Start with Heart And End with...

By frozenmanobannca

126K 10.2K 1.5K

နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... ႏွလုံးအစားထိုး ခြဲစိတ္မႈကေန ျဖစ္ေပၚလာေသာ ခ်စ္ျခင္... More

Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
19 💞
20 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞

21 💞

3.3K 283 44
By frozenmanobannca

အပိုင်း ၂၁

ညတိုင်း ဒီလိုအတွေးမျိုးနဲ့အိပ်မရသည်မှာ တစ်ပတ်လောက်ရှိခဲ့ပြီ..
ထိုအတွေးကတော့ မေနွဲ့စိုးက ဇင်ယော့်ကို မ နဲ့ပြန်အဆင်ပြေအောင်ကူညီပေးမည်ဆိုသော စကားကြားရကတည်းကပင်..သူ့ပုံစံက ယုံကြည်စရာမကောင်းပေမယ့် အခုချိန်မှာ သူနဲ့မနဲ့ဟာ ပြတ်သွားပြီပြီဖြစ်တဲ့အတွက် မေနွဲ့စိုးပြောတဲ့အစီအစဥ်ကို လက်ခံလိုက်တာ သူ့အတွက်တော့ အကျိုးမယုတ်နိုင်..တကယ်လို့မဘက်က ပြန်လက်ခံခဲ့ရင်တော့ အမြတ်ပေါ့..ဇင်ယော့်ဘက်က ဘာအစီအစဥ်လဲလို့မေးတော့ သူလုပ်သမျှပြောသမျှကို ထောက်ခံပေးပြီး အလိုက်အထိုက် နေရုံပဲတဲ့..သိပ်တော့မသက်ာစရာကောင်းတယ်မလား ..ဒါပေမယ့်လည်း ကိုယ်က အခုချိန်မှာ မနဲ့ပတ်သတ်ရင် ကောက်ရိုးမျှင်လေးတစ်မျှင်ပဲရရ ဆွဲထားပြီးကူနိုင်မလား အော်နေရတဲ့သူမို့ မနဲ့နီးစပ်ဖို့အတွက်ဆို မျှော်လင့်ချက်လေးတော့ နည်းနည်းပဲရရ ယုံကြည်ချင်မိသူမို့ လက်ခံလိုက်တာ ဇင်ယော့်အတွက်တော့ နောင်တမရပါ..

....

"ဟင် ဒါဆို ခရီးက တစ်လတောင်ထွက်ရမှာပေါ့ "

ဝင့်လွှာရဲ့စိတ်ဓာတ်ကျသံအဆုံး ဇင်ယော့်ရဲ့အပြုံးတွေ ဝေဆာသွားလေသည်။

"လုပ်ငန်းအရ ထွက်ရမှာပေါ့ဟ ဟိုမှာ အဓိက နေရမယ့်သူက ဘာမှမဖြစ်ရဘူး တစ်ပတ်လောက်နေလိုက် ပြန်လိုက်လုပ်ရမယ့်နင်က ဘယ်လိုဖြစ်နေတာလဲ မိဝင့်လွှာ "

ကုမ္မဏီနှစ်ခု ပေါင်း လုပ်မယ့်ပရောဂျက်ဟာ ဟိုတယ်ပရောဂျက်ဖြစ်ပြီး ဒီဇိုင်းဆွဲဖို့ အင်ဂျင်နေရာနှင့် မြေနေရာညှိယူတာတွေလုပ်ဖို့
ဝင့်လွှာတို့ ဒီဇိုင်းနာတွေ ကလောကို တစ်လလောက်သွားရမယ်ဆိုတာကြောင့် စိတ်ပျက်သွားပါတယ်ဆို ဦးလေးက ဇင်ာ်နဲ့နှိုင်းပြီးဆူလိုက်တာကြောင့် ဇင်ယော့်ကို ကြည့်လိုက်တော့ ကိုယ်တော်ချောက ပြုံးပြုံးကြီး..အေးလေ သူ့ ရဲ့ မ ကလည်း တစ်လမဟူတ်ရင်တောင်
ဝင့်လွှာတို့လို ဆိုက်ထဲ ခဏခဏ လာကြည့်ရမှာဆိုတော့ ဒင်းအတွက် အခွင့်အရေးရတော့ ပြုံးနိုင်တာပေါ့..
ဝင့်လွှာမှာသာ ကိုယ်မသွားချင်တဲ့မြို့ ကို သွားရမှာမို့ စိတ်ဓာတ်တွေသာ အောက်ဆုံးထိုးကျသွားလေသည်။

"ကဲ ကဲ ပရောဂျက်ကလည်း အတည်ပြုပြီးပြီဆို တော့ အဓိကနေမယ့် ဇင်ယော်က အဝတ်အစားတွေသေချာထည့်နော် မင်းအတွက်လည်း ဦးလေးက ကတ်ထည့်ပေးလိုက်မယ် ဟိုမှာ အဆင်ပြေသလိုသာ သုံး မင်းအတွက်လည်း သီးသန့် ဘန်ဂလို တစ်လုံးပြင်ပေးထားတယ် ဝင့်လွှာ နင်က မန်နေဂျာဆိုတော့ ငါလွှတ်တဲ့အချိန် ဇင်ယော်နဲ့အတူနေလိုက် ပြီးရင် ပြန်ခေါ်တဲ့အချိန်လာလိုက် ကြားလား "

"ဟာ ဦးလေးကလည်း မသွားချင်ပါဘူးဆို တစ်ခြားသူကို လွှတ်လိုက် "

"တယ် ဒီကလေးမ ငါထုလိုက်ရ နင်က မန်နေဂျာလေ နင်မလိုက်တော့ ငွေစာရင်းပိုင်း ဘယ်လိုကိုင်မှာ သွား မလိုက်နိုင်ရင် အလုပ်ထွက် သူများတွေတောင် လိုက်ချင်လွန်းလို့ ဟိုဘက်လွန်နေတာ သူကတော့ ပြောင်းပြန် မပြောလိုက်ချင်ဘူး နေရာတကာ ကန့်လန့်နဲ့ ခဏနေ လိုအပ်တာတွေသွားဝယ်ထား သဘက်ခါသွားမယ့်နေ့မှ ပျာယာပျာယာမလုပ်နဲ့ "

ကိုယ့်မှာ မလိုက်ချင်လို့ နည်းနည်းလေး လေသံမာပြီး ပြောလိုက်ပါတယ်..ဦးလေးဆီက အပြောခံရတာ နားတောင် အရည်ပျော်ကျတော့မယ် ဦးရီးတော်ရဲ့ ဆူပူပြီး ထွက်သွားတော့မှ ဘေးနားမှာ ပြုံးစိစိလုပ်နေတဲ့ အမြင်ကပ်စရာကောင်းတဲ့ ငှက်ကို ထရိုက်တော့သည်။

"အာ့...နာတယ်နော် ဝင့်လွှာမ နင့်အသားမဟုတ်တိုင်းမရိုက်နဲ့ "

"ဇင်ယော် နင့်ရဲ့ဖြီးနေတဲ့ မျက်ခွက်ကြီး ပြင်ထားနော် ဒီမှာ လသာနေတာမဟုတ်ဘူး မုန်တိုင်းတွေ ထန်နေတာနော် "

"အေးပေါ့လေ တစ်ချို့ တစ်ချို့သောသူတွေ ကြောင်ပါးပုလင်းကွဲရှထားတော့ ဘယ်လသာနိုင်မလဲပေါ့ နော်  "

"ရား! !!! မသာကောင် သေချင်းဆိုး ငှက်စုတ်ငှက်နာ တွေ့မယ်နင်နဲ့ငါနဲ့ မပြေးနဲ့ လာခဲ့ မိလို့ကတော့ နင်အသေပဲ ဇင်ယော်ငှက်စုတ်! !"

