Unicode
-ကြောင်နှင့် ခွေးပြန်တည့်
ဟန်နီ သူနေတဲ့နေရာမှာတင် တုန့်ဆိုင်းနေပြီး ရှရှီပေ ဒေါသထွက်နေသည်ကို မြင်တော့ နောက်ဆုံးမှာ သတိထားစွာ လျှောက်သွားလိုက်သည်။
ရန်ကျွင်းချန်ရဲ့ နှလုံးသားက ဒီမြင်ကွင်းကို မြင်တော့ နာကျင်သွားသည်။
သူ့မင်းသမီးလေးက ဘယ်နေရာမှားလို့လဲ?
သူ မနေနိုင်ဘဲ ဝင်ပြောမိသည်။ "တကယ်တော့ သူမရည်ရွယ်..."
သို့ပေမယ့် သူ ပြောလို့မပြီးခင် ဟန်နီ့မြောင်က သူ့ကို ဖြတ်လိုက်သည်။
ပြီးတော့ ရှ်ိသေးတယ်! ဟန်နီ့ သူ့ကို သွားဖြဲပြလ်ိုက်ပြီး သူ့ရဲ့ ဝင်ပါသည့် အပြုအမူကို ရပ်တန့်လိုက်သည်။
သူ့ကို အော်ပြီး ဟန်နီ ရှရှီပေဆီကို ခြေလှမ်းသေးသေးတို့ဖြင့် လျှောက်သွားကာ သူမ လက်ကို ပွတ်သပ်လိုက်ပြီး သူ့အမြီးတို့က ရှရှီပေ လက်မောင်းကို ပွတ်သပ်နေသည်။
ကွဲပြားသော မျက်နှာနှစ်ခုကို ကြည့်ပြီး ရန်ကျွင်းချန် ဆို့နင့်တော့မလိုပင်။
သူ့ရဲ့ သစ္စာရှိမှုတွေက ဘယ်အှာလဲ?!
သူ ဟန်နီ့အတွက်ပြောပေးနေပေမယ့် သူကဘဲ နောက်ဆုံး ဆူခံရတာဘဲလား?!
ထန်လော် မနေနိုင်ဘဲ သူ့ကို ပခုံးပုတ်ပေးလိုက်ကာ တိတ်တဆိတ်နှစ်သိမ့်ပေးလိုက်သည်။
ထန်လော် ရှရှီပေရှေ့မှာ ဘယ်လို ပိုင်ဆိုင်မှုမှ အသုံးမဝင်ဘူးဆိုတာကို သိလိုက်သည်။
ရန်ကျွင်းချန်ကြောင့်သာမဟုတ်ရင် ဟန်နီ ရှရှီပေနောက်ကို လိုက်နှင့်နေပြီး သူ့ကို ထားခဲ့နေလောက်ပြီ။
သူတို့ဘေးက ဝတုတ်ခွေးပိုင်ရှင်ကလည်း မှင်သက်သွားသည်။
သူ သူ့အရှူရာက သစ္စာမရှိလှပြီမှတ်နေတာ ဒီကြောင်က ပိုဆိုးနေတယ်!
ခဏလောက် သနားစရာကောင်းသည့် သခင်တို့ ဝမ်းနည်းစရာအကြည့်တို့ ဖလှယ်လိုက်သည်။
ဟန်နီ ရှရှီပေနားတိုးဝှေ့နေပြီး ပွတ်သပ်ကာ တိုးတိုးဖွဖွလေး မြောင်နေသည်။
အခြားဖြတ်သွားဖြတ်လာတွေကလည်း သူ့ကို ချစ်သွားကြပေမယ့် ရှရှီပေကတော့ အရမ်း အေးစက်နေသည်။
"အရှူရာ့ကို တောင်းပန်လိုက်!"
"မြောင်!"
