Unicode
- အိမ်ပြန်ပို့ခြင်း
ကားထဲ ဝင်ပြီး ရှရှီပေ အခြားတစ်ဖက်စွန်းတွင်ဝင်ထိုင်ကာ သူတို့ကြားက အကွာအဝေးကို တိုးလိုက်သည်။
သူတို့ကြားက အကွာအဝေးကို ကြည့်ပြီး ချောင်ရန်ကျွယ်မျက်လုံးများ မည်းမှောင်သွားသည်။ သို့ပေမယ့် သူ သူမ၏ ခပ်တန်းတန်းနေမှုကို မမြင်သကဲ့သို့ ဘာမှမပြော။
ကားစထွက်တော့ ရှရှီပေ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။
မြို့ကို ဆောက်လုပ်ထားပြီး မကြာခင်မှာပင် ဆောက်လုပ်ရေး လုပ်ဆဲနေဖြစ်သည့် အိမ်ခြံမြေနေရာတွေကို ဖြတ်သွားသည်။
မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်နေသော ခေတ်ရောက်နေပြီ။ အခွင့်အရေးကိုသာ ဖမ်းချုပ်နိုင်မယ်ဆိုရင် မမျှော်လင့်ထားနိုင်သော အကျိုးရလဒ်များကို ရနိုင်သည်။
ခမ်းနားသော နီယွန်မီလုံးများကို ကြည့်ပြီး ရှရှီပေ စိတ်ထဲတွင် အများကြီးရှိနေသည်။
ချောင်ရန်ကျွယ် သူမခေါင်းနောက်ကျောဘက်ကို ကြည့်ပြီး သူမအကြောင်းကို ပိုပိုပြီး စိတ်ဝင်စားလာသည်။
ဒီကောင်မလေးက ငယ်ပေမယ့် သူမအသက်အရွယ်ရှိသည့် သာမန်မိန်းကလေးများနှင့် လုံးဝ စိတ်ထားမတူ။
ပြီးတော့ သူ အရင်တုန်းက ဒီလိုမျိုး ဘယ်သူ့ကိုမှ အလျှော့မပေးဖူးဘူး။
အခြားလူတွေသာ သူ့ရှေ့ အဲ့လို ပြုမူရဲရင် သူ သူတို့ကို ဟိုးအရင်ကတည်းက ကန်ထုတ်ပြီးနေပြီ။
သို့ပေမယ့် ဒီနေ့တော့ သူ တကယ်ဘဲ လျှော့ချလိုက်သည်။
ဟော်ဇီကျွင်းနှင့် အခြားသူတွေဘဲ ရှော့ရတာမဟုတ်။
သူလည်း ထူးဆန်းနေသည်။
သို့ပေမယ့် သူ့ အသိဉာဏ်က သူ့ကို သူ ရှရှီပေကို သူများတွေကို ဆက်ဆံသလို ပုံစံမှန်း ဆက်ဆံရဲရင် ရလဒ်ကကောင်းမှာ မဟုတ်ဟု ပြောနေသည်။
ပြီးတော့ သူ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေသည်။
သူက ကျေးဇူးမသိတတ်သောသူမဟုတ်။ ရှရှီပေကို သူ့ပြဿနာထဲ နှစ်ကြိမ်နှစ်ခါ ပါဝင်စေခဲ့ပြီးမှတော့ သူ အခြားလူတွေကို ဆက်ဆံသလိုမျိုး သူမကို ဆက်ဆံလို့မရ။
နောက် မိဘတွေမချစ်တဲ့ ကောင်မလေးက အခြားသူတွေနဲ့ စိတ်ထားကတော့ ကွာမှာပင်။
သူက သူမထက် အသက်တော်တော်ကြီးသည်။ သူ သူမလောက် တဇွတ်ထိုးလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ ဟုတ်တယ်မလား?
