- သူမက ငါ့ချစ်သူ
ကျင်ယာကျန်း ထိုနေရာကို ရောက်တော့ သူမ မနေနိုင်ဘဲ ပင့်သက်ရှိုက်လိုက်သည်။
စကားအခေျအတင်ဖြစ်တာ ပြီးသွားပြီ ဖြစ်ကာ ရန်ဖြစ်နေကြပြီ ဖြစ်သည်။
ကိုကြီးလျန်က ယန်ရွှမ့်ကို ပြင်းထန်စွာ ထိုးကြိတ်နေသည်။
"ငါ့ မိန်းမကို ဘယ်လိုလုပ် ခိုးရဲရတာလဲ! ငါ့ကို လင်ငယ်ဘာလို့ လုပ်ရဲရတာလဲ! ငါ မင်းကို သေတဲ့အထိ ရိုက်မယ်..."
သူ့လက်သီးက တကိန်ကိန်အော်နေသော ယန်ရွမ့်အပေါ် တစ်ကြိမ်ပြီး တစ်ကြိမ် ကျလာသည်။
အကြိမ်နည်းနည်းလောက် ထိုးကြိတ်ပြီးကာ သူ့ကို သူများတွေက နောက်ဆုံးတော့ ဆွဲလိုက်ကြသည်။
သူ အဆွဲခံရပြီးတာကို ကိုကြီးလျန် သူ့ကို အော်နေသည့် ယန်ရွှမ့်ကို ခြေထောက်ဖြင့် ကန်ဖို့ ကြိုးစားဆဲပင်။
ကျောင်းသားတွေ အများကြီး ရောက်နှင့်နေပြီး အကုန်လုံးက စူးစမ်းစွာ တီးတိုးပြောနေကြသည်။
ယန်ရွှမ့်ကို တစ်ယောက်ယောက်က သိသွားသည်။ ပြောရရင် ထိုကိစ္စက ရက်အနည်းငယ်လောက်ကမှ ဖြစ်သွားသည်ပင်။
သူတို့ ယန်ရွှမ်တွင် ဘာဖြစ်တာလဲဟု စပ်စုကြသည်။ သူက ဘာလို့ ဒရာမာတွေနဲ့ဘဲ ပြည့်နေရတာလဲ?
လုံခြုံရေးက ကိုကြီးလျန် လက်ကို ပြန်ဆွဲကာ ယန်ရွှမ့်ကို ပြန်မထိုးစေရင် ထိန်းထားလိုက်သည်။
"မင်း ဘယ်သူလဲ? ဘယ်လိုလုပ် ဒီထဲကို ဝင်လို့ရတာလဲ?!"
အပြေးလာသည့် ဌာနမှူးက အရမ်း ဒေါသထွက်နေသည်။ ဒီယောက်ျားက ဘယ်ကနေ ထွက်လာတာလဲ?
သူ ယန်ရွှမ့်ကို မြင်တော့ ပိုပြီး စိတ်တိုသွားသည်။
သူဘဲလား?!
"ကျွန်တော်မသိဘူး..."
ယန်ရွှမ်လည်း ကူရာမရဖြစ်နေသည်။ အခု ဒီယောက်ျားက ရုတ်တရက်ကြီး သူ့ဆီလာပြီး သူ့ကို ကျင်ယာကျန်းနဲ့ တွဲနေလား လာမေးသည်။ သူက ဘယ်လိုလုပ် ထိုအရာကို ဝန်ခံရမှာလဲ?
သို့ပေမယ့် သူ ငြင်းပေမယ့်လည်း သူ တိုက်ခိုက်ခံရတာကို မလွတ်။
ထိုးခံရပြီးတော့ သူ ငိုတော့မလိုပင်။
"မင်း မသိဘူးပေါ့?!"
ကိုကြီးလျန် ထိန်းချုပ်ထားပေမယ့်လည်း သူ့ရဲ့ မာနကြီးတာတွေက အရင်အတိုင်းပင်။
ယန်ရွှမ်က သာမန် အထက်တန်းကျောင်းသားတစ်ယောက်သာ ဖြစ်သည်။ စိတ်ပူစရာလိုသေးလို့လား?
"မင်း ငါ့မိန်းမကို ခိုးပြီး ငါ့ကို လင်ငယ်ဖြစ်အောင် လုပ်တယ် ပြီးတော့ မင်းက သိတောင်မသိဘူးပေါ့?!"
"ဆရာ ကျေးဇူးပြုပြီး စကားပြောဆင်ခြင်ပါ!" ဌာနမှူးလည်း အရမ်း ဒေါသထွက်သွားသည်။ "သူက ကျောင်းသားဘဲရှိသေးတာ ဆရာပြောတာက တရားလွန်တရားမင်းတွေ!"
