Start with Heart And End with...

frozenmanobannca

126K 10.2K 1.5K

နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... ႏွလုံးအစားထိုး ခြဲစိတ္မႈကေန ျဖစ္ေပၚလာေသာ ခ်စ္ျခင္... Еще

Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
15 💞
16 💞
17 💞
18 💞
19 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞

14 💞

2.8K 252 43
frozenmanobannca

အပိုင်း ၁၄

"ဟဲ့ ဟိုမှာ နင့်ရဲ့ အချိန်မှန် လေဒီလေးလာပြီ "

ကုမ္မဏီရှေ့တွင် ကားရပ်ထားပြီး ကားအားမှီကာ မျက်မှန်ဝိုင်းလေးတပ်ကာ ဇင်ယော်တို့ဘက်ကို ကြည့်နေတဲ့ ဝင့်လွှာပြောသလို
အခုတလော ဇင်ယော့်ရုံးဆင်းချိန်တိုင်းရောက်ရောက်လာတဲ့
အချိန်မှန်နေတဲ့ မပိုးသဒ္ဒါမင်း...
ဝင့်လွှာကတော့ ပြုံးစစဖြင့် ဇင်ယော့်ကို မျက်ခုံးတွေပါ လှုပ်ပြပြီး
လက်ပြနှုတ်ဆက်သွားလေသည်။

ဇင်ယော့်ကို ကြည့်မရနေခဲ့ပြီးမှ အခုကျ ရည်းစားလိုလို သူငယ်ချင်းလိုလို မတင်မကျဖြစ်နေတဲ့ ဒီအခြေအနေကြီးကို ဇင်ယော်ဘယ်လိုပြောရပါ့..ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် ရုံးသွားရုံးပြန်လုပ်နေခါမှ မေမေရဲ့ဘာစိတ်ကူးပေါက်လို့ ပြောမှန်းမသိတဲ့ သမီးပိုးလေးနဲ့အတူတူ
လိုက်သွား ဆိုတဲ့ စကားကြောင့် ဇင်ယော့်ရဲ့ မနက်နဲ့ညနေရုံးဆင်းတိုင်း သူမနဲ့အတူ တွေ့ရတတ်သည်။

ရုံးသွားချိန်တော့ ကိုယ့်ကုမ္မဏီကို ကိုယ်သွားတော့ စကားမပြောဖြစ်ပေ..ဒါပေမယ့် ရုံးဆင်းချိန်ရောက်တိုင်း ဇင်ယော့်ကို Peace ဆိုတဲ့စားသောက်ဆိုင်ဖြစ်ဖြစ် မနော်ဟရီ ကစားကွင်းထဲက ပန်းခြံကို ဖြစ်ဖြစ် ကန်တော်ကြီးကို ဖြစ်ဖြစ် ကျုံးဘေးကို ဖြစ်ဖြစ်ခေါ်သွားတတ်သည်။

ထိုနေရာတွေကို အရင်ကရောက်နေကြဖြစ်ပေမယ့် သူမနဲ့အတူ သွားရတော့ ခံစားရတာ တစ်ကယ့်ကို တစ်မျိုးကြီး..လွမ်းသလိုလို ဆွေးသလိုလိုဖြင့်...တစ်ခါတစ်လေ ဘေးချင်းကပ်ထိုင်နေရပေမယ့်လည်း ဝေးကွာနေရသလိုမျိုး နှလုံးသားက ခံစားရပြန်သည်။

ဘယ်နေရာကို သွားသွား နှစ်ယောက်အတူထိုင်ပြီးရင် ဘာစကားမှမပြောဘဲ နှစ်ယောက်သားအတူထိုင် တစ်ခါတစ်လေတော့ တစ်နေ့တာတွေ့ကြုံခဲ့ရတဲ့ အခက်အခက်အခဲတွေထဲက ထူးဆန်းတာတေလးတွေပြောဖြစ်ကြသည်။ ဒါပေမယ့် အများအားဖြင့်တော့ လမ်းအတူလျှောက် အတူထိုင်ပြီး တစ်နေရာရာကို ငေးနေလေ့သာများသည်။

ဒီနေ့တော့ မနော်ဟရီ ပန်းခြံ ဘက်ရောက်ဖြစ်ကြသည်။ ထုံးစံအတိုင်း နှစ်ယောက်အတူတူ ထိုင်ခုံမှာထိုင်ရင်း သူမဘက်က စပြောလာခဲ့သည်။

"ဒီနေရာက ကို့ကို ပထမဆုံးအဖြေပေးခဲ့တဲ့နေရာလေ "

ဒါသူမဘက်က စပြီး သူမ၏ ချစ်သူ ဇင်ယော့်ရဲ့အသက်သခင်ကျေးဇူးရှင် ကိုမင်းနန္ဒာနဲ့ပတ်သတ်ပြီးပြောတဲ့စကား....
ဇင်ယော့်ကို ခေါ်သွားတဲ့နေရာတွေက သူနဲ့ကိုမင်းနန္ဒာတို့ရဲ့ အမှတ်တရရှိတဲ့နေရာတွေဆိုတာ ခန့်မှန်းမိပေမယ့်လည်း ဒီလိုမျိုး ထုတ်ပြောလာတော့ ခံစားရတာ အောင့်သက်သက်ဖြင့်..တစ်ခုခုကို အစားထိုးခံလိုက်ရသလိုမျိုးပေါ့..

"အဲ့တုန်းက ကို အရမ်းပျော်နေခဲ့တာ တစ်ခါမှမမြင်ဖူးတဲ့ အပြုံးမျိုး အပျော်မျိုးနဲ့မြင်ခဲ့ရတာ "

ပန်းခြံမျက်နှာရှေ့ကှိ လမ်းမဘက်ကို ငေးကာ ပြောနေတဲ့သူမ၏ ပုံစံဟာ အတိတ်က အမှတ်တရ ကို ခံစားပြီး ဆွေးကာပြောနေကြောင်း သူမရဲ့ လေသံက သက်သေပြနေသည်။
ဇင်ယော်ဘက်က ဘာမှပြောစရာမရှိပေမယ့် ဆုံးရှုံးလိုက်ရသလိုခံစားရသည်ကို သူမသိအောင် ပြောပြချင်သည်။ ဒါပေမယ့် သူမနဲ့ ကိုယ်ဟာ သတ်မှတ်လို့မရတဲ့အခြေအနေတစ်ခု စည်းတစ်ခုအတွင်းမှာရှိနေခဲ့သည် မဟုတ်လား...

"ဟင် "

ကိုယ့်ခံစားချက်နဲ့ကိုယ် တွေးနေတုန်း ပုခုံးပေါ်ကို ကျရောက်လာတဲ့ သူမဆီက အမြဲရနေကျ ခေါင်းလျှော်ရည်အနံ့လေးနဲ့အတူ သူမ၏ ခေါင်းလေး...ပုခုံးပေါ်မှာ မှီရင်း ဇင်ယော်ရဲ့ ရင်ဘတ်ဆီ မျက်နှာအပ်လိုက်လေသည်။ ထို့နောက် တိုးဝှေ့လိုက်တဲ့ ရင်ခွင်ထဲက သူမဟာ ဇင်ယော့်ရဲ့ ရင်ဘတ် အတိအကျပြောရရင် သူမရဲ့ ချစ်သူ နှလုံးသားတည်ရှိရာ နှလုံး တည့်တည့်အား နားကပ်၍ နှလုံးခုန်သံကို နားစွင့်နေသယောင်...

