- ငါ့ကို ကူညီပါဦး
"အို့ တော်တော်ဆိုးသွားတာဘဲ နင် ငါ့ကို မနေ့တုန်းက ဘာလို့ ခေါ်မသွားရတာလဲ?!"
ဗီဒီယိုထဲက တိရစ္ဆာန်လေးနှစ်ကောင်၏ ချစ်စရာ ပြုမူပုံတို့နှင့် သူတို့ ရှရှီပေကို မျက်နှာချိုသွေးပုံတို့ကို ကြည့်ပြီး စုန့်ကျားရန် စိတ်အရမ်း ပျက်သွားသည်။
"ငါ မနေ့တုန်းက ထန်လော်နဲ့ သွားတွေ့တာ အဲ့လိုမျိုး ဖြစ်မယ်လို့ ငါမှ ထင်မထားတာ"
"ထန်လော်?" စုန့်ကျားရန် အံ့ဩသွားသည်။ "နင့် ထိုင်ခုံဖော်လား?"
"ဟုတ်တယ်"
စုန့်ကျားရန် သူမကို ကြည့်ပြီး မျက်တောင်ခတ်လိုက်သည်။ "နင်တို့က...?"
"နင် ဘာတွေ ပြောနေတာလဲ?" ရှရှီပေ သူမကို ပုတ်လိုက်သည်။ "ငါတို့ ပူးပေါင်းမယ့်ကိစ္စ ဆွေးနွေးနေရုံပါ"
"ပူးပေါင်းမှု?" စုန့်ကျားရန် အံ့အားသင့်သွားသည်။ "နင်က ဘာကို ပူးပေါင်းချင်တာလဲ?"
"မစ်တီးဆိုင်နဲ့ နည်းနည်းဆင်တဲ့ဟာပါ"
ရှရှီပေ အတွက်တော့ ဤအရာက မစ်တီးဆိုင်နှင့် ဆင်တူသည်။
"အို့" စုန့်ကျားရန် သူမနားလည်ကြောကါး ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါနဲ့ ငါ့ အမားက ငါတို့ဆိုင် နောက်အပတ်ဖွင့်မယ်လို့ နင့်ကို ပြောခိုင်းလိုက်တယ်!"
သူမ ထိုအကြောင်းတွေ ပြောသည်နှင့် စိတ်လှုပ်ရှားသထက် လှုပ်ရှားလာသည်။
သူတို့ပထမဆုံး တူတူဖွင့်သည့်ဆိုင်ဘဲ!
သူတို့အနာဂတ်မှာ ရှိနေမည့် စိတ်လှုပ်ရှားမှုတို့ကို တွေးပြီး သူမ ထိုနေ့ကို ရောက်ဖို့ မစောင့်နိုင်တော့ဘူး။
"အိုကေ သိပြီ" ရှရှီပေ ခေါင်းငြိမ့်လိုက်သည်။
ကျောင်းခေါင်းလောင်းတီးတော့ သူတို့နှစ်ယောက် အခန်းတွေဆီ သက်သက်ဝင်သွားတော့သည်။
အခန်းထဲတွင် ထန်လော် သူ့ထိုင်ခုံတွင် ရောက်နှင့်နေပြီ။
"မနေ့ညက အကုန်လုံး အဆင်ပြေရဲ့လား?" ရှရှီပေ ထိုင်ရင်း မေးလိုက်သည်။
"မနေ့ည?" ထန်လော် ခဏလောက် ကြောင်သွားသည်။ သူ တစ်ခုခုကို တွေးလိုက်ပြီး သူ့မျက်နှာက ဖြူဖျော့သွားပြီးနောက် နီရဲသွားသည်။ သူ သူ့ခေါင်းကို မြန်မြန်ရမ်းလိုက်သည်။ "ဒါပေါ့ ငါ အိမ်ပြန်ရောက်တာနဲ့ နားလိုက်တာ"
သူ့ရဲ့ ထူးဆန်းသော အမူအရာကိုတွေ့တော့ ရှရှီပေ ထိုကိစ္စအကြောင်းကို ပါးစပ်မဟတော့။
"အွန်း နင် အကူအညီလိုရင် ငါ့ကို အကူအညီတောင်း"
ထန်လော် ပြုံးလိုက်သည်။ "ငါက ဘာကို အကူအညီလိုရမှာလဲ?"
"အဲ့တာကတော့ မူတည်ပါတယ်" ရှရှီပေ သူ့ကို အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထန်လော် ထိုအကြည့်ကို မြင်ပြီး သူ့အမူအရာက နည်းနည်းပြောင်းသွားသည်။
သူ ဘာမှမပြောခင် ရှရှီပေ သူမစာအုပ်တွေဘက်ကို လှည့်လိုက်သည်။
"အာ အပတ်အသစ်ကိုရောက်နေပြီ!"
