Start with Heart And End with...

By frozenmanobannca

126K 10.2K 1.5K

နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... ႏွလုံးအစားထိုး ခြဲစိတ္မႈကေန ျဖစ္ေပၚလာေသာ ခ်စ္ျခင္... More

Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞

19 💞

3.2K 322 52
By frozenmanobannca

အပိုင်း ၁၉

ပိုးရဲ့အသိစိတ်တို့ကင်းမဲ့စွာဖြင့် သူ့၏ အနမ်းများကို တုံ့ပြန်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသောကြောင့် အပေါ်မှအုပ်မိုးနေသော သူ့အား တွန်းထုတ်လိုက်တော့ ကုတင်ပေါ်ကနေ ခွေခေါက်ကျသွားသော ဇင်ယော်....

"ဝုန်း "

"အား.လား လား နာလိုက်တာ မရယ် "

ကုတင်အောက်ကနေ နာနေတဲ့ခါးလေးကို ကိုင်ကာ ရှုံ့မဲ့စွာဖြင့် ကုန်းရုန်းထပြီး မကို အကြည့် မရဲ့မျက်ဝန်းထဲက အမည်ဖော်မရတဲ့အကြည့်တွေကို ဇင်ယော် တွေ့လိုက်ရတော့ တွေဝေမိသွားသည်။

"တို့ သွားတော့မယ် ဖုန်းမဆက်နဲ့ တို့ဆက်သ ွယ်လာမှကိုင် "

ကုတင်ဘေးကစားပွဲခုံပေါ်မှ သူမရဲ့ ပိုက်ဆံအိတ်ကို ကောက်ကိုင်ပြီး
ဇင်ယော့်ကို အမိန့်တွေပေးလျက်နဲ့ အလောတကြီးထွက်သွားတဲ့မကြောင့် ဇင်ယော့်မှာစကားလေးတောင် ပြောချိန်မရလိုက်ရ...ခပ်သွက်သွက်ထွက်သွားတဲ့ အမူအရာနဲ့ ဖုန်းမဆက်နဲ့ဆိုတဲ့စကားကြောင့် မသူ့ကို စိတ်ဆိုးသွားပြီဆိုတာကတော့ သေချာသည်။ အရာအားလုံးက ဖြစ်ပျက်ဖို့ တကယ်ခဏလေးပဲလိုပါလား..ခုနက မှ နမ်းတယ် အခုကျတော့ စိတ်ဆိုးသွားတယ်..
အိမ်း..ငါတော့ကံဇာတာတွေတက်နေတယ်ထင်ပါ့..

...
"ကျွီ "

ဘရိတ်ကို စောင့်အုပ်လိုက်တာကြောင့် တာယာနှင့် အောက်က ကြမ်းပြင်တို့ရဲ့ပွတ်တိုက်သံက ထွက်ပေါ်လို့လာလေသည်။
ဘရိတ်အုပ်ပြီးမှ မကြာကားတံခါးကို ဝုန်းခနဲစောင့်ပိတ်ပြီး
ဒေါက်ဖိနပ်သံ ခပ်ကျယ်ကျယ်နဲ့လျောက်လာတဲ့ မမလေး ပိုးသဒ္ဒါမင်း ကြောင့် အိမ်ထဲရှိ အစေခံ များ အထူးအဆန်းဖြင့်ကြည့်နေကြသည်။ ဘယ်သူ့ကိုမှ မကြည့်ဘဲ အိမ်အပေါ်ထပ် သူ့အခန်းထဲ တက်သွားကာ တံခါးပိတ်တော့လည်း ဝုန်းခနဲ...တစ်ခါမှ ယခုလိုပုံစံမျိုးမဖြစ်ဖူးတဲ့ မမလေးကို အိမ်ထဲရှိ အလုပ်သမားများ စိတ်ထဲထူးဆန်းနေရုံသာမက ဧည့်ခန်းထဲမှာ စာရင်းထိုင်တွက်နေတဲ့ ဒေါ်ပိုးလဲ့ရည်တောင် ကိုယ့်သမီးကိုယ်ကြည့်ပြီး ထူးဆန်းနေတော့သည်။

"ဘုတ် "

လက်က ကိုင်လာတဲ့ စလင်းဘတ်ကို ပစ်ချင်တဲ့နေရာပစ်လိုက်ပြီး
ကုတင်ပေါ်တွင် ငူငူကြီးထိုင်နေတဲ့ သူမ..ဘာမှဆက်စဥ်းစားလို့မရသလို ဘာမှလည်း တွေးလို့မရ..သူစိတ်ထဲမှာ တစ်စုံတစ်ခုကသာ ကြီးစိုးနေသည်။ ထိုအရာကတော့ သူမ သစ္စာဖောက်မိပြီဆိုတဲ့ အကြောင်းပင်..

ဒီဇာတ်လမ်းကို သူစလိုက်ကတည်းက ရည်ရွယ်ချက်ကတစ်ခုတည်း သူချစ်တဲ့ ကိုယ့်နှလုံးသားလေးကို ဘယ်သူ့ဆီမှပါမသွားအောင် ထိန်းထားဖို့..အဲ့နှလုံးသားဟာ ကိုယ့်အတွက်ဖြစ်တည်နေမှန်းသိလိုက်တုန်းက ပိုးအရမ်းဝမ်းသာခဲ့ရသည်။ ကို က သူမကို
အသက်သေဆုံးသွားခဲ့တာတောင် နှလုံးသားကသစ္စာမဖောက်ခဲ့ဖူးလို့..

ဒါပေမယ့် ကိုယ်စတဲ့ ဇာတ်လမ်းကိုယ်မနိုင်တော့ဘူးလို့ပဲပြောရမလား ကိုယ့်ရှုးကိုယ်ပတ်တယ်လို့ပဲ ပြောရမလား.. ကိုယ့်နှလုံးသားထဲကို သူဟာ တစ်ဖြေးဖြေးနဲ့နေရာယူလာခဲ့တယ်ဆိုတာ ကိုယ့်ကိုယ်တိုင်တောင်မသိလိုက်ခဲ့ပေ ....အရင်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်လာခဲ့တာ ကိုယ့်နှလုံးသားဟာ ကိုက လွဲလို့ ဘယ်သူ့ကိုမှ နေရာ မပေးထားခဲ့ဘူးထင်ခဲ့တာ.... ထိုယုံကြည်မှုအားလုံးဟာ
ယိုယွင်းနေခဲ့တယ်ဆိုတာ ဒီနေ့မှ သိလိုက်ရခြင်းဖြစ်သည်။ အမှန်တော့ အစားထိုးခြင်း ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကိုယ့်ရဲ့နှလုံးသားတစ်ခုလုံးပျော်ဝင်နေခဲ့ပြီဆိုတာ သူမ လက်မခံချင်ဘဲ လက်ခံခဲ့ရလေပြီ....

..........

