ကျွန်မရဲ့ဗီလိန်ယောက်ျား
By KKMJPKJL
171K 19.2K 433
#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာန... More
1+2
3+4
5+6
7+8
9+10
11+12
13+14
15+16
17+18
19+20
21+22
23+24
25+26
27+28+29+30
35+36+37+38
39+40+41+42
43+44+45+46
47+48+49+50
51+52+53+54
55+56+57+58
59+60+61+62
Paid Group
63+64+65+66
67 to 70
For Free
Hello Lucky 🐰
71+72
73+74
75+76
77+78
79+80 !
81+82
83+84
85+86
87+88
89+90
93+94
91+92
95+96
97+98
99+100
101+102
103+104
105+106
107+108
109+110
111+112
113+114
115+116
117+118
119+120
121+122
123+124
125+126
127+128
129+130
131+132
133+134
135+136
137+138
139+140
141+142
143+144
145+146
147+148
149+150
151+152
153+154
155+156
157+158
159+160
31+32+33+34
3.4K 450 5
By KKMJPKJL
ဒါလေး paid gp ရပြီနော်❤
စာစဉ် - ၂ / အခန်း - ၃၁+၃၂
အခန်း - ၃၁
"ရုန်ရုန်!"
"ကောင်းသားပဲ"
"ကောင်းပါပြီ။ ဖြေးဖြေးသွားပါ။ ပို့ပေးလိုက်ပါ့မယ်"
ထန်ဝမ် သီးသန့်ခန်းထဲဝင်သွားတာကို မြင်တော့ လုရုန်ရုန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
လုယိကမေးလိုက်သည်။
"ဟမ့်! သူမက အဲလိုလူပဲလေ။ သူမအတွက် စကားကောင်းပြောပေးမနေနဲ့! အစ်ကို သွားကြရအောင် ညီမ ဗိုက်ဆာလို့သေတော့မယ်"
***
အခန်း - ၃၂
ဘယ်သူမှ သူမကို သူ့ဆီကနေ ဆွဲထုတ်သွားလို့မရစေရဘူး!
/မြန်လှချည်လား?/
ထန်ဝမ် နည်းနည်းအံ့အားသင့်သွားသည်။
/ကောင်းပြီ။ ဆက်ကြိုးစားပါ hostဍ/
ထိုအချိန်မှာ ချစ်စရာလေးက ရုတ်တရက်ခုန်ထွက်လာကာ
/တကယ်လား?/
ထန်ဝမ် အံ့သြသွားသည်။
နေမှာပေါ့။
/ကောင်းတယ်/
တနင်္လာနေ့…
*****
စာစဉ် - ၂ / အခန်း - ၃၃+၃၄
အခန်း - ၃၃
အရမ်းမိုက်တယ်!
သူက စာမေးပွဲမှာ အဆင့်1လေး ရသွားတာမလား။ ဘာလို့ အရမ်းမောက်မာနေရတာလဲ? ဒါပေမဲ့လည်း သူက တကယ်ကို ခန့်ညားလွန်းသည်။ သူ့ပုံစံကိုက မိန်းကလေးတွေ အရှုံးပေးရမယ့် ပုံစံလေး။
ထန်ဝမ် - /……/
ပြီးတော့ သူတို့ အတူတူနေကြတဲ့ သုံးလအတွင်း သူ့ကို အစားဝဝလင်လင်ကျွေးထားတာကြောင့် အခု သူက အရပ်ရှည်လာကာ အရင်လို ပိန်ညောင်ညောင်လေးမဟုတ်တော့သဖြင့် တကယ်ကို ကြည့်ကောင်းလာပါသည်။
"သွားကြမယ်"
"အပေါ်ယံတွေ"
ထန်ဝမ် - "…"
***
အခန်း - ၃၄
ဆိုဖာပေါ်မှာ လှဲနေရင်း ထန်ဝမ်တစ်ယောက် ထန်ယိထုံလုပ်ပေးတဲ့ စတော်ဘယ်ရီမစ်ရှိတ်ကိုသောက်ကာ ချစ်စရာလေးနဲ့စကားပြောနေသည်။
ပြီးတော့ အနာဂတ်မှာ မစ်ရှင်တွေလုပ်ရင်း နောက်ထပ်ယောက်ျားတွေနဲ့ ထပ်တွေ့ရမယ်ဆိုတာကို တွေးမိတဲ့အချိန်တိုင်း သူမ ထန်ယိထုံကိုတော့ အားနာမိပါသည်။
"ဟယ်လို~~~"
"အိမ်ကဖုန်းလား?"
ဖက်ထုပ်လုပ်ပြီးလို့ အတူတူစားကြတော့ ထန်ဝမ်က ပိုက်ဆံပါတဲ့ ဖက်ထုပ်သုံးခုတောင် စားမိတာကြောင့် ပျော်နေသည်။
"ဒါပေါ့!"
စနစ်ကနေ အသံထွက်လာသည်။
*****
ဒါလေး paid gp ရပြီနော်❤
Unicode
စာစဉ် - ၂ / အခန်း - ၃၁+၃၂
အခန်း - ၃၁
ဘာသာပြန်သူ - Emily (KKMJPKJL)
နောက်တစ်နေ့ ကျောင်းရောက်တော့ ထန်ဝမ်တစ်ယောက် လုရုန်ရုန်နဲ့ယွင်နွမ်ရဲ့ လုယိအကြောင်းပြောတဲ့ စကားဝိုင်းကြားထဲရောက်သွားသည်။
ယွင်နွမ်က လုယိကို စိတ်ဝင်စားနေတဲ့ပုံကိုတွေ့တော့ လုရုန်ရုန်က ပြုံးလိုက်ကာ
"ယွင်နွမ် နင်သာ ငါ့ယောင်းမဖြစ်လာရင် ငါ အရမ်းပျော်မှာပဲ။ မစိုးရိမ်နဲ့။ ငါ နင့်ကို ကူညီမယ်!"
