်တီနှင်းဖို့.. ဒါကမြူ့ဖို့.."
မြူ့အတွက်ဝယ်လာသောပစ္စည်းဘူးလေးကို အန်တီနှင်းလက်ထဲထည့်ပြီးမှ ကိုယ်တိုင်ပေးဖို့စိတ်ကူးပေါက်သွားကာ ပြန်ယူလိုက်သည်။
"မြူ့ကို ကျွန်တော်ကိုယ်တိုင်ပဲပေးလိုက်မယ် သူပြန်ရောက်တော့မှာလား"
အန်တီနှင်းက နာရီကိုတစ်ချက်လှမ်းကြည့်ကာ ခေါင်းညိတ်ပြသည်။
"စောစောကဖုန်းဆက်တယ် ရုံးကိုရောက်နေပြီတဲ့ ခဏနေရောက်မယ်ပြောတယ်"
"အခုတောင်၉နာရီထိုးတော့မယ် သူကခါတိုင်းလည်းအဲ့လိုတွေပဲသွားလာနေတာလား"
"ဒီတစ်ခါပါပဲ အရင်ကမဖြစ်ဖူးပါဘူး သားရယ် ခရီးထွက်ရရင်လည်း အလုပ်ပြီးတဲ့နောက်ရက်မှအေးအေးဆေးဆေးပြန်လာတာ သူလုပ်စရာရှိရင်တော့ အချိန်မရွေးထလုပ်တော့တာပဲ အန်တီနှင်းလည်းမနိုင်ဘူး"
သူမနဲ့အေးအေးဆေးဆေးတွေ့ချင်သေးတာမို့ သူမနောက်ကျနေလည်းအဆင်ပြေသည်။
အိမ်ကလူတွေ မသိလေပိုကောင်းလေ။
တချို့သူတွေသိလို့မဖြစ်သည့်အရာတချို့ သူ့ဆီမှာရှိနေသောကြောင့် ဖြစ်သည်။
သို့သော် ထိုအရာတွေက သူမ သိရမည့်အကြောင်းအရာတွေ…
〰〰📑📑📑〰〰
တကယ်တမ်းကားသံကြားလိုက်တော့ ၁၀နာရီထိုးတော့မှာမို့ မိန်းကလေးဖြစ်ပြီးဒီအချိန်ထိမကြောက်မရွံ့သွားလာရသလား ဟု စိတ်တိုသွားသည်။
စကားတစ်ခွန်းနှစ်ခွန်းလောက်ပြောသံကြားလိုက်ပြီး အဖြူရောင်အရိပ်ကလေးတစ်ခုသည် ကွန်ပျူတာတစ်လုံးပိုက်ကာ အိမ်ထဲဝင်သွားလေသည်။
ခဏကြာမှာတော့ ကွန်ပျူတာမပါဘဲ ပြန်ထွက်လာပြီး သူထိုင်နေသော ပန်းခြုံလေးဘက်လျှောက်လာတာတွေ့ရသည်။
သူမက အဖြူရောင်ရှပ်လက်ရှည်နှင့်ဂျင်းဘောင်းဘီဝတ်ထားကာ ညှပ်ဖိနပ်ဖြင့် ရိုးရိုးရှင်းရှင်းလှနေသည်။
နုမွတ်နေသောမျက်နှာလေးက ချွေးတွေပြန်နေကာ ပင်ပန်းနေပုံပေါ်ပေမယ့် အလုပ်ကိစ္စကိုအသေးစိပ်ကိုစီစဥ်ညွှန်ကြားနေသည်။
ဖုန်းပြောရင်းဆက်လျှောက်လာတာမို့ ဒီပန်းခြုံနားကထိုင်ခုံမှာ သူ ရှိနေမှန်းမသိလောက်။