ဒီညသူ့ရဲ့ မူမမှန်သော အပြုအမူရဲ့ ဖြေရှင်းချက်ကို ရှာပြီးနောက် ချောင်ရန်ကျွယ် ခန္ဓာကိုယ်က ပြေလျော့သွားသည်။
ကားက မြန်မြန်ပင် နေရာကို ရောက်သွားသည်။
အိုဟောင်းယိုယွင်းပြိုပျက်နေသော ဤရပ်ကွက်တွင် စာတန်းများ အများကြီး ကပ်ထားပြီး အားလုံးကို မြန်မြန်ပြောင်းပေးဖို့ အားပေးနေသည်။
တော်တော်ပင် မြန်မြန်ဆန်ဆန်ပင်။
သာမန်အချိန်တွင် ချောင်ရန်ကျွယ် အလုပ်လုပ်တာလုံလောက်၍ အလုပ်သမားတွေကို ချီးကျူးတာတောင် လုပ်နေမိမှာပင်။
သို့ပေမယ့် ရှရှီပေ၏ အခြေအနေကို တွေးမိပြီး သူ တိတ်ဆိတ်နေသည်။
"ကျေးဇူးဘဲ" ရှရှီပေ ကားထဲက ထွက်လိုက်ပြီး အိတ်များကို သယ်လာသည်။ "ကျွန်မ သွားတော့မယ်"
"ကိုယ် မင်းကို လမ်းလျှောက်ပို့ပေးမယ်"
ရှရှီပေ ပြန်မဖြေခင် ချောင်ရန်ကျွယ် ကားထဲက ထွက်လာပြီး သူမလက်ထဲက အိတ်များကို ယူလိုက်သည်။ "မဝေးတာဘဲ ကိုယ် မင်းကို လျှောက်ပို့ပေးပါ့မယ်"
ထို့နောက် သူ အရှေ့ကို ဆက်လျှောက်သွားသည်။
ရှရှီပေ တန့်သွားပြီးနောက် နောက်ကနေလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
တစ်ယောက်ယောက်က အိတ်သယ်ပေးတာလည်း ကောင်းတာပါဘဲ။
မကြာမီပင် သူတို့ ရှရှီပေနေသော အဆောက်အအုံဆီသို့ ရောက်လာသည်။
ညဆယ်နာရီကျော်နေပြီ ဖြစ်ပြီး လူအများစုက အိပ်နေကြပြီး ဟိုတစ်ကွက် ဒီတစ်ကွက်လောက်ဘဲ မီးလင်းနေတော့သည်။
လှေကားပေါ်တက်ပြီး ရှရှီပေ တံခါးဖွင့်လိုက်သည်။ ချောင်ရန်ကျွယ် နောက်ကလိုက်ဝင်ပြီး ကြည့်လိုက်ကာ ဒီက အခြေအနေကို မြန်မြန်ပင် နားလည်သွားသည်။
ဟုတ်နေပါပြီ သူထင်ထားသလို အိုဟောင်းမှေးမှိန်စိုထိုင်းထိုင်းပင်။
မိန်းမငယ်လေး ဒီလိုနေရာမျိုးမှာ နေရတာလဲ? သူမကျန်းမာရေးကို တကယ်ထိခိုက်စေမှာဘဲ!
"ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်မ ရှင့်အချိန်တွေကို မဖြုန်းတော့ပါဘူး"
ရှရှီပေ ချောင်ရန်ကျွယ်ကို အပြုံးလေးနှင့်ကြည့်လိုက်ပေမယ့် ဧည့်သည်များကို ပြန်လွှတ်နေသည့် အပြုံးမျိုးပင်။
ချောင်ရန်ကျွယ် မနေချင်ပေမယ့် မေးလိုက်သည်။ "နေစရာ နေရာရှာပြီးပြီလား?"
"မရှာရသေးဘူး" ရှရှီပေ သူမခေါင်းကို ရမ်းလိုက်သည်။ "ရှင်းပါတယ် ကျွန်မ မကြာခင် ရှာတွေ့မှာပါ"
"ကိုယ်..."
"နောက်ကျနေပြီ ကျွန်မရှင့်ကို ခေါ်မထားတော့ပါဘူး goodbye"
ချောင်ရန်ကျွယ် သူမ၏ အမြန်ပို့နေမှုကြောင့် စွံ့အသွားသည်။ သို့ပေမယ့် သူ ခေါင်းသာငြိမ့်နိုင်တော့သည်။
"ရပါတယ် မင်း ကောင်းကောင်း အနားယူ ကိုယ် အိမ်ကိစ္စ ဖြေရှင်းလိုက်မယ်"
"ဟမ်?" ရှရှီပေ မှင်သက်သွားသည်။ သူဘာကိုဆိုလိုတာလဲ?
