Unicode
- နင် ရူးနေလား?
ရှရှဟိုင် အရင်က ရှရှီပေ သူ့ကို သူမက သူ့ကလေးတွေကို နာကျင်အောင်လုပ်တော့မယ်ဆိုပြီး ခြိမ်းခြောက်ထားတာကို သတိရသွားသည်။
ပြီးတော့ ဒီနေ့ သူမ သူ့ကလေးနှစ်ယောက် စာသင်တဲ့ ကျောင်းကို သွားတယ်ဆိုတော့ ....သူမရူးနေပြီ!
ရှရှဟိုင် သူမ၏ အေးစက်တည်ငြိမ်သော အပြုံးကို မြင်တော့ တုန်ရီသွားသည်။
"နင်____နင်ရူးနေလား?!"
သူ ရှရှီပေ ဒီလို ဘာလို့ဖြစ်လာမှန်းမသိေတာ့ဘူး။
သူမက စောစောလောက်တုန်းက နူးညံ့ပျော့ပျောင်းသော မိန်းကလေးဖြစ်ပေမယ့် အခုတော့ သူမက အရူးမဖြစ်နေပြီ!
ရှရှီပေ ညင်သာစွာ ပြုံးလိုက်သည်။ "ကျွန်မမရူးပါဘူး ဒါပေမယ့် ရှင်သာ တစ်ခုခုလုပ်ဖို့ ကြိုးစားနေဦးမယ်ဆိုရင် ကျွန်မ မရူးသွားဘူးလို့ အာမမခံနိုင်ဘူး"
သူမ ကိုယ်က ရှေ့ကို နည်းနည်းကိုင်းလာပြီး သူမ နှုတ်ခမ်းတို့က ပြုံးနေပေမယ့် သူမပါးစပ်က ထွက်သော စကားလုံးတိုင်းက ကျောရိုးကို စိမ့်သွားစေသည်။
"ကျွန်မတို့ တစ်ယောက်လမ်းကိုတစ်ယောက် ဝင်မရှုပ်ရင် ကမ္ဘာကြီးက နေရတာ ပျော်စရာကြီးပါ ဒါပေမယ့် ရှင်သာ ကျွန်မကို မပျော်ရွှင်အောင်လုပ်မယ်ဆိုရင်.... ကျွန်မ တောင်းပန်ပါရစေ ဒါပေမယ့် ကျွန်မက စိတ်ကောင်းမရှိဘူး ကျွန်မတန်ပြန်အနေနဲ့ ဘာလုပ်မိမယ်မှန်းမသိဘူး"
သူမ၏ မည်းမှောင်နက်နဲသိမ်မွေ့သော မျက်လုံးများနှင့် အကြည့်ချင်းဆုံပြီး ရှရှဟိုင် ကျောရိုးစိမ့်ကာ ခြေဖျားလက်ဖျားများအေးစက်ကုန်သည်။
သူ ရှရှီပေ တကယ်ပြောနေမှန်းသိသည်။
သူမရူးသွားပြီ!
ထိုခြိမ်းခြောက်စကားများကို ပြောပြီးနောက် ရှရှီပေ နောက်ပြန်ဆုတ်လိုက်သည်။ "ကျွန်မ မောင်လေးနဲ့ ညီမလေးကို ကောင်းကောင်းမတွေ့ရပေမယ့်လည်း သူတို့ ကောင်းကောင်းကြီးပြင်းလာဖို့ ကျွန်မမျှော်လင့်တယ်"
သူမ ဖုန်းကို နှိုက်လိုက်ပြီး ဖုန်း gallery ထဲ ဝင်လိုက်သည်။ "ကြည့်လိုက် သူတို့က ချစ်စရာကောင်းပြီး ချောတယ်မဟုတ်ဘူးလား? သူတို့ကြီးရင် အလှလေးတွေ အချောလေးတွေ ဖြစ်မယ်ဆိုတာ သေချာတယ်!"
ရှရှဟိုင် သူ့ကေလးနှစ်ေယာက်ပံုကို မြင်တော့ ခေါင်းတွေပါ ကြိမ်းလာသည်။ "နင်___နင်က မွန်းစတား!"