ဒီနေရာကိုဖြတ်ပြီးမှ အလုပ်သမားတန်းလျားကိုသွားမည့်ပုံမို့ သူမကိုအိမ်မှာခေါ်ထားဖို့ပြောထားလျက်နဲ့ မေမေဘာကြောင့်ခေါ်မထားတာလဲ…
"ဟုတ်ပြီ နောက်ထပ်၂ရက်နေရင်ပြန်အကြောင်းကြားမယ် လောလောဆယ်တော့စောစောက ငါပြောတဲ့အတိုင်းပဲလုပ်ထားလိုက်ဦး"
"~~~~~"
"ဟုတ်ပြီ ဒါပဲ"
သူမက နေရာမှာပဲခြေစုံရပ်ကာ ဖုန်းကိုကြည့်ပြီး ဘာတွေစာရိုက်နေသည်မသိဘဲ တစ်ကိုယ်တည်းအလုပ်ရှုပ်နေသဖြင့် သူစိတ်မရှည်တော့။
နောက်ကနေဖုန်းကိုဆွဲလုပစ်လိုက်၍လန့်သွားကာ ပြန်လှည့်ကြည့်လာသည့်မျက်နှာလေးက တအံ့တသြ…
"ခမ်း"
〰〰📑📑📑〰〰
Part 3 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
သူ မသိေသာအျခားတစ္ဖက္၌ ( Part - 2 )
〰〰〰〰〰
မိခင္ေျမကိုေျချပန္ခ်ေတာ့ စိတ္လႈပ္ရွားသြားကာ ပထမဆံုး ေမေမ့ကိုသာအရင္ဆံုးေတြ့ခ်င္သည္။
Immigrationကထြက္ေတာ့ ေမေမႏွင့္ၪီးေမာင္က တျခားသူေတြႏွင့္ေရာကာ သူ႔ကိုႀကိဳေန၍ ထိုအနားဆီကို ေျခလွမ္းက်ဲေတျြဖင့္ေလ်ွာက္သြားလိုက္သည္။
ေမေမသည္ အရင္လိုဘာမွမေျပာင္းလဲေသးဘဲ ပိုၿပီးရင့္က်က္တည္ၿငိမ္သြားသလိုရိွကာ ႏွင္းဆီအျဖဴတစ္ပြင့္ကို လွလွပပပန္ဆင္ထား၏။
"ငါ့သား အရပ္ႀကီးရွည္လာလိုက္တာ"
"ပိုေခ်ာလာတယ္မွလား ေမေမေရာေနေကာင္းရဲ့လား ဘာလို႔ကိုယ္တိုင္လာတာလဲ"
"မင္းအေမက ကိုယ္တိုင္ႀကိဳခ်င္လို႔တဲ့"
ၪီးေမာင္စကားေၾကာင့္ သူရယ္လိုက္ၿပီး ေမေမ့ပခံုးကို ဖြဖြေလးဖက္ကာ ကားပါကင္ဆီကိုထြက္ခဲ့သည္။
သူ႔အထုတ္အပိုးေတြကိုေတာ့ ၪီးေမာင္သယ္သြားတာမို႔ ေမေမနဲ႔ ေအးေအးေဆးေဆးစကားေျပာခြင့္ရေလသည္။
ေမေမဟာ သူ႔မ်က္ႏွာကို လက္ဖ်ားေလးျဖင့္ကိုင္ၾကၫ့္ရင္း ၾကည္ၾကည္ႏူးႏူးႃပံုးေန၍ ေမေမ့ေမတၲာေၾကာင့္ ရင္ထဲစိမ့္သြားသလိုပင္။
သူ ထြက္သြားခဲ့တုန္းကထက္စာရင္ ပိုၿပီးတိုးတက္လာေသာမႏၲေလးၿမိဳ႔၏ ညေနခင္းအလွကိုၾကၫ့္ကာ သေဘာက်ေနမိသည္။
အေမ်ွာ္အျမင္ရိွေသာ ေမေမက သူ႔ကို UKအထိသြားၿပီးပညာသင္ေစခဲ့တာမို႔၄ႏွစ္ဆိုေသာကာလအတြင္း သူပိုၿပီးရင့္က်က္ခဲ့သည္။