"ပင်ပန်းလို့ တို့ဒီအတိုင်းလေး ခဏလောက်နေပါရစေ "

သူမဘက်ကတော့ သူမ၏ ချစ်သူကို လွမ်းလွန်းလို့ သူမချစ်သူ၏ တစ်ခုတည်းသော ချန်ထားခဲ့ရာ အစိတ်အပိုင်းလေး၏ ရင်ခုန်သံ
ကို နားဆင်တာဖြစ်ပေမယ့် ယခုခုန်နေတဲ့ ရင်ခုန်သံဟာ
ဇင်ယော့်ရဲ့ စိတ် ဇင်ယော့်ရဲ့ အသွေးအသား ကြောင့် ဖြစ်ပေါ်လာခဲ့တယ်ဆိုတာ သူမများသိရင် ဆက်နားဆင်ပါ့မလား...

.....

"အဲ့တော့ နင်က သူ့ကို ကြိုက်နေတာလား "

မနေ့က လစာထုတ်ရက်ဖြစ်ပြီး ဒီနေ့က ရုံးပိတ်ရက်ဖြစ်တာကြောင့် ဒီနေ့သူငယ်ချင်းတွေ အကုန်လုံး စုကြပြီး စားသောက်ဆိုင်မှာ စားနေကြခြင်းဖြစ်သည်။ တစ်လမှ တစ်ခါလောက်သာ ဆုံဖြစ်ကြတာမို့
တစ်ယောက်အကြောင်း တစ်ယောက် ရင်ဖွင့်ကြရင်း အခု အလှည့်ကျတာတော့ ဇင်ယော်ပင်..အခုတလော ဘာမှန်းမသိတဲ့ ရင်ခုန်သံနဲ့
ခံစားနေရတဲ့ ခံစားချက်တို့ကို သူငယ်ချင်းတွေကို ပြောပြတော့ ထင်မြင်ချက်တွေက တစ်ယောက်တစ်ပေါက် ထွက်လာကြသည်။
ဒါပေမယ့် အားလုံး ရဲ့  ဆိုလိုရင်း အဓိပ္ပါယ်က တစ်ခုတည်း..

"ငါလည်း မသိဘူးဟာ အမှန်တိုင်းပြောရရင် အရင် သူ့ကုမ္မဏီမှာ လုပ်တုန်းက ဘယ်လိုမှမခံစားရဘူး အခုနောက်ကျတော့ သူနဲ့တွေ့ပါများလို့လားမသိဘူး သူ့ကို မမြင်ရရင် မနေတတ်တော့ဘူး အထူးသဖြင့် အခုနောက်ပိုင်း ပိုဆိုးတယ် သူ့မျက်နှာကို ပဲ အမြဲမြင်ယောင်နေသလိုပဲ "

"wow. .တို့ငှက်ကြီးတော့ အချစ်မှာ ကျရှုံးသွားပြီပဲ ဆေးမမှီတော့ဘူး ဂုဏ်ယူပါတယ်ငါ့ကောင် အချစ်ကို ရှာဖွေတွေ့ရှိသွားလို့  "

စပ်ဖြဲဖြဲမျက်နှာနဲ့ ဂုဏ်ယူကြောင်းလာပြောနေတဲ့ ဝေယံအား မျက်စောင်းတစ်ချက်လောက် ပစ်ကျွေးလိုက်မှ မျက်နှာပိုးသေ သွားသည်။

"အဲ့လိုလည်း မဟုတ်ဘူးဟ ငါသူ့ကို ချစ်နေတယ်လို့မထင်ဘူးဟာ
ဒီတိုင်း ေတွ့ပါများလို့ စွဲလမ်းနေတယ်လို့ပဲ ထင်တယ် "

"မဟုတ်ဘူး ဇင်ယော် အဲ့တာ အချစ်ပဲ နင်က အချစ်ကို တစ်ခါမှ မတွေ့ကြုံဖူးတော့ အချစ်ကို အချစ်မှန်း မသိတာ နင်သာ အဲ့လိုတွေ့ပါများလို့ စွဲလမ်းကြေးဆို ငါတို့လေးယောက်ကိုလည်း နင်စွဲလမ်းနေမှာပေါ့  "

အဲ..ဝင့်လွှာပြောတာလည်း ဟုတ်သား..သူအခုမှ စဥ်းစားမိသည်။
သူတစ်ချိန်လုံး ငြင်းနေတဲ့ အချစ်ဆိုတဲ့အရာ သူလက်မခံချင်တဲ့အရာက သူ့သူငယ်ချင်းတွေပြောသလို သူ့ဆီကို ရောက်ရှိ နေပြီလား....ဇင်ယော့်ရဲ့အတွေးတွေဆက်မချဲ့မိစေဖို့ သူငယ်ချင်းတွေက ဒီအကြောင်းအရာကို ဆက်မပြောတော့ဘဲ တစ်ခြားစကားလမ်းကြောင်းကို လွှဲပစ်လိုက်တော့သည်။

....

"သမီး အဆင်ပြေရဲ့လား "

ဧည့်ခန်းထဲက စားပွဲပေါ်တွင် အလုပ်လုပ်နေတဲ့ပိုးအနားလာကာ
မေးနေတဲ့မေမေ့ရဲ့စကားသံတွင် အဓိပ္ပါယ်များစွာပါလို့နေသည်။
ဒါပေမယ့်ထိုအဓိပ္ပါယ်များစွာကိုလည်း ပိုးသိပါသည်။

"ဟုတ် အဆင်ပြေပါတယ် မေမေ အရင်က လူမဟုတ်တော့ပေမယ့်လို့ပေါ့်"

ချစ်ရသူသေဆုံးသွားလို့ စက်ရုပ်တစ်ရုပ်လိုဖြစ်နေတဲ့
သမီးလေးဟာ သူ့ချစ်သူ၏ နှလုံးအစားထိုးထားတဲ့ ကလေးအပေါ်
ချစ်ဖို့ကြိုးစားနေတာ မသင့်တော်မှန်း သူသိပါသော်လည်း မတားမိပေ....သမီးလေးရဲ့ အချစ်ကြီးလွန်းတဲ့ စိတ်ကို သူသိတာကြောင့်လည်း ပါသည်။ ဒါပေမယ့် အရင်ချစ်ရသူကို ချစ်မြတ်လွန်းလို့
သူ့ရဲ့ နှလုံးသားရှိရာ ဟိုကလေးမလေးကို အစားထိုးချစ်လိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပေ..နှစ်ယောက်လုံး တကယ်ချစ်သွားရင်ကိစ္စမရှိပေမယ့် ဟိုကလေးလေးဘက်က သမီးလေးအပေါ် တကယ်အချစ်စစ်နှင့် ချစ်မိသွားပြီးမှ သမီးလေးက အရင်က လူကို မမေ့နိုင်ပဲ ထိုကလေးမလေးကို ပြန်မချစ်နိုင်ရင်သာ ဒုက္ခ..

အမေတစ်ယောက်မို့ သမီးရဲ့ စိတ်နေသဘောထား ဘာက ဘယ်လိုဆိုတာ သူသိတာပေါ့..ဘယ်လောက်ပဲ ချစ်ချစ် ဘယ်အရာမှ အစားမထိုးတာ အကောင်းဆုံးပဲ...အစားထိုးခဲ့ရင် အစားထိုးခံလိုက်ရတဲ့သူရော အစားထိုးတဲ့သူရော နှစ်ဦးနှစ်ဖက်လုံး နာကျင် ရမှာသေချာပေါက်ပင်..နောက်ပြီး ထိုသို့အချစ် မျိုးမှ ဘယ်တော့မှ ပေါင်းစပ်ရမှာ မဟုတ်လို့ပေ..

