-ခွေးနှစ်ကောင်
လျိုမန်ဟုန် ဤကဲ့သို့ ပြောလိုက်သောကြောင့် ရှရှီပေ ငြင်းလို့မရတော့။
သူမ မနေဘူးဘဲ ဆက်ပြောနေရင် လျိုမန်ဟုန်က သူမ ချောင်ရန်ကျွယ်ကို မကြိုက်သလိုမျိုး ခံစားမိလိမ့်မည်။
ပြီးတော့ ချောင်ရန်ကျွယ်က လျိုမန်ဟုန်ရဲ့ တူ!
ထိုအရာကိုတွေးပြီး ရှရှီပေ ခေါင်းသာငြိမ့်လိုက်တော့သည်။ "အဲ့တာဆို ကျွန်မ ပြန်ပြီး ပြောင်းဖို့ ပြင်ထားလိုက်မယ်"
ချောင်ရန်ကျွယ် သဘောတူလိုက်သည်။ "ဟုတ်တယ် မင်း ဒီမှာ အရင်ဆုံးနေမှာဘဲကို မင်း ဒီနေရာကို မကြိုက်ရင် အချိန်မရွေးပြောင်းလိုက်လို့ရတာဘဲ!"
ရှရှီပေစိတ်ထဲ ထိုအတွေးတွေ ရှိနေသောကြောင့် ထိုစကားများက သူမကို မျက်မှောင်ကြုံ့သွားစေသည်။
လျိုမန်ဟုန် ရှရှီပေကို ညစာစားဖို့ နေစေချင်ပေမယ့်လည်း သူမ စုန့်ကျားရန်နှင့် တွေ့ဖို့ ချိန်းထားပြီးဖြစ်တာကြောင့် ငြင်းလိုက်သည်။
လျိုမန်ဟုန် သူတို့ကို အားလျှော့ကာ လိုက်ပို့လိုက်သည်။
ကင်းချူ ရှရှီပေ ထွက်သွားတာကို တွေ့တော့ သူလည်း လမ်းလျှောက်ပို့ဖို့ တောင်းဆိုနေသည်။
သူမခွေးက ဘယ်လောက်ထိ ခေါင်းမာလဲကို တွေ့ပြီး လျိုမန်ဟုန် ခေါင်းသာငြိမ့်ပြီး သဘောတူရတော့သည်။
ကင်းချူ ဤမိန်းကလေးနှင့် အချိန်ပိုဖြုန်းဖို့ အခွင့်အရေးရသွား၍ အပျော်လွန်သွားသည်။
မကြာမှီပင် သူတို့သုံးယောက်နှင့် ခွေးတစ်ေကာင်က အပိုင်းခြားထားသည့် ဥယျာဉ်ကို ရောက်သွားသည်။
သူတို့ အပေါက်ဝကို နီးကပ်လာတော့ စိတ်လှုပ်ရှားသော ခွေးဟောင်သံ တစ်ခုက ထွက်လာသည်။
ထို့နောက် ရွှေရောင်ပံုရိပ်တစ်ခုက သူတို့ဆီကို ဦးတည်လာနေသည်။
"အရှူရာ!"
ယွီဇီချီ ဘာမှ မလုပ်နိုင်ခင်မှာဘဲ အရှူရာ သူ့ဆီကနေ ထွက်ပြေးသွားတယ်!
သို့ပေမယ့် သူ ရှရှီပေကို မလှမ်းမကမ်းတွင်တွေ့တော့ အကြောင်းအရင်းကို နားလည်သွားသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း အရှူရာ နည်းနည်း ဂနာမငြိမ်ဖြစ်နေသည်ပင်။
သူ အရင်တုန်းက အိမ်ကို မဖျက်စီးဖူးပေမယ့် အခုချိန်မှာတော့ ဖျက်စီးနေပြီဖြစ်သည်။
ကံကောင်းစွာဖြင့် ယွီဇီချီ ဘာလုပ်ရမလဲကို သိသည်။ သူ ရှရှီပေကို ဖုန်းခေါ်ပြီး အရှူရာ့ကို ဆုံးမခိုင်းရသည်။
ထိုအရာက အရှူရာကို သူ ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော နည်းပင်။
အရှူရာ့ကို အပိုစွမ်းအင်ထုတ်စေနိုင်ရန်အတွက် ယွီဇီချီ အတန်းပြီးတော့ သူ့ကို လမ်းလျှောက်ခေါ်လာခဲ့သည်။
ကံမကောင်းစွာဖြင့် သူတို့ ရှရှီပေကို လမ်းတွင် တွေ့လိုက်ရသည်။
အရှူရာ သူ့သခင်ဘယ်လောက် စိတ်ပျက်နေလဲကို ဂရုမစိုက်။ ရှရှီပေကို တွေ့ပြီး သူစိတ်လှုပ်ရှားလာကာ မြန်မြန်ပြေးတော့သည်။
"ဝုဖ်!"