ချောင်ရန်ကျွယ် ပြုံးပြလိုက်ပြီး ထွက်သွားတော့သည်။
ရှရှီပေ တံခါးကို အချိန်ခဏလောက်ကြည့်နေပြီး နောက်ဆုံးတော့ လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။
သူ ဘာတွေ စီစဉ်နေလဲဆိုတ ဘယ်သူသိမှာလဲ?
ရေချိုးပြီးတော့ ရှရှီပေ ကွန်ပြူတာဖွင့်ပြီး အွန်လိုင်းပလက်ဖောင်းတစ်ခုပေါ်မှာ သူမကိုယ် သူမတွေ့လိုက်ရသည်။
......
Zawgyi
- အိမ္ျပန္ပို႔ျခင္း
ကားထဲ ဝင္ၿပီး ႐ွ႐ွီေပ အျခားတစ္ဖက္စြန္းတြင္ဝင္ထိုင္ကာ သူတို႔ၾကားက အကြာအေဝးကို တိုးလိုက္သည္။
သူတို႔ၾကားက အကြာအေဝးကို ၾကည့္ၿပီး ေခ်ာင္ရန္ကြၽယ္မ်က္လုံးမ်ား မည္းေမွာင္သြားသည္။ သို႔ေပမယ့္ သူ သူမ၏ ခပ္တန္းတန္းေနမႈကို မျမင္သကဲ့သို႔ ဘာမွမေျပာ။
ကားစထြက္ေတာ့ ႐ွ႐ွီေပ ျပတင္းေပါက္ အျပင္ဘက္ကို ၾကည့္လိုက္သည္။
ၿမိဳ႕ကို ေဆာက္လုပ္ထားၿပီး မၾကာခင္မွာပင္ ေဆာက္လုပ္ေရး လုပ္ဆဲေနျဖစ္သည့္ အိမ္ျခံေျမေနရာေတြကို ျဖတ္သြားသည္။
ျမန္ျမန္ဆန္ဆန္ဖြံ႕ၿဖိဳးတိုးတက္ေနေသာ ေခတ္ေရာက္ေနၿပီ။ အခြင့္အေရးကိုသာ ဖမ္းခ်ဳပ္ႏိုင္မယ္ဆိုရင္ မေမွ်ာ္လင့္ထားႏိုင္ေသာ အက်ိဳးရလဒ္မ်ားကို ရႏိုင္သည္။
ခမ္းနားေသာ နီယြန္မီလုံးမ်ားကို ၾကည့္ၿပီး ႐ွ႐ွီေပ စိတ္ထဲတြင္ အမ်ားႀကီး႐ွိေနသည္။
ေခ်ာင္ရန္ကြၽယ္ သူမေခါင္းေနာက္ေက်ာဘက္ကို ၾကည့္ၿပီး သူမအေၾကာင္းကို ပိုပိုၿပီး စိတ္ဝင္စားလာသည္။
ဒီေကာင္မေလးက ငယ္ေပမယ့္ သူမအသက္အ႐ြယ္႐ွိသည့္ သာမန္မိန္းကေလးမ်ားႏွင့္ လုံးဝ စိတ္ထားမတူ။
ၿပီးေတာ့ သူ အရင္တုန္းက ဒီလိုမ်ိဳး ဘယ္သူ႕ကိုမွ အေလွ်ာ့မေပးဖူးဘူး။
အျခားလူေတြသာ သူ႕ေ႐ွ႕ အဲ့လို ျပဳမူရဲရင္ သူ သူတို႔ကို ဟိုးအရင္ကတည္းက ကန္ထုတ္ၿပီးေနၿပီ။
သို႔ေပမယ့္ ဒီေန႔ေတာ့ သူ တကယ္ဘဲ ေလွ်ာ့ခ်လိုက္သည္။
ေဟာ္ဇီကြၽင္းႏွင့္ အျခားသူေတြဘဲ ေ႐ွာ့ရတာမဟုတ္။