"မေမေ ဘာတွေသက်ပြင်းချနေတာ "

"ဘာမှမဟုတ်ပါဘူးသမီးရယ် သမီးလေး စိတ်ညစ်နေရတာကို စိတ်မကောင်းလို့ပါ "

"မေမေရယ် သမီးဘာမှ စိတ်ညစ်စရာမရှိပါဘူး စိတ်ညစ်စရာကိစ္စလည်း မရှိဘူး အမေ့သမီး စိတ်ထဲ နေရတာပျော်ပါတယ် ဒါကြောင့်ဘာမှမတွေးပါနဲ့နော် "

သူ့အတွက်စိတ်ပူနေရတာကြောင့် မျက်နှာလေးညိုးနေရှာတဲ့ အမေ့ရဲ့လက်မောင်းအား ဖက်ကာ လက်မောင်းပေါ် ခေါင်းလေးမှီ၍ စိတ်မပူစေဖို့ ပိုးရဲ့မျက်နှာပေါ် အပြုံးတုများဖန်ဆင်းကာ ပြုံးပြလိုက်သည်။

"တစ်နေ့ တစ်နေ့ ကုမ္မဏီနဲ့အလုပ် အလုပ်နဲ့ကုမ္မဏီ လုံးချာပတ်ချာရိုက်နေတဲ့ သမီးကို ခဏလောက်အနားယူစေချင်ပြီ ဒီတိုင်း အိမ်မှာနားတာပဲ ဖြစ်ဖြစ် ခရီးလေးတစ်ခုခုပဲ ဖြစ်ဖြစ်ထွက်ပါလား စိတ်ထွက်ပေါက်အနေနဲ့ပေါ့ "

"ဟုတ်မေမေ ကုမ္မဏီက အလုပ်ကိစ္စတွေပါးတဲ့အခါကျ သမီးနားလိုက်ပါ့မယ် "

မေမေ့ရဲ့မိခင်သောက ကြောင့် ပိုး အနားမယူချင်ပေမယ့်လည်း
အနားယူပါမည်ဟု ပြောလိုက်ရသည်။ အဓိက က မေမေစိတ်ချမ်းသာဖို့ပဲမလား..

...
"နောက်အပတ်ကျရင် ရွာသွားရအောင် ဇင်ယော် အမေဆေးရုံကနေ တစ်ပတ်ခွင့်ယူထားတယ် သမီးလည်း နောက်အပတ် ကုမ္မဏီကုိ ခွင့်ယူဖို့ ပြောထားအုန်း "

ရွာဆိုတဲ့ စကားကြောင့် ဇင်ယော်တို့ မနက်စာငုံ့စားနေရာမှ ခေါင်းထောင်လာလေပြီ...ထို့အတူ စိတ်ထဲမှာလည်း ပီတိတွေအဖြာဖြာနှင့်.. ရွာဆိုသည်မှာ သူ၏ မွေးရပ်မြေ...မေမေ့ရဲ့ မိဘတွေခေါင်းချခဒ့ရာနေရာလည်း ဖြစ်သည်။ အသက်လေးနှစ်ကတည်းက မြို့ပေါ်ရောက်လာခဲ့ပေမယ့် ခဏခဏ အလည်သွားဖြစ်သလို ဇင်ယော်သည်လည်း မြို့ထက် ရွာကို ပိုနှစ်သက်၏...

အေးချမ်းလှတဲ့ သူ့ရဲ့မွေးရပ်မြေတောရွာလေးကို မရောက်ဖြစ်တာ
သုံးနှစ်ကျော်ပြီမို့ ယခုမေမေအားတဲ့အချိန်နဲ့တိုးတော့ ဇင်ယော်လည်း အလုပ်မအားပေမယ့် သွားချင်လှသည်။

"အော် နောက်ပြီး သမီးလေးပိုးကိုလည်း ခေါ်ကြည့်ပါလား သူလိုက်ချင်လိုက်လို့ရအောင်ပေါ့ "

ရွာသွားရမှာမို့ ပျော်နေတုန်း မေမေ့ရဲ့နောက်ထပ်စကားကြောင့်
ဇင်ယော်မှာ အပျော်တွေ နင်သွားရသည်။

"မေမေကလည်း သူက ကုမ္မဏီပိုင်ရှင်လေ အားပါ့မလား နောက်ပြီး ရွာမှာ နေတတ်မယ်မထင်ဘူး "

"ဪ..ဇင်ယော်ရယ် သူလည်း တစ်ခါတစ်လေ အေးချမ်းတဲ့နေရာလေး ရောက်ဖူးချင်ရင် ရောက်ဖူးချင်မှာပေါ့ နင်က ကြားထဲက ကုြိပိတ်နေတယ် ဟိုက လိုက်မယ် မလိုက်ဘူး မပြောရေသေးဘူး ဒီနေ့ညနေသမီးလေးပိုးနဲ့တွေ့ရင် ပြောဖြစ်အောင်ပြောလိုက် ကြားလား"

အမိန့်တွေဇွတ်ပေးသွားတဲ့ မားသားမာမီကြီးသည် ဇင်ယော့်ရဲ့နောက်ထပ်အငြင်းစကားလေးကိုတောင် နားမထောင်တော့ဘဲ သူ့ပြောချင်တာတွေပြောပြီးထွက်သွားလေသည်။

သူ့ရဲ့ လက်ရှိ crush လို့ပဲပြောရမလား one side love ဖြစ်နေတဲ့ သူမကို ရွာခေါ်ဖို့က သူ့အတွက် နည်းနည်းမတင်မကျကြီးဖြစ်နေသည်။ တစ်ခြား ပျော်ဖို့ကောင်းတဲ့ လှပတဲ့ နိုင်ငံရပ်ခြားက
အလှအကတွေရှိရာနေရာမဟုတ်ဘဲ တောရွာလေးတစ်ရွာဆိုတော့
သိမ်ငယ်မိတယ်လို့ပဲ ပြောရမလား..နောက်ပြီး သူမလို ရွှေဇွန်းကိုက်ပြီး ကြီးပြက်းလာတဲ့သူမက ရွာဆိုတဲ့ နေရာကို လိုက်ချင်ပါ့မလား..

တစ်ဖက်မှာ သိမ်ငယ်စိတ်တွေရယ် အဆင်မပြေမှာစိုးတဲ့ စိတ်တွေရယ် ပူးပေါင်းပြီး မခေါ်ချင်ပေမယ့် သူမနဲ့အတူ ခရီးထွက်ရမယ်ဆိုတဲ့ တစ်ဖက်က ရင်ခုန်ကြည်နူးဖွယ်ရာ အရာလေးကို တွေးမိပြန်တော့လည်း စိတ်က သူမကို လိုက်စေချင်ပြန်သည်။
အာ..မသိတော့ဘူးကွာ..ခေါ်တော့ခေါ်လိုက်မယ်..လိုက်တာမလိုက်တာက သူမအပိုင်းပေါ့..ဒွိဟဖြစ်နေတဲ့စိတ်ကို ဒုံးဒုံးချကာ စိတ်ပိုင်းဖြတ်၍ ထမင်းအမြန်စားပြီး ကုမ္မဏီကိုသာ လာခဲ့လိုက်သည်။

...

