Start with Heart And End with...
By frozenmanobannca
126K 10.2K 1.5K
နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်... More
Intro
1 💞
2 💞
3 💞
4 💞
5 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
19 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
26 💞
27 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞
6 💞
2.4K 216 47
By frozenmanobannca
အပိုင်း ၆
ဘာလိုလိုနဲ့ ဇင်ယော်အလုပ်ဝင်တာ တစ်လတောင်ပြည့်သွားခဲ့လေပြီ..ထိုတစ်လအတွင်း မိတ်ဆွေဆိုလို့ ကိုစိုင်း တစ်ယောက်ထဲသာရခဲ့ရသည်။ ကျန်တဲ့သူတွေကတော့ ကိုယ့်ကို စကားတောင်မပြောမဖြစ်လို့ ပြောရတဲ့ပုံစံမျိုး နှင့်..ပထမ ပြသာနာက အဲ့လောက်သိပ်မကြီးပေမယ့် ဒီဇိုင်းကိစ္စမှာ ဇင်ယော်အရွေးခံလိုက်ရတာက တော်တော်လေး ပြသာနာကြီးသွားသလ်ိုဖြစ်သွားလေသည်။
အထူးသဖြင့် Supervisor ပေါ့.. တကယ်လို့ ဇင်ယော်သာ ဒီကုမ္မဏီမှာ  မရှိခဲ့ရင် သူ့ဒီဇိုင်းက အရွေးချယ်အခံနိုင်ဆုံးနဲ့ သူသာအရွေးခံရရင် ရာထူးကသေချာပေါက်တိုးမှာမို့လို့ပင်..အဲ့တော့ ဇင်ယော့်ကြောင့် သူ့အလုပ်ကိစ္စတွေ ဆုံးရှုံးသွားသလိုဖြစ်တော့ ဇင်ယော့်ကို ဘယ်လိုမှ အမြင်မကြည်တော့..Supervisor အမြင်မကြည်တဲ့သူဆိုလျှင် ကျန်တဲ့သူတွေကပါ အမြင်မကြည်ကြတာ သိပ်မဆန်းပါဘူး..ကိူယ်ရာထူးတို့ဖို့က အဓိက Supervisor ထောက်ခံပေးမှ ဖြစ်တာလေ ဒါကြောင့် အစကတည်းက နာမည်ဆိုးနေတဲ့ ဇင်ယော့်ကို Supervisor ကပါ ထပ်မကြည်တော့ ဘယ်သူမှ မပေါင်းချင်ကြတော့တာ သိပ်မထူးဆန်းပါဘူးး..
ဒီဇိုင်းရွေးခံရတာကြောင့် လစာ ထုတ်လာတော့ ဘောနပ်စ် အဖြစ်
၁၀ သိန်းက အပိုပါလာလေသည်။ လစာနဲ့ဆို စုစုပေါင်း ၁၆ သိန်းမို့
ဇင်ယော်တစ်ယောက် အပျော်ကြီး ပျော်နေပြီလေ..ဒါကြောင့် လူတိုင်းက ဒီကုမ္မဏီမှာ အလုပ်ဝင်ချင်ကြတာ မဆန်းပါဘူး.. ကိုယ်ကြိုးစားရင်ကြိုးစားသလောက် ကုမ္မဏီအပေါ် အနစ်နာခံရင် ခံသလောက် ဘောနပ်စ်တို့ ကို ထိုက်ထိုက်တန်တန်ပေးတော့ ဘယ်သူမဆို အလုပ်ဝင်ရတာ ပျော်မှာပဲလေ..
