- အနီးနားတွင် နေခြင်း
သူမ ပြောလေလေ လျိုမန်ဟုန် ထိုအရာက ကောင်းသော အကြံဉာဏ်ဟု ထင်လိုက်သည်။
"မင်း ဒီမှာနေရင် ငါတို့ တစ်ယောက်ယောက်နဲ့တစ်ယောက် အဖော်ပြုလို့ရတယ်! ငါတို့ ရှော့ပင်း တူတူထွက်လို့ရတယ်!"
"ဝုဖ်!" ကင်းချူလည်း ထောက်ခံလိုက်သည်။
"ဟုတ်တယ် ဒီမှာ ကင်းချူလည်းရှိတယ်! သူလည်း နင့်ကို ဒီမှာ နေစေချင်နေတာ!"
"ဟင်း..." ရှရှီပေ ခဏလောက် တွေဝေကာ ခေါင်းရမ်းလိုက်သည်။ "ကျွန်မ နောက်ကျရင် လုပ်စရာတွေ အများကြီး ရှိသေးတယ် ကျွန်မတို့တူတူနေရင် အဆင်ပြေမှာ မဟုတ်ဘူး"
ထိုအရာက လျိုမန်ဟုန်ကို စိတ်ပျက်စေသည်။
သူမက ရှရှီပေနှင့် အသက်အရမ်းကြီး ကွာမနေသလိုမျိုး အရမ်းအဆင်ပြေနေသည်။
ရှရှီပေသာ ဒီမှာနေရင် သူမမှာ အဖော်ရှိမည်။
ထိုအချိန် ချောင်ရန်ကျွယ် ထပြောလိုက်သည်။ "တူတူနေဖို့ အဆင်မပြေရင် ဒီပတ်လည်မှာ အခြားအိမ်တွေရှိတယ်မလား?"
လျိုမန်ဟုန် လက်ခုပ်တီးပြီး မျက်လုံးတွေက တောက်ပသွားသည်။
သူမပိုပြီး စိတ်လှုပ်ရှားလာသည်။ "အနီးနားမှာ ငါ့အိမ်တွေ ရှိသေးတယ် မင်း အနားမှာ နေလို့ရတယ် ငါတို့ အချိန်ရှိတိုင်း စကားပြောလို့ရတယ် မကောင်းဘူးလား?"
"ဝုဖ် ဝုဖ် ဝုဖ်!"
ကင်းချူ သူတို့ပြောနေတာတွေကို သေချာနားမလည်ပေမယ့် သူ စိတ်လှုပ်ရှားစွာ ဟောင်လိုက်သည်။
"အစ်မမှာ ဒီနားက အိမ်တွေရှိသေးတယ်?" ရှရှီပေ စူးစမ်းစွာ မေးလိုက်သည်။
သူမ ပထမဝင်လာတုန်းက ဒီအိမ်နေရာက တော်တော်ကောင်းသည်ဟု တွေးမိသည်။
ဤဧရိယာက စက်မှုဗဟိုတွင်တည်ရှိပြီး အိမ်တွေက တော်တော်ဈေးကြီးသည်။ အများစုက အိမ်အများကြီး မပြောနှင့် အိမ်တစ်လုံးကို သူတို့တစ်သက်စာဝင်ငွေဖြင့် မဝယ်နိုင်။
အဝင်အထွက်တွေတွင် လုံခြုံရေးကဒ်ကို ပြရပြီး လုံခြုံရေးတွေက တင်းကျပ်စွာ စစ်ဆေးသည်။ သူမ ဤနေရာတွင် တကယ်နေပါက သူမ၏ လုံခြုံရေးနှင့် ကိုယ်ေရးကိုယ်တာက လုံခြုံသွားပြီ။
ထို့အပြင် သူမ အနာဂတ်မှာ အနုပညာလောကထဲ ဝင်ရင် သူမ၏ ကိုယ်ရေးကိုယ်တာက အရေးအကြီးဆုံးဖြစ်သည်။
သူမကိုယ်သူမ ရုပ်ဖျက်ဖို့ နည်းရှိပေမယ့် ပတ်ဝန်းကျင်က အဆင်မပြေရင် ပြဿနာတက်လိမ့်မည်။
ဤနေရာက ဈေးမြင့်ပေမယ့် သူမအတွက် တစ်ယူနစ်ငှားဖို့ဆိုတာ မခက်ခဲ။
"ရှိတာပေါ့!" လျိုမန်ဟုန် ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။ "ငါ့မှာ နည်းနည်းတောင် ရှိသေးတယ်!"
