Unicode
-သွားစရာမလိုတော့ဘူး
ထောင်ယွယ်ယင်း စကားတွေက ရှချင်းဟန်ကို အနည်းငယ် အေးခဲစေသည်။
သူမ ထောင်ယွယ်ယင်းစိတ်ထဲ ထိုကဲ့သို့ အစီအစဉ်မျိုး ရှိမယ် ထင်မထားဘူး!
ရှချင်းဟန် ရင်ဘတ်ထဲ အေးစက်စွာ နှာမှုတ်လိုက်သည်။ ထောင်မိသားစုက ထောင်ဖန်ချင်းလုပ်လို့ ဒီလို ကျဥ်းထဲကျပ်ထဲရောက်တာမဟုတ်ဘူးလား? အဲ့တာက သူမနဲ့ ဘာဆိုင်လို့လဲ?
ထောင်ယွယ်ယင်း ဘာမှသေသေချာချာ မရှင်းပြပေမယ့်လည်း သူမ ဒီကိစ္စက အဲ့လောက်မရိုးရှင်းမှန်းသိသည်။
မန်နေဂျာတစ်ယောက်က သူ့အကြီးအကဲ၏ သံသယဝင်ခြင်းခံရတယ်ဆိုရင် ညစ်ပတ်သည့်ကိစ္စတွေမှာ ပါဝင်လို့ဘဲ ဖြစ်ရမည်။
ရှချင်းဟန် ရှော့ပင်းမော ကိစ္စတွေကို သိပ်မသိပေမယ့်လည်း သူမက အရူးလိုတော့ မ အဘူး။
ထောင်ဖန်ချင်းသာ ရှမိသားစုလက်အောက်က ရှော့ပင်းမောမှာသာ အလုပ်လုပ်ရင် သူ ပြဿနာတွေ သယ်မလာဘူးလို့ ဘယ်သူ အာမခံနိုင်လဲ?
သို့ပေမယ့် ရှချင်းဟန် ထောင်ယွယ်ယင်း ဘယ်လောက်တောင် မျှော်လင့်နေမှန်းတွေ့ရတော့ သူမနှုတ်ဖျားကြားက အဆဲအဆိုတို့ကို မျိုသိပ်လိုက်ရသည်။ သူမက အသုံးဝင်နေသေးတာဘဲ။
ပြီးတော့ သူတို့သာ မတည့်ကျတော့ရင် လူတွေက သူတို့ကို ရယ်ပြီး ကိစ္စတွေက အလွယ်လေး ပြောင်းပြန်တွေ ဖြစ်ကုန်ပေမည်။
သူမတွေးကြည့်မိတော့ ရှချင်းဟန် အပြုံးလေးနှင့် ခေါင်းငြိမ့်လိုက်သည်။ "ကိစ္စမရှိဘူး! ငါ ငါ့အဖေကို အရင်ပြောကြည့်ပေးမယ် ဒါပေမယ့် ငါ အရင်ရှင်းအောင်ပြောရဦးမယ် ငါ့အဖေ လက်ခံမယ်ဆိုတာကိုတော့ ငါ အာမမခံနိုင်ဘူး"
"နင် လုပ်နိုင်မှန်း ငါယုံတယ်!" ထောင်ယွယ်ယင်း ချက်ချင်း ပြုံးပျော်သွားသည်။ "နင့်အဖေက နင့်ကို အချစ်ဆုံးဘဲဟာ သူ လက်ခံမှာပေါ့!"
ရှချင်းဟန် အပြုံးက နည်းနည်း တောင့်တင်းသွားသည်။ သူမ ထောင်ယွယ်ယင်းကို သူမအား စကားများနှင့် ဖိအားပေးမည် ထင်မထား။ သူမက အရူးမဟုတ်ဘူးလေ။
အတွေးများစွာက သူမခေါင်းထဲ ဗလောင်ဆူနေပြီး ခေါင်းငြိမ့်လိုက်သည်။ "ငါ အကောင်းဆုံး ကြိုးစားကြည့်ပါမယ်"
ထောင်ယွယ်ယင်း သူမ ပခုံးပေါ်က အလေးချိန်ကြီးကို ခုမှဘဲ လျှော့ချနိုင်တော့သညါ။
သူတို့စကားပြောနေတုန်း လျိုကျီကျင်း ရောက်လာသည်။
"ချင်းဟန် နင်အဆင်ပြေလား?" လျိုကျီကျင်း စိတ်ပူစွာ မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး" ရှချင်းဟန် ပြုံးကာ ခေါင်းရမ်းလိုက်သည်။ "နင်ရော? အဆင်ပြေရဲ့လား?"
