- ဝန်ခံမလား ဝန်မခံဘူးလား
ရှရှီပေ၏ အမူအရာက တည်ငြိမ်ဆဲဖြစ်သည်။ သူမ ထိုယောက်ျား၏ လက်မောင်းအဆစ်ကို ချိုးပြီး ညင်သာစွာ မေးလိုက်သည်။ "ရှင့်ကို ဘယ်သူက လာခိုင်းတာလဲ?"
မီးရောင်မှိန်မှိန်အောက်တွင် ရှရှီပေ တည်ငြိမ်ပုံပေါ်ကာ လက်ရှိအခြေအနေက သူမ၏ စိတ်အခြေအနေကို ဘာမှမဖြစ်စေသလိုပင်။
ဒရိုင်ဘာနှင့် ဘော်ဒီဂတ် နှစ်ယောက်လုံး မှင်သက်သွားကာ သူတို့မျက်နှာအမူအရာတွေက ရှော့ရသွားသည်။
ဤကောင်မလေးက အရမ်း ရက်စက်လွန်းပါတယ်! ရန်ဖြစ်လို့ဘဲ လူတစ်ယောက်ရဲ့ အဆစ်တွေကို ချိုးတယ်ဆိုတာကြီးက အရမ်းရက်စက်လွန်းတယ်!
ပြီးတော့ ကြောက်စရာအကောင်းဆုံးကဘာလဲ? သူမတွင် တည်ငြိမ်သော မျက်နှာရှိနေသေးပြီး သူမ ဒါမျိုးကို အကြိမ်ထောင်ပေါင်းများစွာ ကြုံဖူးနေသလိုပင်။
အခုချိန် မိန်းကလေးတွေ အကုန်လုံးက ကြောက်စရာကောင်းနေကြပြီလားဟ?
သူတို့တွေးရင်းနှင့်ပင် သူတို့အားလုံး ချောင်ရန်ကျွယ်ကို ကြည့်ပြီး သူ့သတ္တိကို လေးစားသွားသည်။
ချောင်ရန်ကျွယ်က သာမန်လူမဟုတ်ပေမယ့်လည်း ဘယ်သူက ကြမ်းတမ်းသည့် မိန်းကလေးကို သည်းခံနိုင်မှာလဲ? သူ့အဆစ်တွေ တစ်နေ့ အချိုးခံရမှာကို မကြောက်ဘူးလား?
သို့ပေမယ့် သူတို့ ချောင်ရန်ကျွယ်မျက်လုံးထဲက အလင်းကို မြင်တော့ သူတို့နှုတ်ခမ်းထောင့်က တွန့်သွားကာ ဘေးနားကနေ စကားမပြောဘဲ ရပ်နေလိုက်သည်။
ရှရှီပေ အခြားသူတွေ ဘာတွေးနေလဲ စိတ်မဝင်စား။ သူမမှာ ဒီကိစ္စကို ဖြေရှင်းဖို့ သူမနည်းသူမဟန်ရှိသည်။
သူတို့ သူမကို ကြောက်တယ်ဆိုတာကတော့? သူတို့ ကိစ္စဘဲ။
"ပြော"
ထိုယောက်ျားက နာကျင်မှုကြောင့် ချွေးထွက်နေပြီး သူ့အကြောတွေက ထောင်နေပေမယ့် အံကြိတ်ထားဆဲပင်။
"ဘယ်သူကမှ...ဘယ်သူကမှ ငါ့ကို ပို့လိုက်တာမဟုတ်ဘုး___အား!"
သူ စကားပြီးအောင် မပြောရသေးခင် ရှရှီပေ သူ့အခြားလက်တစ်ဖက်ကို ချိုးလိုက်ပြန်သည်။
သူ့လက်နှစ်ဖက်လုံးက ခေါက်ဆွဲပျော့တွေလိုပင် သူ့ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်တွင် တွဲလောင်းကျနေသည်။
ထိုမြင်ကွင်းက သူ့လက်အောက်ငယ်သားတွေ၏ မျက်နှာများကို ဖျော့တော့သွားေစသည်။
"ရတယ် ကျွန်မက အရမ်း စိတ်ရှည်တာမဟုတ်ဘူး"
ရှရှီပေ နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး သူ့လက်မောင်းကို ဆွဲကာ အသံတစ်ချက်မြည်သွားပြီး သူ့လက်ကို ပြန်တပ်ပေးလိုက်သည်။
သို့ေပမယ့် ထိုယောက်ျား မပျော်ရွှင်နိုင်။ ထိုအစား သူ့ခြေထောက်ကနေ အေးစက်မှုတို့က တတိတိဖြင့် အပေါ်ကို တက်လာသည်။
သူမရဲ့ အလွယ်ကူဆုံးနည်းလမ်းက သူမရဲ့ ရက်စက်မှုတွေကို ပြလိုက်ရုံဘဲမလား?
