-သခင်လေးမော့
ထန်လော့မျက်နှာအမူအရာက ကားကိုမြင်တော့ အနည်းငယ်ပြောင်းသွားသည်။
အရပ်ရှည်ရှည်ယောက်ျားက မြန်မြန်ပင် ကားထဲက ထွက်လာသည်။
"ရှောင်လော်"
ထိုယောက်ျားက လျှောက်လာကာ သူတို့အုပ်စုကို သတိရှိရှိဖြင့် ကြည့်လိုက်သည်။
"မင်း မပြန်သေးဘူးလား?"
ထိုယောက်ျားက အသက် ၂၅ ၂၆အရွယ်ရှိကာ ချောင်ရန်ကျွယ်နှင့် အရပ်ရှည်တာချင်းတူတူပင်။ သူလည်း ချောမောပြီး သူ၏ ဝတ်စုံက သူ့ခန္ဓာကိုယ်အချိုးအစားကို ပြသနေသည်။
သူ့ရောင်ဝါက အားကောင်းပြီး လျစ်လျူရှုဖို့ မလွယ်။
သူနှင့် ချောင်ရန်ကျွယ် တူတူယှဉ်ရပ်ရင် လူတွေက သူတို့နှစ်ယောက် ထသတ်ကြမှာကို စိတ်ပူနေရသည်။
ရှရှီပေ ထန်လော်၏ မျက်နှာက ထိုယောက်ျားပေါ်လာတော့ အနည်းငယ်ဖြူဖျော့သွားတာနှင့် သူ့မျက်လုံးတွေက အနည်းငယ် တဖျက်ဖျက်ဖြစ်သွားတာကို သတိထားမိလိုက်သည်။
"ကိုကြီးပေါနန်" ထန်လော်၏ ခန္ဓာကိုယ်က နည်းနည်းတောင့်နေသည်။ "ကျွန်တော် ပြန်တော့မလို့ဘဲ"
"အရမ်းကြီး နောက်မကျစေနဲ့" မော့ပေါနန်မျက်လုံးက နည်းနည်းကျသွားပြီး မထူးခြားနားပေမယ့် ထန်လော့်ကိုတော့ စိတ်ပူဆဲပင်။ "ကလေးတွေက စောစောနားသင့်တယ် မဟုတ်ရင် အရပ်ထွက်လာမှာမဟုတ်ဘူး"
စကားပြောနေရင်းပင် သူ မျက်မှောင်ကြုံ့ပြီး ထန်လော့်အရပ်ကို ကြည့်လိုက်ပြီး မကျေမနပ်ဖြစ်နေသည်။
ထန်လော့်ပါးစပ်က တွန့်သွားပြီး တောင့်တောင့်ကြီး ပြန်ဖြေလိုက်သည်။ "ကျွန်--ကျွန်တော်သိပါတယ်"
ထန်လော် မော့ပေါနန်ရှေ့ ပျာယာခတ်နေတာကို မြင်တော့ ရှရှီပေ မျက်ခုံးပင့်လိုက်သည်။ သူတို့ကြားမှာ ဇာတ်လမ်းတွေရှိရမယ်!
"ပြီးတော့ မင်းတို့က....?"
မော့ပေါနန် သူတို့အုပ်စုကို စူးရှသော မျက်လုံးဖြင့်ကြည့်လိုက်သည်။ သူ ချောင်ရန်ကျွယ်ကို မြင်တော့ သူ့မျက်စံတို့က ဖျက်ကနဲဖြစ်သွားပြီး သူ့မေးရိုးတို့က နည်းနည်း တင်းကျပ်သွားသည်။
ရန်ကျွင်းချန်နှင့် ယွီဇီချီတို့ ကျောက သိမ့်ခနဲ တုန်သွားပြီး စွံ့အသွားသည်။
ဘာလို့ ရှရှီပေ အုပ်ထိန်းသူနဲ့ ထန်လော့် အုပ်ထိန်းသူ နှစ်ယောက်လုံးက ခက်ထန်နေကြတာလဲ?
