ရက်စက်သောနတ်ဘုရားမ
By nixie_thePisces
549K 63.6K 547
This story is not my own. All credit to original author and english translator. Original novel: The reincarna... More
ပထမ ဘ၀၌ ပြန်လည်မွေးဖွားခြင်း
ရင်းနှီးသောသူနှင့် ဝင်တိုးခြင်း
အသက်ကယ်ခြင်း
ကျွန်မအလုပ်ထွက်တော့မယ်
ရဲခေါ်ချင်တယ်
တာဝန်ယူမှု မရှိတဲ့ မိဘ
ငွေလိုချင်တယ်
သရဲဝင်ပူးနေတာဖြစ်ရမယ်
အချစ်တွေကုန်ဆုံးသွားပြီ
လမ်းခွဲလိုက်ပြီ
ဘယ်အချိန်ပြန်ပေးမှာလဲ
နင်တို့နှစ်ယောက် ပြတ်သွားတာလား?
တော်တော်ကြီးတဲ့ သတင်းဘဲ
အကြွေးပေးဖို့ ငြင်းနေတာဘဲ
အကြွေးရှင်
တော်တော် အကြံကြီးတာဘဲ
စုန့်ကျားရန်
ပထမဆုံး ကာစတမ်မာ
ငါနင့်ကို ယုံတယ်
ငါမအားဘူး
ချောင်ရန်ကျွယ်ကို တစ်ဖန်ပြန်တွေ့ခြင်း
ဒီနေ့က အပြင်ထွက်လို့ မကောင်းဘူး
လတစ်လရဲ့ အဲ့အချိန်
မင်း single ဖြစ်တာနဲ့ဘဲ တန်တယ်
တစ်ဗူးလုံး ဝယ်ခြင်း
ဒါကြီးက ဘယ်ကရောက်လာတာလဲ?
တစ်ကြိမ်အကြွေးတင်ခြင်း
ဟယ်လို မစ္စတာ ချောင်
ဆေးလိပ်မသောက်နဲ့
ယန်ရွှမ်ရဲ့ မိဘများ ရောက်လာခြင်း
သမီး သူ့ကို လုံးဝမရိုက်ဘူး
သူ ပြန်မပေးဘူး
သက်သေရှိတယ်
ရွံရှာခြင်း
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
အပိုင်း ၇၃
အပိုင်း ၇၄
အပိုင်း ၇၅
အပိုင်း ၇၆
အပိုင်း ၇၇
အပိုင်း ၇၈
အပိုင်း ၇၉
အပိုင်း ၈၀
အပိုင်း ၈၁
အပိုင်း ၈၂
အပိုင်း ၈၃
အပိုင်း ၈၄
အပိုင်း ၈၅
အပိုင်း ၈၆
အပိုင်း ၈၇
အပိုင်း ၈၈
အပိုင်း ၈၉
အပိုင်း ၉၀
အပိုင်း ၉၁
အပိုင်း ၉၂
အပိုင်း ၉၃
အပိုင်း ၉၄
အပိုင်း ၉၅
အပိုင်း ၉၆
အပိုင်း ၉၇
အပိုင်း ၉၈
အပိုင်း ၉၉
အပိုင်း ၁၀၀
အပိုင်း ၁၀၁
အပိုင်း ၁၀၂
အပိုင်း ၁၀၃
အပိုင်း ၁၀၄
အပိုင်း ၁၀၅
အပိုင်း ၁၀၆
အပိုင်း ၁၀၇
အပိုင်း ၁၀၈
အပိုင်း ၁၀၉
အပိုင်း ၁၁၀
အပိုင်း ၁၁၁
အပိုင်း ၁၁၂
အပိုင်း ၁၁၃
အပိုင်း ၁၁၄
အပိုင်း ၁၁၅
အပိုင်း ၁၁၆
အပိုင်း ၁၁၇
အပိုင်း ၁၁၈
အပိုင်း ၁၁၉
အပိုင်း ၁၂၀
အပိုင်း ၁၂၁
အပိုင်း ၁၂၂
အပိုင်း ၁၂၃
အပိုင်း ၁၂၄
အပိုင်း ၁၂၅
အပိုင်း ၁၂၆
အပိုင်း ၁၂၇
အပိုင်း ၁၂၈
အပိုင်း ၁၂၉
