စာစဥ္ - ၃ /အခန္း - ၇၅+၇၆
အခန္း - ၇၅
ဘာသာျပန္သူ - Emily (KKMJPKJL)
ဒုတိယမင္းသားကိုျမင္ေတာ့ ဖုန္းခ်ီထံု ပ်င္းရိပ်င္းတြဲပံုစံနဲ႔ျပန္ၾကည့္လိုက္သည္။
"ဒုတိယကေလးပဲ။ ကိုယ္ေတာ္က ခမည္းေတာ္ကို လာေတြ႔တာ။ တစ္ခုခုျဖစ္ေနတဲ့ပံုပဲ"
ဒုတိယမင္းသားက ႏႈတ္ခမ္းေထာင့္ေတြေကြးတက္ေအာင္ျပံဳးလိုက္ကာ
"ခမည္းေတာ္ကို ေျပာစရာစကားရွိလို႔ပါ"
"အိုး ဒါဆို မင္း မတင္ျပခင္ ကိုယ္ေတာ္နဲ႔ဝမ္ဝမ္ ခမည္းေတာ္ကို ဝင္ေတြ႔ဦးမွာကို ေစာင့္ေနလိုက္ဦး"
ဖုန္းခ်ီထံုက တိုက္ရိုက္ပဲေျပာလိုက္သည္။
ဒုတိယမင္းသားရဲ႕အမူအရာက ေအးခဲသြားသည္။
သူ တင္ျပမွာက က်န္းေပနယ္ေျမမွာ ေရၾကီးေနတဲ့အေၾကာင္းေလ။ ဒီကိစၥက သူတို႔ႏွစ္ေယာက္ နန္းတြင္းဝင္မွာထက္ ပိုျပီးအေရးၾကီးတယ္မလား?
တိုင္းျပည္အေရးကို မ်က္လံုးထဲမထည့္တဲ့လူက မင္းသားျဖစ္ဖို႔ မထိုက္တန္ဘူး!
ဒါေပမဲ့ အိမ္ေရွ႕စံက ဒီလိုပံုစံျဖစ္ေနေလေလ သူ႔အတြက္ ပိုေကာင္းေလေလပဲ။
ထိုအခ်င္းအရာကိုစဥ္းစားျပီးေတာ့ ဒုတိယမင္းသားက ဖုန္းခ်ီထံုကိုၾကည့္ကာ ျပံဳးျပလာသည္။
"ဟုတ္ကဲ့ပါ အစ္ကိုေတာ္!"
ထို႔ေနာက္ ဝတ္ရံုစကို ဆုပ္ကိုင္ျပီး ဖုန္းခ်ီထံုနဲ႔ဝမ္ဝမ္တို႔ ေဘးခ်င္းယွဥ္ျပီးထြက္သြားတာကို ၾကည့္ေနလိုက္ရသည္။
ဖုန္းခ်ီထံုက ဒုတိယမင္းသားအေရွ႕မွာ ဒီလိုမ်ိဳးေျပာင္ေျပာင္ရွင္းရွင္းေျပာလိမ့္မယ္လို႔ ထန္ဝမ္ မထင္ထားခဲ့ေပ။ သူမ သူ႔ကိုခိုးၾကည့္ျပီးေနာက္ မေနႏိုင္ပဲ ခ်စ္စရာေလးကိုေျပာလိုက္သည္။
/ခ်စ္စရာေး နင့္မွာ ဖုန္းခ်ီထံုရဲ႕အတြင္းက်က် သတင္းေတြရွိလား?/
ဖုန္းခ်ီထံုက တစ္ခုခုကို ဖံုးကြယ္ထားတယ္လို႔ သူမ တစ္ခ်ိန္လံုးခံစားေနရသည္။ ထန္ဝမ္ရဲ႕စကားကိုၾကားေတာ့ ခ်စ္စရာေလးက
/ရွိတာေပါ့။ ဒါေပမဲ့ hostကို တိုက္ရိုက္ၾကီးေျပာျပလိုက္ရင္ အဓိပၸါယ္မရွိဘူးျဖစ္သြားလိမ့္မယ္။ hostကိုယ္တုိင္ ဗီလိန္ရဲ႕အစစ္အမွန္ကုိရွာပါ/
ထန္ဝမ္ ႏႈတ္ခမ္းကိုက္မိေတာ့မလို႔ျဖစ္သြားသည္။ *မေျပာခ်င္ဘူးဆိုရင္အစကတည္းက မေျပာနဲ႔ေပ့ါ။ သိခ်င္ေအာင္လုပ္ျပီး ကိုယ့္ဘာသာကိုယ္ရွာတဲ့!*
သူမက သူ႔ရဲ႕စြဲလမ္းမႈကိုေပ်ာက္ေစျပီး အရုပ္ေလးေခ်ာေမာလို႔သာမဟုတ္ရင္ ဒီလိုေၾကာက္စရာခင္ပြန္းသည္ရဲ႕ ေရြးခ်ယ္ျခင္းကို ခံရမွာမဟုတ္ဘူး။
ေတာ္ဝင္စာၾကည့္ေဆာင္ကိုေရာက္သြားတဲ့အခ်ိန္ ဖုန္းခ်ီထံုကိုျမင္ေတာ့ အင္ပါယာအရွင္က ထိုင္ရာကေနထလာကာ သူ႔သားရဲ႕လက္ေမာင္းကို ပုတ္လိုက္သည္။
"မင္းသား ဘယ္လိုခံစားရလဲ?"