လစာထုတ်ထုတ်ချင်း အမေ့ကို ၁၃ သိန်းအပ်ပေမယ့် အမေက ၁၀ သိန်းသာယူခဲ့သည်။ ကျန်တဲ့ခြောက်သိန်းကိုတော့ ဇင်ယော်လိုအပ်တာဝယ်ဖို့နဲ့ သုံးဖို့တဲ့..ဘောနပ်စ်မရတဲ့ လကျရင်လည်း
သုံးဖို့ပေါ့. စီနီယာ ကိုစိုင်းကိုတော့ တစ်ဝိုင်းလိုက်ကျွေးလိုက်ပြီး
ရုံးပိတ်ရက်ကျ သူငယ်ချင်းတွေကို ပြုစုရအုန်းမည်။
"Cheer! !!! "
"ငါတို့ဇင်ယော်ငှက်ကြီး ဒီထပ်မက ပိုအောင်မြင်ပါစေ ကျွေးနိုင်မွေးနိုင်ပါစေဗျာ "
ဘီယာကြိုက်သူ ထက်ဝေယံကတော့ ဘီယာ ခွက်နှင့် ကျန်တဲ့သူတွေကတော့ အချိုရည်ခွက်တွေနဲ့သာ..လစာထုတ်ရက်မို့ လခစားတွေ ငွေထောတဲ့အချိန်ဖြစ်တာကြောင့် စားသောက်ဆိုင်တွေ လူစည်ကြလေသည်။ ဒါပေမယ့် လခစား ဆိုတာ ပြတ်သုံးလက်သုံး ၂၃ တဲ့
ရက် ၂၀ ကျော်ရင် အိတ်ကပ်ထဲ ငွေ  ၅ သောင်းတောင် မပြည့်ချင်တော့..ဇင်ယော်တော့ အခုခြောက်သိန်းဘယ်လောက်ကျန်မယ်မသိ နောက်လကျရင် လစာချည်းပဲ ၆ သိန်းသာရရင် အမေ့ကို  ၄ သိန်းတော့ သေချာပေါက်ပေးရမည်။ ဒီလ လိုမျိုး ပရောဂျက်အသစ်တစ်ခုလောက်ထပ်ရရင်တော့ မဆုိးဘူးပေါ့..ဒါပေမယ့်
ဘဝဆိုတာ အမြဲ ထီပေါက်နေလောက်အောင် ကံကောင်းတတ်တာမှမဟုတ်တာ..
ဒါကြောင့် အခုငွေလျှံတုန်းလေး သူငယ်ချင်းတွေကို ပြုစုပြီး
ကျန်တဲ့ လတွေမှာတော့ No no no ပေါ့..ဒီခြောက်သိန်းကိုလည်း နောက်ထပ်နှစ်လလောက် ပိုအောင် သုံးရအုန်းမည်လေ..
ပရောဂျက်က နှစ်လတစ်ခါလောက်တော့ လာကောင်းပါရဲ့..
"ဇင်ယော် နင် ထီထိုးပါလား "
စားနေရင်း ရုတ်တရက် ထပြောတဲ့ ရွှေဇင်ကို ဘာထဖောက်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တော့..
"ဟုတ်တယ်လေ စဥ်းစားကြည့် ပထမ အလုပ်စ ဝင်ဝင်ချင်း Ceo ကို သွားဖက်ပြီး ပြသာနာရှာတယ် အလုပ်ထုတ်မခံရဘူး အဲ်တာအပြင် ကုမ္မဏီက ပရောဂျက်မှာလဲ ဒီဇိုင်းက အရွှေးခံရသေး နင့်လောက်ကံကောင်းတာ နင်ပဲ ရှိတယ် အာ့ကြောင့် ကံကောင်းလက်စနဲ့ ထီထိုးကြည့်ပါလားလို့ ပြောတာ "
"ပေါက်ကရ တွေမပြောစမ်းပါနဲ့ဟာ ဟိုတလောတုန်းက Ceo အခန်းရောက်တော့ ငါ့ကို ကျိန်းသွားပြီးသား တော်လို့ တစ်ခါပဲ ခွင့်လွှတ်လိုက်မယ်တဲ့ နောက်တစ်ခါဆိုရင် တော့ အလုပ်ကို သူဖြုတ်စရာမလိုပဲ ငါကိုယ်တိုင် ထွက်စာတင်ရမှာ "
"အမှန်တော့ ကံကောင်းတာမဟုတ်ဘူး ရွှေဇင်ရ ဒီကောင်ကြီး ကံဆိုးနေတာ ဒီဇိူင်းရွေးခံရတာက ဒီကိစ္စတွေမဖြစ်လည်း သူပဲ ရွေးခံရမှာပဲ ငါတို့ကောင်ကြီး ဘယ်လောက်တော်တယ်ဆိုတာ အားလုံးလည်းအသိပဲ အမှန်ဆို ဒီကိစ္စတွေသာ မဖြစ်ခဲ့ရင် ရာထူးတောင် တိုးချင်တိုးအုန်းမှာ အဲ့တာ ကံဆိုးနေတာလို့ ခေါ်တယ်"
