Unicode
- golden retriever မျက်နှာသာရဖို့ တိုက်ပွဲဝင်ခြင်း။
ရန်ကျွင်းချန် ထန်လော့်ကို အံ့ဩစွာဖြင့် ပြုံးပြီး ကြည့်လိုက်သည်။ "ကောင်းတယ်! ကျွန်တော်တို့ ဖုန်းနံပါတ် လဲထားပြီး နောက်ကျရင် ပြောလို့ရတာဘဲ!"
"ကောင်းပြီ" ထန်လော် ပြုံးကာ သူ့ဖုန်းကို ထုတ်လိုက်ပြီး သူ့ဖုန်းနံပါတ်ကို သိမ်းလိုက်သည်။
သူတို့သုံးယောက် ကြောင်ဘေးတွင် စကားပြောနေကြပြီး သူတို့ဘေးပတ်လည်က လမ်းမီးတို့က လင်းထိန်လာသည်။
လူအများက square တွင် များပြားလာသည်။ ညစာစားပြီးတော့ လူတွေ အစာကြေဖို့ ဟိုကြည့် ဒီကြည့်ဖြင့် အေးဆေးစွာ လမ်းလျှောက်နေကြသည်။
လူတော်တော်များများက အိမ်ကနေ အိမ်မွေးတိရစ္ဆာန်များ ယူလာကြသည်။
ကြောင်နှင့် ခွေးတော်တော်များများက လျှောက်သွားနေကြပြီး ရှရှီပေကို ဖြတ်တော့ တန့်သွားကြပြီး သူတို့ သခင် သူတို့ကို ခေါ်တော့ ဆက်လျှောက်သွားကြသည်။
ရှရှီပေ စိတ်စွမ်းအင်ကို မသုံးရင် တိရစ္ဆာန်တွေက သူမကို ပုံမှန်မူမှန်တာကို သတိမပြုမိကြ။
သို့ပေမယ့် ချွင်းချက်တွေတော့ ရှိတာပေါ့။
ဟန်နီကဲ့သို့ တိရစ္ဆာန်သေးသေးလေးတွေကျတော့ သူမ၏ ထူးခြားမှုကို ချက်ချင်းသတိပြုမိကြသည်။
"အရှူရာ! အဲ့နေရာမှာ ရပ်စမ်း!"
ဒေါသတကြီး အော်သံက မလှမ်းမကမ်းကနေ ထွက်လာသည်။ လူတွေ မနေနိုင်ဘဲ ဘာဖြစ်တာလဲဆိုတာကို လှည့်ကြည့်လိုက်ပြီး သူတို့မျက်စိရှေ့က မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။
Golden Retriever ကြီးကြီးတစ်ကောင်က သူ့လည်ပင်းက ကြိုးတန်းလန်းနှင့် ပြေးလာပြီး ကြမ်းတမ်းပုံပေါ်ကာ ခုန်အုပ်ဖို့ အသင့်ဖြစ်နေသည်။
ရူးသွားတာလား?
တစ်ချို့လူတွေ အော်ဟစ်လာသည်။ ခွေးသာ ရူးသွားရင် ကိုင်တွယ်ဖို့ ပြဿနာတက်မှာဘဲ။
သို့ပေမယ့် golden retriever က တစ်ဦးတစ်ယောက် အပေါ်ကိုမှ မခုန်အုပ်။ ထို့အစား နေရာအတည်တကျကို တည်ငြိမ်စွာ ပြေးသွားသည်။
"အရှူရာ! မင်းဘယ်သွားနေတာလဲ?! ပြန်လာခဲ့စမ်း!" သခင်၏ စိတ်ပူသော အသံက နောက်ကနေ ထွက်လာသည်။
golden retriever က သူပြောတာကို ကြားပုံမရတာ အရှေ့ကို ဆက်ပြေးနေသည်။
ထိုကောင် တစ်ယောက်ယောက်ကို မြင်တော့ မျက်လုံးတွေ တောက်ပလာကာ အရှိန်တင်လိုက်သည်။
"မြန်မြန် မြန်မြန်! လမ်းဖယ်ကြ!"