ဖုန္းခ်ီထံုက ခ်က္ခ်င္းရယ္လိုက္ကာ
"ခမည္းေတာ္ စိတ္မပူပါပဲ။ သားေတာ္ ေနေကာင္းပါတယ္!"
"ေကာင္းတယ္! အရမ္းေကာင္းတယ္!"
အင္ပါယာအရွင္က ထန္ဝမ္ကိုၾကည့္ကာ ခ်ီးက်ဴးလိုက္ျခင္းျဖစ္သည္။
ဘုရႈ္က ထန္ဝမ္ကို ေနရခက္ေအာင္မလုပ္ပဲ စကားေတြေျပာကာ သူမကို ပစၥည္းေကာင္းေတြအမ်ားၾကီး ခ်ီးျမင့္လိုက္သည္။
ထိုအရာကိုျမင္ေတာ့ ခ်စ္စရာေလးကျပံဳးလိုက္ကာ
/မင္းရဲ႕ေယာကၡမကလည္း မင္းကို အရမ္းႏွစ္သက္ပံုပဲ! အခုေတာ့ ဒီအေဖၾကီးက မင္းကို စိတ္ခ်ပါျပီကြယ္/
ထန္ဝမ္ - /ငါ နင့္ကို သတ္ပစ္မယ္ဆိုတာကို ယံုလား?/
ထိုအခ်ိန္ ဖုန္းခ်ီထံုက စကားဝိုင္းရဲ႕ေခါင္းစဥ္ကိုေျပာင္းလိုက္ကာ က်န္းဇီနယ္ေျမအေနာက္ဘက္က ေရၾကီးမႈအေၾကာင္းကို ေရာက္သြားသည္။
"ခမည္းေတာ္ ျပန္လည္ထူေထာင္မႈအတြက္ ေငြေတြကို လံုျခံဳမႈရွိရွိနဲ႔ပို႔ိိလို႔ရႏိုင္လား?"
ထိုစကားကိုၾကားေတာ့ အင္ပါယာအရွင္ရဲ႕မ်က္ႏွာက စိတ္ဖိစီးမႈေတြေပၚလာကာ ဖုန္းခ်ီထံုကိုၾကည့္လာသည္။
"ဗိုလ္ခ်ဳပ္အန္းကို က်န္းေပကိုပို႔ျပီးျပီ။ ဒီတစ္ၾကိမ္ေတာ့ ေရၾကီးမယ္လို႔ ေဟာကိန္းထုတ္ထားတဲ့ သားေတာ္ကို ေက်းဇူးတင္ရမွာပဲ။ မဟုတ္ရင္ ေရၾကီးျပီး လူေတြပ်က္စီးမွာနဲ႔ ၾကံဳရလိမ့္မယ္။ အိ္မ္ရာမဲ့သြားတဲ့ လူအမ်ားၾကီးကို ဘယ္လိုေနရာခ်ေပးရမလဲဆိုတာနဲ႔ ကိုယ္ေတာ္ ေခါင္းစားေနတာ"
ဖုန္းခ်ီထံုက ေခါင္းညိမ့္ကာ
"ေကာင္းပါတယ္။ ခမည္းေတာ္ အရမ္းၾကီးမစိုးရိမ္ပါနဲ႔။ ဒီတစ္ၾကိမ္ သားေတာ္တို႔ ျမစ္ကို ေသေသခ်ာခ်ာ စီမံထားတာမို႔ ဆံုးရံႈးမႈက နည္းမွာပါ"
"အင္း!"
