Start with Heart And End with...
Por frozenmanobannca
126K 10.2K 1.5K
နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်... Más
Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
19 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞
27 💞
2.6K 244 36
Por frozenmanobannca
အပုိင်း ၂၇
မနက်ခင်း အလုပ်သမားတွေနဲ့ အင်ဂျင်နီယာတွေရောက်လာပြီး မြေကော်စက်တွေနဲ့အတူ မြေညှိခြင်းလုပ်ငန်းစတင်ကြလေသည်။
အမှန်တော့ ဒီအလုပ်တွေက ဇင်ယော်တို့နဲ့မသက်ဆိုင်ပေမယ့်လည်း
ဒီလုပ်ငန်းခွင်က ကိုယ့်ကို အပ်ခဲ့တာဆိုတော့လည်း တာဝန်အရ ကြည့်ပေးရတာပေါ့...
နောက်ပိုင်း အင်ဂျင်နီယာ တွေက အလုပ်သမားတွေကို ခိုင်းပြီး
တာဝန်တွေချနေကြတာမို့  ဇင်ယော်နဲ့ဝင့်လွှာလည်း ဘန်ဂလိုဆီပြန်လာခဲ့ကြသည်။
"တောင် တောင် "
messenger ကနေတက်လာတဲ့ noti ကြောင့် ဘေးနားက ဝင့်လွှာမက မျက်စောင်း တထိုးထိုး...
စာရိုက်နေရင်း ပြုံးဖြီးနေတဲ့ ဇင်ယော့်ကို
"အတွဲတွေများ မြင်လို့ကို  မကောင်းဘူး "
"ပါးစပ်လေးပိတ်ပြီး ကိုယ့်ဖာဘာစားစရာရှိတာ စားစမ်းပါ ကုန်သွားရင် ပဲလှော်ဝါးနေလိုက် "
လက်ဖက်သုတ်စားရင်း လူကို ခလုတ်လာတိုက်နေတဲ့ ဝင့်လွှာမအား ဘေးနားက ပဲလှော်ထုတ်အား ဖုန်းဆီက အကြည့်မခွာပဲ လက်ထဲထိုးထဲ့နေတဲ့ ဇင်ယော့်ကြောင့် ဇင်ယော့်လက်ထဲက ဖုန်းလေးဟာ ဝင့်လွှာရဲ့ လက်ထဲရောက်ရှိသွားလေသည်။
"ya. ..ပြန်ပေးဟာ "
"မပေးဘူး ဘာဖြစ်ချင်လဲ "
"နင်သေပြီမှတိ "
လျှာထုတ်ပြီးပြောင်ပြနေတဲ့ ဝင့်လွှာမနောက်ကို နောက်ကလိုက်ဖမ်းတော့ ဝင့်လွှာမလည်း ပတ်ပြေးလေသည်။ ပတ်ပြေးတာက ကိစ္စမရှိ
ဖုန်းလေးကျကွဲသွားမှ ဇင်ယော့်နှလုံးသားလေးကွဲရချည်ရဲ့..
"အမယ်လေး မောတာ"
"အဲ့ဒါနင်စတဲ့ဇာတ်လမ်းလေ "
လက်နဲ့ ယပ်ခတ်ကာ အမောဖြေနေသည့် ဝင့်လွှာမအား မျက်စောင်းတစ်ချက်ထိုးလိုက်တော့ သူက မဲ့ရွဲ့ပြလေသည်။
"ဟဲ့ နင်တို့ဟာကလည်း ကြည့်အုံးလေ တစ်နေကုန်တစ်နေခမ်း
ဖုန်းနဲ့မျက်နှာမခွာဘူး တစ်ချိန်လုံး တစ်တောင်တောင်နဲ့ နားကြားပြင်းကို ကပ်လို့"
"နားကြားပြင်းကပ်ရင် နားပိတ်ထားလိုက် ဒါမှမဟုတ် ရည်းစားထားလိုက် "
"ငါကတော့ တစ်ခါနာဖူးတဲ့လူမို့ အဲ့အရာကို ထပ်မစမ်းတော့တာ
"
မမနွေကိစ္စကို သတိရသွားဟန်တူပါရဲ့..မျက်နှာလေးကို မကောင်းလို့..ဒါမျိုးကျတော့လည်း ဇင်ယော့်မှာ စိတ်မကောင်းဖြစ်ရပြန်သည်။.