မတောင်းပန်ပါဘူး! သူ ရှရှီပေကို အဲ့ခွေးရူးနား အကပ်မခံစေချင်ပါဘူး။
"မင်း မတောင်းပန်ရင် ငါ နောက်ကျရင် မင်းကို လျစ်လျူရှုရလိမ့်မယ်" ရှရှီပေ ဟန်နီ့ လက်ချောင်းကိုကိုင်ကာ လေးနက်စွာ ပြောလိုက်သည်။ "မင်း လူတွေကို ရိုက်မရဘူး...ဒါမှမဟုတ် ခွေးတွေကိုလည်း မလုပ်ရဘူး!"
"မြောင်"
ဟန်နီ့ အသံက နာကျည်းသံတို့ ပါဝင်နေသည်။ သို့ပေမယ့် ရှရှီပေ ခြိမ်းခြောက်မှုတွေက ကြောင်လေးကို နာခံလောက်အောင် ကြောက်စေသည်။ သူ မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်ပြီး အရှူရာကို မြောင်လိုက်ပြီး သူမအသံက နာကျည်းနေသည်။
ပြီးနောက် သူ့လက်သည်းတို့က အရှူရာ့ ဗိုက်ကို ထိလိုက်ပြီး သူ့လှုပ်ရှားမှုတို့က အရင်ကထက် ပိုနူးညံ့နေသည်။
အကုန်လုံးက သူတို့ရှေ့က မြင်ကွင်းကြောင့် မှင်သက်သွားကြသည်။
အဲ့ကောင် လူလား?
ဟန်နီ၏လှုပ်ရှားမှုကို မြင်တော့ ရှရှီပေ ရယ်လိုက်သည်။ ဒီကောင်ငယ်လေးက သူမထင်ထားသည်ထက် ဉာဏ်ကောင်းတာဘဲ။
ဟန်နီ့ အိုင်ကျူက သုံးနှစ်လေးနှစ်အရွယ် လူနှင့် တူသည်ဟု ပြောလို့ရသည်။
"အရှူရာ ဘာပြန်ပြောရမလဲ?" ရှရှီပေ မေးလိုက်သည်။
"ဝုဖ်!"
အရှူရာက ရက်ရောသည့်ခွေးပင်။ ရှရှီပေ၏ နှစ်သိမ့်မှုနှင့်ပင် ချက်ချင်း ဟန်နီ့၏ စောစောက ရက်စက်သော အပြုအမူတို့ကို ခွင့်လွှတ်ပေးလိုက်သည်။
"ကောင်းပြီ မင်းတို့ နောက်ကျရင် တည့်အောင်နေကြ မင်းတို့ ရန်ဖြစ်လို့မရတော့ဘူးနော်!"
ရှရှီပေ သူတို့လက်ချောင်းတို့ကို ယူကာ ကလေးနှစ်ယောက် တည့်အောင် လုပ်ပေးသလို ရှိတ်ပေးလိုက်သည်။
"ဝုဖ်!"
"မြောင်!"
ကြောင်နှင့် ခွေးက ခေါင်းငြိမ့်လိုက်သည်။
ရှရှီပေ ပြောနေမှတော့ သူတို့ နာခံရတော့မှာပေါ့။
"ကောင်းတယ်"
သူတို့နှစ်ကောင်ရဲ့ ပဋိပက္ခကို ဖြေရှင်းပြီးသွားပြီးတော့ ရှရှီပေ ရပ်လိုက်ကာ အကုန်လုံးက သူမတို့ သုံးယောက်ကို အံ့ဩစွာ ကြည့်နေကြသည်။
အကုန်လုံး စိတ်လှုပ်ရှားသွားကြသည်။ ခွေးတွေ ကြောင်တွေက လူဖြစ်လာတာဘဲလား ရှရှီပေကဘဲ အံ့ဩစရာကောင်းလွန်းနေတာလား?
"မင်း တိရစ္ဆာန်တွေကို စကားပြောနိုင်တယ်ပေါ့?"