"မွန်းစတား?" ရှရှီပေ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ "ကျွန်မက ရှင့်ကြောင့် မွန်းစတားဖြစ်လာတာဘဲ"
သူမ အတိတ်တုန်းက ကြုံတွေ့ခဲ့ရသည့် ရုန်းကန်မှုမျိုးစုံနှင့် နာကျင်မှု သူတို့ရဲ့ စက်ဆုပ်ဖွယ် အပြုအမူတွေကို တွေးလိုက်ပြီး ရှရှီပေ နှလုံးသားက ပိုပြီး အေးစက် ရက်စက်သွားသည်။
"ကျွန်မ ရှင်ဘာလို့ ကျွန်မဆီလာမှန်း ကျွန်မသိတယ် ဒါပေမယ့် မှတ်ထားပါ အခု အိမ်က ကျွန်မပိုင်နေပညီ ရှင်နဲ့ ဘာမှမဆိုင်တော့ဘူး" သူမအပြုံးက ဣန္ဒြေမပျက် သူမလေသံကလည်း တည်တည်ငြိမ်ငြိမ်ပင်ဖြစ်ပြီး စိတ်တိုနေတာကို ထုတ်မပြ။ "တကယ်က ကျွန်မရှင့်ကို အိမ်ပေးလိုက်ရလည်း ကိစ္စမရှိဘူး ကျွန်မလက်ထဲ သိန်းပေါင်းများစွာ ရှိနေပြီဘဲ"
ရှရှဟိုင်နှလုံးတစ်ချက်ခုန်သွားပြီး သူ့စိတ်လှုပ်ရှားမှုတွေ မဖုံးလွှမ်းခင် ရှရှီပေ ဆက်ပြောတာကို ကြားလိုက်သည်။ "ဒီလောက်ပိုက်ဆံအများကြီးနဲ့ မလုပ်ရတာ ဘာရှိလဲ? ဥပမာ အသက်နှစ်သက် ဝယ်ဖို့ကလည်း....ကိစ္စကြီးတော့ မဟုတ်ပါဘူး"
ရှရှဟိုင်မျက်နှာက ရုတ်ချည်းပင်ပျက်သွားပြီး သူ ရှရှီပေကို လုံးဝမယုံကြည်မှုတို့ဖြင့် အော်လိုက်သည်။ ကျယ်လောင်စူးရှသော အသံဖြင့် သူအော်လိုက်သည်။ "ရက်စက်လိုက်တာ!"
ရှရှီပေ တခစ်ခစ်ရယ်လိုက်သည်။ "အိုက်ယား စိတ်မလှုပ်ရှားပါနဲ့ ကျွန်မက ရှင့်ကို နောက်နေတာပါ ကျွန်မ အဲ့လိုတွေ လုပ်ပါ့မလား? ကျွန်မက ခုမှ ၁၇ရှိသေးတာ ကျွန်မအရှေ့မှာ တောက်ပတဲ့ အနာဂတ်ရှိသေးတယ်!"
သူမ နောက်နေတာလေ။ သူမသာ အဲ့လိုလူတွေနဲ့ ရှုပ်ပြီး သူမအချိန်နဲ့ အနာဂတ်ကို ဖြုန်းတီးလိုက်မယ်ဆိုရင် သူမက အရူးဖြစ်သွားမှာပေါ့!
သို့ပေမယ့် သူမက အရမ်းတည်နေတာကြောင့် ရှရှဟိုင် မယုံရဲ။
ဒီကောင်မစုတ်လေးက ဒီနှစ်တွေအတွင်း ဘာတွေ ဖြတ်သန်းခဲ့ရလို့ ဒီလို ကြောက်စရာကောင်းနေရတာလဲ!
ပြီးတော့ သူမက လူကြီးမဖြစ်ေသးဘူး။ သူမ အဲ့လိုလုပ်ရင်တောင် သူမရဲ့ ပြစ်ဒဏ်က အများကြီး လျော့နည်းသွားမှာ။
သူမ သူ့ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ပြီးသွားရင် သူ သူမကို ရပ်နိုင်မှာမဟုတ်တော့ဘူး!