ထြက္လာခါနီးတုန္းက ငိုမဲ့မဲ့က်န္ခဲ့ေသာေကာင္မေလးကို ဖ်တ္ခနဲသတိရလိုက္ကာ ေမးဖို႔စိတ္ကူးလိုက္ေပမယ့္ သူမ ပါမလာ၍နည္းနည္းအႏိုင္က်င့္ဖို႔ေတြးၿပီး မေမးျဖစ္။
"ေမေမတို႔အိမ္ေျပာင္းလိုက္ၿပီ သား.. ဒီၿခံကပိုက်ယ္တယ္ ေတာင္ကုန္းေလးတစ္ခုေတာင္ပါေသးတယ္ ငါ့သားအႀကိဳက္ေပါ့"
ေမေမက သူ႔အႀကိဳက္ကိုအၿမဲသိသူမို႔ ဒီၿခံကိုဝယ္လိုက္ျခင္းျဖစ္မည္ဟု ေတြးလိုက္မိသည္။
ေမေမေျပာသၫ့္အတိုင္း ၿခံကေတာ္ေတာ္က်ယ္ကာ အေနာက္ဘက္မွာဥယ်ာဥ္ေလးတစ္ခုလည္းပါသည္။
ထို႔အျပင္ ေတာင္ကုန္းေလးေပၚမွာ ဘန္ဂလိုေလးတစ္ခုကိုလည္း လွမ္းျမင္ေနရသည္။
"အစ္ကိုခမ္းနား ျပန္လာၿပီ"
၁၆ႏွစ္ ၁၇ႏွစ္အရြယ္ခ်ာတိတ္ေလးက အိမ္ေပါက္ဝကေန ေအာ္လိုက္၍အိမ္ထဲမွာတဝုန္းဝုန္းျဖစ္သြားၾကသည္။
အိမ္ေရ႔ွမွာကားရပ္လိုက္သၫ့္အခါ သူ႔ပစၥည္းေတြကိုခ်သူကခ်၊ ႏႈတ္ဆက္သူကႏႈတ္ဆက္ႏွင့္မို႔ တစ္အိမ္လံုးဆူညံသြားသည္။
"ဒါေလးက ရဲေနာင္လား"
အိမ္ေပါက္ဝကေနေအာ္လိုက္သၫ့္ လူငယ္ေကာင္ေလးကိုၾကၫ့္ရင္းေမးလိုက္ေတာ့ ဦးေမာင္က ေခါင္းညိတ္သည္။
"ဟုတ္တယ္ေလ မင္း သြားတုန္းက သူျဖင့္ ၁၃ႏွစ္ေလာက္ပဲရိွၪီးမယ္"
"အစ္ကိုေလး အေအးေသာက္ၪီးမလား"
"ခဏနားပါေစၪီး"
ႏႈတ္ဆက္ေနၾကသၫ့္ အသံဗလံေတြဆူညံေနသၫ့္ထဲမွာ သူၾကားခ်င္ေသာအသံပိစိေလးကို မၾကားရ။
အိမ္ရိွလူေပါင္း၂၀ ေလာက္ထဲမွာလည္း သူမ မရိွေခ်။
သူ နည္းနည္းေတာ့စိတ္တိုသြားမိကာ မ်က္ႏွာတင္းသြားၿပီးေနာက္ ဘယ္သူ႔ကိုမွစကားမေျပာေတာ့ဘဲ သူ႔အခန္းဆီကိုပဲ ခ်က္ခ်င္းတက္လာခဲ့သည္။
ဒီေန့သူျပန္ေရာက္မယ့္အေၾကာင္း ႀကိဳေျပာထားလ်က္နဲ႔…
လာႀကိဳေတာ့လည္းမပါ၊ အိမ္မွာလည္း ဘာေၾကာင့္မရိွတာလဲ…
ေဒါသျဖစ္ျဖစ္ႏွင့္ ဝတ္ထားသၫ့္အေပၚဝတ္အေနြးထည္အပါးေလးကို ခၽြတ္ကာ ေရာက္ခ်င္ရာေရာက္လႊင့္ပစ္၍ အိပ္ယာေပၚပစ္လွဲလိုက္သည္။
ခဏၾကာ တံခါးေခါက္သံတစ္ခုႏွင့္အတူဂအန္တီႏွင္း ဝင္လာ၍ သူထထိုင္လိုက္ျပန္သည္။