ထိုစကားကိုကြားတော့ ယွင်နွမ် ချက်ချင်းကို ရှက်သွေးဖြာသွားကာ ပါးတွေနီသွားသည်။ ဒါပေမဲ့ သူမ လေသံပျော့ပျော့နဲ့ လုရုန်ရုန်ကို ဆူလိုက်သေးသည်။
"ရုန်ရုန်!"
"ဟားဟားဟားဟားဟား ဘာလို့ အရမ်းရှက်နေရတာလဲ? ငါတို့အိမ်က လက်ထပ်ဖို့ လမ်းစမမြင်တဲ့လူနဲ့ နင်နဲ့ညားပြီး နင် ငါ့ယောင်းမဖြစ်လာရင် ကောင်းမယ်!"
သူတို့ စကားဝိုင်းကိုကြားတော့ ထန်ဝမ် သက်ပြင်းမချပဲမနေနိုင်။ အဓိကမင်းသားနဲ့မင်းသမီးကြားက ဇာတ်လမ်းကတော့ အရမ်းကို အဆင်ချောမွေ့တာပဲ။ ဒါပေမဲ့ ဒါက ငါ့အလုပ္မဟုတ္ဘူး။
မျက်စိတစ်မှိတ်အတွင်းမှာ အချိန်တစ်ပတ်က ကုန်လွန်သွားခဲ့သည်။ စနေနေ့မနက်ရောက်တော့ ထန်ဝမ်က ထန်ယိထုံကို
"ထုံထုံ ငါတို့ ဈေးဝယ်ထွက်ကြရအောင်"
"ကောင်းသားပဲ"
ထန်ယိထုံကလည်း ခေါင်းညိမ့်ကာပြောသည်။
လောင်လီက ထန်အိမ်တော်မှာကျန်ခဲ့တာကြောင့် သူတို့နှစ်ယောက် စင်တာကို တက္ကစီငှါးကာသွားကြသည်။ ရောက်တာနဲ့ ထန်ဝမ်က ထန်ယိထုံကို အမျိုးသားအဝတ်အရောင်းဆိုင်ကိ ဆြဲသြားကာ ပုံစံမျိုးစုံရွေးပေးတော့သည်။
ထန်ယိထုံက ထန်ဝမ်လုပ်နေတာတွေကိုမြင်တော့
"ငါ့အတွက် အဝတ်တွေဝယ်ပေးစရာမလို"
"ဘာလို့ မဝယ်ရမှာလဲ? လူမှာအဝတ် မြင်းမှာ ကုန်းနှီးတဲ့။ ထန်ဝမ်ရဲ့မောင်လေးက ကောင်းကောင်းဝတ်စားရမှာပေါ့။ စိတ်မပူနဲ့ မင်းရဲ့မမမှာ ပိုက္ဆံရွိပါတယ္ကြာဟဲဟဲ"
ထို့နောက် သူမ အရောင်းမလေးတွေကိုကြည့်လိုက်ကာ
"ဒါတစ်စုံပြီးတော့ ဒါ..ယူမယ်"
"ဒီဖိနပ်..ပြီးတော့ ဒါလေး  ဒါတွေလည်း ယူမယ်"
ပြီးနောက် သူမရဲ့ကဒ်ကို အရောင်းစာရေးမလေးကိုပေးလိုက်ကာ
"5နာရီကျရင် ဒီလိပ်စာအတိုင်းပို့ပေးပါ"
"ကောင်းပါပြီ။ ဖြေးဖြေးသွားပါ။ ပို့ပေးလိုက်ပါ့မယ်"
အဝတ်ဝယ်လို့ပြီးတော့ ထန်ယိထုံကို အသားစားဖို့အရမ်းဈေးကြီးတဲ့နေရာကိုခေါ်လာသည်။ နာမည်လည်း အရမ်းကြီးတဲ့နေရာပေါ့။
"ငယ်တုန်းလေးမှာ အရသာရွိတာ မွန္သမွ် စားဖူးရမယ်။ ဒီတော့မှ နောင်တစ်ချိန် အသက်ကြီးလာလို့ စားချင်တာ စားလို့မရတော့တဲ့အချိန်ကျရင် နောင်တမရတော့မှာ"
ဒါပေမဲ့ ဈေးကြီးတဲ့ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ဖြစ်သွားတဲ့ ထန်ယိထုံရဲ့မျက်နှာအမူအယာကို သူမ မတွေ့လိုက်ရချေ။ ထန်ယိထုံအတွက် လူသုံးကုန်က လူသုံးကုန်ပင်။ မဝယ်နိုင်ဘူးဆိုရင်တောင်မှ ထိုအရာတွေက သက်မဲ့ပစ္စည်းတွေဖြစ်သည်။ ဒီလိုအရာတွေအတွက် ပိုက်ဆံအိတ်ထဲက ပိုက္ဆံကို ဘာလို့ အကုန်ခံနေရမှာလဲ?