"ဟယ်လို ကျွန်တော်က ချောင်ရန်ကျွယ်ပါ"
ချောင်ရန်ကျွယ် အပြုံးလေးနှင့် ရှေ့ထွက်လာပေမယ့် လက်ကိုတော့ မထုတ်။
မော့ပေါနန် သူ့နာမည်ကိုကြားတော့ မျက်မှောင်ကြုံ့လိုက်သည်။
"မြို့တော်က ချောင်ရန်ကျွယ်?"
ချောင်ရန်ကျွယ် အပြုံးက အန္တရာယ်ပိုကင်းလာကာ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ် မြို့တော်က"
"မော့ပေါနန်"
"ဟယ်လို သခင်လေးမော့" ချောင်ရန်ကျွယ်၏ အပြုံးက ထိုအတိုင်းပင်။
မော့ပေါနန် သူ့မျက်လုံးကို နည်းနည်းပင့်လိုက်ပြီး သူ့နှုတ်ခမ်းပါးတို့က အနည်းငယ် မြင့်တက်သွားသည်။
"ဟယ်လို သခင်ကျွယ်"
သူတို့နှစ်ယောက် ရန်လိုနေတာကို တွေ့တော့ အကုန်လုံး မျက်ခုံးတစ်လှုပ်လှုပ်ဖြစ်လာပြီး သူတို့ ေနာက်တစ်စက္ကန့်အတွင်းမှာ ရန်ဖြစ်တော့မယ်လို့ ခံစားလိုက်ရသည်။
ရန်ကျွင်းချန်နှင့် ယွီဇီချီတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နောက်ကို ဆုတ်လိုက်ကြသည်။
ရာသီဥတုက နွေးနေပေမယ့် သူတို့နှစ်ယောက်ပေါ်လာတော့ အပူချိန်က ဘာလို့ ကျသွားရတာလဲ?
အရှူရာနှင့် ဟန်နီတို့လည်း သူတို့ ဒေါသကို ထိန်းလိုက်ကြပြီး သူတို့ သခင်ကိုယ်စီရဲ့ ဘေးမှာ နာခံစွာ ကွေးနေကြသည်။
"ဒါက...?" မော့ပေါနန် တစ်ယောက်တည်းသော မိန်းကလေးကို ကြည့်လိုက်သည်။
"ဟယ်လို ကျွန်မနာမည် ရှရှီပေပါ ကျွန်မက ထန်လော်ရဲ့ ထိုင်ခုံဖော်ပါ" ရှရှီပေ မော့ပေါနန်ကို ရင်းနှီးသော အပြုံးပြုံးပြလိုက်သည်။
"ထိုင်ခုံတူတူဘဲ?" မော့ပေါနန် သူမကို စိတ်မသက်မသာဖြစ်စေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအရာကိုတွေ့ပြီး ချောင်ရန်ကျွယ်၏ အပြုံးက အေးစက်သွားသည်။ "ကျွန်တော် ထန်လော့်ကို ကျွန်တော်တို့ ပေပေကို ကြည့်ရှုပေးလို့ ကျေးဇူးတင်ရမယ်"
မော့ပေါနန် အမူအရာက ဒါကိုကြားတော့ နည်းနည်း လှုပ်သွားပြီး အံ့ဩမှုရှိနေသည်။
သူ ရှရှီပေနှင့် ေချာင်ရန်ကျွယ်ကို အပြန်အလှန်ကြည့်လိုက်သည်။ ဤတစ်ခါတွင် သူ့အပြုံးက ပိုပြီး ရိုးသားနေသည်။
"အဲ့လိုသာဆို ကျွန်တော်လည်း ဒီက ကျောင်းသူကို ရှောင်လော့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ရမှာဘဲ"
"သူတို့က သူငယ်ချင်းတွေဘဲ ကိစ္စမရှိပါဘူး" ချောင်ရန်ကျွယ် အားနည်းချက်ကို မပြချင်။
ရှရှီပေ သူတို့နှစ်ယောက် အပြန်အလှန်ပြောတာကို ကြားပြီး နှုတ်ခမ်းတွန့်သွားပြီး အရှုရာ့ကို သူတို့ကို ကိုက်ပစ်လိုက်စေချင်တော့သညါ။
သူတို့ ဒီစကားတွေပြောဖို့ကို သူတို့ကိုယ် သူတို့ ဘာတွေများထင်နေကြတာလဲ?!