အရှူရာ၏ သခင် ဝတုတ်ကောင်လေးက ရှရှီပေနှင့် အသက်တူတူလောက်ရှိပြီး သူမကို ကပ်လာသည်။ သူ စပ်စုချင်ပုံရသည်။
"ဟုတ်တယ်" ရှရှီပေ လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။
သူမ တိရစ္ဆာန်အကုန်လုံးနှင့် စကားပြောနိုင်သည်။ ဒါပေါ့ ဒီတိရစ္ဆာန်တွေရဲ့ နားလည်နိုင်စွမ်းကလည်း သူတို့ရဲ့ အိုင်ကျူပေါ်မူတည်သည်။
ဟန်နီနဲ့ အရှူရာ တိရစ္ဆာန်တွေကြားမှာ ထိပ်တန်းပင်။ သူတို့က လူနှင့် တော်တော်တူသည်။
"ဒါဆို မင်း ကျွန်တော့်ကို သင်ပေးနိုင်မလား?" ဝတုတ်ကောင်လေးက ချက်ချင်းမေးလိုက်သည်။
ရန်ကျွင်းချန်နှင့် ထန်လော်တို့ ရှော့ရသွားပြီး ဘာမှမပြောနိုင်တော့။
ဒီကလေးရူးနေလား?
.....
Zawgyi
-ေၾကာင္ႏွင့္ ေခြးျပန္တည့္
ဟန္နီ သူေနတဲ့ေနရာမွာတင္ တုန္႔ဆိုင္းေနၿပီး ႐ွ႐ွီေပ ေဒါသထြက္ေနသည္ကို ျမင္ေတာ့ ေနာက္ဆုံးမွာ သတိထားစြာ ေလွ်ာက္သြားလိုက္သည္။
ရန္ကြၽင္းခ်န္ရဲ႕ ႏွလုံးသားက ဒီျမင္ကြင္းကို ျမင္ေတာ့ နာက်င္သြားသည္။
သူ႕မင္းသမီးေလးက ဘယ္ေနရာမွားလို႔လဲ?
သူ မေနႏိုင္ဘဲ ဝင္ေျပာမိသည္။ "တကယ္ေတာ့ သူမရည္႐ြယ္..."
သို႔ေပမယ့္ သူ ေျပာလို႔မၿပီးခင္ ဟန္နီ႔ေျမာင္က သူ႕ကို ျဖတ္လိုက္သည္။
ၿပီးေတာ့ ႐ွ္ိေသးတယ္! ဟန္နီ႔ သူ႕ကို သြားၿဖဲျပလ္ိဳက္ၿပီး သူ႕ရဲ႕ ဝင္ပါသည့္ အျပဳအမူကို ရပ္တန္႔လိုက္သည္။
သူ႕ကို ေအာ္ၿပီး ဟန္နီ ႐ွ႐ွီေပဆီကို ေျခလွမ္းေသးေသးတို႔ျဖင့္ ေလွ်ာက္သြားကာ သူမ လက္ကို ပြတ္သပ္လိုက္ၿပီး သူ႕အၿမီးတို႔က ႐ွ႐ွီေပ လက္ေမာင္းကို ပြတ္သပ္ေနသည္။
ကြဲျပားေသာ မ်က္ႏွာႏွစ္ခုကို ၾကည့္ၿပီး ရန္ကြၽင္းခ်န္ ဆို႔နင့္ေတာ့မလိုပင္။
သူ႕ရဲ႕ သစၥာ႐ွိမႈေတြက ဘယ္အွာလဲ?!
သူ ဟန္နီ႔အတြက္ေျပာေပးေနေပမယ့္ သူကဘဲ ေနာက္ဆုံး ဆူခံရတာဘဲလား?!
