- တစ်ကြိမ်ငြင်းပြန်
ဖန်းယန် ကုမ္ပဏီကို ပြန်ပိး သူ့မန်နေဂျာကို ပြောပြတော့ သူတို့ ဆွေးနွေးကြသည်။
"ကျွန်တော်တို့ ချစ်စရာအိမ်မွေးကောင်နတ်မိမယ် စာကြောင်းတွေနဲ့ ဇာတ်ကောင်ကို ဖန်တီးလို့ရတယ် ပြီးတော့ ကျွန်တော်တို့..."
ဖန်းယန် စီစဉ်ချက်များကို အနာဂတ်ဖွံ့ဖြိုးမှုကို မြင်နေရသလို စိတ်လှုပ်ရှားစွာ ပြောနေသည်။
သို့ပေမယ့် သူ့မန်နေဂျာက သူ့လောက်မပျော်။
"ဒါက ဘယ်သူမှမလုပ်ဖူးတဲ့ လမ်းကြောင်း ဒါပေမယ့် ...အလုပ်ဖြစ်မယ်လို့ အာမခံနိုင်လို့လား?"
"ဒါပေါ့" ဖန်းယန် ခေါင်းငြိမ့်လိုက်သည်။ "ဖြစ်ရင်..."
သူ ပြောနေရင် တစ်ယောက်ယောက်က တံခါးလာခေါက်သည်။
"ရှောင်ဖန်း မင်းလည်း ဒီမှာဘဲလား?"
ပိုင်မေရွှယ် တံခါးဖွင့်ကာ ဝင်လာပြီး သူမ ဖန်းယန်ကိုတွေ့တော့ သူ့မျက်လုံးက လက်သွားကာ ညင်သာသော အပြုံး ပြုံးလိုက်သည်။
"အမရွှယ်" ဖန်းယန် ချက်ချင်း ခါးမတ်လိုက်သည်။ "ကျွန်တော် မစ္စတာလီကို တစ်ခုခုပြောဖို့ လာခဲ့တာ"
"အို့ ဟုတ်လား? ဘာပါလိမ့်? ငါရော နားထောင်လို့ရလား?"
သူမ ထိုသို့ပြောပြီးမှ ဖန်းယန် မရဘူး ပြောလို့ရသေးလား? သူမက ကုမ္ပဏီ၏ အရေးကြီးသော သူပင်။
"ဒါပေါ့ အမ နားထောင်လို့ရပါတယ်" ဖန်းယန် နှုတ်ခမ်းတွန့်လိုက်သည်။ "ကျွန်တော် ရှရှီပေအကြောင်းပြောနေတာပါ"
"ရှရှီပေ?" ပိုင်မေရွှယ် မျက်ခုံးပင့်လိုက်သည်။ "အရင်တစ်ခေါက်က ကောင်မလေးလား?"
"ဟုတ်တယ်"
"ဘာဖြစ်လို့လဲ? မင်း သူမ စာချုပ်လက်မှတ်ထိုးလို့ မရဘူးဆိုတာ ပြောပြီးပြီမဟုတ်ဘူးလား?" ပိုင်မေရွှယ် လျှောက်လာသည်။ "သူမ စိတ်ပြောင်းသွားပြီလား?"
"မဟုတ်ဘူး"
သူ တစ်ခုခုပြောချင်ပေမယ့် ကြားဖြတ်ပြောခံလိုက်ရသည်။
"မဟုတ်ရင် မင်းက ဘာကို ပြောချင်လို့လဲ? " ပိုင်မေရွှယ့်မျက်နှာက အနည်းငယ် ခက်ထန်သွားသည်။ "ငါတို့ လက်မှတ်မထိုးနိုင်ရင် ဘာမှ လုပ်မရဘူး ကုမ္ပဏီရဲ့ စည်းကမ်းချက်တွေကို မင်းသိပါတယ်"
"ကျွန်တော်သိပါတယ်" ဖန်းယန် စိတ်ပူနေသည်။ "ဒါပေမယ့် ရှရှီပေက အင်တာနက်ပေါ်မှာ တော်တော် ကျော်ကြားနေတာ! ကျွန်တော်တို့သာ အခွင့်အလမ်းကို ဆုပ်ကိုင်မယ်ဆိုရင်..."
"အွန်လိုင်းမှာ ကျော်ကြားတယ်?" ပိုင်မေရွှယ်ပြုံးလိုက်သည်။ "မင်းပြောချင်တာက အဲ့ခွေးနဲ့ ကြောင် ဗီဒီယိုလား?"
"အမ မြင်ပြီးပြီလား?"