"ဟူး ငါဘယ်လိုဆက်လုပ်ရမလဲ ဝင့်လွှာ "

မျောက်လဒမှိုင်နေတဲ့ရုပ်နဲ့အတူ ဆံပင်ကိုဖွလိုက် သက်ပြင်းချလိုက်လုပ်နေတာ ဝင့်လွှာရှေ့မှာ ငါးမိနစ်နီးပါးရှိနေပြီ...သူနဲ့ သူ့ရည်းစား
ဖြစ်ပျက်သမျှ အကြောင်းအရာတွေ ကို ပြောပြပြီး ဘယ်လိုပြန်ချော့ရမလည်း အကြံညဏ်လာတောင်းနေတော့လည်း
ဝင့်လွှာမှာ လုပ်လက်စအလုပ်ကို ချထားပြီး သူ့အကြံညဏ်ပေးဖို့ စဥ်းစားနေရသည်။

"သေသေချာချာလေးပြန်တောင်းပန်လိုက်ပေါ့ဟာ နောက်မကြိုက်ရင်မလုပ်တော့ပါဘူး လို့ ဘာလို့ ပေါ့ ကြည့်ရတာ နင့် မမက
skin ship မကြိုက်တဲ့ သူနေမယ် ဒါကြောင့် စိတ်ဆိုးသွားတာနေမယ် "

"အင်း...ငါပြန်တောင်းပန်ရင်တော့ လက်ခံလောက်မှာပါနော် "

မျက်နှာငယ်လေးနဲ့ ပြောနေရှာတဲ့ ဇင်ယော့်ကို ကြည့်တော့လည်း
သနားစရာ...အော်.. အချစ်ဆိုတာ တကယ် မလွယ်ကြောပါလား..

"ရမှာပါဟ နင်တို့ကချစ်သူတွေပဲ ခဏလောက် စိတ်အခန့်မသင့်ဖြစ်ကြတာပဲ ညနေကြရင် ပန်းစည်းဖြစ်ဖြစ် သူကြိုက်တဲ့ မုန့်တို့ဘာတို့နဲ့ သွားချော့လိုက်ပေါ့ဟာ သူစိတ်ဆိုးလို့ပြောရင်လည်း ပြောသမျှ ခံလိုက်ပေါ့ နောက်ပြီးရင် အဆင်ပြေသွားလိမ့်မယ် ဒီလိုကိစ္စက ရည်းစားတိုင်းဖြစ်တတ်တာပဲ အရမ်းကြီး Serious ဖြစ်မနေနဲ့ အချိန်တန်အဆင်ပြေသွားလိမ့်မယ် "

"အေး ပါ "

အခုကျမှ ကိုယ်တော်ချောက နည်းနည်းလေး လန်းလာတော့တယ်..
ခုနကတော့ လုံးဝကို ဂျုံးဂျုံးကျနေတဲ့ပုံစံကြီးနဲ့..သူ့ကြောင့် ဝင့်လွှာမှာ အစက လန့်သွားသေး..တစ်ယောက်ယောက်များ တစ်ခုခုဖြစ်တာလား လို့...ဒီပုံစံတိုင်းဆို ဇင်ယော်ကတော့ ဟိုအမကို အရမ်းချစ်မိနေပြီထင်တယ်....သူငယ်ချင်းရေ နင်အဆင်ပြေပါစေလို့ပဲ ဆုတောင်းပါတယ်ဟာ...

တစ်နေ့လုံး ဘာဝယ်ရမယ် ဘယ်လို ပြောပြီး ချော့ရမယ်ဆိုတာ စဥ်းစားရင်း ဇင်ယော်တစ်ယောက် အလုပ်တောင်မလုပ်နိုင်တော့ပေ..
ရုံးဆင်းတာနဲ့ ခြေထောက်မှာ မော်တာတပ်ထားတဲ့အတိုင်း ကားပါကင်ကိုအမြန်သွား ဆိုင်ကယ်ထုတ်ပြီး နီးရာပန်းဆိုင်ကို ပြေးရတော့သည်။ ပန်းစည်းရယ် ချောကလက်တွေရယ်နှင့် ဇင်ယော့်ခဗျာ
ဆိုင်ကယ်ကို မနည်းမောင်းလာရသည်။ မ အိမ်ရှေ့ရောက်တော့မှ စဥ်းစားမိတာက သူ မ အမေ ကို ဘယ်လိုပြောပြီး အိမ်ထဲဝင်ရမယ်ဆိုတာပါပဲ..

သူနဲ့ မ ချစ်သူဖြစ်နေတာကို မ အိမ်က သိလောက်မှာမဟုတ်..
ပန်းစည်းကြီးနဲ့ လာခဲ့တာ ဆို တော့ မိတ်ဆွေသူငယ်ချင်း အိမ်လာရင် ဒီလိုမှလည်း မဟုတ်...ခြံရှေ့မှာ စဥ်းစားခန်းဝင်နေတုန်း
ခြံတံခါးဖွင့်သံကြောင့် ကြည့်လိုက်တော့ ခြံစောင့်ဖြစ်ပုံရတဲ့ ဦးလေးကြီးတစ်ယောက် ...

မအိမ်ကို တစ်ခါမှမရောက်ဖူးတဲ့ ဇင်ယော့်ကို ဒီအိမ်က သူတွေကလည်း သိမှာမဟုတ်..ဇင်ယော့်ကို ကြည့်လိုက် ပန်းစည်းကိုကြည့်လိုက်နဲ့ ခြံစောင့်ဦးလေးကြီးဟာ သေချာအကဲခတ်နေသည်။ ပြီးမှ..

"မင်းကို ဦးလေးကြည့်နေတာ ကြာလှပြီ ခြံရှေ့က ဘဲလ်လည်းမတီး အိမ်ထဲက လူလည်း လှမ်းမခေါ်ပဲ ဒီအိမ်ထဲကိူ ကြည့်နေတာ ဒီအိမ်က သူနဲ့သိလို့လား "

"ဟို...ဟို..ကျွန်တော်က မပိုးသဒ္ဒါမင်းရဲ့ မိတ်ဆွေပါ မ..အဲ အမကို တွေ့ချင်လို့ပါ အဲ့တာ ဘယ်လိုပြောရမလည်း စဥ်းစားနေလို့ "

"ဪ..မမလေး မိတ်ဆွေလား အဲ့တာများအစကတည်းက ဘဲလ်တီးပြီး ပြောလိုက်ပေါ့ ခဏလေး မမလေးက နေသိပ်မကောင်းဘူး သွားပြောပေးမယ် "

"ဟုတ်.. ဟုတ်ကဲ့ "

မ နေမကောင်းဘူးတဲ့.. သူ့ကြောင့်များလား... ထိုနေ့က မ မျက်ဝန်းထဲမှာ သူ့ကို စိတ်ဆိုးတဲ့ အရိပ်အယောင်ကို သိပ်မတွေ့ရ..တစ်စုံတစ်ခုကို လေးလေးနက်နက်ဖြစ်သွားတဲ့အရိပ်အယောင် ကိုတော့ သူတွေ့လိုက်ရသည်။ မ ဘာဖြစ်သွားလို့ အခုလို နေမကောင်းတောင်ဖြစ်သွားရပါလိမ့်...အဲ့တရားခံက ဇင်ယော်ဆိုတာကတော့ သေချာသလောက်ရှိမယ်ထင်သည်။

"မမလေးက လာခဲ့တဲ့ လာ ဆိုင်ကယ်ကို စင်ဝင်အောက်မှာ ရပ်ထားခဲ့ "

ခြံစောင့်ဦးလေးကြီး ပြောတဲ့အတိုင်း ဆိုင်ကယ်စက်ပြန်နှိုးကာ စင်ဝင်အောက်ကို မောင်းဝင်ရင်း စက်ရပ်ကာ ထားလိုက်သည်။
ထို့နောက် အိမ်ထဲကို တွန့်ဆုတ် တွန့်ဆုတ်နဲ့ဝင်သွားရင်း ဧည့်ခန်းထဲမှာ မကို မျက်လုံးကစားရင်း ရှာကြည့်တော့ မတွေ့ရ...

