သူ မသိသောအခြားတစ်ဖက်၌

By SummerMaung

304K 9.7K 267

နင် ငါနဲ့ပဲနေရမယ်၊ နင့်ကိုငါပဲပိုင်ရမယ်••• ငါ မသိတဲ့နင့်ရဲ့တခြားတစ်ဖက်မှာ ဘာတွေပဲရှိနေ ရှိနေ ငါမသိချင်ဘူး... More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18 & photo
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38 (ဇာတ်သိမ်းပိုင်း)

1

33.3K 494 10
By SummerMaung

သူ မသိသောအခြားတစ်ဖက်၌ ( Part - 1 )
〰〰〰〰〰

I like a bridge
Any kind of bridge at all
A great steel bridge
With towers stiff and tall
An old covered bridge
That spans a waterfall
A hewn-stone bridge
With its rugged floor and wall
A railroad bridge
Where freight trains slowly crawl
A wooden bridge
A cement bridge
Whether big or small
Yes, I like a bridge
Just any kind of bridge at all

James S.Tippet ရဲ့ကဗျာလေးကိုနှစ်ယောက်သားအတူဖတ်ကြရင်း ကဗျာလေးအဆုံးမှာ မြူက အရင်ပြုံးသည်။
သူကတော့ ချောချောမွေ့မွေ့မဆိုနိုင်သေး၍ ပြုံးနေသည့်မြူ့ကို မျက်မှောင်ကုပ်ကြည့်ကာ…

"ဘာရယ်တာလဲ ကဗျာက လျှာတော့အတော်ခလုပ်တိုက်တယ်"

"ကဗျာကိုကဗျာလိုဆိုလေ ခမ်းရဲ့ စာလိုကျက်နေရင်တော့ ခလုပ်တိုက်မှာပေါ့"

"ပြောစမ်းပါ နင်ပြုံးလိုက်တဲ့ကိစ္စ"

ခမ်းဟာ အမြဲလိုအထက်စည်းကစကားပြောတတ်သူဖြစ်ပေမယ့် ၁၅နှစ်ဆိုသည့်အရွယ်မှာပင် သြရှသည့်အသံကိုပိုင်ဆိုင်သူ။
သူ့အသံကိုကြားလိုက်သည်နှင့် မြူဟာ အမိန့်တစ်ခုလို ခေါင်းညိတ်ရစမြဲ။

"တံတားအကြောင်း ရေးထားတယ်ဆိုပေမယ့် တံတားဆိုတာမျိုးက ပေါင်းစည်းပေးတဲ့သဘောတရားပဲမလား တစ်နည်းပြောရရင် ကိုယ်ကူညီလိုက်လို့ တစ်ဖက်လူအဆင်ပြေသွားတာမျိုးလို့ ငါထင်တယ်"

"အဲ့ဒီတော့"

"အဲ့ဒီတော့ ကိုယ်ကူညီလိုက်လို့ တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေသွားတာ ကိုယ့်ရဲ့အနစ်နာခံမှုကြောင့် လိုရာခရီးကိုရောက်သွားတာမျိုးကို သဘောကျတဲ့အကြောင်း လို့ထင်တယ်"

"အဲ့လိုမှမပါဘဲ ဒါကတံတားအကြောင်းသပ်သပ်ပဲ"

နည်းနည်းလေးမှ မနူးညံ့တတ်သည့်ခမ်းက မျက်မှောင်ကုပ်ပြီး ကန့်လန့်စကားဆိုတော့ မြူ ပြုံးရုံသာပြုံးပြီး ထိုကဗျာလေးကို အလွတ်ချရေးဖို့ပြင်သည်။

"အဲ့ဒါကနင့်အထင်လေ ခမ်းရယ် ကူညီတဲ့အကြောင်းဆိုတာလည်း ငါ့အထင်ပဲဥစ္စာ"

"ထားပါ နင့်အတွေးအခေါ်လည်းမဆိုးပါဘူး"

မြူခေါင်းလေးညိတ်ပြီး ကဗျာကိုစာအုပ်ထဲကူးရေးကာ refers toအတွက်မှတ်စုလေးတွေထုတ်နေမိ၏။
ခမ်းကတော့ အစကတည်းက အင်္ဂလိပ်စာတော်ပြီးသားမို့ မြူ့လိုလုပ်စရာမလိုဘဲ ကဗျာကိုသာနောက်တစ်ခေါက်ထပ်ဖတ်ကြည့်နေ၏။
ဒီနှစ်၁၀တန်းသည် နှစ်ချင်းပေါက်အောင်ရမည့်အပြင် ဂုဏ်ထူးတွေလည်းမျှော်လင့်ထားသည်ကိုး...