"ထားပါ ဒါနဲ့ နင်နဲ့မမပိုးလည်း အခုမှ တကယ့်ကို အတွဲတွေဖြစ်သွားတော့တယ် "
"ဟင် နင်ပြောတဲ့ပုံစံက အရင်တုန်းက အတုကြီးကျလို့ "
"အော် နင်ကလည်း ငါပြောတာ အဲ့လိုမဟုတ်ဘူးလေဟာ အရင်တုန်းက ကျ နင်တို့နှစ်ယောက် Rs က အေးတိအေးစက်နဲ့ အခုတော့ တကယ့်ကို မခွဲနိုင် မခွာနိုင်လို့ "
"နင်ကလည်းဟာ ဒါကတော့ ချစ်တာကိုးလို့ "
လည်ပင်းလေးပွတ်ကာ ရှက်ဝဲဝဲနဲ့လုပ်နေတဲ့ ငှက်ကြီးဟာ ဇင်ယော်ငှက်ကနေ အချစ်ငှက်လေးဖြစ်သွားလေသညိ။
"အာ..ဒါနဲ့ ငါအခုမှသတိရတယ် နင့်ပြောဖို့မေ့နေတာ
ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆွေသားလေးက Brain tumuor ဖြစ်နေတာဟ အဲ့တာ ဒီမှာခွဲစိတ်ရင် ရာခိုင်နှုန်းနည်းလို့
ဘန်ကောက်မှာခွဲစိတ်ချင်လို့တဲ့ အဲ့တာ အလှူငွေလေးကောက်ချင်လို့ နင်တို့တွေထဲက တတ်နိုင်ရင် ထည့်ပေးပါအုန်း ငါ့ထဲမှာကျ တစ်ရာလောက်ပဲရှိလို့  "
"အော် ဟုတ်လား ရတယ်လေ group ထဲပို့ထားလိုက်လေ "
"အေးအေး "
ဒါနဲ့ဇင်ယော်လည်း group ထဲ ပြောလိုက်တော့ သူတို့လှူချင်တဲ့ ပိုက်ဆံ amount ကိုပြောထားပြီး သူတို့မိတ်ဆွေ တွေထဲလည်းပြောထားကြည့်မယ်ဆိုပြီး ဝိုင်းပြောကြလေသည်။
ဒါဆို မမနွေအတွက် စိတ်ချရလောက်ပါရဲ့..
.....
"မောင်ရယ် ရက်တွေက ရှည်လျားလိုက်တာ "
"ဟင်း...ဟုတ်ပါ့ မရယ် မောင်လည်း ပြက္ခဒိန်ကြီးကို ဆုတ်ဖြဲပြီး အချိန်တွေကျော်ဖြတ်ချင်နေပြီ "
တစ်နေ့လုံး စာတွေပို့ ညတွေဆိုလည်း ဖုန်းဆက်မပြတ်ပေမယ့်
လူအချင်းချင်း မတွေ့ရတော့ ပိုလွမ်းမိသား...
ချစ်စ ကြင်စ ဆို စက္ကန့်တိုင်းလေးမှာ ကြင်နာသူနဲ့ရှိချင်ကြတာ သဘာဝဖြစ်ပေမယ့် ချစ်တာကြာပြီဖြစ်တဲ့ ဇင်ယော့်မှာတော့ ဘယ်အချိန်မဆို မျက်လုံးလေးမှိတ်လိုက်တိုင်း မရဲ့မျက်နှာလေးက မြင်ယောင်နေကျ....အသက်ရှူလိုက်တိုင်း သူမရဲ့ကိူယ်သင်းရနံ့လေးကို လွမ်းနေကျဖြစ်နေတဲ့ ဇင်ယော့်အချစ်ရောဂါမှာ နေမြင့်လေရူးလေဆိုတဲ့ စကားအတိုင်း အရူးရင့်နေပြီထင်ရဲ့...