"တို့နဲ့အပေါ်လိုက်ခဲ့ ဇင်ယော်"

မကို တိတ်တိတ်လေးရှာနေတုန်း ရုတ်တရက် ကြားလိုက်ရတဲ့မအသံကြောင့် လူက တွန့်ခနဲ...အသံလာရာကြည့်လိုက်တော့မှ လှေကား ငါးဆင့်မြောက်လောက်ကနေ ဇင်ယော့်ကို ကြည့်ကာ ပြောနေတဲ့မကို တွေ့ရသည်။

အိမ်နေရင်းမို့ စပန့်ဘောင်းဘီနှင့် အဖြူရောင်အကျီလက်ရှည်ဝတ်ထားသည့်မမှာ တစ်မျိုးလေးလှနေပြန်သည်။ ဒါပေမယ့် အဖြူရောင်နည်းနည်းသန်းနေတဲ့ မမျက်နှာကြောင့် မ နေတော်တော်မကောင်းနေလားလို့ ဇင်ယော်တွေးမိသည်။

"ထိုင် "

မတို့အိမ်က နှစ်ထပ်တိုက် အကြီးစားပုံစံဖြစ်ပြီး အပေါ်ထပ်မှာပင် ဝရံတာ နှင့်လေဟာပြင် အကျယ်ကြီး ရှိပြန်သေးသည်။ အပေါ်ထပ် မရဲ့အခန်းထဲ ခေါ်သွားမယ်လို့ တွေးနေတဲ့ ဇင်ယော့်စိတ်ကို ပြန်ပြီးထုရိုက်ပစ်ချင်သည်။
အခုတော့ ဝရံတာမှာရှိသော ဇင်ယော်ထိုင်ထားတဲ့ ခုံလေးမှာ ဇင်ယော့်ကို လှောင်နေမှာ အသေချာပင်...

"မ ဟို ဟိုနေ့ကလေ ကျွန်တော်တကယ် တောင်းပန်ပါတယ် မပေးတဲ့ဘယ်အပြစ်ဖြစ်.."

"အဲ့ကိစ္စကို မေ့လိုက်ပါ တို့ အခုပြောမယ့်စကားကိုသာ စေချာနားထောင် "

မဘက်က ဘာပဲပြောပြောလက်ခံပြီး ခေါင်းငြိမ့်ရမယ်လို့ ဇင ်ယော့်
စိတ်ထဲမှာ တွေးပြီးသား..ဒါမှ မသူ့ကို အမြန် စိတ်ဆိုးပြေမှာလေ..

"လမ်းခွဲရအောင် "

"ဗျာ.!!! မ.. ဘယ်လို မဟုတ်ဘူး..ကျွန်တော်မှားခဲ့တာကို ကျွန်တော်သိပါတယ် ဒါပေမယ့် အဲ့တယကလည်း ခံစားချက်တွေများသွားလို့ အသိစိတ်လွတ်သွားသလိုဖြစ်ခဲ့တာပါမရယ် အဲ့လောက်ထိ လိုလို့လား မစိတ်ပြေတဲ့အထိ မလာနဲ့ မဆက်သွယ်နဲ့ဆို မမျက်စိရှေ့မှာတောင် မမြင်အောင်နေပေးပါ့မယ်မရယ် အဲ့လောက်ထိ မရက်စက်ပါနဲ့ "

မထင်မှတ်ထားမှတ်စွာ လမ်းခွဲစကားပြောလိုက်တဲ့ ကျောပေးထားတဲ့မဆီ ဇင်ယော်ဖြေရှင်းချက်တွေ နှင့်အတူ အသနားခံနေပေမယ့်
ဆုံးဖြတ်ထားပြီးပြီဖြစ်ပုံပေါ်တဲ့ မဟာ ဇင်ယော့်ကို ကျောပေးလျက် လက်ပိုက်ထားမြဲ ခြံပြင်ဘက်ကို ငေးကြည့်နေလျက်..သူ့မှာ လမ်းကတည်းက မဘယ်လိုကိစ္စကိုပြောပြော လက်သင့်ခံမယ်လို့တွေးထားခဲ့ပေမယ့် ဒီလိုကိစ္စဖြစ်လိမ့်မယ်လို့ သူလုံးဝမထင်ထားခဲ့ပေ..

တစ်နေ့ တစ်နေ့ မမျက်နှာလေးမမြင်ရရင် အသံလေးမကြားရရင်
ဆေးစွဲနေတဲ့ဆေးသမားလို တစ်ခုခုလိုနေသလိုမျိုး မပြည့်စုံသလိုမျိုးဖြစ်နေတဲ့ အချစ်ရူးသမားကျွန်တော့်ကို ရက်စက်တော့မှာလားမရယ်...

"တို့ပင်ပန်းနေပြီ ဇင်ယော် မင်းကိုတို့ဘယ်တုန်းကမှ မချစ်ခဲ့ဘူး ဆုံးသွားတဲ့ကို့နှလုံးသားရှိနေခဲ့လို့ လက်ခံခဲ့တာ ဒါပေမယ့် အခုတော့ တို့ဆုံးဖြတ်နိုင်သွားပြီ ကို က ကို မင်းက မင်းပဲ နှလုံးသားမှာ ခံစားတတ်တဲ့အသိမှ မရှိတာ မင်းစိတ်နဲ့မင်းနှလုံးသားပဲ ဖြစ်မှာပေါ့ "

ဇင်ယော်မေ့ထားခဲ့တာ..မဟုတ်ဘူး ေမ့ချင်ယောင်ဆောင်ထားခဲ့တာ...သိတယ်..မသူ့ကို မချစ်မှန်းလည်းသိတယ်.. အစားထိုးခဲ့မှန်းလည်းသိတယ်..ဒါပေမယ့် ဒီရက်ပိုင်းလေးအတွင်းမှာ မသူ့အပေါ်ခံစားချက်ရှိလာပြီလို့ ထင်ခဲ့တာ.. ဒါတွေအားလုံးဟာ ထင်ယောင်ထင်မှားဖြစ်ခဲ့တာတွေလား...