"သားေရ အပမ္းေလးဘာေလးေျဖၪီးေနာ္ ခရီးထြက္လာေတာ့ေခါင္းမူးေနမွာေပါ့ ခဏေနထမင္းစားရေအာင္ အန္တီႏွင္းျပင္ထားေပးမယ္"
"ကၽြန္ေတာ္မဆာေသးဘူး အန္တီႏွင္း.. ျမဴကဘယ္သြားတာလဲ ကၽြန္ေတာ္ျပန္လာမွာမသိဘူးလား"
"ပုဂံဆိုဒ္လို႔ေျပာတာပဲ မမႀကီးကလႊတ္လိုက္တာေလ သားျပန္လာမယ္ဆိုေတာ့ ဒီေန့ျပန္ခဲ့မယ္လို႔ေတာ့ေျပာတယ္"
"အဲ့ဒါကို ခုထိမေရာက္ေသးတာလား"
စိုးရိမ္စိတ္ျဖင့္ နာရီကိုတစ္ခ်က္ငံု႔ၾကၫ့္ေတာ့ ၇နာရီထိုးေတာ့မွာမို႔ အျပင္မွာလည္းေမွာင္စျပဳေနၿပီ။
ဒါေတာင္ ဒီမိန္းကေလးက အခုအခ်ိန္ထိျပန္မေရာက္ေသးဘူးတဲ့လား။
"ေစာနကဖုန္းဆက္ေတာ့ မႏၲေလးေရာက္ေတာ့မယ္တဲ့ ရံုးကိုခဏဝင္ၿပီးတန္းလာခဲ့မယ္တဲ့ နည္းနည္းေနာက္က်မယ္လို႔ေျပာေနတယ္"
"ကားနဲ႔လား"
"ဟုတ္တယ္ သား.. သားကိုေသခ်ာမွာေနတယ္ ေနာက္က်တာကိုစိတ္မဆိုးပါနဲ႔တဲ့"
သူ ေခါင္းညိတ္ျပလိုက္ၿပီး အန္တီႏွင္းလက္ထဲက သံပုရာရည္ခြက္ကိုလွမ္းယူလိုက္ေတာ့ အန္တီႏွင္းကခ်က္ခ်င္းပင္ျပန္ထြက္သြား၏။
သူ စိတ္တိုေနမွန္းသိေန၍ ျပန္ထြက္သြားပံုရသည္။
ဒီေလာက္အေသအခ်ာေျပာထားတာကိုအမွတ္မရိွဘူး။
ေတြ့ၪီးမယ္ မင္း…
ျမဴႏွင္းလႊာ…
〰〰📑📑📑〰〰
"ျမဴ႔ကိုပုဂံလႊတ္ထားတာဆို"
ေမေမ့ရဲ့စူးစမ္းေသာအၾကၫ့္ေတြ သူ႔ဆီေရာက္လာေတာ့ သူ ခပ္တည္တည္ေနလိုက္ကာ ထမင္းအစားမပ်က္။
ေမေမ့အၾကၫ့္ေတြက သံသယအၾကၫ့္ေတြဆိုတာ သူ မသိဘဲေနပါ့မလား။
"သားလည္း ဒီျမဴေလးကိုပဲခုခ်ိန္ထိခင္တြယ္ေနတုန္းပါပဲလား အခုအဲ့ဒီျမဴက ကေလးမဟုတ္ေတာ့ဘူးေနာ္"
"မဟုတ္ေတာ့ေကာင္းတာေပါ့ ေမေမနဲ႔အန္တီႏွင္းလည္း ငယ္သူငယ္ခ်င္းေတြပဲ ခုထိမခဲြႏိုင္ဘူးမလား ကၽြန္ေတာ္လည္းအဲ့လိုပဲေပါ့ အိမ္ေထာင္က်လည္း ျမဴ႔ကိုအပါေခၚသြားမွာ"
"ကဲ.. အဲ့ဒါပဲၾကၫ့္ေတာ့ ႏွင္းႏွင္းေရ"
ေဘးမွာရပ္ေနေသာအန္တီႏွင္းကို ေမေမကအေဖာ္လွမ္းစပ္ေတာ့ အန္တီႏွင္းက သေဘာတက်ရယ္ေပမယ့္ ရႊင္ရႊင္လန္းလန္းေတာ့သိပ္မရိွ။
