Start with Heart And End with...

Por frozenmanobannca

126K 10.2K 1.5K

နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... ႏွလုံးအစားထိုး ခြဲစိတ္မႈကေန ျဖစ္ေပၚလာေသာ ခ်စ္ျခင္... Más

Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
19 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞

20 💞

3.3K 273 40
Por frozenmanobannca

အပုိင်း ၂၀

ပြီးဆုံးသွားခဲ့ပြီ....သူလုပ်ချင်တဲ့အတိုင်း ဖြစ်ခဲ့သွားပြီ...ဒါပေမယ့်
ရင်ထဲမှာ ပေါ့ပါးသွားရမယ့် အစား ဆို့နင့်နေတဲ့ခံစားချက်က ဘာကြောင့်လဲ..ဒီအဖြေကို သူမ သိပေမယ့် လက်မခံရဲပေ..
လမ်းခွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ကတည်းက နှလုံးသားထဲမှာ အမြစ်တွယ်နေတဲ့ ခံစားချက်တွေကို သူ မျက်ကွယ်ပြုပြီးသား..နင်းချေခဲ့ပြီးသား..

ဒါပေမယ့်..
ဦးနှောက်က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ နှလုံးသားတစ်ခုလုံးကို စုတ်ပြတ်သွားသလိုခံစားရပေမယ့် သူမ နောင်တမရခဲ့ပါဘူး..ဘာကြောင့်လဲဆိုတော့ သူမဟာ သစ္စာတရားကို တန်ဖိုးထားတဲ့သူမို့..

....

"ဇင်ယော်ရယ် ထမင်းလေးတော့ ထစားလိုက်ပါဟာ အန်တီလည်း ကြာရင်ရိပ်မိတော့မယ် နေမကောင်းဖြစ်နေတဲ့သူက ဘယ်တော့မှ မျက်တွင်းဟောက်ပတ်နဲ့ လဒရုပ်ဖြစ်မနေဘူးဟ နင့်ဟာက အသည်းကွဲတာကို သိသာနေရုံမကတော့ဘူး မျက်နှာမှာ စာကပ်ပြီးကြေငြာထားသလိုပဲ "

မေမေလုပ်ကေးထားတဲ့ဆန်ပြုတ်ခွက်ထည့်ထားသော လင်ဗန်းကို စားပွဲပေါ်အသာချကာ ကုတင်ပေါ်မှာ ပက်လက်လှဲ၍ မျက်နှာကျက်ကို မျက်တောင်မခတ် ငေးကြည့်နေသည့် ဇင်ယော့်အား အစားစားဖို့တိုက်တွန်းနေတဲ့ ဝင့်လွှာရဲအသံမှာ စိတ်ကုန်နေသလို ဒေါသထွက်နေတဲ့လေသံမျိုးလည်းပါလေသည်။

"ဇင်ယော် ငါတကယ်ပေါက်လာပြီနော် နင်ဒီတစ်ခါ မစားရင် ငါအန်တီ့ကို အကုန်ဖွင့်ပြောလိုက်မှာ နင်နေမကောင်းဘူးထင်ပြီး ပျာယာခတ်နေတဲ့အန်တီ့ကိုလည်း သနားပါအုံး အသည်းကွဲတာက ကြာရင်မေ့သွားလိမ့်မယ် အေး..နင်အခုဒီလိုပုံစံနဲ့သာနေရင် အသက်ထွက်ပြီး အန်တီ့ထက်အရင် ရေဝေးရောက်နေမှ အန်တီ့မှာ ယူကျုံးမရဖြစ်နေမှာ ထ... ထ လို့ ဇင်ယော် "

ေခြသလုံးကို တစ်ဖတ်ဖတ်နဲ့ရိုက်နေတဲ့ ဝင့်လွှာကြောင့် မထချင် ထချင်နဲ့ထကာ ဆန်ပြုတ်ပန်းကန်ကို ယူ၍ ဇွန်းနဲ့ ဟိုမွှေ ဒီမွှေလုပ်နေတော့ ဝင့်လွှာရဲ့ မျက်စောင်းက အလုိလိုကျရောက်လာလေပြီ..
ဇင်ယော်လည်း ကြာရင် ဝင့်လွှာရဲ့ ဒေါသမီးနဲ့ ကြုံတွေ့ရမည်
ဖြစ်သောကြောင့် ဇွန်းကိုချကာ ဆန်ပြုတ်တစ်ပန်းကန်လုံးမော့ချလိုက်လေသည်။

"ဝေါ့...ဝေါ့... အ့...ကျစ် ကျစ် ကျစ် "

"သေလေ ဆန်ပြုတ်တစ်ပန်းကန်လုံးမော့ချမှတော့ အရင်ရက်က အစားမစားထားတဲ့နင့်အစာအိမ်က လက်ခံပါ့မလား အန်တာတောင်နည်းသေးတယ် "

"နင် ငါ့ကို မေတ္တာပို့နေတာလေး ခဏလောက် ရပ်ထားလို့မရဘူးလား စေတနာရှိရင် ရေလေးတစ်ခွက်လောက်ပဲ တိုက်စမ်းပါ ပါးစပ်လေးတော့ပိတ်ထားပေး ငါကြာရင် အသည်းကွဲလို့မရူးဘဲ နင့်ကြောင့် ရူးလိမ့်မယ် "

"ဟွန့် "

ပြတင်းပေါက်ဘေးမှာ ခေါင်းလေးစိုက်ကာ အန်နေရင်း မေတ္တာတွေ ပို့နေတဲ့ ဝင့်လွှာကို ရေခပ်ခိုင်းရသည်။ သူပြောသလို အစာအိမ်က အစာမရှိတာကြာကြီမို့ ရုတ်တရက် အစာရောက်လာတော့ ပြန်အန်ချခြင်းဖြစ်သည်။ ဒါပေမယ့် အများကြီးတော့ မအန်..အနည်းငယ်သာ..

"ရော့..ရေ ဒါသောက်ပြီးရင် အားဆေးပါသောက် ပြီးရင် အိပ်လိုက်အုန်း ကြာရင် နင့်မျက်လုံးက ပန်ဒါတောင်အရှုံးပေးရတော့မယ်
မျက်ကွင်းတွေညိုနေတာများ မီးသွေးခဲသွေးပြီး သုတ်ထားသလားမှတ်ရတယ်  "

ဝင့်လွှာလက်ထဲအသင့်ပါလာတဲ့ အားဆေးတောင့်က်ို သောက်ကာ ကုတင်ပေါ်ပြန်လှဲအိပ်ချလိုက်တော့ ပထမဆုံးပေါ်လာတာ သူမရဲ့မျက်နှာ..