"နင် သုံးလလောက်လုပ်ပြီးရင် ထွက်လိုက်ပါလား ဇင်ယော်
တစ်ခြားကုမ္မဏီတွေမှာလည်း အလုပ်လုပ်ရင် ရပါတယ် ဒီကုမ္မဏီ လောက်မဟုတ်ရင်တောင် ဒီလစာလောက်ပေးတဲ့ ကုန္မဏီတွေမှာငါသွင်းပေးမယ် နင်အပြောခံနေရတာတွေက ရတဲ့ လစာနဲ့မတန်ပါဘူးဟာ "
တစ်ခါမှ လူကဲ့ရဲ့တာ မခံရဖူးသူမို့ တကယ်တမ်းကြုံလာတော့
လူတွေရှေ့မှာ မလဲပြိုအောင် မနည်းထိန်းထားရပြီး အိမ်ပြန်ရောက်လာရင်တော့ အမေကလွှဲ၍ သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်ဖြစ်သည်။ အမေသိသွားရင် တော် တော်လေးစိတ်မကောင်းဖြစ်မှာမို့
သူငယ်ချင်းတွေကိုပဲ ပြောပြခဲ့သည်။
"ဟုတ်တယ် ဇင်ယော် ဝင့်လွှာပြောတာ မှန်တယ် သုံးလေး လလောက် လုပ်ပြီးရင် ထွက်လိုက်ပေါ့ဟာ တစ်ခြားကုမ္မဏီတွေလည်း
ဒီကုမ္မဏီလောက်အခွင့်အရေး တွေ မပေးရင်တောင် လူလေးစားခံရတယ်ဟ   "
"အေးပါဟာ ငါကြိုးစားကြည့်လိုက်ပါ့မယ်  "
သူငယ်ချင်းတွေအားလုံးကလည်း ထွက်စေချင်စလို ဇင်ယော်ကိုယ်တိုင်ကလည်း သုံးလလောက်လုပ်ပြီးတာနဲ့ ထွက်ဖို့ အစီအစဥ်ရှိပြီးသားပါ ...ပိုက်ဆံရတာများပေမယ့် ပြောခံနေရတာတွေက ပိုက်ဆံလောက်မကောမိဘူး..
"အဲ... အဲ ဇင်ယော် ဟိုမှာ နင့် လေဒီ အဲမဟုတ်ပါဘူး နင်တို့ Ceo "
ရွှေဇင်တစ်ယောက်ဆိုင်ပြင်ကို လက်ညိုးထိုးပြီး ပြောနေတာကြောင့်
အားလုံး ဆိုင်အပြင်ကို အကြည့်ရောက်သွားသည်။ ရွှေဇင်ပြောသလိုပါပဲ.. ဇင်ယော်တို့ ကုမ္မဏီ၏ Ceo ပိုးသဒ္ဒါမင်း လို့ခေါ်တဲ့
ဇင်ယော်လက်နှစ်ခါဆွဲဖူးတဲ့သူ ဇင်ယော်အရမ်းကြောက်ရတဲ့သူက
ဘေးနားမှာ ထိုအမျိုးသမီးနှင့်ရွယ်တူ အမျိုးသားတစ်ယောက်နှင့်အတူ စားသောက်ဆိုင်တစ်ခုထဲဝင်သွားတာ တွေ့လိုက်ရသည်။
နှစ်လိုဖွယ်ရ ပြုံးနေတာမဟုတ်ပေမယ့်လည်း နှုတ်ခမ်းတွန့်ကွေးရုံလောက်အပြုံးနှင့် အမျိုးသမီးဟာ ဇင်ယော်မြင်ခဲ့ရသမျှ တစ်လျှောက်လုံးမှာ ပထမဦးဆုံး မြင်ဖူးတဲ့အပြုံးမျိုးဖြင့် ေဘးနားက တစ်ယောက်ကို စကားပြောနေခဲ့လေသည်။
ရုပ်ဖြောင့်ကာ လူကြီးဆန်တဲ့ ဘေးနားက အမျိုးသားနှင့် သူမဟာ တော်တော်လေးလိုက်ဖက်လို့နေသည်။ ဘာကြောင့်မှန်းမသိ.. ခဏလေးတွေ့လိုက်ရတဲ့ အချိန်လးဟာ ဇင်ယော့်စိတ်ထဲမှာ
အကြာရှည်ဆုံး အချိန် ဖြစ်သွားသလို ထိုမြင်ကွင်းကိုပဲ ထပ်တလဲလဲ မြင်ယောင်နေမိသည်။
"ဟဲ့ ဇင်ယော် ဇင်ယော် ဇင်ယော် !!!!"