မကတော့ ထိုစကားတွေကို လေသံမပျက်ပြောရက်ခဲ့ပေမယ့် ဇင်ယော့်မှာတော့ မျက်ရည်တွေ စီးဆင်းလို့နေခဲ့ပြီ..

"သိတယ် မ ကျွန်တော့်ကို အစားထိုးခဲ့မှန်းသိတယ် ဒါပေမယ့်လေ ကျွန်..ကျွန်တော် မကုိ ဘဝနဲ့ပုံပြီး ချစ်..ချစ်ခဲ့တာပါ အနည်းဆုံး မမချစ်ဘူးဆိုရင်တောင် ဒီတိုင်းလေးဘေးမှာရှိနေခွင့်လေးပေးလို့မရဘူးလား မရယ် ကျွန်တော်တောင်းပန်ပါတယ် "

ငိုသံဗလုံးဗထွေးနှင့်အတူ စကားအဆုံးမှာ ဒူးထောက်ချလိုက်တော့ မဟာ ဇင်ယော့်ဘက်ကိုတော့ လှည့်ကြည့်လာပါရဲ့..ဒါပေမယ့်
မမျက်ဝန်းထဲမှာ သနားဖို့နေနေသာသာ စိတ်ပျက်တဲ့အရိပ်အယောင်တွေ..သူက မဘဝ့အတွက် ဒီလောက်ပဲ တန်ဖိုးရှိခဲ့တာလား..

"တို့က ဆုံးဖြတ်ချက်ချပြီးရင် ဘယ်တော့မှမပြင်တတ်ဘူးဇင်ယော်
တို့ချစ်ခဲ့တဲ့သူက ကိုတစ်ယောက်ထဲပဲ ဒါကြောင့် ဒီဇာတ်လမ်းကို ဒီမှာပဲ ပြီးလိုက်ရအောင် "

မာနတွေ..သိက္ခာတွေ..နှလုံးသားတွေ အကုန်ပုံပေးခဲ့ပေမယ့် သူရလိုက်တဲ့ရလဒ်က အရှုံးဟူသော ရလဒ်တစ်ခု...သူ့အတွက်ပြန်ရခဲ့တာ မရဲ့ ခါးသီးတဲ့စကားတွေနဲ့ ချစ်ခွင့်တောင်မရှိတော့တဲ့ အခြေအနေတစ်ခုတဲ့လား...

မျက်ရည်တွေ နှင့်အတူ ဒူးထောက်ကာ ခယတောင်းပန်ခဲ့ပေမယ့်
မဟာ ဆုံးဖြတ်ချက်ကို မပြင်ခဲ့....တည်တည်ငြိမ်ငြိမ်နဲ့ ပဲ ဇင်ယော့်ကို လမ်းခွဲခဲ့သည်။ ပုံမှန် အလုပ်ကိစ္စတစ်ခုကို အပြတ်ဖြတ်လိုက်တဲ့ပုံစံလိုပေါ့..

အပြတ်ဖြတ်ခံလိုက်ရတဲ့ဇင်ယော်မှာသာ မအိမ်က အလုပ်သမားတွေရဲ့ အထူးအဆန်းအကြည့်တွေ ကျုံးဘေးပတ်လည်က မြက်ခင်းလမ်ပေါ် ပြေးပြီး မခံနိုင်တဲ့အဆုံး မြက်ခင်းပြင်ပေါ်ပစ်လဲကာ ငိုနေခဲ့တာကြောင့် ဖြတ်သွားတဲ့လူအချို့ရဲ့အကြည့်တွေ...ကြည့်ကြပါစေ
လူတိုင်းအသည်းကွဲဖူးတာပဲ ဇင်ယော်လည်း အဲ့လိုပါပဲ ဒါပေမယ့် ဇင်ယော့်အတွက်ကတော့ ဘဝတစ်ခုလုံး ကွဲကြေသွားခဲ့သလိုပဲ..

မရဲ့ မချစ်ခဲ့ဖူးဘူးဆိုတဲ့ စကားဟာ ကျွန်တော့်အတွက်တော့ အရှင်လတ်လတ် နှလုဲးသားကို ခွဲလိုက်သလိုမျိုးပဲ..မတော်ပါတယ်
အချိန်ခဏလေးနဲ့ ကျွန်တော့်နှလုံးသားကို အနိုင်ယူသွားခဲ့တာ..
ငှက်လေးတွေရဲ့အစာက ပိုးကောင်လေးတွေတဲ့..ပြောင်းပြန်အနေနဲ့
မ ဆိုတဲ့ ပိုးလေးကတော့ ငှက်လေးဖြစ်တဲ့ကျွန်တော့်ရဲ့ နှလုံးသားကို လှုိက်စားသွားခဲ့တာ မ သိရဲ့လား...

#အေးချမ်းညိမ်း

အခုရက်ပိုင်း အသာ အရမ်းစိတ်ဓာတ်တွေကျနေတယ်.. ဟိုးအောက်ဆုံးထိပါပဲ.. တစ်နေ့တစ်နေ့ စာလုံးရေတစ်ထောင်လောက် ရိုက်ဖို့ကို ကျွန်တော်မနည်းအားယူထားရပါတယ် 😔😔😔
ပင်ပန်းမှုတွေကြားထဲ ကြိုးစားခဲ့ရတာတွေက အရာမထင်လာတဲ့ အခါ အရမ်းပင်ပန်းရပါတယ် 😞😞 ဒါကြောင့် update က ကြာကောင်းကြာပါလိမ့်မယ်... ဒီ fic လေးကိုတော့ အဆုံးသတ်ပေးခဲ့မှာပါဗျ အဲ့တာတော့မပူကြပါနဲ့.... နောက် ထပ်တော့ စာက ရေးဖြစ်မယ် မဖြစ်မယ်ကတော့ ကျွန်တော်မသေချာသေးပါဘူး
စောင့်နေပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်..
☺☺😊

Zawgi

အပိုင္း ၁၉

ပိုးရဲ႕အသိစိတ္တို႔ကင္းမဲ့စြာျဖင့္ သူ႕၏ အနမ္းမ်ားကို တုံ႕ျပန္ၿပီးေနာက္ တစ္စုံတစ္ခုကို သတိရသြားေသာေၾကာင့္ အေပၚမွအုပ္မိုးေနေသာ သူ႕အား တြန္းထုတ္လိုက္ေတာ့ ကုတင္ေပၚကေန ေခြေခါက္က်သြားေသာ ဇင္ေယာ္....