ဒီရက်ပိုင်းအတွင်း ဘယ်လိုမှ မခံစားနိုင်တဲ့ သူမရဲ့ ရက်စက်ပြတ်သားသော အသံတွေဟာ ဇင်ယော့်နားထဲမှာ တဝဲလည်လည် ကြားယောင်နေတာကြောင့် ညဘက်တွေဆို အိပ်လို့မပျော်နိုင်..
မျက်စိမှိတ်လိုက်တိုင်းမှာ ေပါ်လာတဲ့ သူမမျက်နှာကြောင့် အပြေးလေးသွားတွေ့ချင်ပေမယ့် ထိုစိတ်ကူးသည် တိမ်တိုက်အလား
သူမရဲ့ ပြတ်စဲခြင်းတို့မှာ ပျောက်ကွယ်သွားရပြန်သည်။

"ငါ..ငါလေ ဘယ်လိုမှ မခံစားနိုင်ဘူးဟာ သူ..သူငါ့ကို အစားထိုးခဲ့မှန်းသိပါတယ် ဒါပေမယ့်လေ...နည်းနည်းလေး...တကယ့်ကို နည်းနည်းလေးတော့ ငါ့အပေါ် သံယောဇဥ်ထားပြီး ချစ်ခဲ့မယ်ထင်ခဲ့တာ..နင်သိလား..ငါ့ဘဝမှာ သူကပထမဦးဆုံးအချစ်..နောက်ပြီး အချစ်ရဆုံးသူပဲ.. သူအေးစက်သမျှ ငါအကုန်သည်းခံခဲ့တာ သူ့မျက်နှာလေးကို ငေးနေရရုံနဲ့ ငါစိတ်ချမ်းသာခဲ့ရတာ သူကတော့ ငါ့ကို ဒီတိုင်း...ဒီတိုင်း သူ့ဘေးနားမှာ သူလိုချင်တဲ့အရာတစ်ခုကို သိမ်းဆည်းပေးထားတဲ့ သက်မဲ့အရာတစ်ခုလိုပဲ ထင်ခဲ့တာ..ငါ...ငါလေ ဘာမှကို မပြောနိုင်လောက်အောင် စွံအခဲ့တယ်သိလား ဝင့်လွှာ.. ငါ..ဒူးတောင်ထောက်ခဲ့တာ မစွန့်ပစ်ဖို့ ..ဒါပေမယ့် သူ့ဘက်က အရမ်းပြတ်သားလွန်းတယ်ဟာ... ငါဘယ်လို လုပ်ရမလဲဟင် ဝင့်လွှာ.."

သူ့ရဲပထမဆုံးအချစ်မှာ အဆုိးဆုံးအခြေအနေနဲ့ရင်ဆိုင်လိုက်ရတဲ့အတွက် ဘယ်လောက်ခံစားနေရမလဲဆိုတာ ဝင့်လွှာ မတွေးနိုင်ပေမယ့် သူ့ပုံစံကြည့်ပြီး အရမ်းစိတ်မကောင်းဖြစ်ရသည်။ ငယ်ငယ်ကတည်းက နှလုံးရောဂါကြောင့် အချစ်ဆိုတာမပြောနဲ့ သူ့ကျန်းမာရေးလေးကောင်းဖို့ အမြဲဂရုတစိုက်နေခဲ့ပြီး စာကိုသာ သူ့ဘဝလို့ သတ်မှတ်ထားခဲ့တာ..အချစ်ဆိုတာ ဝတ္တုတွေ ဇာတ်ကားတွေပဲမှာပဲ တွေ့ဖူးခဲ့ပြီး ရင်ခုန်တယ်ဆိုတာတောင်မသိတဲ့ သူတို့သူငယ်ချင်းကျမှ ဒီလိုအဖြစ်ဆိုးနဲ့ကြုံရတယ်လို့...

"နင်ငိုလိုက်ပါ တစ်ဝကြီး ငိုချလိုက် နင့်ဘက်မှာ ငါတို့ရှိတယ်
သူ့ဘက်က ဒီလောက်ပြတ်သားမှတော့ နင့်ဘက်ကလည်း ပြတ်သားလိုက်ရုံပေါ့ဟာ သူ့အကြောင်းတွေးမိတဲ့အချိန်တိုင်း နင့်အမေ ဒါမမဟုတ် အလုပ်အကြောင်းတွေးပြီး ဖျောက်လိုက်ပေါ့ လုံးဝဖျောက်ပစ်လို့မရဘူးဆိုရင် သူနင့်ကို ပြောခဲ့တဲ့စကားတွေနဲ့ နာကြဥ်းပစ်လိုက်ပေါ့ဟာ "

"နာကြဥ်းလို့မှ မရပဲဟာ ဒါပေမယ့် ငါ့စိတ်ကို ငါနိုင်အောင် ကြိုးစားမှာပါ "

"အေးပါဟာ နင်ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ငါတို့သူငယ်ချင်းတွေအားလုံးက နင့်ဘက်မှာရှိတယ်နော် ဒါကြောင့် နင်မှန်မယ်ထင်တဲ့လမ်းကိုသာရွေး ငါတို့ ထောက်ခံပြီးသားပဲ"

.......

တစ်နေ့က ဝင့်လွှာ ဇင်ယော့်ကို သွားဖြောင်းဖျလိုက်တဲ့အကျိုးက သက်ရောက်တယ်လို့ပဲ ဆိုမလား...ဝင့်လွှာပြန်လာပြီးနောက်နှစ်ဂက်နေတော့ ဇင်ယော်ပြန်အလုပ်ဆငိးလေသည်။

ဦးလေးကတော့ ဇင်ယော်က ကုမ္မဏီရဲ့အားထားရသူမို့ ဘယ်လိုမျိုး
ခွင့်ပဲယူယူနားလည်ပေးထားပြီးသား...ဒါပေမယ့် ဇင်ယော့်မှာ သာ
အရင်လိုပျော်ရွှင်တက်ကြွမနေတော့ပဲ သူ့အလုပ်စားပွဲမှာ အလုပ်နဲ့လက်နဲ့မပြတ်လုပ် ေနေလေတော့သည်။ ထမင်းစားချိန်မှာစား
အလုပ်ချိန်မှာလုပ်ပြီးရင် တစ်ခါတစ်လေ ညတွေတောင် overtime ဆင်းပြီးလုပ်နေလေတော့ ကောင်းတယ်လို့ပဲပြောရမလား ဆိုးတယ်လို့ပဲပြောရမလား..အမြဲတမ်းပြုံးရွှင်နေတဲ့
သူငယ်ချင်းက အခုလိုမျိုး အပြုံးမဲ့တဲ့သူဖြစ်သွားတာ ဝင့်လွှာတော်တော်လေးစိတ်မကောင်းဖြစ်မိသည်။ဒါကြောင့် သူလည်း ခဏတာ စိတ်အပန်းပြေအောင် ဝင့်လွှာတို့သူငယ်ချင်းတွေစုပြီး တွေ့ကြဖို့ လိုင်းပေါ်မှာ တိုင်ပင်လိုက်တော့ သူငယ်ချင်းတွေအကုန်လုံးက သဘောတူကြသည်။ အဓိက ဇင်ယော့်ကိုပဲ ပါအောင်ခေါ်ခဲ့ရတော့မည်ဖြစ်သည်။

"ဇင်ယော် ဒီညနေကျရင် ဟိုကောင်တွေက ဆုံကြမယ်တဲ့ အဲ့ဒါနင်ဒီနေ့ overtime မဆင်းနဲ့တော့ "

"ဒါပေမယ့် ငါလုပ်ဖို့ကျန်..."

"No No No မရဘူးနော် ဇင်ယော် သူငယ်ချင်းတွေဆုံမယ်လို့ဆုံးဖြတ်လိုက်ရင် မလုိက်တဲ့သူက သစ္စာဖောက်ပဲ နင်သိတယ်နော် အဲ့သဘောတူညီချက်ကို "

လုံးဝငြင်းမယ့်ကိုယ်တော်ချောကို အစကတည်းက အချက်ကျကျ ပိတ်ပြောပစ်လိုက်မှဘဲ မျက်နှာလေးရှုံမဲ့ပြ ကာ ခေါင်းငြိမ့်တော့သည်။

.....