"ဟင် "
ဝင့်လွှာရဲ့ ခေါ်သံတွေတောင်မကြားမိလောက်သည်အထိ မျက်နှာချင်းဆိုင်က စားသောက်ဆိုင်ကို ငေးနေခဲ့တဲ့ ဇင်ယော်ကို
လက်မောင်းကို ဆွဲလှုပ်မှ ယောင်ရမ်းပြီး သတိဝင်လာကာ ထူးလိုက်လေသည်။
"နင်ဘာလို့ ငိုနေတာလဲ "
"ငိုနေတယ် ဘယ်မှာငိုလို့.."
ဒီတိုင်းထိုင်နေတဲ့ ဇင်ယော့်ကို ငိုနေတယ်လို့ပြောနေတဲ့ ရွှေဇင့်ကြောင့် မငိုဘူးဆိုကာ ငြင်းချက်ထုတ်ပြီး မျက်နှာကို လက်နဲ့သုတ်လိုက်တော့... မျက်ရည်တွေ ...ဘယ်က ဘယ်လိုကျလာတဲ့မျက်ရည်တွေမသိ..အားလုံးက ဇင်ယော့်ကို အထူးအဆန်းကြည့်နေကြသလ်ို
ဇင်ယော့်စိတ်ထဲမှာလည်း ထူးဆန်းနေခဲ့သည်။ ငါဘာလို့ငိုနေရတာပါလိမ့်...
"နင် အဲ့တစ်ယောက်နဲ့ပတ်သတ်ပြီး တစ်ခုခုတော့ တစ်ခုခုပဲ "
ဝင့်လွှာရဲ့တွေးဆ ဆ. စကားဟာ ဇင်ယော့်ကိုလည်း တွေးမိစေသည်။ ဟုတ်သည် တစ်ခါမှ မမြင်ဖူးမသိဖူးခဲ့တဲ့ အမျိုးငမီးတစ်ယောက်အပေါ် ဇင်ယော်ငိနေသလို ခံစားရပြီး သူမကိုမြင်တိုင်းလည်း ရင်ထဲမှာ မွန်းကျပ်ပြီးနာကျင်ရသည်။ ခွဲခွာခဲ့ရတဲ့ သူတစ်ယောက်ကို ပြန်တွေ့ရလို့ လွမ်းဆွတ်ရနေသလို ခံစားခဲ့ရတာလည်း အခါခါ... ဒါဟာ အချစ်လို့ သတ်မှတ်လို့လည်း မရ..အချစ်မှာ မြင်မြင်ချင်းအချစ်ဆိုတာ အရင်က မသိခဲ့ပေမယ့် သူ့ကိုမြင်သွားပြီးတဲ့နောက်ပိုင်း စွဲလမ်းပြီး ခဏခဏ တွေ့ချင် နေတာမျိုး...သူ့ဆီကိုပဲ သွားချင်နေတာမျိုး.. သူနဲ့အတူ ပဲ အမြဲတမ်း ရှိချင်နေတာမျိုး..
ဒါက သိခဲ့ဖူးသားလူတစ်ယောက်လို ခံစား နေရတာက တကယ့်ကို တစ်ခုခုပင်..သူလည်း သိချင်ပါသည်။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရလည်း ဆိုတာ..
.....