အင္ပါယာရဲ႕ အမူအရာက ေျပေလ်ာ့သြားသည္။
"ေကာင္းျပီ။ အခု မင္းရဲ႕မယ္ေတာ္ကို သြားၾကည့္ဖို႔အခ်ိန္က်ျပီ"
"ဟုတ္ကဲ့။ သားေတာ္ ႏႈတ္ဆက္ပါတယ္"
"ေခၽြးမေတာ္ ႏႈတ္ဆက္ပါတယ္"
ႏွစ္ေယာက္သား ေတာ္ဝင္စာၾကည့္ေဆာင္ကေန ျပန္ထြက္လာေတာ့ အျပင္မွာေစာင့္ေနဆဲျဖစ္တဲ့ ဒုတိယမင္းသားကိုေတြ႔လိုက္ၾကရသည္။ ဖုန္းခ်ီထံုက ဒုတိယမင္းသားကို တစ္ခ်က္သာၾကည့္လိုက္ျပီး ထန္ဝမ္လက္ကိုဆြဲကာ မိဖုရားနန္းေဆာင္ကို ဦးတည္လိုက္သည္။
ဒါကိုျမင္ေတာ့ ဒုတိယမင္းသား ဘာမွမတတ္ႏုိင္ေပမဲ့ စိတ္ထဲမွာေတာ့ အရမ္းမုန္းတီးမိသည္။
*ဖုန္းခ်ီထံု ဒီေန႔ မင္းငါ့ကို မေလးမစားလုပ္တယ္။ ေနာက္အနာဂတ္မွာ မင္းငါ့အေရွ႕မွာ ဒူးေထာက္ျပီးေတာင္းပန္ေစရမယ္လို႔ ငါက်ိန္ဆိုတယ္!*
ထို႔ေနာက္ ေရၾကီးတဲ့အမႈကို တင္ျပဖို႔ သူ အင္ပါယာစာၾကည့္ေဆာင္ထဲ ဝင္သြားသည္။
***
အခန္း - ၇၆
ဒုတိယမင္းသားဆီကေန တင္ျပခ်က္ကိုၾကားေတာ့ အင္ပါယာအရွင္က ေပါ့ေပါ့ပါးပါးပဲ ေခါင္းညိမ့္လုိက္ကာ
"သားေတာ္က ႏွလံုးသားရွိတာပဲ။ ဒါေပမဲ့ စိတ္မပူပါနဲ႔။ ဒီကိစၥကိုေျဖရွင္းဖို႔ တစ္ေယာက္ေယာက္ကို ပုိ႔ုလိုက္ျပီးျပီ"
ဒုတိယမင္းသား အံ့အားသင့္သြားသည္။
ဘယ္လိုျဖစ္ႏိုင္မွာလဲ? သူေတာင္မွ က်န္းေပနယ္ေျမရဲ႕သတင္းကို ၾကားတာနဲ႔ခ်က္ခ်င္း နန္းတြင္းဝင္ျပီး အစီရင္ခံတင္ျပတာေလ။ သတင္းက ဘာလို႔ အင္ပါယာနားထဲေရာက္ေနျပီးသားလဲ?
သတင္းၾကားၾကားခ်င္း နန္းတြင္းဝင္ျပီး အစီရင္ခံတာက အင္ပါယာအရွင္အေနနဲ႔ သူ႔အေပၚ ျပည္သူေတြကို အေလးထားျပီး အရည္အခ်င္းရွိတဲ့ မင္းသားတစ္ေယာက္ဆိုတာကို အသိအမွတ္ျပဳေစဖို႔ျဖစ္သည္။ မေမွ်ာ္လင့္ပဲ ဘုရင္က ဒီအေၾကာင္းကို သိျပီးသားျဖစ္ေနသည္။
စစ္ေဆးကူညီဖို႔ လူေတာင္ပို႔ျပီးသြားျပီတဲ့။
ဒုတိယမင္းသား မ်က္ႏွာပ်က္သြားေပမဲ့ ျပန္ထိန္းလိုက္ကာ ေပ်ာ္ရႊင္ေနတဲ့ေလသံေလးနဲ႔အတူ
"ေကာင္းတာေပါ့။ ဒီသားေတာ္က သတင္းရရခ်င္း နန္းတြင္းကိုဝင္ျပီး အရွင္မင္းၾကီးကို အစီရင္ခံတာပါ။ အရွင္မင္းၾကီးသိေနျပီးသားျဖစ္လိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့မိပါဘူး"
ဘုရင္က ေခါင္းညိမ့္ျပကာ
"မင္းက လူေတြကို တကယ္ေတြးေပးတတ္တာပဲ။ ေကာင္းျပီ။ အေရးၾကီးကိစၥမရွိေတာ့ဘူးဆိုရင္ ျပန္ေတာ့"
"ဟုတ္ကဲ့ပါ ခမည္းေတာ္!"
ဒုတိယမင္းသားထြက္သြားေတာ့ အင္ပါယာသက္ျပင္းခ်လုိက္ကာ သူ႔ေဘးမွာရွိတဲ့ မိန္းမစိုးကိုေျပာလိုက္သည္။
"ဒုတိယမင္းသားရဲ႕အရည္အခ်င္းက အိမ္ေရွ႕စံနဲ႔ဆို အရမ္းကိုကြာျခားလြန္းတယ္"
အိမ္ေရွ႕စံမင္းသားသာ မရွိဘူးဆုိရင္ ဒုတိယမင္းသားအေနနဲ႔ နန္းပလႅင္မွာထုိင္ဖို႔ဆိုတာ မျဖစ္ႏိုင္တာ မဟုတ္ပါ။ ဒါေပမဲ့ အိမ္ေရွ႕စံရဲ႕အရည္အခ်င္းနဲ႔ယွဥ္ရင္ ဒုတိယမင္းသားရဲ႕အျမင္နဲ႔ လုပ္ေဆာင္မႈေတြက ဘာမွမဟုတ္ေတာ့။