လက်ရှိအခြေအနေက "ခြေဗလာက ဖိနပ်စီးထားတဲ့ ပြိုင်ဘက်ကို မကြောက်ဘူး"ဆိုသည့် ဆိုရိုးနှင့်ကိုက်နေသည်။
သူ အဆုံးရှုံးတော့ မခံနိုင်ဘူး။
"ငါ ဒီတစ်ခါလာတာ နင့်ကို လာကြည့်တာ"
ရှရှဟိုင်က တွေးတောတတ်သောသူဖြစ်၍ ချက်ချင်းပင် အရှုံးပေးလိုက်သည်။
သူ့အတွက် အသက်သေနိုင်ဖွယ် ဆိုးကျိုးကို ခံစားရတာထက် အရှုံးပေးလိုက်တာပိုကောင်းသည်။
အထူးသဖြင့် ရှရှီပေ သူ့ကလေးတွေကို အသုံးချနေတာကို သူ အဆုံးရှုံးမခံနိုင်ဘူး။
"တကယ်လား? ကျွန်မအဆင်ပြေပါတယ် စိုးရိမ်ဖို့မလိုပါဘူး"
ရှရှီပေ သူ့ကို ပျော်ရွှင်သော အပြုံးစစ်စစ်တစ်ခုဖြင့် ပြုံးပြလိုက်သည်။ သူတို့နှစ်ယောက် ပြုံးပြုံးဖြင့် ကြည့်နေသည်မှာ တစ်ယောက်နှင့်တစ်ယောက် အရမ်း ချစ်ကြသည့် အဖေနှင့် သမီးလိုပင်။
.....
Zawgyi
- နင္ ႐ူးေနလား?
႐ွ႐ွဟိုင္ အရင္က ႐ွ႐ွီေပ သူ႕ကို သူမက သူ႕ကေလးေတြကို နာက်င္ေအာင္လုပ္ေတာ့မယ္ဆိုၿပီး ၿခိမ္းေျခာက္ထားတာကို သတိရသြားသည္။
ၿပီးေတာ့ ဒီေန႔ သူမ သူ႕ကေလးႏွစ္ေယာက္ စာသင္တဲ့ ေက်ာင္းကို သြားတယ္ဆိုေတာ့ ....သူမ႐ူးေနၿပီ!
႐ွ႐ွဟိုင္ သူမ၏ ေအးစက္တည္ၿငိမ္ေသာ အျပဳံးကို ျမင္ေတာ့ တုန္ရီသြားသည္။
"နင္____နင္႐ူးေနလား?!"
သူ ႐ွ႐ွီေပ ဒီလို ဘာလို႔ျဖစ္လာမွန္းမသိေတာ့ဘူး။
သူမက ေစာေစာေလာက္တုန္းက ႏူးညံ့ေပ်ာ့ေပ်ာင္းေသာ မိန္းကေလးျဖစ္ေပမယ့္ အခုေတာ့ သူမက အ႐ူးမျဖစ္ေနၿပီ!
႐ွ႐ွီေပ ညင္သာစြာ ျပဳံးလိုက္သည္။ "ကြၽန္မမ႐ူးပါဘူး ဒါေပမယ့္ ႐ွင္သာ တစ္ခုခုလုပ္ဖို႔ ႀကိဳးစားေနဦးမယ္ဆိုရင္ ကြၽန္မ မ႐ူးသြားဘူးလို႔ အာမမခံႏိုင္ဘူး"
သူမ ကိုယ္က ေ႐ွ႕ကို နည္းနည္းကိုင္းလာၿပီး သူမ ႏႈတ္ခမ္းတို႔က ျပဳံးေနေပမယ့္ သူမပါးစပ္က ထြက္ေသာ စကားလုံးတိုင္းက ေက်ာ႐ိုးကို စိမ့္သြားေစသည္။
"ကြၽန္မတို႔ တစ္ေယာက္လမ္းကိုတစ္ေယာက္ ဝင္မ႐ႈပ္ရင္ ကမ႓ာႀကီးက ေနရတာ ေပ်ာ္စရာႀကီးပါ ဒါေပမယ့္ ႐ွင္သာ ကြၽန္မကို မေပ်ာ္႐ႊင္ေအာင္လုပ္မယ္ဆိုရင္.... ကြၽန္မ ေတာင္းပန္ပါရေစ ဒါေပမယ့္ ကြၽန္မက စိတ္ေကာင္းမ႐ွိဘူး ကြၽန္မတန္ျပန္အေနနဲ႔ ဘာလုပ္မိမယ္မွန္းမသိဘူး"
သူမ၏ မည္းေမွာင္နက္နဲသိမ္ေမြ႕ေသာ မ်က္လုံးမ်ားႏွင့္ အၾကည့္ခ်င္းဆုံၿပီး ႐ွ႐ွဟိုင္ ေက်ာ႐ိုးစိမ့္ကာ ေျခဖ်ားလက္ဖ်ားမ်ားေအးစက္ကုန္သည္။
သူ ႐ွ႐ွီေပ တကယ္ေျပာေနမွန္းသိသည္။
သူမ႐ူးသြားၿပီ!