သူမရဲ့တာဝန်ဝတ္တရားလို့ပဲပြောရမလား အလုပ်တစ်ခုလို့ပဲပြောရမလား လုပ်နေကျအလုပ်တစ်ခုပုံစံအတိုင်း ဇင်ယော်ရဲ့ ကုမ္မဏီရှေ့တွင် ရပ်စောင့်နေလိုက်သည်။ ခဏနေတော့ ကုမ္မဏီထဲက ထွက်လာတဲ့ ဇင်ယော်ဆိုတဲ့ကလေး..ပိုးကိုမြင်တော့ ပြုံးလိုက်တဲ့ သူ့ရဲ့အပြုံးကြောင့် ပိုးရင်ထဲမှာ ကြည်နူးမှုလှိုင်းလေး ခဏတာ ဖြတ်လို့ပြေးသွားသည်။

ထုံးစံအတိုင်း ကားထဲကို နှစ်ယောက်သားဝင်လိုက်ပြီး
တစ်နေရာသွားဖို့ ကားစက်နှိုးလိုက်သည်။ ဒီနေ့သွားမယ့်နေရာလေးကတော့ ကိုနဲ့သူ အမြဲတွေ့နေကျ စားသောက်ဆိုင်လေးပေါ့..
ဇင်ယော့်ကို ဘာလို့ ကိုနဲ့အတူ သွားခဲ့တဲ့နေရာတွေကို ခေါ်သွားလဲဆိုတာကတော့ သူနဲ့အတူရှိနေရင် ပိုးရင်ထဲမှာ ကိုဘေးနားမှာ ရှိနေတဲ့အတိုင်းပဲမို့ပါ..အစားထိုးတယ်လို့ပဲ ပြောပြော ထင်ချင်ရာထင်နေတယ်လို့ပဲ ပြောပြော သူနဲ့အတူရှိနေရရင်ကို ပိုးအတွက် ခံစားချက်တွေက ပေါ့ပါးနေသည်။

"တို့ကို ပြောစရာရှိလို့လား "

လမ်းတစ်လျှောက်လုံး ပိုးကို လှည့်ကြည့် လှည့်ကြည့် ကြည့်နေတဲ့ ဇင်ယော်ကြောင့် စားသောက်ဆိုင်ရောက်တော့ အစားအစာမှာထားပြိးနောက် သူ့ကို မေးလိုက်တော့ လည်ပင်းလေးကို ကုတ်ကာ မရဲတရဲပုံစံလေးနဲ့...

"ဟိုလေ နောက်အပတ်ဆို ကျွန်တော်တို့ ရွာပြန်မလို့ အဲ့တာ မေမေက လိုက်ခဲ့မလားလို့ မေးခိုင်းလိုက်တာ "

အခုချိန်ထိ တစ်ယောက်နဲ့တစ်ယောက် အခေါ်အဝေါ်တောင် မသတ်မှတ်ရသေးတဲ့အချိန်မှာ ခရီးအတူလိုက်မလားလို့ မေးရတာ နည်းနည်းတော့ ကသိကအောက်နိုင်လှသည်။

"ဟို တစ်မျိုးမထင်ပါနဲ့ မလိုက်ချင်လည်း ငြင်းလို့ရပါတယ် ဒီက အလုပ်များတဲ့သူဆိုတော့ ဟိုမှာကျ အေးချမ်းတော့ ခဏလောက်စိတ်အပန်းဖြေတဲ့သဘောအနေနဲ့ မေးတာပါ ငြင်းချင်ရင်လည်း မအားနာပါနဲ့ဗျ "

တစ်ယောက်ထဲမေး တစ်ယောက်ထဲ ဇွတ်ပြန်ဖြေရှင်းနေတဲ့ ဇင်ယော့်ကို ကြည့်ပြီး ပိုးစိတ်ထဲမှာ ရယ်ချင်မိသွားသည်။ အရင်က စာရိတ္တမကောင်းတဲ့သူ လို့ ထင်ခဲ့ပေမယ့် သူနဲ့အချိန်ကြာကြာအတူတူ ရှိလာတော့မှ သူဟာ အတော်ကို ရိုးသားတဲ့သူမှန်း ပိုးသိလာရသည်။
နောက်ပြီး အခုကိစ္စမှာလည်း သူ့ဘက်က လိုက်စေချက်တဲ့အရိပ်အယောင်လေးမြင်ရတော့ မ ေန့ကလည်း အမေက ပြောထားတဲ့ကိစ္စနဲ့လည်း တူနေပြန်တော့ ပိုးဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

"အင်းလေ တို့လည်း အခုရက်ပိုင်း စိတ်ပင်ပန်းနေတော့ ခဏလောက်အေးချမ်းတဲ့နေရာက်ို ခရီးထွက်ဖို့ စီစဥ်ထားတာ အခုတော့ အတော်ပဲ ဖြစ်သွားတာပေါ့ "

ဒီခံစားချက်ကို ဘယ်လိုပြောရမလဲ... ဆယ်တန်းအောင်စာရင်းထွက်တုန်းက ရင်ခုန်ရသလိုမျိုးပေါ့..နာမည်ဘုတ်မှာ ကိုယ့်နာမည်ပါလာဖို့ ဆုတောင်းခဲ့ပြီး နာမည်လည်းပါရော ဝမ်းသာမိတဲ့ခံစားချက်မျိုးပေါ့..သူမသာလက်ခံခဲ့ရင် ပျော်ရလိမ့်မယ်လို့ တွေးခဲ့ပေမယ့် အခုလောက်ထိ ပျော်ပြီးရင်ထဲထိပါ လှိုက်လှိုက်ပြီး ကြည်နူးရလိမ့်မယ်လို့ မထင်ထားခဲ့..

မမျှော်လင့်ထားတဲ့ခရီးလေးမှာ မမျှော်လင့်ထားတဲ့ လူတစ်ယောက်နဲ့အတူ သွားရမှာမို့ အထူးအဆန်းလေးတွေဖြစ်ပျက်မှာလားဆိုတာကတော့.....ကံ ကြမ္မာ ပဲပေါ့...

#အေးချမ်းညိမ်း

ရေးပြီးပြီးချင်းလေးလာတင်လိုက်တာ..... နောက်တစ်ပိုင်းကိုတော့
နောက်လေးရက်ငါးရက်လောက်ကြာမယ်ထင်တယ်.. အတိအကျတော့မပြောရဲသေးဘူး အားလို့ရေးဖြစ်တယ်ဆိုရင် လာတင်ပေးပါ့မယ်နော် 😁😁

Zawgi

အပိုင္း ၁၄

"ဟဲ့ ဟိုမွာ နင့္ရဲ႕ အခ်ိန္မွန္ ေလဒီေလးလာၿပီ "

ကုမၼဏီေရွ႕တြင္ ကားရပ္ထားၿပီး ကားအားမွီကာ မ်က္မွန္ဝိုင္းေလးတပ္ကာ ဇင္ေယာ္တို႔ဘက္ကို ၾကည့္ေနတဲ့ ဝင့္လႊာေျပာသလို
အခုတေလာ ဇင္ေယာ့္႐ုံးဆင္းခ်ိန္တိုင္းေရာက္ေရာက္လာတဲ့
အခ်ိန္မွန္ေနတဲ့ မပိုးသဒ္ဒါမင်း...
ဝင့္လႊာကေတာ့ ၿပဳံးစစျဖင့္ ဇင္ေယာ့္ကို မ်က္ခုံးေတြပါ လႈပ္ျပၿပီး
လက္ျပႏႈတ္ဆက္သြားေလသည္။