ဘုရင္ရဲ႕စကားေတြကိုၾကားေပမဲ့ မိန္းမစိုးေခါင္းေဆာင္က ဘာမွမေျပာပဲ ေခါင္းငံု႔လိုက္သည္။ ဒီအေၾကာင္းကို သူ ဘာမွမေျပာရဲေပ။
ထန္ဝမ္နဲ႔ဖုန္းခ်ီထံုတို႔ ဘုရင္မေဝ့ယန္ရဲ႕နန္းေဆာင္ကို ေရာက္လာၾကသည္။ ဖုန္းခ်ီထံုက ဘုရင္မရဲ႕သားအရင္းဆိုေပမဲ့ သူ႔ရဲ႕နည္းလမ္းစိတ္ထားေတြေၾကာင့္ မိခင္ရင္းကိုယ္တိုင္က သူ႔အေပၚ နည္းနည္းေၾကာက္ေနသလို ရွိေနသည္။
ျပီးေတာ့ ဘုရင္မရဲ႕စိတ္ထဲမွာ ထန္ဝမ္က အိမ္ေရွ႕စံမင္းသားရဲ႕အတင္းဖိအားေပးမႈေၾကာင့္ လက္ထပ္လုိက္ရတယ္လို႔ ျမင္ေနျပီး ထန္ဝမ္ကို သနားေနသည္။ ဒါေၾကာင့္ အင္ပါယာလိုပဲ သူမလည္း ထန္ဝမ္ကို လက္ေဆာင္ေတြ ခ်ီးျမင့္ခဲ့သည္။
ဒီတစ္ၾကိမ္ ထန္ဝမ္ နန္းတြင္းကို ဝင္ရာမွာ လက္ေဆာင္မ်ားစြာ ရခဲ့သည္။ ဒါေပမဲ့ ဘုရင္မက ဖုန္းခ်ီထံုကို ေၾကာက္ေနသလိုျဖစ္ေနတာေၾကာင့္ သူက ဘုရင္မအနား သိပ္ျပီး ကပ္ခြင့္မရခဲ့ေပ။
ဒါေပမဲ့ သူေၾကာက္ေနတာကိုၾကည့္ျပီး ထန္ဝမ္တို႔လည္း မေပ်ာ္ေတာ့ေပ။
*ဒီမိန္းမက ငါ့ရဲ႕မိခင္အရင္း။ ဖုန္းခ်ီထံု သူမကို သတ္လိုက္သလို ငါလည္း သတ္လုိက္ရမလား?*
ဖုန္းခ်ီထံု ေအးစက္စက္မ်က္ႏွာနဲ႔အတူ ထရပ္လိုက္ကာ
"မယ္ေတာ္ သားေတာ္မွာ လုပ္စရာတစ္ခုရွိေသးတာကို ရုတ္တရက္သတိရသြားလို႔ မင္းသမီးကို ေခၚသြားခြင့္ျပဳပါ"
ထိုစကားကိုၾကားေတာ့ ဘုရင္မက စိတ္သက္သာရာရသြားကာ
"ေကာင္းျပီ။ သြားေတာ့!"
မင္းသားနဲ႔တစ္ခန္းထဲေနရတာက မြန္းၾကပ္စရာေကာင္းတယ္။
ထိုအခ်င္းအရာကိုျမင္ရေတာ့ ဖုန္းခ်ီထံုရဲ႕မ်က္ႏွာက ပိုပိုျပီးေအးစက္လာသည္။ ေဝ့ယန္နန္းေဆာင္ကေနထြက္လာေတာ့ ဖုန္းခ်ီထံု ထန္ဝမ္ရဲ႕လက္ကို ခပ္တင္းတင္းညစ္လုိက္တာေၾကာင့္ ထန္ဝမ္ နာသြားရသည္။
မင္းသားရဲ႕အမူအရာကိုျမင္ေတာ့ သူမ စိတ္ထဲလန္႔သြားကာ သူ႔လက္ကို အုပ္ကိုင္လိုက္သည္။
ဖုန္းခ်ီထံုက အခ်ိန္မေရြး သူမလက္ကို ခ်ိဳးပစ္လိုက္ႏိုင္တာေၾကာင့္ သူ႔လက္ေခ်ာင္းေတြနဲ႔ သူမလက္ေခ်ာင္းေတြကို ယွက္ျဖာလိုက္သည္။
"ဝမ္းနည္းစရာမလိုပါဘူး။ ကမာၻေပၚက လူတိုင္းက အရွင္မင္းသားကို ေၾကာက္ေနရင္ေတာင္ ကၽြန္ေတာ္မ်ိဳးမက မေၾကာက္ပါဘူး"
ထန္ဝမ္က ညင္ညင္သာသာေလးေျပာလိုက္သည္။
အင္ပါယာအရွင္ကလြဲျပီး လူတိုင္းက သူ႔ကို ေျမြဆိုးတစ္ေကာင္လို ျမင္ေနၾကတာကို သူမ ျမင္ပါသည္။ ဒါေပမဲ့ ဖုန္းခ်ီထံုရဲ႕ႏွလံုးသားက သူ႔ေမြးအေမျဖစ္တဲ့ ဘုရင္မနဲ႔နီးနီးကပ္ကပ္ေနခ်င္ျပီး အခ်စ္ေတြ လိုခ်င္ေနတုန္းပဲေလ။ ဟုတ္တယ္မလား?
ထန္ဝမ္က ဒီလိုစကားေတြဆိုလာလိမ့္မယ္လို႔ ဖုန္းခ်ီထံု မထင္ထားခဲ့ေပ။ ထိုစကားေတြကိုၾကားေတာ့ သူ ေခတၱေၾကာင္သြားသည္။
သူမက တကယ္ပဲ သူ႔ကိုနားလည္ႏိုင္တာလား?
သူ ဥယ်ာဥ္ထဲက ေက်ာက္ေဆာင္ေပၚမွာ သူမကိုဖိခ်ထားလိုက္ကာ
"ကိုယ္ေတာ္မင္းကိုသတ္ပစ္လိုက္မွာကို ေၾကာက္လား?"
