Start with Heart And End with...

By frozenmanobannca

144K 11K 1.5K

နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... ႏွလုံးအစားထိုး ခြဲစိတ္မႈကေန ျဖစ္ေပၚလာေသာ ခ်စ္ျခင္... More

Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
17 💞
18 💞
19 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞

16 💞

3.3K 300 42
By frozenmanobannca

အပိုင်း ၁၆

"ဗျာ! !! ဟာ အမေရာဖြစ်ပါ့မလား သူသိရင် လက်ခံပါ့မလား "

"အမေပြောရင်လက်ခံပါတယ် နင်သာ အရင်လက်ခံလိုက် ပြီးရင် သူ့ကိုအမေပြောလိုက်မယ် "

"ဒါပေမယ့် ....."

ထိုစကားသံများသည် ခြံ၏ အနောက်ဘက်မှ ဇင်ယော်နှင့် သူ၏အမေတို့ စကားပြောသံများဖြစ်သည်။

"ဘာမှဒါပေမယ့် မနေနဲ့ အခုလိုနှစ်ယောက်အတူတူအိပ်ခိုင်းတာကလည်း အခန်းမလောက်လို့လေ တမင်လုပ်တာမှမဟုတ်တာ နောက်ပြီး နင်တို့နှစ်ယောက်လုံးက မိန်းကလေးတွေချည်းပဲ လေ ဘာဖြစ်နေတာလဲ ဟိုဘက်က မငြင်းရသေးဘူး နင်က ကြိုပိတ်ငြင်းနေတာ  "

"ဟာ...မသိတော့ဘူးဗျာ အမေကြိုက်တာသာ လုပ်တော့"

အမေ့ရှေ့မှ ခေါင်းကုတ်ကာ ထွက်သွားပြီးနောက် ခြံရဲ့ အရှေ့ဘက်ရှိ ယုဇနပင်ကြီးအောက်က ထိုင်ခုံမှာထိုင်ရင်း သာနေတဲ့လမင်းကို
ကြည့်ကာ အတွေးတို့က ယောက်ယတ်ခတ်နေသေးသည်။

ဝေ့တိုက်လာတဲ့ လေပြေလေးတွေဟာ ပြင်ဦးလွင်ရဲ့ရာသီဥတုကြောင့်ပိုအေးနေသလို... ထို့အပြင် ညနေက ကိစ္စကြောင့် ဟိုတစ်ယောက်ကို မျက်နှာမပြရဲပါဘူးဆို အခုအမေရဲ့ ကိစ္စကြောင့် မျက်နှာပိုမပြရဲစရာကိစ္စကတိုးလာပြန်သည်။

ထိုင်ခုံမှာ အတန်ကြာထိုင်ပြီးနောက် အေးစိမ့်လာတဲ့ ရာသီဥတုကြောင့် အိမ်ထဲသို့ ဝင်ခဲ့ရလေပြီ...ဝင်ဝင်ချင်းမှာပဲ မိသားစုအားလုံးက
လက်ဖက်ပန်းကန် တွေ ပဲလှော်ကြော်သုပ်တွေ နဲ့အခြားအသုပ်တွေ ချထားပြီး လက်ဖက်ရည်ကြမ်းနှင့် သူမကို ဧည့်ခံပြီး စကားကောင်းနေကြသည်။ ဇင်ယော်ဝင်လာတာမြင်တော့ အားလုံးက လာထိုင်ရန်ပြောကြတော့ ဇင်ယော်လည်းဝင်ထိုင်ဖို့ အတွက်နေရာရှာကြည့်တော့
သူမဘေးမှာဘဲ လူတစ်ယောက်ထိုင်စာကျန်တော့သည်။

"ဟဲ့ ဝင်ထိုင်လေ ဘာတွေငေးနေတာလဲ "

"အော်.. ဟုတ် "

အမေအော်လိုက်တော့မှပဲ ဇင်ယော့်မှာ တစ်ခြားနေရာသွားထိုင်ဖို့လုပ်နေတဲ့ အကြံလေးဖျောက်ကာ သူမဘေးမှာ ဝင်ထိုင်လိုက်ရသည်။ သူမလည်း ဇင်ယော့်ကို တစ်ချက်သာ ကြည့်ပြီး ကျန်တဲ့သူတွေနဲ့စကားပြန်ပြောနေရှာလေသည်။

ဒီရွာလေးက တောင်ကုန်းပေါ်မှာ ရှိပြီး အအေးပိုင်းဒေသဖြစ်တာကြောင့် အိမ်တိုင်းမှာ မီးဖိုကို အိမ်ရဲ့အတွင်းပိုင်း သို့မဟုတ်
မီးဖိုခန်းမှာ ထားလေ့ရှိသည်။ ညပိုင်းမီးလုံတဲ့အခါ အပြင်ထွက်ပြီးမီးမလုံရအောင်လို့ပေါ့..

သုံးရာသီနီးပါးလုံး အေးနေတတ်တာမို့ ညဘက်ဆို မီးလုံရတာ ဒီဘက်ပိုင်းမှာ အကျင့်တစ်ခုလိုဖြစ်နေလေပြီ..အမေ့ရဲ့ အဒေါ်ဖြစ်တဲ့ ယခုဇင်ယော်တို့တည်းနေတဲ့ ကြီးတော်တို့အိမ်ကျ အိမ်သို့ဝင်ဝင်ချင်း တစ်ဖက်က မီးဖိုချောင်တစ်ဖက်က ဧည့်ခန်း အဖြစ် သုံးထားပြီး အလယ်မှာ အိမ်အဝင်လမ်းကလေးလည်း ထားထားသည်။

အခုဇင်ယော်တို့စကားပြောနေတာကတော့ မီးဖိုခန်းထဲမှာဖြစ်တာကြောင့် မီးဖိုခန်းရဲ့အလယ်မှာ မီးဖိုဖိုထားပြီး ရေနွေးလေးသောက်လိုက် လက်ဖက်လေးစားလိုက် စကားလေးပြောလိုက် လုပ်နေကြခြင်းဖြစ်သည်။ ဒီလို စကားဝိုင်းဖွဲ့ပြောပြီး မီးလုံ ရတာကတော့ မြို့တွေမှာလို ဖုန်းတို့ တီဗီတို့ မကြည့်ဘဲ အပန်းဖြေနည်းတစ်မျိုးပေါ့..

"ကဲ စကားကောင်းနေလိုက်ကြတာ ၉နာရီတောင်ထိုးနေပြီ အိပ်ကြစို့လေ ဧည့်သည်တွေလည်း ခရီးပန်းပြီးအိပ်ချင်နေလောက်ပြီ "

ရွာရဲ့ထုံးစံအတိုင်း ည ၈ နာရီ ၉ နာရီဆို လူခြေတိတ်ပြီး အိပ်ချိန်ဖြစ်တာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့နေပြီး
ပုစဥ်းရင်ကွဲ ကောင်တို့၏ အော်မြည်သံတွေသာ ကြီးစိုးလို့နေသည်။
၉ နာရီဆိုတဲ့အချိန်က မနက် ၄ နာရီထပြီး ယာထဲဆင်းရတဲ့ တောင်သူတွေအဖို့ အိပ်ချိန်ရောက်ပြီဖြစ်တာကြောင့် ဇင်ယော်တို့လည်း အိပ်မယ့်နေရာသို့ သွားရလေသည်။

ခါတိုင်းလို အမေနဲ့ ဇင်ယော်နှစ်ယောက်ထဲလာမယ်ထင်ပြီး အခန်းတစ်ခန်းထဲကိုသာ ရှင်းပေးတာမို့ သုံးယောက်လာတဲ့အချိန်မှာတော့
အိပ်ဖို့ပြသာနာတက်ရချေပြီ...ကျန်တဲ့အခန်းရှင်းဖို့ကလည်း
စပါးတွေလှောင်ထားတဲ့နေရာအဖြစ်သုံးထားတာမို့ ရှင်းဖို့က ဘယ်လိုမှမတတ်နိုင်..ဒါကြောင့် အမေက နှစ်ယောက်သာအိပ်လို့ရတဲ့ ကြီးတော်အခန်းထဲမှာ ကြီးတော်နဲ့အတူ သွားအိပ်ပြီး ဇင်ယော်နဲ့ သူမနဲ့ကတော့ အတူတူအိပ်ပေါ့..