"တစ်ခေါက်ပြန်လည် single ဖြစ်သွားတဲ့ဇင်ယော့်အတွက် Cheer! !!! "

ယောကျာ်းမတန် အာပြဲကြီးနဲ့ ဇင့်ယော်ကို ဖဲ့ကာ cheer အော်လိုက်တဲ့ ထက်ဝေယံကို မျက်စောင်းတစ်ချက်ပစ်ကျွေးလိုက်တော့
ကျန်တဲ့လူတွေက ဝိုင်းရယ်ကြတော့သည်။

"ကဲပါ ထက်ဝေယံရယ် ငှက်ကြီးထပြန်သွားရင် နင်တရားခံနော် သူ့မှာ အသဲကွဲနေတဲ့ကြားက ဒီကို မနည်းအားတင်းပြီးလာခဲ့ရတာ နင်ထပ်မလှော်နဲ့ "

"အေးပါ ငါက ငှက်ကြီးကို စတာပါ ကဲလာ ငါ့ကောင် ဒီညတော့ အရာအားလုံးကို မေ့ပြီးအပြတ်သာကဲ ကောင်မလေးလိုချင်ရင် ငါထပ်ရှာပေးမယ် "

"ကဲ ဒီခွေးကောင်ကတော့ ပြောလေကဲလေ ငါကောက်ထုလိုက်ရ "

ပြီတီတီလုပ်နေတဲ့ ထက်ဝေယံအား ဆတ်ဆတ်ကျဲ ရွှေဇင်မှ တစ်သျှူးဘူးနဲ့ကောက်ပေါက်မယ်ဆိုမှ သကောင့်သားက ငြိမ်တော့သညိ။

"ထားလိုက်တော့ တစ်ခြားအကြောင်းအရာပြောကြပါ ဒီလမ်းကြောင်းပဲ လှည့်လှည့်မလာနဲ့ "

အခုမှ အသဲကွဲဖူးတဲ့ဒဏ်ကို လတ်လတိဆတ်ဆတ်ခံစားထားရတဲ့ ဇင ်ယော့်ကို ဒီအကြောင်းတွေပဲထပ်ပြောရင် စိတ်နုတဲ့ဇင်ယော်အရမ်းခံစားရမယ်ဆိုတာသိလို့ ဝင့်လွှာစကားလမ်းကြောင်းလွှဲပစ်လိုက်သည်။

"ဟဲ့ ဒါနဲ့ ငါဟိုနေ့က Ocean သွားရင်းဘယ်သူနဲ့တွေ့တယ်ထင်တုန်း "

"ဘယ်သူလဲ "

"ငါတို့ တက္ကသိုလ်မှာတုန်းက စကော်လားရှစ်ရသွားတဲ့တသ်ယောက်လေ "

"ခင်နန်းထက်လား "

"အေးဟုတ်တယ် အဲ့မယ် ထက်ဝေယံတို့ အဲ့တာကျ ချက်ချင်းမှတ်မိတယ်နော် မှတ်ညဏ်တွေကောင်းတယ်နော် "

"ဟဲဟဲ အဲ့တာတော့ ချောတဲ့ကောင်မလေးတွေဆို ငါ့မှတ်ညဏ်က သိတယ်မလား "

"အဲ့နှာဘူးကိုထားလိုက်ပါဟာ နင်ပြောမယ့်စကားဆက်စမ်းပါ အဲ့ခင်နန်းထက်အကြောင်း"

"ဒီလိုဟာ ငါလည်းသူ့ကို တွေ့တော့ သွားနှုတ်ဆက်ရော သူက ငါ့ကိုမသိသလိုလိုလုပ်နေသေးတာ ငါလည်းဘယ်ရမလဲ ကျောင်းနာမည်တွေရော အခန်းနံပါတ်တွေရောပြောပြလိုက်တော့မှ ဪ သိပ်မမှတ်မိလို့ပါဆိုပြီး ပြောတာ သူကအရင်တုန်းက အဲ့လောက်မာနမရှိဘူး အခုကျတော့ မာနတွေများမိုးထိုးထားသလားအောက်မေ့ရတယ်  "

"အံမယ် သူကများကြီးကြီးကျယ်ကျယ် အဲ့တစ်ယောက်က ငါတို့ဇင်ယော်မသွားလို့ သွားလိုက်ရတာကိုများ ငါနဲ့မတွေ့လို့ပေါ့ တွေ့လို့ကတော့ ရှယ်ပြောပြစ်မှာ "

ဒီလိုနဲ့ ရောက်တတ်ရာရာစကားပြောရင်း ကျောင်းကအကြောင်းတွေပြောလိုက် ဟာသတွေပြောလိုက်နဲ့ ဇင်ယော်တစ်ယောက် ဝင်မပြောခဲ့ပေမယ့် အနည်းငယ်တော့ စိတ်သက်သာရခဲ့ပါတယ်...

"ဇင်ယော် နင်မနက်ဖြန် Mine ကုမ္မဏီသွားရမှာနော် ရရဲ့လား "

"အေး ရပါတယ်ဟာ နင်ရောလိုက်မှာလား "

"လိုက်ခဲ့မယ်လေ ငါပါတော့ နင်ငိုချင်ငိုလို့ရတာပေါ့ ငါ့ရင်ခွင်တစ်ခုလုံးရှိတယ် စိတ်ကြိုက်ငို "

ရင်ဘတ်ပုတ်ပြပြီးပြောနေတဲ့ ဝင့်လွှာကြောင့် ဇင်ယော်ရယ်မိသည်။
တစ်ပတ်ဆိုတဲ့ အချိန် ဟာ အရင်ကထက်တော့ နည်းနည်း အနည်ထိုင်သွားပုံရပါတယ်... တွေ့တိုင်းသူငယ်ချင်းတွေက စစနေတော့ ဇင်ယော်လည်း အနည်းငယ်တော့ နေသားကျလို့နေပြီ..
မချစ်တော့ဘူးလား... မေ့သွားပြီလားလို့တော့ မမေးပါနဲ့..သူမကိုချစ်တဲ့အချစ်တွေက ဘယ်တော့မှ လျော့မသွားမဲ့ချစ်ခြင်းတွေဖြစ်လို့ပါပဲ..

....

သူမနဲ့တွေ့ရင် စိတ်ကိုအတည်ငြိမ်ဆုံးထားနိုင်အောင် မနက်အစောကြီးတရားထိုင်လာတဲ့ ဇင်ယော့်မှာ ကုမ္မဏီရောက်တော့
ကြိုးစားသမျှ သဲထဲရေသွန်ပါပဲ..ဘာလို့ဆို သူမက မရှိဘူးလေ..
မမေနွဲ့စိုးနဲ့ သူတို့ဘက်က ထုတ်ကုန်မန်နေဂျာနဲ့ပဲ စကားပြောလိုက်ရသည်။ သူမကို တွေ့လို့တွေ့ငြား အမှတ်မရှိစွာနဲ့ ကုမ္မဏီမှာ ယောင်လဘ်လည်ဖြင့်ကျန်ခဲ့တော့...