ထန္ဝမ္က ေပါ့ေပါ့ပါးပါးပဲျပံဳးလိုက္ကာ
"ခင္ပြန္းက ကၽြန္ေတာ္မ်ိဳးမကို သတ္မွာလား?"
သူမရဲ႕မ်က္လံုးေတြက သူနဲ႔ကစားခ်င္ေနသလို။
ဖုန္းခ်ီထံု ရုတ္တရက္ရယ္လိုက္သည္။ ထို႔ေနာက္ ေခါင္းငံု႔ကာ ထန္ဝမ္ရဲ႕ႏႈတ္ခမ္းေတြကို ငံု႔နမ္းလိုက္ျပီး အခ်ိန္အၾကာၾကီးၾကာမွ လႊတ္ေပးကာ
"မင္းက သူတို႔နဲ႔မတူဘူးဆိုတာကို ကိုယ္ေတာ္သိသားပဲ"
မင္းက တကယ့္ထန္ဝမ္မဟုတ္ေတာ့ေရာ ဘာျဖစ္လဲ?
သူလည္း ဖုန္းခ်ီထံုလို ဆံုးျဖတ္ခ်က္တစ္ခု ခ်ရမယ္!
*****
စာစဉ် - ၃ /အခန်း - ၇၅+၇၆
အခန်း - ၇၅
ဘာသာပြန်သူ - Emily (KKMJPKJL)
ဒုတိယမင်းသားကိုမြင်တော့ ဖုန်းချီထုံ ပျင်းရိပျင်းတွဲပုံစံနဲ့ပြန်ကြည့်လိုက်သည်။
"ဒုတိယကေလးပဲ။ ကိုယ်တော်က ခမည်းတော်ကို လာတွေ့တာ။ တစ်ခုခုဖြစ်နေတဲ့ပုံပဲ"
ဒုတိယမင်းသားက နှုတ်ခမ်းထောင့်တွေကွေးတက်အောင်ပြုံးလိုက်ကာ
"ခမည်းတော်ကို ပြောစရာစကားရှိလို့ပါ"
"အိုး ဒါဆို မင်း မတင်ပြခင် ကိုယ်တော်နဲ့ဝမ်ဝမ် ခမည်းတော်ကို ဝင်တွေ့ဦးမှာကို စောင့်နေလိုက်ဦး"
ဖုန်းချီထုံက တိုက်ရိုက်ပဲပြောလိုက်သည်။
ဒုတိယမင်းသားရဲ့အမူအရာက အေးခဲသွားသည်။
သူ တင်ပြမှာက ကျန်းပေနယ်မြေမှာ ရေကြီးနေတဲ့အကြောင်းလေ။ ဒီကိစ္စက သူတို့နှစ်ယောက် နန်းတွင်းဝင်မှာထက် ပိုပြီးအရေးကြီးတယ်မလား?
တိုင်းပြည်အရေးကို မျက်လုံးထဲမထည့်တဲ့လူက မင်းသားဖြစ်ဖို့ မထိုက္တန္ဘူး!
ဒါပေမဲ့ အိမ်ရှေ့စံက ဒီလိုပုံစံဖြစ်နေလေလေ သူ့အတွက် ပိုကောင်းလေလေပဲ။
ထိုအချင်းအရာကိုစဉ်းစားပြီးတော့ ဒုတိယမင်းသားက ဖုန်းချီထုံကိုကြည့်ကာ ပြုံးပြလာသည်။
"ဟုတ်ကဲ့ပါ အစ်ကိုတော်!"
ထို့နောက် ဝတ်ရုံစကို ဆုပ်ကိုင်ပြီး ဖုန်းချီထုံနဲ့ဝမ်ဝမ်တို့ ဘေးချင်းယှဉ်ပြီးထွက်သွားတာကို ကြည့်နေလိုက်ရသည်။
ဖုန်းချီထုံက ဒုတိယမင်းသားအရှေ့မှာ ဒီလိုမျိုးပြောင်ပြောင်ရှင်းရှင်းပြောလိမ့်မယ်လို့ ထန်ဝမ် မထင်ထားခဲ့ပေ။ သူမ သူ့ကိုခိုးကြည့်ပြီးနောက် မနေနိုင်ပဲ ချစ်စရာလေးကိုပြောလိုက်သည်။
/ချစ်စရာေး နင့်မှာ ဖုန်းချီထုံရဲ့အတွင်းကျကျ သတင်းတွေရှိလား?/
ဖုန်းချီထုံက တစ္ခုခုကို ဖုံးကွယ်ထားတယ်လို့ သူမ တစ်ချိန်လုံးခံစားနေရသည်။ ထန်ဝမ်ရဲ့စကားကိုကြားတော့ ချစ်စရာလေးက
/ရှိတာပေါ့။ ဒါပေမဲ့ hostကို တိုက်ရိုက်ကြီးပြောပြလိုက်ရင် အဓိပ္ပါယ်မရှိဘူးဖြစ်သွားလိမ့်မယ်။ hostကိုယ်တိုင် ဗီလိန်ရဲ့အစစ်အမှန်ကိုရှာပါ/
ထန်ဝမ် နှုတ်ခမ်းကိုက်မိတော့မလို့ဖြစ်သွားသည်။ *မပြောချင်ဘူးဆိုရင်အစကတည်းက မပြောနဲ့ပေ့ါ။ သိချင်အောင်လုပ်ပြီး ကိုယ့်ဘာသာကိုယ်ရှာတဲ့!*
သူမက သူ့ရဲ့စွဲလမ်းမှုကိုပျောက်စေပြီး အရုပ်လေးချောမောလို့သာမဟုတ်ရင် ဒီလိုကြောက်စရာခင်ပွန်းသည်ရဲ့ ရွေးချယ်ခြင်းကို ခံရမွာမဟုတ္ဘူး။
တော်ဝင်စာကြည့်ဆောင်ကိုရောက်သွားတဲ့အချိန် ဖုန်းချီထုံကိုမြင်တော့ အင်ပါယာအရှင်က ထိုင်ရာကနေထလာကာ သူ့သားရဲ့လက်မောင်းကို ပုတ်လိုက်သည်။
"မင်းသား ဘယ္လိုခံစားရလဲ?"