သူလည္း ထူးဆန္းေနသည္။
သို႔ေပမယ့္ သူ႕ အသိဉာဏ္က သူ႕ကို သူ ႐ွ႐ွီေပကို သူမ်ားေတြကို ဆက္ဆံသလို ပုံစံမွန္း ဆက္ဆံရဲရင္ ရလဒ္ကေကာင္းမွာ မဟုတ္ဟု ေျပာေနသည္။
ၿပီးေတာ့ သူ အနည္းငယ္ ႐ွက္ကိုး႐ွက္ကန္းျဖစ္ေနသည္။
သူက ေက်းဇူးမသိတတ္ေသာသူမဟုတ္။ ႐ွ႐ွီေပကို သူ႕ျပႆနာထဲ ႏွစ္ႀကိမ္ႏွစ္ခါ ပါဝင္ေစခဲ့ၿပီးမွေတာ့ သူ အျခားလူေတြကို ဆက္ဆံသလိုမ်ိဳး သူမကို ဆက္ဆံလို႔မရ။
ေနာက္ မိဘေတြမခ်စ္တဲ့ ေကာင္မေလးက အျခားသူေတြနဲ႔ စိတ္ထားကေတာ့ ကြာမွာပင္။
သူက သူမထက္ အသက္ေတာ္ေတာ္ႀကီးသည္။ သူ သူမေလာက္ တဇြတ္ထိုးလုပ္လို႔ ဘယ္ျဖစ္ပါ့မလဲ ဟုတ္တယ္မလား?
ဒီညသူ႕ရဲ႕ မူမမွန္ေသာ အျပဳအမူရဲ႕ ေျဖ႐ွင္းခ်က္ကို ႐ွာၿပီးေနာက္ ေခ်ာင္ရန္ကြၽယ္ ခႏၶာကိုယ္က ေျပေလ်ာ့သြားသည္။
ကားက ျမန္ျမန္ပင္ ေနရာကို ေရာက္သြားသည္။
အိုေဟာင္းယိုယြင္းၿပိဳပ်က္ေနေသာ ဤရပ္ကြက္တြင္ စာတန္းမ်ား အမ်ားႀကီး ကပ္ထားၿပီး အားလုံးကို ျမန္ျမန္ေျပာင္းေပးဖို႔ အားေပးေနသည္။
ေတာ္ေတာ္ပင္ ျမန္ျမန္ဆန္ဆန္ပင္။
သာမန္အခ်ိန္တြင္ ေခ်ာင္ရန္ကြၽယ္ အလုပ္လုပ္တာလုံေလာက္၍ အလုပ္သမားေတြကို ခ်ီးက်ဴးတာေတာင္ လုပ္ေနမိမွာပင္။
သို႔ေပမယ့္ ႐ွ႐ွီေပ၏ အေျခအေနကို ေတြးမိၿပီး သူ တိတ္ဆိတ္ေနသည္။
"ေက်းဇူးဘဲ" ႐ွ႐ွီေပ ကားထဲက ထြက္လိုက္ၿပီး အိတ္မ်ားကို သယ္လာသည္။ "ကြၽန္မ သြားေတာ့မယ္"
"ကိုယ္ မင္းကို လမ္းေလွ်ာက္ပို႔ေပးမယ္"
႐ွ႐ွီေပ ျပန္မေျဖခင္ ေခ်ာင္ရန္ကြၽယ္ ကားထဲက ထြက္လာၿပီး သူမလက္ထဲက အိတ္မ်ားကို ယူလိုက္သည္။ "မေဝးတာဘဲ ကိုယ္ မင္းကို ေလွ်ာက္ပို႔ေပးပါ့မယ္"
ထို႔ေနာက္ သူ အေ႐ွ႕ကို ဆက္ေလွ်ာက္သြားသည္။
႐ွ႐ွီေပ တန္႔သြားၿပီးေနာက္ ေနာက္ကေနလိုက္ဖို႔ ဆုံးျဖတ္လိုက္သည္။
တစ္ေယာက္ေယာက္က အိတ္သယ္ေပးတာလည္း ေကာင္းတာပါဘဲ။