အိမ္အဝကိုလည္းခဏခဏလွမ္းၾကၫ့္ေနေသာေၾကာင့္ ျမဴ႔ကိုစိတ္မခ်ျဖစ္ေနပံုရသည္။
သူမကေရာ ဘာေတြေျပာင္းလဲသြားၿပီလဲ…
မေတြ့ရသၫ့္၄ႏွစ္အတြင္းမွာ သူမ ဘယ္လိုပံုစံျဖစ္ေနမလဲခဏခဏေတြးၾကၫ့္ဖူးကာ သူႃပံုးမိသည္အထိ။
ျမဴဟာ သူ႔စိတ္ကိုအပိုင္သိမ္းထားသၫ့္ စုန္းမတစ္ေကာင္ျဖစ္၏။
"ငါျပန္လာလို႔အိမ္မွာနင္မရိွရင္ နင္ေသၿပီသာမွတ္"
ဟု မသြားခင္ကလည္း သူႀကိမ္းေမာင္းခဲ့ေသးသည္။
ထိုအခ်ိန္တုန္းကေတာ့ သူမက ဝမ္းနည္းပမ္းနည္းငိုယိုကာ မ်က္ရည္သုတ္ၿပီးေခါင္းေလးညိတ္သည္။
ငယ္စဥ္ကတည္းက အတူႀကီးျပင္းလာခဲ့ေပမယ့္ သူကအရွင္သခင္၊ သူမကအလုပ္သမားဆိုသၫ့္အေတြးကို အန္တီႏွင္းကရိုက္သြင္းေပးခဲ့ပံုရကာ သူ႔ကိုဆို အၿမဲလိုလိုေၾကာက္ရြံ႔အေလ်ွာ့ေပးတတ္သူ။
သူ႔ေလသံတင္းမာသြားတိုင္း မ်က္ႏွာေလးပ်က္ကာ ေၾကာက္ေၾကာက္လန႔္လန႔္ျဖစ္သြားတတ္သူ…
"ပုဂံက ဘာရိွလို႔လဲ"
"ေမေမ constructionတစ္ခုလုပ္ေနတယ္ေလ အခုမွစၿပီးလုပ္တာဆိုေတာ့ ကေမာက္ကမေတြအမ်ားႀကီးပဲ အစစအရာရာကို မျမဴကပဲလုပ္ေပးေနရတာ သားမရိွတုန္း မျမဴကိုပဲအားကိုးေနရတာ သားအစားရလိုက္သလိုပဲ"
"အဲ့က် ကၽြန္ေတာ္UKျပန္ရမွာလား"
"စကားအျဖစ္ေျပာတာပါသားရယ္ သားျပန္ေရာက္လာမွေတာ့ သားပဲၪီးစီးၿပီးလုပ္ေပါ့ မျမဴလည္းရိွေနတာပဲကို"
ေမေမ့စကားကိုသူသိပ္မႀကိဳက္ေတာ့။
မျမဴ မျမဴႏွင့္အခ်ိဳသပ္ခိုင္းေနသလားဟုပင္ထင္ျမင္လာမိကာ အန္တီႏွင္းကိုတစ္ခ်က္ေမာ့ၾကၫ့္မိသည္။
အန္တီႏွင္းကေတာ့ သိပ္တက္ႂကြမႈမရိွသလိုပံုမ်ိဳးျဖစ္ကာ သမီးမိန္းကေလး တစ္ေယာက္တည္းသြားလာေနရျခင္းမွာ အေမတစ္ေယာက္ဘယ္လိုမွစိတ္မေျဖာင့္မွန္း သူခံစားမိသည္။
ေမေမက ဒါကိုမခံစားတတ္တာလား။
အလုပ္ေလာဘတက္ၿပီး ေမ့မ်ားေနသလား။
သို႔ေသာ္ သူတစ္ခြန္းမွမေျပာျဖစ္ခဲ့ဘဲ ထမင္းကိုလက္စသပ္ကာအေပၚထပ္ကိုသာ ျပန္တက္လာခဲ့သည္။
အေပၚထပ္မွာ သူတစ္ေယာက္သာေနတာမို႔ သားအမိႏွစ္ေယာက္တည္းရိွသၫ့္အိမ္က မလိုအပ္ဘဲပိုၿပီးႀကီးက်ယ္ေနသလိုလို။