"ဝုန္း "

"အား.လား လား နာလိုက္တာ မရယ္ "

ကုတင္ေအာက္ကေန နာေနတဲ့ခါးေလးကို ကိုင္ကာ ရႈံ႕မဲ့စြာျဖင့္ ကုန္း႐ုန္းထၿပီး မကို အၾကည့္ မရဲ႕မ်က္ဝန္းထဲက အမည္ေဖာ္မရတဲ့အၾကည့္ေတြကို ဇင္ေယာ္ ေတြ႕လိုက္ရေတာ့ ေတြေဝမိသြားသည္။

"တို႔ သြားေတာ့မယ္ ဖုန္းမဆက္နဲ႕ တို႔ဆက္သ ြယ္လာမွကိုင္ "

ကုတင္ေဘးကစားပြဲခုံေပၚမွ သူမရဲ႕ ပိုက္ဆံအိတ္ကို ေကာက္ကိုင္ၿပီး
ဇင္ေယာ့္ကို အမိန့္ေတြေပးလ်က္နဲ႕ အေလာတႀကီးထြက္သြားတဲ့မေၾကာင့္ ဇင္ေယာ့္မွာစကားေလးေတာင္ ေျပာခ်ိန္မရလိုက္ရ...ခပ္သြက္သြက္ထြက္သြားတဲ့ အမူအရာနဲ႕ ဖုန္းမဆက္နဲ႕ဆိုတဲ့စကားေၾကာင့္ မသူ႕ကို စိတ္ဆိုးသြားၿပီဆိုတာကေတာ့ ေသခ်ာသည္။ အရာအားလုံးက ျဖစ္ပ်က္ဖို႔ တကယ္ခဏေလးပဲလိုပါလား..ခုနက မွ နမ္းတယ္ အခုက်ေတာ့ စိတ္ဆိုးသြားတယ္..
အိမ္း..ငါေတာ့ကံဇာတာေတြတက္ေနတယ္ထင္ပါ့..

...
"ကြၽီ "

ဘရိတ္ကို ေစာင့္အုပ္လိုက္တာေၾကာင့္ တာယာႏွင့္ ေအာက္က ၾကမ္းျပင္တို႔ရဲ႕ပြတ္တိုက္သံက ထြက္ေပၚလို႔လာေလသည္။
ဘရိတ္အုပ္ၿပီးမွ မၾကာကားတံခါးကို ဝုန္းခနဲေစာင့္ပိတ္ၿပီး
ေဒါက္ဖိနပ္သံ ခပ္က်ယ္က်ယ္နဲ႕ေလ်ာက္လာတဲ့ မမေလး ပိုးသဒ္ဒါမင်း ေၾကာင့္ အိမ္ထဲရွိ အေစခံ မ်ား အထူးအဆန္းျဖင့္ၾကည့္ေနၾကသည္။ ဘယ္သူ႕ကိုမွ မၾကည့္ဘဲ အိမ္အေပၚထပ္ သူ႕အခန္းထဲ တက္သြားကာ တံခါးပိတ္ေတာ့လည္း ဝုန္းခနဲ...တစ္ခါမွ ယခုလိုပုံစံမ်ိဳးမျဖစ္ဖူးတဲ့ မမေလးကို အိမ္ထဲရွိ အလုပ္သမားမ်ား စိတ္ထဲထူးဆန္းေန႐ုံသာမက ဧည့္ခန္းထဲမွာ စာရင္းထိုင္တြက္ေနတဲ့ ေဒၚပိုးလဲ့ရည္ေတာင္ ကိုယ့္သမီးကိုယ္ၾကည့္ၿပီး ထူးဆန္းေနေတာ့သည္။

"ဘုတ္ "

လက္က ကိုင္လာတဲ့ စလင္းဘတ္ကို ပစ္ခ်င္တဲ့ေနရာပစ္လိုက္ၿပီး
ကုတင္ေပၚတြင္ ငူငူႀကီးထိုင္ေနတဲ့ သူမ..ဘာမွဆက္စဥ္းစားလို႔မရသလို ဘာမွလည္း ေတြးလို႔မရ..သူစိတ္ထဲမွာ တစ္စုံတစ္ခုကသာ ႀကီးစိုးေနသည္။ ထိုအရာကေတာ့ သူမ သစၥာေဖာက္မိၿပီဆိုတဲ့ အေၾကာင္းပင္..

ဒီဇာတ္လမ္းကို သူစလိုက္ကတည္းက ရည္႐ြယ္ခ်က္ကတစ္ခုတည္း သူခ်စ္တဲ့ ကိုယ့္ႏွလုံးသားေလးကို ဘယ္သူ႕ဆီမွပါမသြားေအာင္ ထိန္းထားဖို႔..အဲ့ႏွလုံးသားဟာ ကိုယ့္အတြက္ျဖစ္တည္ေနမွန္းသိလိုက္တုန္းက ပိုးအရမ္းဝမ္းသာခဲ့ရသည္။ ကို က သူမကို
အသက္ေသဆုံးသြားခဲ့တာေတာင္ ႏွလုံးသားကသစၥာမေဖာက္ခဲ့ဖူးလို႔..

ဒါေပမယ့္ ကိုယ္စတဲ့ ဇာတ္လမ္းကိုယ္မနိုင္ေတာ့ဘူးလို႔ပဲေျပာရမလား ကိုယ့္ရႈးကိုယ္ပတ္တယ္လို႔ပဲ ေျပာရမလား.. ကိုယ့္ႏွလုံးသားထဲကို သူဟာ တစ္ေျဖးေျဖးနဲ႕ေနရာယူလာခဲ့တယ္ဆိုတာ ကိုယ့္ကိုယ္တိုင္ေတာင္မသိလိုက္ခဲ့ေပ ....အရင္ကတည္းက ကိုယ့္ကိုယ္ကို ယုံၾကည္လာခဲ့တာ ကိုယ့္ႏွလုံးသားဟာ ကိုက လြဲလို႔ ဘယ္သူ႕ကိုမွ ေနရာ မေပးထားခဲ့ဘူးထင္ခဲ့တာ.... ထိုယုံၾကည္မႈအားလုံးဟာ
ယိုယြင္းေနခဲ့တယ္ဆိုတာ ဒီေန႕မွ သိလိုက္ရျခင္းျဖစ္သည္။ အမွန္ေတာ့ အစားထိုးျခင္း ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ကိုယ့္ရဲ႕ႏွလုံးသားတစ္ခုလုံးေပ်ာ္ဝင္ေနခဲ့ၿပီဆိုတာ သူမ လက္မခံခ်င္ဘဲ လက္ခံခဲ့ရေလၿပီ....

..........

"ဟူး ငါဘယ္လိုဆက္လုပ္ရမလဲ ဝင့္လႊာ "

ေမ်ာက္လဒမွိုင္ေနတဲ့႐ုပ္နဲ႕အတူ ဆံပင္ကိုဖြလိုက္ သက္ျပင္းခ်လိဳက္လုပ္ေနတာ ဝင့္လႊာေရွ႕မွာ ငါးမိနစ္နီးပါးရွိေနၿပီ...သူနဲ႕ သူ႕ရည္းစား
ျဖစ္ပ်က္သမွ် အေၾကာင္းအရာေတြ ကို ေျပာျပၿပီး ဘယ္လိုျပန္ေခ်ာ့ရမလည္း အႀကံညဏ္လာေတာင္းေနေတာ့လည္း
ဝင့္လႊာမွာ လုပ္လက္စအလုပ္ကို ခ်ထားၿပီး သူ႕အႀကံညဏ္ေပးဖို႔ စဥ္းစားေနရသည္။

"ေသေသခ်ာခ်ာေလးျပန္ေတာင္းပန္လိုက္ေပါ့ဟာ ေနာက္မႀကိဳက္ရင္မလုပ္ေတာ့ပါဘူး လို႔ ဘာလို႔ ေပါ့ ၾကည့္ရတာ နင့္ မမက
skin ship မႀကိဳက္တဲ့ သူေနမယ္ ဒါေၾကာင့္ စိတ္ဆိုးသြားတာေနမယ္ "

"အင္း...ငါျပန္ေတာင္းပန္ရင္ေတာ့ လက္ခံေလာက္မွာပါေနာ္ "

မ်က္ႏွာငယ္ေလးနဲ႕ ေျပာေနရွာတဲ့ ဇင္ေယာ့္ကို ၾကည့္ေတာ့လည္း
သနားစရာ...ေအာ္.. အခ်စ္ဆိုတာ တကယ္ မလြယ္ေၾကာပါလား..