လူတွေ ကြောက်ရွံ့စွာ ဘေးကို ကပ်ကုန်ကြသည်။ တကယ်ဘဲ ခွေးရူးတွေက ကြောက်စရာကောင်းတာဘဲ။
စိတ်ပူပြီး ကြောက်စရာကောင်းသည့် အကြည့်တို့က သူ့ဆီစုပြုံနေပေမယ့်လည်း golden retriever ကတော့ ရှရှီပေဆီ အပြေးသွားကာ လမ်းကြောင်းတွင် ရပ်လိုက်သည်။
ကားသာဆိုရင် မင်းတို့ ကားမရပ်ခင် ကားမြည်သံကို ကြားနေရဦးမှာပင်!
"အရှူရာ!"
ဝဝတုတ်တုတ်ကောင်လေးက သူတို့ဆီကို နောက်ကနေ ရောက်လာပြီး ချွေးများသိုက်သိုက်ပြိုက်ပြိုက်ထွက်နေသည်။ သူ ဖြစ်နေတာကို ကြည့်ပြီး မှင်သက်သွားသည်။
သူ့ရဲ့ ဉာဏ်ကောင်းပြီး ချောမောချစ်စရာကောင်းသည့် golden retriever ကြီးက မြေပြင်ပေါ်လှဲကာ သူ၏ နူးညံ့အမွေးပွသော ဗိုက်ကို လှန်ထားတယ်!
ဟောဟဲဟောဟဲဖြင့် လျှာထုတ်ကာ သူ့အမြီးကို စိတ်လှုပ်ရှားမှုတို့ဖြင့် လှုပ်ခါနေသည်။
ရန်ကျွင်းချန် စွံ့အသွားသည်။ သူ ထိုမြင်ကွင်းကို အံ့ဩစရာကောင်းအောင်ကို ရင်းနှီးနေတယ်!
"ဝုဖ်!"
Golden Retriever က ရှရှီပေကို ဟောင်ပြလိုက်ကာ သူ့မျက်လုံးတို့က သူမဆီတွင်သာ ရှိနေသည်။ သူ အဆင်သင့်ဖြစ်နေပြီ လာစမ်းပါ! တက်နင်းဖို့ မကြောက်ပါနဲ့....အို့ မဟုတ်ဘူး သူ့အမွေးတွေကို ဖွဖို့ မကြောက်နဲ့!
"အရှူရာ! အခုချက်ချင်းထစမ်း!" ကောင်လေးက ဒီအချိန် အသက်ရှူမဝဖြစ်နေသည်။
သူ သူ့ခွေးကို ဆွဲထူပြီး နာနာေလးရိုက်ချင်နေတယ်! ဒီကောင် ဘာလုပ်နေတာလဲဟ?!
ထိုအချိန် သူ လူတွေက ခွေးတွေကို ဘာလို့ ကပ်ဖားယက်ဖားလို့ ခေါ်တာလဲဆိုတာ နားလည်သွားသည်။
သူ့အရှူရာက အရမ်းဉာဏ်ကောင်းသည်။ သူက ညွှန်ကြားချက်တော်တော်များများကို နားလည်ပြီး မြန်မြန်ပင် တုန့်ပြန်သည်။
သူတို့ရဲ့ သေသေချာချာဂရုစိုက်မှုအောက်မှာ အဲ့ကောင် တောက်ပြောင်ကျော့မော့လာပြီး ခွေးတွေကြားထဲမှာ ကြော့ရှင်းပြီး အလှလေးပင်!
သူတို့ များသောအားဖြင့် အဲ့ကောင်ကို လမ်းလျှောက်ခေါ်ပြီး လူအများကို ကြွားရတာကို သဘောကြကျသည်။
သို့ပေမယ့် ဒီခွေး ဒီအချိန် ဒီကောင်မလေးကို ကပ်တွယ်နေပြီး ဘာလုပ်ချင်နေတာတုန်း?!
မဖြစ်ရပါဘူး! ဒါက သူ့ခွေး!