"အဆင်ပြေပါတယ်"
သူမ အဆင်ပြေတယ်ပြောပေမယ့်လည်း လျိုကျီကျင်း မျက်နှာပေါ်က အကြည့်က နည်းနည်း ကို့ရို့ကားယားဖြစ်နေသည်။
သူမ အစက ရှရှီပေကို ဆင်ထားတဲ့ ထောင်ချထဲကို ကျသွားမယ်မထင်ထား။ ရှရှီပေက အန္တရာယ်ကင်းကင်းပင်။
သူတို့ ကျင်ယာကျန်း၏ စွပ်စွဲချက်ကို ဝန်မခံပေမယ့်လည်း ဘာဘဲ ဖြစ်ဖြစ် သူတို့ ရှရှီပေကို တောင်းပန်လိုက်ရသည်ပင်။ ပိုဆိုးတာက သူတို့ ကျောင်းသူကျောင်းသား အကုန်လုံးရှေ့မှာတောင်းပန်ရတာ။
ထိုအချိန်ကတည်းကစပြီး လူတွေက သူမကို အမြင်တစ်မျိုးနှင့် ကြည့်နေသည်ကို သတိထားမိသည်။
သူမ အိမ်ပြန်ရောက်တော့ သူမ မောင်လေးက သူတို့ မိဘတွေကို သူမက ကျောင်းမှာ တောင်းပန်တယ်ဆိုတာကို ပြောပြလိုက်တော့ အပြစ်တင်ခံရသေးသည်။
သူမ ဒါတွေအကုန်ဖြတ်ကျော်လာရပြီး အခြေအနေကောင်းသေးတယ်ဆိုရင် ထူးဆန်းနေမှာပေါ့။
"ယင်းယင်း နင်ရော?"
"ငါ အဆင်ပြေပါတယ်"
ထောင်ယွယ်ယင်း လုပ်ပြုံးပြုံးလိုက်ပြီး သူမနှင့် ရှချင်းဟန်နှင့်ကြားက ကတိကို ဖော်မပြ။
အကုန်လုံးက မှုန်ကုပ်နေတာကို မြင်တော့ လျိုကျီကျင်း စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဒါနဲ့ ငါတို့ ကျောင်းနားကလမ်းပေါ်မှာ ရှော့ပင်းမော အသစ်ဖွင့်တယ်မလား? ငါတို့ ယွမ်တစ်ရာအထက်သုံးရင် မဲနှိုက်ခွင့်ရမယ်ကြားတယ် ပြီးတော့ ဆုမဲတွေက အများကြီးဘဲ! ငါတို့ အတန်းပြီးရင် သွားကြမလား? ဘယ်သူသိမလဲ? ငါတို့ အထူးဆုပေါက်ချင်ပေါက်နိုင်တာပေါ့!"
အထူးဆုဆိုတာကို ပြောလိုက်တော့ ထောင်ယွယ်ယင်းမျက်နှာက တစ်ဖန် ပြန်မည်းလာသည်။
"သွားစရာမလိုတော့ဘူး!"
"ဘာဖြစ်လို့လဲ?" လျိုကျီကျင်း စိတ်ရှုပ်သွားသည်။
"အထူးဆုက မရှိတော့ဘူး!"
"ဘာ?" လျိုကျီကျင်း မိန်းမောသွားသည်။ "အထူးဆုက မရှိတော့ဘူး? ဒီလောက် အစောကြီး?"
"ဟုတ်တယ်!" ထောင်ယွယ်ယင်း မျက်နှာပေါ်က အကြည့်က ပိုပြီး ညှို့မှိုင်းလာကာ ကြောက်စရာကောင်းနေသည်။ "ဘယ်သူ ရသွားလဲ နင်သိလား?"