အိပ်ခန်းအားလုံး နှစ်ယောက်အိပ်ခန်းတွေပဲလုပ်ထားတဲ့ဒီအိမ်ကို
ပထမဦးဆုံး အပြစ်မြင်မိသည်။ အခုလည်း သူမနဲ့ဇင်ယော့်မှာ အိုးတို့အန်းတန့်နဲ့ နှစ်ယောက် ကျောချင်းကပ်ပြီး အိပ်နေရသည်။
ညနေကိစ္စပြီးကတည်းက အခု အိပ်ယာထဲရောက်သည်အထိ စကားမပြောဖြစ်သေးတဲ့ ဇင်ယော်တို့နှစ်ယောက်မှာ အခုထိလည်း စကားပြောဖို့အစီအစဥ်မရှိသေးပါ..
သူမနဲ့အတူ နောက်ပြီး နှစ်ယောက်တည်းဆိုတဲ့အသိကြောင့်
ကျယ်လောင်စွာမြည်လောင်နေတဲ့ ရင်ခုန်သံတွေကို လျစ်လျူရှုပြီး အိပ်ခဲ့ရသည်မို့ ညနက်မှအိပ်ပျော်သွားခဲ့ရသည်။ မအိပ်ခင် ဆုလေးတစ်ခုတော့ တောင်းခဲ့ရသေးသည်။ ဇင်ယောွရင်ခုန်သဲတွေ သူမမကြားပါစေနဲ့လို့ပေါ့..

...
မနက်ခင်းရဲ့နေရောင်ခြည်က အခန်းထဲကို ထိုးဖောက်ဝင်ရောက်လာပေမယ့်လည်း အအေးဓာတ်ကတော့ မပျယ်သေး..အခုထိ စောင်ခြုံထားရသေးသည်။ ခရီးပင်ပန်းလာတာကြောင့်ရော ရာသီဥတုအေးအေးလေးကြောင့်ရော အိပ်လိုက်တာ အခုမှ နိုးလာခဲ့သည်။
နိုးလာတယ်ဆိုပေမယ့် မျက်လုံးက မပွင့်သေး အသိစိတ်ကနိုးနေသေးရုံပဲရှိသေးသည်။ ဒါကြောင့် မျက်လုံးမဖွင့်ခင် ပုံမှန်လုပ်နေကျ အညောင်းဆန့်ဖို့လက်ကို ထုတ်ဖို့အလုပ် လက်က လှုပ်လ်ို့မရ... တစ်ခုခုက တင်းကြပ်စွာ ချုပ်ထားတဲ့ပုံ..

လက်လှုပ်လို့မရတော့ မှ တစ်ခြားမူမမှန်တဲ့အကာများရှိသေးလားဆိုပြီး တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ကြည့်တော့ ခေါင်းလေး တစ်ခုပဲလှုပ်လို့ရသည်။ ကျန်တာအားလုံးက သူမကို ချုပ်ထားသလိုမျိုး..

ဒါကြောင့် မျက်လုံးနှစ်လုံးကို ဖွင့်ကာကြည့်တော့ ပထမဦးဆုံးပေါ်လာတာက လူတစ်ယောက်ရဲ့မျက်နှာ...မနက်နေရောက်ခြည်နုနုနှင့်အတူ လေပြည်လေညင်းတို့ကလည်း တိုက်ခတ်နေသည်မို့
ထိုလူရဲ့ ဆံပင်အချို့ကို လှုပ်ခတ်စေသလို ထိုသူရဲ့ အနီးကပ်ပုံရိပ်ဟာလည်း သူမရင်ကို လှုပ်ခတ်စေသည်။

ထိုသူကတော့ တစ်ခြားသူမဟုတ်..ညတုန်းက ကျောပေးလျက်အိပ်ခဲ့ပြီးတော့မှ မနက်ကျ သူမတစ်ကိုယိလုံးကို တင်းနေအောင်ဖက်ထားတဲ့ ဇင်ယော်ဆိုတဲ့ ချာတိတ်...ကုမ္မဏီ စလာတုန်းက
အုန်းမှုတ်ခွက်ကေလိုမျိုး ဆံပင်အတိုနဲ့မို့ သိပ်မကြည့်ကောင်းပေမယ့် အခုလိုဆံပင်ရှည်လာတော့လည်း တကယ့်ကို ချောတဲ့သူထဲမှာ ပါဝင်သည်။

အရင်က သတိထားပြီးမကြည့်မိခဲ့သည့် သူရဲ့မျက်နှာကို ဒီနေ့တော့ အနီးကပ်သေချာလေ့လာခွင့်ရခဲ့ပြီ...နာမည်အတိုင်း ဇင်ယော်တောင်မျက်ခုံးလေးနှစ်ဖက်က မထူမပါးနှင့်..လူတိုင်း မနာလိုချင်စရာကောင်းလှအောင် ပန်းရောင်သန်းနေတဲ့နှုတ်ခမ်း..ပိုးလောက်အသားမဖြူ ပေမယ့် အသားအရေလှတဲ့ထဲမှာ ပါသူမို့ သူ့မှာ ဘာပြစ်ချက်မှပြောစရာမရှိအောင် ပြည့်စုံနေတာမျိုးပင်..

လူတစ်ယောက်ကို သိပ်မကြည့်တတ်တဲ့ ပိုးမှာ အခြတော့ ကိုယ့်ရှေ့မှာ မြင်နေရတဲ့လူသားအား မျက်တောင်မခတ်ချင်လောက်အောင်ပင် ငေးကြည့်ချင်မိသည်။ တကယ်လည်း မျက်တောင်တောင်မခတ်ပဲ ငေးကြည့်နေခဲ့တာပါပဲ...
နဖူးကစလို့ သူ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို ငေးကြည့်ရင်း
သူ့ရဲ့ထူးခြားလှတဲ့ ပန်းဆီရောင် နှုတ်ခမ်းပါးကို အရောက်..

"ဒုတ် ဒုတ် "

ဝဲဘက်ရင်အုံဆီမှ တိုးထွက်လာတဲ့ နှလုံးခုန်သံတစ်ချို့...
ဒီနှလုံးခုန်သံဟာ ကိုဆုံးပြီးနောက် ပထမဦးဆုံးပြန်ထွက်ပေါ်လာတဲ့
ရင်ခုန်သံဆိုတာလည်းမမှား...ဒါပေမယ့် ထိုရင်ခုန်မှုက ကို့ရဲ့နှလုံးသားရှိတဲ့ လူမို့ ရင်ခုန်မိတာလား..ဇင်ယော်ဆိုတဲ့လူသားလေးတစ်ယောက်အပေါ်ကိုပဲ ရင်ခုန်မိတာလားဆိုတာကတော့ သူမအသေအချာမသိပေ...

.....

"လက်က ဘာဖြစ်တာလဲ ဇင်ယော် "

"မသိဘူးအမေ မနက်နိုးကတည်းက အရမ်းနာနေတာ "

မနက်စာထမင်းဝိုင်း ကို လက်တစ်ဖက်ကို နှိပ်လိုက် လွှဲလိုက်နဲ့ မအီမသာမျက်နှာနဲ့ရောက်လာတဲ့ ဇင်ယော့်ကြောင့် ပိုးမျက်နှာ မှာ ပန်းနုရောင် လေးတွေဖြတ်ပြေးလို့သွားသည်။ မနက်နိုးလာတော့ သူမရဲ့ တစ်ကိုယ်လုံးကိုသိမ်းကြုံးဖက်ထားပြီး သူ့ရဲ့ လက်မောင်းပေါ်မှာ တစ်ညလုံး ခေါင်းခုအိပ်ခဲ့တဲ့ ပိုးကြောင့် သူ့လက်မောင်းတွေနာနေတယ်ဆိုတာ မနက်အစောကြီးနိုးတဲ့ပိုး ပဲ သိလိုက်တဲ့အဖြစ်အပျက်တစ်ခု..သူအရမ်းအိပ်မောကျနေတုန်း လက်တွေကို
သေချာဖယ်ပြီး သူ့ဘာသာတစ်ယောက်တည်း အိပ်ခဲ့တဲ့ပုံစံဖြစ်အောင်လုပ်ထားခဲ့တာမို့ သူ့လက်နာတာဘာကြောင့်မှန်းမသိဖြစ်နေခြင်းဖြစ်သည်။

"အဟွတ်...ဟွတ် "

"ဟယ် သမီးရရဲ့လား ရော့ရော့ တစ်သျှူး "

ပိုးဘေးနားလာဝင်ထိုင်ပြီး ထူးထူးဆန်းဆန်းပြုံးပြလို့နေတဲ့ သူ့ကြောင့် ပိုးမှာ သောက်လက်စ Sunday ကော်ဖီလေးတောင် သီးသွားရသည်။

"ရတယ် ရတယ် အန်တီ "

တမင်သူပေးတဲ့ tissue ကို မယူဘဲ အန်တီ့ဆီက tissue ကို ယူကာရေမြန်မြန်သောက်လိုက် ရသည်။ သူကတော့ ဘေးနားကနေ အဆင်ပြေလား လို့ မေးနေခဲ့ပေမယ့် ပိုးဘက်မှ ဘာစကားမှပြန်မပြောခဲ့... ဒီတိုင်းခေါင်းငြိမ့်ပြခဲ့ရုံမျှသာ..

