- ငါတို့ ဘာမှ မဆိုင်တော့ဘူး
အိမ်?
အကုန်လုံး သူတို့နားကို စွံ့နေကြသည်။
"နင် ဘာတွေပြောနေတာလဲ?!" လျိုလီရှင်း စိတ်မသန့်စွာဖြင့် ဆဲလိုက်သည်။ "အကြောင်းအရာပြောင်းဖို့ မစဉ်းစားနဲ့!"
ရှရှီပေ ခါးသက်စွာ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ "သမီးက အကြောင်းအရာပြောင်းနေတာမဟုတ်ဘူး အန်တီ အသိဆုံးဖြစ်မှာပါ"
သူမ ရှရှဟိုင်ဘက်ကို ကြည့်လိုက်သည်။ "အဖေ အဖေ့မှာ သားသမီးနဲ့ ကိုယ်ပိုင်မိသားစုရှိတယ်ဆိုတာ သမီးသိပါတယ် ပြီးတော့ သမီး အဖေနဲ့ ဘာမှမပက်သက်တော့ဘူးဆိုတာကိုကောပါ့ အဲ့တာကြောင့် သမီး အဖေ့ကို မနှောင့်ယှက်ဖို့ ဆုံးဖြတ်ထားတာ..."
"ကြားလို့ကောင်းတာပေါ့!" လျိုလီရှင်း ပေါက်ကွဲသွားသည်။ "ဒါပေမယ့် နင် ငါတို့ကို ငြိမ်းချမ်းအောင် ထားမယ်ဆိုရင် နင် ဘာလို့ ဒီကို ရောက်နေရတာလဲ?"
"သမီးက ဖြတ်သွားရင်း သူတို့ဆီ သွားလည်မလို့ တွေးနေတာ" ရှရှီပေ ခါးသီးစွာ ပြုံးလိုက်သည်။ "မစိုးရိမ်ပါနဲ့ သမီး သူတို့နား မသွားပါဘူး ကုန်ကုန်ပြောရရင် သမီး အဖေနဲ့ ဆွေကန်းမျိုးကန်းဖြန်တဲ့ စာကို လက်မှတ်ထိုးပြီးသွားပြီးပြီလေ...."
"ဆွေကန်းမျိုးကန်းဖြတ်တဲ့စာ?!"
လူတွေက ရှော့ရသွားသည်။ ကြားရသည်မှာ ကြောက်စရာတစ်ခုလိုပင်။
လျိုလီရှင်း တကယ် မှင်သက်သွားပြီး ရှရှဟိုင်၏ လက်မောင်းကို ဆွဲညှစ်လိုက်သည်။ "ရှင် ဘယ်တုန်း အဲ့လိုဟာကို လက်မှတ်ထိုးလိုက်ရတာလဲ?"
ရှရှဟိုင် သူမလက်ကို ဖြုတ်လိုက်ပြီး ရေရွတ်လိုက်သည်။ "ငါတို့ အိမ်ပြန်ရောက်ရင် ပြောပြမယ်"
လူတွေဆီကလာသည့် ရွံရှာသည့်အကြည့်တို့က သူ့ကို အင်အားကုန်ခမ်းလုနီးပါးဖြစ်စေသည်။ သူ ဒါတွေကို ဒီမှာ ဘယ်လို ဖွင့်ချရမှာလဲ?
"သမီးတို့ အရင်လအစောပိုင်းတုန်းက ထိုးထားတာ" ရှရှီပေ အစားဖြေလိုက်ပြီး သူမမျက်လုံးတို့က မျက်ရည်ဥဥနေသည်။ "အဖေက အိမ်ကို သမီးနာမည်ပြောင်းပေးပြီး ဆွေကန်းမျိုးကန်းဖြတ်တဲ့ စာချုပ်ကို လက်မှတ်ထိုးခဲ့ကြတာ သမီးတို့က အဲ့အချိန်ကတည်းက ဘာမှ မသက်ဆိုင်တော့ဘူး"
လူတွေက အသက်ပြင်းပြင်းရှူလိုက်ကြူည်။ ဒါက ဘယ်လို အဖေမျိုးလဲ?!
လျိုလီရှငိး ရှရှဟိုင် စောစောတုန်းက ရှောင်နေလဲ နောက်ဆုံးတော့ နားလည်သွားသည်။ ဇာတ်လမ်းမှာ မြှပ်ကွက်ရှိနေတာကို!
"ဒါပေမယ့် သမီးနေရာက ပြန်တည်ဆောက်မယ့်ပါသွားမယ်ဆိုတာ ဘယ်သူက သိမှာလဲ" ရှရှီပေ သူမခေါင်းကို ဝမ်းနည်းစွာ ရမ်းလိုက်သည်။ "တစ်သိန်းလောက် တန်တဲ့ အိမ်လေးက အခုတော့ ဈေးတွေ တက်တာတယ်လေ အန်တီတို့ လက်မခံနိုင်တာ သမီးသိပါတယ်"
"နင် ဘာတွေပြောနေတာလဲ!" လျိုလီရှင်း မြန်မြန်အော်လိုက်သည်။ "ဘယ်သူ...ဘယ်သူက အိမ်ကို လိုချင်လို့လဲ?!"