"နောက် ရက်နှစ်ဆယ်လောက်နေရင် မောင် မြို့ပေါ်လာစရာရှိတယ်
မ အဲ့ကျရင်တွေ့မယ်နော် "
"တကယ်လား မောင်လာမယ့်နေ့ကျရင် ကြိုပြောလေ တို့အဲ့နေ့ ကုမ္မဏီမသွားတော့ဘူး "
"ဟုတ် လျှောက်လည်ကြမယ်နော် "
"အင်း တစ်နေကုန် date တာပေါ့ "
ချစ်သူတွေဆိုတော့ ဖုန်းပြောကြတာ တစ်နာရီ နှစ်နာရီ လောက်ကြာတာ သဘာဝမလား..ဇင်ယော်တို့ကျတော့လည်း အဲ့အတိုင်းပဲပေါ့....ဘာရယ်မဟုတ် ဒီအတိုင်း စကားပြောကြရင်းကို အချိန်တွေကုန်လို့ကုန်မှန်းမသိ...မ ရဲ့တစ်နေတာအကြောင်းလေးတွေကို ပြောဖြစ်သလို ဇင်ယော့်ရဲ့တစ်နေ့တာ အကြောင်းလေးတွေကိုလည်း
ပြောကြရင်း တစ်ခါတစ်လေ အင်ဂျင်နှယာမလေးတွေနဲ့ သဝန်တိုပြီး ချော့ရတဲ့ညတွေလည်း ရှိသေးသည်။ ဒီလိုပါပဲ.... ချစ်မဝရတဲ့ ချစ်သူလေးဆိုတော့ သူ့အသံလေးကြားရမှ ကိုယ့်ရဲ့တစ်နေ့တာလေး အဆင်ပြေတာမျိုးပေါ့...
......
"ဒီ ငှက်တစ်ကောင် ဘာလုပ်နေတာလဲမသိဘူး "
ကလောဆေးရုံထဲကို ဝင်သွားတဲ့ ဇင်ယော့်ကို ဝင့်လွှာတွေ့တာ သုံးကြိမ်လောက်ရှိပြီဖြစ်သည်။ ဒီနယ်မှာ သူ့အမျိုးဆိုလို့ ရှိတာလည်းမဟုတ်..ဒါမှမဟုတ်ဟိုတစ်ခါ သူပြောတဲ့ မိတ်ဆွေဆိုတာ ဒီမှာများဆေးရုံတက်နေတာလား မသိဘူး...ဖြစ်မှာပါလေ ဒါပေမယ့် သူ့ကို
လုံးဝမတိုင်ပင်တာတော့ တကယ်စိတ်ဆိုးမိသည်။ နောက်မှ မေးကြည့်ပါအုန်းမယ်လေ..
"ဟဲ့ နင်အခုတလော ဆေးရုံဘက်မှာ အတွေ့များတယ်နော် နင့်မိတ်ဆွေဆိုတာလား ငါ့ကိုလည်း မပြောဘူး "
ဝင့်လွှာစကားကြောင့် ဇင်ယော်တစ်ယောက် တစ်ကိုယ်လုံးတောက့်ခဲသွားသလိုပင်....အကြောင်းမသိတဲ့ သူကတော့ ဒီတိုင်းမေးလိုက်တာဖြစ်ပေမယ့် အကြောင်းသိတဲ့ဇင်ယော်ကတော့ ကိုယ့်ကိုယ်ကို မလုံမလဲ...