ဒါပေမဲ့ ထန်ဝမ် သူ့ကိုလှည့်ကြည့်လာလို့ သူ့အမူအယာကိုမြင်ပြီး စိတ္ခုသြားမွာကို သူ မလိုလား။ သူမရဲ့သူ့ကို ဂရုစိုက်နေတဲ့ အမူအယာလေးတွေကိုပဲ သူက မြင်ချင်တဲ့သူ။
စားသောက်ဆိုင်ထဲမှာ လုရုန်ရုန်နဲ့ယွင်နွမ်တို့ကို တွေ့ရလိမ့်မယ်လို့ ထန်ဝမ် မထင်ထားခဲ့ပေ။ ထန်ဝမ်အနေနဲ့ အဓိကဇာတ်လိုက်မကို သိပ်ပြီးအမြင်မကြည်တာမရှိတာမို့ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ကာ ထန်ယိထုံကိုခေါ်ပြီး သီးသန့်အခန်းထဲကို ဝင်သွားသည်။
ထန်ဝမ် သီးသန့်ခန်းထဲဝင်သွားတာကို မြင်တော့ လုရုန်ရုန်က အေးစက်စွာ နှာခေါင်းရံှု့လိုက်ပြီး
"နင် ဘာတွေ လိုက်ကြည့်နေသေးတာလဲ? သူက ငါတို့ကိုတွေ့တာတောင်မှ ခေါင်းပဲငြိမ့်ပြပြီး ထွက်သွားတာလေ!"
တစ်ဖက်မှာထိုင်နေတဲ့ လုယိက ထန်ဝမ်တို့ထွက်သွားတဲ့ဘက်ကိုကြည့်ကာ မျက်လုံးတွေမှေးကျဉ်းလိုက်သည်။ အချို့အကြောင်းပြချက်တွေကြောင့် ထိုမိန်းကလေးကိုတွေ့ရတဲ့အချိန်တိုင်း ထိုကောင်မလေးက အသက်အရွယ်နဲ့မလိုက်တဲ့ အရှိန်အဝါတွေရှိနေတယ်လို့ သူ ခံစားနေမိသည်။
"ရုန်ရုန်က အဲဒီကောင်မလေးကို သိတာလား?"
လုယိကမေးလိုက်သည်။
"အင်း သိတယ်။ သူက ထန်ဝမ်။ ယွင်နွမ်နဲ့တစ်ခုံတည်းထိုင်တာ။ ဒါပေမဲ့ တကယ်ဆန်းကြယ်တာကလေ သူ တကယ်ကြီး ထန်ယိထုံကို ညစာစားဖို့ခေါ်လာတာလား? စားကောင်းသောက်ဖွယ်တွေဝယ်ပြီး ထန်ယိထုံကို လှောင်ပြောင်ဖို့တော့ မဟုတ်လောက်ဘူးမလား?"
ထန်ဝမ်နဲ့ထန်ယိထုံရဲ့အကြောင်းက ဖုံးကွယ်ထားတာမဟုတ်တာကြောင့် ထန်ဝမ် ထန်ယိထုံကို အနိုင်ကျင့်တဲ့အကြောင်းကိ အားလုံးကသိကြသည်။
လုယိက ထန်ဝမ်အကြောင်းကိုမေးတာကိုကြားတော့ ယွင်နွမ်က ချက်ချင်းဝင်ပြောလိုက်သည်။
"မဟုတ္ဘူး။ သူမက အဲဒီလိုလူမျိုး မဟုတ်ပါဘူး"
"ဟမ့်! သူမက အဲလိုလူပဲလေ။ သူမအတွက် စကားကောင်းပြောပေးမနေနဲ့! အစ္ကို သွားကြရအောင် ညီမ ဗိုက်ဆာလို့သေတော့မယ်"
လုယိပြုံးလိုက်ကာ ခေါင်းညိမ့်ပြလိုက်သည်။
"ကောင်းပြီ။ အပေါ်ထပ်ကို သွားကြရအောင်"
လုယိကိုမြင်လိုက်တာနဲ့ ထန်ယိထုံက ထန်ဝမ်ရဲ့အမူအရာကို လိုက်ကြည့်နေတာဖြစ်သည်။ ဒီတစ်ကြိမ်တော့ ထန်ဝမ်က လုယိကိုမကြည့်တော့ပဲ လုရုန်ရုန်နဲ့ယွင်နွမ်ကိုပဲ ခေါင်းညိမ့်နှုတ်ဆက်လိုက်ယုံသာ။
***
အခန်း - ၃၂
အစက ထန်ဝမ် အဲလူကို ကြည့်နေတဲ့အချိန်တုန်းက အဲဒီဝတ်ကောင်းစားလှနဲ့ ရည်မွန်တဲ့လူကိုကြည့်ရင်း သူ သိမ်ငယ်စိတ်တို့ ဝင်မိပါသည်။ ဒါပေမဲ့ အခုကြည့်ရသလောက်ကတော့ ထိုလူက ထန်ဝမ်အတွက် ဘာမှထွေထွေထူးထူးဖြစ်ဟန်မတူပါ။
စားစရာတွေ အဆင်သင့်ဖြစ်တာနဲ့ ထန်ယိထုံ မျက်လွှာချကာ ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ သူ့ပုံစံကိုမြင်တော့ ထန်ဝမ်က ချက်ချင်း
"ဘာဖြစ်လို့လဲ? ကောင်းကောင်းစား!"
ထို့နောက် သူမ တူကိုင်လိုက်ပြီး ဟင်းရွက်အချို့ကို ထန်ယိထုံပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ထန်ယိထုံ နှုတ်ခမ်းထောင့်လေးကော့တက်သွားကာ ခေါင်းညိမ့်ပြပြီး စစားလိုက်သည်။
ဘယ္သူမွ သူမကို သူ့ဆီကနေ ဆွဲထုတ်သွားလို့မရစေရဘူး!