ဝင့်လွှာတို့ အရှိုက့ထိသွားတဲ့ စကားကြောင့် ဇင်ယော့်ကို ကမူးရှုးထိုးလိုက်ရိုက်ကာ ပါးစပ်ကလဲ တရစပ် ပြောလို့ဆဲလို့ မပြီးတော့..ဇင်ယော်ကတော့ အမြန်နှုန်းနဲ့ လှေကားကဆင်းကာ ကုမ္မဏီအောက်ဘက်သွားကာ ဆိုင်ကယ်ပေါ်အမြန်တက်ပြီး နောက်မှာကျန်ခဲ့တဲ့ ဝင့်လွှာအား လျှာထုတ်ပြောင်ပြပြီး Ocean ဘက် ထွက်လာခဲ့လေသည်။

ခရီးသွားဖို့အတွက် လိုအပ်တဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေအပြင်
တစ်လကြာမည်ဖြစ်တဲ့အတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေပါ ဝယ်ရလေသည်။ ဒီခရီးလေးမှာ မနဲ့ သူနဲ့ ပြန်အဆင်ပြေမပြေ ဆိုတာ မသေချာပေမယ့် မကိုတော့ အနည်းဆုံး မြင်ခွင့်လေးတော့ရမည်မဟုတ်လား....ဒါကြောင့် ဒီခရီးက အနည်းဆုံး  သူ့အတွက်တော့
ေမျှာ်လင့်ချက်လေးဆိုလည်း မမှားပေ..

.....

"ဇင်ယော် ငါတကယ်ကြီး မလိုက်ချင်ဘူးဟာ နင်ပြောပေး ဦးလေးကို "

"ဟာ..နင်ကလည်း မနက်ဖြန်ပဲ သွားရတော့မယ့်ဟာကို အခုမှသွားပြောဘာထူးမှာ "

"မသိဘူးဟာ ပြောပေး ပြောပေးလို့ဆို "

ခရီးက မနက်ဖြန်သွားရတော့မယ်..အခုချိန်ထိ သူ့ကို မသွားချင်ကြောင်း ဂျစ်တိုက်လို့မပြီးသေးတဲ့ဝင့်လွှာဟာ အိမ်မှာနားနေတဲ့ ဇင်ယော့်ဆီ လာပြီး ထပ်ဂျစ်နေပြန်ပြီ..

"ဝင့်လွှာရယ်.. သူနဲ့က တွေ့ချင်မှတွေ့မှပါ နင်က အဲ့တာကြီးတွေးပြီး မျက်စိစုံမှိတ်ငြင်းနေတာ  "

မေ့ထားသည့် အတိတ်တစ်ချို့ကို ပြန်အစဖော်လိုက်တော့ ဝင့်လွှာတစ်ယောက် ငြိမ်ကျသွားလေသည်။

"ငါလေ သူနဲ့ပြန်တွေ့ခဲ့ရင် ခံနိုင်ရည် ရှိပါ့မလားမသိဘူးဟာ နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ရင် အနည်းဆုံးတော့ ငါ့ရဲ့တည်ငြိမ်နေတဲ့ ဘဝထဲ ထပ်ပြီး မတုန်လှုပ်ချင်ဘူးဟာ  "

အချို့အချို့သော အတိတ်တွေဟာ ပြန်မတူးဖော်ချင်လောက်အောင် နာကျင်စရာကောင်းမှန်း ဝင့်လွှာဘဝမှာ သိခဲ့ရပြီးပြီ..နာကျင်မှုအတိုင်းအတာက ဘယ်လောက်ထိလဲဆိုရင် အဲ့နေရာကို ထပ်ပြီး ခြေမချရဲလောက်အောင်ပဲ....

"အဲ့တာတွေမေ့လိုက်ပါတော့ဟာ အခုချိန်မှာ သူလည်း သူ့မိသားစုနဲ့ နင်လည်း နင့်ဘဝနဲ့ နင်ပဲလေ ပြန်တွေ့ခဲ့ရင်တောင် အရင်းနှီးဆုံး သူစိမ်းတွေအဖြစ် ပြုံးပြလို့ရပါသေးတယ် ငါဆို သူစိမ်းထက် စိမ်းတဲ့ အဖြစ် နေပေးပါလို့ တောင်းဆို ခံရသေးတာပဲ "

အခန်းကျဥ်းလေးထဲမှာ ဒဏ်ရာကိုယ်စီရှိနေတဲ့ သူနှစ်ယောက်ဟာ ကိုယ်စီနားလည်တဲ့ အပြုံးနဲ့အချင်းချင်း ပြန်လည် ဖြေသိမ့်လိုက်ကြလေသည်။

......

"ဇင်ယော် ပစ္စည်းတွေအကုန်ပါပြီလား သေချာစစ်နော် မေ့ကျန်နေခဲ့ရင် ဟိုကျ ပိုက်ဆံထပ်ကုန်နေလိမ့်မယ် "

မေမေ့ရဲ့ ညကနေ မှာနေတဲ့ မှာတမ်းနဲ့ ပစ္စည်းစစ်ခိုင်းနေတာ အခုဆို  ဆယ်ခါလောက်ရှိရော့မည်။ ပထမ တစ်ခါနှစ်ခါလောက်က အမေပြောသလို ပစ္စည်းတွေစစ်လိုက်သည်။ ဒါပေမယ့် ငါးခါခြောက်ခါလောက်တော့ ထပ်မစစ်ချင်တော့...