"ဒီနေ့တော့မိုးတွေရွာတော့မယ်ထင်တယ် အရင်က မတွေ့ချင်လို့ အမြဲရှောင်နေတဲ့သူက ကုမ္မဏီမှာ ကျွန်မနဲ့တွေ့ချင်တယ်ဆိုပြီး ကျန်ခဲ့တယ်ဆိုတော့ ကဲ ဆိုပါအုန်း ငှက်ကလေးရေ ကျွန်မနာမည်အသုံးချပြီး ဘယ်သူ့ကို တွေ့ချင်နေသေးလို့လည်း "

မျက်လုံးက ဂနာမငြိမ်စွာနဲ့ ကုမ္မဏီပေါက်ဝကို မျှော်ကြည့်မျှော်ကြည့်လုပ်နေတဲ့ ဇင်ယော့်ကို လူအကဲခတ်တော်တဲ့မေနွဲ့စိုးက ချက်ချင်းကို ရိပ်မိပြီး ပြောလေတော့သူမှန်နေသည်မို့
ဇင်ယော့်မှာ ဘာမှပြန်မဖြေရှင်းနိုင်..

"ဟို ဒီတိုင်း မမေနွဲ့စိုးနဲ့ပြောစရာရှိလို့ပါ "

ကုမ္မဏီကန်တင်းမှာ ထိုင်နေတာမို့ မေနွဲ့စိုးက ဇင်ယော့်ရှေ့တွင်..

"ကဲဆိုစမ်းပါအုန်း ပြောစရာရှိတဲ့ကိစ္စကို "

"ဟို.. ဟို အခုက ဆောက်မှာ ဟိုတယ်ဆိုတော့ နည်းနည်းဒီဇိုင်းက
...ဘယ်လိုပြောရမလည်း နှစ်ယောက်အတူ အကြံထုတ်ကြမှ ပိုကောင်းမယ်ထင်လို့.. နောက်ပြီးတော့လည်း.."

အမှန်တော့ ဇင်ယော့်ထိုင်နေရင်းကိစ္စက ဒီဇိူင်းကိစ္စမဟုတ်တာမို့ ပါးစပ်ထဲရှိရာလျှောက်ပြောနေသည်ကို မေနွဲ့စိုးက လည်း သတိထားမိပုံရသည်။ ေဖျာ်ရည်ကို ပိုက်နဲ့စုပ်သောက်ပြီး
နင်ဘယ်လောက်လိမ်နိုင်မလဲ ဆိုတဲ့အကြည့်နဲ့ကြည့်နေတော့ ဇင်ယော့်မှာ ပြောဘက်စစကားလေးရပ်ပြီး သက်ပြင်းလေးချလိုက်သည်။

"အမှန်တော့ ကျွန်တော် တွေ့ချင်တဲ့သူရှိလို့ပါ "

"Ceo ကိုမလား "

"ဗျာ! !!"

နောက်ဆု့းတော့ ဝန်မခံချင်ဘဲ ခေါင်းလေးငုံ့ကာ ဝန်ခံလိုက်တဲ့ဇင်ယော်မှာ မေနွဲ့စိုး စကားကြောင့် ငုံ့နေတဲ့ ခေါင်းလေးပြန်ထောင်လာသည်။ သူမဘယ်လိုသိသွားတယ်ဆိုတာ တကယ်အံ့သြောစရာပါ..

"အဟင်း...အဲ့လောက်မအံ့သြပါနဲ့ ယူနဲ့ စတွေ့တဲ့မိတ်ဆက်ပွဲကတည်းက ယူ့မျက်လုံးတွေက Ceo ဆီမှာပဲ ရှိနေတာ သတိထားမိပါတယ် ယူတို့နှစ်ယောက် ဘယ်လိုပတ်သတ်လဲ တို့မသိပေမယ့်
ယူ့မျက်လုံးတွေကတော့ ဟိုတစ်ယောက်ကို တော်တော်လေး ချသ်နေပုံပဲ ဘယ်လိုလဲ တို့ခန့်မှန်းတာတော်တယ်မလား "

အင်း...တော်လွန်းလို့ ဇင်ယော့်မှာ ဒီမှာလာထိုင်မိတာကို နောင်တရချင်နေပြီ...

"ကဲပြော ယူနဲ့တို့ Ceo အကြောင်းလေး တို့ Ceo က တည်တည်ငြိမ်ငြိမ်ပေမယ့် သူ့မျက်လုံးထဲမှာလည်း ယူ့ကိုကြည့်တဲ့အကြည့်က မရိုးဘူးနော် အဲ့တော့ အမှန်တိုင်းပြောပြမလား သွယ်ဝိုက်ပြီးတော့ပဲပြောမလား ငြင်းမယ်တော့မကြံနဲ့နော် မေနွဲ့စိုးကို လိမ်လို့ရတဲ့သူ ကမ္ဘာမှာ မပေါ်သေးဘူး "

ဘေးကျပ်နံကျပ်ဆိုတဲ့ အခြေအနေကို ဇင်ယော်ကြုံလိုက်ရပါပြီ..
အရှေ့မှာထိုင်နေတဲ့သူက လူကဲခတ်အရမ်းတော်နေတော့လည်း လိမ်မယ်လို့ကြံလို့ကို မရ...ပြောပြဖို့ကျတော့လည်း သူက ယုံရ မရ မသိပြန်...

"အဲ့လောက်ကြီးလည်း သက်ပြင်းတွေချမနေပါနဲ့ အသက်တွေလည်း တိုနေအုန်းမယ် တို့က နှုတ်လုံပါတယ် စိတ်ချ နောက်ပြီး တို့ဘက်က ကူညီနိုင်ရင်လည်း ယူ့ကိုပြန်ကူညီပါ့မယ် ဟုတ်ပြီလား"

ပြောရမလား မပြောရဘူးလား ဝေခွဲရခက်ဖြစ်နေတုန်း နောက်ဆုံးမှာတော့ ဇင်ယော် တစ်ခြားသူစိမ်းကို အနည်းဆုံး တစ်ခလောက်တော့ါ မျက်စိမှိတ်ယုံကြည်လိုက်တော့သည်။ သူများကို ရင်ဖွင့်ရတာ အနည်းဆုံးတော့ ခံစားရတာ သက်သာတယ်မလား...

#အေးချမ်းညိမ်း

Zawgi

အပုိင်း ၂၀

ၿပီးဆုံးသြားခဲ့ၿပီ....သူလုပ္ခ်င္တဲ့အတိုင္း ျဖစ္ခဲ့သြားၿပီ...ဒါေပမယ့္
ရင္ထဲမွာ ေပါ့ပါးသြားရမယ့္ အစား ဆို႔နင့္ေနတဲ့ခံစားခ်က္က ဘာေၾကာင့္လဲ..ဒီအေျဖကို သူမ သိေပမယ့္ လက္မခံရဲေပ..
လမ္းခြဲမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ခ်လိဳက္ကတည္းက ႏွလုံးသားထဲမွာ အျမစ္တြယ္ေနတဲ့ ခံစားခ်က္ေတြကို သူ မ်က္ကြယ္ျပဳၿပီးသား..နင္းေခ်ခဲ့ၿပီးသား..

ဒါေပမယ့္..
ဦးႏွောက္က ခ်မွတ္လိုက္တဲ့ ဆုံးျဖတ္ခ်က္ဟာ ႏွလုံးသားတစ္ခုလုံးကို စုတ္ျပတ္သြားသလိုခံစားရေပမယ့္ သူမ ေနာင္တမရခဲ့ပါဘူး..ဘာေၾကာင့္လဲဆိုေတာ့ သူမဟာ သစၥာတရားကို တန္ဖိုးထားတဲ့သူမို႔..

....