သို့ပေမယ့် ရှရှီပေက ထန်လော့်ကို ပိုစိတ်ပူသည်။
ထန်လော့် မျက်နှာက အရင်က နည်းနည်း ဖျော့တော့နေပေမယ့် အခုတော့ နည်းနည်းနီနေပြီ။
"ထန်လော် နင် အဆင်ပြေရဲ့လား? နင့်မျက်နှာက ဘာလို့ နီနေတာလဲ?"
ချောင်ရန်ကျွယ်ကို စကားပြောနေသည့် မော့ပေါနန် ရုတ်တရက်လှည့်ကာ သူ့ကို ပြောလိုက်သည်။ "ဘာဖြစ်တာလဲ? မင်း အဆင်ပြေရဲ့လား?"
ထန်လော် နည်းနည်း ရှက်သွားပြီး သူ့ကို စိတ်အေးအောင်ပြောလိုက်သည်။ "အဆင်ပြေပါတယ် ကျွန်တော် နည်းနည်းပူနေလို့ပါ"
......
-သခင္ေလးေမာ့
ထန္ေလာ့မ်က္ႏွာအမူအရာက ကားကိုျမင္ေတာ့ အနည္းငယ္ေျပာင္းသြားသည္။
အရပ္ရွည္ရွည္ေယာက္်ားက ျမန္ျမန္ပင္ ကားထဲက ထြက္လာသည္။
"ေရွာင္ေလာ္"
ထိုေယာက္်ားက ေလၽွာက္လာကာ သူတို႔အုပ္စုကို သတိရွိရွိျဖင့္ ၾကည့္လိုက္သည္။
"မင္း မျပန္ေသးဘူးလား?"
ထိုေယာက္်ားက အသက္ ၂၅ ၂၆အရြယ္ရွိကာ ေခ်ာင္ရန္ကၽြယ္ႏွင့္ အရပ္ရွည္တာခ်င္းတူတူပင္။ သူလည္း ေခ်ာေမာၿပီး သူ၏ ဝတ္စုံက သူ႔ခႏၶာကိုယ္အခ်ိဳးအစားကို ျပသေနသည္။
သူ႔ေရာင္ဝါက အားေကာင္းၿပီး လ်စ္လ်ဴရွုဖို႔ မလြယ္။
သူႏွင့္ ေခ်ာင္ရန္ကၽြယ္ တူတူယွဥ္ရပ္ရင္ လူေတြက သူတို႔ႏွစ္ေယာက္ ထသတ္ၾကမွာကို စိတ္ပူေနရသည္။
ရွရွီေပ ထန္ေလာ္၏ မ်က္ႏွာက ထိုေယာက္်ားေပၚလာေတာ့ အနည္းငယ္ျဖဴေဖ်ာ့သြားတာႏွင့္ သူ႔မ်က္လုံးေတြက အနည္းငယ္ တဖ်က္ဖ်က္ျဖစ္သြားတာကို သတိထားမိလိုက္သည္။
"ကိုႀကီးေပါနန္" ထန္ေလာ္၏ ခႏၶာကိုယ္က နည္းနည္းေတာင့္ေနသည္။ "ကၽြန္ေတာ္ ျပန္ေတာ့မလို႔ဘဲ"
"အရမ္းႀကီး ေနာက္မက်ေစနဲ႔" ေမာ့ေပါနန္မ်က္လုံးက နည္းနည္းက်သြားၿပီး မထူးျခားနားေပမယ့္ ထန္ေလာ့္ကိုေတာ့ စိတ္ပူဆဲပင္။ "ကေလးေတြက ေစာေစာနားသင့္တယ္ မဟုတ္ရင္ အရပ္ထြက္လာမွာမဟုတ္ဘူး"
စကားေျပာေနရင္းပင္ သူ မ်က္ေမွာင္ၾကဳံ႕ၿပီး ထန္ေလာ့္အရပ္ကို ၾကည့္လိုက္ၿပီး မေက်မနပ္ျဖစ္ေနသည္။
ထန္ေလာ့္ပါးစပ္က တြန႔္သြားၿပီး ေတာင့္ေတာင့္ႀကီး ျပန္ေျဖလိုက္သည္။ "ကၽြန္--ကၽြန္ေတာ္သိပါတယ္"
ထန္ေလာ္ ေမာ့ေပါနန္ေရွ႕ ပ်ာယာခတ္ေနတာကို ျမင္ေတာ့ ရွရွီေပ မ်က္ခုံးပင့္လိုက္သည္။ သူတို႔ၾကားမွာ ဇာတ္လမ္းေတြရွိရမယ္!