ရှရှီပေ အံ့ဩသွားသည်။ သူမက တကယ်ဘဲ သူဌေးအိမ်ပိုင်ရှင်ဘဲ! သူမမှာ အိမ်နည်းနည်းတောင် ရှိသေး!
"မင်း ဒီနေရာမှာ အိမ်မငှားချင်ရင် ကိုယ် မင်းကို အခြားနေရာရှာပေးမယ်လေ" ချောင်ရန်ကျွယ် ထည့်ပြောလိုက်သည်။
"အမ်....ကျွန်မကို ရှင့်ကို ဒုက္ခထပ်မပေးချင်တော့ပါဘူး...." ရှရှီပေ တုန့်ဆိုင်းစွာ ပြောလိုက်သည်။
"မပေးပါဘူး" ချောင်ရန်ကျွယ် ရယ်လိုက်သည်။ "သေသေချာချာပြောရရင် မင်းက အခု ကိုယ့်ဝမ်းကွဲ ဖြစ်နေပြီ"
ဤအရာက ယာယီ မီးစင်ကြည့်ကသည်ထက်မပို။ လအနည်းငယ်အတွင်းမှာတင် သူမ အုပ်ထိန်းသူမလိုတော့ဘဲ ဆုံးဖြတ်ချက်များကို သူမကိုယ်တိုင် ချနိုင်တော့မည်ပင်။
ထို့အပြင် သူမ ချောင်ရန်ကျွယ်နှင့် တစ်နေနေ့မှာ ဝမ်းကွဲတွေ ဖြစ်လာမည်ဟု တွေးမထား__သူတို့ သွေးရင်း မဟုတ်ပေမယ့်လို့ပေါ့။
သူမ အရှေ့က ချောင်ရန်ကျွယ် နောက်နှစ်တွေက အေးစက်ရက်စက်သော မာစတာကျွယ်နှင့် ကွာခြားတယ်ဆိုတာ သူမ သိပေမယ့်လည်း သူ့ညီမဖြစ်ဖို့ဆိုတာ ထူးဆန်းနေသည်။
သို့ပေမယ့် လျိုမန်ဟုန် ဝင်ပြောလိုက်သည်။ "မင်းမှာ ဘာစိတ်ပူစရာတွေရှိလို့လဲ? မင်းတို့တွေက ဝမ်းကွဲမောင်နှမတွေ ဖြစ်သွားပြီလေ! မင်းတစ်ခုခု လိုရင် မင်းအကိုကိုပြော သူ မင်းကို ကူလိမ့်မယ်!"
"ကျွန်မ..."
"ဒီနေရာမှ ငါတွေ နင်တွေ မရှိဘူး ငါတို့က မိသားစု ဖြစ်သွားပြီ!"
လျိုမန်ဟုန်က ငယ်ရွယ်ပုံထင်ရပေမယ့် သူမ၏ တကယ့်အသက်အရွယ်က အရမ်းကြီး မငယ်တော့။ ထို့အပြင် သူမက လိမ်ရလွယ်သည့်သူမဟုတ်။
သူမမှာ ဗျူးတီးစလွန်းနှင့် ရုပ်ရှင်ရုံတွေ ရှိပြီး သူမက အရမ်းချမ်းသာသော အမျိုးသမီး ဖြစ်သည်။
သူမ ချောင်မိသားစုဆီကမှ အကူအညီကို ရပေမယ့် သူမက အရည်အချင်းမရှိသူမဟုတ်။
သူမ ကြည့်ရသည်မှာ ရက်ရောပြီး ပွင့်လင်းသော အမျိုးသမီးနှင့်တူပေမယ့် သူမက သူစိမ်းတွေကိုတော့ ရင်ထဲကနေ မဆက်ဆံ။
သူမ ရှရှီပေကို ချောင်ရန်ကျွယ်ကြောင့်သာ လက်ခံခြင်းဖြစ်သည်။
သို့ပေမယ့် သူမ ဤသမီးလေးကို မြင်ပြီးတော့ ပိုပြီး သဘောကျလာသည်။
သူမ ဤကဲ့သို့ ချစ်စရာကောင်းပြီး အလွန်တရာလှသော ကလေးမျိုးကို မွေးဖို့ ဘယ်လောက် ဆန္ဒရှိလိုက်သလဲ!
ရှရှီပေ လျိုမန်ဟုန် ပြောတာကို ကြားပြီး မငြင်းနိုင်တော့။ ပြီးတော့ ဤနေရာက နေချင်စရာကောင်းသည်။
ထို့ကြောင့် သူမ ခေါင်းငြိမ့်လိုက်သည်။ "ရှင်တို့ကို ကျေးဇူးအများကြီး တင်ပါတယ်"
......