"ဇင္ေယာ္ရယ္ ထမင္းေလးေတာ့ ထစားလိုက္ပါဟာ အန္တီလည္း ၾကာရင္ရိပ္မိေတာ့မယ္ ေနမေကာင္းျဖစ္ေနတဲ့သူက ဘယ္ေတာ့မွ မ်က္တြင္းေဟာက္ပတ္နဲ႕ လဒ႐ုပ္ျဖစ္မေနဘူးဟ နင့္ဟာက အသည္းကြဲတာကို သိသာေန႐ုံမကေတာ့ဘူး မ်က္ႏွာမွာ စာကပ္ၿပီးေၾကျငာထားသလိုပဲ "

ေမေမလုပ္ေကးထားတဲ့ဆန္ျပဳတ္ခြက္ထည့္ထားေသာ လင္ဗန္းကို စားပြဲေပၚအသာခ်ကာ ကုတင္ေပၚမွာ ပက္လက္လွဲ၍ မ်က္ႏွာက်က္ကို မ်က္ေတာင္မခတ္ ေငးၾကည့္ေနသည့္ ဇင္ေယာ့္အား အစားစားဖို႔တိုက္တြန္းေနတဲ့ ဝင့္လႊာရဲအသံမွာ စိတ္ကုန္ေနသလို ေဒါသထြက္ေနတဲ့ေလသံမ်ိဳးလည္းပါေလသည္။

"ဇင္ေယာ္ ငါတကယ္ေပါက္လာၿပီေနာ္ နင္ဒီတစ္ခါ မစားရင္ ငါအန္တီ့ကို အကုန္ဖြင့္ေျပာလိုက္မွာ နင္ေနမေကာင္းဘူးထင္ၿပီး ပ်ာယာခတ္ေနတဲ့အန္တီ့ကိုလည္း သနားပါအုံး အသည္းကြဲတာက ၾကာရင္ေမ့သြားလိမ့္မယ္ ေအး..နင္အခုဒီလိုပုံစံနဲ႕သာေနရင္ အသက္ထြက္ၿပီး အန္တီ့ထက္အရင္ ေရေဝးေရာက္ေနမွ အန္တီ့မွာ ယူက်ဳံးမရျဖစ္ေနမွာ ထ... ထ လို႔ ဇင္ေယာ္ "

ေခြသလုံးကို တစ္ဖတ္ဖတ္နဲ႕ရိုက္ေနတဲ့ ဝင့္လႊာေၾကာင့္ မထခ်င္ ထခ်င္နဲ႕ထကာ ဆန္ျပဳတ္ပန္းကန္ကို ယူ၍ ဇြန္းနဲ႕ ဟိုေမႊ ဒီေမႊလုပ္ေနေတာ့ ဝင့္လႊာရဲ႕ မ်က္ေစာင္းက အလုိလိုကျရောက်လာလေပြီ..
ဇင္ေယာ္လည္း ၾကာရင္ ဝင့္လႊာရဲ႕ ေဒါသမီးနဲ႕ ႀကဳံေတြ႕ရမည္
ျဖစ္ေသာေၾကာင့္ ဇြန္းကိုခ်ကာ ဆန္ျပဳတ္တစ္ပန္းကန္လုံးေမာ့ခ်လိဳက္ေလသည္။

"ေဝါ့...ေဝါ့... အ့...က်စ္ က်စ္ က်စ္ "

"ေသေလ ဆန္ျပဳတ္တစ္ပန္းကန္လုံးေမာ့ခ်မွေတာ့ အရင္ရက္က အစားမစားထားတဲ့နင့္အစာအိမ္က လက္ခံပါ့မလား အန္တာေတာင္နည္းေသးတယ္ "

"နင္ ငါ့ကို ေမတၱာပို႔ေနတာေလး ခဏေလာက္ ရပ္ထားလို႔မရဘူးလား ေစတနာရွိရင္ ေရေလးတစ္ခြက္ေလာက္ပဲ တိုက္စမ္းပါ ပါးစပ္ေလးေတာ့ပိတ္ထားေပး ငါၾကာရင္ အသည္းကြဲလို႔မ႐ူးဘဲ နင့္ေၾကာင့္ ႐ူးလိမ့္မယ္ "

"ဟြန့္ "

ျပတင္းေပါက္ေဘးမွာ ေခါင္းေလးစိုက္ကာ အန္ေနရင္း ေမတၱာေတြ ပို႔ေနတဲ့ ဝင့္လႊာကို ေရခပ္ခိုင္းရသည္။ သူေျပာသလို အစာအိမ္က အစာမရွိတာၾကာႀကီမို႔ ႐ုတ္တရက္ အစာေရာက္လာေတာ့ ျပန္အန္ခ်ျခင္းျဖစ္သည္။ ဒါေပမယ့္ အမ်ားႀကီးေတာ့ မအန္..အနည္းငယ္သာ..

"ေရာ့..ေရ ဒါေသာက္ၿပီးရင္ အားေဆးပါေသာက္ ၿပီးရင္ အိပ္လိုက္အုန္း ၾကာရင္ နင့္မ်က္လုံးက ပန္ဒါေတာင္အရႈံးေပးရေတာ့မယ္
မ်က္ကြင္းေတြညိုေနတာမ်ား မီးေသြးခဲေသြးၿပီး သုတ္ထားသလားမွတ္ရတယ္  "

ဝင့္လႊာလက္ထဲအသင့္ပါလာတဲ့ အားဆေးတောင့်က်ို ေသာက္ကာ ကုတင္ေပၚျပန္လွဲအိပ္ခ်လိဳက္ေတာ့ ပထမဆုံးေပၚလာတာ သူမရဲ႕မ်က္ႏွာ..

ဒီရက္ပိုင္းအတြင္း ဘယ္လိုမွ မခံစားနိုင္တဲ့ သူမရဲ႕ ရက္စက္ျပတ္သားေသာ အသံေတြဟာ ဇင္ေယာ့္နားထဲမွာ တဝဲလည္လည္ ၾကားေယာင္ေနတာေၾကာင့္ ညဘက္ေတြဆို အိပ္လို႔မေပ်ာ္နိုင္..
မ်က္စိမွိတ္လိုက္တိုင္းမွာ ေပါ်လာတဲ့ သူမမ်က္ႏွာေၾကာင့္ အေျပးေလးသြားေတြ႕ခ်င္ေပမယ့္ ထိုစိတ္ကူးသည္ တိမ္တိုက္အလား
သူမရဲ႕ ျပတ္စဲျခင္းတို႔မွာ ေပ်ာက္ကြယ္သြားရျပန္သည္။

"ငါ..ငါေလ ဘယ္လိုမွ မခံစားနိုင္ဘူးဟာ သူ..သူငါ့ကို အစားထိုးခဲ့မွန္းသိပါတယ္ ဒါေပမယ့္ေလ...နည္းနည္းေလး...တကယ့္ကို နည္းနည္းေလးေတာ့ ငါ့အေပၚ သံေယာဇဥ္ထားၿပီး ခ်စ္ခဲ့မယ္ထင္ခဲ့တာ..နင္သိလား..ငါ့ဘဝမွာ သူကပထမဦးဆုံးအခ်စ္..ေနာက္ၿပီး အခ်စ္ရဆုံးသူပဲ.. သူေအးစက္သမွ် ငါအကုန္သည္းခံခဲ့တာ သူ႕မ်က္ႏွာေလးကို ေငးေနရ႐ုံနဲ႕ ငါစိတ္ခ်မ္းသာခဲ့ရတာ သူကေတာ့ ငါ့ကို ဒီတိုင္း...ဒီတိုင္း သူ႕ေဘးနားမွာ သူလိုခ်င္တဲ့အရာတစ္ခုကို သိမ္းဆည္းေပးထားတဲ့ သက္မဲ့အရာတစ္ခုလိုပဲ ထင္ခဲ့တာ..ငါ...ငါေလ ဘာမွကို မေျပာနိုင္ေလာက္ေအာင္ စြံအခဲ့တယ္သိလား ဝင့္လႊာ.. ငါ..ဒူးေတာင္ေထာက္ခဲ့တာ မစြန့္ပစ္ဖို႔ ..ဒါေပမယ့္ သူ႕ဘက္က အရမ္းျပတ္သားလြန္းတယ္ဟာ... ငါဘယ္လို လုပ္ရမလဲဟင္ ဝင့္လႊာ.."