....

"ဟူး....အခုမှပဲ အမောပြေတော့တယ် "

တောင်ကုန်းမြင့်လေးပေါ်ကနေ စိမ်းစိုနေတဲ့လယ်ကွင်းတွေ ပန်းခင်းတွေနဲ့ သစ်ပင်တွေအုံမှိုင်းနေတဲ့ချောင်းကြီးကို အပေါ်စီးက ကြည့်ရတာ မနက်ကမြေနီလမ်း တစ်လျှောက်ခြေညောင်းအောင် လျှောက်ခဲ့ရပြီး ကန်သင်းရိုးပေါ် မနည်းထိန်းပြီးလျှောက်ခဲ့ရတာတွေ ဗွက်တွေကို သိုင်းကွက်ကျော်နငိးပြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝမှာ တစ်ခါပဲ ကြုံဖူးတဲ့ ပင်ပန်းမှုတွေက ရှုခင်းလေးကို လည်း ကြည့်လိုက်ရကော အကုန်လုံး လတ်ဆတ်တဲ့လေလေးနဲ့အတူ လွင့်မျောကုန်ပြီ...

မြို့ပြနဲ့မတူတဲ့သန့်ရှင်းလတ်ဆတ်လှတဲ့လေအေးအေးလေးကြောင့်
လက်နှစ်ဖက်ကို ဆန့်တန်းပြီး အသက်ကို ခပ်ဝ ဝဝ ရှုသွင်းလိုက်တော့ အမောကို ပြေခနဲ...

"ဘယ်လိုလည်း အကြိုက်တွေ့ရဲ့လား "

မနက်ခင်းကတည်းက သူမကို အရိပ်တကြည့်ကြည့်ရှိလှတဲ့သူဟာ လမ်းတစ်လျှောက် သူမ ကို  အဆင်ပြေရဲ့လား မေးခွန်းတွေနဲ့အတူ ပိုးရေဆာရင်သောက်ဖို့နဲ့ စားဖို့ မုန့်တွေ ဖျာတွေကို အပင်ပန်းခံပြီး သယ်လာတဲ့ သူဟာ အခုလည်း သူမလာရကျိုးမနပ်မှာကို စိတ်ပူနေဟန်...

"အင်း ဒီလိုမြင်ကွင်းမျိုး တို့တစ်သက်မှာ ခဏ ခဏ မြင်ဖူးပေမယ့်
ဒီတစ်ခါ အပျော်ဆုံးနဲ့ အကျေနပ်ဆုံးပဲ.. တစ်ခြားနိုင်ငံတွေက အလှအပနေရာတွေသွားခဲ့ပေမယ့် ဒီနေရာလေးက ကိုယ့်မြေ ကိုယ့်နိုင်ငံ ဆိုပြီးတွေးမိတော့ ပိုပြီးကြည်နူးရတယ် ဘယ်လိုပြောရမလည်း ရင်ထဲမှာ တစ်မျိုးလေးလှိုက်ပြီး ကြည်နူးနေရတဲ့ ခံစားချက်လေးပေါ့ "

သူနဲ့ တွေ့လာခဲ့တဲ့တစ်လျှောက်လုံးမှာ အရှည်ဆုံး စကားကို ပြောခြင်းဖြစ်သည်။ သူကလည်း ပြုံးတုံ့တုံဖြင့် သူမ၏ အဖြေကို သဘောကျစွာ လက်ခံသည်။ ဒီနေ့ထိုတစ်ယောက်ဘာဖြစ်နေတယ်မသိ..ခဏ ခဏ ပြုံးနေသည်။ ဒါပေမယ့် သူ့ရဲ့အပြုံးက ပိုးအတွက် အေးချမ်းတယ်....မကြာခဏ မြင်ချင်မိတယ်..သူပြုံးတာလေးမြင်နေရရင်ကို ပိုးစိတ်တွေ ပိုကြည်နူးသလိုပဲ..ဒါကို သူကသိနေသည့်အလား မကြာခဏ ပြုံးပြနေသည်။ ဒီလိုဆိုရင် ပိုးအတွက်တော့ အန္တရာယ်များသည်မဟုတ်လား...

"အမ ကြိုက်တယ်ဆိုလို့ ကျွန်တော်လိုက်ပို့ရကျိုး နပ်ပါပြီ ခဏနေ ေချာင်းထဲ ရောက်တဲ့အခါ ပိုပြီး အေးချမ်းသွားလိမ့်မယ် "

သူပြောတဲ့ သစ်ပင်တွေ အုံဆိုင်းနေတဲ့ချောင်းက အေးချမ်းတာ မအေးချမ်းတာ သူမမသိ..အခုလောလောဆယ်တော့ သူ့ရဲ့အပြုံးလေးကြောင့် သူမရင်ထဲမှာ အေးချမ်းနေရတာကတော့ မှန်သောစကားပင်...

....

"ဝေါ ဝေါ ဝေါ"

ရေတံခွန်မှကျဆင်းလာတဲ့ ရေများ၏ အသံကြောင့် သစ်ပင်တွေအုံဆိုင်းထူထပ်နေတဲ့ ချောင်းကြီးထဲဝယ် ရေကျသံတို့က ဆူညံလျက်ရှိသည်။ ဒါပေမယ့် ရေတွေက အနစ်ဆုံးမှ ရင်ဘတ်လောက်ထိပဲရှိပြီး ပိုးတို့ဖြတ်သွားနေတဲ့လမ်းတစ်လျှောက်တော့ ဒူးလောက်တေယင်မရှိတဲ့ရေတွေသာများသည်။

တောင်ပေယ်ဒေသမို့ လယ်ကွင်းတွေ အိမ်တွေက လှေကားထစ်လိုအထပ်ထပ်ဖြစ်နေသကဲ့သို့ ချောင်းကလည်း အထပ်လိုက်ပင်..
မြင့်ရာကနေ လှေကားတွေလို နိမ့်နိမ့်သွားကြောင်း သူရှင်းပြတာမို့ သိရသည်။

"ဒီမှာ ထိုင်ရအောင် အမ "

သူပြတဲ့နေရာလေးကို ပိုးကြည့်လိုက်တော့ ချောင်းဘေးက မြေသားနည်းနည်းညီပြီး နေရောင်ခြည်ကောင်းကောင်းမြင်ရတဲ့နေရာလေး..ပြီးတော့ ရေလည်းတိမ်သည်။

လူသွားလူလာ သိပ်မရှိတဲ့နေရာဖြစ်တာကြောင့် သစ်ပင်တွေအရမ်းထူးထပ်လေသည်။ ဒါကြောင့် ချောင်းအတွင်းပိုင်းကို
နေရောင်သိပ်မထိုးဖောက်နိုင်ပေ..
နေရာတိုင်းက ဇရစ်ပင် ရေသဖန်းပင် တွေနဲ့အခြားချောင်းဘေးပေါက်တဲ့အပင်တွေနဲ့ ပြည့်နှက်နေတာမို့ လူသွားလမ်းလုပ်ထားတဲ့နေရာကို မနည်းရှာပြီး သွားရသည်။

အခု ဇင်ယော်ရွေးထားတဲ့နေရာလေးက လူတွေခဏ ခဏ လာထိုင်တတ်သည့်နေရာမျိုးလေးဖြစ်ပုံရသည်။ သစ်ပင်တွေသိပ်မရှိဘဲ မေုသချည်းပဲ လွတ်နေပြီး ချောင်းထဲကလည်း အလွယ်တကူထွက်လို့ရသည်။ အပေါ်မှအုပ်ဆိုင်းနေတဲ့ အပင်ရဲ့ အခက်လွတ်တာကြောင့် နေရောင်ခြည်လည်း ကောင်းစွာထိုးဖောက်နိုင်သည်။

အိမ်ကနေယူလာတဲ့ဖျာလေးကို ချပြီး မုန့်တွေ ချကာ ပိုးတို့ရဲ့ပျော်ပွဲစားခရီးလေးကို အစပြုလိုက်သည်။ မျက်စိရှေ့မှာ မြင်နေရတဲ့ ရေတွေစိမ်းစိုပြီးကြည်နေတဲ့ချောင်း ရဲ့ အလှ... ငှက်ကလေးတွေရဲ့ အော်ဟစ်သံလေးတွေ ကြည်စိမ်းလွန်းတဲ့ရေကြောင့် ဖြတ်သွားတဲ့ ငါးလေးတွေ ပုစွန်လေးတွေကို မြင်နေရတာကလည်း တကယ့်ကို ဘာနဲ့မှမလဲနိုင်တဲ့ Feeling တစ်ခု..