"မနေ့ညကတည်းက အကုန်လုံး တစ်ခုမကျန် စစ်ပြီးသွားပါပြီ မေမေရဲ့ အဲ့တာတော့ စိတ်ချပါ ကျွန်တော်က စေ့စပ်တဲ့ နေရာမှာ နှစ်ယောက်မရှိဘူး သိတယ်မလား "

မေမေ့ခါးလေးဖက်ကာ ပါးတစ်ဖက်ကို အနမ်းပေးရင်း မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ မေမေ့ရဲ့ မျက်စောင်းကို လက်ခံလိုက်ရသည်။

"အဲ့လိုစေ့စပ်ပြီး ခြေချော်ကျပြီး မှောက်ရက် လဲနေတာကျ မသိဘူးပေါ့လေ"

"ဟာ မေမေ ကလည်း ဒီတစ်ခါ ဘာမှ မကျန်ခဲ့ပါဘူး နောက်ပြီး မှောက်ရက်မလဲအောင် သေချာ စိစစ်ထားပါတယ်နော် "

"အေးပါ ဟိုရောက်မှ မေမေရေ ဟိုဟာလေးကျန်ခဲ့တယ်ဆိုပြီး ဖုန်းလှမ်းဆက်ရင် နင် အမွှေးပြုတ်ပြီမှတ် "

မေမေ့ရဲအကြိမ်းကြောင့် ရှေ့ဆံပင်မွှေးလေးတွေတောင် ထောင်သွားလေသည်။

"တီ တီ တီ "

"အဲ မေမေ ကား ရောက်ပြီထင်တယ် သွားတော့မယ်နော် "

"အေးအေး လာမေမေလိုက်ပို့မယ် "

ဇင်ယော့်ရဲ့ ခရီးဆောင်အိတ်ကို မေမေကတစ်ဖက်က ဆွဲကာ ကျန်တဲ့အိတ်တွေကို ဇင်ယော်က မခဲ့ပြီး မေမေကတော့ ကားထဲကို အထုတ်တွေထည့်ပြီး ကားထဲမဝင်ခင် ဟိုမှာ တစ်နေ့တစ်ခါဖုန်းဆက်ဖို့
အအေးမမိအောင်နေဖို့ မှာနေလို့ အမေ့ရဲ့အမှာတော်ကိုပြီးအောင်နားထောင်ပြီးမှကားပေါ်တက်ခဲ့ရသည်။

ဇင်ယော်တို့ ကုမ္မဏီက လူတွေချည်းပဲ သက်သက် ကားတစ်စီး
ပဲမို့ တွေ့ချင်တဲ့သူမတွေ့ရသေး..ဒါပေမယ့်လည်း ဟိုရောက်ရင် တွေ့ရမှာမို့ ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေမိပေမယ့် ဘေးနားမှာ နှုတ်ခမ်းကြီးကို ရှေ့ကိုထော်ပြီး နဂါးမျက်စောင်းထိုးနေတဲ့ ဝင့်လွှာမကြောင့်
နားကြပ်ကို အမြန်ကောက်တပ်ကာ သီချင်းဖွင့်ပြီး ဟိုဘက်သာလှည့်နေလိုက်သည်။ မဟုတ်ရင်ပျော်နေတဲ့ကိုယ့်အပျော်တွေ ဘေးနားကဝင့်လွှာမကြောင့် ပျက်စီးရတော့မှာကြောင့်ဖြစ်သည်။

......

အခုရက်ပိုင်း နေရတာ အဆင်မပြေလှပေ...ကြားနေရ အသံအားမကြားရတာတော့ တစ်ခုခုလိုနေသလို..မနက်တိုင်း  ဝင်လာတတ်တဲ့ မက်ဆေ့ သံ လေးမရှိတော့ အိပ်ယာပုံမှန်မထဖြစ်တာကြာခဲ့ပြီ..
ငါးနာရီရောက်တိုင်း နာရီတကြည့်ကြည့်နှင့် ရုံးအောက်ထပ်က ကားပါကင်ဆီသွားပြီး တစ်စုံတစ်ယောက်ကို သွားကြိုဖို့ လုပ်မိတာလည်း အခါခါ..သူမရဲ့ပုံမှန်လည်ပတ်နေကျ နေ့စဥ်အလုပ်ထဲကို သူဝင်ရောက်လာပြီးကတည်းက ပြောင်းလဲသွားတဲ့ လုပ်ငန်းစဥ်အချို့ကို သူမရှိတော့မှ သိရခဲ့ပြီ...

ကျုံးဘေးက ဖြတ်တိုင်း အတူထိုင်နေကျ ခုံတန်းလေးမြင်ရတော့ ရင်ဘတ်ထဲက ဆစ်ခနဲ..သွားစားနေကျစားသောက်ဆိုင်ရောက်ရင် သူလုပ်ပေးနေကျအတိုင်း ဇွန်းခရင်း လေးကို တစ်သျှူးနဲ့သုတ်ဖို့ ကိုယ်တစ်ယောက်ထဲရှိတဲ့အခါကျ မေ့လျောနေတာမျိုး..

သူကြိုက်တတ်တဲ့ ပင်လယ်စာကိုပဲ မှာမိနေတာမျိုး..
ကျေးဇူးပြုပြီး ထပ် မတွေးပါရစေနဲ့တော့...တွေ့ခဲ့ရတဲ့ အချိန်ခဏလေးအတွင်းမှာ ဒီ ေလာက်အမှတ်တရတွေရှိခဲ့လိမ့်မယ်လို့ မထင်ထားမိခဲ့ပေ..ရှိခဲ့ရင်လည်း အသေးစိတ်ကအစ ကိုယ့်နှလုံးသားကမှတ်မိနေတာမျိုးတော့ မဖြစ်သင့်ခဲ့ဘူးမလား...ကုိယ်ကိုယ်တိုင်စခဲ့တဲ့ဇာတ်လမ်း ကုိယ်ကိုယ်တိုင် အဆုံးသတ်ထားတဲ့ဇာတ်လမ်းကို ပြန်ပြီး စချင်တယ်ဆိုတာကတော့ မတွေးသင့်တဲ့အတွေးမဟုတ်လား....အဲ့အတွေးတွေဝင်လာတိုင်းလည်း ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားနေရတာ လိပ်ပြာမလုံတော့ဘူး ရယ်..

အခုလည်း ပြန်တွေ့ရမယ့် အဖြစ်အပျက်ကို ကံကြမ္မာက ဖန်တီးလိုက်ပြန်ပြီ..ကိုယ့်စိတ်ကိုယ်တောင် မနိုင်သေးတဲ့အချိန်မှာ သူ့ကို ထပ်တွေ့ရရင် ကိုယ်ခံနိုင်မရှိနိုင်လောက်ဘူးဆိုတာ သိလို့ ကံကြမ္မာကများ ကျီစားလေသလား... အမှန်တော့ ဒီဇာတ်လမ်းမှာ ဘယ်သူမှမမှား.. ကံကြမ္မာကိုသာ အပြစ်တင်နေခဲ့တဲ့ သူမသာ အရာရာမှားယွင်းခဲ့သည်မဟုတ်လား.

....