"အဲ့ဒါထားလိုက် Bioလုပ်မယ် စာအုပ်ထုတ်"

"အဲ့ဒါက မနက်ကကျက်ထားတာလေ"

"အခုပြန်လုပ်ချင်တယ် Engစာလုပ်ရမှာပျင်းလို့"

မြူစိတ်ညစ်သွားမိပေမယ့် မလှမ်းမကမ်းမှာ ခမ်းရဲ့အင်္ကျီတွေကို မီးပူတိုက်နေသည့်အမေက မြူ့ကိုတစ်ချက်လှမ်းကြည့်သည်။
မြူဘာမှထပ်မပြောတော့ဘဲ  Bioစာအုပ်ထုတ်လိုက်ပြီး ခမ်း စာအုန်လှန်ထားသည့် Chapterသို့ စာရွက်တွေ တဖျတ်ဖျတ်လှန်လိုက်သည်။
ဒါဟာ မြူ့ဘဝပါ…
ခမ်း ဘာပြောပြော မြူ့မှာငြင်းခွင့်မရှိ။

〰〰📑📑📑〰〰

"မမိုက်ပါဘူး မသွားနိုင်ဘူး မေမေ"

ခမ်းက မျက်မှောင်ကုပ်ငြင်းဆန်သည့်အပြင် အနီးနားမှာရှိသော ပန်းအိုးကိုကောက်ကာ နံရံကိုလှမ်းပစ်လိုက်သည်မှာ ခွမ်းခနဲ။
ဒီအကြောင်းပြောလာကတည်းက ခမ်းတို့ပြဿနာဖြစ်တော့မည်မှန်း မြူသိနေခဲ့ကာ ခမ်းရဲ့ဒေါသကိုကြောက်သည်။
တစ်စစီပဲ့နေသော ပန်းအိုးလေးကိုကြည့်ကာ ပြေးသိမ်းလိုက်ရမလား မသဲကွဲ…

"မင်းခမ်းနား"

"မသွားဘူး မေမေကြိုက်တာလုပ် ကျွန်တော်လည်း ကိုယ်ကြိုက်တာပဲကိုယ်လုပ်မှာ"

သားအမိနှစ်ယောက် စကားအခြေအတင်ဖြစ်လာတော့ အန်တီခေတ်သည် ဒေါသဖြစ်လာသလို ခမ်းကလည်းစိတ်မလျှော့။
ခမ်းကဒေါသကြီးသည့်နေရာမှာတော့ အန်တီခေတ်နဲ့တူတာမို့ သားအမိနှစ်ယောက်ရဲ့ဒေါသမုန်တိုင်းသည်…

"မင်းက ငါ့ကိုမင်းအဖေမရှိတော့တာနဲ့လေးစားစရာမလိုဘူးလို့ သတ်မှတ်လိုက်တာလား မင်းခမ်းနား"

ခမ်း ကျွတ်ခနဲဖြစ်သွားကာ မျက်လုံးတွေဖိပိတ်ပစ်ပြီး ဆတ်ခနဲခေါင်းခါပစ်သည်။
အန်တီခေတ်ရဲ့မျက်နှာက တင်းမာထားရာမှ ဝမ်းနည်းသွားသလို မျက်ရည်တွေစီးကျလာပြီး ခမ်းကိုကျောခိုင်းပစ်၏။

"မေမေ"

"မခေါ်နဲ့ မင်းက ငါ့ကိုလေးစားစရာလို့ မသတ်မှတ်တဲ့သားမျိုး"

ခမ်းမျက်နှာ အေးစက်မာကြောနေရာမှ တစ်ထစ်လျော့သွားပြီး အန်တီခေတ်အနားကိုရောက်သွားပြီး အန်တီခေတ်ရဲ့ပခုံးလေးကိုဖက်သည်။

"ကျွန်တော် သွားပါ့မယ် ကျွန်တော့်ကိုအဲ့လိုတော့မပြောပါနဲ့"

ခမ်းဘက်ကအလျှော့ပေးစကား ထွက်လာမှ အန်တီခေတ်က မျက်ရည်တွေသုတ်ပြီးခေါင်းညိတ်ပြသည်။
ဘယ်လိုပဲဆိုဆို ခမ်းဟာ အန်တီခေတ်ကို ချစ်ကြောက်ရိုသေသား…