"ဒါဆို ဒီပရောဂျက်ကို မပိုးသဒ္ဒါမင်းက လက်ခံတယ်ပေါ့နော် "
"လက်ခံရမှာပေါ့ရှင် ကိုနေမင်းထက်က ကျွန်မရဲ့ ပါတနာပဲဟာ လက်ခံပေးရမှာပေါ့ရှင် "
"ဟာ ဒါဆို ကျွန်တော်တော့ အရမ်းဝမ်းသာတာပဲ ဗျာ ရှယ်ယာရှင်တွေသိရင်လည်း ဝမ်းသာကြမှာဗျ ကျွန်တော်အနေနဲ့က ရတနာဘက်ပဲ သိတော့ အခုလိုမျိုး Condo ဘက်ကျ  ဒီက မပိုးသဒ္ဒါမင်းကိုပဲအားကိးုရတော့မှာပေါ့ဗျာ "
"ရပါတယ်ရှင် စီးပွးရေးသမားအချင်းချင်းတွေပဲ ဒါဆို ကျွန်မ နောက်လကျရင် ဒီဇိုင်းနဲ့အတူ Condo ရဲ့ အသေးစိတ်ကိုပါ
အကြောင်းပြန်ပေးပါ့မယ် "
"ဟုတ်ကဲ့ပါဗျာ ကျေးဇူးလည်းအရမ်းတင်ပါတယ် "
"ရပါတယ်ရှင့် "
အလုပ်ကိစ္စပြောပြီးပြီးမို့ စားသောက်ဆိုင်ထဲက နေ ကားဆီထွက်လာတော့ ကိုနေမင်းထက်က လိုက်ပို့ပေးလေသည်။ ကိုနေမင်းထက်ဆိုတာ The Sun ကျောက်မျက်ရတနာ ကုမ္မဏီ၏ Ceo...
စီးပွားရေး မိတ်ဆွေတွေဖြစ်သလို သူ့ကုမ္မဏီမှာလည်း
ပိုးက ရှယ်ယာဝင်တွေထဲက တစ်ယောက် ဆိုလည်း မမှား..
အခုသူက Condo တစ်ခုဆောက်ဖို့အတွက် ပိုးကို Design နှင့်
Condo ရဲ့ပုံစံမူကြမ်းကို ဆွဲပေးဖို့ အကူအညီတောင်းခံလာလေသည်။ သူ့ကုမ္မဏီမှာက ကျောက်မျက်ရတနာ Design သမားတွေပဲ ရှိတော့ Condo Design အတွက်ကျ သူ့အတွက် အခက်အခဲရှိနေလေသည်။
ဒါပေမယ့် Condo Design နဲ့ မူကြမ်းအတွက် ပိုးကို
Condo ဆောက်လုပ်ပြီးတဲ့အခါကျ အမြတ်ရဲ့ လေးပုံတစ်ပုံကို
ပေးရမည်ဖြစ်သည်။ ဒါက စီးပွားရေးလောက ရဲ့ စည်းကမ်းတွေထဲက တစ်ခုဖြစ်လေသည်။ ပိုးအတွက်လည်း အပန်းမကြီးသလို သူလည်း အကျိုးအမြတ်ရ ပိုးလည်း အကျိုးအမြတ်ရတာမို့ ဒီ ပရောဂျက်ကို လက်ခံလိုက်ခြင်းဖြစ်သည်။
"မမ ဘယ်လိုလည်း သဘောတူခဲ့လား "
ကားပေါ်ရောက်တော့ သီတာ က အလုပ်ကိစ္စအဆင်ပြေမပြေ
ချက်ချင်း မေးလာခဲ့သည်။
"အင်း သဘောတူလိုက်တယ် "
"အမြတ်ကရော"
"လေးပုံတစ်ပုံပေါ့ "
"wow. .မဆိုးဘူးပဲ ဒါဆို မနက်ဖြန်ကျ ဒီဇိုင်းဌာန ကို အကြောင်းကြားလိုက်တော့မယ်နော် မမ "
"အင်း "
ဒီဇိုင်းဌာန ဆိုတော့ ဟိုဇင်ယော်ဆိုတဲ့ တစ်ယောက်ကို ပြေးမြင်မိသည်။ စစချင်းတုန်းက ပိုးလည်း ထိုတစ်ယောက် ပိုးကို ဇာတ်လမ်းလုပ်ချင်လို့ လို့ ထင်ခဲ့ပေမယ့် သူ့ပုံစံက အဲ့လိုပုံစံမျိုးလည်းမဟုတ်.. တွေးတော့မတွေးချင်ပေမယ့် ဟော့ပေါ့ဆိုင်တုန်းက သူခေါ်ခဲ့တဲ့ မေဆိုတဲ့ အသံလေးက ဆုံးသွားတဲ့ ကိုအသံလေးနဲ့
တစ်ပုံစံထဲပဲ  ...လူမှားတယ်ဆိုတာလည်း နှစ်ခေါက်တိတိတောင်ဆိုတော့ သိပ်တော့မဖြစ်နိုင်စရာ..