၆ နာရီကြာ ဖင်ပူအောင် ထိုင်ပြီးနောက် လတ်ဆတ်တဲ့လေအေး
ကြည်လင်လန်းဆန်းသွားစေမယ့် ကလောမြို့ရဲ့ ရှုခင်းလေးကြောင့်
ထုံကျင်နေတဲ့ ခါးတောင် အညောင်းပြေသွားရသည်။ တောင်တွေအထပ်ထပ်ဖြတ်လာပြီးတော့မှ ရောက်လာရတဲ့မြို့လေးဖြစ်ပြီး
ခရီးသွားတွေ အလာများတဲ့မြို့လေးလည်းဖြစ်သည်။ မနက်ကတည်းက ထွက်လာရဲတဲ့ခရီးမို့ ဒီရောက်တော့ နေ့လည်တောင်ကျော်နေလေပြီ..ဟိုတယ်က ပြင်ဆင်ထားတဲ့နေ့လည်စားစားပြီးနောက် အိပ်လိုက်တာ ညနေခင်းမှ နိုးတော့သည်။ အခုလာတဲ့လမ်းမှာ လူစုံကာတာမို့ ဟိုတယ်မှာပဲ တည်းရမှာဖြစ်သည်။

မတို့ကုမ္မဏီက လူတွေနဲ့ မတို့ရောက်လာတဲ့အခါ ဆွေးနွေးပြီးတော့မှ ဇင်ယော်က ဒီမှာနေရမယ့် အိမ်ဆီသွားရမှာဖြစ်သည်။ အခုတော့
ခရီးပန်းတာကြောင့်  ဘယ်သူမှ အလုပ်ကိစ္စမဆွေးနွေးနိုင်သေး...
တစ်ချို့ကလည်း အပြင်ဘက်ထွက်ပြီး လျှောက်လည်ကြသလို ဇင်ယော်တို့လို ဟော်တယ်မှာပဲ ရှူခင်းထိုင်ကြည့်တဲ့အဖွဲ့လည်းရှိသည်။

ဟော်တယ်က တောင်ကုန်းထိပ်မှာမို့ ကလောတစ်မြို့လုံးကို အပေါ်စီးက မြင်ရသည့် ရှူခင်းမှာ တကယ့်ကို အမိုက်စား...မြို့ပြန့မတူ လတ်ဆတ်တဲ့လေအေးအေးလေးတွေကြောင့်လည်း စိတ်ကို ကြည်လင်စေသည်မှာ အမှန်ပင်..ဒီမြို့လေးမှာ တစ်လလောက်နေရမယ်ဆိုတော့ စိတ်ထဲ ဝမ်းသာမိ၏။ ငယ်ငယ်က မေမေတို့ ဖွင့်ခဲ့တဲ့ စိုင်းထီးစိုင် တို့ စိုင်းဆိုင်မော့ တို့ရဲ့ ရှမ်းသီချင်းလေးတွေကြားတိုင်း ရှမ်းပြည်မှာ နေချင်မိတာမှ ခဏခဏ.....အခုတော့ အမြဲတမ်းမနေရပေမယ့် စိတ်ကျေနပ်လောက်မယ့် အတိုင်းအတာ တစ်ခုထိ နေရမယ်ဆိုတော့ တကယ့်ကို ပြောမပြလောက်နိုင်အောင်ပင် ကြည်နူးရသည်။

"ဟဲ့ နင် ရှူခင်းကြည့်လို့ပြီးရင် ကော်ဖီလိုက်တိုက် "

ရှုခင်းလေးခံစားနေတာမှ ကြည်နူးလို့ မဆုံးသေး..ဘေးနားက ဝင့်လွှာမရဲ့ ဇွတ်ဆွဲခေါ်မှုကြောင့် ဟိုတယ်ရဲ့ အောက်ဘက် ကော်ဖီဆိုင်ထဲရောက်လာကြသည်။

"အားပါးပါး...ဒီလိုအေးနေတဲ့ရာသီလေးနဲ့ Black Coffee လေးက လုံးဝကွက်တိ "

လျှာလေးသက်ပြီး သူများဝယ်တိုက်တဲ်ကော်ဖီနဲ့ကောင်းစားနေတဲ့ ဝင့်လွှာမ ကို လက်ထဲက Americano သောက်ရင်း အပြင်ဘက်က ရှုခင်းကိုသာကြည့်နေလိုက်သည်။

"ဒါနဲ့ နင့်မ က ဘယ်တော့လာမှာ "

"မနက်ဖြန်လောက်မှထင်တယ် meeting က မနက်ဖြန်ဆိုတော့ "

"သူနဲ့တွေ့ရင် နင်ဘယ်လို လုပ်မှာ "

"ငါဟာ့ငါလည်း စဥ်းစားလို့မရသေးဘူး ဒီတိုင်း သူ့မျက်နှာလေးတွေ့နေရရင်ကို ငါ့အတွက် ဒီအတောအတွင်း ခံစားနေရတဲ့ ဒဏ်ရာတော့
နည်းနည်း သက်သာမယ်ထင်တယ်  "

"ဟင်း...နင့်မလဲနော်  "

"ငါ့လာပြီး သနားပြမနေနဲ့ နင်သာနင့်လူနဲ့တွေ့ရင် ခံနိုင်ရည်ရှိအောင်ကြိုးစား "

"ငှက်စုတ်ငှက်နာ အစလာမဖော်နဲ့နော် ငါ့မှာမနည်းမေ့ထားရတာ ဒီရောက်လာတာလည်း နင့်စနက် ကြောင့် ငါ့လာပြီး ဒဏ်ရာတွေလာမဖော်နဲ့ "

ဒဏ်ရာကိုယ်စီနဲ့ သူငယ်ချင်းနှစ်ယောက် ကော်ဖီလေးသောက်ရင်း အပြင်ဘက်က အအေးဒဏ်ကို အဖော်ပြုရင်း ဘေးဘက်က တောင်တန်းကြီးကိုငေးကာ စကားလမ်းကြောင်းလွှဲရင်း တစ်ခြားအကြောင်းအရာစီသာ အာရုံစိုက်လိုက်ကြသည်။

#အေးချမ်းညိမ်း

Zawgi

အပိုင္း ၂၁

ညတိုင္း ဒီလိုအေတြးမ်ိဳးနဲ႕အိပ္မရသည္မွာ တစ္ပတ္ေလာက္ရွိခဲ့ၿပီ..
ထိုအေတြးကေတာ့ ေမႏြဲ႕စိုးက ဇင္ေယာ့္ကို မ နဲ႕ျပန္အဆင္ေျပေအာင္ကူညီေပးမည္ဆိုေသာ စကားၾကားရကတည္းကပင္..သူ႕ပုံစံက ယုံၾကည္စရာမေကာင္းေပမယ့္ အခုခ်ိန္မွာ သူနဲ႕မနဲ႕ဟာ ျပတ္သြားၿပီၿပီျဖစ္တဲ့အတြက္ ေမႏြဲ႕စိုးေျပာတဲ့အစီအစဥ္ကို လက္ခံလိုက္တာ သူ႕အတြက္ေတာ့ အက်ိဳးမယုတ္နိုင္..တကယ္လို႔မဘက္က ျပန္လက္ခံခဲ့ရင္ေတာ့ အျမတ္ေပါ့..ဇင္ေယာ့္ဘက္က ဘာအစီအစဥ္လဲလို႔ေမးေတာ့ သူလုပ္သမွ်ေျပာသမွ်ကို ေထာက္ခံေပးၿပီး အလိုက္အထိုက္ ေန႐ုံပဲတဲ့..သိပ္ေတာ့မသက္ာစရာေကာင္းတယ္မလား ..ဒါေပမယ့္လည္း ကိုယ္က အခုခ်ိန္မွာ မနဲ႕ပတ္သတ္ရင္ ေကာက္ရိုးမွ်င္ေလးတစ္မွ်င္ပဲရရ ဆြဲထားၿပီးကူနိုင္မလား ေအာ္ေနရတဲ့သူမို႔ မနဲ႕နီးစပ္ဖို႔အတြက္ဆို ေမွ်ာ္လင့္ခ်က္ေလးေတာ့ နည္းနည္းပဲရရ ယုံၾကည္ခ်င္မိသူမို႔ လက္ခံလိုက္တာ ဇင္ေယာ့္အတြက္ေတာ့ ေနာင္တမရပါ..