အရှူရာ သူ့သခင်ကို ဂရုမစိုက်တော့ဘဲ ရှရှီပေကို တစ်ခါဟောင်လိုက်ပြန်ကာ သူ့အသံက အရင်ကထက် အကြင်နာတွေ ပိုနေသည်။
ရန်ကျွင်းချန် အခုချိန်ထိ ပြောစရာစကားမရှိ။
ထိုမြင်ကွင်းက မယုံနိုင်စရာဘဲ!
သို့ပေမယ့် နောက်တစ်ခဏတွင် ဟန်နီ သူ့လက်ထဲကနေ ဒေါသတကြီးဖြင့် ထွက်သွားသည်။
"မြောင်!" သူ စူးစူးဝါးဝါးအသံဖြင့်အော်ကာ အရှူရာ ဗိုက်ပေါ် ခုန်တက်လိုက်သည်။
အရှူရာ ဘာမှမလုပ်ခင် ဟန်နီ သူ့ကို လက်သည်းတွေဖြင့် ကုတ်ခြစ်တော့သည်။
'သူမနဲ့ ဘာလို့ မျက်နှာသာရဖို့ ပြိုင်နေရတာလဲ!' ဟု ပြောနေသလိုပင်။
"မြောင်!"
"ဝုဖ်!"
"ဟန်နီ!"
"အရှူရာ!"
အသံတွေ ထွက်လာကာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်သည်။
.....
Zawgyi
- golden retriever မ်က္ႏွာသာရဖို႔ တိုက္ပြဲဝင္ျခင္း။
ရန္ကြၽင္းခ်န္ ထန္ေလာ့္ကို အံ့ဩစြာျဖင့္ ျပဳံးၿပီး ၾကည့္လိုက္သည္။ "ေကာင္းတယ္! ကြၽန္ေတာ္တို႔ ဖုန္းနံပါတ္ လဲထားၿပီး ေနာက္က်ရင္ ေျပာလို႔ရတာဘဲ!"
"ေကာင္းၿပီ" ထန္ေလာ္ ျပဳံးကာ သူ႕ဖုန္းကို ထုတ္လိုက္ၿပီး သူ႕ဖုန္းနံပါတ္ကို သိမ္းလိုက္သည္။
သူတို႔သုံးေယာက္ ေၾကာင္ေဘးတြင္ စကားေျပာေနၾကၿပီး သူတို႔ေဘးပတ္လည္က လမ္းမီးတို႔က လင္းထိန္လာသည္။
လူအမ်ားက square တြင္ မ်ားျပားလာသည္။ ညစာစားၿပီးေတာ့ လူေတြ အစာေၾကဖို႔ ဟိုၾကည့္ ဒီၾကည့္ျဖင့္ ေအးေဆးစြာ လမ္းေလွ်ာက္ေနၾကသည္။
လူေတာ္ေတာ္မ်ားမ်ားက အိမ္ကေန အိမ္ေမြးတိရစၧာန္မ်ား ယူလာၾကသည္။
ေၾကာင္ႏွင့္ ေခြးေတာ္ေတာ္မ်ားမ်ားက ေလွ်ာက္သြားေနၾကၿပီး ႐ွ႐ွီေပကို ျဖတ္ေတာ့ တန္႔သြားၾကၿပီး သူတို႔ သခင္ သူတို႔ကို ေခၚေတာ့ ဆက္ေလွ်ာက္သြားၾကသည္။
႐ွ႐ွီေပ စိတ္စြမ္းအင္ကို မသုံးရင္ တိရစၧာန္ေတြက သူမကို ပုံမွန္မူမွန္တာကို သတိမျပဳမိၾက။
သို႔ေပမယ့္ ခြၽင္းခ်က္ေတြေတာ့ ႐ွိတာေပါ့။
ဟန္နီကဲ့သို႔ တိရစၧာန္ေသးေသးေလးေတြက်ေတာ့ သူမ၏ ထူးျခားမႈကို ခ်က္ခ်င္းသတိျပဳမိၾကသည္။
"အ႐ွဴရာ! အဲ့ေနရာမွာ ရပ္စမ္း!"