"ဇင်ယော်တို့ ရွာက အရမ်းလှတာပဲနော် တို့တော့ ဒီကို ခဏခဏ လာချင်သွားပြီ "

"ဟုတ်တယ် အမရဲ့ ကိုယ့်ရွာမို့ ကြွားတာတော့မဟုတ်ဘူးနော် ဒီလိုမျိုး ရှုခင်းမျိုး ရှိတာ ဒီနားကရွာပတ်ပတ်လည်မှာ ကျွန်တော်တို့ရွာပဲ ရှိတယ် နောက်ပြီး အေးလည်းအေးချမ်းတယ်လေ "

"ဟုတ်တယ် အရမ်းကို အေးချမ်းပြီး စိတ်ကြည်နူးဖို့ကောင်းတယ် "

ပိုးအိမ်ကထည့်လာတဲ့ ပေါင်မုန့်တွေ အသားပြားတွေနဲ့မနက်ကမှ လုပ်လာတဲ့ ဆန်းဝစ်ချ်တစ်ခုစီနဲ့ တစ်ခါသုံးပလတ်စတစ် ခွက်နဲ့
ဖျော်ရည်တစ်ခွက်စီကိုင်ကာ သဘာဝအလှကို ရှုစားလိုက် မုန့်လေးစားလိုက်နဲ့ နှစ်ယောက်သားငြိမ့်နေကြလေသည်။

"ဟင် မြွေ မြွေ အမေ့! !!! "

"ဗျာ ဘယ်မှာလဲ အမ ဘယ်မှာ"

သူမရဲ့အထိန့်တစ်လန့်ပေါ်မှုနဲ့အတူ ဇင်ယော့်ပေါင်ပေါ်ရောက်ရှိလာတဲ့သူမရဲ့ ခန္ဓာကိုယ်လေး.. ထို့အတူ သူမလက်တွေက ဇင်ယော့်ရဲ့ပုခုံးကို ကျစ်နေအောင် ဖက်လို့ထားနေသည်။

"ဟို ဟိုဘက်မှာ "

သူမလက်ညိူးညွှန်ရာကို ကြည့်လိုက်တော့ မြွေမဟုတ်ဘဲ ငရှဥ့်ဖြစ်နေလေသည်။ ဪ..မြွေနဲ့ငရှဥ့်မှားတဲ့ မြို့ကြီးသူ လေးနဲ့တော့ ခက်နေပါပြီ...

"အဲ့တာမြွေမဟုတ်ဘူး အမရဲ့ ငရှဥ့်ပါ သေချာကြည့်ကြည့်ပါအုန်း "

ဇင်ယော်ပြောလိုက်မှပဲ ခေါင်းလေးမရဲတရဲလှည့်ကာ
ငရှဥ့်က်ို လှမ်းကြည့်နေတဲ့သူမ..မျက်လုံးကသာ ဟိုကိုကြည့်နေပေမယ့် လူကတော့ ဇင်ယော့်ကို ဖက်ထားပြီး ပေါင်ပေါ်ကမဆင်းသေး..

"ဟူး တေယ်ပါသေးရဲ့ သူက ရှည်ရှည်မျောမျောနဲ့ဆိုတော့ မြွေမှတ်နေတာ "

ငရှဥ့်ကိုကြည့်ပြီး သူ့ဟာသူဖြေရှင်းချက်တွေပေးပြီး ဇင်ယော့်ဘက်ကို လှည့်လာတော့ နီးကပ်သွားတဲ့ မျက်နှာနှစ်ခု..

သူမဘက်ကလည်း ဖယ်ဆုတ်သွားခြင်းမရှိသလို ဇင်ယော့်ဘက်ကလည်း သူမကိုဖက်ထားတဲ့ ခါးတွေမှလက်တွေကို လွတ်မပေးခဲ့..

ငါးစက္ကန့်လောက်အကြည့်ချင်းဆုံပြီး နှစ်ယောက်လုံးရဲ့ရင်ခုန်သံတွေကျယ်လောင်စွာ ထပ်တူကျပြီးနောက် ဇင်ယော့်ဘက်က နီးကပ်လာတဲ့ နှုတ်ခမ်းဟာ သူမနှုတ်ခမ်းပေါ် ထပ်တူကျရောက်ခဲ့လေသည်။

နှစ်ယောက်လုံး မျက်စိစုံမှိတ်ကာ ထိကပ်ထားတဲ့ နှုတ်ခမ်းနှစ်စုံအား ဇင်ယော့်ဘက်မှ စတက်လှုပ်ရှားပြီး အနမ်းမိုးများစတင်ရွာသွန်းလေတော့ သူမဘက်ကလည်း ပြန်လည်တုံ့ပြန်လာခဲ့သည်။

နှစ်မိနစ်နီးပါးလောက်ကြာတဲ့ အနမ်းတစ်ခုဟာ ဘာမှန်းမသိ မရေရာမသေချာတဲ့ relationship တစ်ခုကြားထဲဝယ် အမည်တပ်စရာ အဆင့်လေးတစ်ခုတက်ခဲ့သည်။
ထိုအဆင့်လေးကို​တော့ သူမဘက်က
စတင်သတ်မှတ်ခဲ့တယ်ဆိုရင်လည်း မမှားဘူး..

သူမသတ်မှတ်ခဲ့တာလေးကတော့
"တွဲရအောင် "တဲ့လေ...

#အေးချမ်းညိမ်း

ပျောက်နေတဲ့ကိုယ်ပျောက်ကြီး ပြန်ပေါ်လာပါပြီ 😁😁😁
ချော့တဲ့အနေနဲ့ ရှည်ရှည်လေးလေးနဲ့ ရိုရိုလေးရေးပေးထားပါတယ်နော် 😌😌😌
စိတ်ဆိုးပြေကြရဲ့လား ဒါဒါတို့ 😘😘😘

Zawgi

အပိုင္း ၁၆

"ဗ်ာ! !! ဟာ အေမရာျဖစ္ပါ့မလား သူသိရင္ လက္ခံပါ့မလား "

"အေမေျပာရင္လက္ခံပါတယ္ နင္သာ အရင္လက္ခံလိုက္ ၿပီးရင္ သူ႕ကိုအေမေျပာလိုက္မယ္ "

"ဒါေပမယ့္ ....."