....

"ဟင္ ဒါဆို ခရီးက တစ္လေတာင္ထြက္ရမွာေပါ့ "

ဝင့္လႊာရဲ႕စိတ္ဓာတ္က်သံအဆုံး ဇင္ေယာ့္ရဲ႕အၿပဳံးေတြ ေဝဆာသြားေလသည္။

"လုပ္ငန္းအရ ထြက္ရမွာေပါ့ဟ ဟိုမွာ အဓိက ေနရမယ့္သူက ဘာမွမျဖစ္ရဘူး တစ္ပတ္ေလာက္ေနလိုက္ ျပန္လိုက္လုပ္ရမယ့္နင္က ဘယ္လိုျဖစ္ေနတာလဲ မိဝင့္လႊာ "

ကုမၼဏီႏွစ္ခု ေပါင္း လုပ္မယ့္ပေရာဂ်က္ဟာ ဟိုတယ္ပေရာဂ်က္ျဖစ္ၿပီး ဒီဇိုင္းဆြဲဖို႔ အင္ဂ်င္ေနရာႏွင့္ ေျမေနရာညွိယူတာေတြလုပ္ဖို႔
ဝင့္လႊာတို႔ ဒီဇိုင္းနာေတြ ကေလာကို တစ္လေလာက္သြားရမယ္ဆိုတာေၾကာင့္ စိတ္ပ်က္သြားပါတယ္ဆို ဦးေလးက ဇင္ာ္နဲ႕ႏွိုင္းၿပီးဆူလိုက္တာေၾကာင့္ ဇင္ေယာ့္ကို ၾကည့္လိုက္ေတာ့ ကိုယ္ေတာ္ေခ်ာက ၿပဳံးၿပဳံးႀကီး..ေအးေလ သူ႕ ရဲ႕ မ ကလည္း တစ္လမဟူတ္ရင္ေတာင္
ဝင့္လႊာတို႔လို ဆိုက္ထဲ ခဏခဏ လာၾကည့္ရမွာဆိုေတာ့ ဒင္းအတြက္ အခြင့္အေရးရေတာ့ ၿပဳံးနိုင္တာေပါ့..
ဝင့္လႊာမွာသာ ကိုယ္မသြားခ်င္တဲ့ၿမိဳ႕ ကို သြားရမွာမို႔ စိတ္ဓာတ္ေတြသာ ေအာက္ဆုံးထိုးက်သြားေလသည္။

"ကဲ ကဲ ပေရာဂ်က္ကလည္း အတည္ျပဳၿပီးၿပီဆို ေတာ့ အဓိကေနမယ့္ ဇင္ေယာ္က အဝတ္အစားေတြေသခ်ာထည့္ေနာ္ မင္းအတြက္လည္း ဦးေလးက ကတ္ထည့္ေပးလိုက္မယ္ ဟိုမွာ အဆင္ေျပသလိုသာ သုံး မင္းအတြက္လည္း သီးသန့္ ဘန္ဂလို တစ္လုံးျပင္ေပးထားတယ္ ဝင့္လႊာ နင္က မန္ေနဂ်ာဆိုေတာ့ ငါလႊတ္တဲ့အခ်ိန္ ဇင္ေယာ္နဲ႕အတူေနလိုက္ ၿပီးရင္ ျပန္ေခၚတဲ့အခ်ိန္လာလိုက္ ၾကားလား "

"ဟာ ဦးေလးကလည္း မသြားခ်င္ပါဘူးဆို တစ္ျခားသူကို လႊတ္လိုက္ "

"တယ္ ဒီကေလးမ ငါထုလိုက္ရ နင္က မန္ေနဂ်ာေလ နင္မလိုက္ေတာ့ ေငြစာရင္းပိုင္း ဘယ္လိုကိုင္မွာ သြား မလိုက္နိုင္ရင္ အလုပ္ထြက္ သူမ်ားေတြေတာင္ လိုက္ခ်င္လြန္းလို႔ ဟိုဘက္လြန္ေနတာ သူကေတာ့ ေျပာင္းျပန္ မေျပာလိုက္ခ်င္ဘူး ေနရာတကာ ကန့္လန့္နဲ႕ ခဏေန လိုအပ္တာေတြသြားဝယ္ထား သဘက္ခါသြားမယ့္ေန႕မွ ပ်ာယာပ်ာယာမလုပ္နဲ႕ "

ကိုယ့္မွာ မလိုက္ခ်င္လို႔ နည္းနည္းေလး ေလသံမာၿပီး ေျပာလိုက္ပါတယ္..ဦးေလးဆီက အေျပာခံရတာ နားေတာင္ အရည္ေပ်ာ္က်ေတာ့မယ္ ဦးရီးေတာ္ရဲ႕ ဆူပူၿပီး ထြက္သြားေတာ့မွ ေဘးနားမွာ ၿပဳံးစိစိလုပ္ေနတဲ့ အျမင္ကပ္စရာေကာင္းတဲ့ ငွက္ကို ထရိုက္ေတာ့သည္။

"အာ့...နာတယ္ေနာ္ ဝင့္လႊာမ နင့္အသားမဟုတ္တိုင္းမရိုက္နဲ႕ "

"ဇင္ေယာ္ နင့္ရဲ႕ၿဖီးေနတဲ့ မ်က္ခြက္ႀကီး ျပင္ထားေနာ္ ဒီမွာ လသာေနတာမဟုတ္ဘူး မုန္တိုင္းေတြ ထန္ေနတာေနာ္ "

"ေအးေပါ့ေလ တစ္ခ်ိဳ႕ တစ္ခ်ိဳ႕ေသာသူေတြ ေၾကာင္ပါးပုလင္းကြဲရွထားေတာ့ ဘယ္လသာနိုင္မလဲေပါ့ ေနာ္  "

"ရား! !!! မသာေကာင္ ေသခ်င္းဆိုး ငွက္စုတ္ငွက္နာ ေတြ႕မယ္နင္နဲ႕ငါနဲ႕ မေျပးနဲ႕ လာခဲ့ မိလို႔ကေတာ့ နင္အေသပဲ ဇင္ေယာ္ငွက္စုတ္! !"