"အေး...ဟုတ်တယ်ဟ ဟို...ဟိုတစ်ခါပြောပြတဲ့ငါ့မိတ်ဆွေသားလေးလေ အဲ့တာ ဒီမှာတင်ထားတာ"
"ဪ အာ့ဆိုနောက်တစ်ခါငါလည်းလိုက်ခဲ့မယ်လေ"
"မရဘူး! !!!"
ဇင်ယော်အော်လိုက်တဲ့ခဏ အာလူးကြော်စားနေတဲ့ဝင့်လွှာမှာ ရုတ်တရက်ကြီး လန့်ကာ အားလူးကြော်ချောင်းလေးဟာ လေထဲမှာရပ်တန့်သွားပြီး ဇင်ယော့်ကို ပြူးကြည့်လာတာမို့ ဇင်ယော့်လည်း ဟန်ကိုယ့်ဖို့ပြင်ရသည်။
"အဟမ်း....အဟမ်း....ငါပြောချင်တာက သူ့သားလေးက လူစိမ်းဆို အရမ်းကြောက်တတ်တယ်ဟ အဲ့တာနင်နဲ့ဖြစ်မှာမဟုတ်ဘူး..ကိုယ့်ဘာသာနေစမ်းပါ "
အကျီအား ခေါက်ခါ ချိတ်မှာလှန်းနေတဲ့ ဇင်ယော့်ဟာ လုံးဝမသက်ာ
စရာကောင်းများ လေးနှစ်လုံးပေါင်းလာတဲ့ ဝင့်လွှာကသိတာပေါ့..
သူလိမ်ပြီဆိုရင် မျက်နှာကြီးက နီလာပြီး မျက်လုံးချင်းဆုံအောင်
မပြောတော့ဘူး..အခုလည်းကြည့် ဟိုကြည့်ဒီကြည့်နဲ့ ဝင့်လွှာအားကျောပေးကာ အကျီခေါက်နေလေသညိ။
"အေးပါ အေးပါ ငါက ဒီတိုင်း စကားဖြစ်ပြောတာပါ နင်မလိုက်စေချင်တော့လည်း မလိုက်ပါဘူး "
ဆက်ပြောရင်လည်း ကိုယ်တော်ချော က မလိမ်တတ်လိမ်တတ်နဲ့
လိမ်အုန်းမည်။ ဒါနဲ့ ဒီကောင်နောက်တစ်ယောက်ထားနေတာတော့ မဟူတ်ဘူးမလား....သူဆေးရုံသွားတဲ့အခါကျ တိတ်တိတ်လေးလိုက်သွားကြည့်မှာပါ..နောက်တစ်ယောက်များတွေ့နေလို့ကတော့..အဟွန်း...ဇင်ယော်ငှက် မမပိုးကိုခေါ်ပြီး အမွှေးနှုတ်ခိုင်းပစ်မယ်..
...
ဒီလိုနဲ့ သုံးရက်လောက်နေတော့ အပြင်သွားမယ်ဆိုပြီး စျေးဘက်သွားတဲ့ဇင်ယော့်ကို ဝင့်လွှာလည်း မသိမသာလေးနောက်က တိတ်တိတ်လေးလိုက်ချောင်းလိုက်သည်။ စျေးထဲမှာ အသီးအနှံတွေဝယ်ပြီး တော့ ဆေးရုံထဲဝင်သွားတော့ ဝင့်လွှာလည်းတိတ်တိတ်လေးနောက်ကလိုက်ချောင်းလေသည်။
ဒါပေမယ့် ချောင်းသာချောင်းနေရတာ တကယ် လူနာမေးတဲ့အချိန် မိသွားရင်ဘယ်လိုလုပ်မယ်ဆိုပြီး ကိုယ့်ဖာဘာ ညဏ်နီ ညဏ်နက်တွေ နဲ့ ဇာတ်လမ်းကဆင်ထားရသေးတာ...