ဖုန်းချီထုံက ချက်ချင်းရယ်လိုက်ကာ
"ခမည်းတော် စိတ်မပူပါပဲ။ သားတော် နေကောင်းပါတယ်!"
"ကောင်းတယ်! အရမ်းကောင်းတယ်!"
အင်ပါယာအရှင်က ထန်ဝမ်ကိုကြည့်ကာ ချီးကျူးလိုက်ခြင်းဖြစ်သည်။
ဘုရှု်က ထန်ဝမ်ကို နေရခက်အောင်မလုပ်ပဲ စကားတွေပြောကာ သူမကို ပစ္စည်းကောင်းတွေအများကြီး ချီးမြင့်လိုက်သည်။
ထိုအရာကိုမြင်တော့ ချစ်စရာလေးကပြုံးလိုက်ကာ
/မင်းရဲ့ယောက္ခမကလည်း မင်းကို အရမ်းနှစ်သက်ပုံပဲ! အခုတော့ ဒီအဖေကြီးက မင်းကို စိတ်ချပါပြီကွယ်/
ထန်ဝမ် - /ငါ နင့်ကို သတ္ပစ္မယ္ဆိုတာကို ယုံလား?/
ထိုအချိန် ဖုန်းချီထုံက စကားဝိုင်းရဲ့ခေါင်းစဉ်ကိုပြောင်းလိုက်ကာ ကျန်းဇီနယ်မြေအနောက်ဘက်က ရေကြီးမှုအကြောင်းကို ရောက်သွားသည်။
"ခမည်းတော် ပြန်လည်ထူထောင်မှုအတွက် ငွေတွေကို လုံခြုံမှုရှိရှိနဲ့ပို့ိိလို့ရနိုင်လား?"
ထိုစကားကိုကြားတော့ အင်ပါယာအရှင်ရဲ့မျက်နှာက စိတ်ဖိစီးမှုတွေပေါ်လာကာ ဖုန်းချီထုံကိုကြည့်လာသည်။
"ဗိုလ်ချုပ်အန်းကို ကျန်းပေကိုပို့ပြီးပြီ။ ဒီတစ်ကြိမ်တော့ ရေကြီးမယ်လို့ ဟောကိန်းထုတ်ထားတဲ့ သားတော်ကို ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင် ရေကြီးပြီး လူတွေပျက်စီးမှာနဲ့ ကြုံရလိမ့်မယ်။ အိ်မ်ရာမဲ့သွားတဲ့ လူအများကြီးကို ဘယ်လိုနေရာချပေးရမလဲဆိုတာနဲ့ ကိုယ်တော် ခေါင်းစားနေတာ"
ဖုန်းချီထုံက ခေါင်းညိမ့်ကာ
"ကောင်းပါတယ်။ ခမည်းတော် အရမ်းကြီးမစိုးရိမ်ပါနဲ့။ ဒီတစ်ကြိမ် သားတော်တို့ မြစ်ကို သေသေချာချာ စီမံထားတာမို့ ဆုံးရံှုးမှုက နည်းမှာပါ"
"အင်း!"