ဝင့္လႊာတို႔ အရွိုက့ထိသြားတဲ့ စကားေၾကာင့္ ဇင္ေယာ့္ကို ကမူးရႈးထိုးလိုက္ရိုက္ကာ ပါးစပ္ကလဲ တရစပ္ ေျပာလို႔ဆဲလို႔ မၿပီးေတာ့..ဇင္ေယာ္ကေတာ့ အျမန္ႏႈန္းနဲ႕ ေလွကားကဆင္းကာ ကုမၼဏီေအာက္ဘက္သြားကာ ဆိုင္ကယ္ေပၚအျမန္တက္ၿပီး ေနာက္မွာက်န္ခဲ့တဲ့ ဝင့္လႊာအား လွ်ာထုတ္ေျပာင္ျပၿပီး Ocean ဘက္ ထြက္လာခဲ့ေလသည္။

ခရီးသြားဖို႔အတြက္ လိုအပ္တဲ့ တစ္ကိုယ္ေရသုံးပစၥည္းေတြအျပင္
တစ္လၾကာမည္ျဖစ္တဲ့အတြက္ လိုအပ္တဲ့ ပစၥည္းေလးေတြပါ ဝယ္ရေလသည္။ ဒီခရီးေလးမွာ မနဲ႕ သူနဲ႕ ျပန္အဆင္ေျပမေျပ ဆိုတာ မေသခ်ာေပမယ့္ မကိုေတာ့ အနည္းဆုံး ျမင္ခြင့္ေလးေတာ့ရမည္မဟုတ္လား....ဒါေၾကာင့္ ဒီခရီးက အနည္းဆုံး  သူ႕အတြက္ေတာ့
ေမျှာ်လင့်ချက်လေးဆိုလည်း မမွားေပ..

.....

"ဇင္ေယာ္ ငါတကယ္ႀကီး မလိုက္ခ်င္ဘူးဟာ နင္ေျပာေပး ဦးေလးကို "

"ဟာ..နင္ကလည္း မနက္ျဖန္ပဲ သြားရေတာ့မယ့္ဟာကို အခုမွသြားေျပာဘာထူးမွာ "

"မသိဘူးဟာ ေျပာေပး ေျပာေပးလို႔ဆို "

ခရီးက မနက္ျဖန္သြားရေတာ့မယ္..အခုခ်ိန္ထိ သူ႕ကို မသြားခ်င္ေၾကာင္း ဂ်စ္တိုက္လို႔မၿပီးေသးတဲ့ဝင့္လႊာဟာ အိမ္မွာနားေနတဲ့ ဇင္ေယာ့္ဆီ လာၿပီး ထပ္ဂ်စ္ေနျပန္ၿပီ..

"ဝင့္လႊာရယ္.. သူနဲ႕က ေတြ႕ခ်င္မွေတြ႕မွပါ နင္က အဲ့တာႀကီးေတြးၿပီး မ်က္စိစုံမွိတ္ျငင္းေနတာ  "

ေမ့ထားသည့္ အတိတ္တစ္ခ်ိဳ႕ကို ျပန္အစေဖာ္လိုက္ေတာ့ ဝင့္လႊာတစ္ေယာက္ ၿငိမ္က်သြားေလသည္။

"ငါေလ သူနဲ႕ျပန္ေတြ႕ခဲ့ရင္ ခံနိုင္ရည္ ရွိပါ့မလားမသိဘူးဟာ ေနာက္တစ္ႀကိမ္ ျပန္ေတြ႕ခဲ့ရင္ အနည္းဆုံးေတာ့ ငါ့ရဲ႕တည္ၿငိမ္ေနတဲ့ ဘဝထဲ ထပ္ၿပီး မတုန္လႈပ္ခ်င္ဘူးဟာ  "

အခ်ိဳ႕အခ်ိဳ႕ေသာ အတိတ္ေတြဟာ ျပန္မတူးေဖာ္ခ်င္ေလာက္ေအာင္ နာက်င္စရာေကာင္းမွန္း ဝင့္လႊာဘဝမွာ သိခဲ့ရၿပီးၿပီ..နာက်င္မႈအတိုင္းအတာက ဘယ္ေလာက္ထိလဲဆိုရင္ အဲ့ေနရာကို ထပ္ၿပီး ေျခမခ်ရဲေလာက္ေအာင္ပဲ....

"အဲ့တာေတြေမ့လိုက္ပါေတာ့ဟာ အခုခ်ိန္မွာ သူလည္း သူ႕မိသားစုနဲ႕ နင္လည္း နင့္ဘဝနဲ႕ နင္ပဲေလ ျပန္ေတြ႕ခဲ့ရင္ေတာင္ အရင္းႏွီးဆုံး သူစိမ္းေတြအျဖစ္ ၿပဳံးျပလို႔ရပါေသးတယ္ ငါဆို သူစိမ္းထက္ စိမ္းတဲ့ အျဖစ္ ေနေပးပါလို႔ ေတာင္းဆို ခံရေသးတာပဲ "

အခန္းက်ဥ္းေလးထဲမွာ ဒဏ္ရာကိုယ္စီရွိေနတဲ့ သူႏွစ္ေယာက္ဟာ ကိုယ္စီနားလည္တဲ့ အၿပဳံးနဲ႕အခ်င္းခ်င္း ျပန္လည္ ေျဖသိမ့္လိုက္ၾကေလသည္။

......

"ဇင္ေယာ္ ပစၥည္းေတြအကုန္ပါၿပီလား ေသခ်ာစစ္ေနာ္ ေမ့က်န္ေနခဲ့ရင္ ဟိုက် ပိုက္ဆံထပ္ကုန္ေနလိမ့္မယ္ "

ေမေမ့ရဲ႕ ညကေန မွာေနတဲ့ မွာတမ္းနဲ႕ ပစၥည္းစစ္ခိုင္းေနတာ အခုဆို  ဆယ္ခါေလာက္ရွိေရာ့မည္။ ပထမ တစ္ခါႏွစ္ခါေလာက္က အေမေျပာသလို ပစၥည္းေတြစစ္လိုက္သည္။ ဒါေပမယ့္ ငါးခါေျခာက္ခါေလာက္ေတာ့ ထပ္မစစ္ခ်င္ေတာ့...