ေဒါသတႀကီး ေအာ္သံက မလွမ္းမကမ္းကေန ထြက္လာသည္။ လူေတြ မေနႏိုင္ဘဲ ဘာျဖစ္တာလဲဆိုတာကို လွည့္ၾကည့္လိုက္ၿပီး သူတို႔မ်က္စိေ႐ွ႕က ျမင္ကြင္းေၾကာင့္ တုန္လႈပ္သြားသည္။
Golden Retriever ႀကီးႀကီးတစ္ေကာင္က သူ႕လည္ပင္းက ႀကိဳးတန္းလန္းႏွင့္ ေျပးလာၿပီး ၾကမ္းတမ္းပုံေပၚကာ ခုန္အုပ္ဖို႔ အသင့္ျဖစ္ေနသည္။
႐ူးသြားတာလား?
တစ္ခ်ိဳ႕လူေတြ ေအာ္ဟစ္လာသည္။ ေခြးသာ ႐ူးသြားရင္ ကိုင္တြယ္ဖို႔ ျပႆနာတက္မွာဘဲ။
သို႔ေပမယ့္ golden retriever က တစ္ဦးတစ္ေယာက္ အေပၚကိုမွ မခုန္အုပ္။ ထို႔အစား ေနရာအတည္တက်ကို တည္ၿငိမ္စြာ ေျပးသြားသည္။
"အ႐ွဴရာ! မင္းဘယ္သြားေနတာလဲ?! ျပန္လာခဲ့စမ္း!" သခင္၏ စိတ္ပူေသာ အသံက ေနာက္ကေန ထြက္လာသည္။
golden retriever က သူေျပာတာကို ၾကားပုံမရတာ အေ႐ွ႕ကို ဆက္ေျပးေနသည္။
ထိုေကာင္ တစ္ေယာက္ေယာက္ကို ျမင္ေတာ့ မ်က္လုံးေတြ ေတာက္ပလာကာ အ႐ွိန္တင္လိုက္သည္။
"ျမန္ျမန္ ျမန္ျမန္! လမ္းဖယ္ၾက!"
လူေတြ ေၾကာက္႐ြံ႕စြာ ေဘးကို ကပ္ကုန္ၾကသည္။ တကယ္ဘဲ ေခြး႐ူးေတြက ေၾကာက္စရာေကာင္းတာဘဲ။
စိတ္ပူၿပီး ေၾကာက္စရာေကာင္းသည့္ အၾကည့္တို႔က သူ႕ဆီစုျပဳံေနေပမယ့္လည္း golden retriever ကေတာ့ ႐ွ႐ွီေပဆီ အေျပးသြားကာ လမ္းေၾကာင္းတြင္ ရပ္လိုက္သည္။
ကားသာဆိုရင္ မင္းတို႔ ကားမရပ္ခင္ ကားျမည္သံကို ၾကားေနရဦးမွာပင္!
"အ႐ွဴရာ!"
ဝဝတုတ္တုတ္ေကာင္ေလးက သူတို႔ဆီကို ေနာက္ကေန ေရာက္လာၿပီး ေခြၽးမ်ားသိုက္သိုက္ၿပိဳက္ၿပိဳက္ထြက္ေနသည္။ သူ ျဖစ္ေနတာကို ၾကည့္ၿပီး မွင္သက္သြားသည္။
သူ႕ရဲ႕ ဉာဏ္ေကာင္းၿပီး ေခ်ာေမာခ်စ္စရာေကာင္းသည့္ golden retriever ႀကီးက ေျမျပင္ေပၚလွဲကာ သူ၏ ႏူးညံ့အေမြးပြေသာ ဗိုက္ကို လွန္ထားတယ္!
ေဟာဟဲေဟာဟဲျဖင့္ လွ်ာထုတ္ကာ သူ႕အၿမီးကို စိတ္လႈပ္႐ွားမႈတို႔ျဖင့္ လႈပ္ခါေနသည္။
ရန္ကြၽင္းခ်န္ စြံ႕အသြားသည္။ သူ ထိုျမင္ကြင္းကို အံ့ဩစရာေကာင္းေအာင္ကို ရင္းႏွီးေနတယ္!
"ဝုဖ္!"