"သားေရ ခဏဝင္ခဲ့မယ္ေနာ္"
အန္တီႏွင္းရဲ့အသံႏွင့္အတူ တံခါးေခါက္သံၾကား လိုက္ရသျဖင့္ သူ အခန္းတံခါးဖြင့္ေပးလိုက္သည္။
သူႀကိဳက္သၫ့္သံပုရာရည္ကို ဖန္ခြက္ေလးႏွင့္ထၫ့္ယူလာ၍ေက်နပ္သြားသည္။
"ေမေမကေရာ"
"အလုပ္ထဲကိုဖုန္းဆက္ေနတယ္ထင္တယ္ အခန္းကိုျပန္သြားၿပီ"
ေမေမက အန္တီႏွင္းေလာက္ေတာင္ သူ႔အေပၚၾကင္နာတတ္သူမဟုတ္ေၾကာင္း ျပန္သတိရလိုက္ကာ ေမေမႏွင့္ေရ႔ွဆက္ျပႆနာတက္ဖို႔ရိွေၾကာင္း ရိပ္မိေလသည္။
ၿပီးေတာ့ သူမ…
"ေမေမနဲ႔ကၽြန္ေတာ္ေတာ့ ျပႆနာအႀကီးႀကီးတက္ၪီးမယ္"
"ဘာျဖစ္လို႔လဲသားရယ္ မမႀကီးက သားကိုဒီေလာက္ေတာင္ခ်စ္တာ"
"ဘယ္ေလာက္ပဲခ်စ္ခ်စ္ မႀကိဳက္တာလုပ္မိရင္ေတာ့ ျပႆနာျဖစ္မွာပဲေလ"
အန္တီႏွင္းကရယ္လိုက္ကာ သူ႔လက္ထဲကိုသံပုရာရည္ခြက္ေလးထၫ့္ေပးၿပီး သူ႔ေခါင္းကို ဖြဖြပုတ္သည္။
သူ မရယ္မႃပံုးဘဲ သံပုရာရည္ကို တစ္က်ိဳက္ေသာက္လိုက္ၿပီး အိတ္ထဲကပစၥည္းတစ္ခ်ိဳ႕ကိုထုတ္ယူလိုက္သည္။
"ဘာေတြလဲ သိမ္းဖို႔က်န္တာေတြလား အန္တီႏွင္းသိမ္းေပးမယ္ေလ"
"မဟုတ္ပါဘူး အိမ္ကလူေတြကိုေပးဖို႔ပါ ပစၥည္းေတြမွာနာမည္ေတြေရးထားတယ္ အန္တီႏွင္းျပန္ရင္တစ္ေယာက္ခ်င္းစီဝင္ေပးသြားလိုက္ေပါ့"
"အျပန္လက္ေဆာင္ေတြေပါ့"
"ဟုတ္ပါတယ္ဗ်ာ ဒါကအန္တီႏွင္းဖို႔.. ဒါကျမဴ႔ဖို႔.."
ျမဴ႔အတြက္ဝယ္လာေသာပစၥည္းဘူးေလးကို အန္တီႏွင္းလက္ထဲထၫ့္ၿပီးမွ ကိုယ္တိုင္ေပးဖို႔စိတ္ကူးေပါက္သြားကာ ျပန္ယူလိုက္သည္။
"ျမဴ႔ကို ကၽြန္ေတာ္ကိုယ္တိုင္ပဲေပးလိုက္မယ္ သူျပန္ေရာက္ေတာ့မွာလား"
အန္တီႏွင္းက နာရီကိုတစ္ခ်က္လွမ္းၾကၫ့္ကာ ေခါင္းညိတ္ျပသည္။
"ေစာေစာကဖုန္းဆက္တယ္ ရံုးကိုေရာက္ေနၿပီတဲ့ ခဏေနေရာက္မယ္ေျပာတယ္"
"အခုေတာင္၉နာရီထိုးေတာ့မယ္ သူကခါတိုင္းလည္းအဲ့လိုေတြပဲသြားလာေနတာလား"