/ဒင်! ထန်ယိထုံရဲ့နှစ်သက်မှုအမှတ်က 5မှတ်တိုးလာပါတယ်။ လက်ရှိရမှတ်က 87ပါ/
ချစ်စရာလေးက သတိပေးလာသည်။
/မြန်လှချည်လား?/
ထန်ဝမ် နည်းနည်းအ့ံအားသင့်သွားသည်။
အရင်ကဆိုရင် နှစ်သက်မှုအမှတ်က ခဏခဏတိုးပေမဲ့ နောက်ပိုင်းမှာ အရေအတွက်အရမ်းနည်းလာသည်။ ဒါ့အပြင် ရမှတ်တက်ရင်လည်း 1 မှတ် 2မှတ်လောက်သာ တက်လေ့ရှိသည်။ အခုတစ်ခေါက်မှာတော့ ရမှတ်5မှတ်တောင် တိုးလာတာလေ။
ဒီပုံစံနဲ့ကြည့်ရရင် ထန်ယိထုံက အချော့ကြိုက်တဲ့သူများလား?
/ဒီစစ်ဆေးမှုက သိပ်ပြီးလည်းမခက်ဘူး/
ထန်ဝမ် ချစ်စရာလေးကိုပြောလိုက်သည်။
ဒါကိုကြားတော့ ချစ်စရာလေးရဲ့ပါးစပ်က ညည်းညူသံတွေထွက်လာသည်။ ခဏကြာတော့ ရပ်သွားတာပါပဲ။
မေ့လိုက်တော့ စစ်ဆေးမှု ပြီးသွားတဲ့အထိ စောင့်ကြတာပေါ့။ ပြီးမှ သူမက ကံမကောင်းတဲ့သူဆိုတာကို hostကို ပြောပြရမယ်။ အသစ်လေးတွေကိုပေးတဲ့ စစ်ဆေးမှုတွေထဲမှာ သူမရတဲ့ဟာက အခက်ခဲပိုင်းအဆင့်ပဲလေ။
အကယ်၍ အခုချိန်မှာ သူ ဒီအကြောင်းထုတ်ပြောလိုက်လို့ သူမရဲ့ယုံကြည်ချက်တွေပျောက်ဆုံးသွားပြီး စစ်ဆေးမှုကျသွားမှာရင် မကောင်းဘူးလေ။
/ကောင်းပြီ။ ဆက်ကြိုးစားပါ hostဍ/
နေ့လည်စာစားကြပြီးနောက် ထန်ဝမ် ထန်ယိထုံကိုခေါ်ကာ နောက်ထပ် 2နာရီလောက် အချိန်ထပ်ဖြုန်းလိုက်ကြသေးသည်။
ခြေတွေညောင်းတဲ့အထိ လျှောက်ပတ်သွားပြီးမှ
"အိုခေ ဒီနေ့တော့ ဒီလောက်ပဲ။ အခု ပြန်ကြရအောင်"
အဓိကအကြောင်းပြချက်ကတော့ သူမမွာ ပိုက်ဆံသိပ်မကျန်တော့လို့ဖြစ်သည်။ သူမရဲ့ပိုက်ဆံ 5မီလီယံလုံးလုံးကို စတော့ဈေးကွက်ထဲ ရင်းနှီးမြှုပ်နှံထားတာကြောင့်ပင်။
သူတို့နှစ်ယောက် နေ့ဘက်ကျောင်းတက်ပြီး ညဘက်ကျရင် ထန်ဝမ်က ထန်ယိထုံကို စာပြတာက ပုံမှန်ဖြစ်နေသည်။ မကြာခင်မှာပဲ တစ်လကျော်သွားပြီး နှစ်လည်စာမေးပွဲလည်း မျက်စိတစ်မှိတ်အတွင်းမှာ ပြီးသွားခဲ့သည်။
ထိုအတောအတွင်းမှာ ထန်ဝမ်တစ်ယောက် ထန်အိမ်တော်ကို တစ်ခါမှမပြန်ဖြစ်ခဲ့သလို ထန်ဝမ်စုန့်ကလည်း သူမကို တစ်ခါမှ ဖုန်းမဆက်ခဲ့ပေ။ ဒါကြောင့် ထန်ဝမ်က ထန်ဝမ်စုန့်ကို ပိုပိုပြီး အထင်သေးသွားသည်။
ရှယ်ယာတွေ အဆင်ပြေသွားရင် ထန္မိသားစုက သူ့လက်ထဲမှာပဲ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ပျက်စီးသွားမှာပင်။ ဘာပဲဖြစ်ဖြစ် ဒါက သူမကိစ္စမဟုတ်ဘူးလေ။
ထန်ယိထုံရဲ့နှစ်သက်မှုရမှတ်က အခုဆိုရင် 95မှတ်ဖြစ်နေပြီး နောက်ထပ် 5မှတ်ဆိုရင် သူမရဲ့မစ်ရှင်ပြည့်ပြီမို့ ဒီကမ္ဘာကနေ ထွက်သွားလို့ရပြီ။
ဒါကိုတွေးမိတော့ ထန်ဝမ် ဝမ်းနည်းသွားသည်။ သူမ အနားမွာ သူမကိုချစ်ပြီး ပြောသမျှလုပ်ပေးမယ့် သူတစ်ယောက်ရှိနေတာ ဘယ်လောက်ကောင်းလဲ။ သူမ အထီးမကျန်ချင်ပေ။
ထိုအချိန်မှာ ချစ်စရာလေးက ရုတ္တရက္ခုန္ထြက္လာကာ
/ဒါကို စိတ်မပူနဲ့။ စစ်ဆေးမှုပြီးသွားရင် ရမှတ်တွေကိုသုံးပြီး ဒီမှာဆက်နေလို့ရတယ်။ ငါက မင်းအေဖ ချစ်စရာကောင်လေးကို ခွဲနိုင်လို့လား? ချစ်သူတွေမဟုတ်လား? မစိုးရိမ်နဲ့!/
/တကယ္လား?/
ထန်ဝမ် အံ့သြသွားသည်။
ဒါက ပုံရိပ်ယောင်ကမ္ဘာတစ်ခုပဲဆိုပေဲ့ ထန်ယိထုံက သူမကိုနှစ်သက်သဘောကျပေးတဲ့ ပထမဆုံးသောသူဖြစ်သည်။ သူမသာ သူ့အနားကနေ ထွက်သွားရင် သူ ဘယ်လောက်တောင် ဝမ်းနည်းသွားလိမ့်မလဲ?