တော်ကြာသူ့ဘက်က မှန်နေပြီး ကိုယ်က လိုက်ချောင်းနေတာများသိသွားရင် ကိုယ်တော်ချောက စိတ်ဆိုးမှာလေ..အဲ့တော့ ဝင့်လွှာတို့လည်း အရင်ဆုံး ကိုယ့်အန္တရယ်ကိုယ် ကြည့်ရှောင်ထားရတာပေါ့..
ကင်ဆာအဆောင်ဘက်ဝင်သွားတဲ့ ဇင်ယော်ကြောင့် အင်း...သူပြောတာမှန်သလောက်တော့ရှိပါတယ်...ဆိုပြီး တွေးနေခိုက် ဟောခန်းထဲကနေ ထွက်လာပြီး ဇင်ယော်ကိုနှုတ်ဆက်နေတဲ့ လူတစ်ယောက်ကို အမြင်မှာတော့ ဝင့်လွှာရဲ့ ကမ္ဘာဟာ ဇောက်ထိုးကျသွားသလိုပင်..
ဦး.....သူရဲချစ်လှစွာသော ဦး...
နွေစံပယ်ဦး ဆိုတဲ့ သူတစ်ချိန်က အချစ်ကြီးချစ်ပြီးမှ ပစ်ခွာခဲ့တဲ့သူ...မမနွေလို့ ခေါ်ကြတဲ့ ဇင်ယော်တို့ အခေါ်ကို ရည်းစားဖြစ်တော့ သူ့မှာ ချစ်လွန်းလို့ ဘယ်သူနဲ့မှ မတူအောင် ဦးဆိုပြီး ခေါ်ခဲ့လို့ စကြသေးတာ..
သူရဲ့ဘဝကို တစ်နှစ်လောက် အသက်မရှိအောင် လုပ်ထားခဲ့ပြီး အခုချိန်ထိ ဒဏ်ရာဗလပွနဲ့ ထားရစ်ခဲ့တဲ့ မမနွေဟာ ဇင်ယော့်မိတ်ဆွေဆိုရင် ဒါဆိုရင် ဟိူကလေးက ဦး ကလေးပေါ့...
ပါးပြင်ကမျက်ရည်တွေ မသုတ်ဖြစ်ပဲ ငေးကြည့်နေခဲ့တဲ့
သူ့ကို သူမကလည်း မြင်သွားပုံပေါ်ရဲ့..အဝေးကနေ သူမရဲ့နှုတ်ခမ်းကနေ လွှာဆိုတဲ့ အမည်နာမလေးကို ပါးစပ်လှုပ်ရုံရည်ရွတ်လိုက်တာလေးကို ဝင့်လွှာမြင်ဖြစ်သွားသေးသည်။ အခုချိန်ထိ လှနေတုန်း လွှာ့နှလုံးသားကို လှုပ်ခတ်နိုင်တုန်းပါပဲလား ဦးရယ်..
ရင်မဆိူင်ချင်တာမို့ သူ့ရဲ့ဖြေရှင်းချက်တွေကိုလည်း မကြားချင်တာမို့ ပြေးထွက်လာခဲ့တဲ့ ဝင့်လွှာနောက်ကို ဇင်ယော်သည်လည်း အပြေးတစ်ပိုင်း လိုက်ခဲ့ရလေပြီ...
ကံတရားက ကိုယ်စီစဥ်ထားတဲ့ဇာတ်လမ်းကို မကြိုက်ဘူးထင်ပါရဲ့..မတွေ့ဖြစ်အောင် အကြိမ်ကြိမ်တားခဲ့တဲ့ လူနှစ်ယောက်ကို ပြန်တွေ့ဖြစ်အောင် စီစဥ်ပေးလိုက်တာ မလွန်လွန်းဘူးလား ကံကြမ္မာရယ်...
နှစ်ယောက်စလုံးကို နှိပ်စက်တာလည်း တော်ရောပေါ့..ခွဲချင်လည်း ပြန်မတွေ့ပေးပါနဲ့..အခုလို ပြန်တွေ့ပေးရင်တော့ သူတို့နှစ်ယောက်ပေါင်းအောင်တော့ လုပ်ပေးပါ..မဟုတ်ရင် ဇင်ယော်ကိုယ်တိုင် မရရအောင် ပေါင်းပေးရလိမ့်မယ်..