အပိုင်း ၁၃၁
အပိုင်း ၁၃၂
အပိုင်း ၁၃၃
အပိုင်း ၁၃၄
အပိုင်း ၁၃၅
အပိုင်း ၁၃၆
အပိုင်း ၁၃၇
အပိုင်း ၁၃၈
အပိုင်း ၁၃၉
အပိုင်း ၁၄၀
အပိုင်း ၁၄၁
အပိုင်း ၁၄၂
အပိုင်း ၁၄၃
အပိုင်း ၁၄၄
အပိုင်း ၁၄၅
အပိုင်း ၁၄၆
အပိုင်း ၁၄၇
အပိုင်း ၁၄၈
အပိုင်း ၁၄၉
အပိုင်း ၁၅၀
အပိုင်း ၁၅၁
အပိုင်း ၁၅၂
အပိုင်း ၁၅၃
အပိုင်း ၁၅၄
အပိုင်း ၁၅၅
အပိုင်း ၁၅၆
အပိုင်း ၁၅၇
အပိုင်း ၁၅၈
အပိုင်း ၁၅၉
အပိုင်း ၁၆၀
အပိုင်း ၁၆၁
အပိုင်း ၁၆၂
အပိုင်း ၁၆၃
အပိုင်း ၁၆၄
အပိုင်း ၁၆၅
အပိုင်း ၁၆၆
အပိုင်း ၁၆၇
အပိုင်း ၁၆၈
အပိုင်း ၁၆၉
အပိုင်း ၁၇၀
အပိုင်း ၁၇၁
အပိုင်း ၁၇၂
အပိုင်း ၁၇၃
အပိုင်း ၁၇၄
အပိုင်း ၁၇၅
အပိုင်း ၁၇၆
အပိုင်း ၁၇၇
အပိုင်း ၁၇၈
အပိုင်း ၁၇၉
အပိုင်း ၁၈၀
အပိုင်း ၁၈၁
အပိုင်း ၁၈၂
အပိုင်း ၁၈၃
အပိုင်း ၁၈၅
အပိုင်း ၁၈၄
အပိုင်း ၁၈၆
အပိုင်း ၁၈၇
အပိုင်း ၁၈၈
အပိုင်း ၁၈၉
အပိုင်း ၁၉၀
အပိုင်း ၁၉၁
အပိုင်း ၁၉၂
အပိုင်း ၁၉၃
အပိုင်း ၁၉၄
အပိုင်း ၁၉၅
အပိုင်း ၁၉၆
အပိုင်း ၁၉၇
အပိုင်း ၁၉၈
အပိုင်း ၁၉၉
အပိုင်း ၂၀၀
အပိုင်း ၁၃၀
2.6K 294 2
By nixie_thePisces
Unicode
- ကိုယ်မင်းကို ပြန်လိုက်ပို့ပေးမယ်
ချောင်ရန်ကျွယ် မျင်မှောင်ကြုံ့လိုက်သည်။ သူ ဤကိစ္စကို မြန်မြန်ဖြေရှင်းရသည့်အကြောင်းအရင်းက ရှရှီပေကြောင့်ပင်။
သူမက ဆိုးရွားတဲ့နေရာမှာ နေနေရသည့် ကောင်မလေးငယ်ငယ်လေးဖြစ်သည်။ သူမ နေရာထိုင်ခင်းပြောင်းရရင် ကောင်းလိမ့်မည်။
သူ ဒီကိစ္စကို မတွေးမိတာ တော်တော်ဆိုးတာဘဲ။
သူ ရှရှီပေက သူမမိဘတွေနှင့် ဆက်ဆံရေးမကောင်းတာကိုသိပေမယ့် သူတို့ကို သူ ခေါင်းထဲမထည့်ထား။
သို့ပေမယ့် သူမက အရွယ်မရောက်သေးတာနှင့် ကိစ္စအများကြီးကို သူမဘာသာသူမ မကိုင်တွယ်နိုင်သေးကြောင်းကို သူမေ့သွားသည်။
သူ ရှက်နေတုန်းမှာပင် ချောင်ရန်ကျွယ်၏ အတွင်းရေးမှူးက လေးလံပုံရသည့် အိတ်ထုတ်အများကြီးသယ်ပြီး ပြန်လာသည်။
ရှရှီပေ အိတ်တွေကို ကြည့်လိုက်သည်။ ထိုအရာတွေက သူမ စောစောက ဝယ်ခဲ့သည့် ဆိုင်နှစ်ဆိုင်ကပင်။
သို့ပေမယ့် ဒါကြီးကတော့ များလွန်းသွားပြီ!