"မြူ ဒီကိုလာ"

တံခါးအကွယ်မှာရပ်နေသည့်မြူ့ကို လှမ်းခေါ်တော့ မြူခါးလေးညွှတ်ကာ အန်တီခေတ်နှင့်ခမ်း ရှေ့ကိုရောက်သွား၏။

"မြူ့အမှတ်တွေကောင်းတယ် မေမေ ပြီးတော့UFLအမှတ်လည်းမှီတယ် မြူ့ကိုအဲ့ဒီမှာကျောင်းထားပေးပါ ဒါဆိုမေမေပြောတဲ့အတိုင်း UKကို ကျွန်တော်သွားမယ်"

မြူ မဝံ့မရဲခေါင်းလေးမော့ကာ အန်တီခေတ်ကိုကြည့်မိတော့ အန်တီခေတ်က တစ်ခုခုကိုစဥ်းစားနေသလို ချက်ချင်းစကားမပြန်။
ပြီးမှ လေးလေးနက်နက်ခေါင်းညိတ်လိုက်ပြီး...

"ဂျပန်စာကိုသဘောကျလား မြူ"

"တရုတ်စာကို ပိုသင်စေချင်တယ် မေမေ့ရဲ့လုပ်ငန်းထဲမှာ စင်္ကာပူအခြေစိုက်ကုမ္ပဏီတွေပါတော့ တရုတ်စကားသင်တာက ပိုအဆင်ပြေမယ်ထင်တယ် နင်ရောဘယ်လိုလဲ မြူ"

"သမီးလည်း တရုတ်စာကိုပိုသင်ချင်ပါတယ် အန်တီ"

ခမ်းရဲ့စကား၊ ခမ်းရဲ့ဆန္ဒကို မြူမလွန်ဆန်ရဲသလို ငြင်းလည်းမငြင်းချင်ပါ။
မြူ့စကားကြောင့် အန်တီခေတ်က မြူ့ကိုပြုံးလျက်ခေါင်းညိတ်ပြပြီး ခမ်းမျက်နှာကိုမော့ကြည့်သည်။

ဒါဟာ မြူ့ကိုUFLထားပေးတော့မည့် ဆုံးဖြတ်ချက်သာ ဖြစ်၏။
မြူကတော့ သားအမိနှစ်ယောက်ဆီကအတည်ပြုချက်ရပြီမို့ ကို မဝံ့မရဲသလိုကြည့်ပြီး အခန်းထဲကပြန်ထွက်လာခဲ့သည်။

မြူဖြစ်ချင်ခဲ့တာက ကျောင်းဆရာမ…
မြူ့အမှတ်ဟာလည်း ပညာရေးတက္ကသိုလ်သို့ မှီနိုင်သည့်အမှတ်ဖြစ်ပေမယ့် မသွားနိုင်သည်က ခမ်းရဲ့ဒေါသကိုကြောက်ရပြီး မြူတို့သားအမိကိုထွက်သွားခွင့်မပေးချင်သည့် အန်တီခေတ်ကြောင့်လည်းဖြစ်သည်။
မြူသာ ထိုသားအမိရဲ့လောင်းရိပ်အောက်မှ ရုန်းမထွက်နိုင်ခဲ့သော ခပ်ညံ့ညံ့မိန်းမမျိုးသာဖြစ်ပါ၏။

"ဘာတဲ့လဲ သမီး"

"UFLပဲတက်တော့မယ် အမေ"

"သမီးပညာရေးတက္ကသိုလ်တက်ချင်တယ်ဆို"

"အဲ့ဒါထက် ခမ်းကပိုပြီးအရေးကြီးတယ်"

အမေက စိုးရိမ်သွားသလို တစ်ချက်မျက်နှာပျက်သွားပေမယ့် ဘာမှမပြောတော့ဘဲ ငြိမ်သက်သွား၏။
မြူ့ဘဝမှာ ခမ်းလောက် ဘာမှအရေးမပါမှန်း အမေသိသွား၍လား.....