"မေန႕ညကတည္းက အကုန္လုံး တစ္ခုမက်န္ စစ္ၿပီးသြားပါၿပီ ေမေမရဲ႕ အဲ့တာေတာ့ စိတ္ခ်ပါ ကြၽန္ေတာ္က ေစ့စပ္တဲ့ ေနရာမွာ ႏွစ္ေယာက္မရွိဘူး သိတယ္မလား "

ေမေမ့ခါးေလးဖက္ကာ ပါးတစ္ဖက္ကို အနမ္းေပးရင္း မ်က္လုံးတစ္ဖက္မွိတ္ျပလိုက္ေတာ့ ေမေမ့ရဲ႕ မ်က္ေစာင္းကို လက္ခံလိုက္ရသည္။

"အဲ့လိုေစ့စပ္ၿပီး ေျခေခ်ာ္က်ၿပီး ေမွာက္ရက္ လဲေနတာက် မသိဘူးေပါ့ေလ"

"ဟာ ေမေမ ကလည္း ဒီတစ္ခါ ဘာမွ မက်န္ခဲ့ပါဘူး ေနာက္ၿပီး ေမွာက္ရက္မလဲေအာင္ ေသခ်ာ စိစစ္ထားပါတယ္ေနာ္ "

"ေအးပါ ဟိုေရာက္မွ ေမေမေရ ဟိုဟာေလးက်န္ခဲ့တယ္ဆိုၿပီး ဖုန္းလွမ္းဆက္ရင္ နင္ အေမႊးျပဳတ္ၿပီမွတ္ "

ေမေမ့ရဲအႀကိမ္းေၾကာင့္ ေရွ႕ဆံပင္ေမႊးေလးေတြေတာင္ ေထာင္သြားေလသည္။

"တီ တီ တီ "

"အဲ ေမေမ ကား ေရာက္ၿပီထင္တယ္ သြားေတာ့မယ္ေနာ္ "

"ေအးေအး လာေမေမလိုက္ပို႔မယ္ "

ဇင္ေယာ့္ရဲ႕ ခရီးေဆာင္အိတ္ကို ေမေမကတစ္ဖက္က ဆြဲကာ က်န္တဲ့အိတ္ေတြကို ဇင္ေယာ္က မခဲ့ၿပီး ေမေမကေတာ့ ကားထဲကို အထုတ္ေတြထည့္ၿပီး ကားထဲမဝင္ခင္ ဟိုမွာ တစ္ေန႕တစ္ခါဖုန္းဆက္ဖို႔
အေအးမမိေအာင္ေနဖို႔ မွာေနလို႔ အေမ့ရဲ႕အမွာေတာ္ကိုၿပီးေအာင္နားေထာင္ၿပီးမွကားေပၚတက္ခဲ့ရသည္။

ဇင္ေယာ္တို႔ ကုမၼဏီက လူေတြခ်ည္းပဲ သက္သက္ ကားတစ္စီး
ပဲမို႔ ေတြ႕ခ်င္တဲ့သူမေတြ႕ရေသး..ဒါေပမယ့္လည္း ဟိုေရာက္ရင္ ေတြ႕ရမွာမို႔ ကိုယ့္အေတြးနဲ႕ကိုယ္ ေပ်ာ္ေနမိေပမယ့္ ေဘးနားမွာ ႏႈတ္ခမ္းႀကီးကို ေရွ႕ကိုေထာ္ၿပီး နဂါးမ်က္ေစာင္းထိုးေနတဲ့ ဝင့္လႊာမေၾကာင့္
နားၾကပ္ကို အျမန္ေကာက္တပ္ကာ သီခ်င္းဖြင့္ၿပီး ဟိုဘက္သာလွည့္ေနလိုက္သည္။ မဟုတ္ရင္ေပ်ာ္ေနတဲ့ကိုယ့္အေပ်ာ္ေတြ ေဘးနားကဝင့္လႊာမေၾကာင့္ ပ်က္စီးရေတာ့မွာေၾကာင့္ျဖစ္သည္။

......

အခုရက္ပိုင္း ေနရတာ အဆင္မေျပလွေပ...ၾကားေနရ အသံအားမၾကားရတာေတာ့ တစ္ခုခုလိုေနသလို..မနက္တိုင္း  ဝင္လာတတ္တဲ့ မက္ေဆ့ သံ ေလးမရွိေတာ့ အိပ္ယာပုံမွန္မထျဖစ္တာၾကာခဲ့ၿပီ..
ငါးနာရီေရာက္တိုင္း နာရီတၾကည့္ၾကည့္ႏွင့္ ႐ုံးေအာက္ထပ္က ကားပါကင္ဆီသြားၿပီး တစ္စုံတစ္ေယာက္ကို သြားႀကိဳဖို႔ လုပ္မိတာလည္း အခါခါ..သူမရဲ႕ပုံမွန္လည္ပတ္ေနက် ေန႕စဥ္အလုပ္ထဲကို သူဝင္ေရာက္လာၿပီးကတည္းက ေျပာင္းလဲသြားတဲ့ လုပ္ငန္းစဥ္အခ်ိဳ႕ကို သူမရွိေတာ့မွ သိရခဲ့ၿပီ...

က်ဳံးေဘးက ျဖတ္တိုင္း အတူထိုင္ေနက် ခုံတန္းေလးျမင္ရေတာ့ ရင္ဘတ္ထဲက ဆစ္ခနဲ..သြားစားေနက်စားေသာက္ဆိုင္ေရာက္ရင္ သူလုပ္ေပးေနက်အတိုင္း ဇြန္းခရင္း ေလးကို တစ္သ်ႉးနဲ႕သုတ္ဖို႔ ကိုယ္တစ္ေယာက္ထဲရွိတဲ့အခါက် ေမ့ေလ်ာေနတာမ်ိဳး..

သူႀကိဳက္တတ္တဲ့ ပင္လယ္စာကိုပဲ မွာမိေနတာမ်ိဳး..
ေက်းဇူးျပဳၿပီး ထပ္ မေတြးပါရေစနဲ႕ေတာ့...ေတြ႕ခဲ့ရတဲ့ အခ်ိန္ခဏေလးအတြင္းမွာ ဒီ ေလာက်အမှတ်တရတွေရှိခဲ့လိမ့်မယ်လို့ မထင္ထားမိခဲ့ေပ..ရွိခဲ့ရင္လည္း အေသးစိတ္ကအစ ကိုယ့္ႏွလုံးသားကမွတ္မိေနတာမ်ိဳးေတာ့ မျဖစ္သင့္ခဲ့ဘူးမလား...ကုိယ်ကိုယ်တိုင်စခဲ့တဲ့ဇာတ်လမ်း ကုိယ်ကိုယ်တိုင် အဆုံးသတ္ထားတဲ့ဇာတ္လမ္းကို ျပန္ၿပီး စခ်င္တယ္ဆိုတာကေတာ့ မေတြးသင့္တဲ့အေတြးမဟုတ္လား....အဲ့အေတြးေတြဝင္လာတိုင္းလည္း ကိုယ့္ကိုယ္ကို အျပစ္ရွိသလိုခံစားေနရတာ လိပ္ျပာမလုံေတာ့ဘူး ရယ္..

အခုလည္း ျပန္ေတြ႕ရမယ့္ အျဖစ္အပ်က္ကို ကံၾကမၼာက ဖန္တီးလိုက္ျပန္ၿပီ..ကိုယ့္စိတ္ကိုယ္ေတာင္ မနိုင္ေသးတဲ့အခ်ိန္မွာ သူ႕ကို ထပ္ေတြ႕ရရင္ ကိုယ္ခံနိုင္မရွိနိုင္ေလာက္ဘူးဆိုတာ သိလို႔ ကံၾကမၼာကမ်ား က်ီစားေလသလား... အမွန္ေတာ့ ဒီဇာတ္လမ္းမွာ ဘယ္သူမွမမွား.. ကံၾကမၼာကိုသာ အျပစ္တင္ေနခဲ့တဲ့ သူမသာ အရာရာမွားယြင္းခဲ့သည္မဟုတ္လား.