အထက်တန်းကျောင်းသားတစ်ယောက်က အဲ့တာတွေနဲ့ ဘာဆိုင်လို့လဲ?
ဤယောက်ျားက အရမ်းအိုနေပြီး ဒီက ကျောင်းသားတစ်ယောက်ယောက်ရဲ့ မိဘအရွယ်ကို ဖြစ်နေကြီ။ သူတို့ကြားက အသက်အရွယ်ကွာခြားမှုနှင့် လူမှုရေးအဆင့်အတန်းက တကယ်ဘဲ ကြီးမားလှသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ဘာလုပ်စရာရှိမှာလဲ?
"ငါက တရားလွန်တရားမင်း ဟုတ်လား?!" ကိုကြီး လျန် ပိုပြီး စိတ်တိုသွားသည်။ "ငါ့မှာ သက်သေရှိတယ်!"
"သက်သေ?" ဌာနမှူး မျက်မှောင်ကြုံ့လိုက်သည်။ "ဘာသက်သေလဲ?"
"ငါ့ကို အရင်လွှတ်!" ကိုကြီးလျန် သူ့ကို နောက်ကနေဆွဲေနသည့် လုံခြုံရေးကို အော်လိုက်သည်။ "စိတ်လျှော့ ငါ သူ့ကို မထိုးဘူး ငါ မင်းတို့ကို သက်သေပြမလို့!"
ဌာနမှူး ကိုကြီး လျန်ကိုကြည့်ကာ နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်သည်။ "သူ့ကို အရင်လွှတ်ပေးလိုက်"
လုံခြုံရေးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကို ကြည့်ပြီး သူတို့လက်ကို တွေဝေစွာ လွှတ်လိုက်ပြီး လှုပ်ရှားမှုလုပ်ရန် အချိန်မရွေးစောင့်နေသည်။
လွှတ်ခံလိုက်ရပြီး ကိုကြီးလျန် ယန်ရွှမ့်ကို မထိုးပေမယ့် သူ့ဖုန်းကို ယူလိုက်သည်။
"ဒါ ငါ့ချစ်သူ!"
သူ ပုံကို နှိပ်လိုက်ပြီး အကုန်လုံးကို ပြလိုက်သည်။
တော်တော်ငယ်ရွယ်လှပသော မိန်းကလေးက သူ့ကို နီးကပ်စွာ မှီနေပြီး သူတို့မျက်နှာတွေက ထိနေသည်။ အရမ်းချိုမြိန်လှသည်။
သူသာ သူမက သူ့ချစ်သူလို့မပြောရင် သူမက သူ့သမီးလို့ ထင်ခံရနိုင်သည်။ ပြောရရင် သူတို့ အသက်အရွယ် ကွာခြားချက်က အရမ်း ကြီးလွန်းသည်။
"ဒါက...?"
ဌာနမှူး မျက်ခုံးပင့်သွားပြီး မိတ်ကပ်လိမ်းထားသည့် မိန်းကလေးက ရင်းနှီးနေသည့်ပုံပေါ်သည်။
"သူမက ဒီကျောင်းမှာ တက်တာ!"
ကိုကြီးလျန် နှုတ်ခမ်းကွေးကာ လှည့်ကြည့်လိုက်ပြီးနောက် သူမျက်လုံးက တောက်ပသွားသည်။ "ဘေဘီ ဒီကိုလာခဲ့!"
လူအုပ်ထဲတွင် ပုန်းနေသည့် ကျင်ယာကျန်း နှလုံးခုန်ချက် တစ်ခုလွတ်သွားသလို ခံစားလိုက်ရသည်။ သူမမျက်နှာက ဖျော့တော့သွားကာ ကိုယ်ကျုံ့သွားသည်။
သို့ပေမယ့် အကုန်လုံးမျက်လုံးက သူမဆီရောက်နေတာကြောင့် သူမကို ပြေးစရာမြေမရှိဖြစ်စေသည်။
အခြားကျောင်းသားတွေက သူမကို ရှော့ရစွာ ကြည့်လိုက်သည်။ သူမက ဒီလူအိုကြီးရဲ့ ချစ်သူလား?!
ဘယ်လို.... ဒါကြီးက အရမ်း ရှော့ရစရာဘဲ!
"မင်း?!"
ဌာနမှူး နောက်ဆုံးတော့ ကျင်ယာကျန်းကို မှတ်မိသွားသည်။ သူမက ပစ္စည်းခိုးပြီး ရှရှီပေကို အပြစ်ပုံချတဲ့ ကျောင်းသူဘဲ!
သူမ ထိုကဲ့သို့ ကိစ္စကို ဘယ်လိုလုပ် လုပ်ရဲရတာလဲ?!
......