သို့သော် ခမ်းကတော့ မြူရန်ကုန်ကိုရောက်ပြီးတစ်ပတ်အကြာမှာ UKကိုထွက်သွားခဲ့ကာ ဖုန်းအဆက်အသွယ်လောက်သာရှိတော့၏။
အကယ်၍ သူပြန်လာခဲ့ရင်တော့ မြူဟာ သူ့အနီးကပ်လူအဖြစ် အမှုထမ်းရဦးမှာသေချာသည်။

မင်းခမ်းနားကို ခစားဖို့ မြူဟာလူဖြစ်ခဲ့သည်ဟုဆိုနိုင်သောကြောင့်…

〰〰📑📑📑〰〰

🔸🔸 ၅နှစ်ခန့်ကြာပြီးနောက် 🔸🔸

ဆိုဒ်ထဲမှာအလုပ်ကိစ္စစကားပြောနေဆဲမှာ စူးစူးရှရှမြည်လာသည့်ဖုန်းသံကြောင့် မြူစိတ်တိုသွားပြီး အိတ်ထဲကနေထုတ်ကြည့်လိုက်သည်။
Khannဟု အတိုကောက်မှတ်ထားသည့် +44ဖြင့်စသည့် overseaနံပါတ်တစ်ခုမို့ ရင်ထဲဒိတ်ခနဲဖြစ်သွားပြီး ဖုန်းကိုချက်ချင်းကိုင်လိုက်သည်။

"ဟဲလို"

"ဒီတစ်ပတ်ထဲငါပြန်ရောက်မယ် မြူ"

"ဟယ်!! တကယ်လား"

"အေး"

"ဒါပေမယ့်ငါအိမ်မှာမရှိဘူး ခမ်း ဘယ်နေ့လောက်ပြန်ရောက်မလဲဟင် အဲ့နေ့ကိုအရောက်ပြန်လာခဲ့မယ်လေ"

"စနေနေ့ညနေခင်းမှာ ပြန်ရောက်မယ်"

သူ မမြင်မှန်းသိပေမယ့် မြူခေါင်းလေးညိတ်ကာ ပျော်နေမိသည်။
ခမ်းဟာမြူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သလို မတွေ့ရတာလည်း ၅နှစ်လောက်ကြာခဲ့ပြီမို့ ပြန်ဆုံချင်ကာ သူဘာတွေပြောင်းလဲသွားမလဲဟုလည်း သိချင်နေမိ၏။

"တစ်ခုတော့ ကြိုပြောထားမယ် မြူနှင်းလွှာ"

တစ်ခါတစ်လေ ခမ်းက ထိုသို့နာမည်အပြည့်အစုံခေါ်တတ်ပြီး ထိုတစ်ခါတစ်လေတိုင်းမှာလည်း မြူ့ကို သူကခြိမ်းခြောက်တတ်လေသည်။

"ပြောပါရှင့်"

"ငါပြန်လာတဲ့နေ့ နင့်ကိုမတွေ့ရရင် နင်မလွယ်ဘူးသာမှတ်"

မြူ အသံလေးထွက်အောင်ရယ်ရင်း ခေါင်းထပ်ညိတ်မိပြန်သည်။
သူ ဘာမှမပြောင်းလဲသေးပါလား…

"နည်းနည်းနောက်ကျသွားရင်တော့ ခွင့်လွှတ်ရမယ်နော် ငါရောက်အောင်ပြန်လာခဲ့မယ် စိတ်သာချ"

"ပြီးရော ငါနင့်ကိုတွေ့ချင်တယ်"

"အေးပါ နင် တစ်ယောက်တည်းလား"

"မဆိုင်တာတွေကိုစိတ်မဝင်စားစမ်းနဲ့ မြူ.. ငါပြန်ရောက်ရင်သာ နင်ရှိနေပါစေ ဒါပဲ"

〰〰📑📑📑〰〰

Part 2ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

သူ မသိေသာအျခားတစ္ဖက္၌ ( Part - 1 )
〰〰〰〰〰

I like a bridge
Any kind of bridge at all
A great steel bridge
With towers stiff and tall
An old covered bridge
That spans a waterfall
A hewn-stone bridge
With its rugged floor and wall
A railroad bridge
Where freight trains slowly crawl
A wooden bridge
A cement bridge
Whether big or small
Yes, I like a bridge
Just any kind of bridge at all

James S.Tippet ရဲ့ကဗ်ာေလးကိုႏွစ္ေယာက္သားအတူဖတ္ၾကရင္း ကဗ်ာေလးအဆံုးမွာ ျမဴက အရင္ႃပံုးသည္။
သူကေတာ့ ေခ်ာေခ်ာေမြ့ေမြ့မဆိုႏိုင္ေသး၍ ႃပံုးေနသၫ့္ျမဴ႔ကို မ်က္ေမွာင္ကုပ္ၾကၫ့္ကာ…