ထားလိုက်ပါ.. သူ့အကြောင်းတွေးနေရင် ခေါင်းကိုက်တယ်..
ကိုယ့်အလုပ်ပဲ ပြန်လုပ်တော့မယ် ဆိုပြီး လပ်တော့ကို ဖွင့်ကာ မေးလ်တွေကို စစ်နေလိုက်သည်။ သူ့အကြောင်းတွေးလိုက်လို့
နောက်သွားတဲ့ ခေါင်းကို ပြန်ကြည်စေဖို့ ကုမ္မဏီ ပြန်ရောက်ရင်
သီတာ့ကို Green Tea တစ်ခွက်လောက် လုပ်ခိုင်းမှ ပါလေ..
.....
အင်း...ရွှေဇင်ပြောသလို ကံကောင်းနေတာလား.ဝေယံပြောသလို ကံဆိုးဖို့ လမ်းကြောင်းစတာလား တော့မသိ..ဒီနေ့ ဒီဇိုင်းဌာနက လူတွေ အကုန်လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ အကြောင်းအရင်းမှာ Condo အတွက် ဒီဇိုင်း ရွေးချယ်မည်တဲ့လေ..
အချိန်ကတော့ တစ်လတိတိပေးမှာဖြစ်ပြီး အရွေးချယ်ခံရရင် ဘောနပ်စ်စရော ရာထူးပါတိုးမှာဆိုတာကြောင့် အားလုံး စိတ်လှုပ်ရှားနေကြပြီ..Condo အသစ်က အောင်ပင်လယ်နားက မြို့ပတ်လမ်း
နားမှာဆောက်မည်ဖြစ်တာကြောင့် ဒီဇိုင်းက ခေါင်းတော့ခဲရသည်။
အောင်ပင်လယ်ဘက်က စည်ပေမယ့် မြို့ပတ်လမ်းနားကျ
မြို့တွင်းနှင့် တော်တော်လေးဝေးသည်။ ဒါပေမယ့် သူဌေးအများစုက ဒီလိုမြို့ပတ်လမ်းနားမှာ ခြံဝိုင်းအကျယ်ကြီးတွေနှင့် နေတာများတော့ သူဌေးတွေအကြိုက် ပုံစံမျိုးပဲ ဆွဲရပေအုန်းမည်။
Condo ရဲ့ အဆင့်အတန်းနှင့် ဆောက်လုပ်မည့်ပုံစံဟာလည်း
လူချမ်းသာ ကြိုက် ဆို တော့ သေချာပေါက် ဒီဇိုင်းဆန်းဆန်းလေးနှင့် ကျယ်ကျယ်ဝန်းဝန်းလေးဖြစ်ရမည်။ ဒီတစ်ခေါက် ဒီဇိုင်းက ပိုခက်ပေမယ့် ရလာခဲ့ရင် အကျိုးအမြတ်ကလည်း များတာကြောင့် ဘယ်သူမဆိုလိုချင်ကြသည်။ ဇင်ယော့်အကြောင်း သိသွားကြတဲ့
ဌာနကလူတွေကလည်း အခုကတည်းက မျက်စောင်းထိုးနေကြပြီ..
အဲ့လိုဖြစ်လို့ ဇင်ယော်များအလျော့ပေးမလားဆိုရင်တော့ No ပါ.
ကိုယ်တတ်နိုင်သလောက်တော့ ကြိုးစားပြီး ဆွဲမှာပဲ ....ရတာမရတာ တစ်ကဏ္ဍ..ဒါပေမယ့် ဒီကိစ္စက ပထမကိစ္စလိုပဲ အရာအားလုံးအဆင်ပြေချောမွေ့ ပါ့မလားဆိုတာတော့ ဇင် ယော့်ရဲ့ ကံပေါ့..