သူ႕ရဲပထမဆုံးအခ်စ္မွာ အဆုိးဆုံးအခြေအနေနဲ့ရင်ဆိုင်လိုက်ရတဲ့အတွက် ဘယ္ေလာက္ခံစားေနရမလဲဆိုတာ ဝင့္လႊာ မေတြးနိုင္ေပမယ့္ သူ႕ပုံစံၾကည့္ၿပီး အရမ္းစိတ္မေကာင္းျဖစ္ရသည္။ ငယ္ငယ္ကတည္းက ႏွလုံးေရာဂါေၾကာင့္ အခ်စ္ဆိုတာမေျပာနဲ႕ သူ႕က်န္းမာေရးေလးေကာင္းဖို႔ အၿမဲဂ႐ုတစိုက္ေနခဲ့ၿပီး စာကိုသာ သူ႕ဘဝလို႔ သတ္မွတ္ထားခဲ့တာ..အခ်စ္ဆိုတာ ဝတၱဳေတြ ဇာတ္ကားေတြပဲမွာပဲ ေတြ႕ဖူးခဲ့ၿပီး ရင္ခုန္တယ္ဆိုတာေတာင္မသိတဲ့ သူတို႔သူငယ္ခ်င္းက်မွ ဒီလိုအျဖစ္ဆိုးနဲ႕ႀကဳံရတယ္လို႔...

"နင္ငိုလိုက္ပါ တစ္ဝႀကီး ငိုခ်လိဳက္ နင့္ဘက္မွာ ငါတို႔ရွိတယ္
သူ႕ဘက္က ဒီေလာက္ျပတ္သားမွေတာ့ နင့္ဘက္ကလည္း ျပတ္သားလိုက္႐ုံေပါ့ဟာ သူ႕အေၾကာင္းေတြးမိတဲ့အခ်ိန္တိုင္း နင့္အေမ ဒါမမဟုတ္ အလုပ္အေၾကာင္းေတြးၿပီး ေဖ်ာက္လိုက္ေပါ့ လုံးဝေဖ်ာက္ပစ္လို႔မရဘူးဆိုရင္ သူနင့္ကို ေျပာခဲ့တဲ့စကားေတြနဲ႕ နာၾကဥ္းပစ္လိုက္ေပါ့ဟာ "

"နာၾကဥ္းလို႔မွ မရပဲဟာ ဒါေပမယ့္ ငါ့စိတ္ကို ငါနိုင္ေအာင္ ႀကိဳးစားမွာပါ "

"ေအးပါဟာ နင္ဘယ္လိုပဲ ဆုံးျဖတ္ဆုံးျဖတ္ ငါတို႔သူငယ္ခ်င္းေတြအားလုံးက နင့္ဘက္မွာရွိတယ္ေနာ္ ဒါေၾကာင့္ နင္မွန္မယ္ထင္တဲ့လမ္းကိုသာေ႐ြး ငါတို႔ ေထာက္ခံၿပီးသားပဲ"

.......

တစ္ေန႕က ဝင့္လႊာ ဇင္ေယာ့္ကို သြားေျဖာင္းဖ်လိဳက္တဲ့အက်ိဳးက သက္ေရာက္တယ္လို႔ပဲ ဆိုမလား...ဝင့္လႊာျပန္လာၿပီးေနာက္ႏွစ္ဂက္ေနေတာ့ ဇင္ေယာ္ျပန္အလုပ္ဆငိးေလသည္။

ဦးေလးကေတာ့ ဇင္ေယာ္က ကုမၼဏီရဲ႕အားထားရသူမို႔ ဘယ္လိုမ်ိဳး
ခြင့္ပဲယူယူနားလည္ေပးထားၿပီးသား...ဒါေပမယ့္ ဇင္ေယာ့္မွာ သာ
အရင္လိုေပ်ာ္႐ႊင္တက္ႂကြမေနေတာ့ပဲ သူ႕အလုပ္စားပြဲမွာ အလုပ္နဲ႕လက္နဲ႕မျပတ္လုပ္ ေနေလေတော့သည်။ ထမင္းစားခ်ိန္မွာစား
အလုပ္ခ်ိန္မွာလုပ္ၿပီးရင္ တစ္ခါတစ္ေလ ညေတြေတာင္ overtime ဆင္းၿပီးလုပ္ေနေလေတာ့ ေကာင္းတယ္လို႔ပဲေျပာရမလား ဆိုးတယ္လို႔ပဲေျပာရမလား..အၿမဲတမ္းၿပဳံး႐ႊင္ေနတဲ့
သူငယ္ခ်င္းက အခုလိုမ်ိဳး အၿပဳံးမဲ့တဲ့သူျဖစ္သြားတာ ဝင့္လႊာေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္မိသည္။ဒါေၾကာင့္ သူလည္း ခဏတာ စိတ္အပန္းေျပေအာင္ ဝင့္လႊာတို႔သူငယ္ခ်င္းေတြစုၿပီး ေတြ႕ၾကဖို႔ လိုင္းေပၚမွာ တိုင္ပင္လိုက္ေတာ့ သူငယ္ခ်င္းေတြအကုန္လုံးက သေဘာတူၾကသည္။ အဓိက ဇင္ေယာ့္ကိုပဲ ပါေအာင္ေခၚခဲ့ရေတာ့မည္ျဖစ္သည္။

"ဇင္ေယာ္ ဒီညေနက်ရင္ ဟိုေကာင္ေတြက ဆုံၾကမယ္တဲ့ အဲ့ဒါနင္ဒီေန႕ overtime မဆင္းနဲ႕ေတာ့ "

"ဒါေပမယ့္ ငါလုပ္ဖို႔က်န္..."

"No No No မရဘူးေနာ္ ဇင္ေယာ္ သူငယ္ခ်င္းေတြဆုံမယ္လို႔ဆုံးျဖတ္လိုက္ရင္ မလုိက်တဲ့သူက သစၥာေဖာက္ပဲ နင္သိတယ္ေနာ္ အဲ့သေဘာတူညီခ်က္ကို "

လုံးဝျငင္းမယ့္ကိုယ္ေတာ္ေခ်ာကို အစကတည္းက အခ်က္က်က် ပိတ္ေျပာပစ္လိုက္မွဘဲ မ်က္ႏွာေလးရႈံမဲ့ျပ ကာ ေခါင္းၿငိမ့္ေတာ့သည္။

.....