မနက်ခင်း စာကြည့်ချိန်အတွင် ခေါင်းလောင်းမြည်ပြီးနောက် ဆရာမဝင်လာပြီးမှ ကျင်ယာကျန်း ရောက်လာသည်။
"ဒီမှာ!" သူမ အော်ကာ အသက်ရှူမဝကာ နည်းနည်း ဖျော့တော့နေသည်။
သူမ၏ သနားစရာကောင်းသော ရုပ်ကို မြင်လိုက်ရ၍ ဆရာမမျက်မှောင်ကြုံ့ကာ ဘာမှမပြော။ သူမ ရိုးရှင်းစွာပင် ခေါင်းငြိမ့်လိုက်သည်။ "ဝင်လာခဲ့"
ကျင်ယာကျန်း သူမခုံကို ရောက်တော့ ကျောင်းသားတွေ၏ စာဆိုသော အသံကပြန်ထွက်လာသည်။
တီးတိုးပြောသံတွေပါ ရောပါနေသည်။
ကျင်ယာကျန်း၏ အတန်းထဲက ဂုဏ်သိက္ခာက ပျက်စီးသွားပြီ။
သူမ အရင်က လုပ်ခဲ့သည့်အရာတွေက ဘူးပေါ်သလို ပေါ်ကုန်ပြီဖြစ်သည်။
အကုန်လုံးက သူတို့နှင့် ရွယ်တူက အပိုင်ကြံတတ်နေပြီဆိုတာ သိသွားပြီဖြစ်သည်။
သူတို့အများစုက သာမန်ကျောင်းသားများပင် ဖြစ်တာကြောင့် သူတို့ ဘာမှ မကြံတတ်။ သူတို့မှာ စာနှင့် ကစားတာဘဲရှိသည်။
ကျောင်းသူ၏ ကြံစည်တတ်သော ပုံရိပ်က တကယ်ဘဲ ကြောက်စရာကောင်းပြီး သူမက သူတို့ကိုလည်း တစ်နေ့ နာကျင်အောင်လုပ်မည်ဟု ကြောက်လန့်စေသည်။
ရှရှီပေ ကျင်ယာကျန်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေမယ့် သူမက ရှရှီပေကို ဤကဲ့သို့ ဆက်ဆံနေတယ်...တကယ်ကြီး ကြောက်စရာကောင်းတာဘဲ!
မင်းသာ သူမနှင့် သူငယ်ချင်းဖြစ်ရင် မင်းလည်း တစ်နေ့ အလိမ်ခံရနိုင်တယ်!
ထို့ကြောင့် ကျင်ယာကျန်း အခြေအနေဆိုးနေရင်တောင် ဘယ်သူကမှ သူမကို မသနား။ ပိုဆိုးတာက သူမကိုတောင် ဂရုတစိုက် ဖယ်ကျဉ်နေကြသည်။
သူမ၏ ထိုင်ခုံဖော်က သူမကို ရွံရှာစွာ ဖယ်ကျဉ်နေတာကို တွေ့ပြီး ကျင်ယာကျန်း မျက်နှာက အကျည်းတန်သွားသည်။
သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရှရှီပေကို ခါးသက်သော မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။
ရှရှီပေကြောင့်သာမဟုတ်ရင် သူမ ဤကဲ့သို့ အခြေအနေမျိုးမှာ ရှိနေမှာမဟုတ်!
သူမ လက်စားချေရမည်။
သူမကိုယ်သူမ ကျိန်ဆိုလိုက်ပေမယ့် ရှရှီပေ၏ အေးစက်သော မျက်လုံးတို့နှင့် နောက်တစက္ကန့်တွင် တွေ့မိမယ်ထင်မထား။
ထိုအရာက သူမကို ကြောက်လန့်စေပြီး မြန်မြန် ခေါင်းကို ငုံ့လိုက်စေသည်။
ရှရှီပေ ရုတ်ချည်းပြုံးကာ ထန်လော်၏ နားနားကို ကပ်ပြောလိုက်သည်။
"ငါ့ကို တစ်ခုလောက် ကူညီပါ့လား?" သူမမေးလိုက်သည်။
"ဘာကိုလဲ?" ထန်လော် မော့ကြည့်လိုက်သည်။
"တစ်ေယာက်ယောက်ကို ငါ့အတွက် ရှာပေးပြီး သူတို့ဆီ တစ်ခုခုပို့ပေး"
ထန်လော် ရှရှီပေကို နီးကပ်စွာ ကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
"အိုကေ"
.....