#အေးချမ်းညိမ်း
Zawgi
အပိုင်း ၆
အထူးသဖြင့် Supervisor ပေါ့.. တကယ်လို့ ဇင်ယော်သာ ဒီကုမ္မဏီမှာ  မရှိခဲ့ရင် သူ့ဒီဇိုင်းက အရွေးချယ်အခံနိုင်ဆုံးနဲ့ သူသာအရွေးခံရရင် ရာထူးကသေချာပေါက်တိုးမှာမို့လို့ပင်..အဲ့တော့ ဇင်ယော့်ကြောင့် သူ့အလုပ်ကိစ္စတွေ ဆုံးရှုံးသွားသလိုဖြစ်တော့ ဇင်ယော့်ကို ဘယ်လိုမှ အမြင်မကြည်တော့..Supervisor အမြင်မကြည်တဲ့သူဆိုလျှင် ကျန်တဲ့သူတွေကပါ အမြင်မကြည်ကြတာ သိပ်မဆန်းပါဘူး..ကိုယ်ရာထူးတို့ဖို့က အဓိက Supervisor ထောက်ခံပေးမှ ဖြစ်တာလေ ဒါကြောင့် အစကတည်းက နာမည်ဆိုးနေတဲ့ ဇင်ယော့်ကို Supervisor ကပါ ထပ်မကြည်တော့ ဘယ်သူမှ မပေါင်းချင်ကြတော့တာ သိပ်မထူးဆန်းပါဘူးး..
"Cheer! !!! "
"ဟုတ်တယ်လေ စဉ်းစားကြည့် ပထမ အလုပ်စ ဝင်ဝင်ချင်း Ceo ကို သွားဖက်ပြီး ပြသာနာရှာတယ် အလုပ်ထုတ်မခံရဘူး အ်ဲတာအပြင် ကုမ္မဏီက ပရောဂျက်မှာလဲ ဒီဇိုင်းက အရွှေးခံရသေး နင့်လောက်ကံကောင်းတာ နင်ပဲ ရှိတယ် အာ့ကြောင့် ကံကောင်းလက်စနဲ့ ထီထိုးကြည့်ပါလားလို့ ပြောတာ "
"အမှန်တော့ ကံကောင်းတာမဟုတ်ဘူး ရွှေဇင်ရ ဒီကောင်ကြီး ကံဆိုးနေတာ ဒီဇိုင်းရွေးခံရတာက ဒီကိစ္စတွေမဖြစ်လည်း သူပဲ ရွေးခံရမှာပဲ ငါတို့ကောင်ကြီး ဘယ်လောက်တော်တယ်ဆိုတာ အားလုံးလည်းအသိပဲ အမှန်ဆို ဒီကိစ္စတွေသာ မဖြစ်ခဲ့ရင် ရာထူးတောင် တိုးချင်တိုးအုန်းမှာ အဲ့တာ ကံဆိုးနေတာလို့ ခေါ်တယ်"
နှစ်လိုဖွယ်ရ ပြုံးနေတာမဟုတ်ပေမယ့်လည်း နှုတ်ခမ်းတွန့်ကွေးရုံလောက်အပြုံးနှင့် အမျိုးသမီးဟာ ဇင်ယော်မြင်ခဲ့ရသမျှ တစ်လျှောက်လုံးမှာ ပထမဦးဆုံး မြင်ဖူးတဲ့အပြုံးမျိုးဖြင့် ဘေးနားက တစ်ယောက်ကို စကားပြောနေခဲ့လေသည်။
"ဟင် "
"နင်ဘာလို့ ငိုနေတာလဲ "
ဒီတိုင်းထိုင်နေတဲ့ ဇင်ယော့်ကို ငိုနေတယ်လို့ပြောနေတဲ့ ရွှေဇင့်ကြောင့် မငိုဘူးဆိုကာ ငြင်းချက်ထုတ်ပြီး မျက်နှာကို လက်နဲ့သုတ်လိုက်တော့... မျက်ရည်တွေ ...ဘယ်က ဘယ်လိုကျလာတဲ့မျက်ရည်တွေမသိ..အားလုံးက ဇင်ယော့်ကို အထူးအဆနျးကွညျ့နကွေသလျို
.....
"ဒါဆို ဒီပရောဂျက်ကို မပိုးသဒ်ဒါမငျးက လက်ခံတယ်ပေါ့နော် "
"ရပါတယ်ရှင့် "
"အင်း သဘောတူလိုက်တယ် "
"အမြတ်ကရော"
"လေးပုံတစ်ပုံပေါ့ "
"အင်း "
.....
#အေးချမ်းညိမ်း
Continue Reading
You'll Also Like
218K 21.7K 81
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1.2M 65.1K 51
271K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
320K 15.6K 85
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...