ထိုၿခိမ္းေျခာက္စကားမ်ားကို ေျပာၿပီးေနာက္ ႐ွ႐ွီေပ ေနာက္ျပန္ဆုတ္လိုက္သည္။ "ကြၽန္မ ေမာင္ေလးနဲ႔ ညီမေလးကို ေကာင္းေကာင္းမေတြ႕ရေပမယ့္လည္း သူတို႔ ေကာင္းေကာင္းႀကီးျပင္းလာဖို႔ ကြၽန္မေမွ်ာ္လင့္တယ္"
သူမ ဖုန္းကို ႏိႈက္လိုက္ၿပီး ဖုန္း gallery ထဲ ဝင္လိုက္သည္။ "ၾကည့္လိုက္ သူတို႔က ခ်စ္စရာေကာင္းၿပီး ေခ်ာတယ္မဟုတ္ဘူးလား? သူတို႔ႀကီးရင္ အလွေလးေတြ အေခ်ာေလးေတြ ျဖစ္မယ္ဆိုတာ ေသခ်ာတယ္!"
႐ွ႐ွဟိုင္ သူ႕ကေလးႏွစ္ေယာက္ပံဳကို ျမင္ေတာ့ ေခါင္းေတြပါ ႀကိမ္းလာသည္။ "နင္___နင္က မြန္းစတား!"
"မြန္းစတား?" ႐ွ႐ွီေပ ဟက္ဟက္ပက္ပက္ရယ္လိုက္သည္။ "ကြၽန္မက ႐ွင့္ေၾကာင့္ မြန္းစတားျဖစ္လာတာဘဲ"
သူမ အတိတ္တုန္းက ၾကဳံေတြ႕ခဲ့ရသည့္ ႐ုန္းကန္မႈမ်ိဳးစုံႏွင့္ နာက်င္မႈ သူတို႔ရဲ႕ စက္ဆုပ္ဖြယ္ အျပဳအမူေတြကို ေတြးလိုက္ၿပီး ႐ွ႐ွီေပ ႏွလုံးသားက ပိုၿပီး ေအးစက္ ရက္စက္သြားသည္။
"ကြၽန္မ ႐ွင္ဘာလို႔ ကြၽန္မဆီလာမွန္း ကြၽန္မသိတယ္ ဒါေပမယ့္ မွတ္ထားပါ အခု အိမ္က ကြၽန္မပိုင္ေနပညီ ႐ွင္နဲ႔ ဘာမွမဆိုင္ေတာ့ဘူး" သူမအျပဳံးက ဣေႁႏၵမပ်က္ သူမေလသံကလည္း တည္တည္ၿငိမ္ၿငိမ္ပင္ျဖစ္ၿပီး စိတ္တိုေနတာကို ထုတ္မျပ။ "တကယ္က ကြၽန္မ႐ွင့္ကို အိမ္ေပးလိုက္ရလည္း ကိစၥမ႐ွိဘူး ကြၽန္မလက္ထဲ သိန္းေပါင္းမ်ားစြာ ႐ွိေနၿပီဘဲ"
႐ွ႐ွဟိုင္ႏွလုံးတစ္ခ်က္ခုန္သြားၿပီး သူ႕စိတ္လႈပ္႐ွားမႈေတြ မဖုံးလႊမ္းခင္ ႐ွ႐ွီေပ ဆက္ေျပာတာကို ၾကားလိုက္သည္။ "ဒီေလာက္ပိုက္ဆံအမ်ားႀကီးနဲ႔ မလုပ္ရတာ ဘာ႐ွိလဲ? ဥပမာ အသက္ႏွစ္သက္ ဝယ္ဖို႔ကလည္း....ကိစၥႀကီးေတာ့ မဟုတ္ပါဘူး"
႐ွ႐ွဟိုင္မ်က္ႏွာက ႐ုတ္ခ်ည္းပင္ပ်က္သြားၿပီး သူ ႐ွ႐ွီေပကို လုံးဝမယုံၾကည္မႈတို႔ျဖင့္ ေအာ္လိုက္သည္။ က်ယ္ေလာင္စူး႐ွေသာ အသံျဖင့္ သူေအာ္လိုက္သည္။ "ရက္စက္လိုက္တာ!"