"ဒီတစ္ခါပါပဲ အရင္ကမျဖစ္ဖူးပါဘူး သားရယ္ ခရီးထြက္ရရင္လည္း အလုပ္ၿပီးတဲ့ေနာက္ရက္မွေအးေအးေဆးေဆးျပန္လာတာ သူလုပ္စရာရိွရင္ေတာ့ အခ်ိန္မေရြးထလုပ္ေတာ့တာပဲ အန္တီႏွင္းလည္းမႏိုင္ဘူး"
သူမနဲ႔ေအးေအးေဆးေဆးေတြ့ခ်င္ေသးတာမို႔ သူမေနာက္က်ေနလည္းအဆင္ေျပသည္။
အိမ္ကလူေတြ မသိေလပိုေကာင္းေလ။
တခ်ိဳ႕သူေတြသိလို႔မျဖစ္သၫ့္အရာတခ်ိဳ႕ သူ႔ဆီမွာရိွေနေသာေၾကာင့္ ျဖစ္သည္။
သို႔ေသာ္ ထိုအရာေတြက သူမ သိရမၫ့္အေၾကာင္းအရာေတြ…
〰〰📑📑📑〰〰
တကယ္တမ္းကားသံၾကားလိုက္ေတာ့ ၁၀နာရီထိုးေတာ့မွာမို႔ မိန္းကေလးျဖစ္ၿပီးဒီအခ်ိန္ထိမေၾကာက္မရြံ႔သြားလာရသလား ဟု စိတ္တိုသြားသည္။
စကားတစ္ခြန္းႏွစ္ခြန္းေလာက္ေျပာသံၾကားလိုက္ၿပီး အျဖဴေရာင္အရိပ္ကေလးတစ္ခုသည္ ကြန္ပ်ူတာတစ္လံုးပိုက္ကာ အိမ္ထဲဝင္သြားေလသည္။
ခဏၾကာမွာေတာ့ ကြန္ပ်ူတာမပါဘဲ ျပန္ထြက္လာၿပီး သူထိုင္ေနေသာ ပန္းႃခံုေလးဘက္ေလ်ွာက္လာတာေတြ့ရသည္။
သူမက အျဖဴေရာင္ရွပ္လက္ရွည္ႏွင့္ဂ်င္းေဘာင္းဘီဝတ္ထားကာ ၫွပ္ဖိနပ္ျဖင့္ ရိုးရိုးရွင္းရွင္းလွေနသည္။
ႏုမြတ္ေနေသာမ်က္ႏွာေလးက ခၽြေးေတျြပန္ေနကာ ပင္ပန္းေနပံုေပၚေပမယ့္ အလုပ္ကိစၥကိုအေသးစိပ္ကိုစီစဥ္ၫႊန္ၾကားေနသည္။
ဖုန္းေျပာရင္းဆက္ေလ်ွာက္လာတာမို႔ ဒီပန္းႃခံုနားကထိုင္ခံုမွာ သူ ရိွေနမွန္းမသိေလာက္။
ဒီေနရာကိုျဖတ္ၿပီးမွ အလုပ္သမားတန္းလ်ားကိုသြားမၫ့္ပံုမို႔ သူမကိုအိမ္မွာေခၚထားဖို႔ေျပာထားလ်က္နဲ႔ ေမေမဘာေၾကာင့္ေခၚမထားတာလဲ…
"ဟုတ္ၿပီ ေနာက္ထပ္၂ရက္ေနရင္ျပန္အေၾကာင္းၾကားမယ္ ေလာေလာဆယ္ေတာ့ေစာေစာက ငါေျပာတဲ့အတိုင္းပဲလုပ္ထားလိုက္ၪီး"
"~~~~~"
"ဟုတ္ၿပီ ဒါပဲ"
သူမက ေနရာမွာပဲေျခစံုရပ္ကာ ဖုန္းကိုၾကၫ့္ၿပီး ဘာေတြစာရိုက္ေနသည္မသိဘဲ တစ္ကိုယ္တည္းအလုပ္ရႈပ္ေနသျဖင့္ သူစိတ္မရွည္ေတာ့။
ေနာက္ကေနဖုန္းကိုဆဲြလုပစ္လိုက္၍လန႔္သြားကာ ျပန္လွၫ့္ၾကၫ့္လာသၫ့္မ်က္ႏွာေလးက တအံ့တၾသ…
"ခမ္း"
〰〰📑📑📑〰〰
Part 3 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997