"ၿပီးေတာ့ မင္းတို႔က....?"
ေမာ့ေပါနန္ သူတို႔အုပ္စုကို စူးရွေသာ မ်က္လုံးျဖင့္ၾကည့္လိုက္သည္။ သူ ေခ်ာင္ရန္ကၽြယ္ကို ျမင္ေတာ့ သူ႔မ်က္စံတို႔က ဖ်က္ကနဲျဖစ္သြားၿပီး သူ႔ေမးရိုးတို႔က နည္းနည္း တင္းက်ပ္သြားသည္။
ရန္ကၽြင္းခ်န္ႏွင့္ ယြီဇီခ်ီတို႔ ေက်ာက သိမ့္ခနဲ တုန္သြားၿပီး စြံ့အသြားသည္။
ဘာလို႔ ရွရွီေပ အုပ္ထိန္းသူနဲ႔ ထန္ေလာ့္ အုပ္ထိန္းသူ ႏွစ္ေယာက္လုံးက ခက္ထန္ေနၾကတာလဲ?
"ဟယ္လို ကၽြန္ေတာ္က ေခ်ာင္ရန္ကၽြယ္ပါ"
ေခ်ာင္ရန္ကၽြယ္ အျပဳံးေလးႏွင့္ ေရွ႕ထြက္လာေပမယ့္ လက္ကိုေတာ့ မထုတ္။
ေမာ့ေပါနန္ သူ႔နာမည္ကိုၾကားေတာ့ မ်က္ေမွာင္ၾကဳံ႕လိုက္သည္။
"ၿမိဳ႕ေတာ္က ေခ်ာင္ရန္ကၽြယ္?"
ေခ်ာင္ရန္ကၽြယ္ အျပဳံးက အႏၲရာယ္ပိုကင္းလာကာ ျပန္ေျဖလိုက္သည္။ "ဟုတ္တယ္ ၿမိဳ႕ေတာ္က"
"ေမာ့ေပါနန္"
"ဟယ္လို သခင္ေလးေမာ့" ေခ်ာင္ရန္ကၽြယ္၏ အျပဳံးက ထိုအတိုင္းပင္။
ေမာ့ေပါနန္ သူ႔မ်က္လုံးကို နည္းနည္းပင့္လိုက္ၿပီး သူ႔ႏွုတ္ခမ္းပါးတို႔က အနည္းငယ္ ျမင့္တက္သြားသည္။
"ဟယ္လို သခင္ကၽြယ္"
သူတို႔ႏွစ္ေယာက္ ရန္လိုေနတာကို ေတြ႕ေတာ့ အကုန္လုံး မ်က္ခုံးတစ္လွုပ္လွုပ္ျဖစ္လာၿပီး သူတို႔ ေနာက္တစ္စကၠန႔္အတြင္းမွာ ရန္ျဖစ္ေတာ့မယ္လို႔ ခံစားလိုက္ရသည္။
ရန္ကၽြင္းခ်န္ႏွင့္ ယြီဇီခ်ီတို႔ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး ေနာက္ကို ဆုတ္လိုက္ၾကသည္။
ရာသီဥတုက ေႏြးေနေပမယ့္ သူတို႔ႏွစ္ေယာက္ေပၚလာေတာ့ အပူခ်ိန္က ဘာလို႔ က်သြားရတာလဲ?