"ငါ မြင်ပြီးပြီ" ပိုင်မေရွှယ့်အပြုံးက ရှိနေတုန်းပင်။ "မင်း အဲ့တာကို ပြောနေတာဆိုရင်တော့ မလိုတော့ဘူး"
"ကျွန်တော်..."
" ငါ မှန်းပြမယ် မင်း အွန်လိုင်းက ချစ်စရာအိမ်မွေးကောင်နတ်မိမယ် လမ်းကြောင်းကို လိုက်မလို့မလား?"
"ဟုတ်တယ်!" ဖန်းယန် နည်းနည်းတော့ အံ့ဩသွားသည်။ သူ ပိုင်မေရွှယ် သူ့အိုင်ဒီယာကို တွေးမိမယ်ဆိုတာ ထင်မထား။
သို့ပေမယ့် ဒါက သာမန်ပင်။ ပြောရရင် သူမက ဒီလောကမှာ နှစ်တွေအကြာကြီးနေလာပြီး သူမက အတွေ့အကြုံရှိသည့် လူကြီးပင်။
"ဒါပေမယ့် အဲ့တာက အလုပ်ဖြစ်မှာ မဟုတ်ဘူး" ပိုင်မေရွှယ် လေးနက်သော အမူအရာဖြင့် ခေါင်းရမ်းလိုက်သည်။ "တိုက်ဆိုင်မှုတစ်ခုတင် မင်းဒါကို တကယ်လုပ်ပြီး ဇာတ်ကောင်က အလုပ်မဖြစ်ရင် အကျိုးတွေကို မင်း စဉ်းစားနိုင်လား?"
"အလုပ် မဖြစ်မှာ မဟုတ်ဘူး!" ဖန်းယန် စိတ်ညစ်နေသည်။ "သူမမှာ တိရစ္ဆာန်တွေအတွက် ရင်းနှီးမှုရှိတယ်လို့ ကတိပေးထားတာ!"
"အို့ ရှောင်ဖန်း" ပိုင်မေရွှယ်ပြုံးလိုက်သည်။ "မင်းက ငယ်ပါသေးတယ်"
သူမ ခေါင်းရမ်းကာ ရယ်လိုက်သည်ည
"သူမကတော့ မင်းကို ကတိပေးမှာပေါ့ ဒါပေမယ့် မင်း သူမအာမခံတာကို သေချာလို့လား? ငါကတော့ သူမဗီဒီယိုက ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ထားတာထင်တယ် မဟုတ်ရင် ဘယ်လိုလုပ် အဲ့လို တိုက်ဆိုင်မှုမျိုးက ရှိနေမှာလဲ? မင်း ဒီလောကမှာ နေတာလည်း ကြာလှပါပြီ မင်း ဒါတွေကို နားမလည်သေးဘူးလား?"
သူတို့ဘေးက မန်နေဂျာကလည်း ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် ငါလည်း မေရွှယ့်ကို ထောက်ခံတယ်"
ဖန်းယန် တစ်ခုခုပြောချင်ပေမယ့် မန်နေဂျာက လက်မြှောက်ပြီး တားလိုက်သည်။ "မင်း ဘာမှ ပြောစရာမလိုဘူး ဖြစ်နိုင်တယ်ဆိုရင်တောင် သူမအခု လက်မှတ်ထိုးလို့မရသေးဘူး မင်းပြောသမျှက အရေးမပါဘူး"
"ဒါပေမယ့်..."
"ဟုတ်ပြီ" ပိုင်မေရွှယ် မျက်မှောင်ကြုံ့လိုက်သည်။ "ရှောင်ဖန်း ငါတို့ ကုမ္ပဏီက အခုချိန် သင်တန်းသားတွေ အများကြီးရှိတယ် မင်း သူတို့ကို တကယ် အာရုံစိုက်သင့်တယ် ပစ်စလက်ခတ် အဓိပ္ပာယ်မရှိတဲ့ အရာတွေကို တွေးမနေနဲ့"
"ကျွန်တော်..."
ဖန်းယန်၏ စိတ်က ရုတ်တရက် နေသာတာကနေ မုန်တိုင်းကို ပြောင်းသွားသည်။ သူတို့ ရှရှီပေ ဝင်လာမှာကို ဘာလို့ အဲ့လောက် ခေါင်းမာနေကြမှန်း သူ နားမလည်တော့။
"အိုကေ မင်းသွားလို့ရပြီ ငါတို့မှာ ဆွေးနွေးရမယ့် ကိစ္စတွေရှိသေးတယ်"
မန်နေဂျာ လက်ရမ်းလိုက်သည်။ ဖန်းယန် ရွေးချယ်စရာမရှိ ထွက်သွားရတော့သည်။
.....