"တစ္ေခါက္ျပန္လည္ single ျဖစ္သြားတဲ့ဇင္ေယာ့္အတြက္ Cheer! !!! "

ေယာက်ာ္းမတန္ အာၿပဲႀကီးနဲ႕ ဇင့္ေယာ္ကို ဖဲ့ကာ cheer ေအာ္လိုက္တဲ့ ထက္ေဝယံကို မ်က္ေစာင္းတစ္ခ်က္ပစ္ေကြၽးလိုက္ေတာ့
က်န္တဲ့လူေတြက ဝိုင္းရယ္ၾကေတာ့သည္။

"ကဲပါ ထက္ေဝယံရယ္ ငွက္ႀကီးထျပန္သြားရင္ နင္တရားခံေနာ္ သူ႕မွာ အသဲကြဲေနတဲ့ၾကားက ဒီကို မနည္းအားတင္းၿပီးလာခဲ့ရတာ နင္ထပ္မေလွာ္နဲ႕ "

"ေအးပါ ငါက ငွက္ႀကီးကို စတာပါ ကဲလာ ငါ့ေကာင္ ဒီညေတာ့ အရာအားလုံးကို ေမ့ၿပီးအျပတ္သာကဲ ေကာင္မေလးလိုခ်င္ရင္ ငါထပ္ရွာေပးမယ္ "

"ကဲ ဒီေခြးေကာင္ကေတာ့ ေျပာေလကဲေလ ငါေကာက္ထုလိုက္ရ "

ၿပီတီတီလုပ္ေနတဲ့ ထက္ေဝယံအား ဆတ္ဆတ္က်ဲ ေ႐ႊဇင္မွ တစ္သ်ႉးဘူးနဲ႕ေကာက္ေပါက္မယ္ဆိုမွ သေကာင့္သားက ၿငိမ္ေတာ့သညိ။

"ထားလိုက္ေတာ့ တစ္ျခားအေၾကာင္းအရာေျပာၾကပါ ဒီလမ္းေၾကာင္းပဲ လွည့္လွည့္မလာနဲ႕ "

အခုမွ အသဲကြဲဖူးတဲ့ဒဏ္ကို လတ္လတိဆတ္ဆတ္ခံစားထားရတဲ့ ဇင ္ေယာ့္ကို ဒီအေၾကာင္းေတြပဲထပ္ေျပာရင္ စိတ္ႏုတဲ့ဇင္ေယာ္အရမ္းခံစားရမယ္ဆိုတာသိလို႔ ဝင့္လႊာစကားလမ္းေၾကာင္းလႊဲပစ္လိုက္သည္။

"ဟဲ့ ဒါနဲ႕ ငါဟိုေန႕က Ocean သြားရင္းဘယ္သူနဲ႕ေတြ႕တယ္ထင္တုန္း "

"ဘယ္သူလဲ "

"ငါတို႔ တကၠသိုလ္မွာတုန္းက စေကာ္လားရွစ္ရသြားတဲ့တသ္ေယာက္ေလ "

"ခင္နန္းထက္လား "

"ေအးဟုတ္တယ္ အဲ့မယ္ ထက္ေဝယံတို႔ အဲ့တာက် ခ်က္ခ်င္းမွတ္မိတယ္ေနာ္ မွတ္ညဏ္ေတြေကာင္းတယ္ေနာ္ "

"ဟဲဟဲ အဲ့တာေတာ့ ေခ်ာတဲ့ေကာင္မေလးေတြဆို ငါ့မွတ္ညဏ္က သိတယ္မလား "

"အဲ့ႏွာဘူးကိုထားလိုက္ပါဟာ နင္ေျပာမယ့္စကားဆက္စမ္းပါ အဲ့ခင္နန္းထက္အေၾကာင္း"

"ဒီလိုဟာ ငါလည္းသူ႕ကို ေတြ႕ေတာ့ သြားႏႈတ္ဆက္ေရာ သူက ငါ့ကိုမသိသလိုလိုလုပ္ေနေသးတာ ငါလည္းဘယ္ရမလဲ ေက်ာင္းနာမည္ေတြေရာ အခန္းနံပါတ္ေတြေရာေျပာျပလိုက္ေတာ့မွ ဪ သိပ္မမွတ္မိလို႔ပါဆိုၿပီး ေျပာတာ သူကအရင္တုန္းက အဲ့ေလာက္မာနမရွိဘူး အခုက်ေတာ့ မာနေတြမ်ားမိုးထိုးထားသလားေအာက္ေမ့ရတယ္  "

"အံမယ္ သူကမ်ားႀကီးႀကီးက်ယ္က်ယ္ အဲ့တစ္ေယာက္က ငါတို႔ဇင္ေယာ္မသြားလို႔ သြားလိုက္ရတာကိုမ်ား ငါနဲ႕မေတြ႕လို႔ေပါ့ ေတြ႕လို႔ကေတာ့ ရွယ္ေျပာျပစ္မွာ "

ဒီလိုနဲ႕ ေရာက္တတ္ရာရာစကားေျပာရင္း ေက်ာင္းကအေၾကာင္းေတြေျပာလိုက္ ဟာသေတြေျပာလိုက္နဲ႕ ဇင္ေယာ္တစ္ေယာက္ ဝင္မေျပာခဲ့ေပမယ့္ အနည္းငယ္ေတာ့ စိတ္သက္သာရခဲ့ပါတယ္...

"ဇင္ေယာ္ နင္မနက္ျဖန္ Mine ကုမၼဏီသြားရမွာေနာ္ ရရဲ႕လား "

"ေအး ရပါတယ္ဟာ နင္ေရာလိုက္မွာလား "

"လိုက္ခဲ့မယ္ေလ ငါပါေတာ့ နင္ငိုခ်င္ငိုလို႔ရတာေပါ့ ငါ့ရင္ခြင္တစ္ခုလုံးရွိတယ္ စိတ္ႀကိဳက္ငို "

ရင္ဘတ္ပုတ္ျပၿပီးေျပာေနတဲ့ ဝင့္လႊာေၾကာင့္ ဇင္ေယာ္ရယ္မိသည္။
တစ္ပတ္ဆိုတဲ့ အခ်ိန္ ဟာ အရင္ကထက္ေတာ့ နည္းနည္း အနည္ထိုင္သြားပုံရပါတယ္... ေတြ႕တိုင္းသူငယ္ခ်င္းေတြက စစေနေတာ့ ဇင္ေယာ္လည္း အနည္းငယ္ေတာ့ ေနသားက်လိဳ႕ေနၿပီ..
မခ်စ္ေတာ့ဘူးလား... ေမ့သြားၿပီလားလို႔ေတာ့ မေမးပါနဲ႕..သူမကိုခ်စ္တဲ့အခ်စ္ေတြက ဘယ္ေတာ့မွ ေလ်ာ့မသြားမဲ့ခ်စ္ျခင္းေတြျဖစ္လို႔ပါပဲ..

....

သူမနဲ႕ေတြ႕ရင္ စိတ္ကိုအတည္ၿငိမ္ဆုံးထားနိုင္ေအာင္ မနက္အေစာႀကီးတရားထိုင္လာတဲ့ ဇင္ေယာ့္မွာ ကုမၼဏီေရာက္ေတာ့
ႀကိဳးစားသမွ် သဲထဲေရသြန္ပါပဲ..ဘာလို႔ဆို သူမက မရွိဘူးေလ..
မေမႏြဲ႕စိုးနဲ႕ သူတို႔ဘက္က ထုတ္ကုန္မန္ေနဂ်ာနဲ႕ပဲ စကားေျပာလိုက္ရသည္။ သူမကို ေတြ႕လို႔ေတြ႕ျငား အမွတ္မရွိစြာနဲ႕ ကုမၼဏီမွာ ေယာင္လဘ္လည္ျဖင့္က်န္ခဲ့ေတာ့...