ထန္ေလာ္ မေနႏိုင္ဘဲ သူ႕ကို ပခုံးပုတ္ေပးလိုက္ကာ တိတ္တဆိတ္ႏွစ္သိမ့္ေပးလိုက္သည္။
ထန္ေလာ္ ႐ွ႐ွီေပေ႐ွ႕မွာ ဘယ္လို ပိုင္ဆိုင္မႈမွ အသုံးမဝင္ဘူးဆိုတာကို သိလိုက္သည္။
ရန္ကြၽင္းခ်န္ေၾကာင့္သာမဟုတ္ရင္ ဟန္နီ ႐ွ႐ွီေပေနာက္ကို လိုက္ႏွင့္ေနၿပီး သူ႕ကို ထားခဲ့ေနေလာက္ၿပီ။
သူတို႔ေဘးက ဝတုတ္ေခြးပိုင္႐ွင္ကလည္း မွင္သက္သြားသည္။
သူ သူ႕အ႐ွဴရာက သစၥာမ႐ွိလွၿပီမွတ္ေနတာ ဒီေၾကာင္က ပိုဆိုးေနတယ္!
ခဏေလာက္ သနားစရာေကာင္းသည့္ သခင္တို႔ ဝမ္းနည္းစရာအၾကည့္တို႔ ဖလွယ္လိုက္သည္။
ဟန္နီ ႐ွ႐ွီေပနားတိုးေဝွ႔ေနၿပီး ပြတ္သပ္ကာ တိုးတိုးဖြဖြေလး ေျမာင္ေနသည္။
အျခားျဖတ္သြားျဖတ္လာေတြကလည္း သူ႕ကို ခ်စ္သြားၾကေပမယ့္ ႐ွ႐ွီေပကေတာ့ အရမ္း ေအးစက္ေနသည္။
"အ႐ွဴရာ့ကို ေတာင္းပန္လိုက္!"
"ေျမာင္!"
မေတာင္းပန္ပါဘူး! သူ ႐ွ႐ွီေပကို အဲ့ေခြး႐ူးနား အကပ္မခံေစခ်င္ပါဘူး။
"မင္း မေတာင္းပန္ရင္ ငါ ေနာက္က်ရင္ မင္းကို လ်စ္လ်ဴ႐ႈရလိမ့္မယ္" ႐ွ႐ွီေပ ဟန္နီ႔ လက္ေခ်ာင္းကိုကိုင္ကာ ေလးနက္စြာ ေျပာလိုက္သည္။ "မင္း လူေတြကို ႐ိုက္မရဘူး...ဒါမွမဟုတ္ ေခြးေတြကိုလည္း မလုပ္ရဘူး!"
"ေျမာင္"
ဟန္နီ႔ အသံက နာက်ည္းသံတို႔ ပါဝင္ေနသည္။ သို႔ေပမယ့္ ႐ွ႐ွီေပ ၿခိမ္းေျခာက္မႈေတြက ေၾကာင္ေလးကို နာခံေလာက္ေအာင္ ေၾကာက္ေစသည္။ သူ ေျမျပင္ေပၚ ေဆာင့္ေၾကာင့္ထိုင္ၿပီး အ႐ွဴရာကို ေျမာင္လိုက္ၿပီး သူမအသံက နာက်ည္းေနသည္။
ၿပီးေနာက္ သူ႕လက္သည္းတို႔က အ႐ွဴရာ့ ဗိုက္ကို ထိလိုက္ၿပီး သူ႕လႈပ္႐ွားမႈတို႔က အရင္ကထက္ ပိုႏူးညံ့ေနသည္။
အကုန္လုံးက သူတို႔ေ႐ွ႕က ျမင္ကြင္းေၾကာင့္ မွင္သက္သြားၾကသည္။
အဲ့ေကာင္ လူလား?
ဟန္နီ၏လႈပ္႐ွားမႈကို ျမင္ေတာ့ ႐ွ႐ွီေပ ရယ္လိုက္သည္။ ဒီေကာင္ငယ္ေလးက သူမထင္ထားသည္ထက္ ဉာဏ္ေကာင္းတာဘဲ။
ဟန္နီ႔ အိုင္က်ဴက သုံးႏွစ္ေလးႏွစ္အ႐ြယ္ လူႏွင့္ တူသည္ဟု ေျပာလို႔ရသည္။
"အ႐ွဴရာ ဘာျပန္ေျပာရမလဲ?" ႐ွ႐ွီေပ ေမးလိုက္သည္။
"ဝုဖ္!"