မၾကာမီပင္ သူတို႔ ႐ွ႐ွီေပေနေသာ အေဆာက္အအုံဆီသို႔ ေရာက္လာသည္။
ညဆယ္နာရီေက်ာ္ေနၿပီ ျဖစ္ၿပီး လူအမ်ားစုက အိပ္ေနၾကၿပီး ဟိုတစ္ကြက္ ဒီတစ္ကြက္ေလာက္ဘဲ မီးလင္းေနေတာ့သည္။
ေလွကားေပၚတက္ၿပီး ႐ွ႐ွီေပ တံခါးဖြင့္လိုက္သည္။ ေခ်ာင္ရန္ကြၽယ္ ေနာက္ကလိုက္ဝင္ၿပီး ၾကည့္လိုက္ကာ ဒီက အေျခအေနကို ျမန္ျမန္ပင္ နားလည္သြားသည္။
ဟုတ္ေနပါၿပီ သူထင္ထားသလို အိုေဟာင္းေမွးမွိန္စိုထိုင္းထိုင္းပင္။
မိန္းမငယ္ေလး ဒီလိုေနရာမ်ိဳးမွာ ေနရတာလဲ? သူမက်န္းမာေရးကို တကယ္ထိခိုက္ေစမွာဘဲ!
"ကြၽန္မကို အိမ္ျပန္လိုက္ပို႔ေပးလို႔ ေက်းဇူးတင္ပါတယ္ ကြၽန္မ ႐ွင့္အခ်ိန္ေတြကို မျဖဳန္းေတာ့ပါဘူး"
႐ွ႐ွီေပ ေခ်ာင္ရန္ကြၽယ္ကို အျပဳံးေလးႏွင့္ၾကည့္လိုက္ေပမယ့္ ဧည့္သည္မ်ားကို ျပန္လႊတ္ေနသည့္ အျပဳံးမ်ိဳးပင္။
ေခ်ာင္ရန္ကြၽယ္ မေနခ်င္ေပမယ့္ ေမးလိုက္သည္။ "ေနစရာ ေနရာ႐ွာၿပီးၿပီလား?"
"မ႐ွာရေသးဘူး" ႐ွ႐ွီေပ သူမေခါင္းကို ရမ္းလိုက္သည္။ "႐ွင္းပါတယ္ ကြၽန္မ မၾကာခင္ ႐ွာေတြ႕မွာပါ"
"ကိုယ္..."
"ေနာက္က်ေနၿပီ ကြၽန္မ႐ွင့္ကို ေခၚမထားေတာ့ပါဘူး goodbye"
ေခ်ာင္ရန္ကြၽယ္ သူမ၏ အျမန္ပို႔ေနမႈေၾကာင့္ စြံ႕အသြားသည္။ သို႔ေပမယ့္ သူ ေခါင္းသာၿငိမ့္ႏိုင္ေတာ့သည္။
"ရပါတယ္ မင္း ေကာင္းေကာင္း အနားယူ ကိုယ္ အိမ္ကိစၥ ေျဖ႐ွင္းလိုက္မယ္"
"ဟမ္?" ႐ွ႐ွီေပ မွင္သက္သြားသည္။ သူဘာကိုဆိုလိုတာလဲ?
ေခ်ာင္ရန္ကြၽယ္ ျပဳံးျပလိုက္ၿပီး ထြက္သြားေတာ့သည္။
႐ွ႐ွီေပ တံခါးကို အခ်ိန္ခဏေလာက္ၾကည့္ေနၿပီး ေနာက္ဆုံးေတာ့ လ်စ္လ်ဴ႐ႈဖို႔ ဆုံးျဖတ္လိုက္သည္။
သူ ဘာေတြ စီစဥ္ေနလဲဆိုတ ဘယ္သူသိမွာလဲ?
ေရခ်ိဳးၿပီးေတာ့ ႐ွ႐ွီေပ ကြန္ျပဴတာဖြင့္ၿပီး အြန္လိုင္းပလက္ေဖာင္းတစ္ခုေပၚမွာ သူမကိုယ္ သူမေတြ႕လိုက္ရသည္။
......