ချောင်ရန်ကျွယ် ဖွဖွလေး ချောင်းဟန့်လိုက်ပြီး အိတ်တွေအကုန်လုံးကို ယူကာ ရှရှီပေ အရှေ့က စားပွဲပေါ်တွင် တင်လိုက်သည်။
"ဒါတွေအကုန်လုံးက မင်းအတွက်ဘဲ"
ရှရှီပေ အပေါ်ယံကြည့်လိုက်ပြီး မှင်သက်သွားသည်။
စုန့်ကျားရန် သူမကို အဝတ်ငါးစုံပေးတာ ဖြစ်ပေမယ့် ဒါတွေက အနည်းစုံ အစုံငါးဆယ်လောက်ရှိတယ်!
ချောင်ရန်ကျွယ်ရဲ့ အတွင်းရေးမှူးက တစ်ဆိုင်လုံးများသိမ်းကြုံးဝယ်လာတာလား?
"ဒါတွေက မလောက်သေးရင် ကိုယ် မင်းအတွက် နောက်ထပ်ဝယ်ခိုင်းလိုက်မယ်"
ချောင်ရန်ကျွယ်၏ ရက်ရောသော စကားလုံးတို့က ရှရှီပေ ပါးစပ်ကို တွန့်သွားစေသည်။
သူမ ဈေးနှုန်းတွေကို လှန်လှောကြည့်ပြီး ဈေးနှုန်းတွေကြောင့် မိန်းမောသွားသည်။
သူက တကယ်ဘဲ လူချမ်းသာကို__
သူ့အတွက် ဒီလိုအဝတ်တွေအများကြီး ဝယ်တာက ကြက်သွန်နီလေး နည်းနည်းလောက် ဝယ်ရသလိုပင်။
ဆိုင်နှစ်ဆိုင်လုံးက luxury ဘရန်းတွေရောင်းတာပင်။ အဝတ်အစားထဲ ဈေးအပေါဆုံးက ဂဏန်းလေးလုံးလောက်ရှိပြီး ဈေးအကြီးဆုံးက ငါးလုံးလောက်ရှိသည်။
အားလုံးပေါင်း သူ တစ်သိန်းကျော်သုံးလိုက်တာဘဲ!
ရှရှီပေ မျက်မှောင်ကြုံ့လိုက်သည်။ "ကျွန်မ အဲ့လောက်အများကြီးမလိုဘူး"
သူမ နှစ်အိတ်လောက်ဘဲယူပြီး ကျန်တာကို အကုန်ပြန်တွန်းပေးလိုက်သည်။ "ရှင် ဒါတွေကို ပြန်သွင်းလိုက်"
"မင်း ဒါတွေကို မကြိုက်ဘူးလား?" ချောင်ရန်ကျွယ် အိတ်တွေကို ကြည့်လိုက်သည်။
"ကျွန်မကြိုက်ပါတယ် ဒါပေမယ့် ကျွန်မ မလိုဘူး"
"မင်းကြိုက်နေမှတော့ ယူထားလိုက် ကိုယ်မင်းကို အကြွေးတင်နေတာဘဲကို" ချောင်ရန်ကျွယ် ပြန်ပြောပြီး အိတ်တွေကို သူမဆီ ပြန်တွန်းပေးလိုက်သည်။
"ရှင် ကျွန်မကို အဲ့လောက် အကြွေးမတင်ပါဘူး"
ရှရှီပေ ဒီလောက်ဈေးအများကြီးပေးရသည့် အရာတွေကို လက်ခံရလောက်သည့်အထိ အရေမထူ။
"မင်း ကိုယ့်ကို နောက်တစ်ခါ ကယ်ထားတာမဟုတ်ဘူးလား? ဒါက ကျေးဇူးတင်လို့ ပေးတဲ့ လက်ဆောင်" ချောင်ရန်ကျွယ် ဆက်ပြောလိုက်ပြန်သည်။
"ကျေးဇူးတင်လက်ဆောင်?" ရှရှီပေ စွံ့အသွားသည်။ သူမသာ အခွင့်အရေးရှိမယ်ဆိုရင် သူမ တကယ်ပင် သူ့ကို ကယ်မှာမဟုတ်။
