- ထူးဆန်းသော ယောက်ျား
ရှရှီပေ ဖန်းယန်၏ ဖုန်းလက်ခံရတုန်းက မူကြိုကျောင်းပေါက်ဝတွင်ဖြစ်သည်။
"တောင်းပန်ပါတယ်..." ဖန်းယန် စိတ်ပျက်နေသည့်ပုံပေါ်သည်။ "ငါက သူတို့ သဘောတူမယ်ထင်ထားတာ...."
ရှရှီပေ ထိုရလဒ်ကြောင့် တကယ်မအံ့ဩ။
ပြောရရင် ပိုင်မေရွှယ်နှင့်သာဆိုရင် ကိစ္စတွေက အေးအေးဆေးဆေးဖြစ်မှာအဟုတ်။
"ရပါတယ် စိတ်မပူပါနဲ့ ကျွန်မ အလျင်မလိုပါဘူး"
ဖန်းယန်ပိုပြီး ရှက်သွားသည်။
သူ ရှရှီပေ သဘောတူသည်နှင့် ကုမ္ပဏီကို သိမ်းသွင်းနိုင်မည်ဟု ထင်ထားခြင်းပင်။
သို့ပေမယ့် ရှရှီပေ သဘောတူပေမယ့် ကုမ္ပဏီက လက်မခံဘူးဆိုတာ ဘယ်သူသိမလဲ?!
ရှရှီပေ သူ့ရဲ့ စိတ်ပျက်မှုတွေကို နားလည်ပြီး နှစ်သိမ့်စကား နည်းနည်းပြောကာ ဖုန်းချလိုက်သည်။
သူမ မလှမ်းမကမ်းက ကျောင်းေပါက်ဝကို ကြည့်ပြီး ပြုံးလိုက်သည်။
ရှရှဟိုင်နှင့် လျိုလီရှင်းတို့၏ အမြွှာတို့က ဒီကျောင်းတွင် တက်သည်ပင်။
သူတို့ သူမကို ထိခိုက်ဖို့ တစ်ယောက်ယောက်ကို ရှာရဲမှတော့ သူတို့ အကုန်လုံးကို ဖြေရှင်းဖို့ စိတ်ထဲ ပြင်ဆင်ထားမှာပင်။
ဒါပေါ့ သူမ သူမရဲ့ အနာဂတ်ကို အလောင်းအစားလုပ်ပြီးတော့ ပြဿနာရှာဖို့ ရည်ရွယ်ချက်မရှိ။ သို့ပေမယ့် သူမ သူတို့ကို နည်းနည်းလေးမှ မခြောက်ရင် သူမ သူတို့ရဲ့ ရည်ရွယ်ချက်တွေနဲ့ ဘယ်တန်တော့မလဲ?
ထို့ကြောင့် သူမ ခွင့်ယူကာ ကျောင်းပေါက်ဝတွင် ကလေးနှစ်ယောက်ပေါ်လာဖို့ စောင့်နေလိုက်သည်။
ထိုအချိန်တွင် ရာသီဥတုက စတင်ပူနေပြီ။ ရှရှီပေ အပူတို့ နေရောင်တို့ကို မကြောက်ပေမယ့် သူမကိုယ်သူမ ညှဉ်းပန်းစရာမလို။
သူမ အရိပ်ရှိတဲ့နေရာရှာပြီး ကျောင်းဆင်းချိန်ကို စောင့်နေလိုက်သည်။
မိနစ်အနည်းငယ်ကြာတော့ သူမ အနီးနားက သစ်ပင်အောက်တွင် စောင့်နေသော လူကြီးကို သတိထားမိလိုက်သည်။
ထိုယောက်ျားက အရပ်သိပ်မရှည် သူမထက်ပင် ပုသေးသည်။ သူ့တွင် မျက်ခုံးရှုတ်ရှုတ်ရှိကာ တြိဂံပုံမျက်လုံး ဘဲဥပုံနှာခေါင်းနှင့် သူ့ကို ပိုပြီး နှာဗူးပုံပေါက်စေတာေသာ မျက်လုံးအောက်က မျက်ကွင်းညိုညိုများရှိသည်။
သူ့အဝဝ်အစားတို့က အနည်းငယ်ရှုပ်ပွကာ နေပူပူတောင်မှ သူက မတော်တလျော်ကုတ်ကြီးကိုပါ ဝတ်ထားသေးသည်။ သူ ရေမချိုးထားသည်မှာ ရက်တော်တော်ကြာနေသလို သူ့ခန္ဓာကိုယ်ကနေ အနံ့ထွက်နေသည်။
ရှရှီပေ သူနှင့် အရမ်းမဝေးတာကြောင့် နှာခေါင်းကို ပိတ်ထားရသည်။