"အန်တီ မလိုချင်ဘူးလား?" ရှရှီပေ စိတ်ရှုပ်နေပုံပင်။ "ဒါပေမယ့် သမီးတို့ အိမ်နားကို လွန်ခဲ့တဲ့ နှစ်ရက်လောက်က ရောက်လာတဲ့ လူဆိုးတွေက အိမ်ကြောင့် လာတယ်လို့ သူများဆီက သမီးကြားရတယ် သူတို့က အန်တီခိုင်းလို့လာတယ်လို့တောင် ...ဝန်ခံပြီးသွားပြီ"
"သောက်ရေးမပါတာတွေ!" လျိုလီရှင်း မျက်နှာက ပြဇာတ်ဆန်စွာ ပျက်သွားပြီး ဒေါသဖြင့် အော်လိုက်သည်။ "နင် ငါ့ကို စွပ်စွဲနေတာ!"
"သူမက ခင်ဗျားကို စွပ်စွဲနေလားဆိုတာ ကျုပ်တို့ ရှာကြတာပေါ့" ရဲတစ်ယောက်က ရုတ်ချည်းထပြောလာ နောက်ရုံးတစ်ခု၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
ပြန်လည်တည်ဆောက်နေသည့် နေရာတွင် စခန်းတစ်ခုသာရှိတာကြောင့် သူတို့ ဘယ်ကို ခေါ်ရမလဲဆိုတာ မမေးဘဲနှင့် သိသည်။
ရဲကို ကြည့်ပြီး လျိုလီရှင်းနှင့် ရှရှဟိုင်တို့ တုန်လှုပ်ကုန်ကြသည်။
သူမ ရှေ့ကို ထွက်ပြီး ဖုန်းကို ဆွဲလိုက်ချင်ပေမယ့် သူမ မလုပ်ရဲ။
မကြာမီပင် ရဲငယ်လေးက ဖုန်းချကာ မျက်လုံးတွေ အကုန်လုံးက သူ့ဆီရောက်လာသည်။
"ဟုတ်တယ် သူတို့ ရက်နည်းနည်းလောက်က ယောက်ျားအများကြီးကို ဖမ်းမိပြီး သူတို့က တကယ်ဘဲ အိမ်အတွက်ဖမ်းခံရတာ"
လျိုလီရှင်းနှင့် ရှရှဟိုင်တို့ မျက်နှာတွေက ဖြူဆုပ်သွားသည်။
အဝေးကလူတွေလည်း တဖြည်းဖြည်း နီးကပ်လာကြပြန်ကာ ရဲပြောတာကြားရဖို့ ကျန်သော ရဲတို့ကို တိုးကြိတ်မိတော့မလိုပင်။
ဒီလို ရူးနှမ်းယုတ်မာတဲ့ မိန်းမတွေက ဘယ်လိုတောင် ရှိနေရတာလဲ?!
"အဲ့လိုလူတွေက မိုးကြိုးပစ်ခံသင့်တယ်!"
"ဟုတ်တယ်! သူတို့ကို မြန်မြန် ဖမ်းလိုက်တော့!"
"သူတို့က လူငှားပြီး သူမကို သတ်ဖို့ကြံနေတာ!"
"ပါးစပ်တွေ ပိတ်ထားစမ်း!" လျိုလီရှင်း သွေးရူးသွေးတန်းဖြစ်ပြီး ထိုလူတွေကို ရိုက်ချင်စိတ်ကို ထိန်းထားရသည်။
ရှရှဟိုင်လည်း လမ်းပျောက်နေသည်။
"နားလည်မှုလွဲနေတာဖြစ်မှာ!"
"နားလည်မှုလွဲတာ?"
ရှရှီပေ အပြုံးတို့က ခိုးကိုးရာမဲ့နေသည်။ "သမီးလည်း နားလည်မှု လွဲတယ်လို့ဘဲ မျှော်လင့်တာပါ သမီးတို့ ဖြေရှင်းလို့ရမယ်လို့လည်း မျှော်လင့်နေတာ ဒါပေမယ့် သမီးကို ရောက်ရောက်ချင်းဘဲ သမီးရဲ့ ညီလေး ညီမလေးတွေကို အန္တရာယ်ပြုတယ်ဆိုပြီး စွပ်စွဲနေတာလေ အဖေတို့ အပြစ်ရှိတယ်လို့ ထင်ရတာဘဲ ဟုတ်တယ်မလား?"
"ဘယ်သူက အပြစ်ရှိတာလဲ!" လျိုလီရှင်း ပြန်အော်ကာ သူမ လည်ပင်းတို့က တောင့်နေသည်။ "ငါတို့ ဘာမှ မလုပ်ဘူး ငါတို့ တကယ်လုပ်တယ်ဆိုရင် ရဲတွေက ငါတို့ကို ဘာလို့ လာမရှာသေးတာလဲ?"
သူမ ပြောပြီးသည်နှင့် ရဲစခန်းဖုန်းမြည်လာသည်။
ဖုန်းခေါ်သည့်သူက ပြောပြီးသည်နှင့် ရဲ၏ မျက်နှာတွင် ထူးဆန်းသော အကြည့်ရှိနေသည်။
"ခင်ဗျားတို့က လျိုလီရှင်းနဲ့ ရှရှဟိုင်လား?" သူ သူတို့ကို မေးလိုက်သည်။
.....