ချစ်သူနဲ့ကွေကွင်းခြင်းဒဏ် မြင်ရပေမယ့် မကြင်ရတဲ့ ဒုက္ခဟာ ဇင်ယော်ကိုယ်တိုင်ခံစားဖူးတာမို့ ဒီတစ်ခါတော့ ဇင်ယော်ဟာ ကုိယ်တိုင်လိုလားစွာဖြင့် အောင်သွယ်တော်လုပ်ပေးအုန်းမည်။
.....
"ဟုတ်လား ဒါဆို သနားပါတယ် မောင်ရယ် "
"ဟုတ်တယ်မရဲ့ အခုလည်း ဝင့်လွှာက အခန်းထဲက ကို မထွက်တော့ဘူး မမနွေခဗျာလည်း ဆေးရုံမှာတောင် မထိန်းနိုင်ဘဲ ငိုနေခဲ့တာ မောင့်မှာသာ ဟိုတစ်ယောက်ပဲ ပြေးဖြေရှင်းရမလိုလို..နောက်တစ်ယောက်ပဲ သွားနှစ်သိမ့်ရမလိုလိုနဲ့ တိုင်ပတ်နေပြီ "
တကယ့်ကို တိုင်ပတ်နေတဲ့ ဇင်ယော့်မှာ ကြံရာမရတဲ့အဆုံး ကော်ဖီဆိုင်ထိုင်ပြီး မကုိပဲ ရင်ဖွင့်ရတော့သညိ။ ဒီအချိန်မှာ အကြံညဏ်ပေါ်ဖို့ဆို မဆိုတဲ့ အကြည်ဓာတ်လေးရဲ့ အသံကြားမှ ဇင်ယော့်အတွက်အဆင်ပြေမှာလေ...
"အဟင်း....မောင်တော့ ဘေးကျပ်နံကျပ်ဖြစ်နေပြီပေါ့ ...
*Ceo Shine ကုမ္မဏီက M. D ရောက်နေပါတယ်ရှင့် *"
"မ အလုပ်ရှုပ်နေတယ်မလား မောင်ဖုန်းချလိုက်တော့မယ်နော် "
Speaker ဖွင့်ထားတာမို့ မဘက်က အတွင်းရေးမှူးအသံပါကြားရတာကြောင့် ဇင်ယော်လည်း အလုပ်များတဲ့ ချစ်သူလေးကို ဖုန်းချဖို့ပြောပေမယ့်
"မောင် မချနဲ့အုန်း တို့ပြောစရာရှိသေးတယ်
*သီတာ ဧည့်သည်ကို ခဏစောင့်ခိုင်းလိုက်ပါ တို့အရေးကြီးတဲ့ ကိစ္စလုပ် နေလို့လို့ * မောင်ကြားလား "
"ကြားပါတယ်ဗျ အမိန့်ရှိပါ မောင့်ချစ်သူလေး ဘာအရေးကြီးကိစ္စလဲမသိဘူးဗျ မောင့်ကို ချစ်ကြောင်းလား  "
"ေမာင်နော် နောက်တီးနောက်တောက်နဲ့ တို့အတည်ပြောမလို့
တို့ မေမေကို ဖွင့်ပြောလိုက်ပြီ မင်းရဲ့ ယောက္ခမကြီးက မန်းလေးလာတဲ့အခါကျရင်တွေ့မယ်တဲ့ သူ့သမီးကို ဘယ်အချိန်တင်တောင်းမလို့လဲမေးမလို့တဲ့ အဲ့တာပဲ ဒါပဲ.. "
"တီ "
"ဟင် "
ကော်ဖီခွက်လေးကိုင်ကာ သောက်မလို့ရှိသေး... မစကားကြောင့် ဇင်ယော့်မှာ ကြောင်သွားရသည်။ နေပါအုန်း...ငါရဲ့ယောက္ခမဆိုတော့ မမေမေ နဲ့ ဖေဖေ ဘယ်အချိန်တင်တောင်းမှာလဲဆိုတော့ သဘောတူတယ်လို့ ဆိုလိုတာပေါ့..