အ႐ွဴရာက ရက္ေရာသည့္ေခြးပင္။ ႐ွ႐ွီေပ၏ ႏွစ္သိမ့္မႈႏွင့္ပင္ ခ်က္ခ်င္း ဟန္နီ႔၏ ေစာေစာက ရက္စက္ေသာ အျပဳအမူတို႔ကို ခြင့္လႊတ္ေပးလိုက္သည္။
"ေကာင္းၿပီ မင္းတို႔ ေနာက္က်ရင္ တည့္ေအာင္ေနၾက မင္းတို႔ ရန္ျဖစ္လို႔မရေတာ့ဘူးေနာ္!"
႐ွ႐ွီေပ သူတို႔လက္ေခ်ာင္းတို႔ကို ယူကာ ကေလးႏွစ္ေယာက္ တည့္ေအာင္ လုပ္ေပးသလို ႐ွိတ္ေပးလိုက္သည္။
"ဝုဖ္!"
"ေျမာင္!"
ေၾကာင္ႏွင့္ ေခြးက ေခါင္းၿငိမ့္လိုက္သည္။
႐ွ႐ွီေပ ေျပာေနမွေတာ့ သူတို႔ နာခံရေတာ့မွာေပါ့။
"ေကာင္းတယ္"
သူတို႔ႏွစ္ေကာင္ရဲ႕ ပဋိပကၡကို ေျဖ႐ွင္းၿပီးသြားၿပီးေတာ့ ႐ွ႐ွီေပ ရပ္လိုက္ကာ အကုန္လုံးက သူမတို႔ သုံးေယာက္ကို အံ့ဩစြာ ၾကည့္ေနၾကသည္။
အကုန္လုံး စိတ္လႈပ္႐ွားသြားၾကသည္။ ေခြးေတြ ေၾကာင္ေတြက လူျဖစ္လာတာဘဲလား ႐ွ႐ွီေပကဘဲ အံ့ဩစရာေကာင္းလြန္းေနတာလား?
"မင္း တိရစၧာန္ေတြကို စကားေျပာႏိုင္တယ္ေပါ့?"
အ႐ွဴရာ၏ သခင္ ဝတုတ္ေကာင္ေလးက ႐ွ႐ွီေပႏွင့္ အသက္တူတူေလာက္႐ွိၿပီး သူမကို ကပ္လာသည္။ သူ စပ္စုခ်င္ပုံရသည္။
"ဟုတ္တယ္" ႐ွ႐ွီေပ ေလးနက္စြာ ေခါင္းၿငိမ့္လိုက္သည္။
သူမ တိရစၧာန္အကုန္လုံးႏွင့္ စကားေျပာႏိုင္သည္။ ဒါေပါ့ ဒီတိရစၧာန္ေတြရဲ႕ နားလည္ႏိုင္စြမ္းကလည္း သူတို႔ရဲ႕ အိုင္က်ဴေပၚမူတည္သည္။
ဟန္နီနဲ႔ အ႐ွဴရာ တိရစၧာန္ေတြၾကားမွာ ထိပ္တန္းပင္။ သူတို႔က လူႏွင့္ ေတာ္ေတာ္တူသည္။
"ဒါဆို မင္း ကြၽန္ေတာ့္ကို သင္ေပးႏိုင္မလား?" ဝတုတ္ေကာင္ေလးက ခ်က္ခ်င္းေမးလိုက္သည္။
ရန္ကြၽင္းခ်န္ႏွင့္ ထန္ေလာ္တို႔ ေ႐ွာ့ရသြားၿပီး ဘာမွမေျပာႏိုင္ေတာ့။
ဒီကေလး႐ူးေနလား?
.....