"ငါ...."
သို့ပေမယ့် သူ ရနိုင်သည့် ပိုက်ဆံတွေကို တွေးပြီး အံ့ကြိတ်ကာ ပြန်ထိန်းလိုက်သည်။ သူ မပြောရင် ဒီနေရာက ဘယ်သူကမှ အမှန်တရားကို မသိနိုင်ဘူး။
သို့ပေမယ့် ရှရှီပေ သူနှင့် ဖြုန်းဖို့ အချိန်မရှိ။
"အား!"
သူတို့နောက်က အကုန်လုံး၏ မျက်လုံးများက ကြောက်ရွံ့သွားကြကာ မေ့လဲတော့လုနီးပါးပင်။
ရှရှီပေ ထိုယောက်ျား၏ လက်ကို ပြန်ချိုးလိုက်လို့ပင်!
လက်ပြန်ချိုးပြီး သူမ လှုပ်ရှားကာ သူ့လက်ကို ပြန်တပ်ပေးလိုက်သည်။
ထိုယောက်ျား၏ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးမြုပ်နေကာ သူ့နားထဲ ဂျွတ်ဂျွတ်ဂျွတ်အသံတို့က ဝင်လာကာ သွေးလေခြောက်ခြားနေသလိုပင်။
"ကျွန်မတို့ ဒါကို နောက်ထပ် ခဏခဏ လုပ်ပေးလိုက်မယ်ဆိုရင် ရှင် နောက်ကျရင် တဖြည်းဖြည်းနဲ့ ကျိုးသွားလိမ့်မယ်"
ရှရှီပေ၏ အသံက သူ့နားထဲတွင် မကောင်းဆိုးဝါးဆန်ဆန်ဝင်လာပြီး မထူးမခြားနား အေးစက်စက်နိုင်နေသည်။
"အိုကေ အိုကေ!"
ထိုယောက်ျား အခုတော့ ကြောက်ရွံ့နေလေပြီ။ သူ ရှရှီပေဆီက နှိပ်စက်မှုကို တောင့်ခံနိုင်တယ်ဆိုရင်တောင် သူ ဤအလုပ်ကို ဆက်လုပ်လို့ ရမှာ မဟုတ်တော့။
သူ ဤလောကထဲ ကျင်လည်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တာကြောင့် သူ့တွင် အဆင်မပြေမှု နည်းနည်းရှိပေမယ့် ကြောက်စရာကောင်းသော လူနှင့်တွေ့သည်က သူ့အတွက် ဒါက ပထမဆုံးဘဲ!
ပြီးတော့ သူမက အသက်မကြီးသေး သူမ အရွယ်တောင် ရောက်သေးမှာမဟုတ်!
ဒီနေ့ခေတ် မိန်းကလေးတွေက အရမ်း ကြောက်စရာကောင်းတာဘဲ!
"ရှင် စောစောက ပြောခဲ့သင့်တာ"
ရှရှီပေ ပြုံးကာ သူ့အဆစ်တွေကို ဘာမှမဖြစ်ခဲ့သလိုပင် ပြန်တပ်ပေးလိုက်သည်။
ဒရိုင်ဘာနှင့် ဘော်ဒီဂတ်တို့ ကြက်သီးထသွားကြသည်။
ညဉ့်နက်နေပြီဖြစ်ကာ ရှရှီပေ၏ အပြုအမူတွေက သူတို့ နာမည်မတပ်နိုင်သည့် တစ်ခုခုကို ပြန်မှတ်မိစေသည်။
"ပြော ရှင်တို့ကို ကျွန်မကို ဓားပြတိုက်ဖို့ ဘယ်သူလွှတ်လိုက်တာလဲ?"
"မိန်းမတစ်ယောက် လွှတ်လိုက်တာ!" ထိုယောက်ျားက အရမ်းကြောက်ရွံ့နေတာကြောင့် ဘာမှ ထိန်ချန်မထားရဲတော့။
မကြာခင် သူ အကုန်လုံးကို ဝန်ခံလိုက်သည်။
ပြောပြီးသည်နှင့် ရဲတွေ ရောက်လာသည်။
ထိုယောက်ျားများ သူတို့မိသားစုကို မြင်သည်ထပ် ရဲတွေကို မြင်ရသည်က သူတို့ကို ပိုပျော်ရွှင်စေသည်။
ဒီကောင်မလေးက ကြောက်စရာကောင်းလွန်းတယ်!
.....