ပြီးတော့ သူမ မကယ်ရင်တောင် သူက အကောင်းအတိုင်းရှိနေမှာပင်။
"‌ဟုတ်တယ်" ချောင်ရန်ကျွယ် ခေါင်းငြိမ့်လိုက်သည်။ "ကိုယ့်အသက်က တော်တော် တန်ဖိုးရှိတယ်"
ရှရှီပေ စကားလုံးများ ပျောက်ရှသွားသည်။
သူမ မပြောခင် ချောင်ရန်ကျွယ် စကားလမ်းကြောင်းလွှဲလိုက်သည်။ "နောက်ကျနေပြီ ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်"
ညဆယ်နာရီကျော်နေပြီ သူမအိမ်ပြန်ရောက်တဲ့အခါ အနည်းဆုံး ဆယ့်တစ်လောက်ရောက်သွားမှာပင်။
"ရတယ် ကျွန်မဘာသာကျွန်မပြန်လို့ရတယ်" ရှရှီပေ ငြင်းလိုက်သည်။
"ကိုယ် မင်းကို လိုက်ပို့ပေးမယ်"
ချောင်ရန်ကျွယ် သူ့ဘာသူ ဆုံးဖြတ်ချက်ချပြီး၍ ‌တစ်ယောက်ယောက်ကို ကားပြင်ခိုင်းလိုက်သည်။
အမှတ်တမဲ့ပင် သူ့စိတ်ဓာတ်က နည်းနည်းကြမ်းနေပြီး သူ၏ ပုံမှန် တင်းတင်းမာမာစိတ်ထားကိုပြနေသည်။
ရှရှီပေ မျက်နှာက ရုတ်တရက် ပျက်သွားသည်။ သူမ အမုန်းဆုံးက အခြားသူတွေက သူမကို ထိုကဲ့သို့ စိတ်ထားဖြင့် ဆက်ဆံသည်ကိုပင်။
"ရတယ် ကျွန်မဘာသာကျွန်မပြန်နိုင်တယ် ကျေးဇူးပြုပြီး စိတ်ထဲမထားနဲ့!" သူမလေသံက ဆုံးဖြတ်ချက်ခိုင်မာကာ သူမအကြည့်က အေးစက်သွားသည်။
ချောင်ရန်ကျွယ်၏ နှလုံးက‌ခုန်သွားပြီး သူ့မျက်နှာက နည်းနည်းပြောင်းသွားသည်။
သူ ရှရှီပေနှင့် သိတာမကြာသေးပေမယ့်လည်း သူမနှင့် ခဏခဏ အဆက်အဆံပြုလုပ်ပြီး သူ အများစုတော့ သူမစိတ်ထားကို နားလည်လာပြီဖြစ်သည်။
ညင်သာပြီး ချစ်စရာကောင်း‌ေသာ အခြားမိန်းကလေးများနှင့် မတူစွာပင် သူမပုံစံက အရမ်းကြမ်းတမ်းသည်။
သူ့မှာလည်း ကြမ်းတမ်းသည့်စိတ်ရှိရင် မားစ်ဂြိုလ်က ကမ္ဘာကို ဝင်တိုက်သလို ဝမ်းနည်းစရာတွေ ဖြစ်ကုန်တော့မှာပင်။
သူတို့ပြောခဲ့သည့်စကားများကို ပြန်တွေးကြည့်ပြီး...ထိုအရာတွေက သူ့အတွက် သင်ခန်းတွေပင်!
ချောင်ရန်ကျွယ် အသက်ပြင်းပြင်းရှူကာ သူ၏ အားပြင်းသောလေသံက ချက်ချင်း ပျော့ပျောင်းသွားသည်။
"မင်း ဒီနေ့ ကိုယ့်ကို အများကြီး ကူထားတာဘဲ ကိုယ် မင်းကို အိမ်ပြန်လိုက်ပို့ပြီး ကျေးဇူးဆပ်ချင်လို့ပါ မင်းကိုယ့်ကို အဲ့အခွင့်အရေးတောင် မမေးဘူးလား?"
......
Zawgyi