နေမှာပေါ့။
ထန်ဝမ် နောက်ဆုံးတော့ စိတ်သက်သာရာရသွားခဲ့သည်။
ချစ်စရာလေးက ထပ်ပြောလာသည်။
/သေချာတာပေါ့။ မင်းရဲ့ချစ်စရာလေးက ဘယ်တော့မှ မလိမ်ဘူးလေကွာ!/
/ကောင်းတယ်/
တနင်္လာနေ့
ကျောင်းရောက်တော့ စာမေးပွဲရဲ့ရလဒ်ထွက်ပြီးသားပင်။ ဒီတစ်ကြိမ်မှာတော့ ထန်ယိထုံက အတန်းFရဲ့ပထမဆုံး နေရာကို ရခဲ့သည်။ ဘာကြောင့်လဲ?
ဘာလို့ဆိုတော့ ဒီကောင်လေးက ထန်ဝမ် သူ့ကို စာဆက်သင်ပေးအောင်လို့ စာမေးပွဲတစ်ခါဖြေတိုင်း အဆင့် 8 လောက် 9 လောက် ခုန်ခုန်တက်ပြသည်။ တစ်ခါတည်းနဲ့တော့ ပထမေနရာကို မသိမ်းပိုက်ခဲ့ပေ။
ဒီလိုနည်းနဲ့ သူ ထန်ဝမ်ကို သူမရဲ့သင်ပြမှုကြောင့် ဒီလိုရတာလို့ပြောပြီး သူ့ကို စာဆက်သင်ပေးအောင် ဆွဲဆောင်မည်လေ။
တစ်ခါတည်းနဲ့တော့ သူ ပထမနေရာကိုယူဖို့ မစဉ်းစားထားပေ။ အဲဒါက အားလုံးရဲ့အာရုံကို ဖမ်းစားသွားနိုင်တယ်မလား။ ပြီးတော့ တစ်ယောက်ယောက်က သံသယဝင်သွားရင် ပြဿနာဖြစ်လာနိုင်တယ်လေ။
*****
စာစဉ် - ၂ / အခန်း - ၃၃+၃၄
အခန်း - ၃၃
ဘာသာပြန်သူ - Emily (KKMJPKJL)
ဒါပေမဲ့ သူ့အတန်းဖော်တွေကတော့ ရှော့ခ်ရသွားကြသည်။ အတန်းFရဲ့ ပထမေနရာက ဘာမှမဟုတ်ပေမဲ့ ပထမေနရာကို ရသြားတဲ့သူက ထန်ယိထုံဖြစ်နေသည်။ တိုးတက်မှုက အရမ်းမြန်လွန်းသည်။ ဒီတစ်ကြိမ်မှာတော့ အမြဲတမ်းခေါင်းငုံ့ပြီး ပိန်ပိန်ပါးပါးဘဲရုပ်ဆိုးလေးက ခန့်ညားတဲ့ကောင်ချောလေးအဖြစ် ပြောင်းလဲလာတာကို သူတို့သတိပြုမိသွားကြသည်။
သူက သူ့ရဲ့မူလနေရာမှာ ခေါင်းမော့ပြီး ထိုင်နေကာ ကျောင်းယူနီဖောင်းအဖြူကို ဝတ်ထားပုံက ကာတွန်းထဲက ပုံအတိုင်းပင်။ ရုတ်တရက် အတန်းFက ကောင်မလေးတွေ သူ့ကိုကြည့်ရင်း ရင်ခုန်လာကြသည်။ ထန်ယိထုံမှာ ဒီလောက်ချောမောတဲ့ မျက်နှာရှိတာကို သူတို့ဘာလို့ သတိမထားမိခဲ့ကြပါလိမ့်?
အရမ်းမိုက်တယ်!