ဇင္ေယာ့္ကို ၾကည့္မရေနခဲ့ၿပီးမွ အခုက် ရည္းစားလိုလို သူငယ္ခ်င္းလိုလို မတင္မက်ျဖစ္ေနတဲ့ ဒီအေျခအေနႀကီးကို ဇင္ေယာ္ဘယ္လိုေျပာရပါ့..ကိုယ့္ဆိုင္ကယ္နဲ႕ကိုယ္ ႐ုံးသြား႐ုံးျပန္လုပ္ေနခါမွ ေမေမရဲ႕ဘာစိတ္ကူးေပါက္လို႔ ေျပာမွန္းမသိတဲ့ သမီးပိုးေလးနဲ႕အတူတူ
လိုက္သြား ဆိုတဲ့ စကားေၾကာင့္ ဇင္ေယာ့္ရဲ႕ မနက္နဲ႕ညေန႐ုံးဆင္းတိုင္း သူမနဲ႕အတူ ေတြ႕ရတတ္သည္။

႐ုံးသြားခ်ိန္ေတာ့ ကိုယ့္ကုမၼဏီကို ကိုယ္သြားေတာ့ စကားမေျပာျဖစ္ေပ..ဒါေပမယ့္ ႐ုံးဆင္းခ်ိန္ေရာက္တိုင္း ဇင္ေယာ့္ကို Peace ဆိုတဲ့စားေသာက္ဆိုင္ျဖစ္ျဖစ္ မေနာ္ဟရီ ကစားကြင္းထဲက ပန္းၿခံကို ျဖစ္ျဖစ္ ကန္ေတာ္ႀကီးကို ျဖစ္ျဖစ္ က်ဳံးေဘးကို ျဖစ္ျဖစ္ေခၚသြားတတ္သည္။

ထိုေနရာေတြကို အရင္ကေရာက္ေနၾကျဖစ္ေပမယ့္ သူမနဲ႕အတူ သြားရေတာ့ ခံစားရတာ တစ္ကယ့္ကို တစ္မ်ိဳးႀကီး..လြမ္းသလိုလို ေဆြးသလိုလိုျဖင့္...တစ္ခါတစ္ေလ ေဘးခ်င္းကပ္ထိုင္ေနရေပမယ့္လည္း ေဝးကြာေနရသလိုမ်ိဳး ႏွလုံးသားက ခံစားရျပန္သည္။

ဘယ္ေနရာကို သြားသြား ႏွစ္ေယာက္အတူထိုင္ၿပီးရင္ ဘာစကားမွမေျပာဘဲ ႏွစ္ေယာက္သားအတူထိုင္ တစ္ခါတစ္ေလေတာ့ တစ္ေန႕တာေတြ႕ႀကဳံခဲ့ရတဲ့ အခက္အခက္အခဲေတြထဲက ထူးဆန္းတာေတလးေတြေျပာျဖစ္ၾကသည္။ ဒါေပမယ့္ အမ်ားအားျဖင့္ေတာ့ လမ္းအတူေလွ်ာက္ အတူထိုင္ၿပီး တစ္ေနရာရာကို ေငးေနေလ့သာမ်ားသည္။

ဒီေန႕ေတာ့ မေနာ္ဟရီ ပန္းၿခံ ဘက္ေရာက္ျဖစ္ၾကသည္။ ထုံးစံအတိုင္း ႏွစ္ေယာက္အတူတူ ထိုင္ခုံမွာထိုင္ရင္း သူမဘက္က စေျပာလာခဲ့သည္။

"ဒီေနရာက ကို႔ကို ပထမဆုံးအေျဖေပးခဲ့တဲ့ေနရာေလ "

ဒါသူမဘက္က စၿပီး သူမ၏ ခ်စ္သူ ဇင္ေယာ့္ရဲ႕အသက္သခင္ေက်းဇူးရွင္ ကိုမင္းနႏၵာနဲ႕ပတ္သတ္ၿပီးေျပာတဲ့စကား....
ဇင္ေယာ့္ကို ေခၚသြားတဲ့ေနရာေတြက သူနဲ႕ကိုမင္းနႏၵာတို႔ရဲ႕ အမွတ္တရရွိတဲ့ေနရာေတြဆိုတာ ခန့္မွန္းမိေပမယ့္လည္း ဒီလိုမ်ိဳး ထုတ္ေျပာလာေတာ့ ခံစားရတာ ေအာင့္သက္သက္ျဖင့္..တစ္ခုခုကို အစားထိုးခံလိုက္ရသလိုမ်ိဳးေပါ့..

"အဲ့တုန္းက ကို အရမ္းေပ်ာ္ေနခဲ့တာ တစ္ခါမွမျမင္ဖူးတဲ့ အၿပဳံးမ်ိဳး အေပ်ာ္မ်ိဳးနဲ႕ျမင္ခဲ့ရတာ "

ပန္းၿခံမ်က္ႏွာေရွ႕ကွိ လမ္းမဘက္ကို ေငးကာ ေျပာေနတဲ့သူမ၏ ပုံစံဟာ အတိတ္က အမွတ္တရ ကို ခံစားၿပီး ေဆြးကာေျပာေနေၾကာင္း သူမရဲ႕ ေလသံက သက္ေသျပေနသည္။
ဇင္ေယာ္ဘက္က ဘာမွေျပာစရာမရွိေပမယ့္ ဆုံးရႈံးလိုက္ရသလိုခံစားရသည္ကို သူမသိေအာင္ ေျပာျပခ်င္သည္။ ဒါေပမယ့္ သူမနဲ႕ ကိုယ္ဟာ သတ္မွတ္လို႔မရတဲ့အေျခအေနတစ္ခု စည္းတစ္ခုအတြင္းမွာရွိေနခဲ့သည္ မဟုတ္လား...

"ဟင္ "

ကိုယ့္ခံစားခ်က္နဲ႕ကိုယ္ ေတြးေနတုန္း ပုခုံးေပၚကို က်ေရာက္လာတဲ့ သူမဆီက အၿမဲရေနက် ေခါင္းေလွ်ာ္ရည္အနံ႕ေလးနဲ႕အတူ သူမ၏ ေခါင္းေလး...ပုခုံးေပၚမွာ မွီရင္း ဇင္ေယာ္ရဲ႕ ရင္ဘတ္ဆီ မ်က္ႏွာအပ္လိုက္ေလသည္။ ထို႔ေနာက္ တိုးေဝွ႕လိုက္တဲ့ ရင္ခြင္ထဲက သူမဟာ ဇင္ေယာ့္ရဲ႕ ရင္ဘတ္ အတိအက်ေျပာရရင္ သူမရဲ႕ ခ်စ္သူ ႏွလုံးသားတည္ရွိရာ ႏွလုံး တည့္တည့္အား နားကပ္၍ ႏွလုံးခုန္သံကို နားစြင့္ေနသေယာင္...

"ပင္ပန္းလို႔ တို႔ဒီအတိုင္းေလး ခဏေလာက္ေနပါရေစ "

သူမဘက္ကေတာ့ သူမ၏ ခ်စ္သူကို လြမ္းလြန္းလို႔ သူမခ်စ္သူ၏ တစ္ခုတည္းေသာ ခ်န္ထားခဲ့ရာ အစိတ္အပိုင္းေလး၏ ရင္ခုန္သံ
ကို နားဆင္တာျဖစ္ေပမယ့္ ယခုခုန္ေနတဲ့ ရင္ခုန္သံဟာ
ဇင္ေယာ့္ရဲ႕ စိတ္ ဇင္ေယာ့္ရဲ႕ အေသြးအသား ေၾကာင့္ ျဖစ္ေပၚလာခဲ့တယ္ဆိုတာ သူမမ်ားသိရင္ ဆက္နားဆင္ပါ့မလား...

.....

