- အိမ်နီးချင်း
"ဒီမှာနေမှာလား?!"
ရှရှီပေ ဘာမှမပြောခင် လျိုမန်ဟုန် ချောင်ရန်ကျွယ်ကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။ "ငါ့ကို နောက်နေတာလား?"
"ကျွန်တော်က အစ်မကြီးကို ဘာလို့ နောက်ရမှာလဲ?" ချောင်ရန်ကျွယ် လေးနက်စွာ မေးလိုက်သည်။ "ကျွန်တော်က မြိုတော်ဂျီမှာ ခဏနေမလို့ ဟိုတယ်မှာနေဖို့က အဆင်မပြေဘူးလေ"
"မင်း အရင်တုန်းက ဟိုတယ်မှာနေတာက ပိုပြီး သက်သောင့်သက်သာဖြစ်တယ်လို့ မပြောဘူးလား?" လျိုမန်ဟုန် သူ့ကို မေးခွန်းထုတ်လိုက်သည်။
"ရက်နည်းနည်းလောက်ဆိုရင် ဟိုတယ်က အဆင်ပြေတယ်" ချောင်ရန်ကျွယ် ယုံကြည်မှုဖြင့် ပြောလိုက်သည်။ "ဒါပေမယ့် ကျွန်တော် ဒီမှာ ကြာကြာနေမယ်ဆိုရင်တော့ ဟိုတယ်မှာ တစ်ချိန်လုံးမနေနိုင်ဘူး"
"ငါ့နေရာက မသန့်ရှင်းဘူးလို့ မင်းမပြောဘူးလား?" လျိုမန်ဟုန် လှောင်လိုက်သည်။
"ဒီက တကယ်ညစ်တယ်တယ်" ချောင်ရန်ကျွယ် သူမကြိုက်တာကို မငြင်း။ သူ ရှရှီပေအနောက်တွင် အမြှီးတနံ့နံ့ဖြစ်နေသည့် ဟက်စကီကို မထီမဲ့မြင်ဖြင့် ကြည့်လိုက်သည်။
"သူနဲ့သာဆိုရင် အစ်မကြီးရဲ့ အိမ်က သန့်ရှင်းမှာတဲ့လား?"
ခြိမ်းခြောက်သော အရောင်အဝါကို ခံစားရ၍ ကင်းချူ၏ အနက်ရောင်မျက်လုံးတို့က သူ့အရှေ့က အရပ်ရှည်ရှည်ယောက်ျားကို ကြည့်လိုက်သည်။
မုန့်မရှိ ပျော်စရာမရှိ ပြီးတော့ စိတ်ပျက်စရာလည်း ကောင်းသေးတယ်!
သူ စိတ်ကောက်ပြီး ရွံရှာမှုဖြင့် ခေါင်းကို တစ်ဖက်လှည့်ကာ ရှရှီပေကို အမြှီးဆက်နံ့ပြနေသည်။
"ဖွီး! ဟားဟားဟား...."
လျိုမန်ဟုန် ကင်းချူ၏ အပြုအမူကြောင့် အရမ်းစိတ်ရှုပ်သွားသည်။ ဤအရာက သူမကြိုက်သည့်အရာကိုတွေ့ရင် ပြုလုပ်သည့်အပြုအမူပင်။
ချောင်ရန်ကျွယ် တိတ်ဆိတ်နေကာ ခွေးစွတ်ပြုတ်လုပ်သောက်နည်း ၁၈မျိုးကို စဉ်းစားနေသည်။
သူ သူ့ရဲ့ စိတ်ပျက်မှုတို့ကို ဘေးချပြီး ဆက်ပြောလိုက်သည်။ "အဲ့တာကြောင့်မလို့ အစ်မကြီးရဲ့ အခန်းမှာ ကျွန်တော်မနေဘူး ကျွန်တော် ဒီမှာနေမယ်"
သူ အခန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"အထဲထဲမှာ အကုန်လုံး ပြင်ပြီးပြီမလား?"