"ရမွာပါဟ နင္တို႔ကခ်စ္သူေတြပဲ ခဏေလာက္ စိတ္အခန့္မသင့္ျဖစ္ၾကတာပဲ ညေနၾကရင္ ပန္းစည္းျဖစ္ျဖစ္ သူႀကိဳက္တဲ့ မုန့္တို႔ဘာတို႔နဲ႕ သြားေခ်ာ့လိုက္ေပါ့ဟာ သူစိတ္ဆိုးလို႔ေျပာရင္လည္း ေျပာသမွ် ခံလိုက္ေပါ့ ေနာက္ၿပီးရင္ အဆင္ေျပသြားလိမ့္မယ္ ဒီလိုကိစၥက ရည္းစားတိုင္းျဖစ္တတ္တာပဲ အရမ္းႀကီး Serious ျဖစ္မေနနဲ႕ အခ်ိန္တန္အဆင္ေျပသြားလိမ့္မယ္ "

"ေအး ပါ "

အခုက်မွ ကိုယ္ေတာ္ေခ်ာက နည္းနည္းေလး လန္းလာေတာ့တယ္..
ခုနကေတာ့ လုံးဝကို ဂ်ဳံးဂ်ဳံးက်ေနတဲ့ပုံစံႀကီးနဲ႕..သူ႕ေၾကာင့္ ဝင့္လႊာမွာ အစက လန့္သြားေသး..တစ္ေယာက္ေယာက္မ်ား တစ္ခုခုျဖစ္တာလား လို႔...ဒီပုံစံတိုင္းဆို ဇင္ေယာ္ကေတာ့ ဟိုအမကို အရမ္းခ်စ္မိေနၿပီထင္တယ္....သူငယ္ခ်င္းေရ နင္အဆင္ေျပပါေစလို႔ပဲ ဆုေတာင္းပါတယ္ဟာ...

တစ္ေန႕လုံး ဘာဝယ္ရမယ္ ဘယ္လို ေျပာၿပီး ေခ်ာ့ရမယ္ဆိုတာ စဥ္းစားရင္း ဇင္ေယာ္တစ္ေယာက္ အလုပ္ေတာင္မလုပ္နိုင္ေတာ့ေပ..
႐ုံးဆင္းတာနဲ႕ ေျခေထာက္မွာ ေမာ္တာတပ္ထားတဲ့အတိုင္း ကားပါကင္ကိုအျမန္သြား ဆိုင္ကယ္ထုတ္ၿပီး နီးရာပန္းဆိုင္ကို ေျပးရေတာ့သည္။ ပန္းစည္းရယ္ ေခ်ာကလက္ေတြရယ္ႏွင့္ ဇင္ေယာ့္ခဗ်ာ
ဆိုင္ကယ္ကို မနည္းေမာင္းလာရသည္။ မ အိမ္ေရွ႕ေရာက္ေတာ့မွ စဥ္းစားမိတာက သူ မ အေမ ကို ဘယ္လိုေျပာၿပီး အိမ္ထဲဝင္ရမယ္ဆိုတာပါပဲ..

သူနဲ႕ မ ခ်စ္သူျဖစ္ေနတာကို မ အိမ္က သိေလာက္မွာမဟုတ္..
ပန္းစည္းႀကီးနဲ႕ လာခဲ့တာ ဆို ေတာ့ မိတ္ေဆြသူငယ္ခ်င္း အိမ္လာရင္ ဒီလိုမွလည္း မဟုတ္...ၿခံေရွ႕မွာ စဥ္းစားခန္းဝင္ေနတုန္း
ၿခံတံခါးဖြင့္သံေၾကာင့္ ၾကည့္လိုက္ေတာ့ ၿခံေစာင့္ျဖစ္ပုံရတဲ့ ဦးေလးႀကီးတစ္ေယာက္ ...

မအိမ္ကို တစ္ခါမွမေရာက္ဖူးတဲ့ ဇင္ေယာ့္ကို ဒီအိမ္က သူေတြကလည္း သိမွာမဟုတ္..ဇင္ေယာ့္ကို ၾကည့္လိုက္ ပန္းစည္းကိုၾကည့္လိုက္နဲ႕ ၿခံေစာင့္ဦးေလးႀကီးဟာ ေသခ်ာအကဲခတ္ေနသည္။ ၿပီးမွ..

"မင္းကို ဦးေလးၾကည့္ေနတာ ၾကာလွၿပီ ၿခံေရွ႕က ဘဲလ္လည္းမတီး အိမ္ထဲက လူလည္း လွမ္းမေခၚပဲ ဒီအိမ္ထဲကိူ ၾကည့္ေနတာ ဒီအိမ္က သူနဲ႕သိလို႔လား "

"ဟို...ဟို..ကြၽန္ေတာ္က မပိုးသဒ္ဒါမင်းရဲ့ မိတ္ေဆြပါ မ..အဲ အမကို ေတြ႕ခ်င္လို႔ပါ အဲ့တာ ဘယ္လိုေျပာရမလည္း စဥ္းစားေနလို႔ "

"ဪ..မမေလး မိတ္ေဆြလား အဲ့တာမ်ားအစကတည္းက ဘဲလ္တီးၿပီး ေျပာလိုက္ေပါ့ ခဏေလး မမေလးက ေနသိပ္မေကာင္းဘူး သြားေျပာေပးမယ္ "

"ဟုတ္.. ဟုတ္ကဲ့ "

မ ေနမေကာင္းဘူးတဲ့.. သူ႕ေၾကာင့္မ်ားလား... ထိုေန႕က မ မ်က္ဝန္းထဲမွာ သူ႕ကို စိတ္ဆိုးတဲ့ အရိပ္အေယာင္ကို သိပ္မေတြ႕ရ..တစ္စုံတစ္ခုကို ေလးေလးနက္နက္ျဖစ္သြားတဲ့အရိပ္အေယာင္ ကိုေတာ့ သူေတြ႕လိုက္ရသည္။ မ ဘာျဖစ္သြားလို႔ အခုလို ေနမေကာင္းေတာင္ျဖစ္သြားရပါလိမ့္...အဲ့တရားခံက ဇင္ေယာ္ဆိုတာကေတာ့ ေသခ်ာသေလာက္ရွိမယ္ထင္သည္။

"မမေလးက လာခဲ့တဲ့ လာ ဆိုင္ကယ္ကို စင္ဝင္ေအာက္မွာ ရပ္ထားခဲ့ "

ၿခံေစာင့္ဦးေလးႀကီး ေျပာတဲ့အတိုင္း ဆိုင္ကယ္စက္ျပန္ႏွိုးကာ စင္ဝင္ေအာက္ကို ေမာင္းဝင္ရင္း စက္ရပ္ကာ ထားလိုက္သည္။
ထို႔ေနာက္ အိမ္ထဲကို တြန့္ဆုတ္ တြန့္ဆုတ္နဲ႕ဝင္သြားရင္း ဧည့္ခန္းထဲမွာ မကို မ်က္လုံးကစားရင္း ရွာၾကည့္ေတာ့ မေတြ႕ရ...