အင်ပါယာရဲ့ အမူအရာက ပြေလျော့သွားသည်။
"ကောင်းပြီ။ အခု မင်းရဲ့မယ်တော်ကို သွားကြည့်ဖို့အချိန်ကျပြီ"
"ဟုတ်ကဲ့။ သားတော် နှုတ်ဆက်ပါတယ်"
"ချေွးမတော် နှုတ်ဆက်ပါတယ်"
နှစ်ယောက်သား တော်ဝင်စာကြည့်ဆောင်ကနေ ပြန်ထွက်လာတော့ အပြင်မှာစောင့်နေဆဲဖြစ်တဲ့ ဒုတိယမင်းသားကိုတွေ့လိုက်ကြရသည်။ ဖုန်းချီထုံက ဒုတိယမင်းသားကို တစ်ချက်သာကြည့်လိုက်ပြီး ထန်ဝမ်လက်ကိုဆွဲကာ မိဖုရားနန်းဆောင်ကို ဦးတည်လိုက်သည်။
ဒါကိုမြင်တော့ ဒုတိယမင်းသား ဘာမှမတတ်နိုင်ပေမဲ့ စိတ်ထဲမှာတော့ အရမ်းမုန်းတီးမိသည်။
*ဖုန်းချီထုံ ဒီနေ့ မင်းငါ့ကို မလေးမစားလုပ်တယ်။ နောက်အနာဂတ်မှာ မင်းငါ့အရှေ့မှာ ဒူးထောက်ပြီးတောင်းပန်စေရမယ်လို့ ငါကျိန်ဆိုတယ်!*
ထို့နောက် ရေကြီးတဲ့အမှုကို တင်ပြဖို့ သူ အင်ပါယာစာကြည့်ဆောင်ထဲ ဝင်သွားသည်။
***
အခန်း - ၇၆
ဒုတိယမင်းသားဆီကနေ တင်ပြချက်ကိုကြားတော့ အင်ပါယာအရှင်က ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိမ့်လိုက်ကာ
"သားတော်က နှလုံးသားရှိတာပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီကိစ္စကိုဖြေရှင်းဖို့ တစ်ယောက်ယောက်ကို ပို့ုလိုက်ပြီးပြီ"
ဒုတိယမင်းသား အံ့အားသင့်သွားသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ? သူတောင်မှ ကျန်းပေနယ်မြေရဲ့သတင်းကို ကြားတာနဲ့ချက်ချင်း နန်းတွင်းဝင်ပြီး အစီရင်ခံတင်ပြတာလေ။ သတင်းက ဘာလို့ အင်ပါယာနားထဲရောက်နေပြီးသားလဲ?
သတင်းကြားကြားချင်း နန်းတွင်းဝင်ပြီး အစီရင်ခံတာက အင်ပါယာအရှင်အနေနဲ့ သူ့အပေါ် ပြည်သူတွေကို အလေးထားပြီး အရည်အချင်းရှိတဲ့ မင်းသားတစ်ယောက်ဆိုတာကို အသိအမှတ်ပြုစေဖို့ဖြစ်သည်။ မမျှော်လင့်ပဲ ဘုရင်က ဒီအကြောင်းကို သိပြီးသားဖြစ်နေသည်။
စစ်ဆေးကူညီဖို့ လူတောင်ပို့ပြီးသွားပြီတဲ့။
ဒုတိယမင်းသား မျက်နှာပျက်သွားပေမဲ့ ပြန်ထိန်းလိုက်ကာ ပျော်ရွှင်နေတဲ့လေသံလေးနဲ့အတူ
"ကောင်းတာပေါ့။ ဒီသားတော်က သတင်းရရချင်း နန်းတွင်းကိုဝင်ပြီး အရှင်မင်းကြီးကို အစီရင်ခံတာပါ။ အရှင်မင်းကြီးသိနေပြီးသားဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး"
ဘုရင်က ခေါင်းညိမ့်ပြကာ
"မင်းက လူတွေကို တကယ်တွေးပေးတတ်တာပဲ။ ကောင်းပြီ။ အရေးကြီးကိစ္စမရှိတော့ဘူးဆိုရင် ပြန်တော့"
"ဟုတ်ကဲ့ပါ ခမည်းတော်!"
ဒုတိယမင်းသားထွက်သွားတော့ အင်ပါယာသက်ပြင်းချလိုက်ကာ သူ့ဘေးမှာရှိတဲ့ မိန်းမစိုးကိုပြောလိုက်သည်။
"ဒုတိယမင်းသားရဲ့အရည်အချင်းက အိမ်ရှေ့စံနဲ့ဆို အရမ်းကိုကွာခြားလွန်းတယ်"
အိမ်ရှေ့စံမင်းသားသာ မရှိဘူးဆိုရင် ဒုတိယမင်းသားအနေနဲ့ နန်းပလ္လင်မှာထိုင်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါ။ ဒါပေမဲ့ အိမ်ရှေ့စံရဲ့အရည်အချင်းနဲ့ယှဉ်ရင် ဒုတိယမင်းသားရဲ့အမြင်နဲ့ လုပ်ဆောင်မှုတွေက ဘာမှမဟုတ်တော့။
ဘုရင်ရဲ့စကားတွေကိုကြားပေမဲ့ မိန်းမစိုးခေါင်းဆောင်က ဘာမှမပြောပဲ ခေါင်းငုံ့လိုက်သည်။ ဒီအကြောင်းကို သူ ဘာမှမပြောရဲပေ။
ထန်ဝမ်နဲ့ဖုန်းချီထုံတို့ ဘုရင်မဝေ့ယန်ရဲ့နန်းဆောင်ကို ရောက်လာကြသည်။ ဖုန်းချီထုံက ဘုရင်မရဲ့သားအရင်းဆိုပေမဲ့ သူ့ရဲ့နည်းလမ်းစိတ်ထားတွေကြောင့် မိခင်ရင်းကိုယ်တိုင်က သူ့အပေါ် နည်းနည်းကြောက်နေသလို ရှိနေသည်။
ပြီးတော့ ဘုရင်မရဲ့စိတ်ထဲမှာ ထန်ဝမ်က အိမ်ရှေ့စံမင်းသားရဲ့အတင်းဖိအားပေးမှုကြောင့် လက်ထပ်လိုက်ရတယ်လို့ မြင်နေပြီး ထန်ဝမ်ကို သနားနေသည်။ ဒါကြောင့် အင်ပါယာလိုပဲ သူမလည်း ထန်ဝမ်ကို လက်ဆောင်တွေ ချီးမြင့်ခဲ့သည်။
ဒီတစ်ကြိမ် ထန်ဝမ် နန်းတွင်းကို ဝင်ရာမှာ လက်ဆောင်များစွာ ရခဲ့သည်။ ဒါပေမဲ့ ဘုရင်မက ဖုန်းချီထုံကို ကြောက်နေသလိုဖြစ်နေတာကြောင့် သူက ဘုရင်မအနား သိပ်ပြီး ကပ်ခွင့်မရခဲ့ပေ။
ဒါပေမဲ့ သူကြောက်နေတာကိုကြည့်ပြီး ထန်ဝမ်တို့လည်း မပျော်တော့ပေ။
*ဒီမိန်းမက ငါ့ရဲ့မိခင်အရင်း။ ဖုန်းချီထုံ သူမကို သတ္လိုက္သလို ငါလည်း သတ်လိုက်ရမလား?*
ဖုန်းချီထုံ အေးစက်စက်မျက်နှာနဲ့အတူ ထရပ္လိုက္ကာ
"မယ်တော် သားတော်မှာ လုပ်စရာတစ်ခုရှိသေးတာကို ရုတ်တရက်သတိရသွားလို့ မင်းသမီးကို ခေါ်သွားခွင့်ပြုပါ"
ထိုစကားကိုကြားတော့ ဘုရင်မက စိတ္သက္သာရာရသြားကာ
"ကောင်းပြီ။ သွားတော့!"