ထိုစကားသံမ်ားသည္ ၿခံ၏ အေနာက္ဘက္မွ ဇင္ေယာ္ႏွင့္ သူ၏အေမတို႔ စကားေျပာသံမ်ားျဖစ္သည္။

"ဘာမွဒါေပမယ့္ မေနနဲ႕ အခုလိုႏွစ္ေယာက္အတူတူအိပ္ခိုင္းတာကလည္း အခန္းမေလာက္လို႔ေလ တမင္လုပ္တာမွမဟုတ္တာ ေနာက္ၿပီး နင္တို႔ႏွစ္ေယာက္လုံးက မိန္းကေလးေတြခ်ည္းပဲ ေလ ဘာျဖစ္ေနတာလဲ ဟိုဘက္က မျငင္းရေသးဘူး နင္က ႀကိဳပိတ္ျငင္းေနတာ  "

"ဟာ...မသိေတာ့ဘူးဗ်ာ အေမႀကိဳက္တာသာ လုပ္ေတာ့"

အေမ့ေရွ႕မွ ေခါင္းကုတ္ကာ ထြက္သြားၿပီးေနာက္ ၿခံရဲ႕ အေရွ႕ဘက္ရွိ ယုဇနပင္ႀကီးေအာက္က ထိုင္ခုံမွာထိုင္ရင္း သာေနတဲ့လမင္းကို
ၾကည့္ကာ အေတြးတို႔က ေယာက္ယတ္ခတ္ေနေသးသည္။

ေဝ့တိုက္လာတဲ့ ေလေျပေလးေတြဟာ ျပင္ဦးလြင္ရဲ႕ရာသီဥတုေၾကာင့္ပိုေအးေနသလို... ထို႔အျပင္ ညေနက ကိစၥေၾကာင့္ ဟိုတစ္ေယာက္ကို မ်က္ႏွာမျပရဲပါဘူးဆို အခုအေမရဲ႕ ကိစၥေၾကာင့္ မ်က္ႏွာပိုမျပရဲစရာကိစၥကတိုးလာျပန္သည္။

ထိုင္ခုံမွာ အတန္ၾကာထိုင္ၿပီးေနာက္ ေအးစိမ့္လာတဲ့ ရာသီဥတုေၾကာင့္ အိမ္ထဲသို႔ ဝင္ခဲ့ရေလၿပီ...ဝင္ဝင္ခ်င္းမွာပဲ မိသားစုအားလုံးက
လက္ဖက္ပန္းကန္ ေတြ ပဲေလွာ္ေၾကာ္သုပ္ေတြ နဲ႕အျခားအသုပ္ေတြ ခ်ထားၿပီး လက္ဖက္ရည္ၾကမ္းႏွင့္ သူမကို ဧည့္ခံၿပီး စကားေကာင္းေနၾကသည္။ ဇင္ေယာ္ဝင္လာတာျမင္ေတာ့ အားလုံးက လာထိုင္ရန္ေျပာၾကေတာ့ ဇင္ေယာ္လည္းဝင္ထိုင္ဖို႔ အတြက္ေနရာရွာၾကည့္ေတာ့
သူမေဘးမွာဘဲ လူတစ္ေယာက္ထိုင္စာက်န္ေတာ့သည္။

"ဟဲ့ ဝင္ထိုင္ေလ ဘာေတြေငးေနတာလဲ "

"ေအာ္.. ဟုတ္ "

အေမေအာ္လိုက္ေတာ့မွပဲ ဇင္ေယာ့္မွာ တစ္ျခားေနရာသြားထိုင္ဖို႔လုပ္ေနတဲ့ အႀကံေလးေဖ်ာက္ကာ သူမေဘးမွာ ဝင္ထိုင္လိုက္ရသည္။ သူမလည္း ဇင္ေယာ့္ကို တစ္ခ်က္သာ ၾကည့္ၿပီး က်န္တဲ့သူေတြနဲ႕စကားျပန္ေျပာေနရွာေလသည္။

ဒီ႐ြာေလးက ေတာင္ကုန္းေပၚမွာ ရွိၿပီး အေအးပိုင္းေဒသျဖစ္တာေၾကာင့္ အိမ္တိုင္းမွာ မီးဖိုကို အိမ္ရဲ႕အတြင္းပိုင္း သို႔မဟုတ္
မီးဖိုခန္းမွာ ထားေလ့ရွိသည္။ ညပိုင္းမီးလုံတဲ့အခါ အျပင္ထြက္ၿပီးမီးမလုံရေအာင္လို႔ေပါ့..

သုံးရာသီနီးပါးလုံး ေအးေနတတ္တာမို႔ ညဘက္ဆို မီးလုံရတာ ဒီဘက္ပိုင္းမွာ အက်င့္တစ္ခုလိုျဖစ္ေနေလၿပီ..အေမ့ရဲ႕ အေဒၚျဖစ္တဲ့ ယခုဇင္ေယာ္တို႔တည္းေနတဲ့ ႀကီးေတာ္တို႔အိမ္က် အိမ္သို႔ဝင္ဝင္ခ်င္း တစ္ဖက္က မီးဖိုေခ်ာင္တစ္ဖက္က ဧည့္ခန္း အျဖစ္ သုံးထားၿပီး အလယ္မွာ အိမ္အဝင္လမ္းကေလးလည္း ထားထားသည္။

အခုဇင္ေယာ္တို႔စကားေျပာေနတာကေတာ့ မီးဖိုခန္းထဲမွာျဖစ္တာေၾကာင့္ မီးဖိုခန္းရဲ႕အလယ္မွာ မီးဖိုဖိုထားၿပီး ေရႏြေးေလးေသာက္လိုက္ လက္ဖက္ေလးစားလိုက္ စကားေလးေျပာလိုက္ လုပ္ေနၾကျခင္းျဖစ္သည္။ ဒီလို စကားဝိုင္းဖြဲ႕ေျပာၿပီး မီးလုံ ရတာကေတာ့ ၿမိဳ႕ေတြမွာလို ဖုန္းတို႔ တီဗီတို႔ မၾကည့္ဘဲ အပန္းေျဖနည္းတစ္မ်ိဳးေပါ့..

"ကဲ စကားေကာင္းေနလိုက္ၾကတာ ၉နာရီေတာင္ထိုးေနၿပီ အိပ္ၾကစို႔ေလ ဧည့္သည္ေတြလည္း ခရီးပန္းၿပီးအိပ္ခ်င္ေနေလာက္ၿပီ "

႐ြာရဲ႕ထုံးစံအတိုင္း ည ၈ နာရီ ၉ နာရီဆို လူေျခတိတ္ၿပီး အိပ္ခ်ိန္ျဖစ္တာေၾကာင့္ ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္လို႔ေနၿပီး
ပုစဥ္းရင္ကြဲ ေကာင္တို႔၏ ေအာ္ျမည္သံေတြသာ ႀကီးစိုးလို႔ေနသည္။
၉ နာရီဆိုတဲ့အခ်ိန္က မနက္ ၄ နာရီထၿပီး ယာထဲဆင္းရတဲ့ ေတာင္သူေတြအဖို႔ အိပ္ခ်ိန္ေရာက္ၿပီျဖစ္တာေၾကာင့္ ဇင္ေယာ္တို႔လည္း အိပ္မယ့္ေနရာသို႔ သြားရေလသည္။

ခါတိုင္းလို အေမနဲ႕ ဇင္ေယာ္ႏွစ္ေယာက္ထဲလာမယ္ထင္ၿပီး အခန္းတစ္ခန္းထဲကိုသာ ရွင္းေပးတာမို႔ သုံးေယာက္လာတဲ့အခ်ိန္မွာေတာ့
အိပ္ဖို႔ျပသာနာတက္ရေခ်ၿပီ...က်န္တဲ့အခန္းရွင္းဖို႔ကလည္း
စပါးေတြေလွာင္ထားတဲ့ေနရာအျဖစ္သုံးထားတာမို႔ ရွင္းဖို႔က ဘယ္လိုမွမတတ္နိုင္..ဒါေၾကာင့္ အေမက ႏွစ္ေယာက္သာအိပ္လို႔ရတဲ့ ႀကီးေတာ္အခန္းထဲမွာ ႀကီးေတာ္နဲ႕အတူ သြားအိပ္ၿပီး ဇင္ေယာ္နဲ႕ သူမနဲ႕ကေတာ့ အတူတူအိပ္ေပါ့..

အိပ္ခန္းအားလုံး ႏွစ္ေယာက္အိပ္ခန္းေတြပဲလုပ္ထားတဲ့ဒီအိမ္ကို
ပထမဦးဆုံး အျပစ္ျမင္မိသည္။ အခုလည္း သူမနဲ႕ဇင္ေယာ့္မွာ အိုးတို႔အန္းတန့္နဲ႕ ႏွစ္ေယာက္ ေက်ာခ်င္းကပ္ၿပီး အိပ္ေနရသည္။
ညေနကိစၥၿပီးကတည္းက အခု အိပ္ယာထဲေရာက္သည္အထိ စကားမေျပာျဖစ္ေသးတဲ့ ဇင္ေယာ္တို႔ႏွစ္ေယာက္မွာ အခုထိလည္း စကားေျပာဖို႔အစီအစဥ္မရွိေသးပါ..
သူမနဲ႕အတူ ေနာက္ၿပီး ႏွစ္ေယာက္တည္းဆိုတဲ့အသိေၾကာင့္
က်ယ္ေလာင္စြာျမည္ေလာင္ေနတဲ့ ရင္ခုန္သံေတြကို လ်စ္လ်ဴရႈၿပီး အိပ္ခဲ့ရသည္မို႔ ညနက္မွအိပ္ေပ်ာ္သြားခဲ့ရသည္။ မအိပ္ခင္ ဆုေလးတစ္ခုေတာ့ ေတာင္းခဲ့ရေသးသည္။ ဇင်ယောွရင်ခုန်သဲတွေ သူမမၾကားပါေစနဲ႕လို႔ေပါ့..