"တို႔နဲ႕အေပၚလိုက္ခဲ့ ဇင္ေယာ္"

မကို တိတ္တိတ္ေလးရွာေနတုန္း ႐ုတ္တရက္ ၾကားလိုက္ရတဲ့မအသံေၾကာင့္ လူက တြန့္ခနဲ...အသံလာရာၾကည့္လိုက္ေတာ့မွ ေလွကား ငါးဆင့္ေျမာက္ေလာက္ကေန ဇင္ေယာ့္ကို ၾကည့္ကာ ေျပာေနတဲ့မကို ေတြ႕ရသည္။

အိမ္ေနရင္းမို႔ စပန့္ေဘာင္းဘီႏွင့္ အျဖဴေရာင္အက်ီလက္ရွည္ဝတ္ထားသည့္မမွာ တစ္မ်ိဳးေလးလွေနျပန္သည္။ ဒါေပမယ့္ အျဖဴေရာင္နည္းနည္းသန္းေနတဲ့ မမ်က္ႏွာေၾကာင့္ မ ေနေတာ္ေတာ္မေကာင္းေနလားလို႔ ဇင္ေယာ္ေတြးမိသည္။

"ထိုင္ "

မတို႔အိမ္က ႏွစ္ထပ္တိုက္ အႀကီးစားပုံစံျဖစ္ၿပီး အေပၚထပ္မွာပင္ ဝရံတာ ႏွင့္ေလဟာျပင္ အက်ယ္ႀကီး ရွိျပန္ေသးသည္။ အေပၚထပ္ မရဲ႕အခန္းထဲ ေခၚသြားမယ္လို႔ ေတြးေနတဲ့ ဇင္ေယာ့္စိတ္ကို ျပန္ၿပီးထုရိုက္ပစ္ခ်င္သည္။
အခုေတာ့ ဝရံတာမွာရွိေသာ ဇင္ေယာ္ထိုင္ထားတဲ့ ခုံေလးမွာ ဇင္ေယာ့္ကို ေလွာင္ေနမွာ အေသခ်ာပင္...

"မ ဟို ဟိုေန႕ကေလ ကြၽန္ေတာ္တကယ္ ေတာင္းပန္ပါတယ္ မေပးတဲ့ဘယ္အျပစ္ျဖစ္.."

"အဲ့ကိစၥကို ေမ့လိုက္ပါ တို႔ အခုေျပာမယ့္စကားကိုသာ ေစခ်ာနားေထာင္ "

မဘက္က ဘာပဲေျပာေျပာလက္ခံၿပီး ေခါင္းၿငိမ့္ရမယ္လို႔ ဇင ္ေယာ့္
စိတ္ထဲမွာ ေတြးၿပီးသား..ဒါမွ မသူ႕ကို အျမန္ စိတ္ဆိုးေျပမွာေလ..

"လမ္းခြဲရေအာင္ "

"ဗ်ာ.!!! မ.. ဘယ္လို မဟုတ္ဘူး..ကြၽန္ေတာ္မွားခဲ့တာကို ကြၽန္ေတာ္သိပါတယ္ ဒါေပမယ့္ အဲ့တယကလည္း ခံစားခ်က္ေတြမ်ားသြားလို႔ အသိစိတ္လြတ္သြားသလိုျဖစ္ခဲ့တာပါမရယ္ အဲ့ေလာက္ထိ လိုလို႔လား မစိတ္ေျပတဲ့အထိ မလာနဲ႕ မဆက္သြယ္နဲ႕ဆို မမ်က္စိေရွ႕မွာေတာင္ မျမင္ေအာင္ေနေပးပါ့မယ္မရယ္ အဲ့ေလာက္ထိ မရက္စက္ပါနဲ႕ "

မထင္မွတ္ထားမွတ္စြာ လမ္းခြဲစကားေျပာလိုက္တဲ့ ေက်ာေပးထားတဲ့မဆီ ဇင္ေယာ္ေျဖရွင္းခ်က္ေတြ ႏွင့္အတူ အသနားခံေနေပမယ့္
ဆုံးျဖတ္ထားၿပီးၿပီျဖစ္ပုံေပၚတဲ့ မဟာ ဇင္ေယာ့္ကို ေက်ာေပးလ်က္ လက္ပိုက္ထားၿမဲ ၿခံျပင္ဘက္ကို ေငးၾကည့္ေနလ်က္..သူ႕မွာ လမ္းကတည္းက မဘယ္လိုကိစၥကိုေျပာေျပာ လက္သင့္ခံမယ္လို႔ေတြးထားခဲ့ေပမယ့္ ဒီလိုကိစၥျဖစ္လိမ့္မယ္လို႔ သူလုံးဝမထင္ထားခဲ့ေပ..

တစ္ေန႕ တစ္ေန႕ မမ်က္ႏွာေလးမျမင္ရရင္ အသံေလးမၾကားရရင္
ေဆးစြဲေနတဲ့ေဆးသမားလို တစ္ခုခုလိုေနသလိုမ်ိဳး မျပည့္စုံသလိုမ်ိဳးျဖစ္ေနတဲ့ အခ်စ္႐ူးသမားကြၽန္ေတာ့္ကို ရက္စက္ေတာ့မွာလားမရယ္...

"တို႔ပင္ပန္းေနၿပီ ဇင္ေယာ္ မင္းကိုတို႔ဘယ္တုန္းကမွ မခ်စ္ခဲ့ဘူး ဆုံးသြားတဲ့ကို႔ႏွလုံးသားရွိေနခဲ့လို႔ လက္ခံခဲ့တာ ဒါေပမယ့္ အခုေတာ့ တို႔ဆုံးျဖတ္နိုင္သြားၿပီ ကို က ကို မင္းက မင္းပဲ ႏွလုံးသားမွာ ခံစားတတ္တဲ့အသိမွ မရွိတာ မင္းစိတ္နဲ႕မင္းႏွလုံးသားပဲ ျဖစ္မွာေပါ့ "

ဇင္ေယာ္ေမ့ထားခဲ့တာ..မဟုတ္ဘူး ေမ့ချင်ယောင်ဆောင်ထားခဲ့တာ...သိတယ္..မသူ႕ကို မခ်စ္မွန္းလည္းသိတယ္.. အစားထိုးခဲ့မွန္းလည္းသိတယ္..ဒါေပမယ့္ ဒီရက္ပိုင္းေလးအတြင္းမွာ မသူ႕အေပၚခံစားခ်က္ရွိလာၿပီလို႔ ထင္ခဲ့တာ.. ဒါေတြအားလုံးဟာ ထင္ေယာင္ထင္မွားျဖစ္ခဲ့တာေတြလား...