"ဘာရယ္တာလဲ ကဗ်ာက လ်ွာေတာ့အေတာ္ခလုပ္တိုက္တယ္"

"ကဗ်ာကိုကဗ်ာလိုဆိုေလ ခမ္းရဲ့ စာလိုက်က္ေနရင္ေတာ့ ခလုပ္တိုက္မွာေပါ့"

"ေျပာစမ္းပါ နင္ႃပံုးလိုက္တဲ့ကိစၥ"

ခမ္းဟာ အၿမဲလိုအထက္စည္းကစကားေျပာတတ္သူျဖစ္ေပမယ့္ ၁၅ႏွစ္ဆိုသၫ့္အရြယ္မွာပင္ ၾသရွသၫ့္အသံကိုပိုင္ဆိုင္သူ။
သူ႔အသံကိုၾကားလိုက္သည္ႏွင့္ ျမဴဟာ အမိန္႔တစ္ခုလို ေခါင္းညိတ္ရစၿမဲ။

"တံတားအေၾကာင္း ေရးထားတယ္ဆိုေပမယ့္ တံတားဆိုတာမ်ိဳးက ေပါင္းစည္းေပးတဲ့သေဘာတရားပဲမလား တစ္နည္းေျပာရရင္ ကိုယ္ကူညီလိုက္လို႔ တစ္ဖက္လူအဆင္ေျပသြားတာမ်ိဳးလို႔ ငါထင္တယ္"

"အဲ့ဒီေတာ့"

"အဲ့ဒီေတာ့ ကိုယ္ကူညီလိုက္လို႔ တစ္ေယာက္နဲ႔တစ္ေယာက္အဆင္ေျပသြားတာ ကိုယ့္ရဲ့အနစ္နာခံမႈေၾကာင့္ လိုရာခရီးကိုေရာက္သြားတာမ်ိဳးကို သေဘာက်တဲ့အေၾကာင္း လို႔ထင္တယ္"

"အဲ့လိုမွမပါဘဲ ဒါကတံတားအေၾကာင္းသပ္သပ္ပဲ"

နည္းနည္းေလးမွ မႏူးညံ့တတ္သၫ့္ခမ္းက မ်က္ေမွာင္ကုပ္ၿပီး ကန႔္လန႔္စကားဆိုေတာ့ ျမဴ ႃပံုးရံုသာႃပံုးၿပီး ထိုကဗ်ာေလးကို အလြတ္ခ်ေရးဖို႔ျပင္သည္။

"အဲ့ဒါကနင့္အထင္ေလ ခမ္းရယ္ ကူညီတဲ့အေၾကာင္းဆိုတာလည္း ငါ့အထင္ပဲဥစၥာ"

"ထားပါ နင့္အေတြးအေခၚလည္းမဆိုးပါဘူး"

ျမဴေခါင္းေလးညိတ္ၿပီး ကဗ်ာကိုစာအုပ္ထဲကူးေရးကာ refers toအတြက္မွတ္စုေလးေတြထုတ္ေနမိ၏။
ခမ္းကေတာ့ အစကတည္းက အဂၤလိပ္စာေတာ္ၿပီးသားမို႔ ျမဴ႔လိုလုပ္စရာမလိုဘဲ ကဗ်ာကိုသာေနာက္တစ္ေခါက္ထပ္ဖတ္ၾကၫ့္ေန၏။
ဒီႏွစ္၁၀တန္းသည္ ႏွစ္ခ်င္းေပါက္ေအာင္ရမၫ့္အျပင္ ဂုဏ္ထူးေတြလည္းေမ်ွာ္လင့္ထားသည္ကိုး...