အရွူရာႏွင့္ ဟန္နီတို႔လည္း သူတို႔ ေဒါသကို ထိန္းလိုက္ၾကၿပီး သူတို႔ သခင္ကိုယ္စီရဲ့ ေဘးမွာ နာခံစြာ ေကြးေနၾကသည္။
"ဒါက...?" ေမာ့ေပါနန္ တစ္ေယာက္တည္းေသာ မိန္းကေလးကို ၾကည့္လိုက္သည္။
"ဟယ္လို ကၽြန္မနာမည္ ရွရွီေပပါ ကၽြန္မက ထန္ေလာ္ရဲ့ ထိုင္ခုံေဖာ္ပါ" ရွရွီေပ ေမာ့ေပါနန္ကို ရင္းႏွီးေသာ အျပဳံးျပဳံးျပလိုက္သည္။
"ထိုင္ခုံတူတူဘဲ?" ေမာ့ေပါနန္ သူမကို စိတ္မသက္မသာျဖစ္ေစေသာ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။
ထိုအရာကိုေတြ႕ၿပီး ေခ်ာင္ရန္ကၽြယ္၏ အျပဳံးက ေအးစက္သြားသည္။ "ကၽြန္ေတာ္ ထန္ေလာ့္ကို ကၽြန္ေတာ္တို႔ ေပေပကို ၾကည့္ရွုေပးလို႔ ေက်းဇူးတင္ရမယ္"
ေမာ့ေပါနန္ အမူအရာက ဒါကိုၾကားေတာ့ နည္းနည္း လွုပ္သြားၿပီး အံ့ဩမွုရွိေနသည္။
သူ ရွရွီေပႏွင့္ ေခ်ာင္ရန္ကၽြယ္ကို အျပန္အလွန္ၾကည့္လိုက္သည္။ ဤတစ္ခါတြင္ သူ႔အျပဳံးက ပိုၿပီး ရိုးသားေနသည္။
"အဲ့လိုသာဆို ကၽြန္ေတာ္လည္း ဒီက ေက်ာင္းသူကို ေရွာင္ေလာ့္ကို ဂ႐ုစိုက္ေပးလို႔ ေက်းဇူးတင္ရမွာဘဲ"
"သူတို႔က သူငယ္ခ်င္းေတြဘဲ ကိစၥမရွိပါဘူး" ေခ်ာင္ရန္ကၽြယ္ အားနည္းခ်က္ကို မျပခ်င္။
ရွရွီေပ သူတို႔ႏွစ္ေယာက္ အျပန္အလွန္ေျပာတာကို ၾကားၿပီး ႏွုတ္ခမ္းတြန႔္သြားၿပီး အရွုရာ့ကို သူတို႔ကို ကိုက္ပစ္လိုက္ေစခ်င္ေတာ့သညါ။
သူတို႔ ဒီစကားေတြေျပာဖို႔ကို သူတို႔ကိုယ္ သူတို႔ ဘာေတြမ်ားထင္ေနၾကတာလဲ?!
သို႔ေပမယ့္ ရွရွီေပက ထန္ေလာ့္ကို ပိုစိတ္ပူသည္။
ထန္ေလာ့္ မ်က္ႏွာက အရင္က နည္းနည္း ေဖ်ာ့ေတာ့ေနေပမယ့္ အခုေတာ့ နည္းနည္းနီေနၿပီ။
"ထန္ေလာ္ နင္ အဆင္ေျပရဲ့လား? နင့္မ်က္ႏွာက ဘာလို႔ နီေနတာလဲ?"
ေခ်ာင္ရန္ကၽြယ္ကို စကားေျပာေနသည့္ ေမာ့ေပါနန္ ႐ုတ္တရက္လွည့္ကာ သူ႔ကို ေျပာလိုက္သည္။ "ဘာျဖစ္တာလဲ? မင္း အဆင္ေျပရဲ့လား?"
ထန္ေလာ္ နည္းနည္း ရွက္သြားၿပီး သူ႔ကို စိတ္ေအးေအာင္ေျပာလိုက္သည္။ "အဆင္ေျပပါတယ္ ကၽြန္ေတာ္ နည္းနည္းပူေနလို႔ပါ"
......