"ဘယ်သူလဲ?" လျိုကျီကျင်း နမိတ်မကောင်းသော ခံစားချက်တို့ သူမ ရင်ထဲ ပျံ့နှံ့နေသည်။
ထောင်ယွယ်ယင်း "ရှရှီပေ"ဆိုသည့် အမည်ကို ပြောလိုက်တော့ သူမ ပြဿနာတောထဲ ရောက်သွားသလိုပင်။
"သူမလား?!" လျိုကျီကျင်း ရှော့အကြီးအကျယ်ရနေသည်။
ထိုအကြောင်းကို ပြောသည်နှင့် ထောင်ယွယ်ယင်း၏ ပေါ့ပါးနေသော စိတ်အခြေအနေက တစ်ခဏတွင်းချင်းမှာပင် ပျောက်ကွယ်သွားသည်။
"သူမဘဲ! သူမ အထူးဆုကို နှစ်ကြိမ်တောင် ပေါက်တာ!"
"နှစ်ကြိမ်?!" လျိုကျီကျင်းပင့်သက်ရှိုက်လိုက်သည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"
သူမ အထူးဆုက ၂၀၀၀၀၀ ကျော်တန်ဖိုးရှိသည့် ကားဟုကြားတယ်! အထူးဆု နှစ်ခုရှိတာတော့ မဟုတ်လောက်ဘူးမလား?!
......
Zawgyi
-သြားစရာမလိုေတာ့ဘူး
ေထာင္ယြယ္ယင္း စကားေတြက ႐ွခ်င္းဟန္ကို အနည္းငယ္ ေအးခဲေစသည္။
သူမ ေထာင္ယြယ္ယင္းစိတ္ထဲ ထိုကဲ့သို႔ အစီအစဥ္မ်ိဳး ႐ွိမယ္ ထင္မထားဘူး!
႐ွခ်င္းဟန္ ရင္ဘတ္ထဲ ေအးစက္စြာ ႏွာမႈတ္လိုက္သည္။ ေထာင္မိသားစုက ေထာင္ဖန္ခ်င္းလုပ္လို႔ ဒီလို က်ဥ္းထဲက်ပ္ထဲေရာက္တာမဟုတ္ဘူးလား? အဲ့တာက သူမနဲ႔ ဘာဆိုင္လို႔လဲ?
ေထာင္ယြယ္ယင္း ဘာမွေသေသခ်ာခ်ာ မ႐ွင္းျပေပမယ့္လည္း သူမ ဒီကိစၥက အဲ့ေလာက္မ႐ိုး႐ွင္းမွန္းသိသည္။
မန္ေနဂ်ာတစ္ေယာက္က သူ႕အႀကီးအကဲ၏ သံသယဝင္ျခင္းခံရတယ္ဆိုရင္ ညစ္ပတ္သည့္ကိစၥေတြမွာ ပါဝင္လို႔ဘဲ ျဖစ္ရမည္။
႐ွခ်င္းဟန္ ေ႐ွာ့ပင္းေမာ ကိစၥေတြကို သိပ္မသိေပမယ့္လည္း သူမက အ႐ူးလိုေတာ့ မ အဘူး။
ေထာင္ဖန္ခ်င္းသာ ႐ွမိသားစုလက္ေအာက္က ေ႐ွာ့ပင္းေမာမွာသာ အလုပ္လုပ္ရင္ သူ ျပႆနာေတြ သယ္မလာဘူးလို႔ ဘယ္သူ အာမခံႏိုင္လဲ?