"မင်း အောက်ထပ်က အိမ်တွေထဲက ရွေးလို့မရဘူးလား?" လျိုမန်ဟုန် ပြောလိုက်သည်။ "အကုန်လုံးက ပြန်ပြင်ထားတာတွေချည်းဘဲ"
"အောက်ထပ်မှာ လူတွေ နေဖူးတယ်" ချောင်ရန်ကျွယ် ရွံရှာစွာ ပြန်ဖြေလိုက်သည်။
လျိုမန်ဟုန် ဘာပြောရမှန်းမသိတော့။
သူမ အိမ်နှစ်အိမ်ကို ငှားဖူးပေမယ့် မကြာခင်မှာပင် ပြန်ယူခဲ့သည်။
ဤနှစ်ခန်းက လူမနေဖူးတာဖြစ်ပြီး အရမ်းသန့်ရှင်းသည်။ သူမ နာရီနှင့်လုပ်သော အလုပ်သမားများကို ခေါ်ပြီး သေသေချာချာသန့်ရှင်းခိုင်းထားတာကြောင့် အခြေအနေကောင်းနေသည်။
"သူမက ဒီမှာနေမယ် ကျွန်တော်က ဟိုမှာနေမယ် ကျွန်တော်တို့ တစ်ယောက်ကိုယ်တစ်ယောက်တော့ မထိခိုက်ဘူးမလား ဘယ်လိုထင်လ" ချောင်ရန်ကျွယ် လေးနက်ပုံပေါ်ကာ ရှရှီပေကို ကြည့်ပြီး သူမအဖြေကို စောင့်နေသည်။
ရှရှီပေ နှုတ်ခမ်း တွန့်သွားသည်။ "ဟမ်..."
သူမ ချောင်ရန်ကျွယ်နှင့် အိမ်နီးချင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်မထား။
"ရှင်...ရှင့်မှာ အိမ်ပိုင်ရှိတယ်မလား?"
"ရှိတယ်" ချောင်ရန်ကျွယ် တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်။ "ဒါပေမယ့် ပြန်မပြင်ရသေးဘူး ကိုယ်မနေခင်ဆို တော်တော်ကြာလိမ့်မယ်"
ရှရှီပေ ကိုးရိုးကားယားဖြစ်နေသည်။
တစ်ခန်းတည်းမဟုတ်ပေမယ့်လည်း ခေါင်မိုးတစ်ခုတည်းဟု ယူဆလို့ရကာ တကယ်ပင် ထူးဆန်းနေသည်။
"မှားတယ်ထင်လား?" ချောင်ရန်ကျွယ် ရှရှီပေ၏ အမူအရာကို တွေ့ပြီး မျက်နှာက ချက်ချင်းပြောင်းသွားကာ နာကျင်သလိုဖြစ်နေသည်။ "မေ့လိုက်တော့ ကိုယ် အခြားတစ်နေရာကို ရှာလိုက်မယ်"
"မလိုဘူး!" ရှရှီပေ မြန်မြန်ခေါင်းရမ်းလိုက်သည်။ ဤနေရာက လျိုမန်ဟုန်နေရာဖြစ်ကာ ချောင်ရန်ကျွယ်က သူမ တူပင်။ သူမ သူ့ကို မောင်းထုတ်လို့ရပါ့မလား? "ကျွန်မ အခြားနေရာကို ရှာလိုက်ရင်ရော ဘယ်လိုလဲ?" သူမ အကြံပေးလိုက်သည်။
"မဖြစ်နိုင်တာ!" ချောင်ရန်ကျွယ် ထိုအကြံကို ချက်ချင်း ငြင်းလိုက်သည်။ "မင်း အရင်ရောက်တာကို ဘယ်လိုလုပ် ထွက်သွားမှာလဲ?"
"ကျွန်မ...."
"တော်ပြီ အကုန်လုံး ပါးစပ်ပိတ်ကြ!"
သူတို့ ထိုကဲ့သို့ ရန်ဖြစ်နေတာကို မြင်တော့ လျိုမန်ဟုန်မျက်လုံးတွေက လန်သွားသည်။ "ဒီမှာ နှစ်အိမ်ရှ်ိတယ် နောက်တစ်ယောက်က မင်းကို အနှောင့်အယှက်ပေးတယ်ထင်ရင် တံခါးသာပိတ်နေ ဘာတွေ ပြဿနာဖြစ်နေတာလဲ? မင်းတို့နှစ်ယောက်လုံး ဒီမှာနေလို့ရတယ်!"
သူမ ချက်ချင်း ဆုံးဖြတ်ချက်ချကာ ရှရှီပေ တစ်ခုခုပြောတော့မည်ကို တားလိုက်သည်။ "မင်း ဒီမှာ မနေဘူးပြောရဲရင် ကင်းချူက သေတဲ့အထိ ငိုခြင်းချလိုက်မယ်!"
"ဝုဖ်!"
ထို့နောက် သူမ ချောင်ရန်ကျွယ်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။ "ပြီးတော့ ငါသာ မင်းကို ဒီမှာ မနေခိုင်းရင် မင်းအမေက ငါ့ကို သတ်လိမ့်မယ်!"
"အဲ့တာကြောင့် အဓိပ္ပာယ်မရှိပြောနေတာတွေ တော်လိုက်တော့ ပြန်ပြီး မင်းတို့ ပစ္စည်းတွေ ဒီကို ယူခဲ့ကြ!"
.....