မကေတာ့ ထိုစကားေတြကို ေလသံမပ်က္ေျပာရက္ခဲ့ေပမယ့္ ဇင္ေယာ့္မွာေတာ့ မ်က္ရည္ေတြ စီးဆင္းလို႔ေနခဲ့ၿပီ..

"သိတယ္ မ ကြၽန္ေတာ့္ကို အစားထိုးခဲ့မွန္းသိတယ္ ဒါေပမယ့္ေလ ကြၽန္..ကြၽန္ေတာ္ မကုိ ဘဝနဲ႕ပုံၿပီး ခ်စ္..ခ်စ္ခဲ့တာပါ အနည္းဆုံး မမခ်စ္ဘူးဆိုရင္ေတာင္ ဒီတိုင္းေလးေဘးမွာရွိေနခြင့္ေလးေပးလို႔မရဘူးလား မရယ္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ "

ငိုသံဗလုံးဗေထြးႏွင့္အတူ စကားအဆုံးမွာ ဒူးေထာက္ခ်လိဳက္ေတာ့ မဟာ ဇင္ေယာ့္ဘက္ကိုေတာ့ လွည့္ၾကည့္လာပါရဲ႕..ဒါေပမယ့္
မမ်က္ဝန္းထဲမွာ သနားဖို႔ေနေနသာသာ စိတ္ပ်က္တဲ့အရိပ္အေယာင္ေတြ..သူက မဘဝ့အတြက္ ဒီေလာက္ပဲ တန္ဖိုးရွိခဲ့တာလား..

"တို႔က ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ ဘယ္ေတာ့မွမျပင္တတ္ဘူးဇင္ေယာ္
တို႔ခ်စ္ခဲ့တဲ့သူက ကိုတစ္ေယာက္ထဲပဲ ဒါေၾကာင့္ ဒီဇာတ္လမ္းကို ဒီမွာပဲ ၿပီးလိုက္ရေအာင္ "

မာနေတြ..သိကၡာေတြ..ႏွလုံးသားေတြ အကုန္ပုံေပးခဲ့ေပမယ့္ သူရလိုက္တဲ့ရလဒ္က အရႈံးဟူေသာ ရလဒ္တစ္ခု...သူ႕အတြက္ျပန္ရခဲ့တာ မရဲ႕ ခါးသီးတဲ့စကားေတြနဲ႕ ခ်စ္ခြင့္ေတာင္မရွိေတာ့တဲ့ အေျခအေနတစ္ခုတဲ့လား...

မ်က္ရည္ေတြ ႏွင့္အတူ ဒူးေထာက္ကာ ခယေတာင္းပန္ခဲ့ေပမယ့္
မဟာ ဆုံးျဖတ္ခ်က္ကို မျပင္ခဲ့....တည္တည္ၿငိမ္ၿငိမ္နဲ႕ ပဲ ဇင္ေယာ့္ကို လမ္းခြဲခဲ့သည္။ ပုံမွန္ အလုပ္ကိစၥတစ္ခုကို အျပတ္ျဖတ္လိုက္တဲ့ပုံစံလိုေပါ့..

အျပတ္ျဖတ္ခံလိုက္ရတဲ့ဇင္ေယာ္မွာသာ မအိမ္က အလုပ္သမားေတြရဲ႕ အထူးအဆန္းအၾကည့္ေတြ က်ဳံးေဘးပတ္လည္က ျမက္ခင္းလမ္ေပၚ ေျပးၿပီး မခံနိုင္တဲ့အဆုံး ျမက္ခင္းျပင္ေပၚပစ္လဲကာ ငိုေနခဲ့တာေၾကာင့္ ျဖတ္သြားတဲ့လူအခ်ိဳ႕ရဲ႕အၾကည့္ေတြ...ၾကည့္ၾကပါေစ
လူတိုင္းအသည္းကြဲဖူးတာပဲ ဇင္ေယာ္လည္း အဲ့လိုပါပဲ ဒါေပမယ့္ ဇင္ေယာ့္အတြက္ကေတာ့ ဘဝတစ္ခုလုံး ကြဲေၾကသြားခဲ့သလိုပဲ..

မရဲ႕ မခ်စ္ခဲ့ဖူးဘူးဆိုတဲ့ စကားဟာ ကြၽန္ေတာ့္အတြက္ေတာ့ အရွင္လတ္လတ္ နှလုဲးသားကို ခြဲလိုက္သလိုမ်ိဳးပဲ..မေတာ္ပါတယ္
အခ်ိန္ခဏေလးနဲ႕ ကြၽန္ေတာ့္ႏွလုံးသားကို အနိုင္ယူသြားခဲ့တာ..
ငွက္ေလးေတြရဲ႕အစာက ပိုးေကာင္ေလးေတြတဲ့..ေျပာင္းျပန္အေနနဲ႕
မ ဆိုတဲ့ ပိုးေလးကေတာ့ ငွက္ေလးျဖစ္တဲ့ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားကို လှုိက်စားသွားခဲ့တာ မ သိရဲ႕လား...

#ေအးခ်မ္းညိမ္း

အခုရက္ပိုင္း အသာ အရမ္းစိတ္ဓာတ္ေတြက်ေနတယ္.. ဟိုးေအာက္ဆုံးထိပါပဲ.. တစ္ေန႕တစ္ေန႕ စာလုံးေရတစ္ေထာင္ေလာက္ ရိုက္ဖို႔ကို ကြၽန္ေတာ္မနည္းအားယူထားရပါတယ္ 😔😔😔
ပင္ပန္းမႈေတြၾကားထဲ ႀကိဳးစားခဲ့ရတာေတြက အရာမထင္လာတဲ့ အခါ အရမ္းပင္ပန္းရပါတယ္ 😞😞 ဒါေၾကာင့္ update က ၾကာေကာင္းၾကာပါလိမ့္မယ္... ဒီ fic ေလးကိုေတာ့ အဆုံးသတ္ေပးခဲ့မွာပါဗ် အဲ့တာေတာ့မပူၾကပါနဲ႕.... ေနာက္ ထပ္ေတာ့ စာက ေရးျဖစ္မယ္ မျဖစ္မယ္ကေတာ့ ကြၽန္ေတာ္မေသခ်ာေသးပါဘူး
ေစာင့္ေနေပးခဲ့တဲ့သူေတြကိုလည္း ေက်းဇူးအထူးတင္ပါတယ္..
😊

Continue Reading

You'll Also Like

349K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
477K 40.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
105K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...