သို႔ေပမယ့္ ႐ွခ်င္းဟန္ ေထာင္ယြယ္ယင္း ဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ေနမွန္းေတြ႕ရေတာ့ သူမႏႈတ္ဖ်ားၾကားက အဆဲအဆိုတို႔ကို မ်ိဳသိပ္လိုက္ရသည္။ သူမက အသုံးဝင္ေနေသးတာဘဲ။
ၿပီးေတာ့ သူတို႔သာ မတည့္က်ေတာ့ရင္ လူေတြက သူတို႔ကို ရယ္ၿပီး ကိစၥေတြက အလြယ္ေလး ေျပာင္းျပန္ေတြ ျဖစ္ကုန္ေပမည္။
သူမေတြးၾကည့္မိေတာ့ ႐ွခ်င္းဟန္ အျပဳံးေလးႏွင့္ ေခါင္းၿငိမ့္လိုက္သည္။ "ကိစၥမ႐ွိဘူး! ငါ ငါ့အေဖကို အရင္ေျပာၾကည့္ေပးမယ္ ဒါေပမယ့္ ငါ အရင္႐ွင္းေအာင္ေျပာရဦးမယ္ ငါ့အေဖ လက္ခံမယ္ဆိုတာကိုေတာ့ ငါ အာမမခံႏိုင္ဘူး"
"နင္ လုပ္ႏိုင္မွန္း ငါယုံတယ္!" ေထာင္ယြယ္ယင္း ခ်က္ခ်င္း ျပဳံးေပ်ာ္သြားသည္။ "နင့္အေဖက နင့္ကို အခ်စ္ဆုံးဘဲဟာ သူ လက္ခံမွာေပါ့!"
႐ွခ်င္းဟန္ အျပဳံးက နည္းနည္း ေတာင့္တင္းသြားသည္။ သူမ ေထာင္ယြယ္ယင္းကို သူမအား စကားမ်ားႏွင့္ ဖိအားေပးမည္ ထင္မထား။ သူမက အ႐ူးမဟုတ္ဘူးေလ။
အေတြးမ်ားစြာက သူမေခါင္းထဲ ဗေလာင္ဆူေနၿပီး ေခါင္းၿငိမ့္လိုက္သည္။ "ငါ အေကာင္းဆုံး ႀကိဳးစားၾကည့္ပါမယ္"
ေထာင္ယြယ္ယင္း သူမ ပခုံးေပၚက အေလးခ်ိန္ႀကီးကို ခုမွဘဲ ေလွ်ာ့ခ်ႏိုင္ေတာ့သညါ။
သူတို႔စကားေျပာေနတုန္း လ်ိဳက်ီက်င္း ေရာက္လာသည္။
"ခ်င္းဟန္ နင္အဆင္ေျပလား?" လ်ိဳက်ီက်င္း စိတ္ပူစြာ ေမးလိုက္သည္။
"ဘာမွမျဖစ္ပါဘူး" ႐ွခ်င္းဟန္ ျပဳံးကာ ေခါင္းရမ္းလိုက္သည္။ "နင္ေရာ? အဆင္ေျပရဲ႕လား?"
"အဆင္ေျပပါတယ္"
သူမ အဆင္ေျပတယ္ေျပာေပမယ့္လည္း လ်ိဳက်ီက်င္း မ်က္ႏွာေပၚက အၾကည့္က နည္းနည္း ကို႔႐ို႕ကားယားျဖစ္ေနသည္။
သူမ အစက ႐ွ႐ွီေပကို ဆင္ထားတဲ့ ေထာင္ခ်ထဲကို က်သြားမယ္မထင္ထား။ ႐ွ႐ွီေပက အႏၲရာယ္ကင္းကင္းပင္။
သူတို႔ က်င္ယာက်န္း၏ စြပ္စြဲခ်က္ကို ဝန္မခံေပမယ့္လည္း ဘာဘဲ ျဖစ္ျဖစ္ သူတို႔ ႐ွ႐ွီေပကို ေတာင္းပန္လိုက္ရသည္ပင္။ ပိုဆိုးတာက သူတို႔ ေက်ာင္းသူေက်ာင္းသား အကုန္လုံးေ႐ွ႕မွာေတာင္းပန္ရတာ။
ထိုအခ်ိန္ကတည္းကစၿပီး လူေတြက သူမကို အျမင္တစ္မ်ိဳးႏွင့္ ၾကည့္ေနသည္ကို သတိထားမိသည္။
သူမ အိမ္ျပန္ေရာက္ေတာ့ သူမ ေမာင္ေလးက သူတို႔ မိဘေတြကို သူမက ေက်ာင္းမွာ ေတာင္းပန္တယ္ဆိုတာကို ေျပာျပလိုက္ေတာ့ အျပစ္တင္ခံရေသးသည္။
သူမ ဒါေတြအကုန္ျဖတ္ေက်ာ္လာရၿပီး အေျခအေနေကာင္းေသးတယ္ဆိုရင္ ထူးဆန္းေနမွာေပါ့။
"ယင္းယင္း နင္ေရာ?"