"O. M. G! !!! ရေး...မိန်းမရတော့မယ်ကွ "
အပျော်လွန်ပြီး ထိုင်နေရာကနေထခုန်ကာ ဟစ်အော်လိုက်တဲ့ ဇင်ယော်ဟာ ကော်ဖီဆိုင်ထဲမှာဆိုတာ မေ့သွားပုံပေါ်သည်။
ဆိုင်ထဲက လူတစ်ချို့ရဲ့အကြည့်နဲ့ ကောင်တာ က ဝိတ်တာမလေးတို့ရဲ့ အကြည့်ဟာ ဒီလူရူးနေလားဆိုတဲ့ အဓိပ္ပါယ်...
စပ်ဖြဲဖြဲနဲ့ ရှိသမျှလူအကုန်ပြုံးပြပြီး ရုပ်တည်လေးနဲ့ ဆိူင်ထဲက ထွက်လာပြီးနောက် တစ်လမး်လုံး ပြုံးစိပြုံးစိနဲ့ တွေ့သမျှ အရာအားလုံးဟာ လှပနေသယောင်..
တစ်ဖက်မှာလည်း Shine ကုမ္မဏီက M. D နဲ့ ဆွေးနွေးတဲ့တစ်လျှောက်အပြုံးမပျက်လို့ အတွင်းရေးမှူးလေး မသီတာ တောင် မမအပြုံးလေးလျော့ပါအုန်းလို့ ပြောရလောက်တဲ့အထိ ချစ်သူနှစ်ယောက်ဟာ ကိုယ်စီ အတွေးတွေနဲ့ စိတ်ကူးထဲမှာ သာယာတဲ့အိမ်ထောင်ရေးလေးအကြောင်းကို စဥ်းစား နေပါပြီ...
ဒီနေ့မှာ တစ်ဖက်က ဝမ်းနည်းနေခဲ့ရပေမယ့် ဘယ်လိုမှပြောပြလို့မရလောက်အောင် ပျော်ရွှင်စရာကောင်းတဲ့ကိစ္စလည်း ရှိနေပြန်တော့ ဇင်ယော့်အတွက်ဒီနေ့ဟာ ထူးခြားတဲ့နေ့လေးဖြစ်နေခဲ့သည်။
#အေးချမ်းညိမ်း
Zawgi
အပုိင်း ၂၇
"တောင် တောင် "
"ya. ..ပြန်ပေးဟာ "
"မပေးဘူး ဘာဖြစ်ချင်လဲ "
"နင်သေပြီမှတိ "
"အမယ်လေး မောတာ"
"
မမနွကေိစ္စကို သတိရသွားဟန်တူပါရဲ့..မျက်နှာလေးကို မကောင်းလို့..ဒါမျိုးကျတော့လည်း ဇင်ယော့်မှာ စိတ်မကောင်းဖြစ်ရပြန်သည်။.
"အေးအေး "
ဒါဆို မမနွအေတွက် စိတ်ချရလောက်ပါရဲ့..
.....
ချစ်စ ကြင်စ ဆို စက္ကန့်တိုင်းလေးမှာ ကြင်နာသူနဲ့ရှိချင်ကြတာ သဘာဝဖြစ်ပေမယ့် ချစ်တာကြာပြီဖြစ်တဲ့ ဇင်ယော့်မှာတော့ ဘယ်အချိန်မဆို မျက်လုံးလေးမှိတ်လိုက်တိုင်း မရဲ့မျက်နှာလေးက မြင်ယောင်နေကျ....အသက်ရှူလိုက်တိုင်း သူမရဲ့ကိုယ်သင်းရနံ့လေးကို လွမ်းနေကျဖြစ်နေတဲ့ ဇင်ယော့်အချစ်ရောဂါမှာ နေမြင့်လေရူးလေဆိုတဲ့ စကားအတိုင်း အရူးရင့်နေပြီထင်ရဲ့...