...
မနက္ခင္းရဲ႕ေနေရာင္ျခည္က အခန္းထဲကို ထိုးေဖာက္ဝင္ေရာက္လာေပမယ့္လည္း အေအးဓာတ္ကေတာ့ မပ်ယ္ေသး..အခုထိ ေစာင္ၿခဳံထားရေသးသည္။ ခရီးပင္ပန္းလာတာေၾကာင့္ေရာ ရာသီဥတုေအးေအးေလးေၾကာင့္ေရာ အိပ္လိုက္တာ အခုမွ နိုးလာခဲ့သည္။
နိုးလာတယ္ဆိုေပမယ့္ မ်က္လုံးက မပြင့္ေသး အသိစိတ္ကနိုးေနေသး႐ုံပဲရွိေသးသည္။ ဒါေၾကာင့္ မ်က္လုံးမဖြင့္ခင္ ပုံမွန္လုပ္ေနက် အေညာင္းဆန့္ဖို႔လက္ကို ထုတ္ဖို႔အလုပ္ လက္က လှုပ်လ်ို့မရ... တစ္ခုခုက တင္းၾကပ္စြာ ခ်ဳပ္ထားတဲ့ပုံ..

လက္လႈပ္လို႔မရေတာ့ မွ တစ္ျခားမူမမွန္တဲ့အကာမ်ားရွိေသးလားဆိုၿပီး တစ္ျခားခႏၶာကိုယ္အစိတ္အပိုင္းေတြ လႈပ္ၾကည့္ေတာ့ ေခါင္းေလး တစ္ခုပဲလႈပ္လို႔ရသည္။ က်န္တာအားလုံးက သူမကို ခ်ဳပ္ထားသလိုမ်ိဳး..

ဒါေၾကာင့္ မ်က္လုံးႏွစ္လုံးကို ဖြင့္ကာၾကည့္ေတာ့ ပထမဦးဆုံးေပၚလာတာက လူတစ္ေယာက္ရဲ႕မ်က္ႏွာ...မနက္ေနေရာက္ျခည္ႏုႏုႏွင့္အတူ ေလျပည္ေလညင္းတို႔ကလည္း တိုက္ခတ္ေနသည္မို႔
ထိုလူရဲ႕ ဆံပင္အခ်ိဳ႕ကို လႈပ္ခတ္ေစသလို ထိုသူရဲ႕ အနီးကပ္ပုံရိပ္ဟာလည္း သူမရင္ကို လႈပ္ခတ္ေစသည္။

ထိုသူကေတာ့ တစ္ျခားသူမဟုတ္..ညတုန္းက ေက်ာေပးလ်က္အိပ္ခဲ့ၿပီးေတာ့မွ မနက္က် သူမတစ္ကိုယိလုံးကို တင္းေနေအာင္ဖက္ထားတဲ့ ဇင္ေယာ္ဆိုတဲ့ ခ်ာတိတ္...ကုမၼဏီ စလာတုန္းက
အုန္းမႈတ္ခြက္ေကလိုမ်ိဳး ဆံပင္အတိုနဲ႕မို႔ သိပ္မၾကည့္ေကာင္းေပမယ့္ အခုလိုဆံပင္ရွည္လာေတာ့လည္း တကယ့္ကို ေခ်ာတဲ့သူထဲမွာ ပါဝင္သည္။

အရင္က သတိထားၿပီးမၾကည့္မိခဲ့သည့္ သူရဲ႕မ်က္ႏွာကို ဒီေန႕ေတာ့ အနီးကပ္ေသခ်ာေလ့လာခြင့္ရခဲ့ၿပီ...နာမည္အတိုင္း ဇင္ေယာ္ေတာင္မ်က္ခုံးေလးႏွစ္ဖက္က မထူမပါးႏွင့္..လူတိုင္း မနာလိုခ်င္စရာေကာင္းလွေအာင္ ပန္းေရာင္သန္းေနတဲ့ႏႈတ္ခမ္း..ပိုးေလာက္အသားမျဖဴ ေပမယ့္ အသားအေရလွတဲ့ထဲမွာ ပါသူမို႔ သူ႕မွာ ဘာျပစ္ခ်က္မွေျပာစရာမရွိေအာင္ ျပည့္စုံေနတာမ်ိဳးပင္..

လူတစ္ေယာက္ကို သိပ္မၾကည့္တတ္တဲ့ ပိုးမွာ အျခေတာ့ ကိုယ့္ေရွ႕မွာ ျမင္ေနရတဲ့လူသားအား မ်က္ေတာင္မခတ္ခ်င္ေလာက္ေအာင္ပင္ ေငးၾကည့္ခ်င္မိသည္။ တကယ္လည္း မ်က္ေတာင္ေတာင္မခတ္ပဲ ေငးၾကည့္ေနခဲ့တာပါပဲ...
နဖူးကစလို႔ သူ႕မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းစီကို ေငးၾကည့္ရင္း
သူ႕ရဲ႕ထူးျခားလွတဲ့ ပန္းဆီေရာင္ ႏႈတ္ခမ္းပါးကို အေရာက္..

"ဒုတ္ ဒုတ္ "

ဝဲဘက္ရင္အုံဆီမွ တိုးထြက္လာတဲ့ ႏွလုံးခုန္သံတစ္ခ်ိဳ႕...
ဒီႏွလုံးခုန္သံဟာ ကိုဆုံးၿပီးေနာက္ ပထမဦးဆုံးျပန္ထြက္ေပၚလာတဲ့
ရင္ခုန္သံဆိုတာလည္းမမွား...ဒါေပမယ့္ ထိုရင္ခုန္မႈက ကို႔ရဲ႕ႏွလုံးသားရွိတဲ့ လူမို႔ ရင္ခုန္မိတာလား..ဇင္ေယာ္ဆိုတဲ့လူသားေလးတစ္ေယာက္အေပၚကိုပဲ ရင္ခုန္မိတာလားဆိုတာကေတာ့ သူမအေသအခ်ာမသိေပ...

.....

"လက္က ဘာျဖစ္တာလဲ ဇင္ေယာ္ "

"မသိဘူးအေမ မနက္နိုးကတည္းက အရမ္းနာေနတာ "

မနက္စာထမင္းဝိုင္း ကို လက္တစ္ဖက္ကို ႏွိပ္လိုက္ လႊဲလိုက္နဲ႕ မအီမသာမ်က္ႏွာနဲ႕ေရာက္လာတဲ့ ဇင္ေယာ့္ေၾကာင့္ ပိုးမ်က္ႏွာ မွာ ပန္းႏုေရာင္ ေလးေတြျဖတ္ေျပးလို႔သြားသည္။ မနက္နိုးလာေတာ့ သူမရဲ႕ တစ္ကိုယ္လုံးကိုသိမ္းႀကဳံးဖက္ထားၿပီး သူ႕ရဲ႕ လက္ေမာင္းေပၚမွာ တစ္ညလုံး ေခါင္းခုအိပ္ခဲ့တဲ့ ပိုးေၾကာင့္ သူ႕လက္ေမာင္းေတြနာေနတယ္ဆိုတာ မနက္အေစာႀကီးနိုးတဲ့ပိုး ပဲ သိလိုက္တဲ့အျဖစ္အပ်က္တစ္ခု..သူအရမ္းအိပ္ေမာက်ေနတုန္း လက္ေတြကို
ေသခ်ာဖယ္ၿပီး သူ႕ဘာသာတစ္ေယာက္တည္း အိပ္ခဲ့တဲ့ပုံစံျဖစ္ေအာင္လုပ္ထားခဲ့တာမို႔ သူ႕လက္နာတာဘာေၾကာင့္မွန္းမသိျဖစ္ေနျခင္းျဖစ္သည္။

"အဟြတ္...ဟြတ္ "

"ဟယ္ သမီးရရဲ႕လား ေရာ့ေရာ့ တစ္သ်ႉး "

ပိုးေဘးနားလာဝင္ထိုင္ၿပီး ထူးထူးဆန္းဆန္းၿပဳံးျပလို႔ေနတဲ့ သူ႕ေၾကာင့္ ပိုးမွာ ေသာက္လက္စ Sunday ေကာ္ဖီေလးေတာင္ သီးသြားရသည္။

"ရတယ္ ရတယ္ အန္တီ "

တမင္သူေပးတဲ့ tissue ကို မယူဘဲ အန္တီ့ဆီက tissue ကို ယူကာေရျမန္ျမန္ေသာက္လိုက္ ရသည္။ သူကေတာ့ ေဘးနားကေန အဆင္ေျပလား လို႔ ေမးေနခဲ့ေပမယ့္ ပိုးဘက္မွ ဘာစကားမွျပန္မေျပာခဲ့... ဒီတိုင္းေခါင္းၿငိမ့္ျပခဲ့႐ုံမွ်သာ..