"ငါ အဆင္ေျပပါတယ္"
ေထာင္ယြယ္ယင္း လုပ္ျပဳံးျပဳံးလိုက္ၿပီး သူမႏွင့္ ႐ွခ်င္းဟန္ႏွင့္ၾကားက ကတိကို ေဖာ္မျပ။
အကုန္လုံးက မႈန္ကုပ္ေနတာကို ျမင္ေတာ့ လ်ိဳက်ီက်င္း စကားလမ္းေၾကာင္းလႊဲလိုက္သည္။
"ဒါနဲ႔ ငါတို႔ ေက်ာင္းနားကလမ္းေပၚမွာ ေ႐ွာ့ပင္းေမာ အသစ္ဖြင့္တယ္မလား? ငါတို႔ ယြမ္တစ္ရာအထက္သုံးရင္ မဲႏိႈက္ခြင့္ရမယ္ၾကားတယ္ ၿပီးေတာ့ ဆုမဲေတြက အမ်ားႀကီးဘဲ! ငါတို႔ အတန္းၿပီးရင္ သြားၾကမလား? ဘယ္သူသိမလဲ? ငါတို႔ အထူးဆုေပါက္ခ်င္ေပါက္ႏိုင္တာေပါ့!"
အထူးဆုဆိုတာကို ေျပာလိုက္ေတာ့ ေထာင္ယြယ္ယင္းမ်က္ႏွာက တစ္ဖန္ ျပန္မည္းလာသည္။
"သြားစရာမလိုေတာ့ဘူး!"
"ဘာျဖစ္လို႔လဲ?" လ်ိဳက်ီက်င္း စိတ္႐ႈပ္သြားသည္။
"အထူးဆုက မ႐ွိေတာ့ဘူး!"
"ဘာ?" လ်ိဳက်ီက်င္း မိန္းေမာသြားသည္။ "အထူးဆုက မ႐ွိေတာ့ဘူး? ဒီေလာက္ အေစာႀကီး?"
"ဟုတ္တယ္!" ေထာင္ယြယ္ယင္း မ်က္ႏွာေပၚက အၾကည့္က ပိုၿပီး ညိႇဳ႕မိႈင္းလာကာ ေၾကာက္စရာေကာင္းေနသည္။ "ဘယ္သူ ရသြားလဲ နင္သိလား?"
"ဘယ္သူလဲ?" လ်ိဳက်ီက်င္း နမိတ္မေကာင္းေသာ ခံစားခ်က္တို႔ သူမ ရင္ထဲ ပ်ံ႕ႏွံ႔ေနသည္။
ေထာင္ယြယ္ယင္း "႐ွ႐ွီေပ"ဆိုသည့္ အမည္ကို ေျပာလိုက္ေတာ့ သူမ ျပႆနာေတာထဲ ေရာက္သြားသလိုပင္။
"သူမလား?!" လ်ိဳက်ီက်င္း ေ႐ွာ့အႀကီးအက်ယ္ရေနသည္။
ထိုအေၾကာင္းကို ေျပာသည္ႏွင့္ ေထာင္ယြယ္ယင္း၏ ေပါ့ပါးေနေသာ စိတ္အေျခအေနက တစ္ခဏတြင္းခ်င္းမွာပင္ ေပ်ာက္ကြယ္သြားသည္။
"သူမဘဲ! သူမ အထူးဆုကို ႏွစ္ႀကိမ္ေတာင္ ေပါက္တာ!"
"ႏွစ္ႀကိမ္?!" လ်ိဳက်ီက်င္းပင့္သက္႐ိႈက္လိုက္သည္။ "ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ?!"
သူမ အထူးဆုက ၂၀၀၀၀၀ ေက်ာ္တန္ဖိုး႐ွိသည့္ ကားဟုၾကားတယ္! အထူးဆု ႏွစ္ခု႐ွိတာေတာ့ မဟုတ္ေလာက္ဘူးမလား?!
......