"ဒီေန႕ေတာ့မိုးေတြ႐ြာေတာ့မယ္ထင္တယ္ အရင္က မေတြ႕ခ်င္လို႔ အၿမဲေရွာင္ေနတဲ့သူက ကုမၼဏီမွာ ကြၽန္မနဲ႕ေတြ႕ခ်င္တယ္ဆိုၿပီး က်န္ခဲ့တယ္ဆိုေတာ့ ကဲ ဆိုပါအုန္း ငွက္ကေလးေရ ကြၽန္မနာမည္အသုံးခ်ၿပီး ဘယ္သူ႕ကို ေတြ႕ခ်င္ေနေသးလို႔လည္း "

မ်က္လုံးက ဂနာမၿငိမ္စြာနဲ႕ ကုမၼဏီေပါက္ဝကို ေမွ်ာ္ၾကည့္ေမွ်ာ္ၾကည့္လုပ္ေနတဲ့ ဇင္ေယာ့္ကို လူအကဲခတ္ေတာ္တဲ့ေမႏြဲ႕စိုးက ခ်က္ခ်င္းကို ရိပ္မိၿပီး ေျပာေလေတာ့သူမွန္ေနသည္မို႔
ဇင္ေယာ့္မွာ ဘာမွျပန္မေျဖရွင္းနိုင္..

"ဟို ဒီတိုင္း မေမႏြဲ႕စိုးနဲ႕ေျပာစရာရွိလို႔ပါ "

ကုမၼဏီကန္တင္းမွာ ထိုင္ေနတာမို႔ ေမႏြဲ႕စိုးက ဇင္ေယာ့္ေရွ႕တြင္..

"ကဲဆိုစမ္းပါအုန္း ေျပာစရာရွိတဲ့ကိစၥကို "

"ဟို.. ဟို အခုက ေဆာက္မွာ ဟိုတယ္ဆိုေတာ့ နည္းနည္းဒီဇိုင္းက
...ဘယ္လိုေျပာရမလည္း ႏွစ္ေယာက္အတူ အႀကံထုတ္ၾကမွ ပိုေကာင္းမယ္ထင္လို႔.. ေနာက္ၿပီးေတာ့လည္း.."

အမွန္ေတာ့ ဇင္ေယာ့္ထိုင္ေနရင္းကိစၥက ဒီဇိူင္းကိစၥမဟုတ္တာမို႔ ပါးစပ္ထဲရွိရာေလွ်ာက္ေျပာေနသည္ကို ေမႏြဲ႕စိုးက လည္း သတိထားမိပုံရသည္။ ေဖျာ်ရည်ကို ပိုက္နဲ႕စုပ္ေသာက္ၿပီး
နင္ဘယ္ေလာက္လိမ္နိုင္မလဲ ဆိုတဲ့အၾကည့္နဲ႕ၾကည့္ေနေတာ့ ဇင္ေယာ့္မွာ ေျပာဘက္စစကားေလးရပ္ၿပီး သက္ျပင္းေလးခ်လိဳက္သည္။

"အမွန္ေတာ့ ကြၽန္ေတာ္ ေတြ႕ခ်င္တဲ့သူရွိလို႔ပါ "

"Ceo ကိုမလား "

"ဗ်ာ! !!"

ေနာက္ဆု႔းေတာ့ ဝန္မခံခ်င္ဘဲ ေခါင္းေလးငုံ႕ကာ ဝန္ခံလိုက္တဲ့ဇင္ေယာ္မွာ ေမႏြဲ႕စိုး စကားေၾကာင့္ ငုံ႕ေနတဲ့ ေခါင္းေလးျပန္ေထာင္လာသည္။ သူမဘယ္လိုသိသြားတယ္ဆိုတာ တကယ္အံ့ေၾသာစရာပါ..

"အဟင္း...အဲ့ေလာက္မအံ့ၾသပါနဲ႕ ယူနဲ႕ စေတြ႕တဲ့မိတ္ဆက္ပြဲကတည္းက ယူ႕မ်က္လုံးေတြက Ceo ဆီမွာပဲ ရွိေနတာ သတိထားမိပါတယ္ ယူတို႔ႏွစ္ေယာက္ ဘယ္လိုပတ္သတ္လဲ တို႔မသိေပမယ့္
ယူ႕မ်က္လုံးေတြကေတာ့ ဟိုတစ္ေယာက္ကို ေတာ္ေတာ္ေလး ခ်သ္ေနပုံပဲ ဘယ္လိုလဲ တို႔ခန့္မွန္းတာေတာ္တယ္မလား "

အင္း...ေတာ္လြန္းလို႔ ဇင္ေယာ့္မွာ ဒီမွာလာထိုင္မိတာကို ေနာင္တရခ်င္ေနၿပီ...

"ကဲေျပာ ယူနဲ႕တို႔ Ceo အေၾကာင္းေလး တို႔ Ceo က တည္တည္ၿငိမ္ၿငိမ္ေပမယ့္ သူ႕မ်က္လုံးထဲမွာလည္း ယူ႕ကိုၾကည့္တဲ့အၾကည့္က မရိုးဘူးေနာ္ အဲ့ေတာ့ အမွန္တိုင္းေျပာျပမလား သြယ္ဝိုက္ၿပီးေတာ့ပဲေျပာမလား ျငင္းမယ္ေတာ့မႀကံနဲ႕ေနာ္ ေမႏြဲ႕စိုးကို လိမ္လို႔ရတဲ့သူ ကမၻာမွာ မေပၚေသးဘူး "

ေဘးက်ပ္နံက်ပ္ဆိုတဲ့ အေျခအေနကို ဇင္ေယာ္ႀကဳံလိုက္ရပါၿပီ..
အေရွ႕မွာထိုင္ေနတဲ့သူက လူကဲခတ္အရမ္းေတာ္ေနေတာ့လည္း လိမ္မယ္လို႔ႀကံလို႔ကို မရ...ေျပာျပဖို႔က်ေတာ့လည္း သူက ယုံရ မရ မသိျပန္...

"အဲ့ေလာက္ႀကီးလည္း သက္ျပင္းေတြခ်မေနပါနဲ႕ အသက္ေတြလည္း တိုေနအုန္းမယ္ တို႔က ႏႈတ္လုံပါတယ္ စိတ္ခ် ေနာက္ၿပီး တို႔ဘက္က ကူညီနိုင္ရင္လည္း ယူ႕ကိုျပန္ကူညီပါ့မယ္ ဟုတ္ၿပီလား"

ေျပာရမလား မေျပာရဘူးလား ေဝခြဲရခက္ျဖစ္ေနတုန္း ေနာက္ဆုံးမွာေတာ့ ဇင္ေယာ္ တစ္ျခားသူစိမ္းကို အနည္းဆုံး တစ္ခေလာက္ေတာ့ါ မ်က္စိမွိတ္ယုံၾကည္လိုက္ေတာ့သည္။ သူမ်ားကို ရင္ဖြင့္ရတာ အနည္းဆုံးေတာ့ ခံစားရတာ သက္သာတယ္မလား...

#ေအးခ်မ္းညိမ္း

Seguir leyendo

También te gustarán

88.1K 2.3K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...
480K 11.5K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
900K 60.4K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)