႐ွ႐ွီေပ တခစ္ခစ္ရယ္လိုက္သည္။ "အိုက္ယား စိတ္မလႈပ္႐ွားပါနဲ႔ ကြၽန္မက ႐ွင့္ကို ေနာက္ေနတာပါ ကြၽန္မ အဲ့လိုေတြ လုပ္ပါ့မလား? ကြၽန္မက ခုမွ ၁၇႐ွိေသးတာ ကြၽန္မအေ႐ွ႕မွာ ေတာက္ပတဲ့ အနာဂတ္႐ွိေသးတယ္!"
သူမ ေနာက္ေနတာေလ။ သူမသာ အဲ့လိုလူေတြနဲ႔ ႐ႈပ္ၿပီး သူမအခ်ိန္နဲ႔ အနာဂတ္ကို ျဖဳန္းတီးလိုက္မယ္ဆိုရင္ သူမက အ႐ူးျဖစ္သြားမွာေပါ့!
သို႔ေပမယ့္ သူမက အရမ္းတည္ေနတာေၾကာင့္ ႐ွ႐ွဟိုင္ မယုံရဲ။
ဒီေကာင္မစုတ္ေလးက ဒီႏွစ္ေတြအတြင္း ဘာေတြ ျဖတ္သန္းခဲ့ရလို႔ ဒီလို ေၾကာက္စရာေကာင္းေနရတာလဲ!
ၿပီးေတာ့ သူမက လူႀကီးမျဖစ္ေသးဘူး။ သူမ အဲ့လိုလုပ္ရင္ေတာင္ သူမရဲ႕ ျပစ္ဒဏ္က အမ်ားႀကီး ေလ်ာ့နည္းသြားမွာ။
သူမ သူ႕ကို ဆန္႔က်င္ဖို႔ ဆုံးျဖတ္ၿပီးသြားရင္ သူ သူမကို ရပ္ႏိုင္မွာမဟုတ္ေတာ့ဘူး!
လက္႐ွိအေျခအေနက "ေျခဗလာက ဖိနပ္စီးထားတဲ့ ၿပိဳင္ဘက္ကို မေၾကာက္ဘူး"ဆိုသည့္ ဆို႐ိုးႏွင့္ကိုက္ေနသည္။
သူ အဆုံး႐ႈံးေတာ့ မခံႏိုင္ဘူး။
"ငါ ဒီတစ္ခါလာတာ နင့္ကို လာၾကည့္တာ"
႐ွ႐ွဟိုင္က ေတြးေတာတတ္ေသာသူျဖစ္၍ ခ်က္ခ်င္းပင္ အ႐ႈံးေပးလိုက္သည္။
သူ႕အတြက္ အသက္ေသႏိုင္ဖြယ္ ဆိုးက်ိဳးကို ခံစားရတာထက္ အ႐ႈံးေပးလိုက္တာပိုေကာင္းသည္။
အထူးသျဖင့္ ႐ွ႐ွီေပ သူ႕ကေလးေတြကို အသုံးခ်ေနတာကို သူ အဆုံး႐ႈံးမခံႏိုင္ဘူး။
"တကယ္လား? ကြၽန္မအဆင္ေျပပါတယ္ စိုးရိမ္ဖို႔မလိုပါဘူး"
႐ွ႐ွီေပ သူ႕ကို ေပ်ာ္႐ႊင္ေသာ အျပဳံးစစ္စစ္တစ္ခုျဖင့္ ျပဳံးျပလိုက္သည္။ သူတို႔ႏွစ္ေယာက္ ျပဳံးျပဳံးျဖင့္ ၾကည့္ေနသည္မွာ တစ္ေယာက္ႏွင့္တစ္ေယာက္ အရမ္း ခ်စ္ၾကသည့္ အေဖႏွင့္ သမီးလိုပင္။
.....