ကောင်မလေးတစ်ယောက်က ထန်ယိထုံဆီကိုလျှောက်လာကာ စကားလာပြေသည်။
ဒါပေမဲ့ ထန်ယိထုံကတော့ သူ့အနားမှာ တစ်ယောက်မှရှိမနေသလိုပုံစံနဲ့ ထိုင်ခုံမှာပဲ ဆက်ထိုင်ကာ စာဖတ်နေသည်။ ကောင်မလေးတွေ ဘာပြောနေတယ်ဆိုတာကို လျစ်လျူရှုထားသည်။
သူမတုံ့ပြန်တော့ ကောင်မလေးတွေက ဒေါသနဲ့အတူ အရှက်ရသွားကြသည်။
သူက စာမေးပွဲမှာ အဆင့်1လေး ရသြားတာမလား။ ဘာလို့ အရမ်းမောက်မာနေရတာလဲ? ဒါပေမဲ့လည်း သူက တကယ္ကို ခန့်ညားလွန်းသည်။ သူ့ပုံစံကိုက မိန်းကလေးတွေ အရံှုးပေးရမယ့် ပုံစံလေး။
ထန်ဝမ်လည်း ထန်ယိထုံ ပထမရတာကို သိသွားသည်။ သူမ တစ်ခုခုကိုသေသေချာချာတွေးတောရင်းနဲ့ သက်ပြင်းချကာ ချစ်စရာလေးကို မေးလိုက်သည်။
/ထန်ယိထုံက တကယ့်ကို လူတော်ပဲ။ နင်ပြောကြည့်. ငါ သူ့ကို ဘာဆုချသင့်လဲ?/
အရင်က သူမ ထန်ယိထုံကို အဆင့် 10 အထိ တိုးလာရင် ဆုချမယ်လို့ကတိပေးခဲ့ဖူးသည်။ သူက အမှတ်တွေတိုးလာပေမဲ့ သူမဆီကေန ဘာမှမတောင်းဆိုခဲ့ပေ။ အကြွေးပဲမှတ်ထားတာများလား။
အခုတစ်ခေါက်မှာတော့ သူက အတန်းရဲ့ပထမဆုံးကို ရသြားခဲ့ျပီ။ ဒါတောင်မှ ဘာမှမတောင်းဆိုသေးဘူး။
ချစ်စရာလေးက ယုတ်မာတော့မယ့်အပြုံးလေးပြုံးလိုက်ကာ
/သူက မင်းကို အရမ်းကြိုက်တာ။ မင်း သူ့ကို နမ်းလိုက်ရင် သူ ပျော်လိမ့်မယ်!/
/ငါတို့နှစ်ယောက်စလုံးက အသက်မပြည့်သေးဘူးဆိုတာကို သတိထားပါဦး အိုခေ?/
ထန်ဝမ် ချစ်စရာလေးကို မျက်စောင်းထိုးလိုက်သည်။
အခု သူမ ဝင်ထားတဲ့ကိုယ်လေးက အသက်ပြည့်ဖို့ 3 နှစ်တောင်လိုသေးသည်။ အခုချိန် သူမ ထန်ယိထုံနဲ့တစ်ခုခုလုပ်ရမယ်ဆိုရင် သူမ စိတ်မထိန်းနိုင်လောက်ပေ။
/နင်တို့နှစ်ယောက် အကြို အနေနဲ့ နမ်းကြည့်လေ။ အသက်မပြည့်သေးတာက ဘာကြောက်စရာလိုလို့လဲ?/
ထန်ဝမ် - //
ငါ နင့်ကို မငြင်းနိုင်ပြီ။
နေ့လည်ခင်းကျောင်းဆင်းတော့ ထန်ယိထုံက ထုံးစံအတိုင်း ကျောင်းဆောင်အနားမှာ ထန်ဝမ်ကိုစောင့်နေသည်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သူ့အနားမှာ ကောင်မလေးတွေ ဝိုင်းနေတာကို ထန်ဝမ် တွေ့လိုက်ရသည်။ အားလုံးက ထန်ယိထုံကို ဘလင်းဘလင်း မျက်လုံးတွေနဲ့ကြည့်ကာ ဘယ်လောက်ချောကြောင်း ဘယ်လောက်ခန့်ကြောင်း ပြောနေကြသည်။
ထန်ဝမ် အဲဒီစကားတွေကိုကြားတော့ အမှတ်တမဲ့နဲ့ထန်ယိထုံကိုကြည့်လိုက်မိသည်။ သူတို့ နှစ်ယောက်တည်း အတူတူနေတာကြာလို့လားမသိ။ ထန်ယိထုံက သနားစရာကောင်းတဲ့ဘဝလေးနဲ့ ကြီးပြင်းလာရတယ်ဆိုတာကို သူမသိနေကာ သနားနေမိသည်။
ပြီးတော့ သူတို့ အတူတူနေကြတဲ့ သုံးလအတွင်း သူ့ကို အစားဝဝလင်လင်ကျေွးထားတာကြောင့် အခု သူက အရပ်ရှည်လာကာ အရင်လို ပိန်ညောင်ညောင်လေးမဟုတ်တော့သဖြင့် တကယ္ကို ကြည့်ကောင်းလာပါသည်။
ထန်ယိထုံက ထန်ဝမ်ကိုတွေ့သွားကာ သူမဆီလျှောက်လာသည်။
"သွားကြမယ်"
သူတို့နှစ်ယောက်က အခုချိန်မှာ အပြုအမူတော်တော်များများ တူနေကြပြီ။ ထန်ယိထုံက အရင်ကနဲ့မတူတော့ပဲ သူ့ဘက်အရင် သူမကို စကားတွေပြောနေပြီဖြစ်သည်။ ထန်ဝမ်ကလည်း သူ့အကျင့်တွေနဲ့ အသားကျနေပြီ။
ထန်ဝမ် ခေါင်းညိမ့်လိုက်ကာ ဘေးချင်းကပ်လျှောက်ပြီး ကဖေးဆီလျှောက်သွားသည်။ လမ်းမှာ ထန်ဝမ်က သူ့လက်မောင်းကို ဆြဲကာ လက်နဲ့တစ်ချက်လောက် ခပ္ဖြဖြထုလိုက္ကာ
"ဒီနေ့ လူတိုင်းက နင့်ကို ခန့်တယ်ဆိုပြီး ပြောနေကြတာ။ နင်ဘယ်လိုခံစားရလဲ?"