"အဲ့ေတာ့ နင္က သူ႕ကို ႀကိဳက္ေနတာလား "

မေန႕က လစာထုတ္ရက္ျဖစ္ၿပီး ဒီေန႕က ႐ုံးပိတ္ရက္ျဖစ္တာေၾကာင့္ ဒီေန႕သူငယ္ခ်င္းေတြ အကုန္လုံး စုၾကၿပီး စားေသာက္ဆိုင္မွာ စားေနၾကျခင္းျဖစ္သည္။ တစ္လမွ တစ္ခါေလာက္သာ ဆုံျဖစ္ၾကတာမို႔
တစ္ေယာက္အေၾကာင္း တစ္ေယာက္ ရင္ဖြင့္ၾကရင္း အခု အလွည့္က်တာေတာ့ ဇင္ေယာ္ပင္..အခုတေလာ ဘာမွန္းမသိတဲ့ ရင္ခုန္သံနဲ႕
ခံစားေနရတဲ့ ခံစားခ်က္တို႔ကို သူငယ္ခ်င္းေတြကို ေျပာျပေတာ့ ထင္ျမင္ခ်က္ေတြက တစ္ေယာက္တစ္ေပါက္ ထြက္လာၾကသည္။
ဒါေပမယ့္ အားလုံး ရဲ႕  ဆိုလိုရင္း အဓိပ္ပါယ်က တစ္ခုတည္း..

"ငါလည္း မသိဘူးဟာ အမွန္တိုင္းေျပာရရင္ အရင္ သူ႕ကုမၼဏီမွာ လုပ္တုန္းက ဘယ္လိုမွမခံစားရဘူး အခုေနာက္က်ေတာ့ သူနဲ႕ေတြ႕ပါမ်ားလို႔လားမသိဘူး သူ႕ကို မျမင္ရရင္ မေနတတ္ေတာ့ဘူး အထူးသျဖင့္ အခုေနာက္ပိုင္း ပိုဆိုးတယ္ သူ႕မ်က္ႏွာကို ပဲ အၿမဲျမင္ေယာင္ေနသလိုပဲ "

"wow. .တို႔ငွက္ႀကီးေတာ့ အခ်စ္မွာ က်ရႈံးသြားၿပီပဲ ေဆးမမွီေတာ့ဘူး ဂုဏ္ယူပါတယ္ငါ့ေကာင္ အခ်စ္ကို ရွာေဖြေတြ႕ရွိသြားလို႔  "

စပ္ၿဖဲၿဖဲမ်က္ႏွာနဲ႕ ဂုဏ္ယူေၾကာင္းလာေျပာေနတဲ့ ေဝယံအား မ်က္ေစာင္းတစ္ခ်က္ေလာက္ ပစ္ေကြၽးလိုက္မွ မ်က္ႏွာပိုးေသ သြားသည္။

"အဲ့လိုလည္း မဟုတ္ဘူးဟ ငါသူ႕ကို ခ်စ္ေနတယ္လို႔မထင္ဘူးဟာ
ဒီတိုင္း ေတွ့ပါများလို့ စြဲလမ္းေနတယ္လို႔ပဲ ထင္တယ္ "

"မဟုတ္ဘူး ဇင္ေယာ္ အဲ့တာ အခ်စ္ပဲ နင္က အခ်စ္ကို တစ္ခါမွ မေတြ႕ႀကဳံဖူးေတာ့ အခ်စ္ကို အခ်စ္မွန္း မသိတာ နင္သာ အဲ့လိုေတြ႕ပါမ်ားလို႔ စြဲလမ္းေၾကးဆို ငါတို႔ေလးေယာက္ကိုလည္း နင္စြဲလမ္းေနမွာေပါ့  "

အဲ..ဝင့္လႊာေျပာတာလည္း ဟုတ္သား..သူအခုမွ စဥ္းစားမိသည္။
သူတစ္ခ်ိန္လုံး ျငင္းေနတဲ့ အခ်စ္ဆိုတဲ့အရာ သူလက္မခံခ်င္တဲ့အရာက သူ႕သူငယ္ခ်င္းေတြေျပာသလို သူ႕ဆီကို ေရာက္ရွိ ေနၿပီလား....ဇင္ေယာ့္ရဲ႕အေတြးေတြဆက္မခ်ဲ့မိေစဖို႔ သူငယ္ခ်င္းေတြက ဒီအေၾကာင္းအရာကို ဆက္မေျပာေတာ့ဘဲ တစ္ျခားစကားလမ္းေၾကာင္းကို လႊဲပစ္လိုက္ေတာ့သည္။

....

"သမီး အဆင္ေျပရဲ႕လား "

ဧည့္ခန္းထဲက စားပြဲေပၚတြင္ အလုပ္လုပ္ေနတဲ့ပိုးအနားလာကာ
ေမးေနတဲ့ေမေမ့ရဲ႕စကားသံတြင္ အဓိပ္ပါယ်များစွာပါလို့နေသည်။
ဒါပေမယ့်ထိုအဓိပ္ပါယ်များစွာကိုလည်း ပိုးသိပါသည္။

"ဟုတ္ အဆင္ေျပပါတယ္ ေမေမ အရင္က လူမဟုတ္ေတာ့ေပမယ့္လို႔ေပၚ့"

ခ်စ္ရသူေသဆုံးသြားလို႔ စက္႐ုပ္တစ္႐ုပ္လိုျဖစ္ေနတဲ့
သမီးေလးဟာ သူ႕ခ်စ္သူ၏ ႏွလုံးအစားထိုးထားတဲ့ ကေလးအေပၚ
ခ်စ္ဖို႔ႀကိဳးစားေနတာ မသင့္ေတာ္မွန္း သူသိပါေသာ္လည္း မတားမိေပ....သမီးေလးရဲ႕ အခ်စ္ႀကီးလြန္းတဲ့ စိတ္ကို သူသိတာေၾကာင့္လည္း ပါသည္။ ဒါေပမယ့္ အရင္ခ်စ္ရသူကို ခ်စ္ျမတ္လြန္းလို႔
သူ႕ရဲ႕ ႏွလုံးသားရွိရာ ဟိုကေလးမေလးကို အစားထိုးခ်စ္လိုက္ဖို႔ဆိုတာ လြယ္တဲ့ကိစၥမဟုတ္ေပ..ႏွစ္ေယာက္လုံး တကယ္ခ်စ္သြားရင္ကိစၥမရွိေပမယ့္ ဟိုကေလးေလးဘက္က သမီးေလးအေပၚ တကယ္အခ်စ္စစ္ႏွင့္ ခ်စ္မိသြားၿပီးမွ သမီးေလးက အရင္က လူကို မေမ့နိုင္ပဲ ထိုကေလးမေလးကို ျပန္မခ်စ္နိုင္ရင္သာ ဒုကၡ..

အေမတစ္ေယာက္မို႔ သမီးရဲ႕ စိတ္ေနသေဘာထား ဘာက ဘယ္လိုဆိုတာ သူသိတာေပါ့..ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ ဘယ္အရာမွ အစားမထိုးတာ အေကာင္းဆုံးပဲ...အစားထိုးခဲ့ရင္ အစားထိုးခံလိုက္ရတဲ့သူေရာ အစားထိုးတဲ့သူေရာ ႏွစ္ဦးႏွစ္ဖက္လုံး နာက်င္ ရမွာေသခ်ာေပါက္ပင္..ေနာက္ၿပီး ထိုသို႔အခ်စ္ မ်ိဳးမွ ဘယ္ေတာ့မွ ေပါင္းစပ္ရမွာ မဟုတ္လို႔ေပ..