....

"ဟူး....အခုမွပဲ အေမာေျပေတာ့တယ္ "

ေတာင္ကုန္းျမင့္ေလးေပၚကေန စိမ္းစိုေနတဲ့လယ္ကြင္းေတြ ပန္းခင္းေတြနဲ႕ သစ္ပင္ေတြအုံမွိုင္းေနတဲ့ေခ်ာင္းႀကီးကို အေပၚစီးက ၾကည့္ရတာ မနက္ကေျမနီလမ္း တစ္ေလွ်ာက္ေျခေညာင္းေအာင္ ေလွ်ာက္ခဲ့ရၿပီး ကန္သင္းရိုးေပၚ မနည္းထိန္းၿပီးေလွ်ာက္ခဲ့ရတာေတြ ဗြက္ေတြကို သိုင္းကြက္ေက်ာ္နငိးၿပီး ျဖတ္သန္းခဲ့ရတဲ့ ဘဝမွာ တစ္ခါပဲ ႀကဳံဖူးတဲ့ ပင္ပန္းမႈေတြက ရႈခင္းေလးကို လည္း ၾကည့္လိုက္ရေကာ အကုန္လုံး လတ္ဆတ္တဲ့ေလေလးနဲ႕အတူ လြင့္ေမ်ာကုန္ၿပီ...

ၿမိဳ႕ျပနဲ႕မတူတဲ့သန့္ရွင္းလတ္ဆတ္လွတဲ့ေလေအးေအးေလးေၾကာင့္
လက္ႏွစ္ဖက္ကို ဆန့္တန္းၿပီး အသက္ကို ခပ္ဝ ဝဝ ရႈသြင္းလိုက္ေတာ့ အေမာကို ေျပခနဲ...

"ဘယ္လိုလည္း အႀကိဳက္ေတြ႕ရဲ႕လား "

မနက္ခင္းကတည္းက သူမကို အရိပ္တၾကည့္ၾကည့္ရွိလွတဲ့သူဟာ လမ္းတစ္ေလွ်ာက္ သူမ ကို  အဆင္ေျပရဲ႕လား ေမးခြန္းေတြနဲ႕အတူ ပိုးေရဆာရင္ေသာက္ဖို႔နဲ႕ စားဖို႔ မုန့္ေတြ ဖ်ာေတြကို အပင္ပန္းခံၿပီး သယ္လာတဲ့ သူဟာ အခုလည္း သူမလာရက်ိဳးမနပ္မွာကို စိတ္ပူေနဟန္...

"အင္း ဒီလိုျမင္ကြင္းမ်ိဳး တို႔တစ္သက္မွာ ခဏ ခဏ ျမင္ဖူးေပမယ့္
ဒီတစ္ခါ အေပ်ာ္ဆုံးနဲ႕ အေက်နပ္ဆုံးပဲ.. တစ္ျခားနိုင္ငံေတြက အလွအပေနရာေတြသြားခဲ့ေပမယ့္ ဒီေနရာေလးက ကိုယ့္ေျမ ကိုယ့္နိုင္ငံ ဆိုၿပီးေတြးမိေတာ့ ပိုၿပီးၾကည္ႏူးရတယ္ ဘယ္လိုေျပာရမလည္း ရင္ထဲမွာ တစ္မ်ိဳးေလးလွိုက္ၿပီး ၾကည္ႏူးေနရတဲ့ ခံစားခ်က္ေလးေပါ့ "

သူနဲ႕ ေတြ႕လာခဲ့တဲ့တစ္ေလွ်ာက္လုံးမွာ အရွည္ဆုံး စကားကို ေျပာျခင္းျဖစ္သည္။ သူကလည္း ၿပဳံးတုံ႕တုံျဖင့္ သူမ၏ အေျဖကို သေဘာက်စြာ လက္ခံသည္။ ဒီေန႕ထိုတစ္ေယာက္ဘာျဖစ္ေနတယ္မသိ..ခဏ ခဏ ၿပဳံးေနသည္။ ဒါေပမယ့္ သူ႕ရဲ႕အၿပဳံးက ပိုးအတြက္ ေအးခ်မ္းတယ္....မၾကာခဏ ျမင္ခ်င္မိတယ္..သူၿပဳံးတာေလးျမင္ေနရရင္ကို ပိုးစိတ္ေတြ ပိုၾကည္ႏူးသလိုပဲ..ဒါကို သူကသိေနသည့္အလား မၾကာခဏ ၿပဳံးျပေနသည္။ ဒီလိုဆိုရင္ ပိုးအတြက္ေတာ့ အႏၱရာယ္မ်ားသည္မဟုတ္လား...

"အမ ႀကိဳက္တယ္ဆိုလို႔ ကြၽန္ေတာ္လိုက္ပို႔ရက်ိဳး နပ္ပါၿပီ ခဏေန ေချာင်းထဲ ေရာက္တဲ့အခါ ပိုၿပီး ေအးခ်မ္းသြားလိမ့္မယ္ "

သူေျပာတဲ့ သစ္ပင္ေတြ အုံဆိုင္းေနတဲ့ေခ်ာင္းက ေအးခ်မ္းတာ မေအးခ်မ္းတာ သူမမသိ..အခုေလာေလာဆယ္ေတာ့ သူ႕ရဲ႕အၿပဳံးေလးေၾကာင့္ သူမရင္ထဲမွာ ေအးခ်မ္းေနရတာကေတာ့ မွန္ေသာစကားပင္...

....

"ေဝါ ေဝါ ေဝါ"

ေရတံခြန္မွက်ဆင္းလာတဲ့ ေရမ်ား၏ အသံေၾကာင့္ သစ္ပင္ေတြအုံဆိုင္းထူထပ္ေနတဲ့ ေခ်ာင္းႀကီးထဲဝယ္ ေရက်သံတို႔က ဆူညံလ်က္ရွိသည္။ ဒါေပမယ့္ ေရေတြက အနစ္ဆုံးမွ ရင္ဘတ္ေလာက္ထိပဲရွိၿပီး ပိုးတို႔ျဖတ္သြားေနတဲ့လမ္းတစ္ေလွ်ာက္ေတာ့ ဒူးေလာက္ေတယင္မရွိတဲ့ေရေတြသာမ်ားသည္။

ေတာင္ေပယ္ေဒသမို႔ လယ္ကြင္းေတြ အိမ္ေတြက ေလွကားထစ္လိုအထပ္ထပ္ျဖစ္ေနသကဲ့သို႔ ေခ်ာင္းကလည္း အထပ္လိုက္ပင္..
ျမင့္ရာကေန ေလွကားေတြလို နိမ့္နိမ့္သြားေၾကာင္း သူရွင္းျပတာမို႔ သိရသည္။

"ဒီမွာ ထိုင္ရေအာင္ အမ "

သူျပတဲ့ေနရာေလးကို ပိုးၾကည့္လိုက္ေတာ့ ေခ်ာင္းေဘးက ေျမသားနည္းနည္းညီၿပီး ေနေရာင္ျခည္ေကာင္းေကာင္းျမင္ရတဲ့ေနရာေလး..ၿပီးေတာ့ ေရလည္းတိမ္သည္။

လူသြားလူလာ သိပ္မရွိတဲ့ေနရာျဖစ္တာေၾကာင့္ သစ္ပင္ေတြအရမ္းထူးထပ္ေလသည္။ ဒါေၾကာင့္ ေခ်ာင္းအတြင္းပိုင္းကို
ေနေရာင္သိပ္မထိုးေဖာက္နိုင္ေပ..
ေနရာတိုင္းက ဇရစ္ပင္ ေရသဖန္းပင္ ေတြနဲ႕အျခားေခ်ာင္းေဘးေပါက္တဲ့အပင္ေတြနဲ႕ ျပည့္ႏွက္ေနတာမို႔ လူသြားလမ္းလုပ္ထားတဲ့ေနရာကို မနည္းရွာၿပီး သြားရသည္။