သူမစကားကိုကြားတော့ ထန်ယိထုံက အေးစက်စက်မျက်နှာနဲ့ စကားတစ်ခွန်းကိုပဲ ပြန်ပြောလာသည်။
"အပေါ်ယံတွေ"
ထန်ဝမ်ထိလိုက်တဲ့ သူ့လက်မောင်းက မီးထတောက်တော့မည်။
ထန်ဝမ် - ""
နင်ကချောတော့ အရာအားလုံး နင်မှန်တယ်။
နေ့တွေရက်တွေကျော်လွန်ပြီး ဆောင်းရာသီ အားလပ်ရက်တောင် ရောက်လာခဲ့ပြီ။ ထန်ဝမ် တစ်ယောက် အစက ထန်ယိထုံကို စောင့်ရှောက်ပေးမယ် ဂရုစိုက်ပေးမယ်ဆိုပြီး ပြောခဲ့ပေမဲ့ အခုချိန်တွေမှာ သူမက အိမ်မှာ အချောင်နေအချောင်စားသက်သက်သာဖြစ်နေခဲ့သည်။
သန့်ရှင်းရေး၊ အဝတ်လျှော်၊ ထမင်းချက် အကုန်လုံးကို ထန်ယိထုံတစ်ယောက်တည်းကပဲ တာဝန်ယူပြီး လုပ်ဆောင်သွားသည်။ ပြီးတော့ ထန်ယိထုံက သူမဘာစားချင်နေလဲဆိုတာကို အကဲခတ္တတ္တာ ခဏအတွင်းမှာပဲ ပြင်ဆင်ပြီး ယူလာပေးတတ်သည်။
မစ်ရှင်ပြီးမြောက်ခြင်း ဘားတန်းကလည်း 95%ကို ရောက်ရှိနေပြီ။
***
အခန်း - ၃၄
ဆိုဖာပေါ်မှာ လဲှနေရင်း ထန်ဝမ်တစ်ယောက် ထန်ယိထုံလုပ်ပေးတဲ့ စတော်ဘယ်ရီမစ်ရှိတ်ကိုသောက်ကာ ချစ်စရာလေးနဲ့စကားပြောနေသည်။
/ချစ်စရာလေး ကိုယ်တိုင်လေ့ကျင့်ပေးရတဲ့ ခင်ပွန်းက သာမန်ထက် အရမ်းကိုကောင်းမွန်လွန်းတာပဲ။ နင်ပြောကြည့် ငါသာ သူ့ကိုမကြိုက်ပဲ အခြားတစ်ယောက်ကို ပြောင်းကြိုက်လိုက်ရင် သူ ဘယ်လိုဖြစ်သွားမှာလဲ?/
မိန်းကလေးတွေက ထန်ယိထုံလို ပါတနာကို မလိုချင်ပဲမနေနိုင်လောက်။ ထန်ယိထုံက စကားနည်းတဲ့သူဆိုပေမဲ့ သူမကို ကောင်းကောင်းနားလည်ပြီး ကောင်းကောင်းဆက်ဆံပေးပြီး သူမအပေါ် ကောင်းတဲ့လူဆိုတာကို သူမ ဝန်ခံနိုင်ပါသည်။ သူသာ သူမအနားကေန ထွက်သွားရင် သူမ တစ်ယောက်တည်းနေနိုင်ပါတော့မလား။
ထန်ဝမ်ရဲ့စကားတွေကိုကြားတော့ ချစ်စရာလေးက
/အဲလိုလုပ်မိရင် လုံးဝကို နောင်တရမိလိမ့်မယ်နော်။ ဒါက မင်းရဲ့ပထမဆုံးယောကျ်ားပဲ။ ဒါကြောင့် ဒီလိုသစ္စာဖောက်မယ့်အတွေးတွေ မေတြးပဲ နေလို့မရဘူးလား? မင်း သူ့ကိုစောင့်နေလိုက်ပါ။ အနာဂတ်မှာ သေချာပေါက်ကို ပျော်ရွှင်ရလိမ့်မယ်/
သူ့စကားတွေကို ကြားတော့ ထန်ဝမ် မရယ်ပဲမနေနိုင်။
/ငါက စကားအဖြစ်ပဲပြောတာပါ/
ပြီးတော့ အနာဂတ်မှာ မစ်ရှင်တွေလုပ်ရင်း နောက်ထပ်ယောကျ်ားတွေနဲ့ ထပ်တွေ့ရမယ်ဆိုတာကို တွေးမိတဲ့အချိန်တိုင်း သူမ ထန်ယိထုံကိုတော့ အားနာမိပါသည်။
မေ့လိုက်တော့။ အခုချိန်မှာ တွေးနေစရာမလိုသေးဘူး!
ထိုအချိန် ထန်ဝမ်ရဲ့ဖုန်းက မြည်လာသည်။ သူမ ကောက်ကိုင်လိုက်တော့ ထန်ဝမ်စုန့်ဆီကဖြစ်နေသည်။ ထန်ဝမ် နှာခေါင်းရံှု့ကာ ဖုန်းကိုင်လိုက်ပြီး အပျင်းတစ်နေတဲ့အသံနဲ့
"ဟယ္လို~~~"
ထန်ဝမ်စုန့်က နူးညံ့တဲ့အသံလေးနဲ့
"ဝမ်ဝမ် ဆောင်းရာသီအားလပ်ရက်တောင် ရောက်ပြီ။ သမီး နှစ်ကူးအိမ်ပြန်လာမှာလား?"
"ကျစ်ရှ ထွက်သွားပြီလား?"
"ဝမ်ဝမ် ငါတို့က မိသားစုပဲ။ ဘာလို့ လိုက်ပြီးပြဿနာရှာနေရတာလဲ?"
"ဟမ့် အစကတည်းကပြောထားပြီးသားပါ။ မိသားစုထဲမွာ သူမရှိရင် ကျွန်မ မရွိဘူး။ ကျွန်မရှိရင် သူမ မရှိရဘူးလို့။ ပြန်မလာဘူး။ ကိစ္စမရှိရင် ဖုန်းချပြီ။ နှစ်ကူးအတွင်း ပိုက်ဆံပို့ဖို့သတိရဦး!"
ထိုအချိန် ထန်ယိထုံက သူမဆီသစ်သီးပန်းကန်နဲ့အတူ လျှောက်လာကာ
"အိမ်ကဖုန်းလား?"