Golden Retriever က ႐ွ႐ွီေပကို ေဟာင္ျပလိုက္ကာ သူ႕မ်က္လုံးတို႔က သူမဆီတြင္သာ ႐ွိေနသည္။ သူ အဆင္သင့္ျဖစ္ေနၿပီ လာစမ္းပါ! တက္နင္းဖို႔ မေၾကာက္ပါနဲ႔....အို႔ မဟုတ္ဘူး သူ႕အေမြးေတြကို ဖြဖို႔ မေၾကာက္နဲ႔!
"အ႐ွဴရာ! အခုခ်က္ခ်င္းထစမ္း!" ေကာင္ေလးက ဒီအခ်ိန္ အသက္႐ွဴမဝျဖစ္ေနသည္။
သူ သူ႕ေခြးကို ဆြဲထူၿပီး နာနာေလး႐ိုက္ခ်င္ေနတယ္! ဒီေကာင္ ဘာလုပ္ေနတာလဲဟ?!
ထိုအခ်ိန္ သူ လူေတြက ေခြးေတြကို ဘာလို႔ ကပ္ဖားယက္ဖားလို႔ ေခၚတာလဲဆိုတာ နားလည္သြားသည္။
သူ႕အ႐ွဴရာက အရမ္းဉာဏ္ေကာင္းသည္။ သူက ၫႊန္ၾကားခ်က္ေတာ္ေတာ္မ်ားမ်ားကို နားလည္ၿပီး ျမန္ျမန္ပင္ တုန္႔ျပန္သည္။
သူတို႔ရဲ႕ ေသေသခ်ာခ်ာဂ႐ုစိုက္မႈေအာက္မွာ အဲ့ေကာင္ ေတာက္ေျပာင္ေက်ာ့ေမာ့လာၿပီး ေခြးေတြၾကားထဲမွာ ေၾကာ့႐ွင္းၿပီး အလွေလးပင္!
သူတို႔ မ်ားေသာအားျဖင့္ အဲ့ေကာင္ကို လမ္းေလွ်ာက္ေခၚၿပီး လူအမ်ားကို ႂကြားရတာကို သေဘာၾကက်သည္။
သို႔ေပမယ့္ ဒီေခြး ဒီအခ်ိန္ ဒီေကာင္မေလးကို ကပ္တြယ္ေနၿပီး ဘာလုပ္ခ်င္ေနတာတုန္း?!
မျဖစ္ရပါဘူး! ဒါက သူ႕ေခြး!
အ႐ွဴရာ သူ႕သခင္ကို ဂ႐ုမစိုက္ေတာ့ဘဲ ႐ွ႐ွီေပကို တစ္ခါေဟာင္လိုက္ျပန္ကာ သူ႕အသံက အရင္ကထက္ အၾကင္နာေတြ ပိုေနသည္။
ရန္ကြၽင္းခ်န္ အခုခ်ိန္ထိ ေျပာစရာစကားမ႐ွိ။
ထိုျမင္ကြင္းက မယုံႏိုင္စရာဘဲ!
သို႔ေပမယ့္ ေနာက္တစ္ခဏတြင္ ဟန္နီ သူ႕လက္ထဲကေန ေဒါသတႀကီးျဖင့္ ထြက္သြားသည္။
"ေျမာင္!" သူ စူးစူးဝါးဝါးအသံျဖင့္ေအာ္ကာ အ႐ွဴရာ ဗိုက္ေပၚ ခုန္တက္လိုက္သည္။
အ႐ွဴရာ ဘာမွမလုပ္ခင္ ဟန္နီ သူ႕ကို လက္သည္းေတြျဖင့္ ကုတ္ျခစ္ေတာ့သည္။
'သူမနဲ႔ ဘာလို႔ မ်က္ႏွာသာရဖို႔ ၿပိဳင္ေနရတာလဲ!' ဟု ေျပာေနသလိုပင္။
"ေျမာင္!"
"ဝုဖ္!"
"ဟန္နီ!"
"အ႐ွဴရာ!"
အသံေတြ ထြက္လာကာ ႐ုန္းရင္းဆန္ခတ္ေတြ ျဖစ္ကုန္သည္။
.....