အခု ဇင္ေယာ္ေ႐ြးထားတဲ့ေနရာေလးက လူေတြခဏ ခဏ လာထိုင္တတ္သည့္ေနရာမ်ိဳးေလးျဖစ္ပုံရသည္။ သစ္ပင္ေတြသိပ္မရွိဘဲ ေမုသခ်ည္းပဲ လြတ္ေနၿပီး ေခ်ာင္းထဲကလည္း အလြယ္တကူထြက္လို႔ရသည္။ အေပၚမွအုပ္ဆိုင္းေနတဲ့ အပင္ရဲ႕ အခက္လြတ္တာေၾကာင့္ ေနေရာင္ျခည္လည္း ေကာင္းစြာထိုးေဖာက္နိုင္သည္။

အိမ္ကေနယူလာတဲ့ဖ်ာေလးကို ခ်ၿပီး မုန့္ေတြ ခ်ကာ ပိုးတို႔ရဲ႕ေပ်ာ္ပြဲစားခရီးေလးကို အစျပဳလိုက္သည္။ မ်က္စိေရွ႕မွာ ျမင္ေနရတဲ့ ေရေတြစိမ္းစိုၿပီးၾကည္ေနတဲ့ေခ်ာင္း ရဲ႕ အလွ... ငွက္ကေလးေတြရဲ႕ ေအာ္ဟစ္သံေလးေတြ ၾကည္စိမ္းလြန္းတဲ့ေရေၾကာင့္ ျဖတ္သြားတဲ့ ငါးေလးေတြ ပုစြန္ေလးေတြကို ျမင္ေနရတာကလည္း တကယ့္ကို ဘာနဲ႕မွမလဲနိုင္တဲ့ Feeling တစ္ခု..

"ဇင္ေယာ္တို႔ ႐ြာက အရမ္းလွတာပဲေနာ္ တို႔ေတာ့ ဒီကို ခဏခဏ လာခ်င္သြားၿပီ "

"ဟုတ္တယ္ အမရဲ႕ ကိုယ့္႐ြာမို႔ ႂကြားတာေတာ့မဟုတ္ဘူးေနာ္ ဒီလိုမ်ိဳး ရႈခင္းမ်ိဳး ရွိတာ ဒီနားက႐ြာပတ္ပတ္လည္မွာ ကြၽန္ေတာ္တို႔႐ြာပဲ ရွိတယ္ ေနာက္ၿပီး ေအးလည္းေအးခ်မ္းတယ္ေလ "

"ဟုတ္တယ္ အရမ္းကို ေအးခ်မ္းၿပီး စိတ္ၾကည္ႏူးဖို႔ေကာင္းတယ္ "

ပိုးအိမ္ကထည့္လာတဲ့ ေပါင္မုန့္ေတြ အသားျပားေတြနဲ႕မနက္ကမွ လုပ္လာတဲ့ ဆန္းဝစ္ခ်္တစ္ခုစီနဲ႕ တစ္ခါသုံးပလတ္စတစ္ ခြက္နဲ႕
ေဖ်ာ္ရည္တစ္ခြက္စီကိုင္ကာ သဘာဝအလွကို ရႈစားလိုက္ မုန့္ေလးစားလိုက္နဲ႕ ႏွစ္ေယာက္သားၿငိမ့္ေနၾကေလသည္။

"ဟင္ ေႁမြ ေႁမြ အေမ့! !!! "

"ဗ်ာ ဘယ္မွာလဲ အမ ဘယ္မွာ"

သူမရဲ႕အထိန့္တစ္လန့္ေပၚမႈနဲ႕အတူ ဇင္ေယာ့္ေပါင္ေပၚေရာက္ရွိလာတဲ့သူမရဲ႕ ခႏၶာကိုယ္ေလး.. ထို႔အတူ သူမလက္ေတြက ဇင္ေယာ့္ရဲ႕ပုခုံးကို က်စ္ေနေအာင္ ဖက္လို႔ထားေနသည္။

"ဟို ဟိုဘက္မွာ "

သူမလက္ညိူးၫႊန္ရာကို ၾကည့္လိုက္ေတာ့ ေႁမြမဟုတ္ဘဲ ငရွဥ့္ျဖစ္ေနေလသည္။ ဪ..ေႁမြနဲ႕ငရွဥ့္မွားတဲ့ ၿမိဳ႕ႀကီးသူ ေလးနဲ႕ေတာ့ ခက္ေနပါၿပီ...

"အဲ့တာေႁမြမဟုတ္ဘူး အမရဲ႕ ငရွဥ့္ပါ ေသခ်ာၾကည့္ၾကည့္ပါအုန္း "

ဇင္ေယာ္ေျပာလိုက္မွပဲ ေခါင္းေလးမရဲတရဲလွည့္ကာ
ငရှဥ့်က်ို လွမ္းၾကည့္ေနတဲ့သူမ..မ်က္လုံးကသာ ဟိုကိုၾကည့္ေနေပမယ့္ လူကေတာ့ ဇင္ေယာ့္ကို ဖက္ထားၿပီး ေပါင္ေပၚကမဆင္းေသး..

"ဟူး ေတယ္ပါေသးရဲ႕ သူက ရွည္ရွည္ေမ်ာေမ်ာနဲ႕ဆိုေတာ့ ေႁမြမွတ္ေနတာ "

ငရွဥ့္ကိုၾကည့္ၿပီး သူ႕ဟာသူေျဖရွင္းခ်က္ေတြေပးၿပီး ဇင္ေယာ့္ဘက္ကို လွည့္လာေတာ့ နီးကပ္သြားတဲ့ မ်က္ႏွာႏွစ္ခု..

သူမဘက္ကလည္း ဖယ္ဆုတ္သြားျခင္းမရွိသလို ဇင္ေယာ့္ဘက္ကလည္း သူမကိုဖက္ထားတဲ့ ခါးေတြမွလက္ေတြကို လြတ္မေပးခဲ့..

ငါးစကၠန့္ေလာက္အၾကည့္ခ်င္းဆုံၿပီး ႏွစ္ေယာက္လုံးရဲ႕ရင္ခုန္သံေတြက်ယ္ေလာင္စြာ ထပ္တူက်ၿပီးေနာက္ ဇင္ေယာ့္ဘက္က နီးကပ္လာတဲ့ ႏႈတ္ခမ္းဟာ သူမႏႈတ္ခမ္းေပၚ ထပ္တူက်ေရာက္ခဲ့ေလသည္။

ႏွစ္ေယာက္လုံး မ်က္စိစုံမွိတ္ကာ ထိကပ္ထားတဲ့ ႏႈတ္ခမ္းႏွစ္စုံအား ဇင္ေယာ့္ဘက္မွ စတက္လႈပ္ရွားၿပီး အနမ္းမိုးမ်ားစတင္႐ြာသြန္းေလေတာ့ သူမဘက္ကလည္း ျပန္လည္တုံ႕ျပန္လာခဲ့သည္။

ႏွစ္မိနစ္နီးပါးေလာက္ၾကာတဲ့ အနမ္းတစ္ခုဟာ ဘာမွန္းမသိ မေရရာမေသခ်ာတဲ့ relationship တစ္ခုၾကားထဲဝယ္ အမည္တပ္စရာ အဆင့္ေလးတစ္ခုတက္ခဲ့သည္။
ထိုအဆင့္ေလးကိုေတာ့ သူမဘက္က
စတင္သတ္မွတ္ခဲ့တယ္ဆိုရင္လည္း မမွားဘူး..

သူမသတ္မွတ္ခဲ့တာေလးကေတာ့
"တြဲရေအာင္ "တဲ့ေလ...

#ေအးခ်မ္းညိမ္း

ေပ်ာက္ေနတဲ့ကိုယ္ေပ်ာက္ႀကီး ျပန္ေပၚလာပါၿပီ 😁😁😁
ေခ်ာ့တဲ့အေနနဲ႕ ရွည္ရွည္ေလးေလးနဲ႕ ရိုရိုေလးေရးေပးထားပါတယ္ေနာ္ 😌😌😌
စိတ္ဆိုးေျပၾကရဲ႕လား ဒါဒါတို႔ 😘😘😘

Zawgi

Continue Reading

You'll Also Like

1.5M 33K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
563K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
406K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
1.9M 91.4K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...