"အဲ့ဒါထားလိုက္ Bioလုပ္မယ္ စာအုပ္ထုတ္"

"အဲ့ဒါက မနက္ကက်က္ထားတာေလ"

"အခုျပန္လုပ္ခ်င္တယ္ Engစာလုပ္ရမွာပ်င္းလို႔"

ျမဴစိတ္ညစ္သြားမိေပမယ့္ မလွမ္းမကမ္းမွာ ခမ္းရဲ့အက်ႌေတြကို မီးပူတိုက္ေနသၫ့္အေမက ျမဴ႔ကိုတစ္ခ်က္လွမ္းၾကၫ့္သည္။
ျမဴဘာမွထပ္မေျပာေတာ့ဘဲ  Bioစာအုပ္ထုတ္လိုက္ၿပီး ခမ္း စာအုန္လွန္ထားသၫ့္ Chapterသို႔ စာရြက္ေတြ တဖ်တ္ဖ်တ္လွန္လိုက္သည္။
ဒါဟာ ျမဴ႔ဘဝပါ…
ခမ္း ဘာေျပာေျပာ ျမဴ႔မွာျငင္းခြင့္မရိွ။

〰〰📑📑📑〰〰

"မမိုက္ပါဘူး မသြားႏိုင္ဘူး ေမေမ"

ခမ္းက မ်က္ေမွာင္ကုပ္ျငင္းဆန္သၫ့္အျပင္ အနီးနားမွာရိွေသာ ပန္းအိုးကိုေကာက္ကာ နံရံကိုလွမ္းပစ္လိုက္သည္မွာ ခြမ္းခနဲ။
ဒီအေၾကာင္းေျပာလာကတည္းက ခမ္းတို႔ျပႆနာျဖစ္ေတာ့မည္မွန္း ျမဴသိေနခဲ့ကာ ခမ္းရဲ့ေဒါသကိုေၾကာက္သည္။
တစ္စစီပဲ့ေနေသာ ပန္းအိုးေလးကိုၾကၫ့္ကာ ေျပးသိမ္းလိုက္ရမလား မသဲကဲြ…

"မင္းခမ္းနား"

"မသြားဘူး ေမေမႀကိဳက္တာလုပ္ ကၽြန္ေတာ္လည္း ကိုယ္ႀကိဳက္တာပဲကိုယ္လုပ္မွာ"

သားအမိႏွစ္ေယာက္ စကားအေျခအတင္ျဖစ္လာေတာ့ အန္တီေခတ္သည္ ေဒါသျဖစ္လာသလို ခမ္းကလည္းစိတ္မေလ်ွာ့။
ခမ္းကေဒါသႀကီးသည့္ေနရာမွာေတာ့ အန္တီေခတ္နဲ႔တူတာမို႔ သားအမိႏွစ္ေယာက္ရဲ့ေဒါသမုန္တိုင္းသည္…

"မင္းက ငါ့ကိုမင္းအေဖမရိွေတာ့တာနဲ႔ေလးစားစရာမလိုဘူးလို႔ သတ္မွတ္လိုက္တာလား မင္းခမ္းနား"

ခမ္း ကၽြတ္ခနဲျဖစ္သြားကာ မ်က္လံုးေတြဖိပိတ္ပစ္ၿပီး ဆတ္ခနဲေခါင္းခါပစ္သည္။
အန္တီေခတ္ရဲ့မ်က္ႏွာက တင္းမာထားရာမွ ဝမ္းနည္းသြားသလို မ်က္ရည္ေတြစီးက်လာၿပီး ခမ္းကိုေက်ာခိုင္းပစ္၏။

"ေမေမ"

"မေခၚနဲ႔ မင္းက ငါ့ကိုေလးစားစရာလို႔ မသတ္မွတ္တဲ့သားမ်ိဳး"

ခမ္းမ်က္ႏွာ ေအးစက္မာေၾကာေနရာမွ တစ္ထစ္ေလ်ာ့သြားၿပီး အန္တီေခတ္အနားကိုေရာက္သြားၿပီး အန္တီေခတ္ရဲ့ပခံုးေလးကိုဖက္သည္။

"ကၽြန္ေတာ္ သြားပါ့မယ္ ကၽြန္ေတာ့္ကိုအဲ့လိုေတာ့မေျပာပါနဲ႔"

ခမ္းဘက္ကအေလ်ွာ့ေပးစကား ထြက္လာမွ အန္တီေခတ္က မ်က္ရည္ေတြသုတ္ၿပီးေခါင္းညိတ္ျပသည္။
ဘယ္လိုပဲဆိုဆို ခမ္းဟာ အန္တီေခတ္ကို ခ်စ္ေၾကာက္ရိုေသသား…

"ျမဴ ဒီကိုလာ"

တံခါးအကြယ္မွာရပ္ေနသၫ့္ျမဴ႔ကို လွမ္းေခၚေတာ့ ျမဴခါးေလးၫႊတ္ကာ အန္တီေခတ္ႏွင့္ခမ္း ေရ႔ွကိုေရာက္သြား၏။