ထိုယောက်ျားက ကျောင်းပေါက်ဝကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသည်။
ရှရှီပေ သူ့ကို ပါးနပ်ထိုးဖောက်စွာ ကြည့်လိုက်ပြီး သူမအကြည့်က ရုတ်တရက် သူ့ခါးတွင်ရပ်သွားကာ သူမ အမူအရာက ချက်ချင်း ပြောင်းလဲသွားသညါ။
ထိုအချိန် ကျောင်းတံခါးပွင့်လာကာ ကျောင်းသားအများကြီး ထွက်လာသည်။
အချို့မိဘတွေက အရှေ့ထွက်ပြီး သူတို့ ကလေးတွေကို ကြိုလိုက်သည်။ အခြားကလေးတွေက နီးနီးနားနားတွင်နေ၍ သူတို့ဘာသာသူတို့ လမ်းလျှောက်ပြန်ကြသည်။
ကလေးတွေ သူ့ဘက်ကို လျှောက်လာတာကိုတွေ့တော့ ထိုယောက်ျား၏ မျက်လုံးက ရုတ်ချည်း တောက်ပသွားသည်။
ထူးဆန်းသော အပြုံးနှင့် သူ ထိုကလေးတွေနား မြန်မြန် လျှောက်သွားလိုက်သည်။
သူ လျှောက်သွားရင်း သူ့လက်က ကုတ်အပေါ်ကို ရောက်သွားသည်။
ကလေးတွေက လမ်းလျှောက်ရင်း ကစားပြီး စကားပေါနေကြတာကြောင့် သူတို့နားကို ကပ်လာသည့် ယောက်ျားကြီးကို သတိမမူမိကြ။
ရှရှီပေ နှလုံးခုန်သွားသည်။ သူမ ထိုအချိန်တွင် အမြွှာတွေကို ရှာဖို့ စိတ်မရှိတော့ဘဲ ထိုယောက်ျားနောက်ကို မြန်မြန်လိုက်တော့သည်။
ထိုယောက်ျား၏ ခြေလှမ်းတို့က မြန်သထက်မြန်လာကာ သူနှင့် ကလေးတွေကြားက အကွာအဝေးက စက္ကန့်နှင့်အမျှ နီးကပ်လာသည်။
နောက်တစ်ခဏတွင် ထိုယောက်ျားက သူ့ကုတ်ထဲက လက်ကို ထုတ်လိုက်သည်။
သူ့လက်ထဲမှာ ဓား!
ဓားက နေရောင်ထဲတွင် တောက်သွားသည်။ သူ့နှုတ်ခမ်းထောင့်က အပြုံးက အရင်ကထက် ပိုပြီး အကျည်းတန်လာသည်။
"သေစမ်း!" သူအော်ကာ ကလေးတွေအရှေ့ကို ပြေးသွားသည်။ သူ သူ့လက်ကို မြှောက်လိုက်ပြီး လေထဲတွင် ပြောင်မြောက်သော လက်ပုံသဏ္ဌာန်ဖြစ်နေသည်။
ကလေးတွေ နောက်ဆုံးတော့ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်သွားသည်။ သူတို့ အရမ်းကြောက်သွားတာကြောင့် သူတို့စိတ်ထဲ ဗလာဖြစ်သွားကာ မလှုပ်နိုင်တော့။
အခြားသူတွေလည်း ထိုမြင်ကွင်းကို မြင်သွားသည်။ သူတို့ ရုတ်ချည်းအော်လိုက်ကြသည်။ "အား!"
သို့ပေမယ့် သူတို့က ထိုယောက်ျားကို မှီဖို့ရာ အရမ်း အလှမ်းဝေးလွန်းသည်။
သူ့ဓားက ကလေးတစ်ယောက်အပေါ်ကို ကျတော့မည့်အချိန်တွင် သူ့အပြုံးက ရုပ်ဆိုးအကျည်းတန်လာသည်။
သို့ပေမယ့် သူ သူ့နောက်ကျောေပါ်ကို ကျောက်တုံးကြီးတစ်ခု ကျလာသလို နောက်တစ်ခဏအတွင်းမှာတင် ခံစားလိုက်ရသည်။ သူအရှေ့ကို ထိုးကျသွားပြီး သူ့ခြေတွေ လက်တွေက ထိန်းမနိုင်သိမ်းမရ ခါယမ်းနေသည်။
"အား!"
......