"ေမေမ ဘာေတြသက္ျပင္းခ်ေနတာ "

"ဘာမွမဟုတ္ပါဘူးသမီးရယ္ သမီးေလး စိတ္ညစ္ေနရတာကို စိတ္မေကာင္းလို႔ပါ "

"ေမေမရယ္ သမီးဘာမွ စိတ္ညစ္စရာမရွိပါဘူး စိတ္ညစ္စရာကိစၥလည္း မရွိဘူး အေမ့သမီး စိတ္ထဲ ေနရတာေပ်ာ္ပါတယ္ ဒါေၾကာင့္ဘာမွမေတြးပါနဲ႕ေနာ္ "

သူ႕အတြက္စိတ္ပူေနရတာေၾကာင့္ မ်က္ႏွာေလးညိုးေနရွာတဲ့ အေမ့ရဲ႕လက္ေမာင္းအား ဖက္ကာ လက္ေမာင္းေပၚ ေခါင္းေလးမွီ၍ စိတ္မပူေစဖို႔ ပိုးရဲ႕မ်က္ႏွာေပၚ အၿပဳံးတုမ်ားဖန္ဆင္းကာ ၿပဳံးျပလိုက္သည္။

"တစ္ေန႕ တစ္ေန႕ ကုမၼဏီနဲ႕အလုပ္ အလုပ္နဲ႕ကုမၼဏီ လုံးခ်ာပတ္ခ်ာရိုက္ေနတဲ့ သမီးကို ခဏေလာက္အနားယူေစခ်င္ၿပီ ဒီတိုင္း အိမ္မွာနားတာပဲ ျဖစ္ျဖစ္ ခရီးေလးတစ္ခုခုပဲ ျဖစ္ျဖစ္ထြက္ပါလား စိတ္ထြက္ေပါက္အေနနဲ႕ေပါ့ "

"ဟုတ္ေမေမ ကုမၼဏီက အလုပ္ကိစၥေတြပါးတဲ့အခါက် သမီးနားလိုက္ပါ့မယ္ "

ေမေမ့ရဲ႕မိခင္ေသာက ေၾကာင့္ ပိုး အနားမယူခ်င္ေပမယ့္လည္း
အနားယူပါမည္ဟု ေျပာလိုက္ရသည္။ အဓိက က ေမေမစိတ္ခ်မ္းသာဖို႔ပဲမလား..

...
"ေနာက္အပတ္က်ရင္ ႐ြာသြားရေအာင္ ဇင္ေယာ္ အေမေဆး႐ုံကေန တစ္ပတ္ခြင့္ယူထားတယ္ သမီးလည္း ေနာက္အပတ္ ကုမ္မဏီကုိ ခြင့္ယူဖို႔ ေျပာထားအုန္း "

႐ြာဆိုတဲ့ စကားေၾကာင့္ ဇင္ေယာ္တို႔ မနက္စာငုံ႕စားေနရာမွ ေခါင္းေထာင္လာေလၿပီ...ထို႔အတူ စိတ္ထဲမွာလည္း ပီတိေတြအျဖာျဖာႏွင့္.. ႐ြာဆိုသည္မွာ သူ၏ ေမြးရပ္ေျမ...ေမေမ့ရဲ႕ မိဘေတြေခါင္းခ်ခဒ့ရာေနရာလည္း ျဖစ္သည္။ အသက္ေလးႏွစ္ကတည္းက ၿမိဳ႕ေပၚေရာက္လာခဲ့ေပမယ့္ ခဏခဏ အလည္သြားျဖစ္သလို ဇင္ေယာ္သည္လည္း ၿမိဳ႕ထက္ ႐ြာကို ပိုႏွစ္သက္၏...

ေအးခ်မ္းလွတဲ့ သူ႕ရဲ႕ေမြးရပ္ေျမေတာ႐ြာေလးကို မေရာက္ျဖစ္တာ
သုံးႏွစ္ေက်ာ္ၿပီမို႔ ယခုေမေမအားတဲ့အခ်ိန္နဲ႕တိုးေတာ့ ဇင္ေယာ္လည္း အလုပ္မအားေပမယ့္ သြားခ်င္လွသည္။

"ေအာ္ ေနာက္ၿပီး သမီးေလးပိုးကိုလည္း ေခၚၾကည့္ပါလား သူလိုက္ခ်င္လိုက္လို႔ရေအာင္ေပါ့ "

႐ြာသြားရမွာမို႔ ေပ်ာ္ေနတုန္း ေမေမ့ရဲ႕ေနာက္ထပ္စကားေၾကာင့္
ဇင္ေယာ္မွာ အေပ်ာ္ေတြ နင္သြားရသည္။

"ေမေမကလည္း သူက ကုမၼဏီပိုင္ရွင္ေလ အားပါ့မလား ေနာက္ၿပီး ႐ြာမွာ ေနတတ္မယ္မထင္ဘူး "

"ဪ..ဇင္ေယာ္ရယ္ သူလည္း တစ္ခါတစ္ေလ ေအးခ်မ္းတဲ့ေနရာေလး ေရာက္ဖူးခ်င္ရင္ ေရာက္ဖူးခ်င္မွာေပါ့ နင္က ၾကားထဲက ကုြိပိတ်နေတယ် ဟိုက လိုက္မယ္ မလိုက္ဘူး မေျပာေရေသးဘူး ဒီေန႕ညေနသမီးေလးပိုးနဲ႕ေတြ႕ရင္ ေျပာျဖစ္ေအာင္ေျပာလိုက္ ၾကားလား"

အမိန့္ေတြဇြတ္ေပးသြားတဲ့ မားသားမာမီႀကီးသည္ ဇင္ေယာ့္ရဲ႕ေနာက္ထပ္အျငင္းစကားေလးကိုေတာင္ နားမေထာင္ေတာ့ဘဲ သူ႕ေျပာခ်င္တာေတြေျပာၿပီးထြက္သြားေလသည္။

သူ႕ရဲ႕ လက္ရွိ crush လို႔ပဲေျပာရမလား one side love ျဖစ္ေနတဲ့ သူမကို ႐ြာေခၚဖို႔က သူ႕အတြက္ နည္းနည္းမတင္မက်ႀကီးျဖစ္ေနသည္။ တစ္ျခား ေပ်ာ္ဖို႔ေကာင္းတဲ့ လွပတဲ့ နိုင္ငံရပ္ျခားက
အလွအကေတြရွိရာေနရာမဟုတ္ဘဲ ေတာ႐ြာေလးတစ္႐ြာဆိုေတာ့
သိမ္ငယ္မိတယ္လို႔ပဲ ေျပာရမလား..ေနာက္ၿပီး သူမလို ေ႐ႊဇြန္းကိုက္ၿပီး ႀကီးျပက္းလာတဲ့သူမက ႐ြာဆိုတဲ့ ေနရာကို လိုက္ခ်င္ပါ့မလား..

တစ္ဖက္မွာ သိမ္ငယ္စိတ္ေတြရယ္ အဆင္မေျပမွာစိုးတဲ့ စိတ္ေတြရယ္ ပူးေပါင္းၿပီး မေခၚခ်င္ေပမယ့္ သူမနဲ႕အတူ ခရီးထြက္ရမယ္ဆိုတဲ့ တစ္ဖက္က ရင္ခုန္ၾကည္ႏူးဖြယ္ရာ အရာေလးကို ေတြးမိျပန္ေတာ့လည္း စိတ္က သူမကို လိုက္ေစခ်င္ျပန္သည္။
အာ..မသိေတာ့ဘူးကြာ..ေခၚေတာ့ေခၚလိုက္မယ္..လိုက္တာမလိုက္တာက သူမအပိုင္းေပါ့..ဒြိဟျဖစ္ေနတဲ့စိတ္ကို ဒုံးဒုံးခ်ကာ စိတ္ပိုင္းျဖတ္၍ ထမင္းအျမန္စားၿပီး ကုမၼဏီကိုသာ လာခဲ့လိုက္သည္။

...