......
"မရဘူး! !!!"
...
ဒီလိုနဲ့ သုံးရက်လောက်နေတော့ အပြင်သွားမယ်ဆိုပြီး ဈေးဘက်သွားတဲ့ဇင်ယော့်ကို ဝင့်လွှာလည်း မသိမသာလေးနောက်က တိတ်တိတ်လေးလိုက်ချောင်းလိုက်သည်။ ဈေးထဲမှာ အသီးအနှံတွေဝယ်ပြီး တော့ ဆေးရုံထဲဝင်သွားတော့ ဝင့်လွှာလည်းတိတ်တိတ်လေးနောက်ကလိုက်ချောင်းလေသည်။
နွစေံပယ်ဦး ဆိုတဲ့ သူတစ်ချိန်က အချစ်ကြီးချစ်ပြီးမှ ပစ်ခွာခဲ့တဲ့သူ...မမနွလေို့ ခေါ်ကြတဲ့ ဇင်ယော်တို့ အခေါ်ကို ရည်းစားဖြစ်တော့ သူ့မှာ ချစ်လွန်းလို့ ဘယ်သူနဲ့မှ မတူအောင် ဦးဆိုပြီး ခေါ်ခဲ့လို့ စကြသေးတာ..
သူရဲ့ဘဝကို တစ်နှစ်လောက် အသက်မရှိအောင် လုပ်ထားခဲ့ပြီး အခုချိန်ထိ ဒဏ်ရာဗလပွနဲ့ ထားရစ်ခဲ့တဲ့ မမနွဟော ဇင်ယော့်မိတ်ဆွေဆိုရင် ဒါဆိုရင် ဟိုကလေးက ဦး ကလေးပေါ့...
ရင်မဆိုင်ချင်တာမို့ သူ့ရဲ့ဖြေရှင်းချက်တွေကိုလည်း မကြားချင်တာမို့ ပြေးထွက်လာခဲ့တဲ့ ဝင့်လွှာနောက်ကို ဇင်ယော်သည်လည်း အပြေးတစ်ပိုင်း လိုက်ခဲ့ရလေပြီ...
.....
"ဟုတ်တယ်မရဲ့ အခုလည်း ဝင့်လွှာက အခန်းထဲက ကို မထွက်တော့ဘူး မမနွခေဗျာလည်း ဆေးရုံမှာတောင် မထိန်းနိုင်ဘဲ ငိုနေခဲ့တာ မောင့်မှာသာ ဟိုတစ်ယောက်ပဲ ပြေးဖြေရှင်းရမလိုလို..နောက်တစ်ယောက်ပဲ သွားနှစ်သိမ့်ရမလိုလိုနဲ့ တိုင်ပတ်နေပြီ "
"တီ "
"ဟင် "
ဆိုင်ထဲက လူတစ်ချို့ရဲ့အကြည့်နဲ့ ကောင်တာ က ဝိတ်တာမလေးတို့ရဲ့ အကြည့်ဟာ ဒီလူရူးနေလားဆိုတဲ့ အဓိပ်ပါယျ...
စပ်ဖြဲဖြဲနဲ့ ရှိသမျှလူအကုန်ပြုံးပြပြီး ရုပ်တည်လေးနဲ့ ဆိုင်ထဲက ထွက်လာပြီးနောက် တစ်လမ်းလုံး ပြုံးစိပြုံးစိနဲ့ တွေ့သမျှ အရာအားလုံးဟာ လှပနေသယောင်..
#အေးချမ်းညိမ်း
Seguir leyendo
También te gustarán
330K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
488K 11.7K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."