"တော်ပါ။ ဘယ်လိုအိမ်မျိုးလဲ? အခု ငါတို့နေတာကမှ အိမ်အစစ်ပဲ။ နေ့လည်ကျရင် ငါတို့ နှစ်ကူးပစ္စည်းတွေ သွားဝယ်ရအောင်"
အရင်ဘဝမှာ သူမမိဘေတြက အစောကြီး ထွက်သွားကြတော့နှစ်ကူးတိုင်းကို သူမတစ်ယောက်တည်းဖြတ်သန်းခဲ့ရသည်။ ဒါပေမဲ့ အခုတော့ ထန်ယိထုံရှိနေတာကြောင့် နှစ်ကူးကို နှစ်ယောက်အတူ ဖြတ်သန်းရတော့မည်။
ထန်ယိထုံကလည်း သူမစကားကို ခေါင်းညိမ့်ကာထောက်ခံသည်။
မမျှော်လင့်ပါပဲ သူတို့ ဈေးဝယ်ထွက်တုန်းမှာ လုယိနဲ့ယွင်နွမ်ကို တွေ့လိုက်ရသည်။ နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းနီးကပ်နေကာ လုယိက ယွင်နွမ်ရဲ့ဆံပင်ကိုတောင် ဆော့ကစားနေသေးသည်။ ကံကြမ္မာရဲ့သားတော်နဲ့သမီးတော်အတွဲက အရမ်းကို လမ်းခရီးချောမွေ့နေတာပဲ။
သူမ ထန်ယိထုံကိုဆွဲကာ ဈေးတွေလိုက်ဝယ်လိုက်သည်။
နှစ်သက်ကူးပွဲတော်။ ထန်ဝမ် ဆိုဖာပေါ်မှာထိုင်ကာ ဖက်ထုပ်လုပ်နေတဲ့ ထန်ယိထုံကိုတစ်လှည့် တီဗွီမှာလာနေတဲ့ ဆောင်းရာသီပွဲတော် ရှိုးတွေကိုတစ်လှည့်ကြည့်နေသည်။
ဖက်ထုပ်လုပ်ပြီးလို့ အတူတူစားကြတော့ ထန်ဝမ်က ပိုက္ဆံပါတဲ့ ဖက်ထုပ်သုံးခုတောင် စားမိတာကြောင့် ပျော်နေသည်။
"အာ ယိထုံ ငါ့ဖက်ထုပ်မှာ နောက်ထပ် ပိုက်ဆံတွေပါပြန်ပြီ"
ပိုက္ဆံပါတဲ့ ဖက္ထုပ္ကိုစားမိတာ သူမရဲ့ပထမဆုံးအကြိမ်ဖြစ်သည်။ သူမပျော်နေတာကိုကြည့်ကာ ထန်ယိထုံရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်လာသည်။
"အင်း ကံကောင်းတာပဲ! နှစ်သစ်မှာ လမ်းခရီးက ဖြောင့်ဖြူးနေတော့မှာပဲ"
ပိုက်ဆံပါတဲ့ဖက်ထုပ်တွေကို သူ ကိုယ်တိုင်ရွေးပြီး သူမပန်းကန်ထဲ ထည့်ပေးခဲ့တာကိုတော့ သူ မပြောတော့ပေ။
"ဒါပေါ့!"
ထန်ဝမ်က ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ တုံ့ပြန်လာသည်။
ချစ်စရာလေးကတော့ သူမပျော်နေတာကိုမြင်ပြီး ဘာတွေဖြစ်နေလဲဆိုတာကို မပြောတော့ပေ။ သူမ ပျော်နေရင် ပြီးတာပဲ။
ဖက်ထုပ်စားပြီးတော့ နှစ်ယောက်သားဆိုဖာပေါ်မှာထိုင်ကာ တီဗွီရှိုးအတူတူကြည့်ကြသည်။ အချိန်ကြာလာတော့ ထန်ဝမ် အိပ္ငိုက္လာကာ ထန်ယိထုံပေါ်ကို ခေါင်းငိုက်ကျသွားပြီး အိပ်ပျော်သွားတော့သည်။
ထန်ယိထုံ ခေါင်းငုံ့ကာ အိပ်ပျော်နေတဲ့မျက်နှာလေးကို တိတ်တိတ်လေး ငေးကြည့်နေလိုက်သည်။ ပြီးတော့ လက်ကိုမြှောက်လိုက်ပြီး မျက်နှာလှလှလေးကို ဖွဖွလေးထိတွေ့လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူမနဖူးလေးကို ငုံ့နမ်းလိုက်သည်။
ပြီးတော့ ဘေးနားက စောင်ကိုယူကာ သူမကိုခြုံပေးလိုက်သည်။
/ဒင်! ထန်ယိထုံရဲ့နှစ်သက်မှု 1မှတ် တိုးလာပါတယ်။ လက်ရှိ 96မှတ်ပါ/
စနစ္ကေန အသံထွက်လာသည်။
ဒါပေမဲ့ ထန်ဝမ်က အိပ်ပျော်နေတာကြောင့် ဘာကိုမှမကြားလိုက်ရပေ။
*****
Continue Reading
You'll Also Like
16.5K 1.4K 5
175K 19.1K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...
242K 21.9K 53
*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလဲ?" *ဒီnovelလေးကတော့သာမန်ရုံး၀န်ထမ်းမလေ...
56K 3.2K 148
ှိုဗိုလ်ကျစိုးမိုးတတ်တဲ့ဥက္ကဌမုနဲ့အတူပြောင်းလာပြီးနောက်မှာလောကကြီးကဗရမ်းဗတာတွေဖြစ်ကုန်တယ် လော့ဝေဝေက ရိုးသားကြိုးစားပေမဲ့ မောက်မာတဲ့ဥက္ကဌရဲ့လက်ထောက်ဖြ...