မင်းသားနဲ့တစ်ခန်းထဲနေရတာက မွန်းကြပ်စရာကောင်းတယ်။
ထိုအချင်းအရာကိုမြင်ရတော့ ဖုန်းချီထုံရဲ့မျက်နှာက ပိုပိုပြီးအေးစက်လာသည်။ ဝေ့ယန်နန်းဆောင်ကနေထွက်လာတော့ ဖုန်းချီထုံ ထန်ဝမ်ရဲ့လက်ကို ခပ်တင်းတင်းညစ်လိုက်တာကြောင့် ထန်ဝမ် နာသွားရသည်။
မင်းသားရဲ့အမူအရာကိုမြင်တော့ သူမ စိတ်ထဲလန့်သွားကာ သူ့လက်ကို အုပ်ကိုင်လိုက်သည်။
ဖုန်းချီထုံက အချိန်မရွေး သူမလက္ကို ချိုးပစ်လိုက်နိုင်တာကြောင့် သူ့လက်ချောင်းတွေနဲ့ သူမလက်ချောင်းတွေကို ယှက်ဖြာလိုက်သည်။
"ဝမ်းနည်းစရာမလိုပါဘူး။ ကမ္ဘာပေါ်က လူတိုင်းက အရှင်မင်းသားကို ကြောက်နေရင်တောင် ကျွန်တော်မျိုးမက မကြောက်ပါဘူး"
ထန်ဝမ်က ညင်ညင်သာသာလေးပြောလိုက်သည်။
အင်ပါယာအရှင်ကလွဲပြီး လူတိုင်းက သူ့ကို မြွေဆိုးတစ်ကောင်လို မြင်နေကြတာကို သူမ မြင်ပါသည်။ ဒါပေမဲ့ ဖုန်းချီထုံရဲ့နှလုံးသားက သူ့မွေးအမေဖြစ်တဲ့ ဘုရင်မနဲ့နီးနီးကပ်ကပ်နေချင်ပြီး အချစ်တွေ လိုချင်နေတုန်းပဲလေ။ ဟုတ္တယ္မလား?
ထန်ဝမ်က ဒီလိုစကားတွေဆိုလာလိမ့်မယ်လို့ ဖုန်းချီထုံ မထင်ထားခဲ့ပေ။ ထိုစကားတွေကိုကြားတော့ သူ ခေတ္တကြောင်သွားသည်။
သူမက တကယ်ပဲ သူ့ကိုနားလည်နိုင်တာလား?
သူ ဥယျာဉ်ထဲက ကျောက်ဆောင်ပေါ်မှာ သူမကိုဖိခ်ထားလိုက္ကာ
"ကိုယ်တော်မင်းကိုသတ်ပစ်လိုက်မှာကို ကြောက်လား?"
ထန်ဝမ်က ပေါ့ပေါ့ပါးပါးပဲပြုံးလိုက်ကာ
"ခင်ပွန်းက ကျွန်တော်မျိုးမကို သတ်မှာလား?"
သူမရဲ့မျက်လုံးတွေက သူနဲ့ကစားချင်နေသလို။
ဖုန်းချီထုံ ရုတ်တရက်ရယ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ထန်ဝမ်ရဲ့နှုတ်ခမ်းတွေကို ငုံ့နမ်းလိုက်ပြီး အချိန်အကြာကြီးကြာမှ လွှတ်ပေးကာ
"မင်းက သူတို့နဲ့မတူဘူးဆိုတာကို ကိုယ်တော်သိသားပဲ"
မင်းက တကယ့်ထန်ဝမ်မဟုတ်တော့ရော ဘာဖြစ်လဲ?
သူလည်း ဖုန်းချီထုံလို ဆုံးဖြတ်ချက်တစ်ခု ချရမယ်!
*****