....

၆ နာရီၾကာ ဖင္ပူေအာင္ ထိုင္ၿပီးေနာက္ လတ္ဆတ္တဲ့ေလေအး
ၾကည္လင္လန္းဆန္းသြားေစမယ့္ ကေလာၿမိဳ႕ရဲ႕ ရႈခင္းေလးေၾကာင့္
ထုံက်င္ေနတဲ့ ခါးေတာင္ အေညာင္းေျပသြားရသည္။ ေတာင္ေတြအထပ္ထပ္ျဖတ္လာၿပီးေတာ့မွ ေရာက္လာရတဲ့ၿမိဳ႕ေလးျဖစ္ၿပီး
ခရီးသြားေတြ အလာမ်ားတဲ့ၿမိဳ႕ေလးလည္းျဖစ္သည္။ မနက္ကတည္းက ထြက္လာရဲတဲ့ခရီးမို႔ ဒီေရာက္ေတာ့ ေန႕လည္ေတာင္ေက်ာ္ေနေလၿပီ..ဟိုတယ္က ျပင္ဆင္ထားတဲ့ေန႕လည္စားစားၿပီးေနာက္ အိပ္လိုက္တာ ညေနခင္းမွ နိုးေတာ့သည္။ အခုလာတဲ့လမ္းမွာ လူစုံကာတာမို႔ ဟိုတယ္မွာပဲ တည္းရမွာျဖစ္သည္။

မတို႔ကုမၼဏီက လူေတြနဲ႕ မတို႔ေရာက္လာတဲ့အခါ ေဆြးႏြေးၿပီးေတာ့မွ ဇင္ေယာ္က ဒီမွာေနရမယ့္ အိမ္ဆီသြားရမွာျဖစ္သည္။ အခုေတာ့
ခရီးပန္းတာေၾကာင့္  ဘယ္သူမွ အလုပ္ကိစၥမေဆြးႏြေးနိုင္ေသး...
တစ္ခ်ိဳ႕ကလည္း အျပင္ဘက္ထြက္ၿပီး ေလွ်ာက္လည္ၾကသလို ဇင္ေယာ္တို႔လို ေဟာ္တယ္မွာပဲ ရႉခင္းထိုင္ၾကည့္တဲ့အဖြဲ႕လည္းရွိသည္။

ေဟာ္တယ္က ေတာင္ကုန္းထိပ္မွာမို႔ ကေလာတစ္ၿမိဳ႕လုံးကို အေပၚစီးက ျမင္ရသည့္ ရႉခင္းမွာ တကယ့္ကို အမိုက္စား...ၿမိဳ႕ျပန႕မတူ လတ္ဆတ္တဲ့ေလေအးေအးေလးေတြေၾကာင့္လည္း စိတ္ကို ၾကည္လင္ေစသည္မွာ အမွန္ပင္..ဒီၿမိဳ႕ေလးမွာ တစ္လေလာက္ေနရမယ္ဆိုေတာ့ စိတ္ထဲ ဝမ္းသာမိ၏။ ငယ္ငယ္က ေမေမတို႔ ဖြင့္ခဲ့တဲ့ စိုင္းထီးစိုင္ တို႔ စိုင္းဆိုင္ေမာ့ တို႔ရဲ႕ ရွမ္းသီခ်င္းေလးေတြၾကားတိုင္း ရွမ္းျပည္မွာ ေနခ်င္မိတာမွ ခဏခဏ.....အခုေတာ့ အၿမဲတမ္းမေနရေပမယ့္ စိတ္ေက်နပ္ေလာက္မယ့္ အတိုင္းအတာ တစ္ခုထိ ေနရမယ္ဆိုေတာ့ တကယ့္ကို ေျပာမျပေလာက္နိုင္ေအာင္ပင္ ၾကည္ႏူးရသည္။

"ဟဲ့ နင္ ရႉခင္းၾကည့္လို႔ၿပီးရင္ ေကာ္ဖီလိုက္တိုက္ "

ရႈခင္းေလးခံစားေနတာမွ ၾကည္ႏူးလို႔ မဆုံးေသး..ေဘးနားက ဝင့္လႊာမရဲ႕ ဇြတ္ဆြဲေခၚမႈေၾကာင့္ ဟိုတယ္ရဲ႕ ေအာက္ဘက္ ေကာ္ဖီဆိုင္ထဲေရာက္လာၾကသည္။

"အားပါးပါး...ဒီလိုေအးေနတဲ့ရာသီေလးနဲ႕ Black Coffee ေလးက လုံးဝကြက္တိ "

လွ်ာေလးသက္ၿပီး သူမ်ားဝယ္တိုက္တဲ္ေကာ္ဖီနဲ႕ေကာင္းစားေနတဲ့ ဝင့္လႊာမ ကို လက္ထဲက Americano ေသာက္ရင္း အျပင္ဘက္က ရႈခင္းကိုသာၾကည့္ေနလိုက္သည္။

"ဒါနဲ႕ နင့္မ က ဘယ္ေတာ့လာမွာ "

"မနက္ျဖန္ေလာက္မွထင္တယ္ meeting က မနက္ျဖန္ဆိုေတာ့ "

"သူနဲ႕ေတြ႕ရင္ နင္ဘယ္လို လုပ္မွာ "

"ငါဟာ့ငါလည္း စဥ္းစားလို႔မရေသးဘူး ဒီတိုင္း သူ႕မ်က္ႏွာေလးေတြ႕ေနရရင္ကို ငါ့အတြက္ ဒီအေတာအတြင္း ခံစားေနရတဲ့ ဒဏ္ရာေတာ့
နည္းနည္း သက္သာမယ္ထင္တယ္  "

"ဟင္း...နင့္မလဲေနာ္  "

"ငါ့လာၿပီး သနားျပမေနနဲ႕ နင္သာနင့္လူနဲ႕ေတြ႕ရင္ ခံနိုင္ရည္ရွိေအာင္ႀကိဳးစား "

"ငွက္စုတ္ငွက္နာ အစလာမေဖာ္နဲ႕ေနာ္ ငါ့မွာမနည္းေမ့ထားရတာ ဒီေရာက္လာတာလည္း နင့္စနက္ ေၾကာင့္ ငါ့လာၿပီး ဒဏ္ရာေတြလာမေဖာ္နဲ႕ "

ဒဏ္ရာကိုယ္စီနဲ႕ သူငယ္ခ်င္းႏွစ္ေယာက္ ေကာ္ဖီေလးေသာက္ရင္း အျပင္ဘက္က အေအးဒဏ္ကို အေဖာ္ျပဳရင္း ေဘးဘက္က ေတာင္တန္းႀကီးကိုေငးကာ စကားလမ္းေၾကာင္းလႊဲရင္း တစ္ျခားအေၾကာင္းအရာစီသာ အာ႐ုံစိုက္လိုက္ၾကသည္။

#ေအးခ်မ္းညိမ္း

Continue Reading

You'll Also Like

92.2K 2.5K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
252K 37.5K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
403K 3.8K 5
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...