သူမရဲ႕တာဝန္ဝတၱရားလို႔ပဲေျပာရမလား အလုပ္တစ္ခုလို႔ပဲေျပာရမလား လုပ္ေနက်အလုပ္တစ္ခုပုံစံအတိုင္း ဇင္ေယာ္ရဲ႕ ကုမၼဏီေရွ႕တြင္ ရပ္ေစာင့္ေနလိုက္သည္။ ခဏေနေတာ့ ကုမၼဏီထဲက ထြက္လာတဲ့ ဇင္ေယာ္ဆိုတဲ့ကေလး..ပိုးကိုျမင္ေတာ့ ၿပဳံးလိုက္တဲ့ သူ႕ရဲ႕အၿပဳံးေၾကာင့္ ပိုးရင္ထဲမွာ ၾကည္ႏူးမႈလွိုင္းေလး ခဏတာ ျဖတ္လို႔ေျပးသြားသည္။

ထုံးစံအတိုင္း ကားထဲကို ႏွစ္ေယာက္သားဝင္လိုက္ၿပီး
တစ္ေနရာသြားဖို႔ ကားစက္ႏွိုးလိုက္သည္။ ဒီေန႕သြားမယ့္ေနရာေလးကေတာ့ ကိုနဲ႕သူ အၿမဲေတြ႕ေနက် စားေသာက္ဆိုင္ေလးေပါ့..
ဇင္ေယာ့္ကို ဘာလို႔ ကိုနဲ႕အတူ သြားခဲ့တဲ့ေနရာေတြကို ေခၚသြားလဲဆိုတာကေတာ့ သူနဲ႕အတူရွိေနရင္ ပိုးရင္ထဲမွာ ကိုေဘးနားမွာ ရွိေနတဲ့အတိုင္းပဲမို႔ပါ..အစားထိုးတယ္လို႔ပဲ ေျပာေျပာ ထင္ခ်င္ရာထင္ေနတယ္လို႔ပဲ ေျပာေျပာ သူနဲ႕အတူရွိေနရရင္ကို ပိုးအတြက္ ခံစားခ်က္ေတြက ေပါ့ပါးေနသည္။

"တို႔ကို ေျပာစရာရွိလို႔လား "

လမ္းတစ္ေလွ်ာက္လုံး ပိုးကို လွည့္ၾကည့္ လွည့္ၾကည့္ ၾကည့္ေနတဲ့ ဇင္ေယာ္ေၾကာင့္ စားေသာက္ဆိုင္ေရာက္ေတာ့ အစားအစာမွာထားၿပိးေနာက္ သူ႕ကို ေမးလိုက္ေတာ့ လည္ပင္းေလးကို ကုတ္ကာ မရဲတရဲပုံစံေလးနဲ႕...

"ဟိုေလ ေနာက္အပတ္ဆို ကြၽန္ေတာ္တို႔ ႐ြာျပန္မလို႔ အဲ့တာ ေမေမက လိုက္ခဲ့မလားလို႔ ေမးခိုင္းလိုက္တာ "

အခုခ်ိန္ထိ တစ္ေယာက္နဲ႕တစ္ေယာက္ အေခၚအေဝၚေတာင္ မသတ္မွတ္ရေသးတဲ့အခ်ိန္မွာ ခရီးအတူလိုက္မလားလို႔ ေမးရတာ နည္းနည္းေတာ့ ကသိကေအာက္နိုင္လွသည္။

"ဟို တစ္မ်ိဳးမထင္ပါနဲ႕ မလိုက္ခ်င္လည္း ျငင္းလို႔ရပါတယ္ ဒီက အလုပ္မ်ားတဲ့သူဆိုေတာ့ ဟိုမွာက် ေအးခ်မ္းေတာ့ ခဏေလာက္စိတ္အပန္းေျဖတဲ့သေဘာအေနနဲ႕ ေမးတာပါ ျငင္းခ်င္ရင္လည္း မအားနာပါနဲ႕ဗ် "

တစ္ေယာက္ထဲေမး တစ္ေယာက္ထဲ ဇြတ္ျပန္ေျဖရွင္းေနတဲ့ ဇင္ေယာ့္ကို ၾကည့္ၿပီး ပိုးစိတ္ထဲမွာ ရယ္ခ်င္မိသြားသည္။ အရင္က စာရိတၱမေကာင္းတဲ့သူ လို႔ ထင္ခဲ့ေပမယ့္ သူနဲ႕အခ်ိန္ၾကာၾကာအတူတူ ရွိလာေတာ့မွ သူဟာ အေတာ္ကို ရိုးသားတဲ့သူမွန္း ပိုးသိလာရသည္။
ေနာက္ၿပီး အခုကိစၥမွာလည္း သူ႕ဘက္က လိုက္ေစခ်က္တဲ့အရိပ္အေယာင္ေလးျမင္ရေတာ့ မ ေန့ကလည်း အေမက ေျပာထားတဲ့ကိစၥနဲ႕လည္း တူေနျပန္ေတာ့ ပိုးဆုံးျဖတ္ခ်က္တစ္ခု ခ်လိဳက္သည္။

"အင္းေလ တို႔လည္း အခုရက္ပိုင္း စိတ္ပင္ပန္းေနေတာ့ ခဏလောက်အေးချမ်းတဲ့နေရာက်ို ခရီးထြက္ဖို႔ စီစဥ္ထားတာ အခုေတာ့ အေတာ္ပဲ ျဖစ္သြားတာေပါ့ "

ဒီခံစားခ်က္ကို ဘယ္လိုေျပာရမလဲ... ဆယ္တန္းေအာင္စာရင္းထြက္တုန္းက ရင္ခုန္ရသလိုမ်ိဳးေပါ့..နာမည္ဘုတ္မွာ ကိုယ့္နာမည္ပါလာဖို႔ ဆုေတာင္းခဲ့ၿပီး နာမည္လည္းပါေရာ ဝမ္းသာမိတဲ့ခံစားခ်က္မ်ိဳးေပါ့..သူမသာလက္ခံခဲ့ရင္ ေပ်ာ္ရလိမ့္မယ္လို႔ ေတြးခဲ့ေပမယ့္ အခုေလာက္ထိ ေပ်ာ္ၿပီးရင္ထဲထိပါ လွိုက္လွိုက္ၿပီး ၾကည္ႏူးရလိမ့္မယ္လို႔ မထင္ထားခဲ့..

မေမွ်ာ္လင့္ထားတဲ့ခရီးေလးမွာ မေမွ်ာ္လင့္ထားတဲ့ လူတစ္ေယာက္နဲ႕အတူ သြားရမွာမို႔ အထူးအဆန္းေလးေတြျဖစ္ပ်က္မွာလားဆိုတာကေတာ့.....ကံ ၾကမၼာ ပဲေပါ့...

#ေအးခ်မ္းညိမ္း

ေရးၿပီးၿပီးခ်င္းေလးလာတင္လိုက္တာ..... ေနာက္တစ္ပိုင္းကိုေတာ့
ေနာက္ေလးရက္ငါးရက္ေလာက္ၾကာမယ္ထင္တယ္.. အတိအက်ေတာ့မေျပာရဲေသးဘူး အားလို႔ေရးျဖစ္တယ္ဆိုရင္ လာတင္ေပးပါ့မယ္ေနာ္ 😁😁

Продолжить чтение

Вам также понравится

270K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
342K 35.6K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
492K 11.8K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
351K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်