"ျမဴ႔အမွတ္ေတြေကာင္းတယ္ ေမေမ ၿပီးေတာ့UFLအမွတ္လည္းမွီတယ္ ျမဴ႔ကိုအဲ့ဒီမွာေက်ာင္းထားေပးပါ ဒါဆိုေမေမေျပာတဲ့အတိုင္း UKကို ကၽြန္ေတာ္သြားမယ္"

ျမဴ မဝံ့မရဲေခါင္းေလးေမာ့ကာ အန္တီေခတ္ကိုၾကၫ့္မိေတာ့ အန္တီေခတ္က တစ္ခုခုကိုစဥ္းစားေနသလို ခ်က္ခ်င္းစကားမျပန္။
ၿပီးမွ ေလးေလးနက္နက္ေခါင္းညိတ္လိုက္ၿပီး...

"ဂ်ပန္စာကိုသေဘာက်လား ျမဴ"

"တရုတ္စာကို ပိုသင္ေစခ်င္တယ္ ေမေမ့ရဲ့လုပ္ငန္းထဲမွာ စကၤာပူအေျခစိုက္ကုမၸဏီေတြပါေတာ့ တရုတ္စကားသင္တာက ပိုအဆင္ေျပမယ္ထင္တယ္ နင္ေရာဘယ္လိုလဲ ျမဴ"

"သမီးလည္း တရုတ္စာကိုပိုသင္ခ်င္ပါတယ္ အန္တီ"

ခမ္းရဲ့စကား၊ ခမ္းရဲ့ဆႏၵကို ျမဴမလြန္ဆန္ရဲသလို ျငင္းလည္းမျငင္းခ်င္ပါ။
ျမဴ႔စကားေၾကာင့္ အန္တီေခတ္က ျမဴ႔ကိုႃပံုးလ်က္ေခါင္းညိတ္ျပၿပီး ခမ္းမ်က္ႏွာကိုေမာ့ၾကၫ့္သည္။

ဒါဟာ ျမဴ႔ကိုUFLထားေပးေတာ့မၫ့္ ဆံုးျဖတ္ခ်က္သာ ျဖစ္၏။
ျမဴကေတာ့ သားအမိႏွစ္ေယာက္ဆီကအတည္ျပဳခ်က္ရၿပီမို႔ ကို မဝံ့မရဲသလိုၾကၫ့္ၿပီး အခန္းထဲကျပန္ထြက္လာခဲ့သည္။

ျမဴျဖစ္ခ်င္ခဲ့တာက ေက်ာင္းဆရာမ…
ျမဴ႔အမွတ္ဟာလည္း ပညာေရးတကၠသိုလ္သို႔ မွီႏိုင္သၫ့္အမွတ္ျဖစ္ေပမယ့္ မသြားႏိုင္သည္က ခမ္းရဲ့ေဒါသကိုေၾကာက္ရၿပီး ျမဴတို႔သားအမိကိုထြက္သြားခြင့္မေပးခ်င္သၫ့္ အန္တီေခတ္ေၾကာင့္လည္းျဖစ္သည္။
ျမဴသာ ထိုသားအမိရဲ့ေလာင္းရိပ္ေအာက္မွ ရုန္းမထြက္ႏိုင္ခဲ့ေသာ ခပ္ညံ့ညံ့မိန္းမမ်ိဳးသာျဖစ္ပါ၏။

"ဘာတဲ့လဲ သမီး"

"UFLပဲတက္ေတာ့မယ္ အေမ"

"သမီးပညာေရးတကၠသိုလ္တက္ခ်င္တယ္ဆို"

"အဲ့ဒါထက္ ခမ္းကပိုၿပီးအေရးႀကီးတယ္"

အေမက စိုးရိမ္သြားသလို တစ္ခ်က္မ်က္ႏွာပ်က္သြားေပမယ့္ ဘာမွမေျပာေတာ့ဘဲ ၿငိမ္သက္သြား၏။
ျမဴ႔ဘဝမွာ ခမ္းေလာက္ ဘာမွအေရးမပါမွန္း အေမသိသြား၍လား.....