ထိုကျယ်လောင်လောင်အသံက လျိုမန်ဟုန်နှင့် ကင်းချုကို ရှော့ရစေသည်။
ဤ Golden retrieverကြီးက ခုန်အုပ်တော့မည်ကို တွေ့၍ လျိုမန်ဟုန် ကြောက်လန့်စွာ အော်လိုက်သည်။ "သတိထား!"
သို့ပေမယ့် သူမ နောက်တစ်စက္ကန့်အတွင်းမှာပင် မှင်သက်သွားသည်။
Golden Retriever က ရှရှီပေအရှေ့ ၁၀စင်တီမီတာအလိုတွင် ရုတ်ချည်းရပ်လိုက်ပြီးနောကိ သူ့ခေါင်းကို ရှရှီပေ ခါးနားတိုးလိုက်သည်။
"ဝုဖ်!"
"ဝုဖ်!"
ကင်းချူက အနည်းငယ် ကြောက်သွားသောကြောင့် အံ့ဩသွားရသည်။ သို့ပေမယ့် အရှူရာ၏ ရည်ရွယ်ချက်များကို သိပြီး သူ ဒေါသထွက်လာသည်။
ဒီခွေးအရိုင်းအစိုင်းက ဘယ်ကထွက်လာတာလဲ?!
အရှူရာ ရှရှီပေကို တွေ့၍ပျော်သွားပေမယ့် သူမဘေးတွင် ခွေးတစ်ကောင်ရှိနေပြီး သူ့ကိုလည်း ရန်စနေတာကြောင့် သူ ရုတ်တရက် ဒေါသထွက်လာရသည်။
"ဝုဖ်!"
"ဝုဖ်!"
ကင်းချူအလျှော့မပေးချင်တာကြောင့် သူလည်း စတင်ဟောင်လာပြီး အရှူရာကို သွားဖြဲပြလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာတင် ခွေးနှစ်ကောင် တစ်ကောင်ကိုတစ်ကောင် ဟောင်လာကြသည်။
"တိတ်ကြစမ်း!"
ရှရှီပေ ခေါင်းတွေ နာလာသည်။
သူမ အရှူရာ ဤနေရာတွင် ရှိမည်မထင်ထား။ သူမ ခွေးနှစ်ကောင် ရန်ဖြစ်ကြမယ်လို့လည်း မတွေးမိ။
"ဝိုး...."
ထိုကဲ့သို့ အအော်ခံလိုက်ရ၍ ခွေးနှစ်ကောင် ရုတ်ချည်း အဟောင်ရပ်သွားကာ အရမ်းရယ်စရာကောင်းနေသည်။
ယွီဇီချီနောက်ဆုံးတွင် ရောက်လာသည်။ သူ မောဟိုက်ကာ ချွေးထွက်နေပြီး မေးလိုက်သည်။ "ရှီပေ ဒီမှာ ဘာလုပ်နေတာလဲ?"
သူ စကားပြောပြီးသည်နှင့် သူ မော့ကြည့်လိုက်ရာ ချောင်ရန်ကျွယ်ကို တွေ့လိုက်ရ၍ အရမ်းအံ့အားသင့်သွားသည်။
"အကိုကြီးချောင်လည်း ဒီကို ဘာလို့ ရောက်နေတာလဲ?"
"ကိုယ်တို့က ဒီမှာ နေဖို့ အိမ်လာကြည့်တာ" ချောင်ရန်ကျွယ် အလွန်ယဉ်ကျေးစွာ ဖြေလိုက်သည်။ "ကိုယ်တို့ ဒီရပ်ကွက်ကို ရက်နည်းနည်းလောက်နေရင် ပြောင်းလာတော့မှာလေ"
ဖက်တီးလူရိုးလေး ယွီဇီချီကတော့ ချောင်ရန်ကျွယ်ဆိုလိုတာကို သေချာပေါက် နားမလည်ဘူးပေါ့။ သူ စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်သည်။ "အကိုတို့နှစ်ယောက်လုံးပြောင်းလာမှာလား? ကောင်းတယ်! ကျွန်တော်လည်း အဖော်ရတာပေါ့!"
သူပြောရင်း ခေါင်းလှည့်လိုက်ရာ သူမြင်လိုက်ရသည့်အရာကြောင့် အံ့ဩဘနမ်းဖြစ်သွားသည်။
.......