သို႔ေသာ္ ခမ္းကေတာ့ ျမဴရန္ကုန္ကိုေရာက္ၿပီးတစ္ပတ္အၾကာမွာ UKကိုထြက္သြားခဲ့ကာ ဖုန္းအဆက္အသြယ္ေလာက္သာရိွေတာ့၏။
အကယ္၍ သူျပန္လာခဲ့ရင္ေတာ့ ျမဴဟာ သူ႔အနီးကပ္လူအျဖစ္ အမႈထမ္းရဦးမွာေသခ်ာသည္။

မင္းခမ္းနားကို ခစားဖို႔ ျမဴဟာလူျဖစ္ခဲ့သည္ဟုဆိုႏိုင္ေသာေၾကာင့္…

〰〰📑📑📑〰〰

🔸🔸 ၅ႏွစ္ခန႔္ၾကာၿပီးေနာက္ 🔸🔸

ဆိုဒ္ထဲမွာအလုပ္ကိစၥစကားေျပာေနဆဲမွာ စူးစူးရွရျွမည္လာသၫ့္ဖုန္းသံေၾကာင့္ ျမဴစိတ္တိုသြားၿပီး အိတ္ထဲကေနထုတ္ၾကၫ့္လိုက္သည္။
Khannဟု အတိုေကာက္မွတ္ထားသၫ့္ +44ျဖင့္စသၫ့္ overseaနံပါတ္တစ္ခုမို႔ ရင္ထဲဒိတ္ခနဲျဖစ္သြားၿပီး ဖုန္းကိုခ်က္ခ်င္းကိုင္လိုက္သည္။

"ဟဲလို"

"ဒီတစ္ပတ္ထဲငါျပန္ေရာက္မယ္ ျမဴ"

"ဟယ္!! တကယ္လား"

"ေအး"

"ဒါေပမယ့္ငါအိမ္မွာမရိွဘူး ခမ္း ဘယ္ေန့ေလာက္ျပန္ေရာက္မလဲဟင္ အဲ့ေန့ကိုအေရာက္ျပန္လာခဲ့မယ္ေလ"

"စေနေန့ညေနခင္းမွာ ျပန္ေရာက္မယ္"

သူ မျမင္မွန္းသိေပမယ့္ ျမဴေခါင္းေလးညိတ္ကာ ေပ်ာ္ေနမိသည္။
ခမ္းဟာျမဴ႔ရဲ့အခ်စ္ဆံုးသူငယ္ခ်င္းလည္းျဖစ္သလို မေတြ့ရတာလည္း ၅ႏွစ္ေလာက္ၾကာခဲ့ၿပီမို႔ ျပန္ဆံုခ်င္ကာ သူဘာေတြေျပာင္းလဲသြားမလဲဟုလည္း သိခ်င္ေနမိ၏။

"တစ္ခုေတာ့ ႀကိဳေျပာထားမယ္ ျမဴႏွင္းလႊာ"

တစ္ခါတစ္ေလ ခမ္းက ထိုသို႔နာမည္အျပၫ့္အစံုေခၚတတ္ၿပီး ထိုတစ္ခါတစ္ေလတိုင္းမွာလည္း ျမဴ႔ကို သူကၿခိမ္းေျခာက္တတ္ေလသည္။

"ေျပာပါရွင့္"

"ငါျပန္လာတဲ့ေန့ နင့္ကိုမေတြ့ရရင္ နင္မလြယ္ဘူးသာမွတ္"

ျမဴ အသံေလးထြက္ေအာင္ရယ္ရင္း ေခါင္းထပ္ညိတ္မိျပန္သည္။
သူ ဘာမွမေျပာင္းလဲေသးပါလား…

"နည္းနည္းေနာက္က်သြားရင္ေတာ့ ခြင့္လႊတ္ရမယ္ေနာ္ ငါေရာက္ေအာင္ျပန္လာခဲ့မယ္ စိတ္သာခ်"

"ၿပီးေရာ ငါနင့္ကိုေတြ့ခ်င္တယ္"

"ေအးပါ နင္ တစ္ေယာက္တည္းလား"

"မဆိုင္တာေတြကိုစိတ္မဝင္စားစမ္းနဲ႔ ျမဴ.. ငါျပန္ေရာက္ရင္သာ နင္ရိွေနပါေစ ဒါပဲ"

〰〰📑📑📑〰〰

Part 2ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

645K 54K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
666K 14.1K 40
"You know, baby girl is my nickname for Garcia, but you know who calls you that?" "Reid does." *For reference age regression is not a kink nor shoul...
836K 85.2K 30
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
893K 36.6K 21
A trip to Fiji with her dismissive boyfriend and his alluring mother lands Valentina into the most unexpected romance of her lifetime. ...